Soulmates (Completed)

Від XiaoHongBao

702K 31K 737

Uni ....... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ First... Більше

Intro
Story 1
Story 2
Story 3
Story 4 (Warning!!!)
Story 5
Story 6
Story 7 (Warning!!!)
Story 8
Story 9
Story 10
Story 11
Story 12
Story 13
Story 14 (Warning!!!)
Story 15
Story 17
Story 18
Story 19 (Warning!!!)
Story 20
Story 21
Story 22 (The End)
💞💞💞💞💞
Hello!!!!
Cover
Extra 1
Extra 2 (Warning!!!)
Extra 3
Extra 4
Extra 5(Final)
Thingyan Special

Story 16

20.9K 945 4
Від XiaoHongBao

Unicode
..............

မိုးယံ ဟိုလူကြီးအိမ်မှာ သောင်တင်နေတာ ၁လနီးပါးရှိနေပီဖြစ်သည်။ ထိုတစ်လ အတွင်း နည်းလမ်းပေါင်းစုံနဲ့ ထွက်ပြေးဖို့ ကြိုးစားဖူးပေမဲ့ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တာပင်။ အစောင့်တွေကလည်း နေရာတိုင်း အပြည့်ဖြင့်။ 

ခုလည်း ဘယ်လိုခိုးထွက်ရမလဲကြံစည်နေခြင်း။ မိုးယံရဲ့ အခန်းရှေ့မှာဆိုလည်း အစောင့်နှစ်ယောက်လောက်ရှိနေသည်။ ဘယ်လိုနည်းလမ်းနဲ့ ပထုတ်ပထုတ် တုတ်တုတ်မလှုပ်သော ကျောက်ခဲကြီးတွေပင်။ အခုက မနက်ပိုင်းဆိုတော့ ဟိုလူကြီးလည်း ရုံးသွားဖို့ ပြင်ဆင်ချင် ပြင်ဆင်နေလောက်ပီ။ 

မိုးယံ အခန်းအပြင်ကို ခပ်တည်တည် ထွက်လာလိုက်သည်။ အခန်းရှေ့က နှစ်ယောက်ကတော့ သူ့နောက်က တကောက်ကောက် လိုက်လာလေသည်။ သူလည်း ဟိုလူကြီး အခန်းရှေ့ရောက်တော့ တံခါးပင်မခေါက်ပဲ ဝင်သွားလိုက်ပီး နောက်ကနှစ်ယောက်ကို ဝင်လာရဲဝင်လာကြည့်ဆိုတဲ့ အကြည့်တစ်ချက်ပို့လိုက်သည်။ ပီးတာနဲ့ တံခါးကို ဂျိမ်းခနဲ ပိတ်ပစ်လိုက်သည်။ 

မိုးယံ အခန်းထဲဝေ့ကြည့်လိုက်တော့ ထိုသူမရှိ ရေသံကြားတာကြောင့် ရေချိုးခန်းထဲမှာဆိုတာသိလိုက်သည်။ သူလည်းကုတင်ပေါ်မှာ သွားထိုင်လိုက်သည်။ လူကြီးနဲ့ ပထမဆုံးတွေ့တဲ့ချိန်က rut ဖြစ်ပီးကတည်းက သူ့အားထပ်မထိဖြစ်ခဲ့ကြပေ။ အကြောင်းမှာ သူ့ကိုချုပ်ချယ်ရင် ကိုယ့်ကိုကိုယ် သတ်ပြစ်မဲ့အပြင် ၊ မရပါက သူကိုက်ထားတဲ့ အမှတ်ကိုပါ ဖျက်စီးပစ်မယ်လို့ ချိန်းခြောက်ထားတာကြောင့်ပင်။ 

ဘုန်းမြတ်က တော်ရုံဆို စိတ်ရှိတိုင်းလုပ်ပစ်လို့ရပေမဲ့ သူ့ပါတနာဖြစ်နေတာကြောင့် တမင်အလျော့ပေးထားခြင်းကိုတော့ မိုးယံတစ်ယောက် မသိခဲ့ပေ။ 

'ဂျလောက်'

ဆိုတဲ့ အသံနှင့်တကွ ဘုန်းမြတ်ရေချိုးခန်းထဲက ထွက်လာလေသည်။ ရေချိုးခန်းထဲက ထွက်ထွက်ချင်း မိုးယံကိုတွေ့လိုက်ရတာကြောင့် ကြောင်အမ်းအမ်းဖြစ်သွားရသည်။ မိုးယံက တစ်ခါမှ သူ့အခန်းမပြောနဲ့ သူရှိနေရင် လုံးဝ အခန်းထဲကနေကို ထွက်မလာသောကြောင့်ပင်။ 

မိုးယံ သူ့အားကြောင်ကြည့်နေတဲ့ ထိုလူကို စိတ်မရှည်တာကြောင့် ပိတ်အော်လိုက်သည်။ 

" ဘာကြည့်နေတာလဲ..... မမြင်ဖူးဘူးလား"

"ဟမ်.... ဘာ... ဘာမှမကြည့်ပါဘူး။ သက်လေး ဘာကိစ္စရှိလို့လဲဟင်"

"ကိစ္စရှိမှလာရမှာလား"

" မဟုတ်ပါဘူး.... လာလို့ရပါတယ်"

" အဝတ်မဝတ်တော့ဘူးလား..... အဲ့မှာလေဖြတ်သေနေဦးမယ်။"

"အာ..... မသေသေးပါဘူး။ သက်လေးနဲ့ တူတူနေရဦးမှာကို"

"ဘာတူတူနေမှာလဲ.... ကျွန်တော်ပြောထားတယ်လေ။ သက်လေးလို့မခေါ်ပါနဲ့ဆိုနေ..... မိန်းမဆန်တယ် မိုးယံပဲခေါ်"

"သက်လေးကလည်း.... ကိုယ်ရဲ့အသဲအသက်မို့ ခေါ်ချင်လို့ဟာကို"

"မခေါ်နဲ့ မကြိုက်ဘူး။ ပြောမရရင် ကျွန်တော် ဒီပေါ်ကနေ ခုန်ချလိုက်မှာနော်"

ဆိုပီး ဝရံတာနားကို ထသွားလေသည်။ ဘုန်းမြတ်လည်း လန့်ပီး သူ့နောက်ပြေးလာလိုက်ကာ မိုးယံရဲ့ လက်ကောက်ဝတ်ကို ကောက်ဆွဲလိုက်သည်။ 

" မလုပ်ပါနဲ့ကွာ.... မခေါ်တော့ဘူး ဟုတ်ပီလား.... အဲ့အစားယံလေးလို့ပဲခေါ်မယ်လေနော်... နော်လို့"

"ပီးရော.... 'သက်' ဆိုတာထက်စာရင်တော့ တော်သေးတယ်"

" ခုဘာဖြစ်လို့ ကိုယ့်အခန်းထဲလာရတာလဲ"

"အဟီး.... ဟိုလေ.... ကျွန်တော် ဟို အိမ်နောက်ဘက်ခြမ်းသွားလည်ချင်လို့.... ဒီမှာနေရတာ ပျင်းလာပီ.... ဘယ်မှလည်းမသွားရဘူး။ အာ့ကြောင့် ခွင့်ပြုပေးပါနော် ကိုကိုနော်''

'' ဘယ်လိုခေါ်လိုက်တယ် ''

''အယ်...ဘာ...ဘာမှမဟုတ်ဘူး ခွင့်ပြုပေးပါနော်လို့''

'' ခုနက ကိုကိုလို့ခေါ်တာကြားလိုက်ပါတယ်.... ကိုကိုလို့ခေါ်ရင် စဥ်းစားပေးမယ်လေ ဘယ်လိုလဲ ''

ဟု ပြောရင်း မိုးယံ နဲ့ မျက်နှာချင်းကပ်လုနီးပါးတိုးလာကာပြောသည်။ မိုးယံလည်း ရှက်ရှက်နဲ့ ခေါင်းကြီးငုံ့ကာနေလေသည်။ ခေါ်ပီးမှ နောင်တတောင်ရချင်သွားတယ်။

''ကို....ကိုကို.... ခွင့်...ခွင့်ပြုပေးပါနော်''

'' ဟမ်...ဘာပြောလိုက်တယ်...နောက်တစ်ခေါက်လောက် ထပ်ပြောပါဦး ယံလေးရဲ့''

'' ကိုကိုလို့''

''ယံလေး နောက်တစ်ခေါက်''

''ကိုကို!!!!"

မိုးယံ ပိတ်အော်လိုက်မှ ဘုန်းမြတ်လည်း ထရယ်တော့သည်။

'' ဟားဟားဟား....ကိုယ့်ရဲ့ ယံယံလေးက ချစ်ဖို့ကောင်းလိုက်တာ မွမွ''

''ဟာ... လူကိုအသားယူပြန်ပီ ဟိုလူကြီး.....ကို..ကိုကို... ဟဲဟဲ''

ဟိုလူကြီးလို့ပြောလိုက်တော့ ချက်ချင်းမျက်နှာတည်သွားကာ စိုက်ကြည့်လာသောကြောင့် ကိုကိုဟု အမြန်ခေါ်လိုက်ရသည်။ မဟုတ်ရင် ထသတ်မလားပဲ။

မိုးယံတော့ လိုချင်တာရသွား၍ ပျော်ပျော်ကြီး ခြံနောက်ဘက်သို့ ထွက်လာလိုက်သည်။ နောက်က တောက်တဲ့တွေကို လစ်လျူရှုရင်းပေါ့။ မိုးယံ ခြံထဲခြေချရုံရှိသေး အိမ်ပေါက်ဝမှာ ရပ်နေတဲ့ လူက သူ့ရှေ့ပိတ်ရပ်ကာ တားလိုက်သည်။

'' သခင်လေး.... အပြင်ထွက်လို့မရပါဘူး''

'' ဘာ.... ငါခွင့်တောင်းပီးပီ သွားလို့ရတယ်ဆိုလို့ သွားမှာ... ဖယ်ဗျာ အစ်ကိုတို့ကလည်း''

''ဒါပေမဲ့ သခင်ကြီးသိရင်...''

''သူ့ကိုသွားခွင့် ပေးလိုက်''

ဘုန်းမြတ်အနောက်ကနေ ဝင်ပြောလိုက်မှ ထိုလူက ဖယ်ပေးလိုက်သည်။ မိုးယံကတော့ ကြားတယ်နော်ဆိုတဲ့ပုံစံနဲ့ ရင်ကိုကော့ကာ ထွက်သွားလေသည်။ ဘုန်းမြတ်ကတော့ နောက်မှာ ပြုံးပြုံးကြီးကျန်နေခဲ့သည်။

အလုပ်သမားတွေကတော့ သခင်ကြီးရဲ့ မျက်နှာကိုသာ ကြည့်နေမိကြသည်။ (ရယ်လိုက်တော့လည်း ချောသား အဟိ)

မိုးယံ ခြံနောက်ဖက်က ကိုယ်ရံတော်တွေနေတဲ့ ဘက်ခြမ်းကို ရောက်လာလေသည်။ ဝန်ထမ်းနေဖို့ ဘန်ဂလိုပုံစံတွေကော တိုက်ပုလေးတွေပါမကျန်တွေ့လိုက်သည်။

ဆောက်ထားတာလည်းသပ်ရပ်တာကြောင့် နေချင်စဖွယ်လေးပင်။ အိမ်က ဘာလို့ အမျိုးအစား နှစ်မျိုးခွဲထားတာလည်း သိချင်တာကြောင့် နောက်ကလိုက်လာတဲ့ နှစ်ယောက်ကို လှမ်းမေးလိုက်သည်။

'' အစ်ကိုကြီးတို့ ဘာလို့ ဘန်ဂလိုနဲ့ တိုက်ပုနှစ်မျိုးဖြစ်နေတာလဲဟင်''

'' အော်... အဲ့ဒါက ဘန်ဂလိုမှာက အိမ်ထောင်သည်တွေနေကြတာလေ.... ဘေးနားက တိုက်ပုလေးတွေကတော့ လူပျိုတွေ အပျိုတွေနေကြတာပေါ့.... အဆောင်လိုမျိုး တိုက်တစ်ခုမှာ ခေါင်းဆောင်တစ်ယောက်စီ ကြီးကြပ်ကြတယ်လေ''

'' အော်...''

သိချင်တာမေးပီး၍ ယုန်တစ်ကောင်လို ခုန်ပေါက်ပီး ထွက်သွားတာကြောင့် ကိုယ်ရံတော် နှစ်ယောက်လည်း ထပ်ကြပ်မကွာလိုက်ရပြန်သည်။ မိုးယံ သွားနေရင်း တစ်နေရာ အရောက် ခဏရပ်တန့်သွားသည်။

'' ဒါ နှင်းမြဖြူမဟုတ်လား... ဘယ်လိုလုပ်ဒီမှာရောက်နေတာလဲ''

သူလည်း မသိမသာ ထိုအနားကချုံကွယ်နားကပ်သွားပီး ခိုးနားထောင်နေလိုက်သည်။ နောက်ကလိုက်လာသူကိုလည်း ရှူးတိုးတိုးဆိုပီး ပြောဖို့မမေ့။

'' နှင်း ဒီလောက် ပြောထားတာတောင် ဘာလို့ သူ့ဘက်က မလှုပ်ရှားသေးတာလဲ မသိဘူး''

'' သူဌေးက အခြေအနေ စောင့်ကြည့်နေသေးလို့ပါ''

''ကျစ်... အဲ့ချိန်က ဘယ်တော့များရောက်မှာလဲ''

'' သူဌေးပြောတာကြားတာတော့ ဟိုကောင်လေးက အိမ်ထဲက အပြင်တောင်မထွက်ဘူးပြောတယ်... ပီးတော့ ကျုပ်တို့က အိမ်ထဲဝင်ဖို့လည်း လွယ်တာမဟုတ်ဘူး''

'' ဘာပဲဖြစ်ဖြစ် နှင်းကတော့ ​အမြန်အကောင်အထည်ဖော်စေချင်ပီ.... ''

'' မပူပါနဲ့ နှင်းလေးကလည်း သူဌေးမလုပ်လည်း ကျုပ်ကူညီမှာပေါ့''

'' တကယ်ပြောတာနော်.... ဒီကိစ္စအောင်မြင်ရင် နှင်းတို့နှစ်ယောက် အတွက်အဆင်ပြေပီပဲ... ဟုတ်တယ်မလား ကိုကြီး''

ဟု ခုနကဒေါသအသံနဲ့ မတူပဲ ချွဲကျပ်တဲ့ အသံပြောင်းသွားကာ ထိုလူမိုက်ခေါင်းဆောင်ကို မြူစွယ်နေလေသည်။

''စိတ်ချ ချစ်ကလေး.... ကိုယ့်လူတွေကို သေချာတာနဲ့ လက်စတုံးပေးမယ်။ ခုတော့ ကိုယ်တို့ နှစ်ယောက်...အဟင်းဟင်း''

'' Thank u ကိုကြီး... အာ့ကြောင့်ချစ်နေရတာ... နှောင်းသံသရာ ဆိုတဲ့ အရှုပ်ထုပ်ရှင်းသွားရင် ကျန်တာ နှင်းအပိုင်းထားလိုက်''

'' ဒါဆို ကိုယ်တို့ အချိန်ရှိခိုက် လှုပ်ရှားရအောင်''

ပြောပီး နှစ်ယောက်သား အခန်းထဲကိုဝင်သွားလေသည်။ နှင်းမြဖြူကတော့ ထိုလူမိုက်ခေါင်းဆောင်ရဲ့ ​အပြုအမူကြောင့် အော်ဂလီဆန်နေသောလည်း မျက်နှာမပျက်အောင်ထိန်းကာ အခန်းထဲသို့ လိုက်ဝင်သွားလေသည်။

မိုးယံလည်း နှောင်းသံသရာ ဆိုတဲ့ နာမည်ကြားပီး သူသိတဲ့ နှောင်းများလားဟု သံသယဝင်နေလေသည်။ ဒီကိစ္စကို ဘယ်သူ့သွားမေးရမလဲ မသိ။ ဟိုလူမေးရင်ကော အမှန်တိုင်းဖြေပါ့မလား။ နောက်ကလူနှစ်ယောက်ကို ကြည့်ပြန်တော့လည်း ဘာမှသိမဲ့ပုံမပေါ်။

* အာ... မသိတော့ဘူးကွာ...စိတ်ရှုပ်လာပီ။ လောလောဆယ် ဒီကနေ အမြန်ခိုးထွက်ပီး စက်တို့ကို ဆက်သွယ်ကြည့်ရမယ်*

ဟု တွေးရင်း ထိုနေရာကနေ ထွက်သွားလိုက်သည်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

တစ်ဖက်တွင်လည်း နှောင်းသံသရာတို့ မိသားစု စက်ရဲ့ အဖိုးဖြစ်သူထံသွားရန် ပြင်နေကြသည်။

'' နှောင်းရေ... ပီးပီလား''

'' ခဏလေး... သားလေးကို သနပ်ခါးလိမ်းပေးနေတာ ပီးတော့မယ်''

'' ကိုယ်အောက်မှာပဲ စောင့်နေမယ်နော်...''

''ဟုတ်''

''ဖေဖေ... ခါးခါးစားမယ်''

''သားလေးက စားချင်တာလား... အာ...''

''အာ....''

ဆိုပီး ကလေးငယ်တွေ ထမင်းစားသလို လုပ်နေကြတဲ့ သားအဖပင်။

'' တော်ပီ သားလေး... ဖိုးဖိုးကြီးဆီသွားရတော့မှာတဲ့ ''

''ဟုတ်... ဖိုးဖိုးကြီးက သဘောကောင်းရယ် သိရား၊ မုန့်မုန့်တွေလည်း များကြီးကျွေးရယ်''

''ဟုတ်လား.. သားသားက ပျော်နေတယ်ပေါ့ ''

''ဟုတ်၊ ပျော်ရယ်''

နှောင်းက ကလေးကိုချီပီး ​​​လှေကားပေါ်က ဆင်းလာလေသည်။ သူတို့ သားအဖက ဆင်စွယ်ရောင် ဆွယ်တာလေးနဲ့ အနက်ရောင်ဘောင်းဘီလေးကို ဆင်တူဝတ်ဆင်ထားကာ ကြည့်လိုက်ရင် သားအဖနဲ့ မတူပဲ ကလေးနှစ်ယောက်နဲ့တောင် တူနေသေးသည်။

စက်လည်းပဲ ပေါ့ပေါ့ပါးပါး အညိုရောင် စွယ်တာလေးကို အောက်ခံထားပီး အပေါ်က ကုတ်အရှည်ကိုထပ်ဝတ်ထားလေသည်။ အောက်မှာတော့ ဂျင်းပန် အရင့်ကို ဝတ်ဆင်ထားကာ ဆံပင်ကိုလည်း အရင်လို သပ်မတင်ထားပဲ နဖူးပေါ် ချထားတာကြောင့် လူငယ်ဆန်ဆန်ဖြစ်နေသည်။

စက် အပေါ်က ဆင်းလာတဲ့ သားအဖကို ကြည့်ရင်း ပြုံးနေလေသည်။

'' ကဲ သားအဖတွေ ဆင်းလာပီလား''

''ဒယ်ဒီ''

'' အမယ် ကလေးက ခါးခါးနဲ့ပါလား... ချစ်ဖို့ကောင်းလိုက်တာ မွ''

''ဒယ်ဒီ!!!... လုပ်နဲ့ ပျက်ကုန်ပီ''

'' ဟုတ်ပါပီဗျာ... ကဲ ကားပေါ်သို့ ကြွမြန်းတော်မူပါ သခင်လေးတို့''

'' မောင်မင်း တော်ရယ်''

'' ဟားဟားဟား ''

စက်တို့ ကားလေး မောင်းထွက်သွားသည်။ ဒီနေ့ အလုပ်နားရက်ယူထားတာကြောင့် အဖိုးဖြစ်သူ ဦးအာဏာထံ သွားကြခြင်း။ မိသားစု တူတူ အပြင်မသွားဖြစ်တာကြောင့် လွတ်လွတ်လပ်လပ်သွားချင်၍ ကိုယ်ရံတော်တွေပင် မပါပဲသွားကြလေသည်။

သူတို့ ကားလေး မြို့တွင်း တစ်နေရာ အထိ သွားနေရင်း နောက်မှလိုက်လာတဲ့ ကားရှိသည်ကိုပင် သတိမပြုမိပေ။ ထိုကားက သေချာတာပေါ့.... ဘုန်းမြတ်တို့ လွှတ်ထားတဲ့ကားပင်။ နှောင်းကို လုပ်ကြံဖို့ အနောက် ခပ်လှမ်းလှမ်းကနေလိုက်တာကြောင့် သိပ်မသိသာပေ။

စက်တို့ သွားရင်း ခြံကြီးတစ်ခြံရှေ့မှာရပ်သွားလေသည်။ ခြံထဲမှ လူတစ်ယောက် တံခါးဖွင့်ပေးလိုက်သည်နှင့် သူတို့ကားလေးသည်လည်း အထဲသို့ဝင်လာလေသည်။ ဦးအာဏာကတော့ အိမ်အပြင်မှာ ထွက်ကြိုနေလေသည်။

'' ဖိုးဖိုးကြီး''

''ဟာ... မြေးလေး.. ဖိုးဖိုးကြီးက လွမ်းနေတာ.... ကြည့်ပါဦး သနပ်ခါးတွေ အပြည့်နဲ့၊ ရွတ်... ဟာ ...မွှေးနေတာပဲကွာ ''

'' ဖိုးဖိုးကြီး ကိုလည်း သားသားလွှမ်းရယ်၊ ဖိုးဖိုးကြီး ကျွေးတဲ့ မုန့်ကိုလည်း လွှမ်းရယ် ''

''ဟားဟား... ငါ့မြေးက လက်စသတ်တော့ မုန့်ကို ပိုလွှမ်းတာကိုး''

''ဟီးဟီး...  ဟုတ်ပါဝူး''

'' မြေးတို့ ဝင်ကြလေ''

'' ဟုတ်... နှောင်း... လာ၊ ဝင်ကြမယ်''

နှောင်း ကတော့ ခြံထဲစဝင်ကတည်းက ပါးစပ်အဟောင်းသား ငေးကြည့်နေသည်။ စက်ရဲ့အိမ်ကို ကြီးလှပီ ထင်နေသော်လည်း အခုအိမ်က ပို၍ပင် ကြီးနေသေးသည်။ အပြင်အဆင်ကအစ စက်တို့ အိမ်က ခမ်းနားတယ်ဆိုတာ အိပ်နေသလောက်ပင်။ ခု အိမ်ကတော့ နန်းတော်ကြီးသလား အောက်မေ့ရလောက်အောင် တော်ဝင်ဆန်ပါသည်။

ခြံထဲက သစ်သီးပန်းမန် စုံလင်စွာနဲ့စိုက်ပျိုးထားသည်ကြောင့် ပျားပုတုန်းလေးတွေလည်း ဝဲပျံနေကြသည်။ ပန်းခင်းကြီးမှာ ရှုမျှော်မဆုံးအောင် ကြီးကျယ်လှသည်။

အိမ်တွင်းအပြင် အဆင်မှာ ရွှေရောင် တဖိတ်ဖိတ်နဲ့ တောင်နေသယောင် လှပသေးသည်။ မီးဆိုင်းကြီးများ နံရံမှာချိတ်ဆွဲထားတဲ့ ပန်းချီကားတွေ၊ အပေါ်ထပ်တက်မဲ့ လှေကားရင်းနားမှာ ချထားတဲ့ ပန်းအိုးတွေကို ကြည့်ချင်းအားဖြင့် ဘယ်လောင်တောင် ချမ်းသာမည်လဲဆိုတာ သိနိုင်သည်။

နှောင်းက တစ်သက်နဲ့ တစ်ကိုယ် မရောက်ဖူးတဲ့နေရာမို့ ဟိုဒီငေးကာ စက်ခေါ်ရာနောက်သာ လိုက်ခဲ့လေသည်။ ကြည့်စရာတွေ များပြားတာကြောင့် အော်တို ခေါင်းလေ့ကျင့်ခန်းတောင် လုပ်ပီးသားပဲ။

(လည်လိမ်ရလွန်းလို့)

ထို့နောက် အခန်းတစ်ခန်းထဲသို့ ရောက်မှန်းမသိ ရောက်သွားရသည်။ ခုနက အဝင်လျှောက်လမ်းပဲ ရှိသေးတယ်။ ဧည့်ခန်းက လျှောက်လမ်းတစ်လျှောက် ပီးမှ အခန်းပုံစံ လုပ်ထားတာပင်။ (အတော် ဝေးတာနော်... ဧည့်သည်တွေကို ​ကျန်းမာရေး လမ်းလျှောက်ခိုင်းတာ)

'' ထိုင်ပါဦး မြေးလေး''

'' ဖိုးလေး....ဒါ ကလေးရဲ့ မိခင်လေ... နှောင်း ဒါ ကိုယ့်ရဲ့ အဖိုး''

''ဟုတ်ကဲ့...တွေ့ရတာ ဝမ်းသာပါတယ်ဗျ''

'' အေးကွယ်.... လူလေးလည်း ဒုက္ခများလှသားပဲ''

'' ဟုတ်ကဲ့''

'' မြေးလေး က မိဘတွေဆုံးသွားပီဆို.... တမျိုးတော့ မထင်နဲ့နော်။ ဖိုးလေး ဒီတိုင်းသိချင်လို့ပါ''

''ဟုတ်ကဲ့...  ရပါတယ်ဗျ။ ဖေကြီးနဲ့ မေကြီးက ကျွန်တော် ၆နှစ်အရွယ်မှာ ဆုံးသွားတာဗျ.... အဲ့နောက်ပိုင်း ဦးလေးဆီကနေ တစ်ဆင့် ဂေဟာမှာပြောင်းနေဖြစ်တာဗျ''

'' အေးအေး... လူလေးက ယဥ်ကျေးတာပဲ။ ဖိုးလေး အိမ်ကဟာလေးနဲ့ ကွာပါ့ ''

'' ဖိုးလေးကလည်း... ကျွန်တော် ဘာလုပ်နေလို့လဲ''

'' ဟင်း... ပြောတော့ဖြင့် အိုမီဂါ ဆို မယူဘူးဆို... ဘယ့်နှယ့်ဟုတ်စ''

'' ကျွန်တော်က နှောင်းတစ်ယောက်တည်း အတွက်ပါနော်... အရင်ကတော့ အခုကော နောက်အနာဂတ်မှာကောပဲ... အာ့''

'' အဲ့ဒါတာ ကြည့်တော့ မြေးရေ''

နှောင်းကတော့ စက်ရဲ့လက်ကို မသိမသာ ဆွဲဆိတ်လိုက်ကာ အဖိုးကို အားနာသလို ကြည့်နေလေသည်။

'' ဖိုးဖိုးကြီး မုန့်မုန့်''

'' ဒါပေါ့ ငါ့မြေးလေး ဗိုက်ဆာနေရောပေါ့... ဖိုးဖိုးကြီး တစ်ခုခုပြင်ခိုင်းလိုက်မယ်နော်''

'' ဟုတ်''

'' ကဲ မြေးတို့ နှစ်ယောက်လည်း လွတ်လွတ်လပ်လပ် နေ... စက်... မြေးလေးနှောင်းကို အိမ်ကြီးကို လိုက်ပြလိုက်လေ... ကြည့်ရတာ စိတ်ဝင်စားနေသလိုပဲ တစ်လမ်းလုံး လှည့်ကြည့်နေတာ''

'' ဖိုးလေးကလည်း ကျွန်တော် မမြင်ဖူးလို့ပါဗျ''

ဟု နှုတ်ခမ်းကြီးဆူကာ ပြောနေလေသည်။

'' ဟားဟား...  ဟုတ်ပါပီဗျာ... နှုတ်ခမ်းကြီးလည်းထိုးမိဦးမယ်''

''ခွီ.... ဟားဟား... sorry နှောင်း... ကိုယ်မအောင့်နိုင်တော့လို့''

'' ဟွန့်... ဖိုးလေးတို့ ကျွန်တော်ကို ပေါင်းကြံကြတာမလား''

'' ဟားဟားဟား...  မကြံပါဘူးကွာ။ နှောင်းကသာ ဘဲလေးဖြစ်နေတာ ''

'' ဘာဘဲလေးလဲ.... တော်ပီ လာမခေါ်နဲ့ စိတ်ဆိုးတယ်...''

နှောင်းတည်လေးကတော့ ဘာမှမသိ... လူကြီးတွေရယ်တော့ လိုက်ရယ်နေလေသည်။

'' အော် ဒါနဲ့ မြေးတို့ ဘယ်တော့ လက်ထပ်ကြမှာလဲ....''

'' အဲ့ဒါက သေချာမစဥ်းစားရသေးဘူး ဖိုးလေးရဲ့''

'' မြန်မြန်စီစဥ်ကြတော့လေ....  အချိန်မနှောင်းတော့ဘူးကွဲ့... ပီးတော့ မြေးလေးရှိပီဆိုတော့ မြေးမလေးကော ဘယ်တော့ရမှာလဲ ''

''ဟင်.... အဲ့ဒါတော့ နှောင်းနဲ့ပဲဆိုင်တယ် အဟင်းဟင်း...အား...နာတယ်နှောင်း''

'' ဟွန့်''

နှောင်းက စက်ရဲ့ ဗိုက်ခေါက်ကို ဆွဲလိမ်လိုက်တာပါ။ စိတ်ထဲမှာတော့....

*တော်တော်ရွ*

ဟု ပြောရင်း မျက်စောင်းပစ်ကျွေးလိုက်လေသည်။ သူတို့ နှစ်ယောက်က နှောင်းတည်လေးကို မတော်တဆအနေနဲ့ ရလိုက်ပီးတည်းက ခုထိဤကိစ္စကိုရှောင်ကြသေးသည်။

'' ကျွန်တော် စဥ်းစားကြည့်ချင်သေးတယ်''

'' ဟုတ်ပါပီ... ဒါဆို ဖိုးလေး သတင်းကောင်းမျှော်နေမယ်နော်''

နှောင်း ဘာမှပြန်မပြောပဲ ငြိမ်နေလိုက်သည်။ ဦးအာဏာက နှောင်းတည်လေးကို အဖော်ပြုပေးနေတာကြောင့် သူတို့လည်း အိမ်ကိုကြည့်ရန် ထွက်လာလိုက်သည်။

စံအိမ်က သုံးထပ်ရှိသည်။ အထပ်တိုင်းမှာ အခန်း၄ခန်းလောက်ရှိသည်။ နှောင်းက အပေါ်တစ်ထပ်တက်တိုင်း ဟိုဘက်ပြေးကြည့်လိုက် ဒီဘက်ပြေးကြည့်လိုက်နဲ့ ပျော်နေလေသည်။ စက်ကတော့ နှောင်းနောက်ကို ထပ်ကျပ်မကွာလိုက်ပေးနေလေသည်။

'' စက်... ငါထင်မထားဘူး... မင်းတို့အိမ်က ... ငါ ပြတိုက်ထဲရောက်နေသလိုပဲ သိလား''

ဟု မျက်လုံးတွေဝေ့ကြည့်ပီး ပြောရှာသည်။

'' တော်တော်ချမ်းသာတာပဲနော်''

''အင်း..... ကိုယ့်ဦးလေးတို့ မိသားစုပါနေတာ ''

''အော် ဒါ့ကြောင့် အခန်းတွေများနေတာကိုး''

''ဟိုးဘက်မှာ စာကြည့်ခန်းရှိတယ် သွားကြည့်ဦးမလား''

'' အင်း... သွားမယ် သွားမယ် ''

ဆိုပီး ​ရှေ့ကနေ ပြေးထွက်သွားတာ လှစ်ခနဲပဲ။

'' ဟိတ်... လမ်းကော သိလို့လား... အရမ်းမပြေးနဲ့လေ''

ပြောမှ တုံ့ခနဲရပ်သွားသည်။

'' ဟီးဟီး... ဝမ်းသာသွားလို့....  မြန်မြန်လာ ကြည့်ချင်နေပီ... ဘာစာအုပ်တွေရှိလည်းလို့''

''ဟုတ်ပါပီဗျာ... လာပါပီ''

ဆိုပီး နှောင်းအနားကို သွားလိုက်ကာ သူ့လက်ကလေးကို တွဲ​ကိုင်လိုက်သည်။ သူတို့စာကြည့်ခန်းဆိုတဲ့ တံခါးဝကိုကြည့်လိုက်တော့ တံခါးကို ပန်းခတ်ပုံစံဒီဇိုင်းနဲ့ ပြုလုပ်ထားလေသည်။ ရွှေရောင်သုတ်ထားတာကြောင့် တဖိတ်ဖိတ်တောက်ပနေသည်။

တံခါးကို ဖွင့်လိုက်တာနဲ့ ဧရာမစာအုပ်စင်ကြီးရှိသည်။ စာအုပ်စင်ဆိုတာ အခန်းပတ်ပတ်လည်ကို စီရီထားပါသည်။ စာအုပ်စင်ကို သွားဖို့ရာ လှေကားငယ်လေးရှိသေးသည်။ အပေါ်ကို အနည်းငယ်တက်လိုက်မှ စာအုပ်တွေထားရာ စင်ကိုရောက်သည်။ အခန်းရဲ့အလယ်မှာတော့ ထိုင်ဖတ်ဖို့ ခင်းထားတဲ့ ကော်ဇောနုနုလေးနဲ့ ရွှေကွပ်ထားတဲ့ ထိုင်ခုံလေးတွေချထားသည်။

'' ဝိုး... စာအုပ်တွေ အများကြီးပဲ စာကြည့်တိုက်ကြီးကျနေတာပဲ''

''အင်း ဖိုးလေးက စာဖတ်ဝါသနာပါတယ်လေ''

'' ကျွန်တော် ဖတ်ကြည့်လို့ရလား''

'' ဒါပေါ့''

'' အာ့ဆို ယူကြည့်မယ်နော်''

'' အင်း ဒီမှာရှိတာတွေအကုန် စိတ်ကြိုက်ကြည့်လို့ရတယ်''

'' ဟုတ်... ကျေးဇူးပါဗျ''

ဆိုပီး စာအုပ်တန်းမှာ လက်လေးနဲ့ထောက်ပီး ကြည့်နေလေသည်။ နှောင်းက စာဖတ်ရတာ အလွန်ကြိုက်နှစ်သက်တယ်လေ။ တစ်ခါဖတ်ရင် အချိန်ကုန်လို့ကုန်သွားမှန်းမသိဖြစ်ဖူးသည်။ ဒါပေမဲ့ အရင်ကတော့ အခြေအနေ သိပ်မပေးလို့သာ စာသိပ်မဖတ်ဖြစ်။ စက်နဲ့ တူတူနေမှသာ စာသေချာဖတ်ဖြစ်သည်။

'ring...ring...ring'

စက် ဖုန်းလာနေတာကြောင့် ဖုန်းပြောရန်ပြင်လိုက်သည်။ နှောင်းကို ကြည့်တော့လည်း အေးဆေးစာဖတ်နေတာကြောင့် ခဏထားခဲ့လိုက်ပီး အပြင်သို့ ဖုန်းထွက်ပြောလိုက်သည်။

ထိုချိန် အခန်းတံခါးပွင့်ကာ တစ်ယောက်ယောက်ဝင်လာလေသည်။ နှောင်းကတော့ စျာန်ဝင်နေတာကြောင့်မသိလိုက်။

'' ဟိတ်​ကောင်လေး.... မင်းဘယ်သူလဲ ဘယ်ကလဲ''

ဟုမေးလာတာကြောင့် နှောင်းလည်း အပေါ်သို့ မော့ကြည့်လိုက်သည်။

''မေးနေတယ်လေ.... ဘယ်က အလုပ်သမားလဲ... ဘာကိစ္စဒီအခန်းထဲဝင်လာရတာလဲ''

''ဗျာ... ဟို ကျွန်တော် ဒီတိုင်း စာအုပ်ဖတ်ချင်လို့ ဝင်လာတာပါဗျ''

'' စာဖတ်ချင်တိုင်းဝင်လာရအောင် ဒါ အများပိုင်မဟုတ်ဘူး.... ဒါနဲ့ နေစမ်းပါဦး မင်းကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး... အလုပ်သမားအသစ်လား''

''ဗျာ..  အဲ့ မဟု...''

''အသစ်ဆိုလည်း မင်းတို့ ခေါင်းဆောင်က သေချာမပြောထားဘူးလား။ ပီးတော့ ယူနီဖောင်းဝတ်ရမယ်လေ... ဘာကြောင့် ဒီပုံစံဖြစ်နေရတာလဲ။ ရုပ်ကိုက အပိုးမကျိုးမဲ့ရုပ်နဲ့...  ဒါနဲ့နေဦး မင်းက အိုမီဂါ လား''

'' ဟုတ်... ဟုတ်ပါတယ်ဗျ''

'' ရှုပ်ရှုပ်တွေတော့လာပီ။ မင်းကို ဘယ်သူအလုပ်ခန့်ထားတာလဲ။ ဒီမှာ အိုမီဂါလက်မခံတာ မသိဘူးလားဟ''

''ဗျာ... အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူးဗျ''

''ဘာ!!! မင်း ကိုယ့်အလုပ်ရှင်ကို ပြန်ခံပြောနေတာလားဟမ်...ကဲဟာ''

'ဖြန်း'

''အ့''

''နောက်ခါ ဒီအခန်းထဲ ခြေဦးတောင် မလှည့်စေနဲ့ သွား....အဲ့အကောင်ကို ဆွဲထုတ်သွားစမ်း''

ထိုအမျိုးသမီးက သူ့အစေခံတွေကို အမိန့်ပေးလိုက်ပီး နှောင်း ကို ဆွဲထုတ်ခိုင်းလိုက်သည်။ နှောင်းကတော့ ဘုမသိဘမသိနဲ့ အစစ်အရိုက်ခံရတဲ့ အပြင် နှင်ပါထုတ်ခံလိုက်ရသည်။ထိုချိန် ဖုန်းပြောနေတဲ့ စက်က ပြန်ဝင်လာတော့ နှောင်းကို ချုပ်ထားတာ တွေ့လိုက်ရတော့....

" အဲ့ဒါဘာလုပ်နေတာလဲ!!!! ခုချက်ချင်းလွှတ်လိုက်စမ်း"

" သ....သခင်လေး .... သခင်မကြီးက"

စက် စိတ်မရှည်တာနဲ့ ထိုအစေခံကောင်မလေးကို စောင့်တွန်းလိုက်ပီး နှောင်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ 

" ခဗျား.... ဘာအချိုးချိုးတာလဲ"

" တူလေးပါလား။ ဘယ်တုန်းကပြန်လာတာလဲ"

" အပိုတွေ မပြောပါနဲ့။ ဘာလို့ ငါ့လူကို ချုပ်ထားရတာလဲ"

"တူလေးရဲ့ လူမှန်းမသိလို့ပါ.... အဲ့လောက်ထိ တိုနေစရာမလိုပါဘူး"

" ဟက် "

စက် ရင်ခွင်ထဲက နှောင်းက သူ့အား ခေါင်းမော့ကြည့်လာတော့ တွေ့လိုက်ရတာ လက်ဝါးရာကြီးဖြစ်နေတယ်။ စိတ်က တစ်ဆုံးထိ ဒေါသတွေဆောင့်တက်လာပီး...

" တောက်....နှောင်း..... မင်းကိုဘယ်သူရိုက်တာလဲ"

" ဟို.... အဲ့ဒါကလေ ...ဘာ..ဘာမှမဖြစ်ပါဘူး"

"ကျစ်....ငါမေးနေတယ်လေ ဘယ်သူရိုက်တာလဲလို့!!!!" 

နှောင်း ဖြေရကျပ်နေချိန် ...

" ကောင်းပီလေ မဖြေလည်းရတယ်"

ဆိုပီး စက်သူ့ရှေ့ကလူတွေကို တစ်ယောက်စီ တစ်ချက်ချင်း အားနဲ့လွှဲရိုက်လိုက်လေသည်။ သေချာတာပေါ့ မည်သူမျှညာမည်တော့မဟုတ်ပေ။

အဲ့​တော့ ဦးလေးရဲ့ အမျိုးသမီးကိုပါ ဖြန်းခနဲမြည်အောင် ရိုက်ပလိုက်လေသည်။

'' မင်း.... မင်း မိုက်ရိုင်းလှချည်လား''

'' အစောတည်းက ​ဖြေရင် ကျွန်တော့်လက်တောင် နာစရာမလိုဘူးလေ.... ခုက ခင်ဗျားအသားပါနာချင်လို့ သတ်မှတ်လိုက်လို့ ရိုက်တာ.. ဘာဖြစ်လဲ.... မကျေနပ်ရင် ဖိုးလေးနဲ့ သွားတိုင်လေ''

'' မင်း...မင်း... တောက်''

ဆိုပီး ဒေါသထွက်ထွက်နဲ့ စက်ရှေ့ကနေ ခြေဆောင့်ပီး ထွက်သွားလေသည်။ နှောင်းကတော့ စက်လုပ်သွားတဲ့ အပေါ် ပါးစပ်ဟောင်းလောင်းလေးဖွင့်ပီး ကြည့်နေလေသည်။ နှောင်းလုံးဝမထင်ထားပါ.... သူ့ထက်အသက်ကြီးပုံရသူ အမျိုးသမီးကို ရိုက်လိမ့်မည်ဟုလေ။

( ပါးတောင် ကြိမ်းတယ်)

'' နှောင်း.... အတော်နာသွားလား''

'' ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ဘာလို့ အန်တီကို ရိုက်လိုက်တာလဲ''

''အမြင်ကတ်လို့''

''အမ်???''

'' ပြပါဦး..... အသားတွေတောင်နီနေပီ.... ကိုယ့်မျက်စိအောက်က ခနပဲပျောက်သွားတာတောင် စိတ်မချရပါလား.... ကြည့်စမ်းပါဦး အသားနုနုထွတ်ထွတ်လေး နီသွားရပီ''

'' အဟီး... သိပ်မနာပါဘူး။ စိတ်မပူပါနဲ့ ။ အန်တီက ကျွန်တော့်ကို အလုပ်သမားအသစ်ထင်လို့ မှားသွားတာပါ''

'' အာ့ကြောင့်ပြောပါတယ်... တော်ပီတော်ပီ....နောက်ခါ ကိုယ့်နားမှာပဲနေရမယ်... အနည်းဆုံး သုံးပေကနေ မခွာနဲ့ ''

''အော်...ဟုတ်''

(social distancing လေ)

ထို့နောက် ညနေရောက်လာသဖြင့် တခြားမိသားစုတွေနဲ့ မိတ်ဆက်ပေးမယ်ဆိုပီး မပြန်ပဲ ညစာတူတူစားဖြစ်သွားသည်။

နှောင်းနဲ့ ကလေးကတော့ ဘာမှမသိတာမို့ ငြိမ်ငြိမ်သာထိုင်နေလေသည်။ ထမင်းစားခန်းအတွင်းသို့ စက်တို့ မိသားစုနဲ့ အဖိုးဖြစ်သူ ဦးအာဏာ ကလွဲ၍တခြားသူများလည်း မရောက်သေးတာကြောင့် ထိုင်စောင့်နေလေသည်။

ခဏကြာတော့ ဦးလေးဖြစ်သူ လင်မယားနဲ့ သူတို့နောက်မှာတော့ အမျိုးသမီးငယ်တစ်ယောက်ပါ ဝင်လာပီး သူတို့နဲ့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်ကြသည်။ နှောင်းကို ရိုက်မိတဲ့ ဒေါ် ရိုစီကတော့ မျက်နှာမဲ့နေလေသည်။

'' အဟမ်း.... မြေးလေး... ဒါ အဖိုးရဲ့သား ဦးမဟာဧကရာဇ်။ သူ့ဘေးကတော့ သူ့ဇနီး ဒေါ်ရိုစီတဲ့။ သူ့ဘေးကတော့ ဒေါ်ရိုစီရဲ့ တူမလေး ​ရွှေပန်းချီ။

ဒီဘက်ကတော့ မြေးလေးရဲ့ အမျိုးသား နှောင်းသံသရာတဲ့... ပီးတော့ ဟောဒီက ဖိုးလေးအတွက် မြစ်ချောချောမွေးပေးထားတဲ့သူဆိုလည်း မမှားဘူး''

''ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျ''

'' သားလည်း တွေ့ရတာ ဝမ်းသာပါတယ်ဗျ''

ဟု နှောင်းတည်လေးကလည်းဝင်နှုတ်ဆက်သည်။ ဦးမဟာတို့ လင်မယားကတော့ သိပ်မျက်နှာမကောင်း အထူးသဖြင့် မြစ်ဆိုတဲ့ အသံကြားကတည်းကပင်။ သူတို့ လင်မယားမှာ သားသမီးဆိုတာ မရှိသောကြောင့်ပင်။

''ကျွန်တော်တော့ သိပ်ဝမ်းမသာဘူး''

''စက်....ဘယ်လိုပြောလိုက်တာလဲ အားနာစရာကြီး''

''အားမနာနိုင်ပါဘူး... ဖိုးလေးခေါ်လို့တာလာရတာ သိပ်လာချင်တာမဟုတ်ဘူး''

'' အမယ်... ငါတို့ကကော သိပ်ကြိုဆိုနေတာမဟုတ်ဘူး''

ဟု ဒေါ်ရိုစီကဝင်ထောက်သည်။ ဦးမဟာကလည်း သူ့မိန်းမကို မျက်စပစ်ကာ တားသည်။ ဒေါ်ရိုစီကတော့ ဂရုမစိုက်သာနေသည်။

'' အဟမ်း...ဟမ်း...''

ဦးအာဏာ ချောင်းဟန့်လိုက်မှသာ ပြန်တိတ်သွားကြသည်။ ပီးတော့ နှောင်းဘက်လှည့်ကာ....

'' အဲ့လိုပဲ မြေးလေးရေ.... အိမ်ကတော့ သိတဲ့အတိုင်းပဲ ခွေးတွေထုံးစံအတိုင်းကိုက်နေကြတယ်''

''အဖေ''
''ဖိုးလေး''

''ခွီး..... ခစ်ခစ်''

နှောင်း ရုတ်တရက် ခွေးလို့ပြောလိုက်တဲ့ ဦးအာဏာကြောင့် အသံထွက်ရယ်မိသွားသည်။ ကြာကြာတော့ မရယ်ရဲ..... သူများအိမ်လာပီးရယ်တာသိပ်မကောင်းဘူးလေ။ ဒါ့ကြောင့်ကိုယ်ရှိန်သပ်လိုက်ရတယ်။ နှောင်းတည်လေးကတော့ လူကြီးပြောသမျှမသိချင်ယောင်ဆောင်ကာ ​ရှေ့မှအစားအစာကိုသာမဲပီးစားနေလေသည်။

ညစာစားပီးတော့ ဖိုးလေးက သူတို့အား ပြန်မလွှတ်စေချင်ပုံနဲ့ ဒီတစ်ညတော့ မြစ်လေးနဲ့ပေးအိပ်ပါဆိုလို့ သူတို့လည်း ထိုစံအိမ်မှာပဲ တစ်ညလောက်အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။ အဖိုးက ဘယ်ချိန်တည်းက ပေးအိပ်ချင်မှန်းမသိ... အခန်းကလည်းအဆင်သင့်ပေ။

နှောင်းတို့ အခန်းထဲဝင်တော့ ကျယ်လိုက်တဲ့ အခန်း စိန်ပြေးတန်းတောင်ဆော့လို့ရတယ်။ စက်ကတော့ ရေချိုးမယ်ဆိုပီး ရေချိုးခန်းထဲဝင်သွားလေသည်။

နှောင်းကတော့ နံရံကပ် ဗီရိုတွေကို တစ်ခုပီးတစ်ခုလိုက်ဖွင့်ကြည့်နေသည်။

*ဝိုး.... ဒါက အဝတ်ခန်းပဲ... ဒီဇိုင်းမျိုးစုံ၊အရောင်မျိုးစုံနဲ့ အမယ် ကျောင်းအင်္ကျီကပါလိုက်သေး*

(အခုအခန်းက စက် ငယ်ငယ်က အဖိုးဆီမှာနေခဲ့တုန်းက အခန်းမှာပဲ နေနေတာပါ။ ဒါ့ကြောင့် အရင်တည်းကအတိုင်း မပျက်မယွင်းအောင် ထိန်းသိမ်းထားခြင်းပါ)

ရေချိုးပီး အောက်မှာ တဘတ်​ပဲပတ်ပီးထွက်လာတဲ့ စက်ကတော့ အဝတ်ခန်းထဲဝင်လာလေသည်။
နှောင်းက စက်ကိုလည်းမြင်တော့ ဝမ်းသာအားရ ပြေးလာပီး...

'' စက်.... ဒီမှာကြည့်... ဒါကျောင်းအင်္ကျီမလား.... ငါ့ကိုဝတ်ပြပါလား''

'' ဟမ်... ဒါဘယ်ကရတာလဲ ''

''ဟိုဘက်ဗီရိုကလေ...ဘာလို့လဲ''

''ဒါက ကြာတောင်နေပီ.... အထက်တန်းတုန်းကဟာကြီးကို...ဖိုးလေးက ခုထိသိမ်းထားတုန်းပဲလား''

'' ဟုတ်မှာပေါ့... ငါကိုဝတ်ပြစမ်းပါဟယ်... မင်းအထက်တန်းတုန်းကပုံစံ မမြင်ဖူးလို့''

'' ကိုယ့်ယောကျ်ားရဲ့ ကျောင်းပုံကို မြင်ချင်တယ်ပေါ့လေ''

''မြင်ချင်တာပေါ့ဟ... ဒါ ငါတို့ တူတူတက်မယ်ဆိုတဲ့ ကျောင်းကအင်္ကျီမလား''

''ဟုတ်တယ်လေ... နှောင်းမှ ကိုယ်တို့နဲ့တူတူလိုက်မှမတက်တာ''

'' ဘယ်သူကလည်းမတက်ချင်လို့လည်း.... တက်ချင်တာပေါ့လို့။ အခြေအနေအရ မတက်တာကို''

'' အင်း... တော်မတော်တော့ အာမှမခံဘူးနော်... ပုံကြည့်ရတာ သေးတောင် သေးချင်နေပုံပဲ ''

'' ဘာပဲဖြစ်ဖြစ် မြင်ချင်လို့ မတော်လည်းဝတ်ပြ... ရော့''

'' ဟုတ်ပါပီဗျာ...ပေးပါကိုယ့်ကို''

ဆိုပီး အင်္ကျီကိုယူပီး လဲဖို့လုပ်လိုက်သည်။ထို့နောက် နောက်ကိုပြန်လှည့်ပီး နှောင်းရဲ့ နှုတ်ခမ်းလေးကို အသံထွက်ပီး နမ်းလိုက်လေသည်။

''ပြွတ်စ်''

''ဝတ်ပြဖို့ တန်ဖိုးပြန်ယူတာ''

ဆိုပီး ရယ်ပြရင်း နှောင်းကို အခန်းပြင်သို့ တွန်းထုတ်လိုက်သည်။ နှောင်းကတော့ စွံ့အ စွာ အခန်းပြင်သို့ ထုတ်ခံလိုက်ရတဲ့အပြင် အသားပါယူခံလိုက်ရသည်။

'' စက်ဧကရာဇ်!!!!! အသားလည်းယူသေးတယ်... ဘာ...အဖိုးအခဟုတ်လား... ခဗျားထွက်လာမှတွေ့မယ်''

အဝတ်လဲခန်းထဲက စက်ကတော့ ကြိတ်ရယ်နေလေသည်။ သူလုပ်ချင်တာလုပ်ပီးသွားလို့လေ။ လက်ထဲက အင်္ကျီကိုလည်း ဘယ်ကစဝတ်ရမလဲ စဥ်းစားနေလေသည်။ အင်္ကျီက အနည်းငယ်သေးနေပုံပေါက်တာကိုး။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

တူဘီကွန်တင်းနူး😂😂😂

30.3.2022

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Zawgyi
..............

မိုးယံ ဟိုလူႀကီးအိမ္မွာ ေသာင္တင္ေနတာ ၁လနီးပါးရွိေနပီျဖစ္သည္။ ထိုတစ္လ အတြင္း နည္းလမ္းေပါင္းစုံနဲ႕ ထြက္ေျပးဖို႔ ႀကိဳးစားဖူးေပမဲ့ အႀကိမ္ႀကိမ္ရႈံးနိမ့္ခဲ့တာပင္။ အေစာင့္ေတြကလည္း ေနရာတိုင္း အျပည့္ျဖင့္။ 

ခုလည္း ဘယ္လိုခိုးထြက္ရမလဲႀကံစည္ေနျခင္း။ မိုးယံရဲ႕ အခန္းေရွ႕မွာဆိုလည္း အေစာင့္ႏွစ္ေယာက္ေလာက္ရွိေနသည္။ ဘယ္လိုနည္းလမ္းနဲ႕ ပထုတ္ပထုတ္ တုတ္တုတ္မလႈပ္ေသာ ေက်ာက္ခဲႀကီးေတြပင္။ အခုက မနက္ပိုင္းဆိုေတာ့ ဟိုလူႀကီးလည္း ႐ုံးသြားဖို႔ ျပင္ဆင္ခ်င္ ျပင္ဆင္ေနေလာက္ပီ။ 

မိုးယံ အခန္းအျပင္ကို ခပ္တည္တည္ ထြက္လာလိုက္သည္။ အခန္းေရွ႕က ႏွစ္ေယာက္ကေတာ့ သူ႕ေနာက္က တေကာက္ေကာက္ လိုက္လာေလသည္။ သူလည္း ဟိုလူႀကီး အခန္းေရွ႕ေရာက္ေတာ့ တံခါးပင္မေခါက္ပဲ ဝင္သြားလိုက္ပီး ေနာက္ကႏွစ္ေယာက္ကို ဝင္လာရဲဝင္လာၾကည့္ဆိုတဲ့ အၾကည့္တစ္ခ်က္ပို႔လိုက္သည္။ ပီးတာနဲ႕ တံခါးကို ဂ်ိမ္းခနဲ ပိတ္ပစ္လိုက္သည္။ 

မိုးယံ အခန္းထဲေဝ့ၾကည့္လိုက္ေတာ့ ထိုသူမရွိ ေရသံၾကားတာေၾကာင့္ ေရခ်ိဳးခန္းထဲမွာဆိုတာသိလိုက္သည္။ သူလည္းကုတင္ေပၚမွာ သြားထိုင္လိုက္သည္။ လူႀကီးနဲ႕ ပထမဆုံးေတြ႕တဲ့ခ်ိန္က rut ျဖစ္ပီးကတည္းက သူ႕အားထပ္မထိျဖစ္ခဲ့ၾကေပ။ အေၾကာင္းမွာ သူ႕ကိုခ်ဳပ္ခ်ယ္ရင္ ကိုယ့္ကိုကိုယ္ သတ္ျပစ္မဲ့အျပင္ ၊ မရပါက သူကိုက္ထားတဲ့ အမွတ္ကိုပါ ဖ်က္စီးပစ္မယ္လို႔ ခ်ိန္းေျခာက္ထားတာေၾကာင့္ပင္။ 

ဘုန္းျမတ္က ေတာ္႐ုံဆို စိတ္ရွိတိုင္းလုပ္ပစ္လို႔ရေပမဲ့ သူ႕ပါတနာျဖစ္ေနတာေၾကာင့္ တမင္အေလ်ာ့ေပးထားျခင္းကိုေတာ့ မိုးယံတစ္ေယာက္ မသိခဲ့ေပ။ 

'ဂ်ေလာက္'

ဆိုတဲ့ အသံႏွင့္တကြ ဘုန္းျမတ္ေရခ်ိဳးခန္းထဲက ထြက္လာေလသည္။ ေရခ်ိဳးခန္းထဲက ထြက္ထြက္ခ်င္း မိုးယံကိုေတြ႕လိုက္ရတာေၾကာင့္ ေၾကာင္အမ္းအမ္းျဖစ္သြားရသည္။ မိုးယံက တစ္ခါမွ သူ႕အခန္းမေျပာနဲ႕ သူရွိေနရင္ လုံးဝ အခန္းထဲကေနကို ထြက္မလာေသာေၾကာင့္ပင္။ 

မိုးယံ သူ႕အားေၾကာင္ၾကည့္ေနတဲ့ ထိုလူကို စိတ္မရွည္တာေၾကာင့္ ပိတ္ေအာ္လိုက္သည္။ 

" ဘာၾကည့္ေနတာလဲ..... မျမင္ဖူးဘူးလား"

"ဟမ္.... ဘာ... ဘာမွမၾကည့္ပါဘူး။ သက္ေလး ဘာကိစၥရွိလို႔လဲဟင္"

"ကိစၥရွိမွလာရမွာလား"

" မဟုတ္ပါဘူး.... လာလို႔ရပါတယ္"

" အဝတ္မဝတ္ေတာ့ဘူးလား..... အဲ့မွာေလျဖတ္ေသေနဦးမယ္။"

"အာ..... မေသေသးပါဘူး။ သက္ေလးနဲ႕ တူတူေနရဦးမွာကို"

"ဘာတူတူေနမွာလဲ.... ကြၽန္ေတာ္ေျပာထားတယ္ေလ။ သက္ေလးလို႔မေခၚပါနဲ႕ဆိုေန..... မိန္းမဆန္တယ္ မိုးယံပဲေခၚ"

"သက္ေလးကလည္း.... ကိုယ္ရဲ႕အသဲအသက္မို႔ ေခၚခ်င္လို႔ဟာကို"

"မေခၚနဲ႕ မႀကိဳက္ဘူး။ ေျပာမရရင္ ကြၽန္ေတာ္ ဒီေပၚကေန ခုန္ခ်လိဳက္မွာေနာ္"

ဆိုပီး ဝရံတာနားကို ထသြားေလသည္။ ဘုန္းျမတ္လည္း လန႔္ပီး သူ႕ေနာက္ေျပးလာလိုက္ကာ မိုးယံရဲ႕ လက္ေကာက္ဝတ္ကို ေကာက္ဆြဲလိုက္သည္။ 

" မလုပ္ပါနဲ႕ကြာ.... မေခၚေတာ့ဘူး ဟုတ္ပီလား.... အဲ့အစားယံေလးလို႔ပဲေခၚမယ္ေလေနာ္... ေနာ္လို႔"

"ပီးေရာ.... 'သက္' ဆိုတာထက္စာရင္ေတာ့ ေတာ္ေသးတယ္"

" ခုဘာျဖစ္လို႔ ကိုယ့္အခန္းထဲလာရတာလဲ"

"အဟီး.... ဟိုေလ.... ကြၽန္ေတာ္ ဟို အိမ္ေနာက္ဘက္ျခမ္းသြားလည္ခ်င္လို႔.... ဒီမွာေနရတာ ပ်င္းလာပီ.... ဘယ္မွလည္းမသြားရဘူး။ အာ့ေၾကာင့္ ခြင့္ျပဳေပးပါေနာ္ ကိုကိုေနာ္''

'' ဘယ္လိုေခၚလိုက္တယ္ ''

''အယ္...ဘာ...ဘာမွမဟုတ္ဘူး ခြင့္ျပဳေပးပါေနာ္လို႔''

'' ခုနက ကိုကိုလို႔ေခၚတာၾကားလိုက္ပါတယ္.... ကိုကိုလို႔ေခၚရင္ စဥ္းစားေပးမယ္ေလ ဘယ္လိုလဲ ''

ဟု ေျပာရင္း မိုးယံ နဲ႕ မ်က္ႏွာခ်င္းကပ္လုနီးပါးတိုးလာကာေျပာသည္။ မိုးယံလည္း ရွက္ရွက္နဲ႕ ေခါင္းႀကီးငုံ႕ကာေနေလသည္။ ေခၚပီးမွ ေနာင္တေတာင္ရခ်င္သြားတယ္။

''ကို....ကိုကို.... ခြင့္...ခြင့္ျပဳေပးပါေနာ္''

'' ဟမ္...ဘာေျပာလိုက္တယ္...ေနာက္တစ္ေခါက္ေလာက္ ထပ္ေျပာပါဦး ယံေလးရဲ႕''

'' ကိုကိုလို႔''

''ယံေလး ေနာက္တစ္ေခါက္''

''ကိုကို!!!!"

မိုးယံ ပိတ္ေအာ္လိုက္မွ ဘုန္းျမတ္လည္း ထရယ္ေတာ့သည္။

'' ဟားဟားဟား....ကိုယ့္ရဲ႕ ယံယံေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ မြမြ''

''ဟာ... လူကိုအသားယူျပန္ပီ ဟိုလူႀကီး.....ကို..ကိုကို... ဟဲဟဲ''

ဟိုလူႀကီးလို႔ေျပာလိုက္ေတာ့ ခ်က္ခ်င္းမ်က္ႏွာတည္သြားကာ စိုက္ၾကည့္လာေသာေၾကာင့္ ကိုကိုဟု အျမန္ေခၚလိုက္ရသည္။ မဟုတ္ရင္ ထသတ္မလားပဲ။

မိုးယံေတာ့ လိုခ်င္တာရသြား၍ ေပ်ာ္ေပ်ာ္ႀကီး ၿခံေနာက္ဘက္သို႔ ထြက္လာလိုက္သည္။ ေနာက္က ေတာက္တဲ့ေတြကို လစ္လ်ဴရႈရင္းေပါ့။ မိုးယံ ၿခံထဲေျခခ်႐ုံရွိေသး အိမ္ေပါက္ဝမွာ ရပ္ေနတဲ့ လူက သူ႕ေရွ႕ပိတ္ရပ္ကာ တားလိုက္သည္။

'' သခင္ေလး.... အျပင္ထြက္လို႔မရပါဘူး''

'' ဘာ.... ငါခြင့္ေတာင္းပီးပီ သြားလို႔ရတယ္ဆိုလို႔ သြားမွာ... ဖယ္ဗ်ာ အစ္ကိုတို႔ကလည္း''

''ဒါေပမဲ့ သခင္ႀကီးသိရင္...''

''သူ႕ကိုသြားခြင့္ ေပးလိုက္''

ဘုန္းျမတ္အေနာက္ကေန ဝင္ေျပာလိုက္မွ ထိုလူက ဖယ္ေပးလိုက္သည္။ မိုးယံကေတာ့ ၾကားတယ္ေနာ္ဆိုတဲ့ပုံစံနဲ႕ ရင္ကိုေကာ့ကာ ထြက္သြားေလသည္။ ဘုန္းျမတ္ကေတာ့ ေနာက္မွာ ၿပဳံးၿပဳံးႀကီးက်န္ေနခဲ့သည္။

အလုပ္သမားေတြကေတာ့ သခင္ႀကီးရဲ႕ မ်က္ႏွာကိုသာ ၾကည့္ေနမိၾကသည္။ (ရယ္လိုက္ေတာ့လည္း ေခ်ာသား အဟိ)

မိုးယံ ၿခံေနာက္ဖက္က ကိုယ္ရံေတာ္ေတြေနတဲ့ ဘက္ျခမ္းကို ေရာက္လာေလသည္။ ဝန္ထမ္းေနဖို႔ ဘန္ဂလိုပုံစံေတြေကာ တိုက္ပုေလးေတြပါမက်န္ေတြ႕လိုက္သည္။

ေဆာက္ထားတာလည္းသပ္ရပ္တာေၾကာင့္ ေနခ်င္စဖြယ္ေလးပင္။ အိမ္က ဘာလို႔ အမ်ိဳးအစား ႏွစ္မ်ိဳးခြဲထားတာလည္း သိခ်င္တာေၾကာင့္ ေနာက္ကလိုက္လာတဲ့ ႏွစ္ေယာက္ကို လွမ္းေမးလိုက္သည္။

'' အစ္ကိုႀကီးတို႔ ဘာလို႔ ဘန္ဂလိုနဲ႕ တိုက္ပုႏွစ္မ်ိဳးျဖစ္ေနတာလဲဟင္''

'' ေအာ္... အဲ့ဒါက ဘန္ဂလိုမွာက အိမ္ေထာင္သည္ေတြေနၾကတာေလ.... ေဘးနားက တိုက္ပုေလးေတြကေတာ့ လူပ်ိဳေတြ အပ်ိဳေတြေနၾကတာေပါ့.... အေဆာင္လိုမ်ိဳး တိုက္တစ္ခုမွာ ေခါင္းေဆာင္တစ္ေယာက္စီ ႀကီးၾကပ္ၾကတယ္ေလ''

'' ေအာ္...''

သိခ်င္တာေမးပီး၍ ယုန္တစ္ေကာင္လို ခုန္ေပါက္ပီး ထြက္သြားတာေၾကာင့္ ကိုယ္ရံေတာ္ ႏွစ္ေယာက္လည္း ထပ္ၾကပ္မကြာလိုက္ရျပန္သည္။ မိုးယံ သြားေနရင္း တစ္ေနရာ အေရာက္ ခဏရပ္တန့္သြားသည္။

'' ဒါ ႏွင္းျမျဖဴမဟုတ္လား... ဘယ္လိုလုပ္ဒီမွာေရာက္ေနတာလဲ''

သူလည္း မသိမသာ ထိုအနားကခ်ဳံကြယ္နားကပ္သြားပီး ခိုးနားေထာင္ေနလိုက္သည္။ ေနာက္ကလိုက္လာသူကိုလည္း ရႉးတိုးတိုးဆိုပီး ေျပာဖို႔မေမ့။

'' ႏွင္း ဒီေလာက္ ေျပာထားတာေတာင္ ဘာလို႔ သူ႕ဘက္က မလႈပ္ရွားေသးတာလဲ မသိဘူး''

'' သူေဌးက အေျခအေန ေစာင့္ၾကည့္ေနေသးလို႔ပါ''

''က်စ္... အဲ့ခ်ိန္က ဘယ္ေတာ့မ်ားေရာက္မွာလဲ''

'' သူေဌးေျပာတာၾကားတာေတာ့ ဟိုေကာင္ေလးက အိမ္ထဲက အျပင္ေတာင္မထြက္ဘူးေျပာတယ္... ပီးေတာ့ က်ဳပ္တို႔က အိမ္ထဲဝင္ဖို႔လည္း လြယ္တာမဟုတ္ဘူး''

'' ဘာပဲျဖစ္ျဖစ္ ႏွင္းကေတာ့ ​အျမန္အေကာင္အထည္ေဖာ္ေစခ်င္ပီ.... ''

'' မပူပါနဲ႕ ႏွင္းေလးကလည္း သူေဌးမလုပ္လည္း က်ဳပ္ကူညီမွာေပါ့''

'' တကယ္ေျပာတာေနာ္.... ဒီကိစၥေအာင္ျမင္ရင္ ႏွင္းတို႔ႏွစ္ေယာက္ အတြက္အဆင္ေျပပီပဲ... ဟုတ္တယ္မလား ကိုႀကီး''

ဟု ခုနကေဒါသအသံနဲ႕ မတူပဲ ခြၽဲက်ပ္တဲ့ အသံေျပာင္းသြားကာ ထိုလူမိုက္ေခါင္းေဆာင္ကို ျမဴစြယ္ေနေလသည္။

''စိတ္ခ် ခ်စ္ကေလး.... ကိုယ့္လူေတြကို ေသခ်ာတာနဲ႕ လက္စတုံးေပးမယ္။ ခုေတာ့ ကိုယ္တို႔ ႏွစ္ေယာက္...အဟင္းဟင္း''

'' Thank u ကိုႀကီး... အာ့ေၾကာင့္ခ်စ္ေနရတာ... ေႏွာင္းသံသရာ ဆိုတဲ့ အရႈပ္ထုပ္ရွင္းသြားရင္ က်န္တာ ႏွင္းအပိုင္းထားလိုက္''

'' ဒါဆို ကိုယ္တို႔ အခ်ိန္ရွိခိုက္ လႈပ္ရွားရေအာင္''

ေျပာပီး ႏွစ္ေယာက္သား အခန္းထဲကိုဝင္သြားေလသည္။ ႏွင္းျမျဖဴကေတာ့ ထိုလူမိုက္ေခါင္းေဆာင္ရဲ႕ ​အျပဳအမူေၾကာင့္ ေအာ္ဂလီဆန္ေနေသာလည္း မ်က္ႏွာမပ်က္ေအာင္ထိန္းကာ အခန္းထဲသို႔ လိုက္ဝင္သြားေလသည္။

မိုးယံလည္း ေႏွာင္းသံသရာ ဆိုတဲ့ နာမည္ၾကားပီး သူသိတဲ့ ေႏွာင္းမ်ားလားဟု သံသယဝင္ေနေလသည္။ ဒီကိစၥကို ဘယ္သူ႕သြားေမးရမလဲ မသိ။ ဟိုလူေမးရင္ေကာ အမွန္တိုင္းေျဖပါ့မလား။ ေနာက္ကလူႏွစ္ေယာက္ကို ၾကည့္ျပန္ေတာ့လည္း ဘာမွသိမဲ့ပုံမေပၚ။

* အာ... မသိေတာ့ဘူးကြာ...စိတ္ရႈပ္လာပီ။ ေလာေလာဆယ္ ဒီကေန အျမန္ခိုးထြက္ပီး စက္တို႔ကို ဆက္သြယ္ၾကည့္ရမယ္*

ဟု ေတြးရင္း ထိုေနရာကေန ထြက္သြားလိုက္သည္။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

တစ္ဖက္တြင္လည္း ေႏွာင္းသံသရာတို႔ မိသားစု စက္ရဲ႕ အဖိုးျဖစ္သူထံသြားရန္ ျပင္ေနၾကသည္။

'' ေႏွာင္းေရ... ပီးပီလား''

'' ခဏေလး... သားေလးကို သနပ္ခါးလိမ္းေပးေနတာ ပီးေတာ့မယ္''

'' ကိုယ္ေအာက္မွာပဲ ေစာင့္ေနမယ္ေနာ္...''

''ဟုတ္''

''ေဖေဖ... ခါးခါးစားမယ္''

''သားေလးက စားခ်င္တာလား... အာ...''

''အာ....''

ဆိုပီး ကေလးငယ္ေတြ ထမင္းစားသလို လုပ္ေနၾကတဲ့ သားအဖပင္။

'' ေတာ္ပီ သားေလး... ဖိုးဖိုးႀကီးဆီသြားရေတာ့မွာတဲ့ ''

''ဟုတ္... ဖိုးဖိုးႀကီးက သေဘာေကာင္းရယ္ သိရား၊ မုန့္မုန့္ေတြလည္း မ်ားႀကီးေကြၽးရယ္''

''ဟုတ္လား.. သားသားက ေပ်ာ္ေနတယ္ေပါ့ ''

''ဟုတ္၊ ေပ်ာ္ရယ္''

ေႏွာင္းက ကေလးကိုခ်ီပီး ​​​ေလွကားေပၚက ဆင္းလာေလသည္။ သူတို႔ သားအဖက ဆင္စြယ္ေရာင္ ဆြယ္တာေလးနဲ႕ အနက္ေရာင္ေဘာင္းဘီေလးကို ဆင္တူဝတ္ဆင္ထားကာ ၾကည့္လိုက္ရင္ သားအဖနဲ႕ မတူပဲ ကေလးႏွစ္ေယာက္နဲ႕ေတာင္ တူေနေသးသည္။

စက္လည္းပဲ ေပါ့ေပါ့ပါးပါး အညိုေရာင္ စြယ္တာေလးကို ေအာက္ခံထားပီး အေပၚက ကုတ္အရွည္ကိုထပ္ဝတ္ထားေလသည္။ ေအာက္မွာေတာ့ ဂ်င္းပန္ အရင့္ကို ဝတ္ဆင္ထားကာ ဆံပင္ကိုလည္း အရင္လို သပ္မတင္ထားပဲ နဖူးေပၚ ခ်ထားတာေၾကာင့္ လူငယ္ဆန္ဆန္ျဖစ္ေနသည္။

စက္ အေပၚက ဆင္းလာတဲ့ သားအဖကို ၾကည့္ရင္း ၿပဳံးေနေလသည္။

'' ကဲ သားအဖေတြ ဆင္းလာပီလား''

''ဒယ္ဒီ''

'' အမယ္ ကေလးက ခါးခါးနဲ႕ပါလား... ခ်စ္ဖို႔ေကာင္းလိုက္တာ မြ''

''ဒယ္ဒီ!!!... လုပ္နဲ႕ ပ်က္ကုန္ပီ''

'' ဟုတ္ပါပီဗ်ာ... ကဲ ကားေပၚသို႔ ႂကြျမန္းေတာ္မူပါ သခင္ေလးတို႔''

'' ေမာင္မင္း ေတာ္ရယ္''

'' ဟားဟားဟား ''

စက္တို႔ ကားေလး ေမာင္းထြက္သြားသည္။ ဒီေန႕ အလုပ္နားရက္ယူထားတာေၾကာင့္ အဖိုးျဖစ္သူ ဦးအာဏာထံ သြားၾကျခင္း။ မိသားစု တူတူ အျပင္မသြားျဖစ္တာေၾကာင့္ လြတ္လြတ္လပ္လပ္သြားခ်င္၍ ကိုယ္ရံေတာ္ေတြပင္ မပါပဲသြားၾကေလသည္။

သူတို႔ ကားေလး ၿမိဳ႕တြင္း တစ္ေနရာ အထိ သြားေနရင္း ေနာက္မွလိုက္လာတဲ့ ကားရွိသည္ကိုပင္ သတိမျပဳမိေပ။ ထိုကားက ေသခ်ာတာေပါ့.... ဘုန္းျမတ္တို႔ လႊတ္ထားတဲ့ကားပင္။ ေႏွာင္းကို လုပ္ႀကံဖို႔ အေနာက္ ခပ္လွမ္းလွမ္းကေနလိုက္တာေၾကာင့္ သိပ္မသိသာေပ။

စက္တို႔ သြားရင္း ၿခံႀကီးတစ္ၿခံေရွ႕မွာရပ္သြားေလသည္။ ၿခံထဲမွ လူတစ္ေယာက္ တံခါးဖြင့္ေပးလိုက္သည္ႏွင့္ သူတို႔ကားေလးသည္လည္း အထဲသို႔ဝင္လာေလသည္။ ဦးအာဏာကေတာ့ အိမ္အျပင္မွာ ထြက္ႀကိဳေနေလသည္။

'' ဖိုးဖိုးႀကီး''

''ဟာ... ေျမးေလး.. ဖိုးဖိုးႀကီးက လြမ္းေနတာ.... ၾကည့္ပါဦး သနပ္ခါးေတြ အျပည့္နဲ႕၊ ႐ြတ္... ဟာ ...ေမႊးေနတာပဲကြာ ''

'' ဖိုးဖိုးႀကီး ကိုလည္း သားသားလႊမ္းရယ္၊ ဖိုးဖိုးႀကီး ေကြၽးတဲ့ မုန့္ကိုလည္း လႊမ္းရယ္ ''

''ဟားဟား... ငါ့ေျမးက လက္စသတ္ေတာ့ မုန့္ကို ပိုလႊမ္းတာကိုး''

''ဟီးဟီး...  ဟုတ္ပါဝူး''

'' ေျမးတို႔ ဝင္ၾကေလ''

'' ဟုတ္... ေႏွာင္း... လာ၊ ဝင္ၾကမယ္''

ေႏွာင္း ကေတာ့ ၿခံထဲစဝင္ကတည္းက ပါးစပ္အေဟာင္းသား ေငးၾကည့္ေနသည္။ စက္ရဲ႕အိမ္ကို ႀကီးလွပီ ထင္ေနေသာ္လည္း အခုအိမ္က ပို၍ပင္ ႀကီးေနေသးသည္။ အျပင္အဆင္ကအစ စက္တို႔ အိမ္က ခမ္းနားတယ္ဆိုတာ အိပ္ေနသေလာက္ပင္။ ခု အိမ္ကေတာ့ နန္းေတာ္ႀကီးသလား ေအာက္ေမ့ရေလာက္ေအာင္ ေတာ္ဝင္ဆန္ပါသည္။

ၿခံထဲက သစ္သီးပန္းမန္ စုံလင္စြာနဲ႕စိုက္ပ်ိဳးထားသည္ေၾကာင့္ ပ်ားပုတုန္းေလးေတြလည္း ဝဲပ်ံေနၾကသည္။ ပန္းခင္းႀကီးမွာ ရႈေမွ်ာ္မဆုံးေအာင္ ႀကီးက်ယ္လွသည္။

အိမ္တြင္းအျပင္ အဆင္မွာ ေ႐ႊေရာင္ တဖိတ္ဖိတ္နဲ႕ ေတာင္ေနသေယာင္ လွပေသးသည္။ မီးဆိုင္းႀကီးမ်ား နံရံမွာခ်ိတ္ဆြဲထားတဲ့ ပန္းခ်ီကားေတြ၊ အေပၚထပ္တက္မဲ့ ေလွကားရင္းနားမွာ ခ်ထားတဲ့ ပန္းအိုးေတြကို ၾကည့္ခ်င္းအားျဖင့္ ဘယ္ေလာင္ေတာင္ ခ်မ္းသာမည္လဲဆိုတာ သိနိုင္သည္။

ေႏွာင္းက တစ္သက္နဲ႕ တစ္ကိုယ္ မေရာက္ဖူးတဲ့ေနရာမို႔ ဟိုဒီေငးကာ စက္ေခၚရာေနာက္သာ လိုက္ခဲ့ေလသည္။ ၾကည့္စရာေတြ မ်ားျပားတာေၾကာင့္ ေအာ္တို ေခါင္းေလ့က်င့္ခန္းေတာင္ လုပ္ပီးသားပဲ။

(လည္လိမ္ရလြန္းလို႔)

ထို႔ေနာက္ အခန္းတစ္ခန္းထဲသို႔ ေရာက္မွန္းမသိ ေရာက္သြားရသည္။ ခုနက အဝင္ေလွ်ာက္လမ္းပဲ ရွိေသးတယ္။ ဧည့္ခန္းက ေလွ်ာက္လမ္းတစ္ေလွ်ာက္ ပီးမွ အခန္းပုံစံ လုပ္ထားတာပင္။ (အေတာ္ ေဝးတာေနာ္... ဧည့္သည္ေတြကို ​က်န္းမာေရး လမ္းေလွ်ာက္ခိုင္းတာ)

'' ထိုင္ပါဦး ေျမးေလး''

'' ဖိုးေလး....ဒါ ကေလးရဲ႕ မိခင္ေလ... ေႏွာင္း ဒါ ကိုယ့္ရဲ႕ အဖိုး''

''ဟုတ္ကဲ့...ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်''

'' ေအးကြယ္.... လူေလးလည္း ဒုကၡမ်ားလွသားပဲ''

'' ဟုတ္ကဲ့''

'' ေျမးေလး က မိဘေတြဆုံးသြားပီဆို.... တမ်ိဳးေတာ့ မထင္နဲ႕ေနာ္။ ဖိုးေလး ဒီတိုင္းသိခ်င္လို႔ပါ''

''ဟုတ္ကဲ့...  ရပါတယ္ဗ်။ ေဖႀကီးနဲ႕ ေမႀကီးက ကြၽန္ေတာ္ ၆ႏွစ္အ႐ြယ္မွာ ဆုံးသြားတာဗ်.... အဲ့ေနာက္ပိုင္း ဦးေလးဆီကေန တစ္ဆင့္ ေဂဟာမွာေျပာင္းေနျဖစ္တာဗ်''

'' ေအးေအး... လူေလးက ယဥ္ေက်းတာပဲ။ ဖိုးေလး အိမ္ကဟာေလးနဲ႕ ကြာပါ့ ''

'' ဖိုးေလးကလည္း... ကြၽန္ေတာ္ ဘာလုပ္ေနလို႔လဲ''

'' ဟင္း... ေျပာေတာ့ျဖင့္ အိုမီဂါ ဆို မယူဘူးဆို... ဘယ့္ႏွယ့္ဟုတ္စ''

'' ကြၽန္ေတာ္က ေႏွာင္းတစ္ေယာက္တည္း အတြက္ပါေနာ္... အရင္ကေတာ့ အခုေကာ ေနာက္အနာဂတ္မွာေကာပဲ... အာ့''

'' အဲ့ဒါတာ ၾကည့္ေတာ့ ေျမးေရ''

ေႏွာင္းကေတာ့ စက္ရဲ႕လက္ကို မသိမသာ ဆြဲဆိတ္လိုက္ကာ အဖိုးကို အားနာသလို ၾကည့္ေနေလသည္။

'' ဖိုးဖိုးႀကီး မုန့္မုန့္''

'' ဒါေပါ့ ငါ့ေျမးေလး ဗိုက္ဆာေနေရာေပါ့... ဖိုးဖိုးႀကီး တစ္ခုခုျပင္ခိုင္းလိုက္မယ္ေနာ္''

'' ဟုတ္''

'' ကဲ ေျမးတို႔ ႏွစ္ေယာက္လည္း လြတ္လြတ္လပ္လပ္ ေန... စက္... ေျမးေလးေႏွာင္းကို အိမ္ႀကီးကို လိုက္ျပလိုက္ေလ... ၾကည့္ရတာ စိတ္ဝင္စားေနသလိုပဲ တစ္လမ္းလုံး လွည့္ၾကည့္ေနတာ''

'' ဖိုးေလးကလည္း ကြၽန္ေတာ္ မျမင္ဖူးလို႔ပါဗ်''

ဟု ႏႈတ္ခမ္းႀကီးဆူကာ ေျပာေနေလသည္။

'' ဟားဟား...  ဟုတ္ပါပီဗ်ာ... ႏႈတ္ခမ္းႀကီးလည္းထိုးမိဦးမယ္''

''ခြီ.... ဟားဟား... sorry ေႏွာင္း... ကိုယ္မေအာင့္နိုင္ေတာ့လို႔''

'' ဟြန့္... ဖိုးေလးတို႔ ကြၽန္ေတာ္ကို ေပါင္းႀကံၾကတာမလား''

'' ဟားဟားဟား...  မႀကံပါဘူးကြာ။ ေႏွာင္းကသာ ဘဲေလးျဖစ္ေနတာ ''

'' ဘာဘဲေလးလဲ.... ေတာ္ပီ လာမေခၚနဲ႕ စိတ္ဆိုးတယ္...''

ေႏွာင္းတည္ေလးကေတာ့ ဘာမွမသိ... လူႀကီးေတြရယ္ေတာ့ လိုက္ရယ္ေနေလသည္။

'' ေအာ္ ဒါနဲ႕ ေျမးတို႔ ဘယ္ေတာ့ လက္ထပ္ၾကမွာလဲ....''

'' အဲ့ဒါက ေသခ်ာမစဥ္းစားရေသးဘူး ဖိုးေလးရဲ႕''

'' ျမန္ျမန္စီစဥ္ၾကေတာ့ေလ....  အခ်ိန္မေႏွာင္းေတာ့ဘူးကြဲ႕... ပီးေတာ့ ေျမးေလးရွိပီဆိုေတာ့ ေျမးမေလးေကာ ဘယ္ေတာ့ရမွာလဲ ''

''ဟင္.... အဲ့ဒါေတာ့ ေႏွာင္းနဲ႕ပဲဆိုင္တယ္ အဟင္းဟင္း...အား...နာတယ္ေႏွာင္း''

'' ဟြန့္''

ေႏွာင္းက စက္ရဲ႕ ဗိုက္ေခါက္ကို ဆြဲလိမ္လိုက္တာပါ။ စိတ္ထဲမွာေတာ့....

*ေတာ္ေတာ္႐ြ*

ဟု ေျပာရင္း မ်က္ေစာင္းပစ္ေကြၽးလိုက္ေလသည္။ သူတို႔ ႏွစ္ေယာက္က ေႏွာင္းတည္ေလးကို မေတာ္တဆအေနနဲ႕ ရလိုက္ပီးတည္းက ခုထိဤကိစၥကိုေရွာင္ၾကေသးသည္။

'' ကြၽန္ေတာ္ စဥ္းစားၾကည့္ခ်င္ေသးတယ္''

'' ဟုတ္ပါပီ... ဒါဆို ဖိုးေလး သတင္းေကာင္းေမွ်ာ္ေနမယ္ေနာ္''

ေႏွာင္း ဘာမွျပန္မေျပာပဲ ၿငိမ္ေနလိုက္သည္။ ဦးအာဏာက ေႏွာင္းတည္ေလးကို အေဖာ္ျပဳေပးေနတာေၾကာင့္ သူတို႔လည္း အိမ္ကိုၾကည့္ရန္ ထြက္လာလိုက္သည္။

စံအိမ္က သုံးထပ္ရွိသည္။ အထပ္တိုင္းမွာ အခန္း၄ခန္းေလာက္ရွိသည္။ ေႏွာင္းက အေပၚတစ္ထပ္တက္တိုင္း ဟိုဘက္ေျပးၾကည့္လိုက္ ဒီဘက္ေျပးၾကည့္လိုက္နဲ႕ ေပ်ာ္ေနေလသည္။ စက္ကေတာ့ ေႏွာင္းေနာက္ကို ထပ္က်ပ္မကြာလိုက္ေပးေနေလသည္။

'' စက္... ငါထင္မထားဘူး... မင္းတို႔အိမ္က ... ငါ ျပတိုက္ထဲေရာက္ေနသလိုပဲ သိလား''

ဟု မ်က္လုံးေတြေဝ့ၾကည့္ပီး ေျပာရွာသည္။

'' ေတာ္ေတာ္ခ်မ္းသာတာပဲေနာ္''

''အင္း..... ကိုယ့္ဦးေလးတို႔ မိသားစုပါေနတာ ''

''ေအာ္ ဒါ့ေၾကာင့္ အခန္းေတြမ်ားေနတာကိုး''

''ဟိုးဘက္မွာ စာၾကည့္ခန္းရွိတယ္ သြားၾကည့္ဦးမလား''

'' အင္း... သြားမယ္ သြားမယ္ ''

ဆိုပီး ​ေရွ႕ကေန ေျပးထြက္သြားတာ လွစ္ခနဲပဲ။

'' ဟိတ္... လမ္းေကာ သိလို႔လား... အရမ္းမေျပးနဲ႕ေလ''

ေျပာမွ တုံ႕ခနဲရပ္သြားသည္။

'' ဟီးဟီး... ဝမ္းသာသြားလို႔....  ျမန္ျမန္လာ ၾကည့္ခ်င္ေနပီ... ဘာစာအုပ္ေတြရွိလည္းလို႔''

''ဟုတ္ပါပီဗ်ာ... လာပါပီ''

ဆိုပီး ေႏွာင္းအနားကို သြားလိုက္ကာ သူ႕လက္ကေလးကို တြဲ​ကိုင္လိုက္သည္။ သူတို႔စာၾကည့္ခန္းဆိုတဲ့ တံခါးဝကိုၾကည့္လိုက္ေတာ့ တံခါးကို ပန္းခတ္ပုံစံဒီဇိုင္းနဲ႕ ျပဳလုပ္ထားေလသည္။ ေ႐ႊေရာင္သုတ္ထားတာေၾကာင့္ တဖိတ္ဖိတ္ေတာက္ပေနသည္။

တံခါးကို ဖြင့္လိုက္တာနဲ႕ ဧရာမစာအုပ္စင္ႀကီးရွိသည္။ စာအုပ္စင္ဆိုတာ အခန္းပတ္ပတ္လည္ကို စီရီထားပါသည္။ စာအုပ္စင္ကို သြားဖို႔ရာ ေလွကားငယ္ေလးရွိေသးသည္။ အေပၚကို အနည္းငယ္တက္လိုက္မွ စာအုပ္ေတြထားရာ စင္ကိုေရာက္သည္။ အခန္းရဲ႕အလယ္မွာေတာ့ ထိုင္ဖတ္ဖို႔ ခင္းထားတဲ့ ေကာ္ေဇာႏုႏုေလးနဲ႕ ေ႐ႊကြပ္ထားတဲ့ ထိုင္ခုံေလးေတြခ်ထားသည္။

'' ဝိုး... စာအုပ္ေတြ အမ်ားႀကီးပဲ စာၾကည့္တိုက္ႀကီးက်ေနတာပဲ''

''အင္း ဖိုးေလးက စာဖတ္ဝါသနာပါတယ္ေလ''

'' ကြၽန္ေတာ္ ဖတ္ၾကည့္လို႔ရလား''

'' ဒါေပါ့''

'' အာ့ဆို ယူၾကည့္မယ္ေနာ္''

'' အင္း ဒီမွာရွိတာေတြအကုန္ စိတ္ႀကိဳက္ၾကည့္လို႔ရတယ္''

'' ဟုတ္... ေက်းဇူးပါဗ်''

ဆိုပီး စာအုပ္တန္းမွာ လက္ေလးနဲ႕ေထာက္ပီး ၾကည့္ေနေလသည္။ ေႏွာင္းက စာဖတ္ရတာ အလြန္ႀကိဳက္ႏွစ္သက္တယ္ေလ။ တစ္ခါဖတ္ရင္ အခ်ိန္ကုန္လို႔ကုန္သြားမွန္းမသိျဖစ္ဖူးသည္။ ဒါေပမဲ့ အရင္ကေတာ့ အေျခအေန သိပ္မေပးလို႔သာ စာသိပ္မဖတ္ျဖစ္။ စက္နဲ႕ တူတူေနမွသာ စာေသခ်ာဖတ္ျဖစ္သည္။

'ring...ring...ring'

စက္ ဖုန္းလာေနတာေၾကာင့္ ဖုန္းေျပာရန္ျပင္လိုက္သည္။ ေႏွာင္းကို ၾကည့္ေတာ့လည္း ေအးေဆးစာဖတ္ေနတာေၾကာင့္ ခဏထားခဲ့လိုက္ပီး အျပင္သို႔ ဖုန္းထြက္ေျပာလိုက္သည္။

ထိုခ်ိန္ အခန္းတံခါးပြင့္ကာ တစ္ေယာက္ေယာက္ဝင္လာေလသည္။ ေႏွာင္းကေတာ့ စ်ာန္ဝင္ေနတာေၾကာင့္မသိလိုက္။

'' ဟိတ္​ေကာင္ေလး.... မင္းဘယ္သူလဲ ဘယ္ကလဲ''

ဟုေမးလာတာေၾကာင့္ ေႏွာင္းလည္း အေပၚသို႔ ေမာ့ၾကည့္လိုက္သည္။

''ေမးေနတယ္ေလ.... ဘယ္က အလုပ္သမားလဲ... ဘာကိစၥဒီအခန္းထဲဝင္လာရတာလဲ''

''ဗ်ာ... ဟို ကြၽန္ေတာ္ ဒီတိုင္း စာအုပ္ဖတ္ခ်င္လို႔ ဝင္လာတာပါဗ်''

'' စာဖတ္ခ်င္တိုင္းဝင္လာရေအာင္ ဒါ အမ်ားပိုင္မဟုတ္ဘူး.... ဒါနဲ႕ ေနစမ္းပါဦး မင္းကို အရင္က တစ္ခါမွ မျမင္ဖူးပါဘူး... အလုပ္သမားအသစ္လား''

''ဗ်ာ..  အဲ့ မဟု...''

''အသစ္ဆိုလည္း မင္းတို႔ ေခါင္းေဆာင္က ေသခ်ာမေျပာထားဘူးလား။ ပီးေတာ့ ယူနီေဖာင္းဝတ္ရမယ္ေလ... ဘာေၾကာင့္ ဒီပုံစံျဖစ္ေနရတာလဲ။ ႐ုပ္ကိုက အပိုးမက်ိဳးမဲ့႐ုပ္နဲ႕...  ဒါနဲ႕ေနဦး မင္းက အိုမီဂါ လား''

'' ဟုတ္... ဟုတ္ပါတယ္ဗ်''

'' ရႈပ္ရႈပ္ေတြေတာ့လာပီ။ မင္းကို ဘယ္သူအလုပ္ခန့္ထားတာလဲ။ ဒီမွာ အိုမီဂါလက္မခံတာ မသိဘူးလားဟ''

''ဗ်ာ... အဲ့ဒါေတာ့ ကြၽန္ေတာ္လည္း မသိဘူးဗ်''

''ဘာ!!! မင္း ကိုယ့္အလုပ္ရွင္ကို ျပန္ခံေျပာေနတာလားဟမ္...ကဲဟာ''

'ျဖန္း'

''အ့''

''ေနာက္ခါ ဒီအခန္းထဲ ေျခဦးေတာင္ မလွည့္ေစနဲ႕ သြား....အဲ့အေကာင္ကို ဆြဲထုတ္သြားစမ္း''

ထိုအမ်ိဳးသမီးက သူ႕အေစခံေတြကို အမိန့္ေပးလိုက္ပီး ေႏွာင္း ကို ဆြဲထုတ္ခိုင္းလိုက္သည္။ ေႏွာင္းကေတာ့ ဘုမသိဘမသိနဲ႕ အစစ္အရိုက္ခံရတဲ့ အျပင္ ႏွင္ပါထုတ္ခံလိုက္ရသည္။ထိုခ်ိန္ ဖုန္းေျပာေနတဲ့ စက္က ျပန္ဝင္လာေတာ့ ေႏွာင္းကို ခ်ဳပ္ထားတာ ေတြ႕လိုက္ရေတာ့....

" အဲ့ဒါဘာလုပ္ေနတာလဲ!!!! ခုခ်က္ခ်င္းလႊတ္လိုက္စမ္း"

" သ....သခင္ေလး .... သခင္မႀကီးက"

စက္ စိတ္မရွည္တာနဲ႕ ထိုအေစခံေကာင္မေလးကို ေစာင့္တြန္းလိုက္ပီး ေႏွာင္းကို သူ႕ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။ 

" ခဗ်ား.... ဘာအခ်ိဳးခ်ိဳးတာလဲ"

" တူေလးပါလား။ ဘယ္တုန္းကျပန္လာတာလဲ"

" အပိုေတြ မေျပာပါနဲ႕။ ဘာလို႔ ငါ့လူကို ခ်ဳပ္ထားရတာလဲ"

"တူေလးရဲ႕ လူမွန္းမသိလို႔ပါ.... အဲ့ေလာက္ထိ တိုေနစရာမလိုပါဘူး"

" ဟက္ "

စက္ ရင္ခြင္ထဲက ေႏွာင္းက သူ႕အား ေခါင္းေမာ့ၾကည့္လာေတာ့ ေတြ႕လိုက္ရတာ လက္ဝါးရာႀကီးျဖစ္ေနတယ္။ စိတ္က တစ္ဆုံးထိ ေဒါသေတြေဆာင့္တက္လာပီး...

" ေတာက္....ေႏွာင္း..... မင္းကိုဘယ္သူရိုက္တာလဲ"

" ဟို.... အဲ့ဒါကေလ ...ဘာ..ဘာမွမျဖစ္ပါဘူး"

"က်စ္....ငါေမးေနတယ္ေလ ဘယ္သူရိုက္တာလဲလို႔!!!!" 

ေႏွာင္း ေျဖရက်ပ္ေနခ်ိန္ ...

" ေကာင္းပီေလ မေျဖလည္းရတယ္"

ဆိုပီး စက္သူ႕ေရွ႕ကလူေတြကို တစ္ေယာက္စီ တစ္ခ်က္ခ်င္း အားနဲ႕လႊဲရိုက္လိုက္ေလသည္။ ေသခ်ာတာေပါ့ မည္သူမွ်ညာမည္ေတာ့မဟုတ္ေပ။

အဲ့​ေတာ့ ဦးေလးရဲ႕ အမ်ိဳးသမီးကိုပါ ျဖန္းခနဲျမည္ေအာင္ ရိုက္ပလိုက္ေလသည္။

'' မင္း.... မင္း မိုက္ရိုင္းလွခ်ည္လား''

'' အေစာတည္းက ​ေျဖရင္ ကြၽန္ေတာ့္လက္ေတာင္ နာစရာမလိုဘူးေလ.... ခုက ခင္ဗ်ားအသားပါနာခ်င္လို႔ သတ္မွတ္လိုက္လို႔ ရိုက္တာ.. ဘာျဖစ္လဲ.... မေက်နပ္ရင္ ဖိုးေလးနဲ႕ သြားတိုင္ေလ''

'' မင္း...မင္း... ေတာက္''

ဆိုပီး ေဒါသထြက္ထြက္နဲ႕ စက္ေရွ႕ကေန ေျခေဆာင့္ပီး ထြက္သြားေလသည္။ ေႏွာင္းကေတာ့ စက္လုပ္သြားတဲ့ အေပၚ ပါးစပ္ေဟာင္းေလာင္းေလးဖြင့္ပီး ၾကည့္ေနေလသည္။ ေႏွာင္းလုံးဝမထင္ထားပါ.... သူ႕ထက္အသက္ႀကီးပုံရသူ အမ်ိဳးသမီးကို ရိုက္လိမ့္မည္ဟုေလ။

( ပါးေတာင္ ႀကိမ္းတယ္)

'' ေႏွာင္း.... အေတာ္နာသြားလား''

'' ကြၽန္ေတာ္ ဘာမွမျဖစ္ပါဘူး။ ဘာလို႔ အန္တီကို ရိုက္လိုက္တာလဲ''

''အျမင္ကတ္လို႔''

''အမ္???''

'' ျပပါဦး..... အသားေတြေတာင္နီေနပီ.... ကိုယ့္မ်က္စိေအာက္က ခနပဲေပ်ာက္သြားတာေတာင္ စိတ္မခ်ရပါလား.... ၾကည့္စမ္းပါဦး အသားႏုႏုထြတ္ထြတ္ေလး နီသြားရပီ''

'' အဟီး... သိပ္မနာပါဘူး။ စိတ္မပူပါနဲ႕ ။ အန္တီက ကြၽန္ေတာ့္ကို အလုပ္သမားအသစ္ထင္လို႔ မွားသြားတာပါ''

'' အာ့ေၾကာင့္ေျပာပါတယ္... ေတာ္ပီေတာ္ပီ....ေနာက္ခါ ကိုယ့္နားမွာပဲေနရမယ္... အနည္းဆုံး သုံးေပကေန မခြာနဲ႕ ''

''ေအာ္...ဟုတ္''

(social distancing ေလ)

ထို႔ေနာက္ ညေနေရာက္လာသျဖင့္ တျခားမိသားစုေတြနဲ႕ မိတ္ဆက္ေပးမယ္ဆိုပီး မျပန္ပဲ ညစာတူတူစားျဖစ္သြားသည္။

ေႏွာင္းနဲ႕ ကေလးကေတာ့ ဘာမွမသိတာမို႔ ၿငိမ္ၿငိမ္သာထိုင္ေနေလသည္။ ထမင္းစားခန္းအတြင္းသို႔ စက္တို႔ မိသားစုနဲ႕ အဖိုးျဖစ္သူ ဦးအာဏာ ကလြဲ၍တျခားသူမ်ားလည္း မေရာက္ေသးတာေၾကာင့္ ထိုင္ေစာင့္ေနေလသည္။

ခဏၾကာေတာ့ ဦးေလးျဖစ္သူ လင္မယားနဲ႕ သူတို႔ေနာက္မွာေတာ့ အမ်ိဳးသမီးငယ္တစ္ေယာက္ပါ ဝင္လာပီး သူတို႔နဲ႕ မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္ၾကသည္။ ေႏွာင္းကို ရိုက္မိတဲ့ ေဒၚ ရိုစီကေတာ့ မ်က္ႏွာမဲ့ေနေလသည္။

'' အဟမ္း.... ေျမးေလး... ဒါ အဖိုးရဲ႕သား ဦးမဟာဧကရာဇ္။ သူ႕ေဘးကေတာ့ သူ႕ဇနီး ေဒၚရိုစီတဲ့။ သူ႕ေဘးကေတာ့ ေဒၚရိုစီရဲ႕ တူမေလး ​ေ႐ႊပန္းခ်ီ။

ဒီဘက္ကေတာ့ ေျမးေလးရဲ႕ အမ်ိဳးသား ေႏွာင္းသံသရာတဲ့... ပီးေတာ့ ေဟာဒီက ဖိုးေလးအတြက္ ျမစ္ေခ်ာေခ်ာေမြးေပးထားတဲ့သူဆိုလည္း မမွားဘူး''

''ဟုတ္ကဲ့ ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်''

'' သားလည္း ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်''

ဟု ေႏွာင္းတည္ေလးကလည္းဝင္ႏႈတ္ဆက္သည္။ ဦးမဟာတို႔ လင္မယားကေတာ့ သိပ္မ်က္ႏွာမေကာင္း အထူးသျဖင့္ ျမစ္ဆိုတဲ့ အသံၾကားကတည္းကပင္။ သူတို႔ လင္မယားမွာ သားသမီးဆိုတာ မရွိေသာေၾကာင့္ပင္။

''ကြၽန္ေတာ္ေတာ့ သိပ္ဝမ္းမသာဘူး''

''စက္....ဘယ္လိုေျပာလိုက္တာလဲ အားနာစရာႀကီး''

''အားမနာနိုင္ပါဘူး... ဖိုးေလးေခၚလို႔တာလာရတာ သိပ္လာခ်င္တာမဟုတ္ဘူး''

'' အမယ္... ငါတို႔ကေကာ သိပ္ႀကိဳဆိုေနတာမဟုတ္ဘူး''

ဟု ေဒၚရိုစီကဝင္ေထာက္သည္။ ဦးမဟာကလည္း သူ႕မိန္းမကို မ်က္စပစ္ကာ တားသည္။ ေဒၚရိုစီကေတာ့ ဂ႐ုမစိုက္သာေနသည္။

'' အဟမ္း...ဟမ္း...''

ဦးအာဏာ ေခ်ာင္းဟန့္လိုက္မွသာ ျပန္တိတ္သြားၾကသည္။ ပီးေတာ့ ေႏွာင္းဘက္လွည့္ကာ....

'' အဲ့လိုပဲ ေျမးေလးေရ.... အိမ္ကေတာ့ သိတဲ့အတိုင္းပဲ ေခြးေတြထုံးစံအတိုင္းကိုက္ေနၾကတယ္''

''အေဖ''
''ဖိုးေလး''

''ခြီး..... ခစ္ခစ္''

ေႏွာင္း ႐ုတ္တရက္ ေခြးလို႔ေျပာလိုက္တဲ့ ဦးအာဏာေၾကာင့္ အသံထြက္ရယ္မိသြားသည္။ ၾကာၾကာေတာ့ မရယ္ရဲ..... သူမ်ားအိမ္လာပီးရယ္တာသိပ္မေကာင္းဘူးေလ။ ဒါ့ေၾကာင့္ကိုယ္ရွိန္သပ္လိုက္ရတယ္။ ေႏွာင္းတည္ေလးကေတာ့ လူႀကီးေျပာသမွ်မသိခ်င္ေယာင္ေဆာင္ကာ ​ေရွ႕မွအစားအစာကိုသာမဲပီးစားေနေလသည္။

ညစာစားပီးေတာ့ ဖိုးေလးက သူတို႔အား ျပန္မလႊတ္ေစခ်င္ပုံနဲ႕ ဒီတစ္ညေတာ့ ျမစ္ေလးနဲ႕ေပးအိပ္ပါဆိုလို႔ သူတို႔လည္း ထိုစံအိမ္မွာပဲ တစ္ညေလာက္အိပ္ဖို႔ ဆုံးျဖတ္လိုက္သည္။ အဖိုးက ဘယ္ခ်ိန္တည္းက ေပးအိပ္ခ်င္မွန္းမသိ... အခန္းကလည္းအဆင္သင့္ေပ။

ေႏွာင္းတို႔ အခန္းထဲဝင္ေတာ့ က်ယ္လိုက္တဲ့ အခန္း စိန္ေျပးတန္းေတာင္ေဆာ့လို႔ရတယ္။ စက္ကေတာ့ ေရခ်ိဳးမယ္ဆိုပီး ေရခ်ိဳးခန္းထဲဝင္သြားေလသည္။

ေႏွာင္းကေတာ့ နံရံကပ္ ဗီရိုေတြကို တစ္ခုပီးတစ္ခုလိုက္ဖြင့္ၾကည့္ေနသည္။

*ဝိုး.... ဒါက အဝတ္ခန္းပဲ... ဒီဇိုင္းမ်ိဳးစုံ၊အေရာင္မ်ိဳးစုံနဲ႕ အမယ္ ေက်ာင္းအကၤ်ီကပါလိုက္ေသး*

(အခုအခန္းက စက္ ငယ္ငယ္က အဖိုးဆီမွာေနခဲ့တုန္းက အခန္းမွာပဲ ေနေနတာပါ။ ဒါ့ေၾကာင့္ အရင္တည္းကအတိုင္း မပ်က္မယြင္းေအာင္ ထိန္းသိမ္းထားျခင္းပါ)

ေရခ်ိဳးပီး ေအာက္မွာ တဘတ္​ပဲပတ္ပီးထြက္လာတဲ့ စက္ကေတာ့ အဝတ္ခန္းထဲဝင္လာေလသည္။
ေႏွာင္းက စက္ကိုလည္းျမင္ေတာ့ ဝမ္းသာအားရ ေျပးလာပီး...

'' စက္.... ဒီမွာၾကည့္... ဒါေက်ာင္းအကၤ်ီမလား.... ငါ့ကိုဝတ္ျပပါလား''

'' ဟမ္... ဒါဘယ္ကရတာလဲ ''

''ဟိုဘက္ဗီရိုကေလ...ဘာလို႔လဲ''

''ဒါက ၾကာေတာင္ေနပီ.... အထက္တန္းတုန္းကဟာႀကီးကို...ဖိုးေလးက ခုထိသိမ္းထားတုန္းပဲလား''

'' ဟုတ္မွာေပါ့... ငါကိုဝတ္ျပစမ္းပါဟယ္... မင္းအထက္တန္းတုန္းကပုံစံ မျမင္ဖူးလို႔''

'' ကိုယ့္ေယာက်္ားရဲ႕ ေက်ာင္းပုံကို ျမင္ခ်င္တယ္ေပါ့ေလ''

''ျမင္ခ်င္တာေပါ့ဟ... ဒါ ငါတို႔ တူတူတက္မယ္ဆိုတဲ့ ေက်ာင္းကအကၤ်ီမလား''

''ဟုတ္တယ္ေလ... ေႏွာင္းမွ ကိုယ္တို႔နဲ႕တူတူလိုက္မွမတက္တာ''

'' ဘယ္သူကလည္းမတက္ခ်င္လို႔လည္း.... တက္ခ်င္တာေပါ့လို႔။ အေျခအေနအရ မတက္တာကို''

'' အင္း... ေတာ္မေတာ္ေတာ့ အာမွမခံဘူးေနာ္... ပုံၾကည့္ရတာ ေသးေတာင္ ေသးခ်င္ေနပုံပဲ ''

'' ဘာပဲျဖစ္ျဖစ္ ျမင္ခ်င္လို႔ မေတာ္လည္းဝတ္ျပ... ေရာ့''

'' ဟုတ္ပါပီဗ်ာ...ေပးပါကိုယ့္ကို''

ဆိုပီး အကၤ်ီကိုယူပီး လဲဖို႔လုပ္လိုက္သည္။ထို႔ေနာက္ ေနာက္ကိုျပန္လွည့္ပီး ေႏွာင္းရဲ႕ ႏႈတ္ခမ္းေလးကို အသံထြက္ပီး နမ္းလိုက္ေလသည္။

''ႁပြတ္စ္''

''ဝတ္ျပဖို႔ တန္ဖိုးျပန္ယူတာ''

ဆိုပီး ရယ္ျပရင္း ေႏွာင္းကို အခန္းျပင္သို႔ တြန္းထုတ္လိုက္သည္။ ေႏွာင္းကေတာ့ စြံ႕အ စြာ အခန္းျပင္သို႔ ထုတ္ခံလိုက္ရတဲ့အျပင္ အသားပါယူခံလိုက္ရသည္။

'' စက္ဧကရာဇ္!!!!! အသားလည္းယူေသးတယ္... ဘာ...အဖိုးအခဟုတ္လား... ခဗ်ားထြက္လာမွေတြ႕မယ္''

အဝတ္လဲခန္းထဲက စက္ကေတာ့ ႀကိတ္ရယ္ေနေလသည္။ သူလုပ္ခ်င္တာလုပ္ပီးသြားလို႔ေလ။ လက္ထဲက အကၤ်ီကိုလည္း ဘယ္ကစဝတ္ရမလဲ စဥ္းစားေနေလသည္။ အကၤ်ီက အနည္းငယ္ေသးေနပုံေပါက္တာကိုး။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

တူဘီကြန္တင္းႏူး😂😂😂

30.3.2022

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Продовжити читання

Вам також сподобається

458K 39.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
22K 1.2K 10
Artist - Alien's Art Writer - JeonYiMon ©Yote Pya - ရုပ်ပြ
Mr. Від KHWBYH

Романтика

3.9M 203K 47
ဦးရွင္းရာကိုသိပ္အျမင္ကတ္တာပဲ! warning... ⚠ BL×OC rated m sorry for bad writings 90°bow #Yoohyunee
150K 6.6K 21
ဦးလျှံရာ ကျွန်တော့်ကိုမပြစ်ပယ်လိုက်ပါနဲ့ ဦးလျှံ ဆုံးမရင်လိမ္မာမယ့် ကောင်ပါ..............ဝသန်မိုး မင်းရဲ့အပေါစားအချစ်တွေနဲ့ ငါ့ကိုချစ်တယ် လာမပြာနဲ့...