တိုင္းျပည္ငယ္ တစ္ခုအျဖစ္ အသြင္ေျပာင္းဖို႔အတြက္ အခက္အခဲမ်ားစြာရိွေနသည္။ တိုင္းျပည္မ်ားက တစ္ခုႏွင့္ တစ္ခု ဝင္ေနွာက္ယွက္ျခင္းမရိွရဆိုသၫ့္ စည္းကမ္းခ်က္သာမရိွလ်ွင္ ျဖစ္ႏိုင္ေခ် က ပိုနည္းပါးသြားလိမ့္မည္ ။
ပထမဦးဆံုးအေနနဲ႔ သူတို႔က ယခင္ Dungeon မ်ားအား ခြဲေဝယူထားသၫ့္ ၿမိဳ႔မ်ားထံသို႔ ဦးတည္ခဲ့ၿပီး ၿမိဳ႔ပတ္လည္ရိွ နယ္ေျမမ်ားကို ခ်ဲ့ထြင္ခဲ့သည္ ။ Loryard ၿမိဳ႔ ပတ္ဝန္းက်င္တြင္ လူေနထိုင္ရာသိပ္မရိွဘဲ ေတာအုပ္မ်ားျဖစ္သျဖင့္ ခ်ဲ့ထြင္ရာတြင္ လြယ္ကူခဲ့သည္ ။
ၿမိဳ႔မ်ားကို တိုက္ခိုက္ရာတြင္ Ruff က အဓိက ဦးေဆာင္ခဲ့ၿပီး ၫွိႏိႈင္းမႈအတြက္ Ruzel က တာဝန္ယူခဲ့သည္ ။
ရုတ္တရက္ ပုန္ကန္မႈျဖစ္ျခင္းက ေတာ္ဝင္မိသားစုအား တုန္လႈပ္သြားေစခဲ့သည္ ။ သူတို႔က Langira ေက်ာင္းေတာ္အား အကူအညီေတာင္းကာ လုပ္ႀကံသူမ်ား လႊတ္ခဲ့ၾကသည္ ။ သို႔ေသာ္ ၿမိဳ႔ထဲသို႔ မဝင္ရေသးခင္ပင္ Shun ၏ ရွာေဖြေတြ ့ရိွမႈအား ခံလိုက္ရသည္ ။
" သူတို႔ကို ဒီတိုင္းသတ္လိုက္ရမွာ ႏွေျမာစရာမေကာင္းဘူးလား .. " Shun က Ruzel ထံမွ သေဘာတူညီမႈအား ေတာင္းခံေနသၫ့္ဟန္ျဖင့္ ၾကၫ့္လိုက္သည္ ။ သူ႔ေသြးအစြမ္းသည္ ေသြးမေကာင္းဆိုးဝါးဆိုသူလို ဝိညာဉ္မ်ားကို မဝါးၿမိဳႏိုင္ေသာ္လည္း သက္ရိွ လူသားမ်ားကို ထိန္းခ်ဳပ္ႏိုင္ေလသည္။
Ruzel ၏ နဖူးေလးက အနည္းငယ္တြန႔္သြား၏ ။
" ဒီလူေတြကို အသံုးခ်ခ်င္ရင္ ရတယ္ .. ဒါေပမဲ့ တစ္ခုေတာ့ေျပာထားမယ္ေနာ္ .. မင္းရဲ့ ေသြးေတြ အကုန္လံုးက ဒီအရွင္သခင္ပိုင္တာ "
Shun က သေဘာတက် ၿပံဳးလိုက္ၿပီး တက္ႂကြစြာျဖင့္ ထိန္းခ်ဳပ္ျခင္းအား စတင္ေတာ့သည္ ။ ဤလူမ်ားသည္ အေကာင္းဆံုး သူလ်ိႈမ်ား ျဖစ္လာလိမ့္မည္ ။
တိုက္ခိုက္ရာတြင္ အိုးအိမ္ပ်က္စီးျခင္းကို မေရွာင္ရွားႏိုင္ေသာ္လည္း သူတို႔က အတတ္ႏိုင္ဆံုး မဖ်က္ဆီးမိေအာင္ ႀကိဳးစားခဲ့သည္ ။ Ruff ၏ စြမ္းအင္သည္ စစ္ပြဲအတြင္းမွာပင္ တဟုန္ထိုးတက္လာခဲ့သည္ ။ အဓိကအခ်က္မွာ သူက လူသတ္ေလ အစြမ္းထက္ေလျဖစ္ေနေတာ့သည္ ။ နဂို ေအးစက္လြန္းသၫ့္ သူ႔အနားက အရိွန္အဝါသည္ ခက္ထန္လြန္း၍ Andoshi ပင္ ေၾကာက္ရြံ႔ေနျပီး အနားကပ္ဖို႔ ေရွာင္ရွားေနသည္ ။
Ruff သည္ သူႏွင့္ ေပႏွစ္ဆယ္ေလာက္အကြာမွာကတည္း ေရွာင္ကြင္းသြားေနသၫ့္ Andoshi ေၾကာင့္ ဥယ်ာဉ္ထဲတြင္ ထိုင္ေနရာမွ လွၫ့္ၾကၫ့္လိုက္သည္ ။
ပစၥည္းမ်ိဳးစံုအား တေပြ ့တပိုက္ျဖင့္ Andoshi သည္ ရုတ္တရက္ ေလေအးတစ္ခ်က္ျဖတ္တိုက္ခံလိုက္သလို ခံစားလိုက္ရ၏ ။ သူက Ruff အား မ်က္လံုးကို မိွတ္လိုက္ၿပီး လွၫ့္မၾကၫ့္မိေစရန္ တားျမစ္လိုက္ကာ အလ်င္အျမန္ေျပးထြက္ရန္ ျပင္လိုက္သည္ ။
ဘုတ္!
တစ္ေယာက္ေယာက္အား တိုက္မိလိုက္ပံုရတာေၾကာင့္ ေတာင္းပန္ရန္ မ်က္လံုးဖြင့္လိုက္ကာ မ်က္လႊာအသာပင့္လိုက္သည္။ ခုနကေလးတင္ သူနဲ႔ ေပႏွစ္ဆယ္အကြာမွာရိွေနသၫ့္ လူသည္ ယခု သူ႔ေရ႔ွတြင္ ရပ္ေနေလသည္ ။
ထိတ္လန႔္မႈေၾကာင့္ ျပဳတ္က်သြားၿပီျဖစ္သၫ့္ မုန႔္ထုတ္ေလးမ်ားအား ႏွေျမာတသျဖင့္ၾကၫ့္လိုက္၏ ။
မင္းတို႔ .. မင္းတို႔ စြမ္းအင္ပိုင္ဆိုင္တယ္ဆိုၿပီး
ျဗဳန္းစားႀကီး မထြက္ခဲ့ဖို႔ မေျပာဘူးလား .. Ah!
မင္းတို႔က သရဲလား ဘာလား ?
လူက လူလိုေနရတာဟ ..
နားလည္လား ? ငါေျပာတာ နားလည္ရဲ့လား -!
စိတ္ထဲတြင္ အဆက္မျပတ္ေျပာေနေသာ္လည္း အျပင္တြင္ေတာ့ အသံတစ္စက္မွ မထြက္ရဲေခ် ။ သူ႔အား ၾကၫ့္ေနသၫ့္ ေအးစက္စက္မ်က္ဝန္းနဲ႔တင္ အသက္ရႈၾကပ္ေနရေသာေၾကာင့္ ။
နာရီဝက္ခန႔္ ၾကာၿပီးေနာက္
မည္သူမွ စကားမေျပာၾကေသးေခ် ။
Andoshi - "..." ဒီေခြးေကာင္ ! ထပ္ၿပီး လုပ္ျပန္ၿပီ
တစ္ခုခုေျပာစမ္းပါဟ!
ဘယ္ေလာက္ၾကာၾကာ စိုက္ၾကၫ့္ေနဦးမွာလဲ?
ငါေလးက အရမ္းသန႔္စင္မြန္ျမတ္ စင္ၾကယ္ၿပီး ေခ်ာေမာခန႔္ညား ၾကၫ့္ေကာင္းတယ္ဆိုတာ သိေပမဲ့
အဲ့ေလာက္ စိုက္ၾကၫ့္ေနစရာလား ! ဟမ္
ဘာမွမေျပာဘဲ စိုက္ၾကၫ့္ေနတာ ဘယ္ေလာက္ေတာင္ မယဉ္ေက်းတဲ့ အျပဳအမႈဆိုတာ မသင္ေပးထားဘူးလား
' ေသာက္ေခြး-! ဒီက်က္သေရအျဖာျဖာနဲ႔ ျပၫ့္စံုတဲ့ ငါက အရမ္း စိတ္ဆိုးသြားၿပီ '
Andoshi က လက္ထဲတြင္ က်န္ေနသၫ့္ ပစၥည္းမ်ားအား ပစ္ခ်လိုက္ၿပီး အႀကိတ္အႏွယ္ ေျပာဆိုရန္ အက်ႌလက္စအား ပင့္လိုက္သည္ ။ ေသးသြယ္သၫ့္ မ်က္ႏွာေလးထက္တြင္ စိတ္မရွည္မႈ ၊ ေဒါသ တို႔ ျဖတ္ေျပးေနၿပီး Ruff အား စိမ္းစိမ္းဝါးဝါး ၾကၫ့္လိုက္သည္ ။
" မင္း ဘာျဖစ္ခ်င္တာလဲ -! .. မင္းအေရ႔ွမွာ ကိုးရိုးကားရားနဲ႔ ဟာသမလုပ္ေတာ့လို႔ စိတ္တိုေနတာလား .. ဒါမွမဟုတ္ ဒီမွာ ကပ္ေနေနလို႔ မေက်နပ္တာလား .. ငါက မင္းဆီမွာ ေနတာမဟုတ္ဘူး .. ငါ့ရဲ့ Shun ဆီမွာ ကပ္ေနေနတာ အဲ့ေတာ့ မင္းမေက်နပ္ရင္ လဲေသလိုက္ .. "
" ဪ ငါက မင္းအနားကပ္မေနေတာ့ အႏိုင္က်င့္ မရေတာ့လို့ မေက်နပ္ေနတာလား .. သနားစရာ ေခြးမသားေလး "
Andoshi ၏ ေဒါသထြက္ေနသၫ့္ ေၾကာင္ေလးတစ္ေကာင္ႏွယ္ အေမြးေတြ ေထာင္လုမတတ္ ပံုစံကို ၾကၫ့္ရင္း Ruff ၏ အၾကၫ့္မ်ားက ႏူးညံ့သြားသည္ ။
" မင္းရဲ့ ပတ္ဝန္းက်င္ကိုလည္း ၾကၫ့္လိုက္ဦး .. ေလထုကေတာင္ အနက္ေရာင္ ေျပာင္းေတာ့မယ္ .. ဘယ္သူက အနားကပ္ခ်င္မွာလဲ .. ေသာက္ရမ္းေခ်ာတဲ့ မ်က္ႏွာနဲ႔ ဆိုရင္ေတာင္ အသံုးမဝင္ဘူး .. "
Andoshi က ေမာသြားဟန္ ခဏအနားယူလိုက္ၿပီးမွ ေအးစက္စက္မ်က္ဝန္းမ်ားအား စိုက္ၾကၫ့္လိုက္သည္ ။ သို႔ေသာ္ လန႔္ျဖတ္သြားတာေၾကာင့္ ဟန္အမႈရာမပ်က္ အၾကၫ့္လြဲလိုက္ၿပီး
" ၿပီးေတာ့ ၿပီးေတာ့ .. မင္းရဲ့ မ်က္လံုးေတြမွာ ဓားေတြသာ ရိွရင္ အခုခ်ိန္ ငါေသေနေလာက္ၿပီ .. ဘာကိစၥ ဒီေလာက္ ေမွာင္မဲ ေအးစက္ ခံစားခ်က္ မဲ့ေနရတာလဲ .. မ်က္လံုး လွလွေလးေတြရိွရက္နဲ႔ ျဖဳန္းတီးမႈဘဲ .. သိရဲ့လား ျဖဳန္းတီးမႈ "
" မင္းက Shun လို ပတ္တီးျဖဳန္းတီးေရးစက္ထက္ေတာင္ ပိုျဖဳန္းတီးေသးတယ္ ... အဲ့ပါးစပ္ကေလ တစ္ေယာက္ေယာက္ အပ္နဲ႔ ခ်ဳပ္ထားလို႔လား .. ဘာမွမေျပာတဲ့အျပင္ အၿပံဳးေသးေသးေလးေတာင္ မရိွဘူး .. ေရခဲတံုးျဖစ္ခ်င္ရင္လည္း ေရခဲတံုးလို ေလးေတာင့္ျဖစ္ျဖစ္ အခြၽန္ျဖစ္ျဖစ္ ေမြးလာပါလား .. "
Andoshi သည္ ရႈံ႔ခ်ေနရာကေန ရုပ္ရည္ေဝဖန္မႈအျဖစ္ မည္သို႔ ေရာက္ရိွသြားမွန္း မသိေတာ့ေခ် ။ သို႔ေသာ္ ဤစကားမ်ားအား ေျပာခ်င္ေနသည္မွာ ေတာ္ေတာ္ၾကာျမင့္ေနၿပီျဖစ္သည္ ။
ၾကၫ့္ေကာင္းတဲ့ ရုပ္ေလးရိွၿပီး ဘယ္ေလာက္ ႏွေျမာစရာေကာင္းလိုက္လည္း ..
ဒီျဖဳန္းတီးမႈက သူ႔လို ရုပ္လွလွေလးေတြကို ႏွစ္သက္တဲ့ လူမ်ိဳးေတြက အျပစ္ျပဳတာနဲ႔ အတူတူဘဲ
ေတာင္းပန္စမ္းေဟ်ာင့္ ေတာင္းပန္လိုက္စမ္း !
Ruff က ေခါင္းတဆတ္ဆတ္ ၿငိမ့္လိုက္ၿပီး
" အိုး, ဒါဆို ငါ့အနားမွာ ထားဖို႔ တစ္ေယာက္ေယာက္ရွာရမွာေပါ့ .. Ruzel ကို လူရွာတဲ့အခါ လုပ္အားခ ထပ္တိုးဖို႔ ေျပာရဦးမွာဘဲ "
Andoshi - (⊙﹏⊙)
" ထပ္တိုးဦးမယ္ဆိုေတာ့ နဂိုက ဘယ္ေလာက္လဲ "
Andoshi ၏ မ်က္ဝန္းမ်ား အေရာင္ေတာက္ပသြားၿပီး ေလသံတိုတိုးျဖင့္ ေမးလိုက္သည္ ။ Ruff က သြယ္လ်သၫ့္ လက္ေခ်ာင္းတို႔ကို ေျမာက္ကာ လက္ႏွစ္ေခ်ာင္းေထာင္ျပလိုက္သည္ ။
" ဝါး-! ႏွစ္ေထာင္ ? ေရႊျပား ႏွစ္ေထာင္ ေတာင္လား "
Ruff က ထူးမျခားနား အမႈအရာျဖင့္ ေျပာလိုက္သည္။
" ႏွစ္ေသာင္း "
Andoshi မွာ သူ႔ေခါင္းေပၚတြင္ေရႊျပားေလးမ်ား ပ်ံသန္းေနသည္ကို ျမင္ေယာင္သြားကာ သြားရည္မ်ားပင္ ထြက္က်လုမတက္ျဖစ္လာၿပီးေနာက္ ေပ်ာ္လံုးစို႔ကာ ေမ့လဲသြားေတာ့သည္ ။
Ruff သည္ Andoshi ၏ အျဖစ္ေၾကာင့္ အသံထြက္ရယ္မိလိုက္ၿပီး ေခါင္းယမ္းလိုက္ကာ လက္တစ္ဖက္ကို ဆန႔္ထုတ္လိုက္ၿပီး လဲက်သြားသၫ့္ ခႏၶာကိုယ္ေလးအား ထိန္းထားလိုက္သည္ ။
Ruzel က Shun ႏွင့္အတူ ေလ်ွာက္လာရင္း ထိုျမင္ကြင္းေၾကာင့္ အံ့အားသင့္သြားကာ " ဒီသူငယ္ခ်င္းေလးက ဘာျဖစ္သြားတာလဲ "
" သူ႔ကိုယ္သူ အစ္ကို႔ဆီ ေရာင္းသြားတာ "
Ruzel - "...."
စိတ္ဝင္စားစရာႀကီး ... သူ႔ကိုယ္သူ ေရာင္းစားေအာင္ လွၫ့္စားလိုက္တာ မဟုတ္ဘူးလား ?
Shun - "..."
မျဖစ္ႏိုင္တာေတာ့ မဟုတ္ဘူးဘဲ ..
****
ရုတ္တရက္ ေျပာင္းလဲသြားသၫ့္ Ruff ၏ စြမ္းအင္အား တားဆီးႏိုင္သၫ့္ Regis သည္ စြမ္းအင္ မရိွေတာ့ေသာေၾကာင့္ သူတို႔က နယ္ေျမခ်ဲ့ထြင္ရာတြင္ လြယ္ကူခဲ့ၿပီး သူလ်ိႈမ်ားေၾကာင့္ Langira ေက်ာင္းေရာ ေတာ္ဝင္မိသားစုေရာ ျဖဳတ္ခ်ႏိုင္လုနီးပါးပင္ ။ သို႔ေသာ္ ထင္မထားသၫ့္ အျဖစ္အပ်က္တစ္ခုေၾကာင့္ သူတို႔က ဆုတ္ခြာသြားခဲ့ရသည္ ။
Andoshi သည္ Ruff ၏ အခန္းတံခါး အေရ႔ွတြင္ ရပ္ေနၿပီး ေျခဖ်ားလက္ဖ်ားမ်ား ေအးစက္ကာ တုန္ယင္ေန၏ ။ သူက တံခါးလက္ကိုင္အား ထိရန္ လက္ေျမာက္ရံုရိွေသး တံခါးသည္ ဝုန္းခနဲ ပြင့္သြားေလသည္ ။
ခိုင္မာသၫ့္ ေထာက္တိုင္တစ္ခုႏွယ္ ရပ္ေနသၫ့္ Ruff အား ေတြ ့လိုက္ခ်ိန္ Andoshi ၏ မ်က္ဝန္းမွ မ်က္ရည္မ်ား ပါးထက္သို႔ အဆက္မျပတ္က်ဆင္းလာသည္ ။
Ruff ၏ အေနာက္မွ အခန္းသည္ ငရဲခန္းတစ္ခုအား ညို႔မိႈင္းေနကာ ေသြးေရာင္သန္းေနသည္ ။ ေသြးတြင္းနက္ႀကီးက ယခုခ်ိန္တြင္ Shun ၏ စြမ္းအင္ မပါဘဲနဲ႔ေတာင္ အေကာင္အထည္ျဖစ္ေပၚလာေနၿပီ ျဖစ္သည္ ။
အဲ့ Shun အစုတ္ပလုတ္က သူ( Shun) ျပန္မလာခင္အထိ သူ႔( Andoshi)ကို ဒီငရဲတြင္း အျပင္မထြက္ေအာင္ ထိန္းခိုင္းထားခဲ့တယ္ေလ ။ သူ႔လို သာမန္လူ စြမ္းအင္တစ္စေတာင္ မရိွတဲ့သူကိုေလ ။
သူ႔ကို ေသတြင္းပို႔ေနတာ မဟုတ္တာ ေသခ်ာရဲ့လား ။
Ruff ၏ မ်က္လံုးမ်ားသည္ အနက္ေရာင္သို႔ ေျပာင္းေနၿပီး မ်က္ဆံသည္ နီရဲေနသည္ ။ ယခင္ေအးစက္သၫ့္ အၾကၫ့္က ယခုလို ေၾကာက္စရာမ်က္လံုးမ်ား ျဖစ္သြားသၫ့္အတြက္ Andoshi ခမ်ာ သူ႔ႏွလံုးသားေလး ပါးစပ္မွ ခုန္ထြက္လာလုမတတ္ ထိတ္လန႔္သြားရသည္။
" Oh! Oh! Ruff Sama .. ညစာလာပို႔တာပါ " သူက ဗန္းအား အတင္းထိုးထၫ့္လိုက္ၿပီး အသက္ကေလးအား ဖက္နဲ႔ ထုတ္ကာ ေျပးရန္ ျပင္လိုက္သည္ ။
ခဏအၾကာ သူ႔က မည္မ်ွေျပးပါေစ ေနရာမွ မေရြ ့သြားေၾကာင္း သိလိုက္သည္ ။ အေၾကာင္းမွ သူ႔ေျခေထာက္က ေလထဲတြင္ ေရာက္ေနၿပီး ဂုတ္မွဆြဲခံထားရေသာေၾကာင့္ပင္။
" မင္းက ကိုယ့္ရဲ့ ကိုယ္ေရးအေစခံ ျဖစ္သြားၿပီေလ .. တခ်ိန္လံုး အနားမွ ရိွေနသင့္တာေပါ့ " ထိုေအးစက္သၫ့္ အသံၾကား ၿပီးေနာက္ ငရဲကဲ့သို႔ အခန္းထဲသို႔ ပစ္သြင္းခံလိုက္ရသည္ ။
ဟင္အင္း-!
ႏွစ္ေသာင္းေရာ ႏွစ္သိန္းေရာ ႏွစ္သန္းပါ မရခ်င္ေတာ့ဝူး
ပစ္သြင္းခံရသၫ့္ သူေရာက္သြားသၫ့္ ေနရာသည္ ဝိညာဉ္မ်ား ထိုးထြက္ရန္ ျပင္ေနသၫ့္ တြင္းနက္ႀကီး အေရ႔ွတၫ့္တၫ့္ ျဖစ္ေနသည္ ။ ေမာ့လိုက္သည္ႏွင့္ ေသြးသံရဲရဲ မ်က္ႏွာႀကီးႏွင့္ ထိပ္တိုက္ဆံုလိုက္ေလသည္ ။
အား-!
Andoshi က ခ်က္ခ်င္းျပန္လွၫ့္ေျပးေသာ္လည္း Ruff ၏ ေတာင့္တင္းသၫ့္ ရင္အုပ္ျဖင့္ တိုက္မိကာ ျပန္လည္လဲက်သြားသည္ ။
" ဟင့္အင္း.. မေနခ်င္ဘူး .. ဒီထဲမွာ မေနခ်င္ဘူးလို႔ " သူက Ruff ၏ အက်ႌစအား ဆုပ္ကိုင္လိုက္ၿပီး " အခန္းအျပင္မွာျဖစ္ျဖစ္ ေစာင့္ေနပါ့မယ္ .. မအိပ္နဲ႔ဆိုရင္ေတာင္ မအိပ္ဘူးေလေနာ္ "
Ruff ၏ မ်က္ဝန္းမ်ားက ေျပာင္းလဲသြားျခင္းမရိွေပ ။ သူက ႏွာတရႈံရႈံျဖင့္ ငိုေနသၫ့္ Andoshi ၏ မ်က္ႏွာေလးအား အသာပြတ္လိုက္ၿပီး " မေၾကာက္နဲ႔ ဘာမွမျဖစ္ဘူး " ဟု ေျပာလိုက္ၿပီး တြင္းနက္အေရ႔ွသို႔ သြားလိုက္ကာ ခုနက ေသြးသံရဲရဲ မ်က္ႏွာအား အတြင္းသို႔ ျပန္ကန္သြင္းလိုက္သည္။
Andoshi - "..."
ေၾကာက္စရာႀကီး-! ခဗ်ားက ပိုေၾကာက္စရာေကာင္းတယ္ ..
ထိုအျဖစ္ေၾကာင့္ Andoshi သည္ က်ဆင္းေနသၫ့္ မ်က္ရည္မ်ားပင္ တန႔္သြားရသည္ ။ သူ႔ကိုလည္း အဲ့လို မကန္သြင္းပါဘူးလို႔ ဘယ္သူမွ အာမမခံႏိုင္ဘူးေလ ။
' အား-! Shun ငလူးေလး အခုထိ မႂကြခဲ့ေသးဘူးလားဟ .. ေနာက္ နာရီဝက္ေလာက္ဆို ငါ့အေလာင္းကိုဘဲ မင္းေတြ ့ရေတာ့မလား မသိဘူးေနာ္ '
***
တဖက္တြင္ Shun က Regis နဲ႔ အတူ Loryar ပါ ေခၚၿပီး Loryard ၿမိဳ႔သို႔ ေရာက္လာခဲ့သည္ ။ ရုတ္တရက္ ဆြဲေခၚခံလာရသၫ့္ Regis မွာ အေျခအေနအား မသိရိွေပ ။ Shun က သူ႔အား စြမ္းအင္ ျပန္သံုးႏိုင္ဖို႔ နည္းလမ္းရိွသည္ဟုသာ ေျပာထားခဲ့သည္ ။
ေရာက္ေရာက္ခ်င္း Regis က မႏွစ္ၿမိဳ႔ဖြယ္ အနံ႔အသက္အား ရရိွလိုက္ၿပီး သူ႔ႏွာေခါင္းကို ဖံုးအုပ္လိုက္ရသည္ ။
" ဒီမွာ ဘာေတြ ျဖစ္ေနတာလဲ "
Loryard ၿမိဳ႔၏ ေအာင္ျမင္မႈသည္ သူတို႔၏ ဆက္ခံသူ သခင္ေလး ျပန္ေရာက္လာၿပီး ေနာက္ပိုင္း ပိုတိုးတက္လာေၾကာင္း လူတိုင္းသိၾကသည္ ။ သူတို႔က ေတာ္ဝင္မိသားစုကိုပင္ ျဖဳတ္ခ်လုနီးပါးျဖစ္ခဲ့ေသးသည္ ။ Ruff ၏ သာမန္နဲ႔ မတူသၫ့္ စြမ္းအားကိုလည္း အသိအမွတ္ျပဳခဲ့ၾကၿပီးျဖစ္သည္ ။ Loryard ၿမိဳ႔သည္ Langira ေက်ာင္းကဲ့သို႔ သီးသန႔္ ရပ္တည္ႏိုင္ၿပီျဖစ္သည္ ။
Regis - ".."
အေလာင္းေတြနဲ႔ ဂုဏ္ျပဳပြဲ လုပ္ေနၾကတာေတာ့ မဟုတ္ဘူး မလား ။
ဒီေလာက္ ဆိုးရြားသၫ့္ စြမ္းအင္က အခုထိ ပ်ံ့ႏွံ႔ျခင္း မရိွေသးသည္မွာ သန႔္စင္သၫ့္ စြမ္းအင္တစ္ခုခုက ထိန္းခ်ဳပ္ထားျခင္းေၾကာင့္ျဖစ္ရမည္ ။
Ruzel က Regis အား ၾကၫ့္လိုက္၏ ။
" သူလား ? "
" အင္း .. " Shun က ေခါင္းညိတ္ျပလိုက္သည္ ။ က်ိန္စာသည္ ျပင္းထန္လြန္းသျဖင့္ Ruff အား မထိခိုက္ဘဲ ဖယ္ထုတ္ႏိုင္ျခင္းမရိွေခ် ။ ၿပီးေနာက္ ဖယ္ရွားခ်င္လ်ွင္ သူသည္ ယခင္ကကဲ့သို႔ စိတ္လႊတ္သြားသၫ့္ အေျခအေနကို ေရာက္သြားႏိုင္သည္ ။ သူ စိတ္လႊတ္သြားသၫ့္ အေျခအေနက Ruff ထက္ ဆိုးရႊားမည္မွာ ေသခ်ာေနသျဖင့္ Ruff ၏ သဘာဝရန္သူျဖစ္သၫ့္ Regis အား ေခၚလာခဲ့ျခင္းပင္ ။
Regis သည္ အေျခအေနကို နားလည္သြားၿပီးေနာက္ Loryar ၏ လက္အား ခပ္ဖြဖြ ဆုပ္ကိုင္လိုက္ၿပီး ေခါင္းညိတ္လိုက္သည္ ။ " ဒီမွာ ေစာင့္ေန " ဟု ေျပာလိုက္သည္ ။ လက္ရိွ အႏၲရယ္ကို သူက ေကာင္းစြာ နားလည္ထားသည္ ။ ဖေယာင္းတိုင္ရဲ့ အလင္းေလးနဲ႔ အဆံုးမဲ့သၫ့္ အေမွာင္ထုကို တိုက္ခိုက္ရမည္ကဲ့သို႔ ျဖစ္ေနသည္ မဟုတ္ပါလား ။
Shun က Regis ၏ စိုးရိမ္ေနသၫ့္ မ်က္ႏွာအား တစ္ခ်က္ၾကၫ့္လိုက္ၿပီး " မပူပါနဲ႔ ... သူက စိတ္မလြတ္ေလာက္ေသးဘူး .. အရမ္းစိတ္ခ်ရတဲ့သူတစ္ေယာက္ကို ေစာင့္ေရွာက္ခိုင္းထားတယ္ "
အခန္းေရ႔ွသို႔ ေရာက္ခ်ိန္တြင္ Shun က Ruzel အား သူ႔အေနာက္သို႔ ပို႔လိုက္သည္ ။ Regis သည္ေတာ့ အနံ႔ေၾကာင့္ မူးေမ့ေတာ့မလို ခံစားေနရသည္ ။
စိတ္ပ်က္စရာေကာင္းတဲ့ အနံ႔ဘဲ
အခန္းထဲတြင္ Andoshi သည္ သြားခ်င္းရိုက္ကာ ခိုက္ခိုက္တုန္ေနၿပီျဖစ္သည္ ။ ယခင္က ဝိညာဉ္မ်ားသည္ ယခုအခါ အသံမ်ားပင္ ထြက္လာၿပီး အျပင္ဘက္သို႔ ထြက္လာဖို႔ ေျခေထာက္ေလးသာ လိုေတာ့သည္ ။ လက္ရိွတြင္ သူက Ruff ၏ ရင္ခြင္ထဲတြင္ နစ္ျမဳပ္ေနေသာေၾကာင့္ ထြက္ေျပးခ်င္လ်ွင္ေတာင့္ မျဖစ္ေခ် ။ ထို႔ေၾကာင့္ ခႏၶာကိုယ္အား တတ္ႏိုင္သမ်ွႀကံဳကာ ရင္ခြင္ထဲ ဝင္ေနရံုသာ တတ္ႏိုင္ေလသည္ ။
ဝုန္း!
တံခါးဖြင့္သံေၾကာင့္ ေခါင္းေလးထြက္ကာ ၾကၫ့္လိုက္သည္ ။
'သူေတာင္းစားေကာင္ ေနာက္ဆံုးေတာ့ ေရာက္လာၿပီေပါ့ ' သူသည္ ယခုအခ်ိန္ ထရပ္ဖို႔ အင္အားေတာင္ မရိွေတာ့ေခ် ။ အခန္းတစ္ခုလံုး တြင္းနက္ႀကီးျဖင့္ ျပၫ့္နက္ေနၿပီး သူနဲ႔ Ruff ရိွေနသၫ့္ အခန္းေတာင့္ေလးကသာ ေလထုက သန႔္စင္ေနသည္ ။
Regis က Andoshi အား ေတြ ့သၫ့္အခါ သေဘာေပါက္သြားဟန္ Shun အား လွၫ့္ၾကၫ့္လိုက္သည္ ။
" ယံုၾကည္မႈ စြမ္းအင္ ပိုင္ရွင္ကို ေစာင့္ေရွာက္ခိုင္းထားတာဘဲ .. "
နတ္ဘုရားတစ္ပါး၏ ေရာင္ဝါသည္ သူ႔အား ယံုၾကည္သူမ်ားေလ ပိုႀကီးျမတ္ေလျဖစ္သည္ ။ ယံုၾကည္မႈစြမ္းအင္သည္ တိုက္ခိုက္ႏိုင္စြမ္းမရိွသလို ၊ ကုသႏိုင္စြမ္းလည္း မရိွေခ် ။ သို႔ေသာ္ တစ္ေယာက္ရဲ့ ႏွလံုးသားကို အလင္းျပႏိုင္သည္ ။ ဒါ့အျပင္ သူ႔ရဲ့ အလင္းစြမ္းအင္ကိုလည္း ပိုအစြမ္းထက္ေစသည္ ။
Shun ၏ ခန႔္မွန္းလို႔မရသၫ့္ အၿပံဳးတစ္ခုေပးလိုက္သည္။ Andoshi သည္ Regis အား ဖ်က္ဆီးဖို႔ရန္ ဒီကမ႓ာကို သူေရာက္ကတည္း ထားထားသၫ့္ လ်ိဳ႕ဝွက္ကဒ္တစ္ကဒ္ျဖစ္သည္ ။ အခုေတာ့ အသံုးမဝင္ေတာ့ေပမဲ့ေပါ့ေလ ။
သူက စခရင္အား ေခၚထုတ္လိုက္ၿပီး သူျပင္ဆင္ထားၿပီးၿပီျဖစ္သၫ့္ သေကၤတအား Regis ထံသို႔ ပို႔လႊတ္လိုက္သည္ ။
" အံ့ဩခ်င္ရင္ ေနာက္မွအံ့ဩ လုပ္စရာရိွတာ လုပ္ေတာ့ " Shun ၏ စကားဆံုးသည္ႏွင့္ Regis က ျပန္လည္ရရိွလာသၫ့္ စြမ္းအင္မ်ားျဖင့္ ဝိညာဉ္မ်ားကို တိုက္ခိုက္လိုက္သည္။ စြမ္းအင္ အပိုင္းအစတစ္ခုကပင္ ဝိညာဉ္မ်ားအား မီးကြၽမ္းသလို ခံစားေစသည္ကို ၾကၫ့္ရင္း Shun က ေခါင္းညိတ္လိုက္သည္ ။ တဖက္တြင္ သူက Ruzel ထံသို႔ တြယ္ကပ္ခ်င္ေနသၫ့္ အပိုင္းအစမ်ားအား ဖ်က္ဆီးေနသည္ ။
" ဝိညာဉ္ေတြက အရမ္းမ်ားတယ္ .. ငါ ဒီထဲ ဝင္မျွဖစ္မယ္ " Regis က ထြက္ေျပးရန္ျပင္ေနသၫ့္ ဝိညာဉ္ေကာင္အား အလင္းျဖင့္ ေလာင္ကြၽမ္းေစလိုက္ၿပီး ေအာ္ေျပာလိုက္သည္။သူက Ruff အား ၫႊန္ျပလိုက္ၿပီး " သူ႔ကို တစ္ေနရာရာေခၚသြားေပး.. ဒီေနရာနဲ႔ လံုးဝအဆက္အသြယ္ ျပတ္သြားရင္ ပိုေကာင္းတယ္ "
ေျပာၿပီးေနာက္ တြင္းနက္ႀကီးထဲ ခုန္ဝင္သြားသၫ့္ Regis ေၾကာင့္ Shun ပင္ အနည္းငယ္အံ့ဩသြားသည္ ။ အဲ့ေလာက္ထိ ကူညီေပးလိမ့္မည္ဟု မည္သူမ်ွ မထင္ထားခဲ့ေပ ။
တံု႔ဆိုင္းမေနဘဲ Shun က လက္ကို ေဝ႔ွယမ္းလိုက္သည္ ။ ေသြးစက္မ်ားက Andoshi ႏွင့္ Ruff အား ဖံုးအုပ္သြားၿပီး သူ႔ရဲ့ ေသြးကမ႓ာသို႔ ပို႔ေဆာင္လိုက္သည္ ။ ၿပီးေနာက္ သူသည္လည္း Ruzel အား ေခၚလ်က္ေပ်ာက္ကြယ္သြားသည္။
Andoshi သည္ ထပ္မံပို႔ေဆာင္ခံလိုက္ရသၫ့္ေနရာမွာ ေသြးပင္လယ္ႀကီး ျဖစ္ေနသျဖင့္ ေအာ္ငိုရန္ပင္ အသံမထြက္ႏိုင္ေတာ့ေပ ။
ငါ့ေဘးနားက လူေတြက စိတ္ပိုင္းဆိုင္ရာ ေနွာက္ယွက္ရတာ ဝါသနာပါေနတာလား ?
Ruff မွာ သတိလစ္သြားၿပီ ျဖစ္သျဖင့္ Shun က Andoshi ၏ ပုခံုးအား ႏွစ္ခ်က္ ပုတ္ကာ " ေစာင့္ေရွာက္လက္စနဲ႔ ေစာင့္ေရွာက္ေပးလိုက္ဦး .."
" ငါ .. ဟင့္ .. ငါေလ "
Andoshi သည္ ျငင္းပယ္ရန္ျပင္လိုက္စဉ္မွာပင္ Shun နဲ႔ Ruzel သည္ ေနရာတြင္ မရိွေတာ့ေခ် ။
Andoshi - "..."
ငါသတ္ေသလိုက္မွာေနာ္.. ဝူးးဝူး
***
ေသြးတြင္းနက္ႀကီးထဲတြင္ Regis သည္ ေထာင္ေသာင္းမ်ားစြာေသာ ဝိညာဉ္မ်ားေၾကာင့္ ၾကက္ေသေသေန၏ ။ ဒီအရာေတြကို ျဖတ္ေက်ာ္ၿပီး ေသြးမေကာင္းဆိုးဝါးဆီေရာက္ေအာင္ ဘယ္လိုလုပ္ရမွာလဲ ။
သည္အခ်ိန္တြင္ စူးရွသၫ့္ အလင္းတန္းတစ္ခု ထြက္ေပၚလာခဲ့သည္ ။ ဝိညာဉ္မ်ားအားလံုး မလႈပ္ရွားေတာ့ဘဲ ရပ္တန႔္သြားသည္မွာ ထိန္းခ်ဳပ္မႈမရိွေတာ့သၫ့္ ရုပ္ေသးမ်ားအလား ။
" နာရီဝက္အခ်ိန္ရမယ္ .. " Shunနဲ႔ Ruzel က Regis နဲ႔ ခပ္လွမ္းလွမ္းတြင္ ေပၚလာခဲ့သည္ ။
"" သူ႔ကို သေကၤတ ျပန္ေပးလိုက္ၿပီဆိုေတာ့ .. အသံုးေတာ့က်ေလာက္ပါတယ္ .. ဟုတ္တယ္မလား ""
ေရွာင္ထ်န္း ျပန္မေျဖခင္ ထပ္ေျပာလိုက္သည္ ။
"" မေအာင္ျမင္ရင္ သတ္လိုက္ေတာ့မယ္ ""
ေရွာင္ထ်န္း - "..."
ဇာတ္လိုက္ေတြ ဘယ္ေလာက္ေတာင္ အကုသိုလ္မ်ားေနလို႔ ဒီလိုလူနဲ႔ ရန္သူျဖစ္ေနရတာလဲ ..
/ ဆံခ်ည္တမ်ွင္ကပ္ၿပီးေတာ့ ေအာင္ျမင္တာ ထံုးစံဘဲ မလား စိတ္မပူပါနဲ႔ အသံုးက်ပါတယ္ .. ႀကိဳးစားခြင့္ေပးလိုက္ပါဦး /
တကယ္ႀကီး မိနစ္သံုးဆယ္ ကြက္တိမွာ Regis သည္ ေသြးမေကာင္းဆိုးဝါး၏ လက္က်န္ဝိညာဉ္ကို သတ္ျဖတ္ႏိုင္သြားခဲ့သည္ ။ သံုးေယာက္သား ပံုမွန္ျပန္ျဖစ္သြားၿပီျဖစ္သၫ့္ Ruff ၏ အခန္းထဲတြင္ ျပန္ေပၚလာခဲ့သည္ ။ ထိုေသြးတြင္းႀကီး မရိွသၫ့္အတြက္ ေလထုပင္ သန႔္ရွင္းေနသေယာင္ ။
သူတို႔သည္ ထိုအထဲတြင္ နာရီဝက္သာ ေနခဲ့ေသာ္လည္း အျပင္တြင္ ႏွစ္ရက္ကုန္သြားၿပီျဖစ္သည္ ။ ထိုႏွစ္ရက္အတြင္း Loryar သည္ Loryard ၿမိဳ႔၏ လယ္ေျမမ်ားအား ျပန္လည္ျပင္ဆင္ေပးခဲ့သည္ကို သိခဲ့ရသည္ ။
"" အဓိကဇာတ္လိုက္က တကယ္အေရးႀကီးတာဘဲ .."" Regis သည္ သူ႔အား ဆန႔္က်င္ဖို႔ မေရြးခ်ယ္သၫ့္အတြက္ အမ်ိဳးသမီးဇာတ္လိုက္ Loryar ေတာင္မွ သူ႔အား ျပႆနာရွာျခင္း မရိွေခ် ။ ေသးေသးေလးေတာင္ မရိွဘူး ။
***
အကုန္ေျဖရွင္းၿပီးေနာက္ ျပႆနာတစ္ခု က်န္ရစ္ေနေသးသည္ ။
" ဒီေလာက္ ေသာက္ရမ္းခါးေနတဲ့ဟာကို မေသာက္ခ်င္ဘူးလို႔ .. ဟင့္ .. ငါ့ကို ဝိုင္းအႏိုင္က်င့္ေနၾကတယ္ .. ငါ့လို အားနည္းတဲ့သူေလးကိုေလ .. "
အေၾကာက္လြန္ၿပီး ဖ်ားသြားသၫ့္ Andoshi သည္ ျပႆနာရွာေနျခင္းပင္။ Ruff အား စိတ္မလြတ္သြားေစရန္ ထိန္းေပးႏိုင္ခဲ့ျခင္းေၾကာင့္ ကိစၥမ်ား ပိုလြယ္ကူသြားတာျဖစ္သျဖင့္ မည္သူမ်ွ Andoshi အား အျပစ္မေျပာၾကေပ ။
Shun - အင္းး သူလုပ္ေပးတာဆိုလို႔ ထိုင္ေနတာဘဲ ရိွေပမဲ့လို႔ေပါ့ ..
သို႔ေသာ္ ထိုေၾကာက္စရာအေျခအေနတြင္ ထိုင္ေနေပးဖို႔ကပင္ ခက္ခဲလွသၫ့္အတြက္ သူ႔လုပ္ေဆာင္မႈအား အသိအမွတ္ျပဳေပးလိုက္သည္။
Shun - ထြက္ေျပးလို႔မရလို႔ ထိုင္ေနတာဆိုေပမဲ့ မသိခ်င္ေယာင္ေဆာင္ေပး ..
" ေခြးေကာင္ Shun .. အနာကို ဆားလာသိပ္ေနတာလား "
Andoshi က သူ႔အား ေလွာင္ေျပာင္ေနသၫ့္ Shun အား လွၫ့္ေျပာလိုက္သည္ ။
Shun က အမွန္တကယ္ အသိအမွတ္ျပဳသၫ့္ အမႈအရာလုပ္ကာ " မင္းရဲ့ စြမ္းအင္က တကယ္သန္မာတာကိုေတာ့ အသိအမွတ္ျပဳပါတယ္ "
Andoshi - မသန္မာပါဘူး .. ေသာက္ခြက္လာေျပာင္မေနနဲ႔ ။။
ငါ့ကို ေသြးပင္လယ္မွာ အငတ္ထားခဲ့လို႔ မင္းကို ေက်နပ္တာမဟုတ္ဘူး .. ။
Ruzel က ခပ္ဖြဖြၿပံဳးလိုက္ၿပီး Andoshi အား ေျပာလိုက္သည္ ။ " ဒီက သူငယ္ခ်င္းေလးအတြက္ လက္ေဆာင္ေတြ ျပင္ဆင္ထားတာမို႔ .. ျမန္ျမန္ေနေကာင္းေအာင္ လုပ္သင့္တယ္ေနာ္ ။။"
Andoshi သည္ Shun အား မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ၿပီး သြားၿဖီးကာ Ruzel အား ၾကၫ့္လိုက္သည္ ။
" Ruzel Sama ကြၽန္ေတာ့္ကို လစာတိုးေပးမလို႔လား "
Ruzel က စဉ္းစားရၾကပ္သြားပံုရသည္ ။ " အိုး, အဲ့ဒါေတာ့ မင္းရဲ့ ပိုင္ရွင္ကို ေမးမျွဖစ္လိမ့္မယ္ " ဟု ေျပာၿပီးေနာက္ Shun အား ဆြဲေခၚကာ ထြက္သြားေတာ့သည္ ။
Andoshi - "..."
ပိုင္ရွင္ ? ဘယ္ငပိန္းက သူ႔ပိုင္ရွင္ လုပ္ရဲတာလဲ
" အား-! Ruff ေသာက္ရူးေကာင္ ပါးစပ္သရမ္းရင္ မိုးႀကိဳးပစ္မွာ မေၾကာက္ဘူးလား "
ေလ်ွာက္လမ္းအထိပင္ ဟိန္းထြက္လာသၫ့္ Andoshi ၏ အသံေၾကာင့္ Shun ၏ မ်က္ႏွာက ရႈံ႔မဲ့သြားသည္ ။ သူက ေဘးမွ Ruzel ၏ ခါးေလးအား ဆြဲဖက္လိုက္ၿပီး " ကိုယ့္ခ်စ္သူေလးဘဲ ေကာင္းတယ္ "
ဝရံတာမွ တဆင့္ ၿမိဳ႔တစ္ခုလံုးအား ၿခံဳၾကၫ့္လိုက္ၿပီး Ruzel က Shun ၏ ရင္ခြင္ထဲသို႔ အသာမွီလိုက္ကာ မ်က္လႊာအသာခ်လိုက္သည္ ။
" ငါ မွတ္ဉာဏ္ထိန္းသိမ္းဖို႔ မလုပ္ေတာ့ဘူး .. အဲ့ဒါေၾကာင့္ ခ်ိတ္ပိတ္ဖို႔ စြမ္းအင္ သံုးစရာမလိုဘူး .."
ဟင္?
" ဒါေပမဲ့ ဖ်က္ပစ္မွာလဲ မဟုတ္ဘူးေနာ္ " ခိုင္မာစြာ ေျပာလာသၫ့္ Ruzel ေၾကာင့္ Shun မွာ ေခါင္းညိတ္ရံုသာ တတ္ႏိုင္ေလသည္ ။
" မင္း မထိခိုက္သေရြ ့ အဆင္ေျပတယ္ "
Ruzel သည္ သူ႔ခါးအား ေပြ ့ဖက္ထားသၫ့္ လက္အေပၚမွ အုပ္ကိုင္လိုက္ၿပီး
" ၿပီးေတာ့ .. ဘယ္ဘဝမွာမဆို ငါ ဘယ္ေလာက္ေမ့ေနပါေစ .. ဒါမွမဟုတ္ ဘယ္ေလာက္ျငင္းဆန္ေနပါေစ .. ငါနဲ႔ အတူရိွဖို႔ ႀကိဳးစားေပးရမယ္ .."
Shun ၏ ႏူတ္ခမ္းမ်ား က လွပစြာ ျမင့္တက္သြားသည္ ။ သူက Ruzel အား ရင္ခြင္ထဲ နစ္ျမဳပ္သြားသည္အထိ ေပြ့ဖက္လိုက္ၿပီး ပါးျပင္ေလးအား ျဖတ္ခနဲ ငံု႔နမ္းကာ ေျပာလိုက္သည္ ။
" ေသခ်ာေပါက္ မင္းက ကိုယ့္အပိုင္ဘဲ ျဖစ္ရမွာေပါ့ "
___________________________
😫 အမေလးေလး ေနာက္ဆံုးေတာ့ Arc. 9 ၿပီးသြားခဲ့ၿပီ
ပထမဆံုး အလြတ္ေပးခံလိုက္ရတဲ့ အဓိကဇာတ္လိုက္ Regis အတြက္ ဂုဏ္ျပဳ လက္ခုပ္ေလး ေပးသနားလိုက္ၾကပါဦး 👏👏👏🤭❤️
ေနာက္ Arc အတြက္ တံခါးပိတ္က်င့္ႀကံပါေတာ့မယ္ .. * အႀကံေပးခ်င္ရင္ သတင္းပို႔ ဓားပ်ံ လြတ္ေပးလိုက္ၾကပါ * 😗
( ဒီေလာက္အရွည္ႀကီးကို ဖ်က္မိေတာ့မလို႔ 🙂 ေသာက္လက္က အက်င့္ကို မေပ်ာက္ဘူး .. ျပန္ေရးရရင္ ငိုမိလိမ့္မယ္ တကယ္ )
_______________
Unicode
တိုင်းပြည်ငယ် တစ်ခုအဖြစ် အသွင်ပြောင်းဖို့အတွက် အခက်အခဲများစွာရှိနေသည်။ တိုင်းပြည်များက တစ်ခုနှင့် တစ်ခု ဝင်နှောက်ယှက်ခြင်းမရှိရဆိုသည့် စည်းကမ်းချက်သာမရှိလျှင် ဖြစ်နိုင်ချေ က ပိုနည်းပါးသွားလိမ့်မည် ။
ပထမဦးဆုံးအနေနဲ့ သူတို့က ယခင် Dungeon များအား ခွဲဝေယူထားသည့် မြို့များထံသို့ ဦးတည်ခဲ့ပြီး မြို့ပတ်လည်ရှိ နယ်မြေများကို ချဲ့ထွင်ခဲ့သည် ။ Loryard မြို့ ပတ်ဝန်းကျင်တွင် လူနေထိုင်ရာသိပ်မရှိဘဲ တောအုပ်များဖြစ်သဖြင့် ချဲ့ထွင်ရာတွင် လွယ်ကူခဲ့သည် ။
မြို့များကို တိုက်ခိုက်ရာတွင် Ruff က အဓိက ဦးဆောင်ခဲ့ပြီး ညှိနှိုင်းမှုအတွက် Ruzel က တာဝန်ယူခဲ့သည် ။
ရုတ်တရက် ပုန်ကန်မှုဖြစ်ခြင်းက တော်ဝင်မိသားစုအား တုန်လှုပ်သွားစေခဲ့သည် ။ သူတို့က Langira ကျောင်းတော်အား အကူအညီတောင်းကာ လုပ်ကြံသူများ လွှတ်ခဲ့ကြသည် ။ သို့သော် မြို့ထဲသို့ မဝင်ရသေးခင်ပင် Shun ၏ ရှာဖွေတွေ ့ရှိမှုအား ခံလိုက်ရသည် ။
" သူတို့ကို ဒီတိုင်းသတ်လိုက်ရမှာ နှမြောစရာမကောင်းဘူးလား .. " Shun က Ruzel ထံမှ သဘောတူညီမှုအား တောင်းခံနေသည့်ဟန်ဖြင့် ကြည့်လိုက်သည် ။ သူ့သွေးအစွမ်းသည် သွေးမကောင်းဆိုးဝါးဆိုသူလို ဝိညာဉ်များကို မဝါးမြိုနိုင်သော်လည်း သက်ရှိ လူသားများကို ထိန်းချုပ်နိုင်လေသည်။
Ruzel ၏ နဖူးလေးက အနည်းငယ်တွန့်သွား၏ ။
" ဒီလူတွေကို အသုံးချချင်ရင် ရတယ် .. ဒါပေမဲ့ တစ်ခုတော့ပြောထားမယ်နော် .. မင်းရဲ့ သွေးတွေ အကုန်လုံးက ဒီအရှင်သခင်ပိုင်တာ "
Shun က သဘောတကျ ပြုံးလိုက်ပြီး တက်ကြွစွာဖြင့် ထိန်းချုပ်ခြင်းအား စတင်တော့သည် ။ ဤလူများသည် အကောင်းဆုံး သူလျှိုများ ဖြစ်လာလိမ့်မည် ။
တိုက်ခိုက်ရာတွင် အိုးအိမ်ပျက်စီးခြင်းကို မရှောင်ရှားနိုင်သော်လည်း သူတို့က အတတ်နိုင်ဆုံး မဖျက်ဆီးမိအောင် ကြိုးစားခဲ့သည် ။ Ruff ၏ စွမ်းအင်သည် စစ်ပွဲအတွင်းမှာပင် တဟုန်ထိုးတက်လာခဲ့သည် ။ အဓိကအချက်မှာ သူက လူသတ်လေ အစွမ်းထက်လေဖြစ်နေတော့သည် ။ နဂို အေးစက်လွန်းသည့် သူ့အနားက အရှိန်အဝါသည် ခက်ထန်လွန်း၍ Andoshi ပင် ကြောက်ရွံ့နေပြီး အနားကပ်ဖို့ ရှောင်ရှားနေသည် ။
Ruff သည် သူနှင့် ပေနှစ်ဆယ်လောက်အကွာမှာကတည်း ရှောင်ကွင်းသွားနေသည့် Andoshi ကြောင့် ဥယျာဉ်ထဲတွင် ထိုင်နေရာမှ လှည့်ကြည့်လိုက်သည် ။
ပစ္စည်းမျိုးစုံအား တပွေ ့တပိုက်ဖြင့် Andoshi သည် ရုတ်တရက် လေအေးတစ်ချက်ဖြတ်တိုက်ခံလိုက်သလို ခံစားလိုက်ရ၏ ။ သူက Ruff အား မျက်လုံးကို မှိတ်လိုက်ပြီး လှည့်မကြည့်မိစေရန် တားမြစ်လိုက်ကာ အလျင်အမြန်ပြေးထွက်ရန် ပြင်လိုက်သည် ။
ဘုတ်!
တစ်ယောက်ယောက်အား တိုက်မိလိုက်ပုံရတာကြောင့် တောင်းပန်ရန် မျက်လုံးဖွင့်လိုက်ကာ မျက်လွှာအသာပင့်လိုက်သည်။ ခုနကလေးတင် သူနဲ့ ပေနှစ်ဆယ်အကွာမှာရှိနေသည့် လူသည် ယခု သူ့ရှေ့တွင် ရပ်နေလေသည် ။
ထိတ်လန့်မှုကြောင့် ပြုတ်ကျသွားပြီဖြစ်သည့် မုန့်ထုတ်လေးများအား နှမြောတသဖြင့်ကြည့်လိုက်၏ ။
မင်းတို့ .. မင်းတို့ စွမ်းအင်ပိုင်ဆိုင်တယ်ဆိုပြီး
ဗြုန်းစားကြီး မထွက်ခဲ့ဖို့ မပြောဘူးလား .. Ah!
မင်းတို့က သရဲလား ဘာလား ?
လူက လူလိုနေရတာဟ ..
နားလည်လား ? ငါပြောတာ နားလည်ရဲ့လား -!
စိတ်ထဲတွင် အဆက်မပြတ်ပြောနေသော်လည်း အပြင်တွင်တော့ အသံတစ်စက်မှ မထွက်ရဲချေ ။ သူ့အား ကြည့်နေသည့် အေးစက်စက်မျက်ဝန်းနဲ့တင် အသက်ရှုကြပ်နေရသောကြောင့် ။
နာရီဝက်ခန့် ကြာပြီးနောက်
မည်သူမှ စကားမပြောကြသေးချေ ။
Andoshi - "..." ဒီခွေးကောင် ! ထပ်ပြီး လုပ်ပြန်ပြီ
တစ်ခုခုပြောစမ်းပါဟ!
ဘယ်လောက်ကြာကြာ စိုက်ကြည့်နေဦးမှာလဲ?
ငါလေးက အရမ်းသန့်စင်မွန်မြတ် စင်ကြယ်ပြီး ချောမောခန့်ညား ကြည့်ကောင်းတယ်ဆိုတာ သိပေမဲ့
အဲ့လောက် စိုက်ကြည့်နေစရာလား ! ဟမ်
ဘာမှမပြောဘဲ စိုက်ကြည့်နေတာ ဘယ်လောက်တောင် မယဉ်ကျေးတဲ့ အပြုအမှုဆိုတာ မသင်ပေးထားဘူးလား
' သောက်ခွေး-! ဒီကျက်သရေအဖြာဖြာနဲ့ ပြည့်စုံတဲ့ ငါက အရမ်း စိတ်ဆိုးသွားပြီ '
Andoshi က လက်ထဲတွင် ကျန်နေသည့် ပစ္စည်းများအား ပစ်ချလိုက်ပြီး အကြိတ်အနှယ် ပြောဆိုရန် အကျႌလက်စအား ပင့်လိုက်သည် ။ သေးသွယ်သည့် မျက်နှာလေးထက်တွင် စိတ်မရှည်မှု ၊ ဒေါသ တို့ ဖြတ်ပြေးနေပြီး Ruff အား စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည် ။
" မင်း ဘာဖြစ်ချင်တာလဲ -! .. မင်းအရှေ့မှာ ကိုးရိုးကားရားနဲ့ ဟာသမလုပ်တော့လို့ စိတ်တိုနေတာလား .. ဒါမှမဟုတ် ဒီမှာ ကပ်နေနေလို့ မကျေနပ်တာလား .. ငါက မင်းဆီမှာ နေတာမဟုတ်ဘူး .. ငါ့ရဲ့ Shun ဆီမှာ ကပ်နေနေတာ အဲ့တော့ မင်းမကျေနပ်ရင် လဲသေလိုက် .. "
" ဪ ငါက မင်းအနားကပ်မနေတော့ အနိုင်ကျင့် မရတော့လို့ မကျေနပ်နေတာလား .. သနားစရာ ခွေးမသားလေး "
Andoshi ၏ ဒေါသထွက်နေသည့် ကြောင်လေးတစ်ကောင်နှယ် အမွေးတွေ ထောင်လုမတတ် ပုံစံကို ကြည့်ရင်း Ruff ၏ အကြည့်များက နူးညံ့သွားသည် ။
" မင်းရဲ့ ပတ်ဝန်းကျင်ကိုလည်း ကြည့်လိုက်ဦး .. လေထုကတောင် အနက်ရောင် ပြောင်းတော့မယ် .. ဘယ်သူက အနားကပ်ချင်မှာလဲ .. သောက်ရမ်းချောတဲ့ မျက်နှာနဲ့ ဆိုရင်တောင် အသုံးမဝင်ဘူး .. "
Andoshi က မောသွားဟန် ခဏအနားယူလိုက်ပြီးမှ အေးစက်စက်မျက်ဝန်းများအား စိုက်ကြည့်လိုက်သည် ။ သို့သော် လန့်ဖြတ်သွားတာကြောင့် ဟန်အမှုရာမပျက် အကြည့်လွဲလိုက်ပြီး
" ပြီးတော့ ပြီးတော့ .. မင်းရဲ့ မျက်လုံးတွေမှာ ဓားတွေသာ ရှိရင် အခုချိန် ငါသေနေလောက်ပြီ .. ဘာကိစ္စ ဒီလောက် မှောင်မဲ အေးစက် ခံစားချက် မဲ့နေရတာလဲ .. မျက်လုံး လှလှလေးတွေရှိရက်နဲ့ ဖြုန်းတီးမှုဘဲ .. သိရဲ့လား ဖြုန်းတီးမှု "
" မင်းက Shun လို ပတ်တီးဖြုန်းတီးရေးစက်ထက်တောင် ပိုဖြုန်းတီးသေးတယ် ... အဲ့ပါးစပ်ကလေ တစ်ယောက်ယောက် အပ်နဲ့ ချုပ်ထားလို့လား .. ဘာမှမပြောတဲ့အပြင် အပြုံးသေးသေးလေးတောင် မရှိဘူး .. ရေခဲတုံးဖြစ်ချင်ရင်လည်း ရေခဲတုံးလို လေးတောင့်ဖြစ်ဖြစ် အချွန်ဖြစ်ဖြစ် မွေးလာပါလား .. "
Andoshi သည် ရှုံ့ချနေရာကနေ ရုပ်ရည်ဝေဖန်မှုအဖြစ် မည်သို့ ရောက်ရှိသွားမှန်း မသိတော့ချေ ။ သို့သော် ဤစကားများအား ပြောချင်နေသည်မှာ တော်တော်ကြာမြင့်နေပြီဖြစ်သည် ။
ကြည့်ကောင်းတဲ့ ရုပ်လေးရှိပြီး ဘယ်လောက် နှမြောစရာကောင်းလိုက်လည်း ..
ဒီဖြုန်းတီးမှုက သူ့လို ရုပ်လှလှလေးတွေကို နှစ်သက်တဲ့ လူမျိုးတွေက အပြစ်ပြုတာနဲ့ အတူတူဘဲ
တောင်းပန်စမ်းဟျောင့် တောင်းပန်လိုက်စမ်း !
Ruff က ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ပြီး
" အိုး, ဒါဆို ငါ့အနားမှာ ထားဖို့ တစ်ယောက်ယောက်ရှာရမှာပေါ့ .. Ruzel ကို လူရှာတဲ့အခါ လုပ်အားခ ထပ်တိုးဖို့ ပြောရဦးမှာဘဲ "
Andoshi - (⊙﹏⊙)
" ထပ်တိုးဦးမယ်ဆိုတော့ နဂိုက ဘယ်လောက်လဲ "
Andoshi ၏ မျက်ဝန်းများ အရောင်တောက်ပသွားပြီး လေသံတိုတိုးဖြင့် မေးလိုက်သည် ။ Ruff က သွယ်လျသည့် လက်ချောင်းတို့ကို မြောက်ကာ လက်နှစ်ချောင်းထောင်ပြလိုက်သည် ။
" ဝါး-! နှစ်ထောင် ? ရွှေပြား နှစ်ထောင် တောင်လား "
Ruff က ထူးမခြားနား အမှုအရာဖြင့် ပြောလိုက်သည်။
" နှစ်သောင်း "
Andoshi မှာ သူ့ခေါင်းပေါ်တွင်ရွှေပြားလေးများ ပျံသန်းနေသည်ကို မြင်ယောင်သွားကာ သွားရည်များပင် ထွက်ကျလုမတက်ဖြစ်လာပြီးနောက် ပျော်လုံးစို့ကာ မေ့လဲသွားတော့သည် ။
Ruff သည် Andoshi ၏ အဖြစ်ကြောင့် အသံထွက်ရယ်မိလိုက်ပြီး ခေါင်းယမ်းလိုက်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လဲကျသွားသည့် ခန္ဓာကိုယ်လေးအား ထိန်းထားလိုက်သည် ။
Ruzel က Shun နှင့်အတူ လျှောက်လာရင်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကာ " ဒီသူငယ်ချင်းလေးက ဘာဖြစ်သွားတာလဲ "
" သူ့ကိုယ်သူ အစ်ကို့ဆီ ရောင်းသွားတာ "
Ruzel - "...."
စိတ်ဝင်စားစရာကြီး ... သူ့ကိုယ်သူ ရောင်းစားအောင် လှည့်စားလိုက်တာ မဟုတ်ဘူးလား ?
Shun - "..."
မဖြစ်နိုင်တာတော့ မဟုတ်ဘူးဘဲ ..
****
ရုတ်တရက် ပြောင်းလဲသွားသည့် Ruff ၏ စွမ်းအင်အား တားဆီးနိုင်သည့် Regis သည် စွမ်းအင် မရှိတော့သောကြောင့် သူတို့က နယ်မြေချဲ့ထွင်ရာတွင် လွယ်ကူခဲ့ပြီး သူလျှိုများကြောင့် Langira ကျောင်းရော တော်ဝင်မိသားစုရော ဖြုတ်ချနိုင်လုနီးပါးပင် ။ သို့သော် ထင်မထားသည့် အဖြစ်အပျက်တစ်ခုကြောင့် သူတို့က ဆုတ်ခွာသွားခဲ့ရသည် ။
Andoshi သည် Ruff ၏ အခန်းတံခါး အရှေ့တွင် ရပ်နေပြီး ခြေဖျားလက်ဖျားများ အေးစက်ကာ တုန်ယင်နေ၏ ။ သူက တံခါးလက်ကိုင်အား ထိရန် လက်မြောက်ရုံရှိသေး တံခါးသည် ဝုန်းခနဲ ပွင့်သွားလေသည် ။
ခိုင်မာသည့် ထောက်တိုင်တစ်ခုနှယ် ရပ်နေသည့် Ruff အား တွေ ့လိုက်ချိန် Andoshi ၏ မျက်ဝန်းမှ မျက်ရည်များ ပါးထက်သို့ အဆက်မပြတ်ကျဆင်းလာသည် ။
Ruff ၏ အနောက်မှ အခန်းသည် ငရဲခန်းတစ်ခုအား ညို့မှိုင်းနေကာ သွေးရောင်သန်းနေသည် ။ သွေးတွင်းနက်ကြီးက ယခုချိန်တွင် Shun ၏ စွမ်းအင် မပါဘဲနဲ့တောင် အကောင်အထည်ဖြစ်ပေါ်လာနေပြီ ဖြစ်သည် ။
အဲ့ Shun အစုတ်ပလုတ်က သူ( Shun) ပြန်မလာခင်အထိ သူ့( Andoshi)ကို ဒီငရဲတွင်း အပြင်မထွက်အောင် ထိန်းခိုင်းထားခဲ့တယ်လေ ။ သူ့လို သာမန်လူ စွမ်းအင်တစ်စတောင် မရှိတဲ့သူကိုလေ ။
သူ့ကို သေတွင်းပို့နေတာ မဟုတ်တာ သေချာရဲ့လား ။
Ruff ၏ မျက်လုံးများသည် အနက်ရောင်သို့ ပြောင်းနေပြီး မျက်ဆံသည် နီရဲနေသည် ။ ယခင်အေးစက်သည့် အကြည့်က ယခုလို ကြောက်စရာမျက်လုံးများ ဖြစ်သွားသည့်အတွက် Andoshi ခမျာ သူ့နှလုံးသားလေး ပါးစပ်မှ ခုန်ထွက်လာလုမတတ် ထိတ်လန့်သွားရသည်။
" Oh! Oh! Ruff Sama .. ညစာလာပို့တာပါ " သူက ဗန်းအား အတင်းထိုးထည့်လိုက်ပြီး အသက်ကလေးအား ဖက်နဲ့ ထုတ်ကာ ပြေးရန် ပြင်လိုက်သည် ။
ခဏအကြာ သူ့က မည်မျှပြေးပါစေ နေရာမှ မရွေ ့သွားကြောင်း သိလိုက်သည် ။ အကြောင်းမှ သူ့ခြေထောက်က လေထဲတွင် ရောက်နေပြီး ဂုတ်မှဆွဲခံထားရသောကြောင့်ပင်။
" မင်းက ကိုယ့်ရဲ့ ကိုယ်ရေးအစေခံ ဖြစ်သွားပြီလေ .. တချိန်လုံး အနားမှ ရှိနေသင့်တာပေါ့ " ထိုအေးစက်သည့် အသံကြား ပြီးနောက် ငရဲကဲ့သို့ အခန်းထဲသို့ ပစ်သွင်းခံလိုက်ရသည် ။
ဟင်အင်း-!
နှစ်သောင်းရော နှစ်သိန်းရော နှစ်သန်းပါ မရချင်တော့ဝူး
ပစ်သွင်းခံရသည့် သူရောက်သွားသည့် နေရာသည် ဝိညာဉ်များ ထိုးထွက်ရန် ပြင်နေသည့် တွင်းနက်ကြီး အရှေ့တည့်တည့် ဖြစ်နေသည် ။ မော့လိုက်သည်နှင့် သွေးသံရဲရဲ မျက်နှာကြီးနှင့် ထိပ်တိုက်ဆုံလိုက်လေသည် ။
အား-!
Andoshi က ချက်ချင်းပြန်လှည့်ပြေးသော်လည်း Ruff ၏ တောင့်တင်းသည့် ရင်အုပ်ဖြင့် တိုက်မိကာ ပြန်လည်လဲကျသွားသည် ။
" ဟင့်အင်း.. မနေချင်ဘူး .. ဒီထဲမှာ မနေချင်ဘူးလို့ " သူက Ruff ၏ အကျႌစအား ဆုပ်ကိုင်လိုက်ပြီး " အခန်းအပြင်မှာဖြစ်ဖြစ် စောင့်နေပါ့မယ် .. မအိပ်နဲ့ဆိုရင်တောင် မအိပ်ဘူးလေနော် "
Ruff ၏ မျက်ဝန်းများက ပြောင်းလဲသွားခြင်းမရှိပေ ။ သူက နှာတရှုံရှုံဖြင့် ငိုနေသည့် Andoshi ၏ မျက်နှာလေးအား အသာပွတ်လိုက်ပြီး " မကြောက်နဲ့ ဘာမှမဖြစ်ဘူး " ဟု ပြောလိုက်ပြီး တွင်းနက်အရှေ့သို့ သွားလိုက်ကာ ခုနက သွေးသံရဲရဲ မျက်နှာအား အတွင်းသို့ ပြန်ကန်သွင်းလိုက်သည်။
Andoshi - "..."
ကြောက်စရာကြီး-! ခဗျားက ပိုကြောက်စရာကောင်းတယ် ..
ထိုအဖြစ်ကြောင့် Andoshi သည် ကျဆင်းနေသည့် မျက်ရည်များပင် တန့်သွားရသည် ။ သူ့ကိုလည်း အဲ့လို မကန်သွင်းပါဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ ။
' အား-! Shun ငလူးလေး အခုထိ မကြွခဲ့သေးဘူးလားဟ .. နောက် နာရီဝက်လောက်ဆို ငါ့အလောင်းကိုဘဲ မင်းတွေ ့ရတော့မလား မသိဘူးနော် '
***
တဖက်တွင် Shun က Regis နဲ့ အတူ Loryar ပါ ခေါ်ပြီး Loryard မြို့သို့ ရောက်လာခဲ့သည် ။ ရုတ်တရက် ဆွဲခေါ်ခံလာရသည့် Regis မှာ အခြေအနေအား မသိရှိပေ ။ Shun က သူ့အား စွမ်းအင် ပြန်သုံးနိုင်ဖို့ နည်းလမ်းရှိသည်ဟုသာ ပြောထားခဲ့သည် ။
ရောက်ရောက်ချင်း Regis က မနှစ်မြို့ဖွယ် အနံ့အသက်အား ရရှိလိုက်ပြီး သူ့နှာခေါင်းကို ဖုံးအုပ်လိုက်ရသည် ။
" ဒီမှာ ဘာတွေ ဖြစ်နေတာလဲ "
Loryard မြို့၏ အောင်မြင်မှုသည် သူတို့၏ ဆက်ခံသူ သခင်လေး ပြန်ရောက်လာပြီး နောက်ပိုင်း ပိုတိုးတက်လာကြောင်း လူတိုင်းသိကြသည် ။ သူတို့က တော်ဝင်မိသားစုကိုပင် ဖြုတ်ချလုနီးပါးဖြစ်ခဲ့သေးသည် ။ Ruff ၏ သာမန်နဲ့ မတူသည့် စွမ်းအားကိုလည်း အသိအမှတ်ပြုခဲ့ကြပြီးဖြစ်သည် ။ Loryard မြို့သည် Langira ကျောင်းကဲ့သို့ သီးသန့် ရပ်တည်နိုင်ပြီဖြစ်သည် ။
Regis - ".."
အလောင်းတွေနဲ့ ဂုဏ်ပြုပွဲ လုပ်နေကြတာတော့ မဟုတ်ဘူး မလား ။
ဒီလောက် ဆိုးရွားသည့် စွမ်းအင်က အခုထိ ပျံ့နှံ့ခြင်း မရှိသေးသည်မှာ သန့်စင်သည့် စွမ်းအင်တစ်ခုခုက ထိန်းချုပ်ထားခြင်းကြောင့်ဖြစ်ရမည် ။
Ruzel က Regis အား ကြည့်လိုက်၏ ။
" သူလား ? "
" အင်း .. " Shun က ခေါင်းညိတ်ပြလိုက်သည် ။ ကျိန်စာသည် ပြင်းထန်လွန်းသဖြင့် Ruff အား မထိခိုက်ဘဲ ဖယ်ထုတ်နိုင်ခြင်းမရှိချေ ။ ပြီးနောက် ဖယ်ရှားချင်လျှင် သူသည် ယခင်ကကဲ့သို့ စိတ်လွှတ်သွားသည့် အခြေအနေကို ရောက်သွားနိုင်သည် ။ သူ စိတ်လွှတ်သွားသည့် အခြေအနေက Ruff ထက် ဆိုးရွှားမည်မှာ သေချာနေသဖြင့် Ruff ၏ သဘာဝရန်သူဖြစ်သည့် Regis အား ခေါ်လာခဲ့ခြင်းပင် ။
Regis သည် အခြေအနေကို နားလည်သွားပြီးနောက် Loryar ၏ လက်အား ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ပြီး ခေါင်းညိတ်လိုက်သည် ။ " ဒီမှာ စောင့်နေ " ဟု ပြောလိုက်သည် ။ လက်ရှိ အန္တရယ်ကို သူက ကောင်းစွာ နားလည်ထားသည် ။ ဖယောင်းတိုင်ရဲ့ အလင်းလေးနဲ့ အဆုံးမဲ့သည့် အမှောင်ထုကို တိုက်ခိုက်ရမည်ကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား ။
Shun က Regis ၏ စိုးရိမ်နေသည့် မျက်နှာအား တစ်ချက်ကြည့်လိုက်ပြီး " မပူပါနဲ့ ... သူက စိတ်မလွတ်လောက်သေးဘူး .. အရမ်းစိတ်ချရတဲ့သူတစ်ယောက်ကို စောင့်ရှောက်ခိုင်းထားတယ် "
အခန်းရှေ့သို့ ရောက်ချိန်တွင် Shun က Ruzel အား သူ့အနောက်သို့ ပို့လိုက်သည် ။ Regis သည်တော့ အနံ့ကြောင့် မူးမေ့တော့မလို ခံစားနေရသည် ။
စိတ်ပျက်စရာကောင်းတဲ့ အနံ့ဘဲ
အခန်းထဲတွင် Andoshi သည် သွားချင်းရိုက်ကာ ခိုက်ခိုက်တုန်နေပြီဖြစ်သည် ။ ယခင်က ဝိညာဉ်များသည် ယခုအခါ အသံများပင် ထွက်လာပြီး အပြင်ဘက်သို့ ထွက်လာဖို့ ခြေထောက်လေးသာ လိုတော့သည် ။ လက်ရှိတွင် သူက Ruff ၏ ရင်ခွင်ထဲတွင် နစ်မြုပ်နေသောကြောင့် ထွက်ပြေးချင်လျှင်တောင့် မဖြစ်ချေ ။ ထို့ကြောင့် ခန္ဓာကိုယ်အား တတ်နိုင်သမျှကြုံကာ ရင်ခွင်ထဲ ဝင်နေရုံသာ တတ်နိုင်လေသည် ။
ဝုန်း!
တံခါးဖွင့်သံကြောင့် ခေါင်းလေးထွက်ကာ ကြည့်လိုက်သည် ။
'သူတောင်းစားကောင် နောက်ဆုံးတော့ ရောက်လာပြီပေါ့ ' သူသည် ယခုအချိန် ထရပ်ဖို့ အင်အားတောင် မရှိတော့ချေ ။ အခန်းတစ်ခုလုံး တွင်းနက်ကြီးဖြင့် ပြည့်နက်နေပြီး သူနဲ့ Ruff ရှိနေသည့် အခန်းတောင့်လေးကသာ လေထုက သန့်စင်နေသည် ။
Regis က Andoshi အား တွေ ့သည့်အခါ သဘောပေါက်သွားဟန် Shun အား လှည့်ကြည့်လိုက်သည် ။
" ယုံကြည်မှု စွမ်းအင် ပိုင်ရှင်ကို စောင့်ရှောက်ခိုင်းထားတာဘဲ .. "
နတ်ဘုရားတစ်ပါး၏ ရောင်ဝါသည် သူ့အား ယုံကြည်သူများလေ ပိုကြီးမြတ်လေဖြစ်သည် ။ ယုံကြည်မှုစွမ်းအင်သည် တိုက်ခိုက်နိုင်စွမ်းမရှိသလို ၊ ကုသနိုင်စွမ်းလည်း မရှိချေ ။ သို့သော် တစ်ယောက်ရဲ့ နှလုံးသားကို အလင်းပြနိုင်သည် ။ ဒါ့အပြင် သူ့ရဲ့ အလင်းစွမ်းအင်ကိုလည်း ပိုအစွမ်းထက်စေသည် ။
Shun ၏ ခန့်မှန်းလို့မရသည့် အပြုံးတစ်ခုပေးလိုက်သည်။ Andoshi သည် Regis အား ဖျက်ဆီးဖို့ရန် ဒီကမ်ဘာကို သူရောက်ကတည်း ထားထားသည့် လျို့ဝှက်ကဒ်တစ်ကဒ်ဖြစ်သည် ။ အခုတော့ အသုံးမဝင်တော့ပေမဲ့ပေါ့လေ ။
သူက စခရင်အား ခေါ်ထုတ်လိုက်ပြီး သူပြင်ဆင်ထားပြီးပြီဖြစ်သည့် သငေ်္ကတအား Regis ထံသို့ ပို့လွှတ်လိုက်သည် ။
" အံ့ဩချင်ရင် နောက်မှအံ့ဩ လုပ်စရာရှိတာ လုပ်တော့ " Shun ၏ စကားဆုံးသည်နှင့် Regis က ပြန်လည်ရရှိလာသည့် စွမ်းအင်များဖြင့် ဝိညာဉ်များကို တိုက်ခိုက်လိုက်သည်။ စွမ်းအင် အပိုင်းအစတစ်ခုကပင် ဝိညာဉ်များအား မီးကျွမ်းသလို ခံစားစေသည်ကို ကြည့်ရင်း Shun က ခေါင်းညိတ်လိုက်သည် ။ တဖက်တွင် သူက Ruzel ထံသို့ တွယ်ကပ်ချင်နေသည့် အပိုင်းအစများအား ဖျက်ဆီးနေသည် ။
" ဝိညာဉ်တွေက အရမ်းများတယ် .. ငါ ဒီထဲ ဝင်မြှဖစ်မယ် " Regis က ထွက်ပြေးရန်ပြင်နေသည့် ဝိညာဉ်ကောင်အား အလင်းဖြင့် လောင်ကျွမ်းစေလိုက်ပြီး အော်ပြောလိုက်သည်။သူက Ruff အား ညွှန်ပြလိုက်ပြီး " သူ့ကို တစ်နေရာရာခေါ်သွားပေး.. ဒီနေရာနဲ့ လုံးဝအဆက်အသွယ် ပြတ်သွားရင် ပိုကောင်းတယ် "
ပြောပြီးနောက် တွင်းနက်ကြီးထဲ ခုန်ဝင်သွားသည့် Regis ကြောင့် Shun ပင် အနည်းငယ်အံ့ဩသွားသည် ။ အဲ့လောက်ထိ ကူညီပေးလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ ။
တုံ့ဆိုင်းမနေဘဲ Shun က လက်ကို ဝှေ့ယမ်းလိုက်သည် ။ သွေးစက်များက Andoshi နှင့် Ruff အား ဖုံးအုပ်သွားပြီး သူ့ရဲ့ သွေးကမ်ဘာသို့ ပို့ဆောင်လိုက်သည် ။ ပြီးနောက် သူသည်လည်း Ruzel အား ခေါ်လျက်ပျောက်ကွယ်သွားသည်။
Andoshi သည် ထပ်မံပို့ဆောင်ခံလိုက်ရသည့်နေရာမှာ သွေးပင်လယ်ကြီး ဖြစ်နေသဖြင့် အော်ငိုရန်ပင် အသံမထွက်နိုင်တော့ပေ ။
ငါ့ဘေးနားက လူတွေက စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်ရတာ ဝါသနာပါနေတာလား ?
Ruff မှာ သတိလစ်သွားပြီ ဖြစ်သဖြင့် Shun က Andoshi ၏ ပုခုံးအား နှစ်ချက် ပုတ်ကာ " စောင့်ရှောက်လက်စနဲ့ စောင့်ရှောက်ပေးလိုက်ဦး .."
" ငါ .. ဟင့် .. ငါလေ "
Andoshi သည် ငြင်းပယ်ရန်ပြင်လိုက်စဉ်မှာပင် Shun နဲ့ Ruzel သည် နေရာတွင် မရှိတော့ချေ ။
Andoshi - "..."
ငါသတ်သေလိုက်မှာနော်.. ဝူးးဝူး
***
သွေးတွင်းနက်ကြီးထဲတွင် Regis သည် ထောင်သောင်းများစွာသော ဝိညာဉ်များကြောင့် ကြက်သေသေနေ၏ ။ ဒီအရာတွေကို ဖြတ်ကျော်ပြီး သွေးမကောင်းဆိုးဝါးဆီရောက်အောင် ဘယ်လိုလုပ်ရမှာလဲ ။
သည်အချိန်တွင် စူးရှသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည် ။ ဝိညာဉ်များအားလုံး မလှုပ်ရှားတော့ဘဲ ရပ်တန့်သွားသည်မှာ ထိန်းချုပ်မှုမရှိတော့သည့် ရုပ်သေးများအလား ။
" နာရီဝက်အချိန်ရမယ် .. " Shunနဲ့ Ruzel က Regis နဲ့ ခပ်လှမ်းလှမ်းတွင် ပေါ်လာခဲ့သည် ။
"" သူ့ကို သငေ်္ကတ ပြန်ပေးလိုက်ပြီဆိုတော့ .. အသုံးတော့ကျလောက်ပါတယ် .. ဟုတ်တယ်မလား ""
ရှောင်ထျန်း ပြန်မဖြေခင် ထပ်ပြောလိုက်သည် ။
"" မအောင်မြင်ရင် သတ်လိုက်တော့မယ် ""
ရှောင်ထျန်း - "..."
ဇာတ်လိုက်တွေ ဘယ်လောက်တောင် အကုသိုလ်များနေလို့ ဒီလိုလူနဲ့ ရန်သူဖြစ်နေရတာလဲ ..
/ ဆံချည်တမျှင်ကပ်ပြီးတော့ အောင်မြင်တာ ထုံးစံဘဲ မလား စိတ်မပူပါနဲ့ အသုံးကျပါတယ် .. ကြိုးစားခွင့်ပေးလိုက်ပါဦး /
တကယ်ကြီး မိနစ်သုံးဆယ် ကွက်တိမှာ Regis သည် သွေးမကောင်းဆိုးဝါး၏ လက်ကျန်ဝိညာဉ်ကို သတ်ဖြတ်နိုင်သွားခဲ့သည် ။ သုံးယောက်သား ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်သည့် Ruff ၏ အခန်းထဲတွင် ပြန်ပေါ်လာခဲ့သည် ။ ထိုသွေးတွင်းကြီး မရှိသည့်အတွက် လေထုပင် သန့်ရှင်းနေသယောင် ။
သူတို့သည် ထိုအထဲတွင် နာရီဝက်သာ နေခဲ့သော်လည်း အပြင်တွင် နှစ်ရက်ကုန်သွားပြီဖြစ်သည် ။ ထိုနှစ်ရက်အတွင်း Loryar သည် Loryard မြို့၏ လယ်မြေများအား ပြန်လည်ပြင်ဆင်ပေးခဲ့သည်ကို သိခဲ့ရသည် ။
"" အဓိကဇာတ်လိုက်က တကယ်အရေးကြီးတာဘဲ .."" Regis သည် သူ့အား ဆန့်ကျင်ဖို့ မရွေးချယ်သည့်အတွက် အမျိုးသမီးဇာတ်လိုက် Loryar တောင်မှ သူ့အား ပြဿနာရှာခြင်း မရှိချေ ။ သေးသေးလေးတောင် မရှိဘူး ။
***
အကုန်ဖြေရှင်းပြီးနောက် ပြဿနာတစ်ခု ကျန်ရစ်နေသေးသည် ။
" ဒီလောက် သောက်ရမ်းခါးနေတဲ့ဟာကို မသောက်ချင်ဘူးလို့ .. ဟင့် .. ငါ့ကို ဝိုင်းအနိုင်ကျင့်နေကြတယ် .. ငါ့လို အားနည်းတဲ့သူလေးကိုလေ .. "
အကြောက်လွန်ပြီး ဖျားသွားသည့် Andoshi သည် ပြဿနာရှာနေခြင်းပင်။ Ruff အား စိတ်မလွတ်သွားစေရန် ထိန်းပေးနိုင်ခဲ့ခြင်းကြောင့် ကိစ္စများ ပိုလွယ်ကူသွားတာဖြစ်သဖြင့် မည်သူမျှ Andoshi အား အပြစ်မပြောကြပေ ။
Shun - အင်းး သူလုပ်ပေးတာဆိုလို့ ထိုင်နေတာဘဲ ရှိပေမဲ့လို့ပေါ့ ..
သို့သော် ထိုကြောက်စရာအခြေအနေတွင် ထိုင်နေပေးဖို့ကပင် ခက်ခဲလှသည့်အတွက် သူ့လုပ်ဆောင်မှုအား အသိအမှတ်ပြုပေးလိုက်သည်။
Shun - ထွက်ပြေးလို့မရလို့ ထိုင်နေတာဆိုပေမဲ့ မသိချင်ယောင်ဆောင်ပေး ..
" ခွေးကောင် Shun .. အနာကို ဆားလာသိပ်နေတာလား "
Andoshi က သူ့အား လှောင်ပြောင်နေသည့် Shun အား လှည့်ပြောလိုက်သည် ။
Shun က အမှန်တကယ် အသိအမှတ်ပြုသည့် အမှုအရာလုပ်ကာ " မင်းရဲ့ စွမ်းအင်က တကယ်သန်မာတာကိုတော့ အသိအမှတ်ပြုပါတယ် "
Andoshi - မသန်မာပါဘူး .. သောက်ခွက်လာပြောင်မနေနဲ့ ။။
ငါ့ကို သွေးပင်လယ်မှာ အငတ်ထားခဲ့လို့ မင်းကို ကျေနပ်တာမဟုတ်ဘူး .. ။
Ruzel က ခပ်ဖွဖွပြုံးလိုက်ပြီး Andoshi အား ပြောလိုက်သည် ။ " ဒီက သူငယ်ချင်းလေးအတွက် လက်ဆောင်တွေ ပြင်ဆင်ထားတာမို့ .. မြန်မြန်နေကောင်းအောင် လုပ်သင့်တယ်နော် ။။"
Andoshi သည် Shun အား မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး သွားဖြီးကာ Ruzel အား ကြည့်လိုက်သည် ။
" Ruzel Sama ကျွန်တော့်ကို လစာတိုးပေးမလို့လား "
Ruzel က စဉ်းစားရကြပ်သွားပုံရသည် ။ " အိုး, အဲ့ဒါတော့ မင်းရဲ့ ပိုင်ရှင်ကို မေးမြှဖစ်လိမ့်မယ် " ဟု ပြောပြီးနောက် Shun အား ဆွဲခေါ်ကာ ထွက်သွားတော့သည် ။
Andoshi - "..."
ပိုင်ရှင် ? ဘယ်ငပိန်းက သူ့ပိုင်ရှင် လုပ်ရဲတာလဲ
" အား-! Ruff သောက်ရူးကောင် ပါးစပ်သရမ်းရင် မိုးကြိုးပစ်မှာ မကြောက်ဘူးလား "
လျှောက်လမ်းအထိပင် ဟိန်းထွက်လာသည့် Andoshi ၏ အသံကြောင့် Shun ၏ မျက်နှာက ရှုံ့မဲ့သွားသည် ။ သူက ဘေးမှ Ruzel ၏ ခါးလေးအား ဆွဲဖက်လိုက်ပြီး " ကိုယ့်ချစ်သူလေးဘဲ ကောင်းတယ် "
ဝရံတာမှ တဆင့် မြို့တစ်ခုလုံးအား ခြုံကြည့်လိုက်ပြီး Ruzel က Shun ၏ ရင်ခွင်ထဲသို့ အသာမှီလိုက်ကာ မျက်လွှာအသာချလိုက်သည် ။
" ငါ မှတ်ဉာဏ်ထိန်းသိမ်းဖို့ မလုပ်တော့ဘူး .. အဲ့ဒါကြောင့် ချိတ်ပိတ်ဖို့ စွမ်းအင် သုံးစရာမလိုဘူး .."
ဟင်?
" ဒါပေမဲ့ ဖျက်ပစ်မှာလဲ မဟုတ်ဘူးနော် " ခိုင်မာစွာ ပြောလာသည့် Ruzel ကြောင့် Shun မှာ ခေါင်းညိတ်ရုံသာ တတ်နိုင်လေသည် ။
" မင်း မထိခိုက်သရွေ ့ အဆင်ပြေတယ် "
Ruzel သည် သူ့ခါးအား ပွေ ့ဖက်ထားသည့် လက်အပေါ်မှ အုပ်ကိုင်လိုက်ပြီး
" ပြီးတော့ .. ဘယ်ဘဝမှာမဆို ငါ ဘယ်လောက်မေ့နေပါစေ .. ဒါမှမဟုတ် ဘယ်လောက်ငြင်းဆန်နေပါစေ .. ငါနဲ့ အတူရှိဖို့ ကြိုးစားပေးရမယ် .."
Shun ၏ နူတ်ခမ်းများ က လှပစွာ မြင့်တက်သွားသည် ။ သူက Ruzel အား ရင်ခွင်ထဲ နစ်မြုပ်သွားသည်အထိ ပွေ့ဖက်လိုက်ပြီး ပါးပြင်လေးအား ဖြတ်ခနဲ ငုံ့နမ်းကာ ပြောလိုက်သည် ။
" သေချာပေါက် မင်းက ကိုယ့်အပိုင်ဘဲ ဖြစ်ရမှာပေါ့ "
___________________________
😫 အမလေးလေး နောက်ဆုံးတော့ Arc. 9 ပြီးသွားခဲ့ပြီ
ပထမဆုံး အလွတ်ပေးခံလိုက်ရတဲ့ အဓိကဇာတ်လိုက် Regis အတွက် ဂုဏ်ပြု လက်ခုပ်လေး ပေးသနားလိုက်ကြပါဦး 👏👏👏🤭❤️
နောက် Arc အတွက် တံခါးပိတ်ကျင့်ကြံပါတော့မယ် .. * အကြံပေးချင်ရင် သတင်းပို့ ဓားပျံ လွတ်ပေးလိုက်ကြပါ * 😗
( ဒီလောက်အရှည်ကြီးကို ဖျက်မိတော့မလို့ 🙂 သောက်လက်က အကျင့်ကို မပျောက်ဘူး .. ပြန်ရေးရရင် ငိုမိလိမ့်မယ် တကယ် )
_______________