ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

845K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.27
Arc.9.28
Arc.9.29.End

Arc.9.26

1.3K 238 24
By devil61002

Andoshi သည္ ဒီ ဓားပါးပါးေလးက ဘာေၾကာင့္ ဒီေလာက္ေလးလံေနရတာလဲဟု စတင္ေတြးမိလာသည္ ။ ယခု သူက စကားေျပာဖို႔ရန္ပင္ အားအင္မရိွေတာ့ေခ် ။ Ruff က တစ္ခုခုေျပာရန္ျပင္လိုက္စဉ္မွာပင္ သူ႔ရဲ့ ဓားသဖြယ္ မ်က္ခံုးတို႔က တြန႔္ခ်ိဳးသြားၿပီး ဓားသြားမွတဆင့္ Andoshi အား ဆြဲလိုက္သည္ ။

ဘာျဖစ္မွန္းမသိလိုက္ရသၫ့္ Andoshi က တစ္ကိုယ္လံုး ေတာင့္တင္းသြားခဲ့သည္ ။ ဘာေၾကာင့္ဆို ခုနက သူရပ္ေနသၫ့္ ေျမၾကီးမွာ အရည္တခ်ိဳ႕ေၾကာင့္ ေလာင္ကြၽမ္းကာ သတၲုမ်ားပင္ တိုက္စားခံလိုက္ရသၫ့္ အသံကိုၾကားလိုက္ရျခင္းေၾကာင့္ပင္ ။ " အ.. အဆိပ္ေတြ "

ဒါက မီးမႈတ္တဲ့ နဂါးမဟုတ္ဘူးဟ

ဖာ့ခ္ ဒါ ဘယ္လိုငရဲမ်ိဳးလဲ

သူက ဆဲဆိုဖို႔ မျပင္ရေသးခင္ပင္ ေနာက္ထပ္ ျမင္ကြင္း တစ္ခုကို ျမင္လိုက္ျပန္သည္။ တိုက္ခိုက္ေနသၫ့္ အဖြဲ႔မွ တစ္ေယာက္က ဥ တစ္လံုးအား ပစ္လႊတ္လိုက္ျခင္း ။

" ျမန္ျမန္ ဖမ္းလိုက္ !! "

Andoshi- ????

ဘာကိစၥ ပစ္လိုက္တုန္း ?

မင္း ပစ္ေပးတိုင္း ဖမ္းမယ္လို႔ ဘယ္ေခြးမ်က္လံုးနဲ႔ ၾကၫ့္လိုက္တာလဲ ?

ငါ့ကို အဆိပ္ပက္ခံ‌ရေအာင္ လုပ္ကတည္းက မင္းတို႔ကို ၾကင္နာဖို႔ လက္ေလ်ာ့လိုက္ၿပီ ..

Ruff သည္ တစ္ဖက္တြင္ ဓားကို လက္ေနာက္တြင္ ေျဖာင့္တန္းစြာ ကိုင္ခဲ့ၿပီး အျခားလက္တစ္ဖက္တြင္ Andoshi အား ေပြ ့ထိန္းေပးထားခဲ့ၿပီး မည္သၫ့္လက္မွ အားယားမေနေခ် ။ Andoshi အတြက္ေတာ့ ေျပာစရာပင္မလိုေခ် ။

အားမရိွသည္ကို ေနာက္ထား ေၾကာက္ရြံ ့မႈေၾကာင့္ Ruff အား ခြမတက္ရံု တမည္ တြယ္ကပ္ထားၿပီး မလႈပ္ႏိုင္ေခ် ။ ရလဒ္အေနျဖင့္ ႀကီးမားသၫ့္ ဥႀကီးမွာ ကြဲက်သံနဲ႔အတူ ပ်စ္ခြၽဲခြၽဲအရည္မ်ား ေနရာအႏွံ႔သို႔ ပ်ံ ့စင္သြားသည္ ။ ေလထုသည္ တမင္လုပ္ယူထားသလို ရုပ္ခ်ည္း ၿငိမ္သက္သြားသည္ ။ အသက္ရႈသံ ခပ္ေဖ်ာ့ေဖ်ာ့ကိုပင္ မၾကားႏိုင္ေခ် ။

တိတ္ဆိတ္ေနသၫ့္ အေျခအေနအား ခက္ထန္သၫ့္ ဟိန္းေဟာက္သံက ခ်က္ခ်င္းပင္ၿဖိဳခြဲလိုက္သည္။ မူလအစက နဂါးဥ အား ယူထားၾကသၫ့္ အမဲလိုက္အဖြဲ႔ေၾကာင့္ နဂါးႀကီးသည္ ထိန္းသိမ္းကာ တိုက္ခိုက္ေနျခင္း ။ ထိုေၾကာင့္သာ ဤလူမ်ား အခုထိ အသက္ရွင္ေနၾကျခင္းပင္ ။

ယခု အေျခအေနအား သူ မသာ ကိုယ္ မသာ လုပ္ေပးသၫ့္ ဥႀကီး ခမ်ာ အပိုင္းပိုင္းအစစ ျဖစ္သြားေခ်ၿပီ ။

နဂါးႀကီးသည္ ျမင္ျမင္သမ်ွ တိုက္ခိုက္ေတာ့သည္ ။ Ruff က ခပ္လွမ္းလွမ္းသို႔ ခုန္ဆုတ္လိုက္ၿပီး Andoshi အား ဆြဲခြာလိုက္ကာ ေက်ာက္တံုးႀကီးႀကီး ေနာက္သို႔ အၾကင္တရား ကင္းမဲ့သၫ့္အမႈအရာျဖင့္ ပစ္ထၫ့္လိုက္သည္ ။ ၿပီးေနာက္

" ထြက္မလာနဲ႔ " ဟု ေျပာကာကိုင္ထားသၫ့္ ဓားရွည္အား ညာဘက္လက္သို႔ ေျပာင္းကိုင္လိုက္သည္ ။ ပါးလ်သၫ့္ ဓားသြားသည္  ျဖည္းညင္းစြာ အနက္ေရာင္အခိုးအေငြ ့မ်ားျဖင့္ ျပၫ့္ႏွက္သြားသည္ ။ ႏွစ္စကၠန႔္ေလာက္အၾကာတြင္ လံုးဝ ပိန္းေနေအာင္ နက္ေမွာင္သၫ့္ ဓားသြားအျဖစ္ ေျပာင္းလဲသြားေတာ့သည္ ။ 

Andoshi သည္ ထိုျမင္ကြင္းအား ၾကၫ့္ရင္း ၾကက္ေသေသသြားသည္ ။ ထိုကဲ့သို႔ အေမွာင္ထုကို သယ္ေဆာင္ထားၿပီး ေအးခဲေနသၫ့္ အရိွန္အဝါနဲ႔ ဓားမ်ိဳး တစ္ခါမွ မျမင္ဖူးခဲ့သျဖင့္  သူ႔အေၾကာေလးမ်ားပင္ ေအးခဲသြားၿပီး ေက်ာရိုးထိ ေအးစိမ့္သြားေလသည္ ။ သူက ဓားထက္ပင္ ခံစားခ်က္မဲ့ဟန္ရသၫ့္ မ်က္ႏွာေခ်ာေခ်ာအား တစ္ခ်က္ၾကၫ့္လိုက္ၿပီး သြားခ်င္းရိုက္ေနေပၿပီ ။

သူ ဘယ္လိုေတာင္ ဆဲေရးခဲ့တာလဲ ?

ဓားနဲ႔ပါ လိုက္ခုတ္လိုက္ေသးတယ္ ?

Andoshi မွာ သူ႔အသက္ မလံုေလာက္ဟု ခံစားလိုက္ရသည္ ။ သူက မေကာင္းဆိုးဝါးလို ေကာင္ကို ရန္စမိလိုက္တာဘဲ ။

ထိုအခ်ိန္တြင္ ပိုၿပီး အံ့ဩစရာေကာင္းသၫ့္အရာကို မ်က္ျမင္ ထင္ထင္ရွားရွား ေတြ့လိုက္ရ၏ ။ ပိန္ပါးၿပီး အားနည္းသည္ဟု ထင္ရသၫ့္ ခႏၶာကိုယ္သည္ ငွက္ေမႊးေလးကဲ့သို႔ ညင္သာစြာ လႈပ္ရွားသြားသည္ ။

နဂါးႀကီးသည္ သူ႔ထံသို႔ တၫ့္တၫ့္ဝင္လာသၫ့္ Ruff အား ဂရုမစိုက္ဟန္ အဆိပ္တစ္ခ်က္မႈတ္လိုက္သည္ ။ သူက အျခားသူမ်ားကို သတ္ျဖတ္ပစ္ဖို႔ ပိုစိတ္အားထက္သန္ေလသည္။ ေလထဲမွာပင္ တစ္ပတ္လွၫ့္လိုက္ၿပီး အဆိပ္မ်ားကို တိမ္းေရွာင္လိုက္ၿပီး အစီအရင္‌ေသးတစ္ခုက ေျခဖ်ားေအာက္တြင္ေပၚလာကာ ျပန္ကန္အားျပဳႏိုင္ရန္ လုပ္ေပးခဲ့ၿပီး ေလထဲ၌ပင္ ရပ္ေနႏိုင္ခဲ့သည္ ။

Ruff ၏ မွင္ေသေသအမႈအရာက တခ်ိန္လံုး ေျပာင္းလဲျခင္း မရိွခဲ့ေပ ။ သူက လ်ွပ္စီးကဲ့သို႔ အလ်င္ျဖင့္ ထပ္မံတိုးဝင္သြားျပန္သည္ ။ ဓားခ်က္သည္ ျမန္ဆန္လြန္း၍ မည္သူမ်ွ ေသခ်ာမျမင္လိုက္ရေပ ။ သူတို႔ေတြ ့လိုက္ရသည္က နဂါး၏ လည္ပင္းကိုယ္ထည္တြင္ ဟက္တပ္ဓားဒဏ္ရာတစ္ခု ေပၚလာခဲ့ၿပီး အဆိပ္ေသြးမ်ား ထြက္ေပၚလာရာ Ruff က ထိုအရာကို ေရွာင္ႏိုင္ဖို႔ ေျမျပင္ေပၚ ေပါ့ပါးစြာ ျပန္ဆင္းလာသည္ကိုပင္။

နဂါးႀကီးသည္ သူ႔အား ဒဏ္ရာျဖစ္ေစသၫ့္ Ruff ထံသို႔ လံုးလံုးလ်ားလ်ား အာရံုက်ေရာက္သြားၿပီး အျပင္းအထန္တိုက္ခိုက္ေတာ့သည္။  သားရဲ၏ တိုက္ခိုက္မႈမ်ားသည္လည္း အလြန္ျမန္ဆန္တာေၾကာင့္ မည္သူမ်ွ အသာစီးမယူႏိုင္ေခ် ။ သို႔ေသာ္ သိသာလွစြာ အားနည္းလာသၫ့္ Ruff သည္ ႏူတ္ခမ္းမ်ား ျဖဴေလ်ာ္လာသည္ ။ ေနာက္ထပ္အခ်ိန္ၾကာျမင့္လ်ွင္ သူက ေတာင့္မခံႏိုင္ေတာ့မည္ကို လူတိုင္းသိလိုက္ၾကသည္ ။ ထိုေၾကာင့္ က်န္သၫ့္ သူတိုင္း လက္ရိွအခြင့္အေရး ရတုန္း ထြက္ေျပးၾကေတာ့သည္ ။

သို႔ေသာ္ သူတို႔ တၫ့္တၫ့္ ထြက္ေျပးလာသၫ့္ လမ္းေၾကာင္းသည္ ပံုရိပ္ေယာင္သာျဖစ္ၿပီး ထြက္ေပါက္သို႔ မဟုတ္ဘဲ စိတ္ဓာတ္ႀကံ့ခိုင္သူတစ္ေယာက္ကိုပင္ အလဲထိုးႏိုင္မၫ့္ ေသြးမ်ား ျပၫ့္ႏွက္ေနသၫ့္ ကမ႓ာတစ္ခုကိုပင္ ။

Shun က သူလုပ္ထားသၫ့္ လမ္းအား ေသခ်ာၾကၫ့္ၿပီး ေနာက္ဆုတ္ကာ အျခားလမ္းသို႔ ေျပးသြားသၫ့္ Regis အား ၾကၫ့္ရင္း အမည္မသိသၫ့္ အၿပံဳးတစ္ခုျဖင့္ လက္ကို တစ္ခ်က္ခါလိုက္သည္ ။ လမ္းေၾကာင္းသည္ ေျပာင္းလဲသြားျခင္းမရိွေသာ္လည္း ကြၽမ္းက်င္သူတစ္ေယာက္သာရိွမည္ဆိုပါက ေသြးခ်ီမ်ား ေပ်ာက္ကြယ္သြားသည္ကို ေတြ ့ရေပမည္။

အကုန္ေပ်ာက္သြားခ်ိန္တြင္ Ruff ၏ မွင္ေသေသမ်က္ႏွာထက္တြင္ ထူးမျခားနား အၾကၫ့္တစ္ခုေပၚလာခဲ့ၿပီး အဓိပၸာယ္ ခန႔္မွန္းရခက္လွေပသည္ ။ သို႔ေသာ္ ခုနကတင္ အားနည္းေနသၫ့္ Ruff က သူ႔အား မ်ိဳခ်ရန္ ျပင္ေနသၫ့္ နဂါး၏ ေမးရိုးအား ဓားျဖင့္ ထိုးစိုက္လိုက္ၿပီး ရွည္လ်ားသၫ့္ အလ်ားလိုက္ ျဖတ္ပိုင္းျခင္းကို ျပဳလုပ္လိုက္သည္ ။ လူးလြန႔္သြားသၫ့္ နဂါးႀကီးအား ျပန္ေကာင္းရန္ အခ်ိန္မေပးခဲ့ဘဲ Ruff က ခုန္တက္လိုက္သည္ ။ ဓားအား လက္ႏွစ္ဖက္အလယ္တြင္ ထားလိုက္ၿပီး တစ္စံုတစ္ခုအား ရြတ္ဆိုလိုက္သည္ ။

" အေမွာင္ထု အစီအရင္! ပ်ံ့က်ဲျခင္း "

ဓားသြားသည္ တိမ္လႊာတစ္ခုသဖြယ္ ရႈပ္ေထြးသြားၿပီး အပိုင္းပိုင္းအစစျဖစ္သြားသည္ ။ ထိုအပိုင္းအစတစ္ခုခ်င္းစီမွ ဓားသြားတစ္ခုစီအျဖစ္ ေျပာင္းလဲသြားၿပီး နဂါးအား ပိုင္းျဖတ္လိုက္ေတာ့သည္ ။ သတ္ျဖတ္ၿပီးၿပီးခ်င္း အခ်ိန္ျဖဳန္းေနျခင္း မရိွသၫ့္ Ruff သည္ သူ႔လက္အား နဂါး၏ ေခါင္းေပၚသို႔ တင္လိုက္သည္ ။ ထင္ရွားျမင္သာသၫ့္ နဂါးပံုဂိပ္တစ္ခုက အေမွာင္ထုအျဖစ္ ထြက္ေပၚလာၿပီး Ruff ကိုယ္ထဲ ဝင္သြားေတာ့သည္ ။

" အိုး ; အရည္အခ်င္းတခ်ိဳ႕ေတာ့ ရိွသားဘဲ "

Shun က ညင္သာစြာ ေရရြတ္လိုက္သည္ ။ Ruzel သည္လည္း ေခါင္းၿငိမ့္ကာ တိတ္တဆိတ္ေထာက္ခံလိုက္သည္။

" သူက Ruzel တခ်ိန္လံုး မေက်ာ္ႏိုင္ခဲ့တဲ့ ဧရာမေတာင္တစ္လံုးဘဲေလ .. ေတာင္က ၿဖိဳခံထားရတယ္ဆိုရင္ေတာင္ သာမန္ေတာင္ထက္ လႊမ္းမိုးႏိုင္တုန္းဘဲ "

သူတို႔ေျပာလို႔ မၿပီးခင္ပင္ ထိုသူရဲေကာင္းမွာ ‌ၿပိဳလဲက်သြားေတာ့သည္ ။ Shun က သူ႔ႏွာထိပ္ေလးအား အသာထိလိုက္ၿပီး " သူက ဂုဏ္ျပဳခ်ီးက်ဳးတာ မခံႏိုင္တဲ့ ေရာဂါရိွေနတာမ်ားလား "

မ်က္လံုးလွန္ၾကၫ့္လာသၫ့္ Ruzel ေၾကာင့္ သူ႔ရဲ့ တပါးသူ ျပႆနာျဖစ္တာကို လက္ခုပ္တီးေပးခ်င္သၫ့္ စိတ္အား ေနာက္ပို႔လိုက္ရသည္ ။ သူက မ်က္လံုးမ်ား ေမွးက်ဉ္းသြားသည္အထိ ၿပံဳးျပလိုက္ၿပီး Ruzel ၏ ခါးေလးအား ဆြဲဖက္လိုက္သည္ ။ " ကိုယ္ တည္ၿငိမ္လိုက္ၿပီ "

Ruzel : "..."

ယံုၾကည္ခ်င္စရာေကာင္းသြားေအာင္ လက္ေလးဖယ္လိုက္ပါလား ?

Ruff သည္ အျမင္အာရံု ေဝဝါးေနစဉ္ သူ႔ထံသို႔ ေျပးလာသၫ့္ Andoshi အား ျမင္လိုက္ရသည္ ။ ထိုငတံုးက ထြက္ေျပးဖို႔ အခြင့္အေရးရိွတာကိုေတာင္ မထြက္ေျပးဘူး ။

Andoshi မွာ ရုတ္တရက္ႀကီး ကံၾကမၼာက သူ႔ထံက တစ္စံုတစ္ခုကို ဆြဲထုတ္ခ်င္ေနျပန္ၿပီ ဟု ခံစားမိလိုက္သည္ ။ သူက Ruff အား တင္းၾကပ္စြာ ေပြ ့ဖက္လိုက္သည္ ။

မရဘူးေနာ္ ..

ခဗ်ားတို ့ကို ထပ္ၿပီး ေခၚယူခြင့္ မေပးႏိုင္ဘူး .. လံုးဝ

ပထမဆံုး သူ႔ကို ေနာက္ဆံုးက်န္သၫ့္ မုန႔္ေလးအား ေပးခဲ့သၫ့္ အစ္မရင္းက အစာငတ္ၿပီး ေသဆံုးခဲ့တယ္ ။

ေနာက္ေတာ့ မိသားစု ကိုယ္တိုင္က တစ္လုပ္စာ ေလ်ာ့ခ်ပစ္ဖို႔  စြန႔္ပစ္ခံရတယ္ ..

ဒုတိယ သူ႔ရဲ့ ၾကင္နာႏူးညံ့တဲ့ သူငယ္ခ်င္းေလး ..

မိဘမဲ့ ေဂဟာက တစ္ဦးတည္းေသာ သူငယ္ခ်င္းေလးက ဝိညာဉ္ေပ်ာက္ဆံုးသြားရတယ္ ..

(AN/ MC က Shun ကိုယ္ထဲ ဝင္လိုက္ေတာ့ မႈလ Shun ရဲ့ ဝိညာဉ္က ေပ်ာက္သြားတယ္ .. ေသသြားတယ္ေပါ့ )

တတိယ မထီမဲ့ျမင္ဟန္နဲ႔ ဘယ္အရာမွေသာက္ဂရုမစိုက္တတ္တဲ့ အျမင္ကပ္စရာေကာင္

အျမင္ကပ္စရာဆိုေပမဲ့ အၾကပ္အတည္းအေျခအေနတိုင္း ကာကြယ္ေပးခဲ့တယ္ ...

ထိုသူေတြ အကုန္လံုးကို သူ႔ဘဝထဲကေန ဆြဲထုတ္သြားၾကတာ ။ အျဖစ္အပ်က္ေတြ အကုန္လံုးက သဘာဝလြန္ဆန္ေနတာမို႔ သူက ဘယ္သူ႔ကိုမွ အျပစ္တင္လို႔ မရခဲ့ဘူး ။ အကုန္လံုးက မိုးေကာင္းကင္အလိုက်လို ျဖစ္ေနတာ ။

Andoshi ၏ လက္တို႔က တင္းၾကပ္သြားၿပီး Ruff အား အတင္းအၾကပ္ ဆြဲထားလိုသၫ့္ဟန္ ။

" ေတာင္းပန္ပါတယ္ .. ‌ထပ္ၿပီး .. ထပ္ၿပီး ငါ့ဆီက ဘယ္သူ႔ကိုမွ မေခၚသြားပါနဲ႔ေတာ့"

ထိုအခ်ိန္တြင္ ေခါင္းထိပ္အား ေခါက္ခံလိုက္ရၿပီး နာက်င္မႈကို ခံစားလိုက္ရသည္ ။ ေမာ့ၾကၫ့္လိုက္ရာ သူ႔အား ေမးေငါ့အား ႏူတ္ခမ္းေတာင့္စြန္းမ်ား ျမင့္တက္စြာ ၿပံဳးထားသည္ လူတစ္ေယာက္အား ေတြ ့လိုက္ရသည္ ။ " သူက စြမ္းအင္ေတြ အလြန္အကြၽံ စုပ္ယူမိလိုက္လို႔ ခနေမ့သြားရံုဘဲ ။ စြမ္းအင္ေတြ ေခ်ဖ်က္ၿပီးတာနဲ႔ ျပန္ႏိုးလာမွာ ။ အရူးတစ္ေယာက္လို ငိုမေနစမ္းနဲ႔ "

ထို႔အတြက္ေၾကာင့္ သူတို႔က ဝင္မကူခဲ့တာပင္ ။ သူ႔ရဲ့ ေသြးစြမ္းရည္နဲ႔ မတူဘဲ အျခားစြမ္းအင္မ်ားသည္ သားရဲကို ကိုယ္တိုင္သတ္မွသာ အလံုးစံုစုပ္ယူႏိုင္တာျဖစ္သည္ ။

ဒါေပါ့ သူတို႔က နဂါးကို ေသလုေအာင္ ရိုက္ႏွက္ၿပီး Ruff ကို တစ္ခ်က္တည္းနဲ႔ သတ္ခိုင္းလို႔ရတယ္ ။ သို႔ေပမဲ့ ထိုေအးခဲေနသၫ့္ ေက်ာက္ေတာင္ႀကီး ( Ruff ) က သူ႔ကို ေစာ္ကားတယ္လို႔ ထင္သြားမွာဘဲ ။

' အဲ့လိုျဖစ္သြားရင္ ေရခဲတံုးရဲ့ ညီေလးအျဖစ္ ရိွေနတဲ့ သူ႔ခ်စ္သူေလးအား မည္ကဲ့သို႔ လြတ္လြတ္လပ္လပ္ ခ်စ္၍ရပါေတာ့မည္နည္း '

သဘာဝက်က်ပင္ သူက ထိုအေၾကာင္းအား ဂရုမစိုက္ေသာ္လည္း သူ႔ခ်စ္သူေလးနဲ႔ ပတ္သက္ေနသ၍ ဂရုျပဳရမည္မွာ ေသခ်ာေပါက္ပင္ ။ လစ္လ်ဳရႈခ်င္ရင္ သူ႔ေခါင္းကို သူျပန္ရိုက္ၿပီး ဂရုျပဳရမည္ ။

သို႔ေသာ္ မ်က္ရည္မ်ား ႏွာရည္မ်ားျပၫ့္ႏွက္ေနသၫ့္ Andoshi သည္ ပိုလို႔ပင္ ငိုေႂကြးေတာ့သည္ ။ " ေတာ္ေသးတာေပါ့ .. မင္းအသက္ရွင္ေသးတယ္ .. ေတာ္ေသးတာေပါ့ "

" ေသခ်ာတာေပါ့ ဒီသခင္က ေသစရာလား ! မင္းဆီက အေႂကြးေတာင္ မယူရေသးဘူး "

***
Dungeon ကိစၥအတြက္မႈ Ruzel က အလြန္အကြၽံဖိအားေပးျခင္း မျပဳလုပ္ခဲ့ေပ ။ ႏွစ္ဖက္လံုးမွ လူမ်ားကို အတူတကြ ေတြ ့ခဲ့‌ရေၾကာင္း အတည္ျပဳျပီးေနာက္ သူက Dungeon အား မ်ွေဝအသံုးျပဳဖို႔ လက္ခံခဲ့သည္။ Venic ၿမိဳ႔စားသည္ လံုးဝမရႏိုင္သၫ့္ အေျခအေနထက္ ထိုအရာက ပိုေကာင္းသည္ဟု သတ္မွတ္လိုက္ၿပီး သေဘာတူညီခဲ့သည္။

ထိုသူ မသိသည္က Ruzel သည္ ထိုကဲ့သို႔ အစကတည္းက စီစဉ္ထားခဲ့ျခင္းကိုပင္ ။ Loryard ၿမိဳ႔က ၿပိဳင္ပြဲသာ လုပ္ရင္ လံုးဝမႏိုင္ႏိုင္ဘူး ဆိုတာ သူက သိေနတယ္ေလ ။ သူတို႔ အေျခအ‌ေနအရ ေမာက္မာ၍ မရေခ် ။ သို႔ေသာ္ နိမ့္ခ်ျပန္ရင္လည္း ေခါင္းတက္နင္းခံရမည္ျဖစ္သည္ ။ အေလ်ာ့အတင္းမရိွသၫ့္ အေျခအေနသာလ်ွင္ အေကာင္းဆံုးျဖစ္သည္ ။ Ruff တို႔ကိုေတြ ့တာက အေၾကာင္းျပခ်က္ေကာင္းတစ္ခု ရွာေတြ ့ခဲ့တာပင္ ။

" ကိုယ္ Dungeon ထဲ ျပန္ဝင္ဖို႔လိုတယ္ " Shun က Regis တို႔အား ထိုအထဲတြင္ ရိွေနဆဲျဖစ္ေၾကာင္း သိသည္။ ရုပ္ဖ်က္ေမွာ္ကို သံုးထားေသာ္လည္း အေသြးအသားကေတာ့ ဖ်က္၍ မရသျဖင့္ သူ႔လက္က လြတ္မည္ မဟုတ္ေခ် ။  ဇာတ္လိုက္ေတြရဲ့ ေကာင္းခ်ီးအရ ေသခ်င္ရင္ေတာင္ ေသဦးမွာ မဟုတ္ေပ ။ ဒါမွမဟုတ္ အလြန္ေကာင္းသၫ့္ Cheat တစ္ခုခုကိုပင္ ေတြ ့ေနေလာက္သည္ ။

စိုးရိမ္တႀကီးျဖင့္ ေျပာရန္ျပင္ေနသၫ့္ ႏူတ္ခမ္းေလးအား ငံု႔နမ္းလိုက္ၿပီး ေအာက္ႏူတ္ခမ္းေလးအား ခပ္ဖြဖြ ကိုက္လိုက္သည္ ။

အင့္-!

ထိုျမင္ကြင္းက ငိုေႂကြးေနသၫ့္ Andoshi ကိုပင္ တိခနဲျပတ္က်သြားသည္အထိ တိတ္ဆိတ္သြားေစႏိုင္သည္ ။ မ်က္လံုးအျပဴးသားနဲ႔ ေၾကာင္ၾကၫ့္ေနသၫ့္ Andoshi သည္ ထိုကဲ့သို႔ ျမင္ကြင္းအား အလြန္စူးစမ္းခ်င္ေနသၫ့္ႏွယ္။ သူက အမ်ိဳးသားနဲ႔ အမ်ိဳးသမီး နမ္းတာေတာ့ မျမင္ဖူးတာမဟုတ္ေပ ။ သို႔ေသာ္ ဒါက နည္းနည္း တစ္မူထူးျခားေနတယ္။

Andoshi: (⊙_⊙)?

ဒါက သူတို႔ ကမ႓ာက သူငယ္ခ်င္းအခ်င္းခ်င္း ခ်စ္ခင္မႈကိုျပတဲ့ သေကၤတလား?

Ruzel ၏ မ်က္ႏွာက မတတ္ႏိုင္ဘဲ နီရဲသြားရသည္ ။ သူတို႔အား အလြန္စိုက္ၾကၫ့္ေနသၫ့္ သူတစ္ေယာက္ရိွေနတာက သူ႔လို တည္ၿငိမ္တဲ့ သူကိုေတာင္ အရွက္ရေစတယ္ ။ သို႔ေသာ္ ထိုထူးျခားရွားပါးလြန္းသၫ့္ အမႈအရာေလးက Shun အား ပိုလိုပင္ ဆြဲေဆာင္သြားေလသည္ ။ သူသာ လုပ္စရာမရိွဘူးဆိုပါက ခ်က္ခ်င္း တည္ေနရာေရြ့ေျပာင္းကာ စံအိမ္ေတာ္သို႔ ျပန္ၿပီး ဒီလူသားေလးအား ဖိခ်ပစ္ခ်င္လွသည္။

ကံမေကာင္း မဟုတ္ဘူး ကံဆိုးလြန္းလွစြာ ယေန့ အခြင့္အေရးအား လက္လႊတ္လိုက္လ်ွင္ ေနာက္အနာဂတ္၌ ပိုလို႔ ပ်င္းရိစြာ ကိစၥမ်ား ကိုင္တြယ္ေနရေပမည္ ။ သို႔ေၾကာင့္ သူက ယေန့ Ruzel အား သက္သာရာေပးလိုက္သည္ ။ ယေန့အစား အနာဂတ္မွာ ရက္အမ်ားႀကီး ယူၿပီး ခ်စ္၍ရသည္။

ထိုအေတြးမ်ားက လ်က္တဖ်က္ေတြးလိုက္တာျဖစ္သည္ ။ သူက နီရဲေနသၫ့္ ပါးေလးႏွစ္ဖက္အား ဖ်စ္ညစ္လိုက္ၿပီး နဖူးေလးအား နမ္းလိုက္သည္ ။ " အရႈပ္ထုပ္ေတြ ျမန္ျမန္ရွင္းၿပီး ျပန္လာခဲ့မယ္ေနာ္ "

အရႈပ္ထုပ္ Regis : '...' *ဟတ္ခ်ိဳး! *

_____________________
ဒီ arc ကို 29 ပိုင္း အၿပီး ေရးမွာမို႔ ဒီ ေနာက္သံုးပိုင္းက စာလံုးေရ မ်ားပါမယ္ ..😗❤️

Wattpad က အပိုင္း 200 အကန႔္အသတ္ဆိုတာ သိၾကတယ္မလား .. အဲ့ေတာ့ ေနာက္ arc က်ရင္ Book တစ္ခု ခြဲပါမယ္ ။ 😊

( ဖတ္ရတာ မပ်င္းေသးဘူးဆို ေနာက္ Book ကို လိုက္ခဲ့ပါဦး ) 🥺❤️

______________
Unicode

Andoshi သည် ဒီ ဓားပါးပါးလေးက ဘာကြောင့် ဒီလောက်လေးလံနေရတာလဲဟု စတင်တွေးမိလာသည် ။ ယခု သူက စကားပြောဖို့ရန်ပင် အားအင်မရှိတော့ချေ ။ Ruff က တစ်ခုခုပြောရန်ပြင်လိုက်စဉ်မှာပင် သူ့ရဲ့ ဓားသဖွယ် မျက်ခုံးတို့က တွန့်ချိုးသွားပြီး ဓားသွားမှတဆင့် Andoshi အား ဆွဲလိုက်သည် ။

ဘာဖြစ်မှန်းမသိလိုက်ရသည့် Andoshi က တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည် ။ ဘာကြောင့်ဆို ခုနက သူရပ်နေသည့် မြေကြီးမှာ အရည်တချို့ကြောင့် လောင်ကျွမ်းကာ သတ္တုများပင် တိုက်စားခံလိုက်ရသည့် အသံကိုကြားလိုက်ရခြင်းကြောင့်ပင် ။ " အ.. အဆိပ်တွေ "

ဒါက မီးမှုတ်တဲ့ နဂါးမဟုတ်ဘူးဟ

ဖာ့ခ် ဒါ ဘယ်လိုငရဲမျိုးလဲ

သူက ဆဲဆိုဖို့ မပြင်ရသေးခင်ပင် နောက်ထပ် မြင်ကွင်း တစ်ခုကို မြင်လိုက်ပြန်သည်။ တိုက်ခိုက်နေသည့် အဖွဲ့မှ တစ်ယောက်က ဥ တစ်လုံးအား ပစ်လွှတ်လိုက်ခြင်း ။

" မြန်မြန် ဖမ်းလိုက် !! "

Andoshi- ????

ဘာကိစ္စ ပစ်လိုက်တုန်း ?

မင်း ပစ်ပေးတိုင်း ဖမ်းမယ်လို့ ဘယ်ခွေးမျက်လုံးနဲ့ ကြည့်လိုက်တာလဲ ?

ငါ့ကို အဆိပ်ပက်ခံ‌ရအောင် လုပ်ကတည်းက မင်းတို့ကို ကြင်နာဖို့ လက်လျော့လိုက်ပြီ ..

Ruff သည် တစ်ဖက်တွင် ဓားကို လက်နောက်တွင် ဖြောင့်တန်းစွာ ကိုင်ခဲ့ပြီး အခြားလက်တစ်ဖက်တွင် Andoshi အား ပွေ ့ထိန်းပေးထားခဲ့ပြီး မည်သည့်လက်မှ အားယားမနေချေ ။ Andoshi အတွက်တော့ ပြောစရာပင်မလိုချေ ။

အားမရှိသည်ကို နောက်ထား ကြောက်ရွံ ့မှုကြောင့် Ruff အား ခွမတက်ရုံ တမည် တွယ်ကပ်ထားပြီး မလှုပ်နိုင်ချေ ။ ရလဒ်အနေဖြင့် ကြီးမားသည့် ဥကြီးမှာ ကွဲကျသံနဲ့အတူ ပျစ်ချွဲချွဲအရည်များ နေရာအနှံ့သို့ ပျံ ့စင်သွားသည် ။ လေထုသည် တမင်လုပ်ယူထားသလို ရုပ်ချည်း ငြိမ်သက်သွားသည် ။ အသက်ရှုသံ ခပ်ဖျော့ဖျော့ကိုပင် မကြားနိုင်ချေ ။

တိတ်ဆိတ်နေသည့် အခြေအနေအား ခက်ထန်သည့် ဟိန်းဟောက်သံက ချက်ချင်းပင်ဖြိုခွဲလိုက်သည်။ မူလအစက နဂါးဥ အား ယူထားကြသည့် အမဲလိုက်အဖွဲ့ကြောင့် နဂါးကြီးသည် ထိန်းသိမ်းကာ တိုက်ခိုက်နေခြင်း ။ ထိုကြောင့်သာ ဤလူများ အခုထိ အသက်ရှင်နေကြခြင်းပင် ။

ယခု အခြေအနေအား သူ မသာ ကိုယ် မသာ လုပ်ပေးသည့် ဥကြီး ခမျာ အပိုင်းပိုင်းအစစ ဖြစ်သွားချေပြီ ။

နဂါးကြီးသည် မြင်မြင်သမျှ တိုက်ခိုက်တော့သည် ။ Ruff က ခပ်လှမ်းလှမ်းသို့ ခုန်ဆုတ်လိုက်ပြီး Andoshi အား ဆွဲခွာလိုက်ကာ ကျောက်တုံးကြီးကြီး နောက်သို့ အကြင်တရား ကင်းမဲ့သည့်အမှုအရာဖြင့် ပစ်ထည့်လိုက်သည် ။ ပြီးနောက်

" ထွက်မလာနဲ့ " ဟု ပြောကာကိုင်ထားသည့် ဓားရှည်အား ညာဘက်လက်သို့ ပြောင်းကိုင်လိုက်သည် ။ ပါးလျသည့် ဓားသွားသည်  ဖြည်းညင်းစွာ အနက်ရောင်အခိုးအငွေ ့များဖြင့် ပြည့်နှက်သွားသည် ။ နှစ်စက္ကန့်လောက်အကြာတွင် လုံးဝ ပိန်းနေအောင် နက်မှောင်သည့် ဓားသွားအဖြစ် ပြောင်းလဲသွားတော့သည် ။ 

Andoshi သည် ထိုမြင်ကွင်းအား ကြည့်ရင်း ကြက်သေသေသွားသည် ။ ထိုကဲ့သို့ အမှောင်ထုကို သယ်ဆောင်ထားပြီး အေးခဲနေသည့် အရှိန်အဝါနဲ့ ဓားမျိုး တစ်ခါမှ မမြင်ဖူးခဲ့သဖြင့်  သူ့အကြောလေးများပင် အေးခဲသွားပြီး ကျောရိုးထိ အေးစိမ့်သွားလေသည် ။ သူက ဓားထက်ပင် ခံစားချက်မဲ့ဟန်ရသည့် မျက်နှာချောချောအား တစ်ချက်ကြည့်လိုက်ပြီး သွားချင်းရိုက်နေပေပြီ ။

သူ ဘယ်လိုတောင် ဆဲရေးခဲ့တာလဲ ?

ဓားနဲ့ပါ လိုက်ခုတ်လိုက်သေးတယ် ?

Andoshi မှာ သူ့အသက် မလုံလောက်ဟု ခံစားလိုက်ရသည် ။ သူက မကောင်းဆိုးဝါးလို ကောင်ကို ရန်စမိလိုက်တာဘဲ ။

ထိုအချိန်တွင် ပိုပြီး အံ့ဩစရာကောင်းသည့်အရာကို မျက်မြင် ထင်ထင်ရှားရှား တွေ့လိုက်ရ၏ ။ ပိန်ပါးပြီး အားနည်းသည်ဟု ထင်ရသည့် ခန္ဓာကိုယ်သည် ငှက်မွှေးလေးကဲ့သို့ ညင်သာစွာ လှုပ်ရှားသွားသည် ။

နဂါးကြီးသည် သူ့ထံသို့ တည့်တည့်ဝင်လာသည့် Ruff အား ဂရုမစိုက်ဟန် အဆိပ်တစ်ချက်မှုတ်လိုက်သည် ။ သူက အခြားသူများကို သတ်ဖြတ်ပစ်ဖို့ ပိုစိတ်အားထက်သန်လေသည်။ လေထဲမှာပင် တစ်ပတ်လှည့်လိုက်ပြီး အဆိပ်များကို တိမ်းရှောင်လိုက်ပြီး အစီအရင်‌သေးတစ်ခုက ခြေဖျားအောက်တွင်ပေါ်လာကာ ပြန်ကန်အားပြုနိုင်ရန် လုပ်ပေးခဲ့ပြီး လေထဲ၌ပင် ရပ်နေနိုင်ခဲ့သည် ။

Ruff ၏ မှင်သေသေအမှုအရာက တချိန်လုံး ပြောင်းလဲခြင်း မရှိခဲ့ပေ ။ သူက လျှပ်စီးကဲ့သို့ အလျင်ဖြင့် ထပ်မံတိုးဝင်သွားပြန်သည် ။ ဓားချက်သည် မြန်ဆန်လွန်း၍ မည်သူမျှ သေချာမမြင်လိုက်ရပေ ။ သူတို့တွေ ့လိုက်ရသည်က နဂါး၏ လည်ပင်းကိုယ်ထည်တွင် ဟက်တပ်ဓားဒဏ်ရာတစ်ခု ပေါ်လာခဲ့ပြီး အဆိပ်သွေးများ ထွက်ပေါ်လာရာ Ruff က ထိုအရာကို ရှောင်နိုင်ဖို့ မြေပြင်ပေါ် ပေါ့ပါးစွာ ပြန်ဆင်းလာသည်ကိုပင်။

နဂါးကြီးသည် သူ့အား ဒဏ်ရာဖြစ်စေသည့် Ruff ထံသို့ လုံးလုံးလျားလျား အာရုံကျရောက်သွားပြီး အပြင်းအထန်တိုက်ခိုက်တော့သည်။  သားရဲ၏ တိုက်ခိုက်မှုများသည်လည်း အလွန်မြန်ဆန်တာကြောင့် မည်သူမျှ အသာစီးမယူနိုင်ချေ ။ သို့သော် သိသာလှစွာ အားနည်းလာသည့် Ruff သည် နူတ်ခမ်းများ ဖြူလျော်လာသည် ။ နောက်ထပ်အချိန်ကြာမြင့်လျှင် သူက တောင့်မခံနိုင်တော့မည်ကို လူတိုင်းသိလိုက်ကြသည် ။ ထိုကြောင့် ကျန်သည့် သူတိုင်း လက်ရှိအခွင့်အရေး ရတုန်း ထွက်ပြေးကြတော့သည် ။

သို့သော် သူတို့ တည့်တည့် ထွက်ပြေးလာသည့် လမ်းကြောင်းသည် ပုံရိပ်ယောင်သာဖြစ်ပြီး ထွက်ပေါက်သို့ မဟုတ်ဘဲ စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ကိုပင် အလဲထိုးနိုင်မည့် သွေးများ ပြည့်နှက်နေသည့် ကမ်ဘာတစ်ခုကိုပင် ။

Shun က သူလုပ်ထားသည့် လမ်းအား သေချာကြည့်ပြီး နောက်ဆုတ်ကာ အခြားလမ်းသို့ ပြေးသွားသည့် Regis အား ကြည့်ရင်း အမည်မသိသည့် အပြုံးတစ်ခုဖြင့် လက်ကို တစ်ချက်ခါလိုက်သည် ။ လမ်းကြောင်းသည် ပြောင်းလဲသွားခြင်းမရှိသော်လည်း ကျွမ်းကျင်သူတစ်ယောက်သာရှိမည်ဆိုပါက သွေးချီများ ပျောက်ကွယ်သွားသည်ကို တွေ ့ရပေမည်။

အကုန်ပျောက်သွားချိန်တွင် Ruff ၏ မှင်သေသေမျက်နှာထက်တွင် ထူးမခြားနား အကြည့်တစ်ခုပေါ်လာခဲ့ပြီး အဓိပ္ပာယ် ခန့်မှန်းရခက်လှပေသည် ။ သို့သော် ခုနကတင် အားနည်းနေသည့် Ruff က သူ့အား မျိုချရန် ပြင်နေသည့် နဂါး၏ မေးရိုးအား ဓားဖြင့် ထိုးစိုက်လိုက်ပြီး ရှည်လျားသည့် အလျားလိုက် ဖြတ်ပိုင်းခြင်းကို ပြုလုပ်လိုက်သည် ။ လူးလွန့်သွားသည့် နဂါးကြီးအား ပြန်ကောင်းရန် အချိန်မပေးခဲ့ဘဲ Ruff က ခုန်တက်လိုက်သည် ။ ဓားအား လက်နှစ်ဖက်အလယ်တွင် ထားလိုက်ပြီး တစ်စုံတစ်ခုအား ရွတ်ဆိုလိုက်သည် ။

" အမှောင်ထု အစီအရင်! ပျံ့ကျဲခြင်း "

ဓားသွားသည် တိမ်လွှာတစ်ခုသဖွယ် ရှုပ်ထွေးသွားပြီး အပိုင်းပိုင်းအစစဖြစ်သွားသည် ။ ထိုအပိုင်းအစတစ်ခုချင်းစီမှ ဓားသွားတစ်ခုစီအဖြစ် ပြောင်းလဲသွားပြီး နဂါးအား ပိုင်းဖြတ်လိုက်တော့သည် ။ သတ်ဖြတ်ပြီးပြီးချင်း အချိန်ဖြုန်းနေခြင်း မရှိသည့် Ruff သည် သူ့လက်အား နဂါး၏ ခေါင်းပေါ်သို့ တင်လိုက်သည် ။ ထင်ရှားမြင်သာသည့် နဂါးပုံဂိပ်တစ်ခုက အမှောင်ထုအဖြစ် ထွက်ပေါ်လာပြီး Ruff ကိုယ်ထဲ ဝင်သွားတော့သည် ။

" အိုး ; အရည်အချင်းတချို့တော့ ရှိသားဘဲ "

Shun က ညင်သာစွာ ရေရွတ်လိုက်သည် ။ Ruzel သည်လည်း ခေါင်းငြိမ့်ကာ တိတ်တဆိတ်ထောက်ခံလိုက်သည်။

" သူက Ruzel တချိန်လုံး မကျော်နိုင်ခဲ့တဲ့ ဧရာမတောင်တစ်လုံးဘဲလေ .. တောင်က ဖြိုခံထားရတယ်ဆိုရင်တောင် သာမန်တောင်ထက် လွှမ်းမိုးနိုင်တုန်းဘဲ "

သူတို့ပြောလို့ မပြီးခင်ပင် ထိုသူရဲကောင်းမှာ ‌ပြိုလဲကျသွားတော့သည် ။ Shun က သူ့နှာထိပ်လေးအား အသာထိလိုက်ပြီး " သူက ဂုဏ်ပြုချီးကျုးတာ မခံနိုင်တဲ့ ရောဂါရှိနေတာများလား "

မျက်လုံးလှန်ကြည့်လာသည့် Ruzel ကြောင့် သူ့ရဲ့ တပါးသူ ပြဿနာဖြစ်တာကို လက်ခုပ်တီးပေးချင်သည့် စိတ်အား နောက်ပို့လိုက်ရသည် ။ သူက မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ပြုံးပြလိုက်ပြီး Ruzel ၏ ခါးလေးအား ဆွဲဖက်လိုက်သည် ။ " ကိုယ် တည်ငြိမ်လိုက်ပြီ "

Ruzel : "..."

ယုံကြည်ချင်စရာကောင်းသွားအောင် လက်လေးဖယ်လိုက်ပါလား ?

Ruff သည် အမြင်အာရုံ ဝေဝါးနေစဉ် သူ့ထံသို့ ပြေးလာသည့် Andoshi အား မြင်လိုက်ရသည် ။ ထိုငတုံးက ထွက်ပြေးဖို့ အခွင့်အရေးရှိတာကိုတောင် မထွက်ပြေးဘူး ။

Andoshi မှာ ရုတ်တရက်ကြီး ကံကြမ္မာက သူ့ထံက တစ်စုံတစ်ခုကို ဆွဲထုတ်ချင်နေပြန်ပြီ ဟု ခံစားမိလိုက်သည် ။ သူက Ruff အား တင်းကြပ်စွာ ပွေ ့ဖက်လိုက်သည် ။

မရဘူးနော် ..

ခဗျားတို ့ကို ထပ်ပြီး ခေါ်ယူခွင့် မပေးနိုင်ဘူး .. လုံးဝ

ပထမဆုံး သူ့ကို နောက်ဆုံးကျန်သည့် မုန့်လေးအား ပေးခဲ့သည့် အစ်မရင်းက အစာငတ်ပြီး သေဆုံးခဲ့တယ် ။

နောက်တော့ မိသားစု ကိုယ်တိုင်က တစ်လုပ်စာ လျော့ချပစ်ဖို့  စွန့်ပစ်ခံရတယ် ..

ဒုတိယ သူ့ရဲ့ ကြင်နာနူးညံ့တဲ့ သူငယ်ချင်းလေး ..

မိဘမဲ့ ဂေဟာက တစ်ဦးတည်းသော သူငယ်ချင်းလေးက ဝိညာဉ်ပျောက်ဆုံးသွားရတယ် ..

(AN/ MC က Shun ကိုယ်ထဲ ဝင်လိုက်တော့ မှုလ Shun ရဲ့ ဝိညာဉ်က ပျောက်သွားတယ် .. သေသွားတယ်ပေါ့ )

တတိယ မထီမဲ့မြင်ဟန်နဲ့ ဘယ်အရာမှသောက်ဂရုမစိုက်တတ်တဲ့ အမြင်ကပ်စရာကောင်

အမြင်ကပ်စရာဆိုပေမဲ့ အကြပ်အတည်းအခြေအနေတိုင်း ကာကွယ်ပေးခဲ့တယ် ...

ထိုသူတွေ အကုန်လုံးကို သူ့ဘဝထဲကနေ ဆွဲထုတ်သွားကြတာ ။ အဖြစ်အပျက်တွေ အကုန်လုံးက သဘာဝလွန်ဆန်နေတာမို့ သူက ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရခဲ့ဘူး ။ အကုန်လုံးက မိုးကောင်းကင်အလိုကျလို ဖြစ်နေတာ ။

Andoshi ၏ လက်တို့က တင်းကြပ်သွားပြီး Ruff အား အတင်းအကြပ် ဆွဲထားလိုသည့်ဟန် ။

" တောင်းပန်ပါတယ် .. ‌ထပ်ပြီး .. ထပ်ပြီး ငါ့ဆီက ဘယ်သူ့ကိုမှ မခေါ်သွားပါနဲ့တော့"

ထိုအချိန်တွင် ခေါင်းထိပ်အား ခေါက်ခံလိုက်ရပြီး နာကျင်မှုကို ခံစားလိုက်ရသည် ။ မော့ကြည့်လိုက်ရာ သူ့အား မေးငေါ့အား နူတ်ခမ်းတောင့်စွန်းများ မြင့်တက်စွာ ပြုံးထားသည် လူတစ်ယောက်အား တွေ ့လိုက်ရသည် ။ " သူက စွမ်းအင်တွေ အလွန်အကျွံ စုပ်ယူမိလိုက်လို့ ခနမေ့သွားရုံဘဲ ။ စွမ်းအင်တွေ ချေဖျက်ပြီးတာနဲ့ ပြန်နိုးလာမှာ ။ အရူးတစ်ယောက်လို ငိုမနေစမ်းနဲ့ "

ထို့အတွက်ကြောင့် သူတို့က ဝင်မကူခဲ့တာပင် ။ သူ့ရဲ့ သွေးစွမ်းရည်နဲ့ မတူဘဲ အခြားစွမ်းအင်များသည် သားရဲကို ကိုယ်တိုင်သတ်မှသာ အလုံးစုံစုပ်ယူနိုင်တာဖြစ်သည် ။

ဒါပေါ့ သူတို့က နဂါးကို သေလုအောင် ရိုက်နှက်ပြီး Ruff ကို တစ်ချက်တည်းနဲ့ သတ်ခိုင်းလို့ရတယ် ။ သို့ပေမဲ့ ထိုအေးခဲနေသည့် ကျောက်တောင်ကြီး ( Ruff ) က သူ့ကို စော်ကားတယ်လို့ ထင်သွားမှာဘဲ ။

' အဲ့လိုဖြစ်သွားရင် ရေခဲတုံးရဲ့ ညီလေးအဖြစ် ရှိနေတဲ့ သူ့ချစ်သူလေးအား မည်ကဲ့သို့ လွတ်လွတ်လပ်လပ် ချစ်၍ရပါတော့မည်နည်း '

သဘာဝကျကျပင် သူက ထိုအကြောင်းအား ဂရုမစိုက်သော်လည်း သူ့ချစ်သူလေးနဲ့ ပတ်သက်နေသ၍ ဂရုပြုရမည်မှာ သေချာပေါက်ပင် ။ လစ်လျုရှုချင်ရင် သူ့ခေါင်းကို သူပြန်ရိုက်ပြီး ဂရုပြုရမည် ။

သို့သော် မျက်ရည်များ နှာရည်များပြည့်နှက်နေသည့် Andoshi သည် ပိုလို့ပင် ငိုကြွေးတော့သည် ။ " တော်သေးတာပေါ့ .. မင်းအသက်ရှင်သေးတယ် .. တော်သေးတာပေါ့ "

" သေချာတာပေါ့ ဒီသခင်က သေစရာလား ! မင်းဆီက အကြွေးတောင် မယူရသေးဘူး "

***
Dungeon ကိစ္စအတွက်မှု Ruzel က အလွန်အကျွံဖိအားပေးခြင်း မပြုလုပ်ခဲ့ပေ ။ နှစ်ဖက်လုံးမှ လူများကို အတူတကွ တွေ ့ခဲ့‌ရကြောင်း အတည်ပြုပြီးနောက် သူက Dungeon အား မျှဝေအသုံးပြုဖို့ လက်ခံခဲ့သည်။ Venic မြို့စားသည် လုံးဝမရနိုင်သည့် အခြေအနေထက် ထိုအရာက ပိုကောင်းသည်ဟု သတ်မှတ်လိုက်ပြီး သဘောတူညီခဲ့သည်။

ထိုသူ မသိသည်က Ruzel သည် ထိုကဲ့သို့ အစကတည်းက စီစဉ်ထားခဲ့ခြင်းကိုပင် ။ Loryard မြို့က ပြိုင်ပွဲသာ လုပ်ရင် လုံးဝမနိုင်နိုင်ဘူး ဆိုတာ သူက သိနေတယ်လေ ။ သူတို့ အခြေအ‌နေအရ မောက်မာ၍ မရချေ ။ သို့သော် နိမ့်ချပြန်ရင်လည်း ခေါင်းတက်နင်းခံရမည်ဖြစ်သည် ။ အလျော့အတင်းမရှိသည့် အခြေအနေသာလျှင် အကောင်းဆုံးဖြစ်သည် ။ Ruff တို့ကိုတွေ ့တာက အကြောင်းပြချက်ကောင်းတစ်ခု ရှာတွေ ့ခဲ့တာပင် ။

" ကိုယ် Dungeon ထဲ ပြန်ဝင်ဖို့လိုတယ် " Shun က Regis တို့အား ထိုအထဲတွင် ရှိနေဆဲဖြစ်ကြောင်း သိသည်။ ရုပ်ဖျက်မှော်ကို သုံးထားသော်လည်း အသွေးအသားကတော့ ဖျက်၍ မရသဖြင့် သူ့လက်က လွတ်မည် မဟုတ်ချေ ။  ဇာတ်လိုက်တွေရဲ့ ကောင်းချီးအရ သေချင်ရင်တောင် သေဦးမှာ မဟုတ်ပေ ။ ဒါမှမဟုတ် အလွန်ကောင်းသည့် Cheat တစ်ခုခုကိုပင် တွေ ့နေလောက်သည် ။

စိုးရိမ်တကြီးဖြင့် ပြောရန်ပြင်နေသည့် နူတ်ခမ်းလေးအား ငုံ့နမ်းလိုက်ပြီး အောက်နူတ်ခမ်းလေးအား ခပ်ဖွဖွ ကိုက်လိုက်သည် ။

အင့်-!

ထိုမြင်ကွင်းက ငိုကြွေးနေသည့် Andoshi ကိုပင် တိခနဲပြတ်ကျသွားသည်အထိ တိတ်ဆိတ်သွားစေနိုင်သည် ။ မျက်လုံးအပြူးသားနဲ့ ကြောင်ကြည့်နေသည့် Andoshi သည် ထိုကဲ့သို့ မြင်ကွင်းအား အလွန်စူးစမ်းချင်နေသည့်နှယ်။ သူက အမျိုးသားနဲ့ အမျိုးသမီး နမ်းတာတော့ မမြင်ဖူးတာမဟုတ်ပေ ။ သို့သော် ဒါက နည်းနည်း တစ်မူထူးခြားနေတယ်။

Andoshi: (⊙_⊙)?

ဒါက သူတို့ ကမ်ဘာက သူငယ်ချင်းအချင်းချင်း ချစ်ခင်မှုကိုပြတဲ့ သငေ်္ကတလား?

Ruzel ၏ မျက်နှာက မတတ်နိုင်ဘဲ နီရဲသွားရသည် ။ သူတို့အား အလွန်စိုက်ကြည့်နေသည့် သူတစ်ယောက်ရှိနေတာက သူ့လို တည်ငြိမ်တဲ့ သူကိုတောင် အရှက်ရစေတယ် ။ သို့သော် ထိုထူးခြားရှားပါးလွန်းသည့် အမှုအရာလေးက Shun အား ပိုလိုပင် ဆွဲဆောင်သွားလေသည် ။ သူသာ လုပ်စရာမရှိဘူးဆိုပါက ချက်ချင်း တည်နေရာရွေ့ပြောင်းကာ စံအိမ်တော်သို့ ပြန်ပြီး ဒီလူသားလေးအား ဖိချပစ်ချင်လှသည်။

ကံမကောင်း မဟုတ်ဘူး ကံဆိုးလွန်းလှစွာ ယနေ့ အခွင့်အရေးအား လက်လွှတ်လိုက်လျှင် နောက်အနာဂတ်၌ ပိုလို့ ပျင်းရိစွာ ကိစ္စများ ကိုင်တွယ်နေရပေမည် ။ သို့ကြောင့် သူက ယနေ့ Ruzel အား သက်သာရာပေးလိုက်သည် ။ ယနေ့အစား အနာဂတ်မှာ ရက်အများကြီး ယူပြီး ချစ်၍ရသည်။

ထိုအတွေးများက လျက်တဖျက်တွေးလိုက်တာဖြစ်သည် ။ သူက နီရဲနေသည့် ပါးလေးနှစ်ဖက်အား ဖျစ်ညစ်လိုက်ပြီး နဖူးလေးအား နမ်းလိုက်သည် ။ " အရှုပ်ထုပ်တွေ မြန်မြန်ရှင်းပြီး ပြန်လာခဲ့မယ်နော် "

အရှုပ်ထုပ် Regis : '...' *ဟတ်ချိုး! *

_____________________
ဒီ arc ကို 29 ပိုင်း အပြီး ရေးမှာမို့ ဒီ နောက်သုံးပိုင်းက စာလုံးရေ များပါမယ် ..😗❤️

Wattpad က အပိုင်း 200 အကန့်အသတ်ဆိုတာ သိကြတယ်မလား .. အဲ့တော့ နောက် arc ကျရင် Book တစ်ခု ခွဲပါမယ် ။ 😊

( ဖတ်ရတာ မပျင်းသေးဘူးဆို နောက် Book ကို လိုက်ခဲ့ပါဦး ) 🥺❤️

______________

Continue Reading

You'll Also Like

167K 18.3K 65
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
65.9K 12.7K 26
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
2.7M 148K 52
ချမ်းသာကြွယ်ဝမူတွေနဲ့ဂုဏ်ရှိန်ပြင်းတဲ့ မိုးထိခေါင်မှိုင်း ဟာအိမ်ထောင်ကွဲဖြစ်ပြီးငါးနှစ်အရွယ်သားလေးတစ် ယောက်ရှိပေမဲ့ သားလေးရဲ့ပူဆာမူကြောင့်ညီလေးတစ် ယေ...
637K 6.6K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...