You And I

By AyeThu2

136K 11.9K 216

လွတ်လပ်ပေါ့ပါးလှသော single life ကြီးကနေ ရုတ်တရတ်ကြီး ဘဝထဲကို တခြားသူကဝင်ရောက်လာသောအခါ... More

အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)

အခန်း (၁၄)

3.9K 411 8
By AyeThu2

လက်ဖဝါးဆီကနေရနေတဲ့ နွေးထွေးတဲ့အထိအတွေ့နှင့်လက်တစ်ဖက်က ငါရှိတယ်ဆိုတဲ့ အားအင်မျိုးပေးနေသလိုပင်။ ဘုန်းကြီးကျောင်းက မန်ကျည်းပင်တွေအရမ်းပေါတော့ ပင်စည်တွေကိုဝိုက်ပြီး ထိုင်စရာလုပ်ထားသော ရာသီဥတုပူလာပေမဲ့ မန်ကျည်းပင်ရိပ်ကအေးမြသည်။

ခပ်လှမ်းလှမ်း မီးဖိုကြီးတွေဖိုကာ ချက်ပြုတ်နေကြသော ရွာသားတစ်စုကိုကြည့်နေမိသည်။ အားလုံးကိုတော့မဟုတ်ဘူးပေါ့။ ဖျင်ထဘီနှင့် အင်္ကျီတစ်ပတ်နွမ်းကိုဝတ်ဆင်ကာ ဆံပင်ကိုတစ်ပတ်လျှိုထုံးထားသော ပိန်ပါးသောအမျိုးသမီးကိုကြည့်နေမိတာပင်ဖြစ်သည်။

တစ်နည်းအားဖြင့် ဒေါ်တေးသျှင်ဟုခေါ်သော သူ့ရဲ့အမေပေါ့။ ငုဝါရဲ့လက်တွေက သူ့ရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ထားပေမဲ့လို့ ကျန်သောတစ်ဖက်ကတော့ ဓာတ်ပုံခပ်သေးသေးကိုကိုင်ထားသည်။

နွမ်းလျကာ အိုမင်းဟန်ရှိနေသော အမျိုးသမီးဟာ ဓာတ်ပုံထဲက ရုပ်ကိုဖမ်းမိဖို့ အတော်လေးကိုအချိန်ယူခဲ့ရသည်။ တစ်ခုပါပဲ မျက်လုံးတွေ ဓာတ်ပုံထဲကရယ်မြူးနေသော မျက်ဝန်းတွေက ခပ်လှမ်းလှမ်းကနွမ်းလျနေသော သက်ကြီးပိုင်းအမျိုးသမီးနှင့်ထပ်တူကြသလို အရောင်တွေဟာမပြောင်းမလဲ။

"သူပျော်နေတယ်လို့ထင်လား"

"ထင်တယ် ဘာလို့လဲဆိုတော့ လူတွေရဲ့မျက်လုံးတွေကလိမ်လို့မရဘူး ကျွန်မကလူကဲခတ်တော်တယ်လေ"

"ဘာလို့လဲ"

"သူလိုချင်တဲ့ဘဝမို့လို့နေမှာပေါ့"

"နှိမ်ချတာမျိုးမဟုတ်ပေမဲ့ ဒီလိုလူနေမှုအဆင့်အတန်း ဒီလိုဘဝမျိုးက သူလိုချင်တဲ့ဘဝလား"

"လူတွေက ပူလောင်မှုတွေကြုံလာပါများလာတဲ့အခါ ငြိမ်းချမ်းရာကိုရှာကြတယ် တချို့ဆို သေခြင်းတရားကို ထွက်ပေါက်အဖြစ်အသုံးချတယ် ဒါပေမဲ့ သူကတော့ သူပျော်ရွှင်တဲ့ဘဝကိုရွေးတယ်"

"တို့ကိုတောင် စွန့်လွှတ်ပြီးတော့လား"

သျှင်းမြတ်ဘေးနားမှာကပ်လျက်ထိုင်နေတဲ့ နွေငုဝါကို ခေါင်းတစ်ချက်စောင်းကာ မျက်နှာကိုကြည့်ပြီးမေးလိုက်မိသည်။ နွေငုဝါရဲ့အကြည့်တွေက အေးဆေးတည်ငြိမ်နေသလို သူအမြဲရသော ငြိမ်းချမ်းခြင်းကိုပဲတွေ့ရသည်။

"ဒါကသူ့ကိုမျက်နှာချင်းဆိုင်မေးသင့်တဲ့စကားဆိုပေမဲ့လို့ ကျွန်မအထင်ကတော့ ရှင့်ကိုစွန့်လွှတ်ရသည်အထိ သူ့ရဲ့ စိတ်ဒဏ်ရာကကြီးမားနေလို့ပဲ ဒါမှမဟုတ်ရင် ခံရခက်ပေမဲ့ ပြောရရင်တော့ သူကအစထဲကရှင့်ကိုမလိုချင်ခဲ့လို့"

ဒုတိယအဖြေကို သျှင်းမြတ်အစထဲကသိပြီးသားဖြစ်ပေမဲ့ မျက်နှာချင်းဆိုင်အနေအထားကို လွှဲဖယ်ကာခေါင်းငုံ့လိုက်မိသည်။ ဘုန်းကြီးကျောင်းထဲဆိုတော့ ဖိနပ်ချွတ်ထားရသလို ခြေဆင်းချပြီးထိုင်ထားတော့ နွေငုဝါရဲ့ခြေဖမိုးဖြူဖြူလေးတွေကိုကြည့်နေမိသည်။

"တကယ်တော့ လိုချင်တာမလိုချင်တာကို ရှင်တွေးစရာမလိုဘူးလို့ကျွန်မထင်တယ် ဘာလို့လဲဆိုတော့အစထဲကရှင့်ဘဝမှာ သူမှမရှိခဲ့တာ ရှင့်ဘဝကိုရှင့်ဘာသာရှင်လည်ပတ်ခဲ့တာပဲလေ အဲ့တော့ သူ့ရဲ့လိုအပ်ခြင်းမလိုအပ်ခြင်းကအရေးမကြီးပါဘူး"

နှစ်သိမ့်တာမတော်ဘူးလို့ပြောထားတဲ့ နွေငုဝါက တကယ်တမ်းကြတော့ နှစ်သိမ့်ပေးတာထက်အမှန်တရားကို လက်ခံတတ်အောင်ပြောပြပေးခြင်းသာ။ သူ့စကားတွေကမှန်လွန်းတာကြောင့် သျှင်းမြတ်နေရခက်ပေမဲ့ လက်ခံသည်။

"သူမှာ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ် ပြီးတော့ သူ့ယောကျာ်းက ဟိုတစ်လောကမှ နွားနင်းခံရလို့ ခြေထောက်ကျိုးထားတော့ အလုပ်မလုပ်နိုင်ဘူး သူ့သားကမိန်းမယူထားသေးတယ် မိန်းမကဗိုက်ကြီးနဲ့ သမီးကလည်း ကျောင်းတက်တုန်း သူဘာလို့အဲ့လိုဘဝမှာပျော်ရတာလဲ အမှန်ပြောရရင် ဒယ်ဒီနဲ့သူနဲ့အဆင်မပြေရင်တောင်မှ ဒယ်ဒီကပိုက်ဆံရှာနိုင်တယ် ပြီးတော့ တို့လည်းရှာနိုင်တယ်"

"ပိုက်ဆံကအရာအားလုံးကို ဖန်တီးပေးနိုင်ပေမဲ့လို့ ဖန်တီးထားတဲ့ဘဝတိုင်းကပျော်စရာမဟုတ်ဘူးလေ ဒါကိုရှင်လည်းသိပါတယ်"

"ဟုတ်တယ် တို့သိတယ် စိတ်ချမ်းသာမှု မေတ္တာတရားအစစ်အမှန်နွေးထွေးမှုတွေနဲ့ ကိုယ့်အတွက်ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် လက်မလွှတ်တဲ့သူတွေကို ပိုက်ဆံနဲ့ဝယ်လို့မရဘူး သိပါတယ်..ဒါပေမဲ့ သူ့အဖြေကိုတို့သိချင်နေသေးတယ်"

"သွားရအောင်"

သျှင်းမြတ်ရဲ့လက်ကိုဆုပ်ကိုင်ကာ ထလိုက်တော့ သျှင်းမြတ် နွေငုဝါကိုကြောက်လန့်တကြားကြည့်လိုက်မိသည်။

"တချို့ကိစ္စတွေက ကာယကံရှင်ကိုယ်တိုင်ပြောမှသိမှာဆိုရင် မေးကြတာပေါ့"

"ဘယ်လိုမျိုးလဲ တို့ဝန်မခံရဲဘူးကြောက်တယ်"

"လာပါ"

ချက်ပြုတ်နေသည့်နေရာဟာ စကားသံတွေပွက်ပွက်ညံနေသလို မီးခိုးရနံ့ မီးဖိုတွေကအပူ ဟင်းအနံ့ ကြက်သွန်ငရုတ်သီးရနံ့တွေကလှိုင်နေသည်။

"ဪ မြို့ကညီမတို့ရေ ဒီနားကပူတယ်ဟေ့ မီးကခိုးသေး ဟိုဖက်ထိုင်ကြပါ"

ဖော်ဖော်ရွေရွေနှုတ်ဆက်သည့်သူတွေကို ပြန်ပြုံးပြနှုတ်ဆက်ရင် အာလူးသီးသင်နေသော အမျိုးသမီးအနားကို မသိမသာချည်းကပ်လာခဲ့သည်။

"အာလူးကဘယ်လိုသင်ရတာလဲ အန်တီ"

သူတို့အနားရောက်လာတော့ လူမှုရေးတွေ လူတွေနဲ့စကားပြောရတာကို မုန်းသည်ဟုဆိုသော နွေငုဝါကစတင်ကာ စကားဆိုလေသည်။ သျှင်းမြတ်အံ့ဩသွားသလို ရင်ထဲမှာလည်း နွေးထွေးမှုလေးကစီးဆင်းသွားသလို။

"ထိုင်ကြ သမီးတို့ မလုပ်တတ်ရင်မလုပ်ပါနဲ့ စစချင်းဆို ဓားရှတတ်တယ် အာလူးခွါတဲ့ ဂျစ်လေးတွေရှိတယ် အဲ့ဒါပဲသုံး"

သူတို့ကိုအဲ့လိုပြောပေမဲ့လို့ ထိုအမျိုးသမီးကတော့ ဓားကိုကျွမ်းကျင်စွာကိုင်သလို အေးအေးဆေးဆေးလှီးဖြတ်နေတာပင်။

"ဟုတ်လား ဒါဆိုအန်တီငယ်ငယ်တုန်းကလည်း ဓားခဏခဏရှဖူးမှာပေါ့"

"ရှတာပေါ့ သမီးရဲ့"

"အမယ်လေး ဒေါ်တေးတို့ ဒီရောက်ရောက်ချင်းတုန်းကဆို သူယောကျာ်း ကိုကျော်ထွန်းကပဲ မီးဖိုချောင်ဝင်ရတာတော် ကျုပ်တို့ဖြင့်အံ့ဩလို့ အခုလည်း ကိုကျော်ထွန်းကြီးက မိန်းမကိုချစ်တုန်း ထမင်းဟင်းချက်တုန်း ကျော်ထွန်းလို ယောကျာ်းမျိုးကတော့ နယ်လှည့်ရှာတောင်မတွေ့ဘူး။"

ကာယကံရှင် အမျိုးသမီးကတော့ ဘာမှပြန်မပြောပဲ ဘေးနားကပြောသော အမျိုးသမီးရဲ့စကားကို ပြုံးကာနားထောင်လို့နေသည်။ သို့သော် အပြုံးဟာတကယ်ကို စစ်မှန်လွန်းသလို သူ့နာမည်ကြားလိုက်တာနဲ့ အလိုလိုပြုံးမိတယ်ဆိုတဲ့ စကားကို သျှင်းမြတ်နားလည်သွားရသည်။ မျက်ဝန်းတွေကလည်း ရယ်မြူးရိပ်တွေသန်းလျက်ပေါ့။

"ထွန်းသျှင်ကသာ မလိမ္မာတာ သမီးရော ယောကျာ်းရောကကောင်းတော့ ညည်းတော့ အေးဆေးတာပေါ့အေ"

"အန်တီက တခြားနယ်ကလား"

စကားဝိုင်းကို နွေငုဝါက ဦးဆောင်နေသည်။

"ဟုတ်တယ် သူကမြို့ကြီးကလေ ငါ့ဖြင့်ကျော်ထွန်းလိုလူက ဒီလိုမြို့သူလှလှကို ဘယ်လိုများရခဲ့လဲပေါ့ ရွာရောက်တော့ ပြန်များပြေးတော့မလားထင်နေတာ မြဲတယ်တော် ကျော်ထွန်းကသူ့မိန်းမနေခက်မှာစိုးလို့ မြို့ပေါ်ပြောင်းပေးတာတောင် သူကမပြောင်းချင်ဘူးတဲ့လေ"

"အန်တီတို့ကတော်တော်ချစ်ကြတာပဲ"

"ထွန်းသျှင်မွေးတုန်းကဆိုလည်း ကလေးကိစ္စဖြင့် မလုပ်ရပေါင် ကျော်ထွန်းကပဲ ကလေးထိန်း အနှီးလျှော် မိန်းမထဘီတောင်လျှော်ပေးတာတော်ရေ အဲ့ဒါကြောင့်ပြောတာ ကျော်ထွန်းလိုလူကမရှိပါဘူးဆို"

"အန်တီတော့ ယောကျာ်းရကံတော်တော်ကောင်းတာပဲ မြို့ကလူဆိုတော့ ရွာမှာပျော်ရဲ့လား နေရခက်တာဘာညာရှိဖူးလား မြို့ကိုရောမလွမ်းဘူးလား"

နွေငုဝါကသိချင်သည့်အရာတွေကိုစကားလမ်းကြောင်းပေးနေသည်။ သျှင်းမြတ်ကတော့ထိုအမျိုးသမီးရဲ့ အနေအထားကိုသာကြည့်နေမိသည်။

"မလွမ်းပါဘူး မြို့မှာလွမ်းစရာလည်းသိပ်မရှိဘူး ဒီရွာမှာပျော်ပါတယ်"

နွေငုဝါဆက်မေးဖို့လုပ်လိုက်ပေမဲ့လို့ သျှင်းမြတ်က နွေငုဝါရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ ဆက်မမေးဖို့အချက်ပြလိုက်သည်။

"နေတောင်အတော်မြင့်နေပြီ သမီးတို့လည်းပြန်ရတော့မှာဆိုတော့ သွားတော့မယ်နော်"

ပြန်တော့မယ်ဆိုတော့ နေစေချင်တဲ့အကြောင်း ပြောကြတဲ့ရွာသူရွာသားတွေကို နှုတ်ဆက်ခဲ့ရသည်။ အပြန်ကတော့အသွားတုန်းကလို့ လမ်းမသိလို့ လိုက်ပို့ပေးစရာမလိုတော့။ ကားလမ်းအတိုင်းတစ်ဖြောင့်တည်းဆိုတော့ ဒီတိုင်းမောင်းရုံသာ။

မုံရွာ ရေဦး တန့်ဆည် လမ်းမကြီးက လမ်းတော်တော်ကောင်းသည်။ လမ်းဘေးကတမာပင်တွေကို ငေးနေပေမဲ့ အသွားတုန်းကလို ကြည့်မကောင်းတော့သလို။ စိတ်ထဲမှာ ဟာလာဟင်းလင်းဖြစ်နေသလို ခံစားချက်ကြီးကတော်တော်ဆိုးသည်။

မမျှော်လင့်ပါဘူးလို့ ဘယ်လောက်ပြောပြော တကယ်တမ်းကြတော့ သူကိုသတိရဖို့သူမျှော်လင့်နေမိတာလေ။ နောင်တတွေကိုမျှော်လင့်နေပေမဲ့ ပျော်ရွှင်နေတဲ့ပုံစံက တကယ်ကို သူ့ကိုနာကျင်စေသည်။ သူ့ကိုယ်သူ ခံစားချက်တွေမှာပျော်ဝင်နေရတာကို မနှစ်မြို့တာမို့ အမြဲတမ်းထိန်းချုပ်ထားခဲ့ကာ ဘယ်သူကိုမှခံစားချက်မထားခဲ့ပေ။
နွေငုဝါတစ်ယောက်အပေါ်သာ ပျော်ရွှင်မှုပေးချင်သည့် ခံစားချက်မျိုးကိုသူရသည်။

သို့သော် ယခုကြတော့ နာကျင်နေသည်။ ဖြစ်စရာမလိုဘူးဟု အကြိမ်ကြိမ်သတိပေးပေမဲ့လည်း တကယ်နာကျင်သည်။ နာကျင်နေတာကိုသိသိကြီးနဲ့ ဖျောက်ပစ်လို့မရတာကို သူစိတ်ဆိုးသည်။

"ကားရပ်လိုက်ပါလား"

အတွေးတွေကိုထိန်းချုပ်ကာ ကားကိုသတိထားမောင်းနေခဲ့ပေမဲ့ တစ်ချက်တစ်ချက် စိတ်တွေကလွတ်နေခဲ့သည်။
နွေငုဝါစကားကြောင့် ကားကိုလမ်းဘေးကိုထိုးချကာရပ်လိုက်သည်။

"ဘာဖြစ်လို့လဲ ဘေဘီ"

"ကျွန်မကားတိုက်မှုဖြစ်တော့မယ်လို့ ခံစားနေရတယ်"

သျှင်းမြတ်ပြုံးလိုက်ချင်ပေမဲ့လို့ မပြုံးမိတော့။

"ဒီနေရာမှာ ဘယ်သူမှမရှိဘူး ငိုချင်တယ်ဆိုငိုချလိုက်ပါ ဒါမှမဟုတ် ဘာဖြစ်နေတယ်ဆိုတာ ရင်ဖွင့်လိုက် စိတ်ထဲမှာ နည်းနည်းတော့သက်သာတာပေါ့"

သျှင်းမြတ် အကြည့်တွေကို နွေငုဝါဆီကနေ လမ်းမထက်ကိုပို့လိုက်သည်။ သက်ပြင်းချတာမျိုးမဟုတ်ပေမဲ့လို့ အသက်ကိုတော့ ခပ်ပြင်းပြင်းရှုထုတ်လိုက်သည်။

"သူမလိမ်ဘူး"

အဆက်အစပ်မရှိတဲ့စကားဆိုပေမဲ့လို့ နွေငုဝါကတော့ နားလည်သည်ဟု သူထင်သည်။

"ဟုတ်တယ် သူမလိမ်ဘူး"

"သူက သူ့ရဲ့မိသားစုမှာ တကယ်ပျော်နေတာ သူမလိမ်ဘူး ပြီးတော့ တို့ကိုလည်း သူသတိမရဘူး"

"ရခဲ့မယ်ဆိုရင်တောင်မှ ပြန်မတွေးချင်တော့တဲ့ မေ့လိုက်တဲ့ memory တစ်ခုမို့လို့ပေါ့"

"တို့အနီးအနားကလူတွေရဲ့ပြောစကားအရဆိုရင် သူနဲ့ ဒယ်ဒီက မိဘချင်းသဘောတူခဲ့တာ တကယ်ကြတော့ ဒယ်ဒီကလည်းမကောင်းတဲ့သူပဲလေ မိန်းမတွေကို လေးစားရကောင်းမှန်းမသိတဲ့သူမျိုးပဲ တို့ကိုကိုယ်ဝန်ရှိတဲ့အချိန်မှာ သူတို့ပိုပြီးရန်ဖြစ်ခဲ့ကြတယ်လို့ပြောတယ် ပြီးတော့ သူ့မိသားစုကအဲ့အချိန်မှာ စီးပွါးရေးတွေအရှုံးပေါ်ရော အဲ့အချိန်မှာ ဒယ်ဒီကတစ်ချို့တလေကို ဆပ်ပေးရတဲ့အတွက် ပိုပြီးနှိမ်စရာဖြစ်တယ်ထင်ပါတယ် ပိုပြီးအဆင်မပြေကြဘူး နောက်ကျတော့ အမေ့ဖက်ကအဘိုးအဘွားကလည်း စိတ်ဆင်းရဲစရာတွေကြောင့် စိတ်ထောင်းကိုယ်ကြေနဲ့ ဆုံးသွားကြတာ ရှေ့ဆင့်နောက်ဆင့်ပဲ ပိုဆိုးလာတာက ဒယ်ဒီအသိုင်းအဝိုင်းကစ သူ့ကိုအနိုင်ကျင့်လာကြတာ နောက်တော့ သူမခံစားနိုင်တော့ဘူးထင်တယ် ကွာရှင်းဖို့လုပ်တယ် အဲ့ကြတော့တို့အသက် တစ်နှစ်ကျော်ပဲရှိသေးတာ။ ဒါပေမဲ့ တကယ်တမ်းကြတော့ ဒယ်ဒီကသူ့မိန်းမကို ကွဲနိုင်တာမဟုတ်ဘူး တို့ကိုမပေးဘူးလို့ခြိမ်းခြောက်ပြီး သူ့ကိုကွာရှင်းခွင့်မပေးဘူးလေ ပထမတစ်ခါမအောင်မြင်ခဲ့ဘူးဆိုပါတော့။ ဒါပေမဲ့ တို့နှစ်နှစ်ကျော်မှာတော့ သူတို့ တကယ်ကွာရှင်းသွားကြတယ်။ ပြီးတော့ သူကဘာကိုမှမယူပဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အခုယောကျာ်းအနောက်ကိုလိုက်ခဲ့တာ"

"ရှင့် ဒယ်ဒီကမကောင်းတဲ့ယောကျာ်းပဲ"

"ဟုတ်တယ် သူကတစ်စက်မှမကောင်းဘူး"

"ရှင့်အမေက ပထမတစ်ခါမှာရှင့်ကြောင့် သည်းခံခဲ့တယ်ဆိုကတည်းက သူကရှင့်ကိုချစ်ပါတယ်"

"တို့သိပါတယ် ဒါပေမဲ့လေ အခုကြတော့ တို့ကိုနည်းနည်းလေးတောင် သတိမရဘူးလားလို့သိချင်ခဲ့တာ"

"သတိရနေရုံလေးနဲ့ ဘာမှလုပ်လို့မရတော့တဲ့အတိတ်လေ တကယ်၍ သတိရခဲ့တယ်ဆိုရင်တောင်မှ အခုအချိန်မှာ ရှင့်ကိုသူမလိုအပ်တော့ဘူး ဘာလို့လဲဆိုတော့ ရှင်ကလည်း သူ့ကိုမလိုအပ်လို့ပဲ ဒါကြောင့် သူ့ကိုလိုအပ်တဲ့ပတ်ဝန်းကျင်မှာ သူရှင်သန်တယ် ဒါကသူ့ဘဝပဲ ကျွန်မတို့မှာ ဝင်ပြောပိုင်ခွင့်မရှိဘူး ပြီးတော့ ရှင့်ကိုသူမလိုအပ်လို့လဲ ရှင်စိတ်ထဲထားစရာမလိုဘူး ရှင်ကိုလိုအပ်နေတဲ့သူတွေအများကြီးရှိနေသေးလို့ပဲ ကျွန်မအပါအဝင်ပေါ့"

ဆုပ်ကိုင်ထားတဲ့လက်ဖဝါးရဲ့အနွေးဓာတ်တွေဟာ တကယ်ကိုမေတ္တာတရားလားဟုတွေးမိသည်။ နွေငုဝါကိုကြည့်ကာ သျှင်းမြတ်ပြုံးလိုက်မိသည်။ အချစ်ကိုအယုံအကြည်မရှိပေမဲ့လို့ မေတ္တာတွေကိုတော့ပေးချင်သည်။

3.3.2022

Zawgyi>>>>

လက္ဖဝါးဆီကေနရေနတဲ့ ေႏြးေထြးတဲ့အထိအေတြ႕ႏွင့္လက္တစ္ဖက္က ငါရွိတယ္ဆိုတဲ့ အားအင္မ်ိဳးေပးေနသလိုပင္။ ဘုန္းႀကီးေက်ာင္းက မန္က်ည္းပင္ေတြအရမ္းေပါေတာ့ ပင္စည္ေတြကိုဝိုက္ၿပီး ထိုင္စရာလုပ္ထားေသာ ရာသီဥတုပူလာေပမဲ့ မန္က်ည္းပင္ရိပ္ကေအးျမသည္။

ခပ္လွမ္းလွမ္း မီးဖိုႀကီးေတြဖိုကာ ခ်က္ျပဳတ္ေနၾကေသာ ႐ြာသားတစ္စုကိုၾကည့္ေနမိသည္။ အားလုံးကိုေတာ့မဟုတ္ဘူးေပါ့။ ဖ်င္ထဘီႏွင့္ အကၤ်ီတစ္ပတ္ႏြမ္းကိုဝတ္ဆင္ကာ ဆံပင္ကိုတစ္ပတ္လွ်ိုထုံးထားေသာ ပိန္ပါးေသာအမ်ိဳးသမီးကိုၾကည့္ေနမိတာပင္ျဖစ္သည္။

တစ္နည္းအားျဖင့္ ေဒၚေတးသွ်င္ဟုေခၚေသာ သူ႕ရဲ႕အေမေပါ့။ ငုဝါရဲ႕လက္ေတြက သူ႕ရဲ႕လက္တစ္ဖက္ကိုဆုပ္ကိုင္ထားေပမဲ့လို႔ က်န္ေသာတစ္ဖက္ကေတာ့ ဓာတ္ပုံခပ္ေသးေသးကိုကိုင္ထားသည္။

ႏြမ္းလ်ကာ အိုမင္းဟန္ရွိေနေသာ အမ်ိဳးသမီးဟာ ဓာတ္ပုံထဲက ႐ုပ္ကိုဖမ္းမိဖို႔ အေတာ္ေလးကိုအခ်ိန္ယူခဲ့ရသည္။ တစ္ခုပါပဲ မ်က္လုံးေတြ ဓာတ္ပုံထဲကရယ္ျမဴးေနေသာ မ်က္ဝန္းေတြက ခပ္လွမ္းလွမ္းကႏြမ္းလ်ေနေသာ သက္ႀကီးပိုင္းအမ်ိဳးသမီးႏွင့္ထပ္တူၾကသလို အေရာင္ေတြဟာမေျပာင္းမလဲ။

"သူေပ်ာ္ေနတယ္လို႔ထင္လား"

"ထင္တယ္ ဘာလို႔လဲဆိုေတာ့ လူေတြရဲ႕မ်က္လုံးေတြကလိမ္လို႔မရဘူး ကြၽန္မကလူကဲခတ္ေတာ္တယ္ေလ"

"ဘာလို႔လဲ"

"သူလိုခ်င္တဲ့ဘဝမို႔လို႔ေနမွာေပါ့"

"ႏွိမ္ခ်တာမ်ိဳးမဟုတ္ေပမဲ့ ဒီလိုလူေနမႈအဆင့္အတန္း ဒီလိုဘဝမ်ိဳးက သူလိုခ်င္တဲ့ဘဝလား"

"လူေတြက ပူေလာင္မႈေတြႀကဳံလာပါမ်ားလာတဲ့အခါ ၿငိမ္းခ်မ္းရာကိုရွာၾကတယ္ တခ်ိဳ႕ဆို ေသျခင္းတရားကို ထြက္ေပါက္အျဖစ္အသုံးခ်တယ္ ဒါေပမဲ့ သူကေတာ့ သူေပ်ာ္႐ႊင္တဲ့ဘဝကိုေ႐ြးတယ္"

"တို႔ကိုေတာင္ စြန့္လႊတ္ၿပီးေတာ့လား"

သွ်င္းျမတ္ေဘးနားမွာကပ္လ်က္ထိုင္ေနတဲ့ ေႏြငုဝါကို ေခါင္းတစ္ခ်က္ေစာင္းကာ မ်က္ႏွာကိုၾကည့္ၿပီးေမးလိုက္မိသည္။ ေႏြငုဝါရဲ႕အၾကည့္ေတြက ေအးေဆးတည္ၿငိမ္ေနသလို သူအၿမဲရေသာ ၿငိမ္းခ်မ္းျခင္းကိုပဲေတြ႕ရသည္။

"ဒါကသူ႕ကိုမ်က္ႏွာခ်င္းဆိုင္ေမးသင့္တဲ့စကားဆိုေပမဲ့လို႔ ကြၽန္မအထင္ကေတာ့ ရွင့္ကိုစြန့္လႊတ္ရသည္အထိ သူ႕ရဲ႕ စိတ္ဒဏ္ရာကႀကီးမားေနလို႔ပဲ ဒါမွမဟုတ္ရင္ ခံရခက္ေပမဲ့ ေျပာရရင္ေတာ့ သူကအစထဲကရွင့္ကိုမလိုခ်င္ခဲ့လို႔"

ဒုတိယအေျဖကို သွ်င္းျမတ္အစထဲကသိၿပီးသားျဖစ္ေပမဲ့ မ်က္ႏွာခ်င္းဆိုင္အေနအထားကို လႊဲဖယ္ကာေခါင္းငုံ႕လိုက္မိသည္။ ဘုန္းႀကီးေက်ာင္းထဲဆိုေတာ့ ဖိနပ္ခြၽတ္ထားရသလို ေျခဆင္းခ်ၿပီးထိုင္ထားေတာ့ ေႏြငုဝါရဲ႕ေျခဖမိုးျဖဴျဖဴေလးေတြကိုၾကည့္ေနမိသည္။

"တကယ္ေတာ့ လိုခ်င္တာမလိုခ်င္တာကို ရွင္ေတြးစရာမလိုဘူးလို႔ကြၽန္မထင္တယ္ ဘာလို႔လဲဆိုေတာ့အစထဲကရွင့္ဘဝမွာ သူမွမရွိခဲ့တာ ရွင့္ဘဝကိုရွင့္ဘာသာရွင္လည္ပတ္ခဲ့တာပဲေလ အဲ့ေတာ့ သူ႕ရဲ႕လိုအပ္ျခင္းမလိုအပ္ျခင္းကအေရးမႀကီးပါဘူး"

ႏွစ္သိမ့္တာမေတာ္ဘူးလို႔ေျပာထားတဲ့ ေႏြငုဝါက တကယ္တမ္းၾကေတာ့ ႏွစ္သိမ့္ေပးတာထက္အမွန္တရားကို လက္ခံတတ္ေအာင္ေျပာျပေပးျခင္းသာ။ သူ႕စကားေတြကမွန္လြန္းတာေၾကာင့္ သွ်င္းျမတ္ေနရခက္ေပမဲ့ လက္ခံသည္။

"သူမွာ သားတစ္ေယာက္ သမီးတစ္ေယာက္ရွိတယ္ ၿပီးေတာ့ သူ႕ေယာက်ာ္းက ဟိုတစ္ေလာကမွ ႏြားနင္းခံရလို႔ ေျခေထာက္က်ိဳးထားေတာ့ အလုပ္မလုပ္နိုင္ဘူး သူ႕သားကမိန္းမယူထားေသးတယ္ မိန္းမကဗိုက္ႀကီးနဲ႕ သမီးကလည္း ေက်ာင္းတက္တုန္း သူဘာလို႔အဲ့လိုဘဝမွာေပ်ာ္ရတာလဲ အမွန္ေျပာရရင္ ဒယ္ဒီနဲ႕သူနဲ႕အဆင္မေျပရင္ေတာင္မွ ဒယ္ဒီကပိုက္ဆံရွာနိုင္တယ္ ၿပီးေတာ့ တို႔လည္းရွာနိုင္တယ္"

"ပိုက္ဆံကအရာအားလုံးကို ဖန္တီးေပးနိုင္ေပမဲ့လို႔ ဖန္တီးထားတဲ့ဘဝတိုင္းကေပ်ာ္စရာမဟုတ္ဘူးေလ ဒါကိုရွင္လည္းသိပါတယ္"

"ဟုတ္တယ္ တို႔သိတယ္ စိတ္ခ်မ္းသာမႈ ေမတၱာတရားအစစ္အမွန္ေႏြးေထြးမႈေတြနဲ႕ ကိုယ့္အတြက္ဘယ္လိုအေျခအေနမွာျဖစ္ျဖစ္ လက္မလႊတ္တဲ့သူေတြကို ပိုက္ဆံနဲ႕ဝယ္လို႔မရဘူး သိပါတယ္..ဒါေပမဲ့ သူ႕အေျဖကိုတို႔သိခ်င္ေနေသးတယ္"

"သြားရေအာင္"

သွ်င္းျမတ္ရဲ႕လက္ကိုဆုပ္ကိုင္ကာ ထလိုက္ေတာ့ သွ်င္းျမတ္ ေႏြငုဝါကိုေၾကာက္လန့္တၾကားၾကည့္လိုက္မိသည္။

"တခ်ိဳ႕ကိစၥေတြက ကာယကံရွင္ကိုယ္တိုင္ေျပာမွသိမွာဆိုရင္ ေမးၾကတာေပါ့"

"ဘယ္လိုမ်ိဳးလဲ တို႔ဝန္မခံရဲဘူးေၾကာက္တယ္"

"လာပါ"

ခ်က္ျပဳတ္ေနသည့္ေနရာဟာ စကားသံေတြပြက္ပြက္ညံေနသလို မီးခိုးရနံ႕ မီးဖိုေတြကအပူ ဟင္းအနံ႕ ၾကက္သြန္င႐ုတ္သီးရနံ႕ေတြကလွိုင္ေနသည္။

"ဪ ၿမိဳ႕ကညီမတို႔ေရ ဒီနားကပူတယ္ေဟ့ မီးကခိုးေသး ဟိုဖက္ထိုင္ၾကပါ"

ေဖာ္ေဖာ္ေ႐ြေ႐ြႏႈတ္ဆက္သည့္သူေတြကို ျပန္ၿပဳံးျပႏႈတ္ဆက္ရင္ အာလူးသီးသင္ေနေသာ အမ်ိဳးသမီးအနားကို မသိမသာခ်ည္းကပ္လာခဲ့သည္။

"အာလူးကဘယ္လိုသင္ရတာလဲ အန္တီ"

သူတို႔အနားေရာက္လာေတာ့ လူမႈေရးေတြ လူေတြနဲ႕စကားေျပာရတာကို မုန္းသည္ဟုဆိုေသာ ေႏြငုဝါကစတင္ကာ စကားဆိုေလသည္။ သွ်င္းျမတ္အံ့ဩသြားသလို ရင္ထဲမွာလည္း ေႏြးေထြးမႈေလးကစီးဆင္းသြားသလို။

"ထိုင္ၾက သမီးတို႔ မလုပ္တတ္ရင္မလုပ္ပါနဲ႕ စစခ်င္းဆို ဓားရွတတ္တယ္ အာလူးခြါတဲ့ ဂ်စ္ေလးေတြရွိတယ္ အဲ့ဒါပဲသုံး"

သူတို႔ကိုအဲ့လိုေျပာေပမဲ့လို႔ ထိုအမ်ိဳးသမီးကေတာ့ ဓားကိုကြၽမ္းက်င္စြာကိုင္သလို ေအးေအးေဆးေဆးလွီးျဖတ္ေနတာပင္။

"ဟုတ္လား ဒါဆိုအန္တီငယ္ငယ္တုန္းကလည္း ဓားခဏခဏရွဖူးမွာေပါ့"

"ရွတာေပါ့ သမီးရဲ႕"

"အမယ္ေလး ေဒၚေတးတို႔ ဒီေရာက္ေရာက္ခ်င္းတုန္းကဆို သူေယာက်ာ္း ကိုေက်ာ္ထြန္းကပဲ မီးဖိုေခ်ာင္ဝင္ရတာေတာ္ က်ဳပ္တို႔ျဖင့္အံ့ဩလို႔ အခုလည္း ကိုေက်ာ္ထြန္းႀကီးက မိန္းမကိုခ်စ္တုန္း ထမင္းဟင္းခ်က္တုန္း ေက်ာ္ထြန္းလို ေယာက်ာ္းမ်ိဳးကေတာ့ နယ္လွည့္ရွာေတာင္မေတြ႕ဘူး။"

ကာယကံရွင္ အမ်ိဳးသမီးကေတာ့ ဘာမွျပန္မေျပာပဲ ေဘးနားကေျပာေသာ အမ်ိဳးသမီးရဲ႕စကားကို ၿပဳံးကာနားေထာင္လို႔ေနသည္။ သို႔ေသာ္ အၿပဳံးဟာတကယ္ကို စစ္မွန္လြန္းသလို သူ႕နာမည္ၾကားလိုက္တာနဲ႕ အလိုလိုၿပဳံးမိတယ္ဆိုတဲ့ စကားကို သွ်င္းျမတ္နားလည္သြားရသည္။ မ်က္ဝန္းေတြကလည္း ရယ္ျမဴးရိပ္ေတြသန္းလ်က္ေပါ့။

"ထြန္းသွ်င္ကသာ မလိမၼာတာ သမီးေရာ ေယာက်ာ္းေရာကေကာင္းေတာ့ ညည္းေတာ့ ေအးေဆးတာေပါ့ေအ"

"အန္တီက တျခားနယ္ကလား"

စကားဝိုင္းကို ေႏြငုဝါက ဦးေဆာင္ေနသည္။

"ဟုတ္တယ္ သူကၿမိဳ႕ႀကီးကေလ ငါ့ျဖင့္ေက်ာ္ထြန္းလိုလူက ဒီလိုၿမိဳ႕သူလွလွကို ဘယ္လိုမ်ားရခဲ့လဲေပါ့ ႐ြာေရာက္ေတာ့ ျပန္မ်ားေျပးေတာ့မလားထင္ေနတာ ၿမဲတယ္ေတာ္ ေက်ာ္ထြန္းကသူ႕မိန္းမေနခက္မွာစိုးလို႔ ၿမိဳ႕ေပၚေျပာင္းေပးတာေတာင္ သူကမေျပာင္းခ်င္ဘူးတဲ့ေလ"

"အန္တီတို႔ကေတာ္ေတာ္ခ်စ္ၾကတာပဲ"

"ထြန္းသွ်င္ေမြးတုန္းကဆိုလည္း ကေလးကိစၥျဖင့္ မလုပ္ရေပါင္ ေက်ာ္ထြန္းကပဲ ကေလးထိန္း အႏွီးေလွ်ာ္ မိန္းမထဘီေတာင္ေလွ်ာ္ေပးတာေတာ္ေရ အဲ့ဒါေၾကာင့္ေျပာတာ ေက်ာ္ထြန္းလိုလူကမရွိပါဘူးဆို"

"အန္တီေတာ့ ေယာက်ာ္းရကံေတာ္ေတာ္ေကာင္းတာပဲ ၿမိဳ႕ကလူဆိုေတာ့ ႐ြာမွာေပ်ာ္ရဲ႕လား ေနရခက္တာဘာညာရွိဖူးလား ၿမိဳ႕ကိုေရာမလြမ္းဘူးလား"

ေႏြငုဝါကသိခ်င္သည့္အရာေတြကိုစကားလမ္းေၾကာင္းေပးေနသည္။ သွ်င္းျမတ္ကေတာ့ထိုအမ်ိဳးသမီးရဲ႕ အေနအထားကိုသာၾကည့္ေနမိသည္။

"မလြမ္းပါဘူး ၿမိဳ႕မွာလြမ္းစရာလည္းသိပ္မရွိဘူး ဒီ႐ြာမွာေပ်ာ္ပါတယ္"

ေႏြငုဝါဆက္ေမးဖို႔လုပ္လိုက္ေပမဲ့လို႔ သွ်င္းျမတ္က ေႏြငုဝါရဲ႕လက္ကိုခပ္တင္းတင္းဆုပ္ကိုင္လိုက္ကာ ဆက္မေမးဖို႔အခ်က္ျပလိုက္သည္။

"ေနေတာင္အေတာ္ျမင့္ေနၿပီ သမီးတို႔လည္းျပန္ရေတာ့မွာဆိုေတာ့ သြားေတာ့မယ္ေနာ္"

ျပန္ေတာ့မယ္ဆိုေတာ့ ေနေစခ်င္တဲ့အေၾကာင္း ေျပာၾကတဲ့႐ြာသူ႐ြာသားေတြကို ႏႈတ္ဆက္ခဲ့ရသည္။ အျပန္ကေတာ့အသြားတုန္းကလို႔ လမ္းမသိလို႔ လိုက္ပို႔ေပးစရာမလိုေတာ့။ ကားလမ္းအတိုင္းတစ္ေျဖာင့္တည္းဆိုေတာ့ ဒီတိုင္းေမာင္း႐ုံသာ။

မုံ႐ြာ ေရဦး တန့္ဆည္ လမ္းမႀကီးက လမ္းေတာ္ေတာ္ေကာင္းသည္။ လမ္းေဘးကတမာပင္ေတြကို ေငးေနေပမဲ့ အသြားတုန္းကလို ၾကည့္မေကာင္းေတာ့သလို။ စိတ္ထဲမွာ ဟာလာဟင္းလင္းျဖစ္ေနသလို ခံစားခ်က္ႀကီးကေတာ္ေတာ္ဆိုးသည္။

မေမွ်ာ္လင့္ပါဘူးလို႔ ဘယ္ေလာက္ေျပာေျပာ တကယ္တမ္းၾကေတာ့ သူကိုသတိရဖို႔သူေမွ်ာ္လင့္ေနမိတာေလ။ ေနာင္တေတြကိုေမွ်ာ္လင့္ေနေပမဲ့ ေပ်ာ္႐ႊင္ေနတဲ့ပုံစံက တကယ္ကို သူ႕ကိုနာက်င္ေစသည္။ သူ႕ကိုယ္သူ ခံစားခ်က္ေတြမွာေပ်ာ္ဝင္ေနရတာကို မႏွစ္ၿမိဳ႕တာမို႔ အၿမဲတမ္းထိန္းခ်ဳပ္ထားခဲ့ကာ ဘယ္သူကိုမွခံစားခ်က္မထားခဲ့ေပ။
ေႏြငုဝါတစ္ေယာက္အေပၚသာ ေပ်ာ္႐ႊင္မႈေပးခ်င္သည့္ ခံစားခ်က္မ်ိဳးကိုသူရသည္။

သို႔ေသာ္ ယခုၾကေတာ့ နာက်င္ေနသည္။ ျဖစ္စရာမလိုဘူးဟု အႀကိမ္ႀကိမ္သတိေပးေပမဲ့လည္း တကယ္နာက်င္သည္။ နာက်င္ေနတာကိုသိသိႀကီးနဲ႕ ေဖ်ာက္ပစ္လို႔မရတာကို သူစိတ္ဆိုးသည္။

"ကားရပ္လိုက္ပါလား"

အေတြးေတြကိုထိန္းခ်ဳပ္ကာ ကားကိုသတိထားေမာင္းေနခဲ့ေပမဲ့ တစ္ခ်က္တစ္ခ်က္ စိတ္ေတြကလြတ္ေနခဲ့သည္။
ေႏြငုဝါစကားေၾကာင့္ ကားကိုလမ္းေဘးကိုထိုးခ်ကာရပ္လိုက္သည္။

"ဘာျဖစ္လို႔လဲ ေဘဘီ"

"ကြၽန္မကားတိုက္မႈျဖစ္ေတာ့မယ္လို႔ ခံစားေနရတယ္"

သွ်င္းျမတ္ၿပဳံးလိုက္ခ်င္ေပမဲ့လို႔ မၿပဳံးမိေတာ့။

"ဒီေနရာမွာ ဘယ္သူမွမရွိဘူး ငိုခ်င္တယ္ဆိုငိုခ်လိဳက္ပါ ဒါမွမဟုတ္ ဘာျဖစ္ေနတယ္ဆိုတာ ရင္ဖြင့္လိုက္ စိတ္ထဲမွာ နည္းနည္းေတာ့သက္သာတာေပါ့"

သွ်င္းျမတ္ အၾကည့္ေတြကို ေႏြငုဝါဆီကေန လမ္းမထက္ကိုပို႔လိုက္သည္။ သက္ျပင္းခ်တာမ်ိဳးမဟုတ္ေပမဲ့လို႔ အသက္ကိုေတာ့ ခပ္ျပင္းျပင္းရႈထုတ္လိုက္သည္။

"သူမလိမ္ဘူး"

အဆက္အစပ္မရွိတဲ့စကားဆိုေပမဲ့လို႔ ေႏြငုဝါကေတာ့ နားလည္သည္ဟု သူထင္သည္။

"ဟုတ္တယ္ သူမလိမ္ဘူး"

"သူက သူ႕ရဲ႕မိသားစုမွာ တကယ္ေပ်ာ္ေနတာ သူမလိမ္ဘူး ၿပီးေတာ့ တို႔ကိုလည္း သူသတိမရဘူး"

"ရခဲ့မယ္ဆိုရင္ေတာင္မွ ျပန္မေတြးခ်င္ေတာ့တဲ့ ေမ့လိုက္တဲ့ memory တစ္ခုမို႔လို႔ေပါ့"

"တို႔အနီးအနားကလူေတြရဲ႕ေျပာစကားအရဆိုရင္ သူနဲ႕ ဒယ္ဒီက မိဘခ်င္းသေဘာတူခဲ့တာ တကယ္ၾကေတာ့ ဒယ္ဒီကလည္းမေကာင္းတဲ့သူပဲေလ မိန္းမေတြကို ေလးစားရေကာင္းမွန္းမသိတဲ့သူမ်ိဳးပဲ တို႔ကိုကိုယ္ဝန္ရွိတဲ့အခ်ိန္မွာ သူတို႔ပိုၿပီးရန္ျဖစ္ခဲ့ၾကတယ္လို႔ေျပာတယ္ ၿပီးေတာ့ သူ႕မိသားစုကအဲ့အခ်ိန္မွာ စီးပြါးေရးေတြအရႈံးေပၚေရာ အဲ့အခ်ိန္မွာ ဒယ္ဒီကတစ္ခ်ိဳ႕တေလကို ဆပ္ေပးရတဲ့အတြက္ ပိုၿပီးႏွိမ္စရာျဖစ္တယ္ထင္ပါတယ္ ပိုၿပီးအဆင္မေျပၾကဘူး ေနာက္က်ေတာ့ အေမ့ဖက္ကအဘိုးအဘြားကလည္း စိတ္ဆင္းရဲစရာေတြေၾကာင့္ စိတ္ေထာင္းကိုယ္ေၾကနဲ႕ ဆုံးသြားၾကတာ ေရွ႕ဆင့္ေနာက္ဆင့္ပဲ ပိုဆိုးလာတာက ဒယ္ဒီအသိုင္းအဝိုင္းကစ သူ႕ကိုအနိုင္က်င့္လာၾကတာ ေနာက္ေတာ့ သူမခံစားနိုင္ေတာ့ဘူးထင္တယ္ ကြာရွင္းဖို႔လုပ္တယ္ အဲ့ၾကေတာ့တို႔အသက္ တစ္ႏွစ္ေက်ာ္ပဲရွိေသးတာ။ ဒါေပမဲ့ တကယ္တမ္းၾကေတာ့ ဒယ္ဒီကသူ႕မိန္းမကို ကြဲနိုင္တာမဟုတ္ဘူး တို႔ကိုမေပးဘူးလို႔ၿခိမ္းေျခာက္ၿပီး သူ႕ကိုကြာရွင္းခြင့္မေပးဘူးေလ ပထမတစ္ခါမေအာင္ျမင္ခဲ့ဘူးဆိုပါေတာ့။ ဒါေပမဲ့ တို႔ႏွစ္ႏွစ္ေက်ာ္မွာေတာ့ သူတို႔ တကယ္ကြာရွင္းသြားၾကတယ္။ ၿပီးေတာ့ သူကဘာကိုမွမယူပဲ အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႕ အခုေယာက်ာ္းအေနာက္ကိုလိုက္ခဲ့တာ"

"ရွင့္ ဒယ္ဒီကမေကာင္းတဲ့ေယာက်ာ္းပဲ"

"ဟုတ္တယ္ သူကတစ္စက္မွမေကာင္းဘူး"

"ရွင့္အေမက ပထမတစ္ခါမွာရွင့္ေၾကာင့္ သည္းခံခဲ့တယ္ဆိုကတည္းက သူကရွင့္ကိုခ်စ္ပါတယ္"

"တို႔သိပါတယ္ ဒါေပမဲ့ေလ အခုၾကေတာ့ တို႔ကိုနည္းနည္းေလးေတာင္ သတိမရဘူးလားလို႔သိခ်င္ခဲ့တာ"

"သတိရေန႐ုံေလးနဲ႕ ဘာမွလုပ္လို႔မရေတာ့တဲ့အတိတ္ေလ တကယ္၍ သတိရခဲ့တယ္ဆိုရင္ေတာင္မွ အခုအခ်ိန္မွာ ရွင့္ကိုသူမလိုအပ္ေတာ့ဘူး ဘာလို႔လဲဆိုေတာ့ ရွင္ကလည္း သူ႕ကိုမလိုအပ္လို႔ပဲ ဒါေၾကာင့္ သူ႕ကိုလိုအပ္တဲ့ပတ္ဝန္းက်င္မွာ သူရွင္သန္တယ္ ဒါကသူ႕ဘဝပဲ ကြၽန္မတို႔မွာ ဝင္ေျပာပိုင္ခြင့္မရွိဘူး ၿပီးေတာ့ ရွင့္ကိုသူမလိုအပ္လို႔လဲ ရွင္စိတ္ထဲထားစရာမလိုဘူး ရွင္ကိုလိုအပ္ေနတဲ့သူေတြအမ်ားႀကီးရွိေနေသးလို႔ပဲ ကြၽန္မအပါအဝင္ေပါ့"

ဆုပ္ကိုင္ထားတဲ့လက္ဖဝါးရဲ႕အေႏြးဓာတ္ေတြဟာ တကယ္ကိုေမတၱာတရားလားဟုေတြးမိသည္။ ေႏြငုဝါကိုၾကည့္ကာ သွ်င္းျမတ္ၿပဳံးလိုက္မိသည္။ အခ်စ္ကိုအယုံအၾကည္မရွိေပမဲ့လို႔ ေမတၱာေတြကိုေတာ့ေပးခ်င္သည္။

3.3.2022

Continue Reading

You'll Also Like

4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
351K 11.1K 35
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
414K 23.4K 42
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
1.3M 32.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...