Unicode
................(A/N : ဤအပိုင်းသည် ပြင်ပလောကနှင့် လုံးဝ လုံးဝမသက်ဆိုင်သည့် စကားလုံးများ၊ အကြောင်းအရာများကို ရေးသားထားပါသဖြင့် ယုတ်တိမရှိနိုင်ပါချေ။ ထို့ကြောင့် ထိုမနှစ်မြို့ဖွယ်ရာအကြောင်းအရာများကို မကြိုက်နှစ်သက်သောသူများ ဇာတ်လမ်းကို ဆက်မဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်🙏🙏🙏)
>>>>>
စက်ဧကရာဇ် စာချုပ်ကိစ္စ အဆင်ပြေသွားပေမဲ့ လန်ဒန် ရုံးခွဲက ပြဿနာလေး အနည်းငယ်ရှိ၍ ကြာနေခြင်းဖြစ်သည်။
'' ဘော့ ဒီစာရင်းတွေက ကျွန်တော်စစ်ဆေးပီးသလောက် အနည်းငယ် ကွာဟနေလို့ပါ။ ဘော့သေချာစစ်ပီး ပြန်ကြီးကြပ်ပီး တာဝန်ရှိသူကို အရေးယူစေချင်ပါတယ်ဗျ''
'' လုပ်တဲ့သူကို သိရပီလား ''
''ဟုတ် admin အပိုင်းက မန်နေဂျာလို့ခန့်မှန်းရပါတယ်။ လုံလောက်တဲ့ သက်သေမရသေးလို့ပါ ''
''ကောင်းပီ.... ကိုထိုက် သက်သေအတွက် ၃ ရက်အတွင်းရှာထားပေးပါ။''
'' ဟုတ်ကဲ့ ဘော့စ် ''
ထိုက်တန် ထွက်သွားပီး ရုံးခန်းထဲမှာကျန်ခဲ့သူ စေတမာန်က
'' ဒါနဲ့လေ ဘော့ ကျွန်တော် ဘယ်တော့ပြန်ရမှာလဲဗျ လန်ဒန်မှာမနေချင်တော့ဘူး ''
'' မင်းကိုယုံကြည်လို့နေခိုင်းတာလေ ပြဿနာလည်းလုပ်ထားသေးတာကို ပြန်ချင်တယ် ဟုတ်လား ''
'' ဘော့ကလည်းလို့စ်.... ဒီကသားလေးကို မသနားဘူးလားဟင် ''
'' တော်စမ်း မင်းကိုငါ့ညီဆိုပီး အလိုလိုက်ထားတာကို ရောင့်တက်မလာနဲ့ ဒါပဲနော်။ ဒီလ ကုမ္ပဏီ တိုးတက်လာအောင် လုပ်ပေးနိုင်ရင် မင်းကိုပြန်ခေါ်ဖို့စဥ်းစားပေးမယ် ''
'' တကယ်လား ကိုကြီး.... ပြောပီးစလစ်နော် ''
စက် က ခေါင်းငြိမ့်ပြလိုက်တော့။
'' yayyy... ဒါမှတို့ကိုကြီးကွ ''
'' ဟားဟား ဟုတ်ပါပီ သွားတော့ ကိုယ့်အလုပ်ကို သွားလုပ် ''
'' ဟုတ်ကဲ့ ''
ဆိုပီး ရုံးခန်းထဲက လှစ်ခနဲပြေးထွက်သွားသူပါ။ စေတမာန်က စက်ရဲ့ ညီတစ်ဝမ်းကွဲတော်ပါတယ်။ ဘီတာလေးပါ။ အသက်က စက်နဲ့ တစ်နှစ်သာ ကွာခြားသူ။ စေတမာန်က ဆိုးလျှင်လည်းသူပဲ သဘောကောင်းပြန်လည်း သူ့အပြင် နှစ်ယောက်မရှိသူ။ အလုပ်လုပ်ရာမှာ တော်သူမို့ လန်ဒန်ရုံးခွဲကို လာကြီးကြပ်ခိုင်းထားတာပါ။
YOU ARE READING
Soulmates (Completed)
RomanceUni ....... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ First time writing bl.... ဒီဇာတ်လမ်းက ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။💛💛💛 There'...