ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

848K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.9.24

1.3K 245 22
By devil61002

" Loryard ၿမိဳ႔က အခု အရင္းအျမစ္ေတြ အမ်ားႀကီးလိုအပ္ေနမယ္ဆိုတာ ခန႔္မွန္းမိပါတယ္ .. ဒါေပမဲ့ ဒီတစ္ေခါက္ Dungeon က မတူးေဖာ္ရေသးတဲ့အရာျဖစ္ေနေတာ့ venic ၿမိဳ႔အေနနဲ႔ ဆိုရင္ေတာင္ လက္ေလ်ာ့ဖို႔ မျဖစ္ႏိုင္ပါဘူး " venic ၿမိဳ႔စား ခပ္ၿပံဳးၿပံဳးျဖင့္ တည္ၿငိမ္စြာ ရပ္ေနသၫ့္ Ruzel အား ၾကၫ့္ကာ ေျပာလိုက္သည္ ။

တကယ္ေတာ့ ထုတ္ေျပာစရာပင္မလိုေခ် ။ စစ္သည္တစ္ေယာက္မွ ေခၚမလာသၫ့္ Ruzelႏွင့္မတူဘဲ Dungeon ပတ္လည္တြင္ ခ်ထားသၫ့္ ‌စစ္သည္မ်ားေၾကာင့္ တဖက္၏ သေဘာထားအား သိႏိုင္ရန္ လံုေလာက္ေပသည္ ။ သည္အခ်ိန္တြင္ အေနာက္တြင္ရပ္ေနသၫ့္ Shun က Ruzel အနားသို႔ ကပ္ကာ တစ္ခုခုအား တီးတိုးေျပာလိုက္သည္ ။

" Venic ၿမိဳ႔စားမင္း .. လူႀကီးမင္းက တိုင္းျပည္ေတြ အကုန္လံုး သေဘာတူထားတဲ့ Dungeon နဲ႔ ပတ္သက္တဲ့ စည္းကမ္းခ်က္ေတြကို သိထားတယ္မလား .." Ruzel က ေအးခ်မ္းသၫ့္အၿပံဳးေလးျဖင့္ Venic ၿမိဳ႔စားအား ၾကၫ့္လိုက္သည္ ။

" ဒါေပါ့ .. ငါသိထားပါတယ္ .. ဒါေၾကာင့္လဲ မင္းကို ေဆြးေနြးဖို႔ ဖိတ္ၾကားလႊာပို႔ခဲ့တာဘဲေလ .." သေဘာတူညီခ်က္ စည္းကမ္းတြင္ Dungeon အသစ္တစ္ခုအား တိုင္းျပည္ႏွစ္ခု ဒါမွမဟုတ္ ၿမိဳ႔ႏွစ္ခုက တၿပိဳင္နက္ေတြ ့ခဲ့ပါက ထို Dungeon အား ရဖို႔ ယွဉ္ၿပိဳင္ရမည္ျဖစ္သည္ ။ ၿပိဳင္ပြဲကို အသံုးမျပဳလိုလ်ွင္ တဖက္လူေက်နပ္ေစမၫ့္ ‌တန္ဖိုးျဖင့္ ေပး၍ အရယူႏိုင္သည္ ။ ဤသို႔ျဖင့္ Dungeon ေၾကာင့္ ျဖစ္လာမၫ့္ စစ္ပြဲမ်ားကို ေရွာင္ရွားေစလိုသည္ ။

" ဟုတ္ၿပီ .. ႏွစ္ဦးႏွစ္ဖက္ မေဆြးေနြးခင္ တဖက္က အရင္ Dungeon ထဲကို လူလႊတ္တာက စည္းမ်ဉ္းကို ခ်ိဳးေဖာက္တယ္ဆိုတာလဲ သိထားမွာဘဲ .. " Ruzel ၏ စကားေၾကာင့္ Venic ၿမိဳ႔စား၏ မ်က္ႏွာက ခက္ထန္သြားသည္ ။

" မင္း ဘာကို ဆိုလိုခ်င္တာလဲ "

Ruzel က မ်က္ခံုးတစ္ခ်က္ပင့္လိုက္ၿပီး သူ႔အေနာက္က Shun ထံသို႔ ၫႊန္ျပလိုက္သည္ ။ " ျဖစ္ခ်င္ေတာ့ ငါ့ရဲ့လူက ေျခရာေကာက္တဲ့ အစြမ္းတစ္ခု ပိုင္ထားတယ္ေလ .. သူကဘဲ ဒီထဲကို ဝင္သြားတဲ့ အမဲလိုက္အဖြဲ႔တစ္ဖြဲ႔ ရိွတယ္လို႔ ေျပာခဲ့တာ "

" မျဖစ္ႏိုင္တာ .. ဒီ Dungeon က အခုမွေပၚတာေလ .. အထဲမွာ ရိွတဲ့ အႏၲရယ္က ေတာ္ရံုမဟုတ္ဘူး .. အမဲလိုက္အဖြဲ႔တစ္ဖြဲ႔ကို ေျဖရွင္းခိုင္းစရာလား .. အဓိပၸာယ္မရိွတာ .. ဒီ‌ေနရာနဲ႔ မနီးမေဝးမွာ Dungeon တစ္ခုရိွတယ္.. အမဲလိုက္အဖြဲ႔တစ္ခုခုက မ်က္စိလည္ၿပီး ဝင္သြားတာျဖစ္မယ္  .. "

အျပင္းအထန္ ျငင္းဆန္ေနသၫ့္ Venic ၿမိဳ႔စားေၾကာင့္ Ruzel ၏ ႏူတ္ခမ္းမ်ား ေကာ့တက္သြားသည္ ။ " ဒါေပမဲ့ စည္းကမ္းခ်ိဳးေဖာက္တာက ခ်ိဳးေဖာက္တာဘဲေလ .. စိတ္မေကာင္းေပမဲ့ လူႀကီးမင္းမွာ ဒီ Dungeon ကို လက္ေလ်ာ့ဖို႔ကလြဲၿပီး တျခားမရိွဘူး "

' ေတာက္ ! ဒီေခြးမသားေလး .. ငါ့ကို ေခ်ာင္ပိတ္ရိုက္ေနတာဘဲ .. တိုင္းျပည္တစ္ခုရဲ့ ေနာက္ခံေတာင္မရိွဘဲနဲ႔ ေမာက္မာေနတာ ' venic ၿမိဳ႔စားက သူ႔ရဲ့ သတ္ျဖတ္စိတ္အား ထိန္းခ်ဳပ္ထားၿပီး Ruzel အား စူးရဲစြာ ၾကၫ့္လိုက္သည္ ။

" အထဲဝင္သြားတဲ့သူေတြရွိမရွိဆိုတာ အတည္မျပဳရေသးဘူး ၿပီးေတာ့ သူတို႔က Venic ၿမိဳ႔သား ဟုတ္မဟုတ္ မသိႏိုင္ေသးဘူးေလ .. အလ်င္စလို မဆံုးျဖတ္လိုက္နဲ႔ "

Ruzel က ေထာက္ခံသၫ့္ဟန္ ေခါင္းတစ္ခ်က္ညိတ္လိုက္သည္ ။ " လြယ္ပါတယ္ ... သူတို႔ကို အထဲဝင္ၿပီး ေခၚထုတ္လိုက္တာေပါ့.. အခုေလာက္ဆို သူတို႔လဲ Dungeon အသစ္ထဲ ဝင္မိသြားတယ္ဆိုတာ သတိထားမိၿပီး ျပန္ဆုတ္ခဲ့ေလာက္တယ္ .. ရွာဖို႔ သိပ္မၾကာေလာက္ဘူး "

" ႏွစ္ဖက္စလံုးဝင္မွ ရမွာဆိုေတာ့ မင္းဘက္က လူေတြေရာက္လာေအာင္ အခ်ိန္ေစာင့္ရဦးမလား " Venic ၿမိဳ႔စား၏ အသံက အနည္းငယ္ ေလွာင္ေျပာင္ဟန္ေပါက္ေနသည္ ။ Loryard ၿမိဳ႔က ျပန္ျပင္ဆင္ထားၿပီးၿပီျဖစ္ေသာ္လည္း စစ္ပြဲတြင္ ကြၽမ္းက်င္သူမ်ားစြာ ဆံုးရႈံးခဲ့သည္ ။ Dungeon အတြင္းက သားရဲေပါက္ေလးေတြကိုေတာင္ အႏိုင္ယူဖို႔ လူရိွပါ့မလားဘဲ ။

" အရင္ဝင္ႏွင့္ပါၿပီ " Ruzel က ေျပာလိုက္ၿပီး Venic ၿမိဳ႔စား၏ စကားအား အေၾကာင္းျပန္ဖို႔ပင္ မလုပ္ေတာ့ဘဲ  Shun ႏွင့္အတူ ဦးစြာ ဝင္သြားေတာ့သည္ ။ ထိုသည္ကို ၾကၫ့္ရင္း Venic ၿမိဳ႔စား၏ မ်က္ႏွာထက္တြင္ ညစ္က်ဲက်ဲ အၿပံဳးတစ္ခုေပၚလာသည္ ။ သူက အထဲဝင္ဖို႔ ေခၚထားသၫ့္ Guild အဖြဲ႔ေခါင္းေဆာင္အား ေခၚလိုက္ၿပီး

" အထဲေရာက္ရင္ အမဲလိုက္အဖြဲ႔ကို ရွင္းပစ္လိုက္ "

**
" Ruff .. ငါကို ေခၚလာလို႔လဲ အသံုးမဝင္ဘူး .. ငါက ဘာမွအသံုးက်တဲ့ေကာင္မဟုတ္ဘူး .. ျပန္ၾကရေအာင္ " Andoshi က Ruff ၏ အေနာက္မွ လိုက္လာရင္း ထိတ္လန႔္ဖြယ္အနံ႔အသက္မ်ား ျပၫ့္ႏွက္ေနသၫ့္ ေနရာ‌အား ‌ဟိုၾကၫ့္ဒီၾကၫ့္လုပ္လိုက္သည္ ။ တစ္ေနရာရာကေန ဝုန္းခနဲ ထြက္ခဲ့သည္ရိွေသာ္ အရင္ဆံုး ထြက္ေျပးႏိုင္သည္ေလ။

ဝုန္း!!!!! ဘန္း!!!!

ေက်ာက္ေဆာင္ ၿပိဳက်သံလိုလို ၾကားလိုက္ရၿပီး အတြင္းနက္ပိုင္းမွ စြမ္းအင္လိွုင္းမ်ား ျဖာထြက္လာသည္ ။ ထေျပးရန္ျပင္ေနသၫ့္ Andoshi သည္ ဆြဲေခၚခံရျခင္းနဲ႔အတူ ထိုေနရာသို႔ ပါသြားျပန္ေလသည္ ။ ထိုေနရာသို႔ ေရာက္သၫ့္အခ်ိန္တြင္ သူတို႔ႏွင့္ အတူလာသၫ့္ အမဲလိုက္အဖြဲ႔အျပင္ အျခားသူမ်ားကိုပါ ေတြ ့လိုက္ရသည္ ။

" န.. နဂါးႀကီး !! " နေဘးနားတြင္ Andoshi သည္ က်ယ္ေလာင္သၫ့္ ဟိန္းသံမ်ား ထုတ္လႊတ္ေနသၫ့္ အေကာင္ႀကီးအား ၾကၫ့္ရင္း တကိုယ္လံုး ျဖဴေလ်ာ္သြားသည္ ။ အေကာင္ႀကီးအား ၾကၫ့္ရင္း ပါးစပ္မွ ခ်က္ခ်င္း ဝိညာဉ္ထြက္ေတာ့မလို ခံစားေနရသည္ ။ ' ဟင့္ .. ဟင့္ အိမ္ျပန္ခ်င္တယ္'

သူက ေဘးသို႔ လွၫ့္လိုက္သၫ့္ အခ်ိန္တြင္ ခုနကတင္ ရပ္ေနသၫ့္ Ruff သည္ ယခုခ်ိန္တြင္ မရိွေတာ့ေခ် ။ " ေသၿပီ.. ေသၿပီ.. ငါေတာ့ေသၿပီ.. ဟိုေရခဲေတာင္ ငါ့ကို ထားၿပီ ထြက္ေျပးသြားၿပီ .. အားးး ေသၿပီ "

" တိတ္စမ္း! "

‌‌အတက္အက်မရိွသၫ့္ အသံအား ၾကားလိုက္ရျခင္းေၾကာင့္ Andoshi က အံ့ဩသြားဟန္ သူ႔ပါးစပ္အား လက္ျဖင့္ အုပ္လိုက္သည္ ။ " အို? ရိွေသးတယ္ဟ "

" Ruff !! ငါတို႔ကို လာကူပါဦး " Cloud က Andoshi တို႔အား ျမင္သည္ႏွင့္ ခ်က္ခ်င္းေအာ္ေျပာလိုက္သည္ ။ သို႔ေသာ္ Ruff က ထိုသူမ်ားအား ဂရုမစိုက္ေခ် ။ Andoshi ၏ ေခါင္းအား ေနာက္မွ အသာပုတ္လိုက္ၿပီး " ငါ့ကို ဒါေတြ လာေကာက္ကူ "

" ဟင္? ဪ? အင္း? " သူက Ruff လက္ထဲက စိမ္းျပာေရာင္ ေက်ာက္တံုးေလးအား ၾကၫ့္လိုက္ၿပီး ေခါင္းညိတ္လိုက္ကာ ေကာက္ယူရန္ျပင္လိုက္သည္ ။ သူက အေျခအေနမေကာင္းပံုေပါက္ေနသၫ့္ Cloud တို႔အား ၾကၫ့္ရင္း အသံတိုးတိုးေလးျဖင့္ ေမးလိုက္သည္ ။ " သူတို႔ကို မကူညီဘူးလား "

" ဒီသတၲုေတြက ေမွာ္လက္နက္လုပ္တဲ့အခါ အဓိကအသံုးျပဳတယ္ .. အရည္အေသြးေကာင္းရင္ နည္းနည္းေလးနဲ႔ ေရႊျပား တစ္ေထာင္ေလာက္ ရတယ္ " Ruff က Andoshi အား ၾကၫ့္ကာ ေျပာလိုက္သည္ ။

" ဟင္?? တကယ္ႀကီးလား .." Ruff ၏ ေခါင္းညိတ့္အတည္ျပဳမႈကို ရလိုက္သည္ႏွင့္ Andoshi သည္ တက္ႂကြစြာ လိုက္ေကာက္ေတာ့သည္ ။ သူရဲ့ ေငြက အသက္ထက္အ‌ေရးႀကီးသလို ပံုစံေၾကာင့္ Ruff ပင္ အနည္းငယ္တြန႔္သြားသည္ ။ ' ခုနကဘဲ အရမ္းေၾကာက္ေနတာေလ ..'

Ruff ၏အျပဳအမႈေၾကာင့္ Cloud ၏ အမႈအရာက ဆိုးရြားသြားသည္ ။ " Ruff ဒီေကာင္ႀကီးကို အခု ပူးေပါင္းၿပီး မသတ္ရင္ မင္းတို႔လဲ လြတ္မွာ မဟုတ္ဘူး "

" မဟုတ္ဘူး .. " Cloud ၏ စကားမဆံုးခင္ Ruff က ျဖတ္ေျပာလိုက္သည္ ။ " ငါသာ သူ႔ကို မတိုက္ခိုက္ရင္ သူက ငါ့ကို ဘာမွလုပ္မွာ မဟုတ္ဘူး .. ဒါေပမဲ့ တိုက္ခိုက္လိုက္ရင္ေတာ့ မင္းတို႔အစား ငါ့အေပၚ အာရံုရသြားလိမ့္မယ္ .. အဲ့အခါက်ရင္ အခုအေျခအေနက ေျပာင္းျပန္ျဖစ္သြားမွာေပါ့ "

" ဪ အဲ့လိုကိုး .. ငါတို႔မတိုက္ခိုက္မခ်င္း ဒီေက်ာက္တံုးေတြ ႀကိဳက္သေလာက္ ေကာက္လို႔ရတာေပါ့ .. ဟားဟား ခ်မ္းသာၿပီ .. ခ်မ္းသာၿပီ .." Andoshi က အရင္တုန္းက အထုပ္ထမ္းသၫ့္အခါတိုင္း ဘာလို႔ ဂူအျပင္မွာဘဲ က်န္ေနရစ္ခိုင္းခဲ့ရသလဲဆိုသည္ကို သတိျပဳမိသြားသည္ ။ ' အက်င့္ပုတ္ေတြ '

Ruff က အပံုလိုက္ရိွေနသၫ့္ ေက်ာက္တံုးပံုအား ၾကၫ့္လိုက္သည္ ။ သူက ထိုအပံု၏ အေပၚတြင္ လက္ကို တင္လိုက္၏ ။ Andoshi က နားမလည္သၫ့္ပံုစံျဖင့္ ေခါင္းအသာေစာင္းကာ ၾကၫ့္လိုက္သည္ ။ ' အိတ္ထဲထၫ့္မယ္ေလ'

ေၾကာင္ၾကၫ့္ေနသၫ့္ Andoshi ၏ အၾကၫ့္ေအာက္မွာပင္ ေက်ာက္ပံုေပၚမွ ေမွာ္အစီအရင္ အထပ္လိုက္ေပၚလာသည္ကို ေတြ ့လိုက္ရသည္ ။ တခ်ိန္တည္းမွာပင္ ေက်ာက္အပံုႀကီးသည္ ေလ်ာ့နည္းသြားၿပီး အစီအရင္က အလင္းမ်ား ေတာက္ပလာသည္ ။ အလင္းေလ်ာ့သြားခ်ိန္ ဓားရွည္တစ္ေခ်ာင္းေပၚလာခဲ့သည္ ။ ဓားအသြားသည္ ပါးလ် သန႔္စင္ၿပီး လက္ကိုင္က နက္ေမွာင္ေနသည္ ။ ၾကၫ့္ရတာနဲ႔တင္ အလြန္ထက္ျမသၫ့္ ဓားတစ္ေခ်ာင္းျဖစ္ေၾကာင္း သိႏိုင္သည္ ။

ဝါး!!!!

Andoshi ၏ မ်က္ဝန္းမ်ားသည္ အလင္းတစ္ခ်က္ လက္သြားခဲ့သည္ ။ ခ်က္ခ်င္းပင္ အရည္လဲ့လာခဲ့ၿပီး မ်က္ရည္မ်ား အဆက္မျပတ္က်ဆင္းလာေတာ့သည္ ။

" ငါရဲ့ .. ငါရဲ့ ေရႊျပားေလးေတြ!!! "

__________________
Unicode

" Loryard မြို့က အခု အရင်းအမြစ်တွေ အများကြီးလိုအပ်နေမယ်ဆိုတာ ခန့်မှန်းမိပါတယ် .. ဒါပေမဲ့ ဒီတစ်ခေါက် Dungeon က မတူးဖော်ရသေးတဲ့အရာဖြစ်နေတော့ venic မြို့အနေနဲ့ ဆိုရင်တောင် လက်လျော့ဖို့ မဖြစ်နိုင်ပါဘူး " venic မြို့စား ခပ်ပြုံးပြုံးဖြင့် တည်ငြိမ်စွာ ရပ်နေသည့် Ruzel အား ကြည့်ကာ ပြောလိုက်သည် ။

တကယ်တော့ ထုတ်ပြောစရာပင်မလိုချေ ။ စစ်သည်တစ်ယောက်မှ ခေါ်မလာသည့် Ruzelနှင့်မတူဘဲ Dungeon ပတ်လည်တွင် ချထားသည့် ‌စစ်သည်များကြောင့် တဖက်၏ သဘောထားအား သိနိုင်ရန် လုံလောက်ပေသည် ။ သည်အချိန်တွင် အနောက်တွင်ရပ်နေသည့် Shun က Ruzel အနားသို့ ကပ်ကာ တစ်ခုခုအား တီးတိုးပြောလိုက်သည် ။

" Venic မြို့စားမင်း .. လူကြီးမင်းက တိုင်းပြည်တွေ အကုန်လုံး သဘောတူထားတဲ့ Dungeon နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို သိထားတယ်မလား .." Ruzel က အေးချမ်းသည့်အပြုံးလေးဖြင့် Venic မြို့စားအား ကြည့်လိုက်သည် ။

" ဒါပေါ့ .. ငါသိထားပါတယ် .. ဒါကြောင့်လဲ မင်းကို ဆွေးနွေးဖို့ ဖိတ်ကြားလွှာပို့ခဲ့တာဘဲလေ .." သဘောတူညီချက် စည်းကမ်းတွင် Dungeon အသစ်တစ်ခုအား တိုင်းပြည်နှစ်ခု ဒါမှမဟုတ် မြို့နှစ်ခုက တပြိုင်နက်တွေ ့ခဲ့ပါက ထို Dungeon အား ရဖို့ ယှဉ်ပြိုင်ရမည်ဖြစ်သည် ။ ပြိုင်ပွဲကို အသုံးမပြုလိုလျှင် တဖက်လူကျေနပ်စေမည့် ‌တန်ဖိုးဖြင့် ပေး၍ အရယူနိုင်သည် ။ ဤသို့ဖြင့် Dungeon ကြောင့် ဖြစ်လာမည့် စစ်ပွဲများကို ရှောင်ရှားစေလိုသည် ။

" ဟုတ်ပြီ .. နှစ်ဦးနှစ်ဖက် မဆွေးနွေးခင် တဖက်က အရင် Dungeon ထဲကို လူလွှတ်တာက စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုတာလဲ သိထားမှာဘဲ .. " Ruzel ၏ စကားကြောင့် Venic မြို့စား၏ မျက်နှာက ခက်ထန်သွားသည် ။

" မင်း ဘာကို ဆိုလိုချင်တာလဲ "

Ruzel က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူ့အနောက်က Shun ထံသို့ ညွှန်ပြလိုက်သည် ။ " ဖြစ်ချင်တော့ ငါ့ရဲ့လူက ခြေရာကောက်တဲ့ အစွမ်းတစ်ခု ပိုင်ထားတယ်လေ .. သူကဘဲ ဒီထဲကို ဝင်သွားတဲ့ အမဲလိုက်အဖွဲ့တစ်ဖွဲ့ ရှိတယ်လို့ ပြောခဲ့တာ "

" မဖြစ်နိုင်တာ .. ဒီ Dungeon က အခုမှပေါ်တာလေ .. အထဲမှာ ရှိတဲ့ အန္တရယ်က တော်ရုံမဟုတ်ဘူး .. အမဲလိုက်အဖွဲ့တစ်ဖွဲ့ကို ဖြေရှင်းခိုင်းစရာလား .. အဓိပ္ပာယ်မရှိတာ .. ဒီ‌နေရာနဲ့ မနီးမဝေးမှာ Dungeon တစ်ခုရှိတယ်.. အမဲလိုက်အဖွဲ့တစ်ခုခုက မျက်စိလည်ပြီး ဝင်သွားတာဖြစ်မယ်  .. "

အပြင်းအထန် ငြင်းဆန်နေသည့် Venic မြို့စားကြောင့် Ruzel ၏ နူတ်ခမ်းများ ကော့တက်သွားသည် ။ " ဒါပေမဲ့ စည်းကမ်းချိုးဖောက်တာက ချိုးဖောက်တာဘဲလေ .. စိတ်မကောင်းပေမဲ့ လူကြီးမင်းမှာ ဒီ Dungeon ကို လက်လျော့ဖို့ကလွဲပြီး တခြားမရှိဘူး "

' တောက် ! ဒီခွေးမသားလေး .. ငါ့ကို ချောင်ပိတ်ရိုက်နေတာဘဲ .. တိုင်းပြည်တစ်ခုရဲ့ နောက်ခံတောင်မရှိဘဲနဲ့ မောက်မာနေတာ ' venic မြို့စားက သူ့ရဲ့ သတ်ဖြတ်စိတ်အား ထိန်းချုပ်ထားပြီး Ruzel အား စူးရဲစွာ ကြည့်လိုက်သည် ။

" အထဲဝင်သွားတဲ့သူတွေရှိမရှိဆိုတာ အတည်မပြုရသေးဘူး ပြီးတော့ သူတို့က Venic မြို့သား ဟုတ်မဟုတ် မသိနိုင်သေးဘူးလေ .. အလျင်စလို မဆုံးဖြတ်လိုက်နဲ့ "

Ruzel က ထောက်ခံသည့်ဟန် ခေါင်းတစ်ချက်ညိတ်လိုက်သည် ။ " လွယ်ပါတယ် ... သူတို့ကို အထဲဝင်ပြီး ခေါ်ထုတ်လိုက်တာပေါ့.. အခုလောက်ဆို သူတို့လဲ Dungeon အသစ်ထဲ ဝင်မိသွားတယ်ဆိုတာ သတိထားမိပြီး ပြန်ဆုတ်ခဲ့လောက်တယ် .. ရှာဖို့ သိပ်မကြာလောက်ဘူး "

" နှစ်ဖက်စလုံးဝင်မှ ရမှာဆိုတော့ မင်းဘက်က လူတွေရောက်လာအောင် အချိန်စောင့်ရဦးမလား " Venic မြို့စား၏ အသံက အနည်းငယ် လှောင်ပြောင်ဟန်ပေါက်နေသည် ။ Loryard မြို့က ပြန်ပြင်ဆင်ထားပြီးပြီဖြစ်သော်လည်း စစ်ပွဲတွင် ကျွမ်းကျင်သူများစွာ ဆုံးရှုံးခဲ့သည် ။ Dungeon အတွင်းက သားရဲပေါက်လေးတွေကိုတောင် အနိုင်ယူဖို့ လူရှိပါ့မလားဘဲ ။

" အရင်ဝင်နှင့်ပါပြီ " Ruzel က ပြောလိုက်ပြီး Venic မြို့စား၏ စကားအား အကြောင်းပြန်ဖို့ပင် မလုပ်တော့ဘဲ  Shun နှင့်အတူ ဦးစွာ ဝင်သွားတော့သည် ။ ထိုသည်ကို ကြည့်ရင်း Venic မြို့စား၏ မျက်နှာထက်တွင် ညစ်ကျဲကျဲ အပြုံးတစ်ခုပေါ်လာသည် ။ သူက အထဲဝင်ဖို့ ခေါ်ထားသည့် Guild အဖွဲ့ခေါင်းဆောင်အား ခေါ်လိုက်ပြီး

" အထဲရောက်ရင် အမဲလိုက်အဖွဲ့ကို ရှင်းပစ်လိုက် "

**
" Ruff .. ငါကို ခေါ်လာလို့လဲ အသုံးမဝင်ဘူး .. ငါက ဘာမှအသုံးကျတဲ့ကောင်မဟုတ်ဘူး .. ပြန်ကြရအောင် " Andoshi က Ruff ၏ အနောက်မှ လိုက်လာရင်း ထိတ်လန့်ဖွယ်အနံ့အသက်များ ပြည့်နှက်နေသည့် နေရာ‌အား ‌ဟိုကြည့်ဒီကြည့်လုပ်လိုက်သည် ။ တစ်နေရာရာကနေ ဝုန်းခနဲ ထွက်ခဲ့သည်ရှိသော် အရင်ဆုံး ထွက်ပြေးနိုင်သည်လေ။

ဝုန်း!!!!! ဘန်း!!!!

ကျောက်ဆောင် ပြိုကျသံလိုလို ကြားလိုက်ရပြီး အတွင်းနက်ပိုင်းမှ စွမ်းအင်လှိုင်းများ ဖြာထွက်လာသည် ။ ထပြေးရန်ပြင်နေသည့် Andoshi သည် ဆွဲခေါ်ခံရခြင်းနဲ့အတူ ထိုနေရာသို့ ပါသွားပြန်လေသည် ။ ထိုနေရာသို့ ရောက်သည့်အချိန်တွင် သူတို့နှင့် အတူလာသည့် အမဲလိုက်အဖွဲ့အပြင် အခြားသူများကိုပါ တွေ ့လိုက်ရသည် ။

" န.. နဂါးကြီး !! " နဘေးနားတွင် Andoshi သည် ကျယ်လောင်သည့် ဟိန်းသံများ ထုတ်လွှတ်နေသည့် အကောင်ကြီးအား ကြည့်ရင်း တကိုယ်လုံး ဖြူလျော်သွားသည် ။ အကောင်ကြီးအား ကြည့်ရင်း ပါးစပ်မှ ချက်ချင်း ဝိညာဉ်ထွက်တော့မလို ခံစားနေရသည် ။ ' ဟင့် .. ဟင့် အိမ်ပြန်ချင်တယ်'

သူက ဘေးသို့ လှည့်လိုက်သည့် အချိန်တွင် ခုနကတင် ရပ်နေသည့် Ruff သည် ယခုချိန်တွင် မရှိတော့ချေ ။ " သေပြီ.. သေပြီ.. ငါတော့သေပြီ.. ဟိုရေခဲတောင် ငါ့ကို ထားပြီ ထွက်ပြေးသွားပြီ .. အားးး သေပြီ "

" တိတ်စမ်း! "

‌‌အတက်အကျမရှိသည့် အသံအား ကြားလိုက်ရခြင်းကြောင့် Andoshi က အံ့ဩသွားဟန် သူ့ပါးစပ်အား လက်ဖြင့် အုပ်လိုက်သည် ။ " အို? ရှိသေးတယ်ဟ "

" Ruff !! ငါတို့ကို လာကူပါဦး " Cloud က Andoshi တို့အား မြင်သည်နှင့် ချက်ချင်းအော်ပြောလိုက်သည် ။ သို့သော် Ruff က ထိုသူများအား ဂရုမစိုက်ချေ ။ Andoshi ၏ ခေါင်းအား နောက်မှ အသာပုတ်လိုက်ပြီး " ငါ့ကို ဒါတွေ လာကောက်ကူ "

" ဟင်? ဪ? အင်း? " သူက Ruff လက်ထဲက စိမ်းပြာရောင် ကျောက်တုံးလေးအား ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ ကောက်ယူရန်ပြင်လိုက်သည် ။ သူက အခြေအနေမကောင်းပုံပေါက်နေသည့် Cloud တို့အား ကြည့်ရင်း အသံတိုးတိုးလေးဖြင့် မေးလိုက်သည် ။ " သူတို့ကို မကူညီဘူးလား "

" ဒီသတ္တုတွေက မှော်လက်နက်လုပ်တဲ့အခါ အဓိကအသုံးပြုတယ် .. အရည်အသွေးကောင်းရင် နည်းနည်းလေးနဲ့ ရွှေပြား တစ်ထောင်လောက် ရတယ် " Ruff က Andoshi အား ကြည့်ကာ ပြောလိုက်သည် ။

" ဟင်?? တကယ်ကြီးလား .." Ruff ၏ ခေါင်းညိတ့်အတည်ပြုမှုကို ရလိုက်သည်နှင့် Andoshi သည် တက်ကြွစွာ လိုက်ကောက်တော့သည် ။ သူရဲ့ ငွေက အသက်ထက်အ‌ရေးကြီးသလို ပုံစံကြောင့် Ruff ပင် အနည်းငယ်တွန့်သွားသည် ။ ' ခုနကဘဲ အရမ်းကြောက်နေတာလေ ..'

Ruff ၏အပြုအမှုကြောင့် Cloud ၏ အမှုအရာက ဆိုးရွားသွားသည် ။ " Ruff ဒီကောင်ကြီးကို အခု ပူးပေါင်းပြီး မသတ်ရင် မင်းတို့လဲ လွတ်မှာ မဟုတ်ဘူး "

" မဟုတ်ဘူး .. " Cloud ၏ စကားမဆုံးခင် Ruff က ဖြတ်ပြောလိုက်သည် ။ " ငါသာ သူ့ကို မတိုက်ခိုက်ရင် သူက ငါ့ကို ဘာမှလုပ်မှာ မဟုတ်ဘူး .. ဒါပေမဲ့ တိုက်ခိုက်လိုက်ရင်တော့ မင်းတို့အစား ငါ့အပေါ် အာရုံရသွားလိမ့်မယ် .. အဲ့အခါကျရင် အခုအခြေအနေက ပြောင်းပြန်ဖြစ်သွားမှာပေါ့ "

" ဪ အဲ့လိုကိုး .. ငါတို့မတိုက်ခိုက်မချင်း ဒီကျောက်တုံးတွေ ကြိုက်သလောက် ကောက်လို့ရတာပေါ့ .. ဟားဟား ချမ်းသာပြီ .. ချမ်းသာပြီ .." Andoshi က အရင်တုန်းက အထုပ်ထမ်းသည့်အခါတိုင်း ဘာလို့ ဂူအပြင်မှာဘဲ ကျန်နေရစ်ခိုင်းခဲ့ရသလဲဆိုသည်ကို သတိပြုမိသွားသည် ။ ' အကျင့်ပုတ်တွေ '

Ruff က အပုံလိုက်ရှိနေသည့် ကျောက်တုံးပုံအား ကြည့်လိုက်သည် ။ သူက ထိုအပုံ၏ အပေါ်တွင် လက်ကို တင်လိုက်၏ ။ Andoshi က နားမလည်သည့်ပုံစံဖြင့် ခေါင်းအသာစောင်းကာ ကြည့်လိုက်သည် ။ ' အိတ်ထဲထည့်မယ်လေ'

ကြောင်ကြည့်နေသည့် Andoshi ၏ အကြည့်အောက်မှာပင် ကျောက်ပုံပေါ်မှ မှော်အစီအရင် အထပ်လိုက်ပေါ်လာသည်ကို တွေ ့လိုက်ရသည် ။ တချိန်တည်းမှာပင် ကျောက်အပုံကြီးသည် လျော့နည်းသွားပြီး အစီအရင်က အလင်းများ တောက်ပလာသည် ။ အလင်းလျော့သွားချိန် ဓားရှည်တစ်ချောင်းပေါ်လာခဲ့သည် ။ ဓားအသွားသည် ပါးလျ သန့်စင်ပြီး လက်ကိုင်က နက်မှောင်နေသည် ။ ကြည့်ရတာနဲ့တင် အလွန်ထက်မြသည့် ဓားတစ်ချောင်းဖြစ်ကြောင်း သိနိုင်သည် ။

ဝါး!!!!

Andoshi ၏ မျက်ဝန်းများသည် အလင်းတစ်ချက် လက်သွားခဲ့သည် ။ ချက်ချင်းပင် အရည်လဲ့လာခဲ့ပြီး မျက်ရည်များ အဆက်မပြတ်ကျဆင်းလာတော့သည် ။

" ငါရဲ့ .. ငါရဲ့ ရွှေပြားလေးတွေ!!! "

__________________

Continue Reading

You'll Also Like

414K 21.7K 47
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.1M 20.1K 33
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
771K 78.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်