"ကြင်ယာတော်ပြန်ရောက်လာပြီးမှ မင်းကြီးကမိဖုရားအဆောင်တွေဘက်ကတောင် ဖြတ်မလျှောက်တော့သလိုပဲနော်"
မိဖုရားငယ်နှစ်ပါးက လမ်းလျှောက်ထွက်လာရင်း ခပ်တိုးတိုး ခပ်ကြိတ်ကြိတ် ပြောနေသည်။
"တကယ်ဆို မင်းကြီးကတခြားမိဖုရားတွေနဲ့သာ သိပ်မရင်းနှီးတာ မိဖုရားကြီးနဲ့ကျတော့တပူးပူးတတွဲတွဲနဲ့နော်"
"သူတို့နှစ်ယောက်အိပ်ဆောင်ဝင်တာ မြင်ဖူးလို့လား"
"အိပ်ဆောင်တော့မဝင်ပေမဲ့ တစ်ချို့ညတွေဆိုရင်
ဥယျာဉ်တော်မှာ လမ်းလျှောက်နေတာမြင်ဖူးတယ်
တစ်ခါတစ်လေကျမင်းကြီးပြုံးနေရော ခုကြင်ယာတော်ကဘယ်လိုနည်းတွေနဲ့ မြူစွယ်ထားလို့ အနားကနေမခွါနိုင်အောင်ဖြစ်နေရတာလဲ"
"မင်းကြီးက အသစ်အဆန်းလေးပြန်ရောက်လာလို့ မိဖရားကြီးကိုမကပ်တော့တာများလား ဘာပဲဖြစ်ဖြစ်နန်းဆက်အတွက်ဆို အနောက်နန်းဆောင်ဘက်ကမိဖုရားတွေကိုပဲ အားကိုးရမှာပဲဟာ"
မျက်နှာချေကို မတရားဖို့ထားပြီး ရဲရဲတောက်နေတဲ့
ပါးနီနဲ့ နှုတ်ခမ်းနီတွေနဲ့အမျိုးသမီးနှစ်ယောက်ဟာ
တစ်ယောက်စကား တစ်ယောက်သဘောကျဟန်နဲ့ အချင်းချင်းတွန်းထိုးနေကြတယ်။
ခိုးနားထောင်တာမဟုတ်ပေမဲ့နားပါးလွန်းတဲ့ ဘတ်ဟျွန်းက စားဖိုဆောင်ကိုအသွား ကျောပေးရပ်နဲ့ခပ်တိုးတိုးဆိုနေတဲ့ စကားတွေကိုကြားရပေမဲ့ လက်သီးခပ်ကျစ်ကျစ်ဆုပ်ရုံမှတစ်ပါး ဘာမှပြန်မတုံပြန်ခဲ့
ယောက်ျားသားကြင်ယာတော်မို့ အထင်သေးလေသလား။ သူတို့စကားထဲအခုလိုထိ ဘတ်ဟျွန်းကမင်းကြီးကိုမြူစွယ်သလိုထည့်ပြောရလောက်တဲ့အထိလေ
"ကျစ်.."
မနက်စောစော စိတ်အာရုံတွေက တီးတိုးကြားလိုက်ရတဲ့စကားတွေကြားညစ်နွမ်းသွားခဲ့ရပြီဖြစ်တယ်။ စားဖိုဆောင်ကိုသွားပြီး မင်းကြီးအတွက် မုန့်လေးကိုယ်တိုင်လုပ်ပြီး ပို့ပေးချငိတာကြောင့် အိပ်ယာထပျင်းတဲ့ ဘတ်ဟျွန်းက အစောကြီးထလာခဲ့ရတာ ။ ဒီကိုရောက်လာထဲကစိတ်ချမ်းသာတဲ့ရက်တွေဆိုတာ လက်ချိုးတောင်ရေလို့ရသည်။
"ကြင်ယာတော်လေး နောက်နှစ်ရက်ဆို နန်းတော်မှာပွဲတော်ရှိပါတယ် မင်းမယ်တော်ကြီးရဲ့မွေးနေ့မင်္ဂလာပွဲပါ"
"ဟေ ဟုတ်လား အဲ့နေ့ဆိုဘာတွေအထူးတလည်လုပ်ရလဲ"
"စားသောက်ပွဲဖွယ်ဖွယ်ရာရာ တွေခင်းကျင်းပြီး ကချေသည်တွေ ဂီတပညာရှင်တွေနဲ့ မှူးမတ်နဲ့မင်းဆွေမင်းမျိုးတွေကိုဖိတ်ပြီး ကပြဖျော်ဖြေကြပါတယ်"
"ဒါနဲ့ မင်းကြီးကမနိုးသေးဘူးလား"
အဆက်အစပ်မရှိတဲ့စကားကြောင့် အထိန်းတော်ကြီးမျက်နှာကပြုံးစိစိ
"ခုဆို စာကြည့်ဆောင်မှာရှိနေလောက်ပါတယ် ကြင်ယာတော်လေး စာကြည့်ဆောင်ကိုများ ကြွမြန်းချင်သလားမသိဘူး"
"နေ နေ အဲ့မင်းကြီးကိုခေါက်ထားလိုက် အခုစားဖိုဆောင်သွားမယ်"
အခုထိအသားမကျသေးတဲ့ အဝါရောင်ပိုးသားအကျီကို ဒူးခေါင်းရင်းနားလောက်ကနေ ဆွဲမကာ ဘောက်ဆက်ဆက်ဖြင့်အရှေ့ကိုလျှောက်သည်။
ဒေါသထွက်နေတဲ့စိတ်ကို အရှေ့ကမုန့်နယ်တဲ့ထဲ စိတ်နှစ်ကာအားရပါးရ မုန့်နယ်ကိုနယ်ပစ်လိုက်သည်။ လက်ခေါက်တင်ထားပေမဲ့ ဖားဖားယားယားကြီးဖြစ်နေတဲ့ ပိုးသားဝတ်ရုံက လျှောကျလို့ဘယ်လိုမှအဆင်မပြေ ။ ဟိုတစ်နေ့ကလို အကျီကိုဆွဲဖြဲရင်လဲ မင်းကြီးသွေးတတ်ဦးမည်သာ
"အထိန်းတော်ကြီး မြှားပစ်ရင်ဝတ်တဲ့ နန်းတွင်းဝတ်စုံယူခဲ့ပေး နဖူးစည်းပါမမေ့ခဲ့နဲ့နော် ဝမ်းဆက်ဖြစ်နေတာပဲကြိုက်တယ် ဘယ်နေရာရောက်ရောက် ဖက်ရှင်ကအရေးကြီးတယ် အဟမ်း"
လေ့ကျင့်ရေးဝတ်စုံက လက်မှာလက်စည်းပါတာကြောင့် အခုဝတ်ထားတဲ့ဝတ်စုံလိုတော့မလျှောကျနိုင် ။
ဒီလိုပုံစံမျိုး မျကိလုံးထဲမမြင်မှာစိုးလို့
မုန့်နှစ်တွေ ဆန်မှုန့်တွေပေနေသည့်လက်နဲ့ ကြည့်ဖူးသည့်နန်းတွင်းကားထဲက အိမ်ရှေ့စံမင်းသားစတိုင်ဖမ်းကာ မေးစိကိုခပ်ဖွဖွပြောရင်း အထိန်းတော်ကြီးကိုစေလွှတ်လိုက်သည်။
မကြာမီ စားဖိုဆောင်ထဲ မြှားပစ်တဲ့လေ့ကျင့်ရေး အကျီနဲ့ အားရပါးရမုန့်နယ်နေသည့်ကြင်ယာတော်လောင်းလေးကိုတွေ့ရမည်ဖြစ်သည်။
မုန့်နယ်တာကအစ ပန်းကန်ပေါ်အလှဆင်တာကအဆုံး လုပ်ပြီးတော့ အချိန်တောင်တော်တော်နှောင်းပြီဖြစ်သည်။ မလုပ်တတ်လုပ်တတ်နဲ့ လုပ်ပြီးကာမှပန်းရောင်နဲ့ အဖြူရောင် မိုချီအိအိလေးတွေက ပန်းကန်ပေါ်မှာစီစီရီရီ..
လှလှပပထွက်လာပေမဲ့ ဂျုံမှုန့်တွေနဲ့ပေလူးကျန်နေခဲ့ရတာက ဘတ်ဟျွန်းပင်..။
"မင်းကြီး ခုချိန်လောက်ဆို ဘယ်မှာရှိလောက်မလဲ"
"ဒီရက်ပိုင်းအလုပ်တွေများနေတာကြောင့် စာချွန်လွှာတွေ ဖတ်နေတာမဟုတ်ရင် ပွဲတော်အတွက်စီစဉ်နေဖို့များပါတယ် စာကြည့်ဆောင် အိပ်ဆောင် ဒါမှမဟုတ် ညီလာခံကျင်းပတဲ့နေရာမှာရှိလောက်မှာပါ ကြင်ယာတော်လေး"
"အဲ့တာဆိုမင်းကြီးက မအားဘူးပေါ့ ဒီရက်တွေ"
"အဲ့လိုတော့မဟုတ်ပေမဲ့.."
ကြိုးကြိုးစားစားလုပ်ပြီးကာမှ ချန်းယောလ်ဆီကနေ အသိအမှတ်အပြုခံချင်တာတော့အမှန်ပင်။ စားရတော့သာခဏလေး လုပ်ရတာလူကဘယ်လောက်ပင်ပန်းလဲဆိုတာကိုယ်သာအသိ။ လှလှလေးပုံဖော်ထားခဲ့ပြီးမှ သဲထဲရေသွန်လုပ်ရတော့မဲ့အဖြစ်
ကြားဖူးတဲ့ ဟိုသီချင်းထဲကလိုပင် ဘတ်ဟျွန်းဘဝကဖြစ်နေရှာပြီ
"ချန်းယောလ်ကိုလေ ဖမ်းလို့မမိ ဖမ်းလို့မမိ ဖမ်းလို့မမိ 🎵🎶"
အလုပ်များနေလောက်မဲ့ မင်းကြီးကိုလဲသွားမရှုပ်ချင် မုန့်ကိုလဲတီတီတာတာလေး ချစ်ကြည်နူးပြီး ခွံ့ကျွေးချင်သေးသည်။ ဘတ်ဟျွန်းအကြံတော့ပျက်ပြီထင်ပါရဲ့။ စိတ်ပျက်လက်ပျက် သက်ပြင်းချသံအဆုံး အိုးခွက်ပန်းကန်တွေ ပြုတ်ကျတဲ့ ဂလုံဂလွမ်ကလုံအသံကြောင့် လန့်သွားရာ နစ်မြုပ်သွားရတာက ရင်ခွင်ကျယ်ကြီးထဲ
"ဗြောင်ရယ် စားဖိုဆောင်ထဲအထိ ဘာလို့ကိုယ်တိုင်ဝင်ပြီးချက်ပြုတ်ချင်နေရတာလဲ ကိုယ်တော်ဘယ်လောက်စိတ်ပူသွားတယ်မှတ်လဲ"
အမောတကောနဲ့ ရှိသမျှအိုးခွက်ပန်းကန်းတွေကို ပစ်တိုက်ကာပြေးဝင်လာပြီး အားရပါးရဖက်ထားတဲ့ အကဲပိုနေတဲ့မင်းကြီးကြောင့် အထိန်းတော်တွေမှာ အကဲပိုတို့အတွဲကိုကျောပေးထားရတဲ့အထိ။
"ဘာလို့စိတ်ပူနေရတာလဲ"
မျှော်လင့်နေတဲ့စကားတွေက ဖတ်ဖူးနေကျစာတွေထဲကအတိုင်း မင်းကိုလက်မွှေးသေးသေးလေးတောင်မီးမလောင်စေချင်လို့ မင်းကိုထိခိုက်သွားမှာစိုးလို့ ဘာမှမလုပ်ပဲ ကိုယ်ကိုချစ်ပေးပါတို့.....ကိုယ့်အတွေးနဲ့ကိုယ်ဘတ်ဟျွန်းက "ဟိ "ခနဲပင်အသံထွက်သွားရသည်။
ဒါပေမဲ့ရိုဆန်သူမင်းကြီးက
"မီးဖိုချောင် မီးလောင်ပြီထင်လို့ပါတဲ့" လေ
ဘတ်ဟျွန်းကအနမ်းဖွဖွပေးမယ်ကြံရွယ်ကာမှ တကယ်ပေးဖြစ်လိုက်တာ ဂျိုကစ်အကြည့်တစ်ချက်ပင်။
____
"ကိုယ်တော့်ကိုပေးချင်လို့ မနက်အစောကြီးထပြီး လုပ်ထားတာပေါ့ ဟုတ်လား"
"အင်း.."
လှုပ်ခါသွားတဲ့ဆံသားနုနုတွေကြား ချန်းယောလ်ကနှုတ်ခမ်းအပ်လိုက်ကာ ခပ်ဖွဖွလေးနမ်းလာသည်။ခုထိမသုတ်ရသေးတဲ့ မျက်နှာနုနုပေါ်က ပေနေသေးတဲ့ဂျုံမှုနိ့လေးတွေကို ချန်းယောလ်ကဝတ်ရုံတော်နဲ့သုတ်ပေးရသေးသည်။
"အယ် နှင်းတွေကျပြီ.."
"ဒီနှစ်ရဲ့ ပထမဆုံးနှင်းလေ ဗြောင်"
" ချစ်ရတဲ့သူနဲ့ ပထဆုံးနှင်းကိုတူတူကြည့်ခွင့်ရခဲ့တာပဲ "
ဘတ်ဟျွန်းလုပ်ပေးလာတဲ့ မုန့်ကိုတမြုံ့မြုံ့ဝါးရင် ရင်ခွင်ထဲမှာလဲ အဖြူရောင်ဆန်မုန့်လုံးနွေးနွေးလေးကိုထည့်ဖက်ထားသေးသည်။
"ချိုလား စားလို့အဆင်ပြေလား"
"မင်းအချစ်တွေနဲ့တင် မုန့်ကချိုနေပြီးသားပါအချစ်ရယ်"
ငုံကြည့်လာတဲ့ချန်းယောလ်မျက်ဝန်းကြည်ကြည်တောက်တောက်လေးကို ဘတ်ဟျွန်းအကြည့်မလွှဲနိုင်တော့။ ပါးချိုင့်လေးထဲလက်ညိုးလေးမြုပ်အောင်ထိုးထည့်လာသည်။ နှာခေါင်းပေါ်ကမှဲ့သေးသေးလေးကိုလဲ လက်နဲ့အသာတို့သည်။
လုပ်ချင်ရာလုပ်စမ်းပါစေဆိုပြီး ချန်းယောလ်ကလွှတ်ထားပုံ ။ သဘောတကျနဲ့ကြည့်နေတဲ့ မျက်ဝန်းတွေကြားမှာ ကြွေကျလာတဲ့ကြယ်တွေစုစည်းထားသလို ဘတ်ဟျွန်းမျက်ဝန်းမှေးမှေးတွေက အရောင်တလဲ့တလဲ့..
ချန်းယောလ်နှုတ်ခမ်းတွေက ဘတ်ဟျွန်းကိုအသာစတင်ဖိကပ်လာသည်။ ဘတ်ဟျွန်းကိုယ်တိုင်ကလဲ မျက်ဝန်းတွေကို စုံမှိတ်ပစ်လိုက်သည်။ အနမ်းရဲ့အဖိအဖွတွေအကြား ဉယျာဉ်တော်ကလေတွေက မအေးနိုင်တော့
ထိုအခိုက်
"အ့ ကိုယ်မရတော့ဘူး ခဏခဏ"
နမ်းလို့ကောင်းနေပါပြီဆိုမှ ဘတ်ဟျွန်းကိုဘုတ်ကနဲ့ပေါင်ပေါ်ကပစ်ချကာပြေးသွားသည်။
"ဘယ်ကိုပြေးတာလဲ ယောလ်"
ခပ်လှမ်းလှမ်းရောပ်နေပေမဲ့ ချန်းယောလ်ကပြန်လှည့်အော်သွားသေးသည်။
"အိမ်သာဟေး အိမ်သာ"
ချန်းယောလ်ကိုစိတ်မဆိုးနိုငိပဲ ဘတ်ဟျွန်းကတခွိခွိရယ်တော့သည်။ မနက်ကအတင်းစကားတွေကြား ချန်းယောလ်ကိုသဝန်တိုမိတာအမှန်။ ဒါပေမဲ့ ဝမ်းနှုတ်ဆေးကအဲ့လောက်ထိအစွမ်းမြန်မြန်ပြမယ်မထက်ခဲ့။မုန့်တွေထဲ ဝမ်းနှုတ်ဆေးမှုန့်တွေထည့်နယ်ထားသည့် လက်သည်က ဘတ်ဟျွန်းကိုယ်တိုင်ဖြစ်နေတာကြောင့်ပင်..
Note: This part is my Christmas gift for you 🎄🎁
ထည့်ထားတဲ့သီချင်းကလေ Fb မှာmemeအနေနဲ့မြင်ဖူးတာ မူရင်းသီဆိုသူကို credit ပေးပါတယ်ရှင် ။ "ငါနင့်ကိုလေဖမ်းလို့မမိ ဖမ်းလို့မမိ ဖမ်းလို့မမိ" ဆိုတဲ့မူရင်းစာသားကိုပြန်ပြောင်းရေးထားတာပါ