ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

859K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.28
Arc.9.29.End

Arc.9.27

1.3K 223 2
By devil61002

Dungeon အတြင္းတြင္ Loryar နဲ႔ Shin သည္ ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနခဲ့သည္ ။ သူမတို႔က သားရဲေကာင္ႀကီးနဲ႔ ေတြ ့လ်ွင္ေတာင္ ထိုမ်ွ ျပာယာခတ္မည္ မဟုတ္ေခ်။

Regis သည္ သူ႔ေခါင္းအား လက္ႏွစ္ဖက္ျဖင့္ အျပင္းအထန္ဖိလ်က္ ေအာ္ဟစ္ေနရသည္ ။ မ်က္ႏွာတစ္ခုလံုး လူေသေကာင္လို ျဖဴေဖ်ာ့ေနၿပီး ေခြၽးမ်ားသည္ ေရမ်ားသဖြယ္ စိုရြဲေနသည္ ။ Shun ႏွင့္ အကြာအေဝးနီးလာသည္ႏွင့္ အမ်ွ ထိုနာက်င္မႈက စူးခနဲ ျဖစ္လာၿပီး အဆမ်ားစြာ ျပင္းထန္လာသည္ ။ သူ႔ေခါင္းထဲသို႔ သံ‌မ်ား ဆက္တိုက္ ထုရိုက္သြင္းေနသလို ခံစားရေသာ္လည္း Regis သည္ အံႀကိတ္ကာ တစ္စံုတစ္ခုအား တြန္းလွန္ေနသကဲ့သို႔ ႏူတ္ခမ္းမ်ားကို တင္းတင္းေစ့ထားသည္ ။

" Regis Sama .. ကြၽန္မ ကုသေပးပါရေစ " Loryar ၏ စကားအား Regis က လက္ကာျပလ်က္သာ တုန႔္ျပန္လိုက္သည္ ။ ဒီနာက်င္မႈက သူ႔ခႏၶာကိုယ္မွလာျခင္း မဟုတ္ရာ ကုသသူမ်ား ျဖင့္ သက္သာႏိုင္သၫ့္အရာမဟုတ္ေပ ။

သူသည္ ယခင္ဘဝက သာမန္ေက်ာင္းသားတစ္ေယာက္ျဖစ္သည္ ။ ကူးေျပာင္းလာၿပီးေနာက္ ေမ်ွာ္လင့္ခ်က္မ်ား ေတာက္ပေနခဲ့ေသးသည္ ။ ထိုေမ်ွာ္လင့္ခ်က္မ်ားက ေက်ာင္း၏ မစ္ရွင္တစ္ခုအား သြားလုပ္ခဲ့ၿပီးေနာက္ လံုးဝေျပာင္းလဲသြားေတာ့သည္ ။ သူ႔ ေခါင္းထဲတြင္ အဆက္မျပတ္ျမည္ေနသၫ့္ အသံတစ္ခုေပၚလာခဲ့သည္ ။

သူ႔ကို သတ္! သူ႔ကိုသတ္ !

' သူ ' ဆိုသည္မွာ မည္သူမည္ဝါဆိုသည္ကိုပင္ မသိရေခ် ။ ထိုအသံသည္ သူ႔အား ခိုင္းေစေနခဲ့ၿပီး အတင္းအၾကပ္ဖိအား ေပးေနခဲ့သည္ ။ သို႔ေသာ္ တစ္လၿပီးေနာက္ ျပန္လည္တိတ္ဆိတ္သြားၿပီျဖစ္သည္ ။ ထိုတိတ္ဆိတ္မႈက ခုနက ထြက္ေျပးရန္ ျပင္သၫ့္အခ်ိန္တြင္ ယခင္ကထက္ ပိုမို က်ယ္ေလာင္စြာ ထြက္ေပၚလာခဲ့ၿပီး သူ႔ဦးေခါင္းတစ္ခုလံုး ထံုက်င္သြား‌ေစသည္ ။ သည္အခ်ိန္တြင္ သူ ( Regis ) သိလိုက္သည္က ထို ' သူ ' ဆိုသၫ့္ လူအား ရွာေတြ ့သြားၿပီ ဆိုတာကိုပင္ ။

Regis သည္ ထိုအသံ၏ ခိုင္းေစခ်က္အား လစ္လ်ဳရႈကာ ထိပ္တိုက္ရင္ဆိုင္မၫ့္အစား ေရွာင္ေျပးခဲ့သည္ ။ ရလဒ္အေနျဖင့္ သူ႔ေခါင္းသူျဖတ္ပစ္ခ်င္ေလာက္သည္အထိ ျဖစ္ေစသၫ့္ ငရဲကဲ့သို႔ နာက်င္မ်ိဳးကို ခံစားေနရသည္ ။ သူသာ အဲ့လူကို မသတ္လ်ွင္ ဒီနာက်င္မႈမွ သက္သာေစရန္ ကိုယ့္ကိုယ္ကို သတ္ေသဖို႔သာ ရိွေတာ့သည္ ။ သို႔ေသာ္ သူေတြးသည္က

ဘာေၾကာင့္လဲ ?

ထိုသူအား သတ္လိုက္လ်ွင္ သူ႔နာက်င္မႈ သက္သာသြားမည္ကို သိသည္ ။ သည္အတြက္ လြန္ခဲ့သၫ့္ႏွစ္ႏွစ္လံုး သဲလြန္စေသးေသးေလးက အစ လိုက္ရွာခဲ့တာ ျဖစ္သည္ ။ Andoshi အား ကယ္တင္ခဲ့သည္မွာလဲ ထိုအတြက္ေၾကာင့္ျဖစ္သည္ ။

သို႔ေသာ္ သူေတြးမိခဲ့သည္က ထိုအသံ၏ အမိန႔္အား နာခံလိုက္ပါက သူ႔ဘဝသည္ အျခားသူ၏ ထိန္းခ်ဳပ္မႈေအာက္သို႔ ေရာက္သြားလိမ့္မည္ ။ ထိုအသံသည္ တစ္ခါ အမိန႔္ေပးႏိုင္လ်ွင္ ေနာက္တစ္ခါ အမိန႔္ေပးႏိုင္သည္ ။ သူက ဘာေၾကာင့္ အမိန႔္အား နာခံရမည္နည္း ။ သူ႔ သတ္မည္ မသတ္ဘူး ဆိုသည္အား သူကိုယ္တိုင္ ေရြးခ်ယ္ႏိုင္ရမည္ ။

အက်ိဳးအျမတ္အတြက္ လူသတ္ျခင္းနဲ႔ အမိန႔္ေၾကာင့္ လူသတ္ျခင္းက မတူညီေပ ။

သူက ထိုသူအား သတ္မည္ဆိုလ်ွင္ေတာင္ ထိုအမိန့္သံ သူ႔ဘဝထဲက လံုးဝေပ်ာက္ကြယ္သြားမွသာ ျဖစ္လိမ့္မည္ ။

သည္အခ်ိန္တြင္ သူတို႔ထံသို႔ ‌ျဖည္းညင္းစြာ ေလ်ွာက္လာေနသၫ့္ တည္ၿငိမ္သၫ့္ ေျခသံဖြဖြအား ၾကားလိုက္ရသည္ ။ Loryar နဲ႔ Shin သည္ Regis ၏ အေရ႔ွတြင္ ဝင္ရပ္လိုက္သည္ ။

Shun က ေခါင္းေလးအသာငဲ့ေစာင့္လ်က္ နာက်င္ေနေသာ္လည္း အံႀကိတ္ကာ အသံမထြက္ေအာင္ ျပဳလုပ္ေနသၫ့္ Regis အား ၾကၫ့္လိုက္သည္ ။

'  ဒီကမ႓ာက အရမ္းပ်င္းစရာေကာင္းေနတယ္လို႔ ထင္ေနတာ .. ဘာေၾကာင့္လဲဆိုတာ သိလိုက္ၿပီ '

ဒီကမ႓ာကို ေရာက္ကတည္းက အရာရာတိုင္း ေခ်ာ့ေမြ ့ေနကာ အေနာက္အယွက္ကင္းလြန္းလို႔ သူက ပ်င္းရိကာ အရည္ထြက္ေတာ့မတတ္ပင္ ။ သူ႔အလွေလးသာ ရိွမေနပါက သူ့ကမ႓ာႀကီးကမည္မ်ွ ေျခာက္ေသြ ့ေနမလဲ ဆိုသည္မွာ မေတြးဝံ့ႏိုင္။

အဓိကဇာတ္လိုက္က မလႈပ္ရွားမွေတာ့ ရုတ္ရုတ္သဲသဲ အရာလည္း မရိွသလို ႀကီးႀကီးမားမား ျပႆနာလဲ ရိွမည္မဟုတ္ေခ် ။ ဇာတ္လိုက္၏ ပါရမီသည္ အံ့ဩဖြယ္ရာမ်ား ဖန္တီးႏိုင္ရမည္ ။  သိုသိုသိပ္သိပ္ေနေသာ္လည္း လႈပ္ရွားလိုက္သည္ႏွင့္ အင္အားႀကီးသူတိုင္း တုန္လႈပ္သြားရမည္ ။

ယခု သူ႔ေရ႔ွက ဇာတ္လိုက္သည္ ထိုေလာ့ဂ်စ္မွ ေသြဖယ္ေနသည္ ။ ကံတရားကို မမွီခိုဘဲ ကိုယ္ပိုင္အစြမ္းအစနဲ႔ ျပဳမႈခ်င္သၫ့္ လူတစ္ေယာက္ ။

Regis သည္ Shun အား ေဝဝါးစြာၾကၫ့္လိုက္သည္ ။ ပထမဆံုးေတြ ့ခ်ိန္က ထိုသူသည္ ေသးသြယ္သၫ့္ ေကာင္ေလးတစ္ေယာက္သာ ။ သူ၏ ကယ္တင္မႈကိုပင္ လိုအပ္ေန‌ေသးသၫ့္ လူတစ္ေယာက္ ။ ယခုအခ်ိန္တြင္ ပိန္ပိန္ပါးပါးနဲ႔ ရွည္လ်ားသၫ့္ အရပ္ကို ပိုင္ဆိုင္ထားၿပီး ေခ်ာေမာခန႔္ညားသၫ့္ လူတစ္ေယာက္အျဖစ္ရိွေနသည္ ။ အထူးသျဖင့္ ထိုသူ၏ အရိွန္အဝါ သည္ သူ႔အား အသက္ရႈၾကပ္ေစၿပီး မသက္မသာ ခံစားရေစသည္ ။ ဤလူသည္ သူ႔ရဲ့ သဘာဝရန္သူျဖစ္ေနသကဲ့သို႔ မႏွစ္ၿမိဳ႔မႈက စိတ္ထဲ ႀကီးစိုးလာသည္ ။

ဦးေခါင္းကြဲထြက္ေတာ့မလို နာက်င္မႈက သူ႔အား ထပ္မံထိုးဆြေနသည္ ။ အနည္းငယ္ထိန္းခ်ဳပ္မႈလြတ္သြားသည္နဲ႔ ခ်က္ခ်င္းပင္ Shun အား သတ္ျဖတ္ရန္ လႈပ္ရွားမိေပလိမ့္မည္ ။

/ ဝါး!  အဓိကစနစ္ရဲ့ ထိန္းခ်ဳပ္မႈကို သခင့္ရဲ့ အကူအညီ မပါဘဲ ဒီေလာက္ထိ ေတာင့္ခံႏိုင္တာ အံ့ဩစရာဘဲ /

ဤကမ႓ာမွ မထြက္ရ‌ေသးဘဲ အသတ္ခံရပါက သူ႔သခင္သည္ ေသဆံုးသြားမည္မဟုတ္ေသာ္လည္း အလြန္အားနည္းသြားမည္ျဖစ္ကာ ႀကိဳးစားမႈမ်ား ေနာက္ေနွးသြားလိမ့္မည္ ။ ကံဆိုးလ်ွင္ အစကေနေတာင္ ျပန္စရလိမ့္မည္ ။

ဇာတ္လိုက္မ်ားအား လိုက္ဖ်က္ဆီးေနရျခင္းက သူတို႔ထံ၌ အဓိကစနစ္၏ လ်ိဳဝွက္ကုဒ္မ်ား ရိွေနၿပီး ထိုကုဒ္ကို ရယူကာ ျပင္ဆင္ရျခင္း ျဖစ္သည္ ။ သို႔မွသာ စည္းမ်ဉ္းမ်ားအား ျပင္ဆင္ႏိုင္မည္ ျဖစ္သည္ ။

ထိုကုဒ္မ်ားအား ျပန္လည္တြန္းလွန္ေနသၫ့္ ဇာတ္လိုက္အား အခုမွ ေတြ ့ဖူးတာျဖစ္သည္ ။

Shun ၏ အမႈအရာက အတက္အက်မရိွေပ ။ သူက ေရွာင္ထ်န္းအား ေျပာလိုက္၏ ။

"" ဘာကမ်ား အံ့ဩစရာေကာင္းလို႔လဲ ကုဒ္ကို ျပန္အသံုးခ်ၿပီး ငါ့ေနာက္လိုက္လာႏိုင္တဲ့ ေကာင္တစ္ေကာင္ေတာင္ ရိွေနေသးတာကို .. ဇာတ္လိုက္ေတြ ကိုယ္ပိုင္အသိစိတ္ရလာတာ ထူးဆန္းတဲ့ အရာမဟုတ္ဘူး .. ျဖစ္ႏိုင္တာ ေနာက္ကမ႓ာေတြဆို ပိုမ်ားမ်ား ေတြ ့ရေလာက္တယ္ .. ဇာတ္လိုက္ မဟုတ္တာေတာင္ ျဖစ္ႏိုင္တယ္ ""

( AN/ အသိစိတ္ရသြားတဲ့ သူက ဇာတ္လိုက္မဟုတ္ဘဲ အရံဇာတ္ေကာင္ေတြေတာင္ ျဖစ္ႏိုင္တယ္လို႔ ‌ေျပာတာ )

Shun က Regis ထံသို႔ ေလ်ွာက္လာသည္ ။ " အဲ့ေတာ့ မင္းက ကိုယ္ပိုင္ရပ္တည္ခ်င္တယ္‌ေပါ့ "

Loryar နဲ႔ Shin မွာမႈ Shun အား တားဆီးရန္ ျပင္လိုက္ေသာ္လည္း မျမင္ႏိုင္သၫ့္ အားတစ္ခုက သူတို႔ႏွစ္ေယာက္အား ေဘးသို႔ လြင့္သြားေစသည္ ။ Shun က နာက်င္မႈကို ေတာင့္ခံရလြန္းလို႔ မ်က္ဝန္းမွ ေသြးေၾကာနီမ်ားပင္ ေပၚလာၿပီျဖစ္သၫ့္ Regis အေရ႔ွတြင္ ‌ခါးအသာငံု႔ကိုင္းကာ ေမးလိုက္သည္ ။

မထင္မွတ္ထားသၫ့္စကားေၾကာင့္ Regis က ေမာ့ၾကၫ့္လာသည္ ။ ေခြၽးစက္မ်ားနဲ႔ ေခ်ာေမာသၫ့္ မ်က္ႏွာက မယံုၾကည္ႏိုင္ျခင္းမ်ား ျပၫ့္ႏွက္ေနသည္ ။ ထိုအသံက ဤလူအား သတ္ခိုင္းသည္မွာ မထူးဆန္းေတာ့ေပ ။ ဒီ အကုန္လံုးကို ေဖာက္ထြင္းျမင္ေနသလို မ်က္ဝန္းမ်ားက စိတ္ပ်က္ဖြယ္ေကာင္းလွသည္ ။

" အခု မင္းရေနတဲ့ ပါရမီေတြ ၊ လုပ္ႏိုင္စြမ္းေတြ.. ဪ ကံေကာင္းမႈေတြကေတာင္ အဲ့ဟာကေန ရတယ္ဆိုတာ သတိထားမိေလာက္တယ္ .. ဟုတ္တယ္မလား "

Shun သည္ ရွည္လ်ားေထျြပားစြာ မရွင္းျပခ်င္သၫ့္အတြက္ အဓိကစနစ္အား ' အဲ့ဟာ ' ဟုသာ သံုးႏႈန္းလိုက္သည္ ။ 

Regis က အံႀကိတ္ကာ ေခါင္းညိတ္လိုက္သည္ ။

Shun က ေျပာလိုက္၏ ။

" အဲ့ဒါေတာင္ ဖယ္ရွားခ်င္တုန္းလား ? "

Regis ၏ ေခါင္းက ထပ္မံလႈပ္ရွားသြားခ်ိန္တြင္ ထိုးတက္လာသၫ့္ နာက်င္မႈေၾကာင့္ သူ႔အေၾကာမ်ားပင္ ေပါက္ကြဲထြက္သြားၿပီး ေသြးမ်ား ပန္းထြက္လာသည္ ။ Shun က အလ်င္အျမန္ေနာက္ဆုတ္လိုက္ၿပီး ေသြးမ်ားစင္လာမၫ့္ အျဖစ္ကို ေရွာင္ရွားလိုက္သည္ ။ သူက စခရင္တစ္ခုအား ေခၚထုတ္လိုက္ၿပီး လက္ႏွစ္ေခ်ာင္းျဖင့္ တစ္စံုတစ္ခုအား ေရးဆြဲလိုက္သည္ ။

ၿပီး‌ေနာက္ ေျပးတြဲလာသၫ့္ Loryar နဲ႔ Shin ၾကားထဲက Regis အား ၾကၫ့္လိုက္သည္ ။

" မင္း စြမ္းအင္ သံုးႏိုင္ေသးလား .  မဟုတ္ဘူး မသံုးႏိုင္ေတာင္ သံုးရမယ္ "

Regis သည္ လက္ေခ်ာင္းတို႔အား လႈပ္ရွားလိုက္သည္ႏွင့္ လက္ႏွစ္ဖက္ၾကားတြင္ အမွတ္အသားေလးေပၚလာခဲ့ၿပီး ခမ္းနားသၫ့္ စြမ္းအင္တစ္ခုကို ထုတ္လႊတ္လိုက္သည္ ။ စြမ္းအင္က အနည္းငယ္သာ ရိွေသာ္လည္း ျပင္းထန္သၫ့္ ေပါက္ကြဲအားရိွေနသည္ ။

တခ်ိန္တည္းမွာပင္ စခရင္ထက္တြင္ရိွသၫ့္ ၾကယ္တာယာ သေကၤတမ်ားသည္ တစ္ခုႏွင့္ တစ္ခု ခ်ိတ္ဆက္သြားသည္ ။ သို႔ေသာ္ ေတာက္ပျခင္းမရိွဘဲ အေရာင္ေဖ်ာ့ေဖ်ာ့သာ လင္းလက္ေနသည္ ။

"" အၿငိဳးစြမ္းအင္ မရိွေတာ့ ‌သေကၤတက နဲနဲေလးေတာင္ ေတာက္ပမေနဘူး .."" Shun က အလိုမက်စြာ ေရရြတ္လိုက္သည္ ။

Regis သည္ သူ႔စြမ္းအင္အျပင္ သူ႔စြမ္းအင္အရင္းအျမစ္ပါ ဆြဲထုတ္ခံလိုက္ရသလို ခံစားမိလိုက္သည္ ။ သို႔ေသာ္ သူ႔မ်က္ႏွာထက္တြင္ သက္ေတာင့္သက္သာ အမႈအရာတစ္ခုေပၚလာခဲ့သည္ ။ သူက သာမန္လူျဖစ္သြားသၫ့္တိုင္ စိတ္ပ်က္အားေလ်ာ့ျခင္း မရိွေခ် ။ Loryar နဲ႔ Shin ၏ အကူအညီျဖင့္ သူက မတ္တပ္ရပ္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ေနသၫ့္ Shun အား အရိုအေသေပးလိုက္သည္ ။

" အခုလို အခြင့္အေရးေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္ .. ေနာက္မ်ား အကူအညီလိုရင္ Hayada မိသားစုမွာ လာရွာႏိုင္ပါတယ္ "

Shun က လက္ကာျပလိုက္သည္ ။ သူက ဒီလူမ်ားႏွင့္ မပတ္သက္ခ်င္သၫ့္ဟန္ အလ်င္အျမန္ထြက္သြားဖို႔ ျပင္လိုက္သည္ ။ ရလဒ္ႏွင့္ ပတ္သက္၍ ေက်နပ္ ျခင္းမရိွေသာ္လည္း သူက ကုဒ္ ရခဲ့တာကိုပင္ ေက်းဇူးတင္ရေပမည္ ။ သူက ထုတ္မေျပာခဲ့ေသာ္လည္း Regis သည္ သူက တိုက္ခိုက္လ်ွင္ေတာင္ ျပန္လည္မတိုက္ဘဲ အေသခံလိုက္မည္ကို သိေနခဲ့သည္ ။

သူ ဒီလူအား ကယ္တင္လိုက္ျခင္းက ေက်းဇူးတရားေၾကာင့္မဟုတ္ေပ ေရြးခ်ယ္စရာမရိွ၍ ျဖစ္သည္ ။

ဒီတိုင္းေသသြားလ်ွင္ ကုဒ္သည္ မျပၫ့္မစံု ျဖစ္သြားလိမ့္မည္ ။

ေရွာင္ထ်န္း - "..." အခုေလးတင္ သခင္က ၾကင္နာတတ္သြားၿပီလို႔ ေတြးမိေတာ့မလို႔ ..

__________________
Unicode

Dungeon အတွင်းတွင် Loryar နဲ့ Shin သည် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့သည် ။ သူမတို့က သားရဲကောင်ကြီးနဲ့ တွေ ့လျှင်တောင် ထိုမျှ ပြာယာခတ်မည် မဟုတ်ချေ။

Regis သည် သူ့ခေါင်းအား လက်နှစ်ဖက်ဖြင့် အပြင်းအထန်ဖိလျက် အော်ဟစ်နေရသည် ။ မျက်နှာတစ်ခုလုံး လူသေကောင်လို ဖြူဖျော့နေပြီး ချွေးများသည် ရေများသဖွယ် စိုရွဲနေသည် ။ Shun နှင့် အကွာအဝေးနီးလာသည်နှင့် အမျှ ထိုနာကျင်မှုက စူးခနဲ ဖြစ်လာပြီး အဆများစွာ ပြင်းထန်လာသည် ။ သူ့ခေါင်းထဲသို့ သံ‌များ ဆက်တိုက် ထုရိုက်သွင်းနေသလို ခံစားရသော်လည်း Regis သည် အံကြိတ်ကာ တစ်စုံတစ်ခုအား တွန်းလှန်နေသကဲ့သို့ နူတ်ခမ်းများကို တင်းတင်းစေ့ထားသည် ။

" Regis Sama .. ကျွန်မ ကုသပေးပါရစေ " Loryar ၏ စကားအား Regis က လက်ကာပြလျက်သာ တုန့်ပြန်လိုက်သည် ။ ဒီနာကျင်မှုက သူ့ခန္ဓာကိုယ်မှလာခြင်း မဟုတ်ရာ ကုသသူများ ဖြင့် သက်သာနိုင်သည့်အရာမဟုတ်ပေ ။

သူသည် ယခင်ဘဝက သာမန်ကျောင်းသားတစ်ယောက်ဖြစ်သည် ။ ကူးပြောင်းလာပြီးနောက် မျှော်လင့်ချက်များ တောက်ပနေခဲ့သေးသည် ။ ထိုမျှော်လင့်ချက်များက ကျောင်း၏ မစ်ရှင်တစ်ခုအား သွားလုပ်ခဲ့ပြီးနောက် လုံးဝပြောင်းလဲသွားတော့သည် ။ သူ့ ခေါင်းထဲတွင် အဆက်မပြတ်မြည်နေသည့် အသံတစ်ခုပေါ်လာခဲ့သည် ။

သူ့ကို သတ်! သူ့ကိုသတ် !

' သူ ' ဆိုသည်မှာ မည်သူမည်ဝါဆိုသည်ကိုပင် မသိရချေ ။ ထိုအသံသည် သူ့အား ခိုင်းစေနေခဲ့ပြီး အတင်းအကြပ်ဖိအား ပေးနေခဲ့သည် ။ သို့သော် တစ်လပြီးနောက် ပြန်လည်တိတ်ဆိတ်သွားပြီဖြစ်သည် ။ ထိုတိတ်ဆိတ်မှုက ခုနက ထွက်ပြေးရန် ပြင်သည့်အချိန်တွင် ယခင်ကထက် ပိုမို ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး သူ့ဦးခေါင်းတစ်ခုလုံး ထုံကျင်သွား‌စေသည် ။ သည်အချိန်တွင် သူ ( Regis ) သိလိုက်သည်က ထို ' သူ ' ဆိုသည့် လူအား ရှာတွေ ့သွားပြီ ဆိုတာကိုပင် ။

Regis သည် ထိုအသံ၏ ခိုင်းစေချက်အား လစ်လျုရှုကာ ထိပ်တိုက်ရင်ဆိုင်မည့်အစား ရှောင်ပြေးခဲ့သည် ။ ရလဒ်အနေဖြင့် သူ့ခေါင်းသူဖြတ်ပစ်ချင်လောက်သည်အထိ ဖြစ်စေသည့် ငရဲကဲ့သို့ နာကျင်မျိုးကို ခံစားနေရသည် ။ သူသာ အဲ့လူကို မသတ်လျှင် ဒီနာကျင်မှုမှ သက်သာစေရန် ကိုယ့်ကိုယ်ကို သတ်သေဖို့သာ ရှိတော့သည် ။ သို့သော် သူတွေးသည်က

ဘာကြောင့်လဲ ?

ထိုသူအား သတ်လိုက်လျှင် သူ့နာကျင်မှု သက်သာသွားမည်ကို သိသည် ။ သည်အတွက် လွန်ခဲ့သည့်နှစ်နှစ်လုံး သဲလွန်စသေးသေးလေးက အစ လိုက်ရှာခဲ့တာ ဖြစ်သည် ။ Andoshi အား ကယ်တင်ခဲ့သည်မှာလဲ ထိုအတွက်ကြောင့်ဖြစ်သည် ။

သို့သော် သူတွေးမိခဲ့သည်က ထိုအသံ၏ အမိန့်အား နာခံလိုက်ပါက သူ့ဘဝသည် အခြားသူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားလိမ့်မည် ။ ထိုအသံသည် တစ်ခါ အမိန့်ပေးနိုင်လျှင် နောက်တစ်ခါ အမိန့်ပေးနိုင်သည် ။ သူက ဘာကြောင့် အမိန့်အား နာခံရမည်နည်း ။ သူ့ သတ်မည် မသတ်ဘူး ဆိုသည်အား သူကိုယ်တိုင် ရွေးချယ်နိုင်ရမည် ။

အကျိုးအမြတ်အတွက် လူသတ်ခြင်းနဲ့ အမိန့်ကြောင့် လူသတ်ခြင်းက မတူညီပေ ။

သူက ထိုသူအား သတ်မည်ဆိုလျှင်တောင် ထိုအမိန့်သံ သူ့ဘဝထဲက လုံးဝပျောက်ကွယ်သွားမှသာ ဖြစ်လိမ့်မည် ။

သည်အချိန်တွင် သူတို့ထံသို့ ‌ဖြည်းညင်းစွာ လျှောက်လာနေသည့် တည်ငြိမ်သည့် ခြေသံဖွဖွအား ကြားလိုက်ရသည် ။ Loryar နဲ့ Shin သည် Regis ၏ အရှေ့တွင် ဝင်ရပ်လိုက်သည် ။

Shun က ခေါင်းလေးအသာငဲ့စောင့်လျက် နာကျင်နေသော်လည်း အံကြိတ်ကာ အသံမထွက်အောင် ပြုလုပ်နေသည့် Regis အား ကြည့်လိုက်သည် ။

'  ဒီကမ်ဘာက အရမ်းပျင်းစရာကောင်းနေတယ်လို့ ထင်နေတာ .. ဘာကြောင့်လဲဆိုတာ သိလိုက်ပြီ '

ဒီကမ်ဘာကို ရောက်ကတည်းက အရာရာတိုင်း ချော့မွေ ့နေကာ အနောက်အယှက်ကင်းလွန်းလို့ သူက ပျင်းရိကာ အရည်ထွက်တော့မတတ်ပင် ။ သူ့အလှလေးသာ ရှိမနေပါက သူ့ကမ်ဘာကြီးကမည်မျှ ခြောက်သွေ ့နေမလဲ ဆိုသည်မှာ မတွေးဝံ့နိုင်။

အဓိကဇာတ်လိုက်က မလှုပ်ရှားမှတော့ ရုတ်ရုတ်သဲသဲ အရာလည်း မရှိသလို ကြီးကြီးမားမား ပြဿနာလဲ ရှိမည်မဟုတ်ချေ ။ ဇာတ်လိုက်၏ ပါရမီသည် အံ့ဩဖွယ်ရာများ ဖန်တီးနိုင်ရမည် ။  သိုသိုသိပ်သိပ်နေသော်လည်း လှုပ်ရှားလိုက်သည်နှင့် အင်အားကြီးသူတိုင်း တုန်လှုပ်သွားရမည် ။

ယခု သူ့ရှေ့က ဇာတ်လိုက်သည် ထိုလော့ဂျစ်မှ သွေဖယ်နေသည် ။ ကံတရားကို မမှီခိုဘဲ ကိုယ်ပိုင်အစွမ်းအစနဲ့ ပြုမှုချင်သည့် လူတစ်ယောက် ။

Regis သည် Shun အား ဝေဝါးစွာကြည့်လိုက်သည် ။ ပထမဆုံးတွေ ့ချိန်က ထိုသူသည် သေးသွယ်သည့် ကောင်လေးတစ်ယောက်သာ ။ သူ၏ ကယ်တင်မှုကိုပင် လိုအပ်နေ‌သေးသည့် လူတစ်ယောက် ။ ယခုအချိန်တွင် ပိန်ပိန်ပါးပါးနဲ့ ရှည်လျားသည့် အရပ်ကို ပိုင်ဆိုင်ထားပြီး ချောမောခန့်ညားသည့် လူတစ်ယောက်အဖြစ်ရှိနေသည် ။ အထူးသဖြင့် ထိုသူ၏ အရှိန်အဝါ သည် သူ့အား အသက်ရှုကြပ်စေပြီး မသက်မသာ ခံစားရစေသည် ။ ဤလူသည် သူ့ရဲ့ သဘာဝရန်သူဖြစ်နေသကဲ့သို့ မနှစ်မြို့မှုက စိတ်ထဲ ကြီးစိုးလာသည် ။

ဦးခေါင်းကွဲထွက်တော့မလို နာကျင်မှုက သူ့အား ထပ်မံထိုးဆွနေသည် ။ အနည်းငယ်ထိန်းချုပ်မှုလွတ်သွားသည်နဲ့ ချက်ချင်းပင် Shun အား သတ်ဖြတ်ရန် လှုပ်ရှားမိပေလိမ့်မည် ။

/ ဝါး!  အဓိကစနစ်ရဲ့ ထိန်းချုပ်မှုကို သခင့်ရဲ့ အကူအညီ မပါဘဲ ဒီလောက်ထိ တောင့်ခံနိုင်တာ အံ့ဩစရာဘဲ /

ဤကမ်ဘာမှ မထွက်ရ‌သေးဘဲ အသတ်ခံရပါက သူ့သခင်သည် သေဆုံးသွားမည်မဟုတ်သော်လည်း အလွန်အားနည်းသွားမည်ဖြစ်ကာ ကြိုးစားမှုများ နောက်နှေးသွားလိမ့်မည် ။ ကံဆိုးလျှင် အစကနေတောင် ပြန်စရလိမ့်မည် ။

ဇာတ်လိုက်များအား လိုက်ဖျက်ဆီးနေရခြင်းက သူတို့ထံ၌ အဓိကစနစ်၏ လျိုဝှက်ကုဒ်များ ရှိနေပြီး ထိုကုဒ်ကို ရယူကာ ပြင်ဆင်ရခြင်း ဖြစ်သည် ။ သို့မှသာ စည်းမျဉ်းများအား ပြင်ဆင်နိုင်မည် ဖြစ်သည် ။

ထိုကုဒ်များအား ပြန်လည်တွန်းလှန်နေသည့် ဇာတ်လိုက်အား အခုမှ တွေ ့ဖူးတာဖြစ်သည် ။

Shun ၏ အမှုအရာက အတက်အကျမရှိပေ ။ သူက ရှောင်ထျန်းအား ပြောလိုက်၏ ။

"" ဘာကများ အံ့ဩစရာကောင်းလို့လဲ ကုဒ်ကို ပြန်အသုံးချပြီး ငါ့နောက်လိုက်လာနိုင်တဲ့ ကောင်တစ်ကောင်တောင် ရှိနေသေးတာကို .. ဇာတ်လိုက်တွေ ကိုယ်ပိုင်အသိစိတ်ရလာတာ ထူးဆန်းတဲ့ အရာမဟုတ်ဘူး .. ဖြစ်နိုင်တာ နောက်ကမ်ဘာတွေဆို ပိုများများ တွေ ့ရလောက်တယ် .. ဇာတ်လိုက် မဟုတ်တာတောင် ဖြစ်နိုင်တယ် ""

( AN/ အသိစိတ်ရသွားတဲ့ သူက ဇာတ်လိုက်မဟုတ်ဘဲ အရံဇာတ်ကောင်တွေတောင် ဖြစ်နိုင်တယ်လို့ ‌ပြောတာ )

Shun က Regis ထံသို့ လျှောက်လာသည် ။ " အဲ့တော့ မင်းက ကိုယ်ပိုင်ရပ်တည်ချင်တယ်‌ပေါ့ "

Loryar နဲ့ Shin မှာမှု Shun အား တားဆီးရန် ပြင်လိုက်သော်လည်း မမြင်နိုင်သည့် အားတစ်ခုက သူတို့နှစ်ယောက်အား ဘေးသို့ လွင့်သွားစေသည် ။ Shun က နာကျင်မှုကို တောင့်ခံရလွန်းလို့ မျက်ဝန်းမှ သွေးကြောနီများပင် ပေါ်လာပြီဖြစ်သည့် Regis အရှေ့တွင် ‌ခါးအသာငုံ့ကိုင်းကာ မေးလိုက်သည် ။

မထင်မှတ်ထားသည့်စကားကြောင့် Regis က မော့ကြည့်လာသည် ။ ချွေးစက်များနဲ့ ချောမောသည့် မျက်နှာက မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည် ။ ထိုအသံက ဤလူအား သတ်ခိုင်းသည်မှာ မထူးဆန်းတော့ပေ ။ ဒီ အကုန်လုံးကို ဖောက်ထွင်းမြင်နေသလို မျက်ဝန်းများက စိတ်ပျက်ဖွယ်ကောင်းလှသည် ။

" အခု မင်းရနေတဲ့ ပါရမီတွေ ၊ လုပ်နိုင်စွမ်းတွေ.. ဪ ကံကောင်းမှုတွေကတောင် အဲ့ဟာကနေ ရတယ်ဆိုတာ သတိထားမိလောက်တယ် .. ဟုတ်တယ်မလား "

Shun သည် ရှည်လျားထြွေပားစွာ မရှင်းပြချင်သည့်အတွက် အဓိကစနစ်အား ' အဲ့ဟာ ' ဟုသာ သုံးနှုန်းလိုက်သည် ။ 

Regis က အံကြိတ်ကာ ခေါင်းညိတ်လိုက်သည် ။

Shun က ပြောလိုက်၏ ။

" အဲ့ဒါတောင် ဖယ်ရှားချင်တုန်းလား ? "

Regis ၏ ခေါင်းက ထပ်မံလှုပ်ရှားသွားချိန်တွင် ထိုးတက်လာသည့် နာကျင်မှုကြောင့် သူ့အကြောများပင် ပေါက်ကွဲထွက်သွားပြီး သွေးများ ပန်းထွက်လာသည် ။ Shun က အလျင်အမြန်နောက်ဆုတ်လိုက်ပြီး သွေးများစင်လာမည့် အဖြစ်ကို ရှောင်ရှားလိုက်သည် ။ သူက စခရင်တစ်ခုအား ခေါ်ထုတ်လိုက်ပြီး လက်နှစ်ချောင်းဖြင့် တစ်စုံတစ်ခုအား ရေးဆွဲလိုက်သည် ။

ပြီး‌နောက် ပြေးတွဲလာသည့် Loryar နဲ့ Shin ကြားထဲက Regis အား ကြည့်လိုက်သည် ။

" မင်း စွမ်းအင် သုံးနိုင်သေးလား .  မဟုတ်ဘူး မသုံးနိုင်တောင် သုံးရမယ် "

Regis သည် လက်ချောင်းတို့အား လှုပ်ရှားလိုက်သည်နှင့် လက်နှစ်ဖက်ကြားတွင် အမှတ်အသားလေးပေါ်လာခဲ့ပြီး ခမ်းနားသည့် စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်သည် ။ စွမ်းအင်က အနည်းငယ်သာ ရှိသော်လည်း ပြင်းထန်သည့် ပေါက်ကွဲအားရှိနေသည် ။

တချိန်တည်းမှာပင် စခရင်ထက်တွင်ရှိသည့် ကြယ်တာယာ သငေ်္ကတများသည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်သွားသည် ။ သို့သော် တောက်ပခြင်းမရှိဘဲ အရောင်ဖျော့ဖျော့သာ လင်းလက်နေသည် ။

"" အငြိုးစွမ်းအင် မရှိတော့ ‌သငေ်္ကတက နဲနဲလေးတောင် တောက်ပမနေဘူး .."" Shun က အလိုမကျစွာ ရေရွတ်လိုက်သည် ။

Regis သည် သူ့စွမ်းအင်အပြင် သူ့စွမ်းအင်အရင်းအမြစ်ပါ ဆွဲထုတ်ခံလိုက်ရသလို ခံစားမိလိုက်သည် ။ သို့သော် သူ့မျက်နှာထက်တွင် သက်တောင့်သက်သာ အမှုအရာတစ်ခုပေါ်လာခဲ့သည် ။ သူက သာမန်လူဖြစ်သွားသည့်တိုင် စိတ်ပျက်အားလျော့ခြင်း မရှိချေ ။ Loryar နဲ့ Shin ၏ အကူအညီဖြင့် သူက မတ်တပ်ရပ်လိုက်ပြီး မျက်မှောင်ကြုတ်နေသည့် Shun အား အရိုအသေပေးလိုက်သည် ။

" အခုလို အခွင့်အရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် .. နောက်များ အကူအညီလိုရင် Hayada မိသားစုမှာ လာရှာနိုင်ပါတယ် "

Shun က လက်ကာပြလိုက်သည် ။ သူက ဒီလူများနှင့် မပတ်သက်ချင်သည့်ဟန် အလျင်အမြန်ထွက်သွားဖို့ ပြင်လိုက်သည် ။ ရလဒ်နှင့် ပတ်သက်၍ ကျေနပ် ခြင်းမရှိသော်လည်း သူက ကုဒ် ရခဲ့တာကိုပင် ကျေးဇူးတင်ရပေမည် ။ သူက ထုတ်မပြောခဲ့သော်လည်း Regis သည် သူက တိုက်ခိုက်လျှင်တောင် ပြန်လည်မတိုက်ဘဲ အသေခံလိုက်မည်ကို သိနေခဲ့သည် ။

သူ ဒီလူအား ကယ်တင်လိုက်ခြင်းက ကျေးဇူးတရားကြောင့်မဟုတ်ပေ ရွေးချယ်စရာမရှိ၍ ဖြစ်သည် ။

ဒီတိုင်းသေသွားလျှင် ကုဒ်သည် မပြည့်မစုံ ဖြစ်သွားလိမ့်မည် ။

ရှောင်ထျန်း - "..." အခုလေးတင် သခင်က ကြင်နာတတ်သွားပြီလို့ တွေးမိတော့မလို့ ..

__________________

Continue Reading

You'll Also Like

608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
923K 10.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း