မပြိုသောကောင်းကင်၊မကြွေသောကြယ်

By SilverQueen947

5.3M 455K 29K

မပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှ... More

About Story
နေအလင်းစက်
မြသော်က
ဘုန်းလင်္ကာ
ဇာတ်လမ်း - ၁
ဇာတ်လမ်း - ၂
ဇာတ်လမ်း - ၃
ဇာတ်လမ်း - ၄
ဇာတ်လမ်း- ၅
ဇာတ်လမ်း - ၆
ဇာတ်လမ်း - ၇
ဇာတ်လမ်း - ၈
ဇာတ်လမ်း - ၉
ဇာတ်လမ်း - ၁၀
ဇာတ်လမ်း - ၁၁
ဇာတ်လမ်း - ၁၂
ဇာတ်လမ်း - ၁၃
ဇာတ်လမ်း - ၁၄
ဇာတ်လမ်း - ၁၅
ဇာတ်လမ်း - ၁၆
ဇာတ်လမ်း - ၁၇
ဇာတ်လမ်း - ၁၈
ဇာတ်လမ်း - ၁၉
ဇာတ်လမ်း - ၂၀
ဇာတ်လမ်း - ၂၁
ဇာတ်လမ်း - ၂၂
ဇာတ်လမ်း - ၂၃
ဇာတ်လမ်း - ၂၄
ဇာတ်လမ်း - ၂၅
ဇာတ်လမ်း - ၂၆
ဇာတ်လမ်း - ၂၇
ဇာတ်လမ်း - ၂၈
ဇာတ်လမ်း - ၂၉
ဇာတ်လမ်း - ၃၀
ဇာတ်လမ်း - ၃၁
ဇာတ်လမ်း - ၃၂
ဇာတ်လမ်း - ၃၃
ဇာတ်လမ်း - ၃၄
ဇာတ်လမ်း - ၃၅
ဇာတ်လမ်း - ၃၆
ဇာတ်လမ်း - ၃၇
ဇာတ်လမ်း - ၃၈
ဇာတ်လမ်း - ၃၉
ဇာတ်လမ်း - ၄၀
ဇာတ်လမ်း - ၄၁
ဇာတ်လမ်း - ၄၂
ဇာတ်လမ်း - ၄၃
ဇာတ်လမ်း - ၄၄
ဇာတ်လမ်း - ၄၅
ဇာတ်လမ်း - ၄၆
ဇာတ်လမ်း - ၄၇
ဇာတ်လမ်း - ၄၈
ဇာတ်လမ်း - ၄၉
ဇာတ်လမ်း - ၅၀ (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်ရှိခြင်း
Extra - 0
Extra
Extra 2
Extra 3
Extra 4
Extra - 5
Extra 6 ( V day Special)
V Day Special Extra (Part II)
Extra 7
Order
Extra ii
Extra iii
Extra iv
အခန်းပို (၁၀)
အခန်းပို (၁၁)
Extra V
Extra VI

Extra

25K 2.4K 155
By SilverQueen947

ေနာက္ဆုံးထြက္ထားတဲ့စာအုပ္ထဲမွာပါတဲ့ Extra ေလးပါ။ စာအုပ္ထြက္ကတည္းက တင္ေပးမလို႔ကို acc က တေလာေလးကမွ ျပန္ရတာမို႔ အခုမွပဲတင္ျဖစ္။
ခ်မ္းေျမ့ပါေစ စာဖတ္သူတို႔ေရ ....

“ ကိုကိုေရ သတင္းေကာင္းနဲ႔ သတင္းဆိုးႏွစ္ခုရွိတယ္ ဘယ္ဟာအရင္နားေထာင္ခ်င္လဲ”

ခပ္ျမဴးျမဴးအသံေၾကာင့္ ပန္းကန္ေဆးေနရင္းက လွည့္ၾကည့္လိုက္ေတာ့ ကိုယ္ေတာ္ေခ်ာက ျပတင္းေပါက္ေပါင္ေပၚမွာ ဖုန္းပြတ္လ်က္သား။

“ ကိုယ္ခဏခဏေျပာတယ္ေနာ္ ညီ ျပတင္းေပါက္ေပါင္ေပၚ တက္တက္မထိုင္နဲ႔လို႔ ဘယ္လိုမွ စကားနားမေထာင္ဘူး မင္းေတာ့လား”

“ ကိုကိုကလည္း ေမ့သြားလို႔ပါ ဟဲဟဲ”

“ မဟဲဟဲနဲ႔ သံပန္းမတပ္ရေသးလို႔ ျပဳတ္က်မွာ စိုးလို႔ပါဆိုေန”

“ ဟုတ္ကဲ့ပါဗ်ာ ဟုတ္ကဲ့ပါ”

ပါးစပ္ကသာ ဟုတ္ကဲ့ေနတာ။ မ်က္ႏွာေပးကေတာ့ မႈန္ကုပ္ကုပ္ရယ္။ ျပတင္းေပါက္ေပၚကေန ခုန္ဆင္းၿပီး အိပ္ရာေပၚ ဘုန္းခနဲပစ္လွဲလိုက္တာက သူမေက်နပ္ပါဘူးေပါ့။ ကြၽန္ေတာ္ကလည္း ကြၽန္ေတာ္ပဲ အ႐ြယ္ေရာက္ၿပီးသားေယာက္က်ားေလးကို ကေလးတစ္ေယာက္လို လိုက္ပူပန္ေနမိတာ။

သူလွဲေနတဲ့နား ဝင္ထိုင္ၿပီး လိပ္တင္ေနတဲ့ ေဘာင္းဘီစကို ဆြဲခ်ေပးေတာ့ ဘာလဲဆိုတဲ့ မ်က္ႏွာနဲ႔ လွည့္ၾကည့္သည္။

“ စိတ္မဆိုးပါနဲ႔ ညီရ ကိုယ္ ဒီတိုင္းပဲ စိတ္ပူလို႔ပါ။ ဒီႏွစ္ေတြမွာ ပိုစိတ္ပူတတ္လာတယ္။ ဘာေလးမဆို လိုက္ပူေနမိတာ ကေလးကို ဆူခ်င္လို႔မဟုတ္ပါဘူးကြာ ေနာ္”

“ အဲဒါ ကိုကို အသက္ႀကီးလာလို႔ေလ”

ေျပာင္စပ္စပ္ လုပ္ေနျပန္တာမို႔ နဖူးကို မနာေအာင္ထုလိုက္ေတာ့ ေပါင္ကို ဖက္ေခါင္းအုံးလို လာခြၿပီး ဖုန္းကိုပဲ ဆက္ပြတ္ေနသည္။

“ ခုနကဟာ ဆက္ေျပာဦးေလ ညီရဲ႕ သတင္းေကာင္းနဲ႔ သတင္းဆိုးက ဘာတုန္း”

“ ဪ ဟုတ္သားပဲ ေျပာေနရင္း ေမ့သြား ကိုကိုဆူေနလို႔ေလ”

“ မဆူပါဘူးဆို ဒီကေလးႏွယ္”

“ ဘယ္ဟာ အရင္နားေထာင္မွာလဲ ကိုကိုက”

“ အင္း ဘယ္ဟာ နားေထာင္ရင္ေကာင္းမလဲ သတင္းဆိုးပဲ အရင္”

“ ဟုတ္ၿပီ သတင္းဆိုးကေတာ့ ေမေမက ကြၽန္ေတာ္တို႔ကို ေခၚေနတယ္ မျဖစ္မေနလာရမယ္တဲ့”

“ ဟင္ အေမက ေခၚတာကို ဘာသတင္းဆိုးလဲ”

“ ဆိုးတာေပါ့ ကိုကိုရ ပါပါးနဲ႔က တည့္တာမွ မဟုတ္တာကို”

“ အင္းပါ ဒါဆို သတင္းေကာင္းကေရာ”

“ သတင္းေကာင္းကေတာ့ ေမေမတို႔က ေတာင္ႀကီးလာမွာတဲ့ ပါပါးဘက္က ဘႀကီးက မဆုံးခင္ အမ်ိဳးေတြ စုံစုံလင္လင္ေတြ႕ခ်င္လို႔တဲ့”

“ ေဟာ ဒါကေရာ ဘာလို႔ သတင္းေကာင္းျဖစ္ရျပန္တာတုန္း”

“ ဪ ကိုကိုရယ္ ဟိုအထိသြားစရာမလိုေတာ့ဘူးေလ ေတာင္ႀကီးတင္ပဲဆိုေတာ့ သြားရတာလည္း နီးတယ္ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ခရီးမသြားရတာ ၾကာၿပီေလ ခရီးထြက္ရတာေပါ့ မဟုတ္ဘူးလား”

“ အဲဒီလိုလား ခရီးထြက္ရတာေတာ့ ေကာင္းေပမယ့္ ညီရယ္ အလုပ္ေတြက်ေတာ့ ဘယ္လိုလုပ္မလဲ ခြင့္ေတာ့ယူရမွာေပါ့ ရပါတယ္ လူႀကီးေတြလာတုန္းေတြ႕ရတာဆိုေတာ့လည္း ယူရမွာေပါ့”

“အမယ္ေလးဗ်ာ မပူပါနဲ႔ ကိုအလုပ္ခ်စ္သူႀကီးအတြက္ စဥ္းစားၿပီးသား ေဟာဒီမွာ ၾကည့္လိုက္ ဒါဘာလဲ”

ဖုန္းကို ထိုးျပေနတဲ့ ညီ့ကိုၾကည့္ၿပီး နားမလည္သလို ဖုန္းကိုၾကည့္လိုက္၊ သူ႔မ်က္ႏွာကို ၾကည့္လိုက္

“ ဘာလဲ အဲဒါ … ဖုန္းေလ ညီ ဖုန္းအသစ္လိုခ်င္လို႔လား”

“ ကိုကိုေရ ကိုကိုနဲ႔ေတာ့ ဒုကၡပါပဲဗ်ာ ျပကၡဒိန္ျပတာဗ် ျပကၡဒိန္ တကယ္ပါပဲ”

“ ဪ ဟုတ္သားပဲ ေတြ႕တယ္ေလ ျပကၡဒိန္ ဘာလို႔လဲ”

“ ဒီမွာေတြ႕လား ငါးရက္ေတာ့ ပိတ္သဗ်ား”

“ ဟုတ္လား ဘာလို႔ပိတ္တာလဲ”

“ သီတင္းကြၽတ္ ႐ုံးပိတ္ရက္ပါ အစ္ကိုေတာ္ဘုရား”

စိတ္မရွည္သလို ခပ္႐ြဲ႕႐ြဲ႕ေျပာေနတဲ့ဟန္ပန္ေၾကာင့္ သေဘာတက် ရယ္ေမာလိုက္ရင္း

“ ဟုတ္ပါၿပီ ညီေတာ္ေလးေရ အစ္ကိုေတာ္ ပိန္းေတာ္မူမိတာကို ခြင့္လႊတ္ေတာ္မူပါေနာ္”

“ ရပါတယ္ အစ္ကိုေတာ္ေလးေရ”

သူ႔ဘာသာေအာ္ရယ္ရင္း ဗိုက္နားကို တိုးေဝွ႔ေနျပန္တာေၾကာင့္ ေခါင္းကို အသာေပြ႕ထားမိသည္။ ညီဟာ ကြၽန္ေတာ့္အတြက္ မ႐ိုးႏိုင္တဲ့ ရႈေမွ်ာ္ခင္းေလးပါပဲ။ တစ္သက္လုံး ထိုင္ၾကည့္ေနရင္ေတာင္ ႐ိုးအီလို႔ မသြားႏိုင္တဲ့ ဆြဲေဆာင္မႈတစ္ခုျဖစ္ပါတယ္။

ေလယာဥ္နဲ႔သြားမယ္ဆိုတာကို ကားပဲစီးဖို႔ ေျပာေနတာနဲ႔ ကားလက္မွတ္ပဲျဖတ္လိုက္ရတယ္။ ေျပာျပန္ရင္လည္းကိုယ္ကပဲ ပိုတယ္ျဖစ္ဦးမယ္။ ကားစီးၿပီးရင္ ေညာင္းကိုက္တတ္တဲ့ သူ႔အက်င့္ကို သိေနတာမို႔ ေလယာဥ္နဲ႔သြားဖို႔ေျပာေပမယ့္ မရ။ သူတြက္ျပတာနဲ႔တင္ ကိုယ့္မွာ ခ်ာခ်ာေတာင္ လည္သြားရျပန္။

“ ကိုယ္ေျပာတာ နားေထာင္ပါ ကေလးရဲ႕။ ကားနဲ႔သြားလည္း ဘာမွမျဖစ္ဘူး။ ကိုယ္တို႔အတူ ခရီးမထြက္ရတာပဲ ၾကာလွၿပီ။ ကားနဲ႔ဆို ရႈခင္းလည္း ၾကည့္လို႔ရတယ္ ပိုေကာင္းတာေပါ့။ ေလယာဥ္ကလည္း ျမန္တယ္သာဆိုတာ ေစာင့္ရတာနဲ႔ ဘာနဲ႔ မထူးပါဘူး ညီရယ္။ ဟဲဟိုးေရာက္ေတာ့လည္း ကားျပန္ငွားဦးမွာနဲ႔ ကားနဲ႔ဆို ေအးသာယာ တန္းေရာက္ေနတာပဲကို”

“ ဟုတ္ေတာ့ဟုတ္ေပမယ့္ဗ်ာ ကိုကိုက ကားအၾကာႀကီးစီးၿပီးရင္ ကိုက္ေနမွာစိုးလို႔”

“ အဲဒါက ေဆာင္းတြင္းမို႔ပါ ကေလးရဲ႕ ဘာလဲ ကိုကိုအသက္ႀကီးလို႔လို႔ ႏွိမ္ခ်င္တာလား ဟင္ ေျပာစမ္းပါဦး”

“ ကိုကိုေနာ္ ကြၽန္ေတာ္က အေကာင္းေျပာေနတာ ၿပီးရင္ေညာင္းကိုက္ၿပီး ဖ်ားေနရင္ ဒီကေကာင္ပဲ စိတ္ပူရဦးမွာ”

“ ဟုတ္ပါၿပီဗ်ာ စိတ္မပူနဲ႔ ဒီရာသီက ခရီးထြက္လို႔ေကာင္းတဲ့ကာလဆိုေတာ့ ကိုယ္တို႔အတူ သြားၾကတာေပါ့ ကေလးရဲ႕ ေနာ္”

သူေျပာတာေတြ ျပန္ၾကည့္လိုက္ေတာ့လည္း မွားေတာ့မမွား။ ဘယ္သူ႔အေထာက္အပံ့မွမပါဘဲ ႏွစ္ေယာက္လစာနဲ႔ ေသခ်ာတည္ေဆာက္ခ်င္တာမို႔ တတ္ႏိုင္သမွ် ေလွ်ာ့သုံးၾကဖို႔ သေဘာတူထားၿပီးသား။ ကားေရာ၊ အိမ္ပါ အရစ္က်နဲ႔ ဝယ္ထားတာမို႔ ကြၽန္ေတာ့္လစာအကုန္လုံးက အေႂကြးေပးရၿပီး ကိုကို႔လစာနဲ႔ပဲ သုံးရတာ။ private school က ဆရာတစ္ေယာက္ရဲ႕လစာက မနည္းဘူးဆိုေပမယ့္ မ်ားတယ္လို႔လည္း ေျပာလို႔မရျပန္။ ဘာျဖစ္ျဖစ္ ႏွစ္ေယာက္သား တအားႀကီး ေခြၽတာတယ္ရယ္ မဟုတ္ေတာင္ ေဟာ့ေဟာ့ရမ္းရမ္းမသုံးျဖစ္ၾက။ တကယ္တမ္း ကိုကိုက ဘာမွသိပ္သုံးတာမဟုတ္။ ကြၽန္ေတာ္ကသာ ဟိုဟိုသည္သည္ ေလွ်ာက္သုံးတာမ်ားပါတယ္။ အဓိကကေတာ့ အစားေပါ့။

အိမ္မွာလည္း ခ်က္စားတဲ့အခါ ခ်က္စား၊ မမပန္းေလးတို႔ကလည္း ပို႔ေပးေပမယ့္ တစ္ပတ္တစ္ခါေလာက္မွ အျပင္ထြက္ၿပီး မစားရမေသာက္ရရင္ ေနမေကာင္းသလို၊ ေခါင္းမူးသလို ျဖစ္တတ္လြန္းလို႔။ ၿပီးေတာ့ အဝတ္အစားေတြေပါ့။ သူငယ္ခ်င္းတစ္ေယာက္က စင္ကာပူမွာ ဆိုင္ဖြင့္ထားတာဆိုေတာ့ အဲဒီကေန ဝယ္ဝယ္ဝတ္တယ္။ ဟိုေကာင္ကလည္း အသစ္ထြက္တိုင္း မေမးေတာင္မေမးေတာ့ဘူး မင္းစတိုင္လ္ပဲဆိုၿပီး ပို႔လိုက္ျပန္ၿပီ။ အဲဒီလိုနဲ႔ ဘီ႐ို သုံးခန္းတြဲမွာ ကြၽန္ေတာ့္အဝတ္အစားေတြက ႏွစ္ကန႔္။ ကိုကိုကေတာ့ သိတဲ့အတိုင္း ဘာမွေထြေထြထူးထူးမဝတ္တတ္။ ၿပီးေတာ့ သူက ကြၽန္ေတာ့္ကို ကိုပဲမ်ားေလးလို႔ စ႐ုံပဲစၿပီး ဘာတစ္ခုမွ ျငဴစူတယ္ရယ္မရွိ။

သူ႔အက်င့္ပဲေလ ကြၽန္ေတာ္ဘာလုပ္လုပ္ ေကာင္းတယ္ပဲ ေျပာေနတာ။ သူေျပာဖို႔လိုလာတယ္ဆိုရင္ေတာင္မွ ေလေျပေလးထိုးၿပီး ေျပာတတ္သူ။ အခ်ိန္ေတြ ၾကာလာသည့္တိုင္ ခ်စ္ျခင္းတရားက ေျပာင္းလဲလို႔ မသြားေသး။ ေဟာင္းႏြမ္းလို႔ မသြားေသး။

“ ညီ ကိုယ္ေျပာတာ ၾကားရဲ႕လား”

ကိုကိုေျပာမွ အေတြးကမာၻထဲက ျပန္ခုန္ထြက္ျဖစ္ေတာ့တယ္။

“အင္းပါ ဒါဆိုလည္း အဲဒီလိုပဲ သြားၾကတာေပါ့ ေလယာဥ္ဖိုးနဲ႔ေတာ့ ဘာမွမျဖစ္ပါဘူးလားလို႔ ကြၽန္ေတာ္ ဒီလ အသုံးေလွ်ာ့လိုက္မယ္ေလ”

“ အမယ္ေလးဗ်ာ ေလွ်ာ့စရာမလိုပါဘူးေနာ္ လိုအပ္ရင္ ကိုယ္ေလွ်ာ့မွာေပါ့။ ဒါေပမဲ့ ကိုကိုေျပာတာ ေတြးၾကည့္ဦးေလ ကေလးရဲ႕။ ဟိုေရာက္ရင္ ကန္ေတာ့ဖို႔ရွိေသးတယ္။ ညီ့ေဖေဖ၊ ေမေမနဲ႔ အႁမႊာေတြအတြက္ေရာ။ ေနာက္ၿပီး ဘႀကီးမဟုတ္လား ဟိုက သူတို႔အတြက္ေကာ။ ေနာက္ေတာ့ မေရာက္တာၾကာတဲ့ေနရာဆိုေတာ့ တျခားေဆြမ်ိဳးေတြလည္း ရွိဦးမယ္ကြာ ဘာပဲျဖစ္ျဖစ္ အဲဒါေတြမွာ ပိုသုံးရတာေပါ့။ အဲဒါေတြထပ္လည္း ကားက ေအးသာယာတန္းေရာက္တယ္ေလ သိလား”

“အင္းပါဗ်ာ ကြၽန္ေတာ့္အတြက္ တအားႀကီးမေတြးပါနဲ႔ ကြၽန္ေတာ္ကလည္း ကိုကို႔ကို စိတ္ပူတယ္ေလ”

“သိတာေပါ့ ညီရဲ႕ ဒါေပမဲ့ ဟိုတစ္ခါျဖစ္တာ ေဆာင္းတြင္းမို႔လို႔ပါကေလးရဲ႕ေနာ္ ကိုယ္က ကားနဲ႔သြားရတာႀကိဳက္တယ္။ ကိုယ္တို႔ကားနဲ႔ေတာင္ သြားခ်င္တာ ေတာင္ေပၚလမ္းက် မကြၽမ္းလို႔သာရယ္”

“ အမယ္ေလးေလး ေနပါေစ ဘရားသားေရ … တစ္လမ္းလုံး ဘရားသားပဲေမာင္းၿပီး ဒီကေကာင္ကို အိပ္ခိုင္းေနမွာ သိပ္သိ၊ သိပ္သိ”

“ ဟားဟား ညီရယ္ မင္းကေလ သိပ္ကို အတတ္လြန္ေလးပါပဲ”

ေခါင္းေပၚေရာက္လာတဲ့ ကိုကို႔လက္ဖဝါးမ်ားက အေျပာင္းအလဲမရွိ အရင္ကအတိုင္း ေႏြးေစၿမဲ။

.....

ေနာက္တစ္ပိုင္းက ေနာက္ရက္မွေပါ့ ဟဲဟဲ
အလြမ္းေျပေလး ျဖစ္ပါေစဗ်ာ။

**************

နောက်ဆုံးထွက်ထားတဲ့စာအုပ်ထဲမှာပါတဲ့ Extra လေးပါ။ စာအုပ်ထွက်ကတည်းက တင်ပေးမလို့ကို acc က တလောလေးကမှ ပြန်ရတာမို့ အခုမှပဲတင်ဖြစ်။

ချမ်းမြေ့ပါစေ စာဖတ်သူတို့ရေ ....

" ကိုကိုရေ သတင်းကောင်းနဲ့ သတင်းဆိုးနှစ်ခုရှိတယ် ဘယ်ဟာအရင်နားထောင်ချင်လဲ"

ခပ်မြူးမြူးအသံကြောင့် ပန်းကန်ဆေးနေရင်းက လှည့်ကြည့်လိုက်တော့ ကိုယ်တော်ချောက ပြတင်းပေါက်ပေါင်ပေါ်မှာ ဖုန်းပွတ်လျက်သား။

" ကိုယ်ခဏခဏပြောတယ်နော် ညီ ပြတင်းပေါက်ပေါင်ပေါ် တက်တက်မထိုင်နဲ့လို့ ဘယ်လိုမှ စကားနားမထောင်ဘူး မင်းတော့လား"

" ကိုကိုကလည်း မေ့သွားလို့ပါ ဟဲဟဲ"

" မဟဲဟဲနဲ့ သံပန်းမတပ်ရသေးလို့ ပြုတ်ကျမှာ စိုးလို့ပါဆိုနေ"

" ဟုတ်ကဲ့ပါဗျာ ဟုတ်ကဲ့ပါ"

ပါးစပ်ကသာ ဟုတ်ကဲ့နေတာ။ မျက်နှာပေးကတော့ မှုန်ကုပ်ကုပ်ရယ်။ ပြတင်းပေါက်ပေါ်ကနေ ခုန်ဆင်းပြီး အိပ်ရာပေါ် ဘုန်းခနဲပစ်လှဲလိုက်တာက သူမကျေနပ်ပါဘူးပေါ့။ ကျွန်တော်ကလည်း ကျွန်တော်ပဲ အရွယ်ရောက်ပြီးသားယောက်ကျားလေးကို ကလေးတစ်ယောက်လို လိုက်ပူပန်နေမိတာ။

သူလှဲနေတဲ့နား ဝင်ထိုင်ပြီး လိပ်တင်နေတဲ့ ဘောင်းဘီစကို ဆွဲချပေးတော့ ဘာလဲဆိုတဲ့ မျက်နှာနဲ့ လှည့်ကြည့်သည်။

" စိတ်မဆိုးပါနဲ့ ညီရ ကိုယ် ဒီတိုင်းပဲ စိတ်ပူလို့ပါ။ ဒီနှစ်တွေမှာ ပိုစိတ်ပူတတ်လာတယ်။ ဘာလေးမဆို လိုက်ပူနေမိတာ ကလေးကို ဆူချင်လို့မဟုတ်ပါဘူးကွာ နော်"

" အဲဒါ ကိုကို အသက်ကြီးလာလို့လေ"

ပြောင်စပ်စပ် လုပ်နေပြန်တာမို့ နဖူးကို မနာအောင်ထုလိုက်တော့ ပေါင်ကို ဖက်ခေါင်းအုံးလို လာခွပြီး ဖုန်းကိုပဲ ဆက်ပွတ်နေသည်။

" ခုနကဟာ ဆက်ပြောဦးလေ ညီရဲ့ သတင်းကောင်းနဲ့ သတင်းဆိုးက ဘာတုန်း"

" ဪ ဟုတ်သားပဲ ပြောနေရင်း မေ့သွား ကိုကိုဆူနေလို့လေ"

" မဆူပါဘူးဆို ဒီကလေးနှယ်"

" ဘယ်ဟာ အရင်နားထောင်မှာလဲ ကိုကိုက"

" အင်း ဘယ်ဟာ နားထောင်ရင်ကောင်းမလဲ သတင်းဆိုးပဲ အရင်"

" ဟုတ်ပြီ သတင်းဆိုးကတော့ မေမေက ကျွန်တော်တို့ကို ခေါ်နေတယ် မဖြစ်မနေလာရမယ်တဲ့"

" ဟင် အမေက ခေါ်တာကို ဘာသတင်းဆိုးလဲ"

" ဆိုးတာပေါ့ ကိုကိုရ ပါပါးနဲ့က တည့်တာမှ မဟုတ်တာကို"

" အင်းပါ ဒါဆို သတင်းကောင်းကရော"

" သတင်းကောင်းကတော့ မေမေတို့က တောင်ကြီးလာမှာတဲ့ ပါပါးဘက်က ဘကြီးက မဆုံးခင် အမျိုးတွေ စုံစုံလင်လင်တွေ့ချင်လို့တဲ့"

" ဟော ဒါကရော ဘာလို့ သတင်းကောင်းဖြစ်ရပြန်တာတုန်း"

" ဪ ကိုကိုရယ် ဟိုအထိသွားစရာမလိုတော့ဘူးလေ တောင်ကြီးတင်ပဲဆိုတော့ သွားရတာလည်း နီးတယ် ပြီးတော့ ကျွန်တော်တို့ ခရီးမသွားရတာ ကြာပြီလေ ခရီးထွက်ရတာပေါ့ မဟုတ်ဘူးလား"

" အဲဒီလိုလား ခရီးထွက်ရတာတော့ ကောင်းပေမယ့် ညီရယ် အလုပ်တွေကျတော့ ဘယ်လိုလုပ်မလဲ ခွင့်တော့ယူရမှာပေါ့ ရပါတယ် လူကြီးတွေလာတုန်းတွေ့ရတာဆိုတော့လည်း ယူရမှာပေါ့"

"အမယ်လေးဗျာ မပူပါနဲ့ ကိုအလုပ်ချစ်သူကြီးအတွက် စဉ်းစားပြီးသား ဟောဒီမှာ ကြည့်လိုက် ဒါဘာလဲ"

ဖုန်းကို ထိုးပြနေတဲ့ ညီ့ကိုကြည့်ပြီး နားမလည်သလို ဖုန်းကိုကြည့်လိုက်၊ သူ့မျက်နှာကို ကြည့်လိုက်

" ဘာလဲ အဲဒါ ... ဖုန်းလေ ညီ ဖုန်းအသစ်လိုချင်လို့လား"

" ကိုကိုရေ ကိုကိုနဲ့တော့ ဒုက္ခပါပဲဗျာ ပြက္ခဒိန်ပြတာဗျ ပြက္ခဒိန် တကယ်ပါပဲ"

" ဪ ဟုတ်သားပဲ တွေ့တယ်လေ ပြက္ခဒိန် ဘာလို့လဲ"

" ဒီမှာတွေ့လား ငါးရက်တော့ ပိတ်သဗျား"

" ဟုတ်လား ဘာလို့ပိတ်တာလဲ"

" သီတင်းကျွတ် ရုံးပိတ်ရက်ပါ အစ်ကိုတော်ဘုရား"

စိတ်မရှည်သလို ခပ်ရွဲ့ရွဲ့ပြောနေတဲ့ဟန်ပန်ကြောင့် သဘောတကျ ရယ်မောလိုက်ရင်း

" ဟုတ်ပါပြီ ညီတော်လေးရေ အစ်ကိုတော် ပိန်းတော်မူမိတာကို ခွင့်လွှတ်တော်မူပါနော်"

" ရပါတယ် အစ်ကိုတော်လေးရေ"

သူ့ဘာသာအော်ရယ်ရင်း ဗိုက်နားကို တိုးဝှေ့နေပြန်တာကြောင့် ခေါင်းကို အသာပွေ့ထားမိသည်။ ညီဟာ ကျွန်တော့်အတွက် မရိုးနိုင်တဲ့ ရှုမျှော်ခင်းလေးပါပဲ။ တစ်သက်လုံး ထိုင်ကြည့်နေရင်တောင် ရိုးအီလို့ မသွားနိုင်တဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။

လေယာဉ်နဲ့သွားမယ်ဆိုတာကို ကားပဲစီးဖို့ ပြောနေတာနဲ့ ကားလက်မှတ်ပဲဖြတ်လိုက်ရတယ်။ ပြောပြန်ရင်လည်းကိုယ်ကပဲ ပိုတယ်ဖြစ်ဦးမယ်။ ကားစီးပြီးရင် ညောင်းကိုက်တတ်တဲ့ သူ့အကျင့်ကို သိနေတာမို့ လေယာဉ်နဲ့သွားဖို့ပြောပေမယ့် မရ။ သူတွက်ပြတာနဲ့တင် ကိုယ့်မှာ ချာချာတောင် လည်သွားရပြန်။

" ကိုယ်ပြောတာ နားထောင်ပါ ကလေးရဲ့။ ကားနဲ့သွားလည်း ဘာမှမဖြစ်ဘူး။ ကိုယ်တို့အတူ ခရီးမထွက်ရတာပဲ ကြာလှပြီ။ ကားနဲ့ဆို ရှုခင်းလည်း ကြည့်လို့ရတယ် ပိုကောင်းတာပေါ့။ လေယာဉ်ကလည်း မြန်တယ်သာဆိုတာ စောင့်ရတာနဲ့ ဘာနဲ့ မထူးပါဘူး ညီရယ်။ ဟဲဟိုးရောက်တော့လည်း ကားပြန်ငှားဦးမှာနဲ့ ကားနဲ့ဆို အေးသာယာ တန်းရောက်နေတာပဲကို"

" ဟုတ်တော့ဟုတ်ပေမယ့်ဗျာ ကိုကိုက ကားအကြာကြီးစီးပြီးရင် ကိုက်နေမှာစိုးလို့"

" အဲဒါက ဆောင်းတွင်းမို့ပါ ကလေးရဲ့ ဘာလဲ ကိုကိုအသက်ကြီးလို့လို့ နှိမ်ချင်တာလား ဟင် ပြောစမ်းပါဦး"

" ကိုကိုနော် ကျွန်တော်က အကောင်းပြောနေတာ ပြီးရင်ညောင်းကိုက်ပြီး ဖျားနေရင် ဒီကကောင်ပဲ စိတ်ပူရဦးမှာ"

" ဟုတ်ပါပြီဗျာ စိတ်မပူနဲ့ ဒီရာသီက ခရီးထွက်လို့ကောင်းတဲ့ကာလဆိုတော့ ကိုယ်တို့အတူ သွားကြတာပေါ့ ကလေးရဲ့ နော်"

သူပြောတာတွေ ပြန်ကြည့်လိုက်တော့လည်း မှားတော့မမှား။ ဘယ်သူ့အထောက်အပံ့မှမပါဘဲ နှစ်ယောက်လစာနဲ့ သေချာတည်ဆောက်ချင်တာမို့ တတ်နိုင်သမျှ လျှော့သုံးကြဖို့ သဘောတူထားပြီးသား။ ကားရော၊ အိမ်ပါ အရစ်ကျနဲ့ ဝယ်ထားတာမို့ ကျွန်တော့်လစာအကုန်လုံးက အကြွေးပေးရပြီး ကိုကို့လစာနဲ့ပဲ သုံးရတာ။ private school က ဆရာတစ်ယောက်ရဲ့လစာက မနည်းဘူးဆိုပေမယ့် များတယ်လို့လည်း ပြောလို့မရပြန်။ ဘာဖြစ်ဖြစ် နှစ်ယောက်သား တအားကြီး ချွေတာတယ်ရယ် မဟုတ်တောင် ဟော့ဟော့ရမ်းရမ်းမသုံးဖြစ်ကြ။ တကယ်တမ်း ကိုကိုက ဘာမှသိပ်သုံးတာမဟုတ်။ ကျွန်တော်ကသာ ဟိုဟိုသည်သည် လျှောက်သုံးတာများပါတယ်။ အဓိကကတော့ အစားပေါ့။

အိမ်မှာလည်း ချက်စားတဲ့အခါ ချက်စား၊ မမပန်းလေးတို့ကလည်း ပို့ပေးပေမယ့် တစ်ပတ်တစ်ခါလောက်မှ အပြင်ထွက်ပြီး မစားရမသောက်ရရင် နေမကောင်းသလို၊ ခေါင်းမူးသလို ဖြစ်တတ်လွန်းလို့။ ပြီးတော့ အဝတ်အစားတွေပေါ့။ သူငယ်ချင်းတစ်ယောက်က စင်ကာပူမှာ ဆိုင်ဖွင့်ထားတာဆိုတော့ အဲဒီကနေ ဝယ်ဝယ်ဝတ်တယ်။ ဟိုကောင်ကလည်း အသစ်ထွက်တိုင်း မမေးတောင်မမေးတော့ဘူး မင်းစတိုင်လ်ပဲဆိုပြီး ပို့လိုက်ပြန်ပြီ။ အဲဒီလိုနဲ့ ဘီရို သုံးခန်းတွဲမှာ ကျွန်တော့်အဝတ်အစားတွေက နှစ်ကန့်။ ကိုကိုကတော့ သိတဲ့အတိုင်း ဘာမှထွေထွေထူးထူးမဝတ်တတ်။ ပြီးတော့ သူက ကျွန်တော့်ကို ကိုပဲများလေးလို့ စရုံပဲစပြီး ဘာတစ်ခုမှ ငြူစူတယ်ရယ်မရှိ။

သူ့အကျင့်ပဲလေ ကျွန်တော်ဘာလုပ်လုပ် ကောင်းတယ်ပဲ ပြောနေတာ။ သူပြောဖို့လိုလာတယ်ဆိုရင်တောင်မှ လေပြေလေးထိုးပြီး ပြောတတ်သူ။ အချိန်တွေ ကြာလာသည့်တိုင် ချစ်ခြင်းတရားက ပြောင်းလဲလို့ မသွားသေး။ ဟောင်းနွမ်းလို့ မသွားသေး။

" ညီ ကိုယ်ပြောတာ ကြားရဲ့လား"

ကိုကိုပြောမှ အတွေးကမ္ဘာထဲက ပြန်ခုန်ထွက်ဖြစ်တော့တယ်။

"အင်းပါ ဒါဆိုလည်း အဲဒီလိုပဲ သွားကြတာပေါ့ လေယာဉ်ဖိုးနဲ့တော့ ဘာမှမဖြစ်ပါဘူးလားလို့ ကျွန်တော် ဒီလ အသုံးလျှော့လိုက်မယ်လေ"

" အမယ်လေးဗျာ လျှော့စရာမလိုပါဘူးနော် လိုအပ်ရင် ကိုယ်လျှော့မှာပေါ့။ ဒါပေမဲ့ ကိုကိုပြောတာ တွေးကြည့်ဦးလေ ကလေးရဲ့။ ဟိုရောက်ရင် ကန်တော့ဖို့ရှိသေးတယ်။ ညီ့ဖေဖေ၊ မေမေနဲ့ အမြွှာတွေအတွက်ရော။ နောက်ပြီး ဘကြီးမဟုတ်လား ဟိုက သူတို့အတွက်ကော။ နောက်တော့ မရောက်တာကြာတဲ့နေရာဆိုတော့ တခြားဆွေမျိုးတွေလည်း ရှိဦးမယ်ကွာ ဘာပဲဖြစ်ဖြစ် အဲဒါတွေမှာ ပိုသုံးရတာပေါ့။ အဲဒါတွေထပ်လည်း ကားက အေးသာယာတန်းရောက်တယ်လေ သိလား"

"အင်းပါဗျာ ကျွန်တော့်အတွက် တအားကြီးမတွေးပါနဲ့ ကျွန်တော်ကလည်း ကိုကို့ကို စိတ်ပူတယ်လေ"

"သိတာပေါ့ ညီရဲ့ ဒါပေမဲ့ ဟိုတစ်ခါဖြစ်တာ ဆောင်းတွင်းမို့လို့ပါကလေးရဲ့နော် ကိုယ်က ကားနဲ့သွားရတာကြိုက်တယ်။ ကိုယ်တို့ကားနဲ့တောင် သွားချင်တာ တောင်ပေါ်လမ်းကျ မကျွမ်းလို့သာရယ်"

" အမယ်လေးလေး နေပါစေ ဘရားသားရေ ... တစ်လမ်းလုံး ဘရားသားပဲမောင်းပြီး ဒီကကောင်ကို အိပ်ခိုင်းနေမှာ သိပ်သိ၊ သိပ်သိ"

" ဟားဟား ညီရယ် မင်းကလေ သိပ်ကို အတတ်လွန်လေးပါပဲ"

ခေါင်းပေါ်ရောက်လာတဲ့ ကိုကို့လက်ဖဝါးများက အပြောင်းအလဲမရှိ အရင်ကအတိုင်း နွေးစေမြဲ။

.....

နောက်တစ်ပိုင်းက နောက်ရက်မှပေါ့ ဟဲဟဲ
အလွမ်းပြေလေး ဖြစ်ပါစေဗျာ။

Continue Reading

You'll Also Like

271K 6.5K 74
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
230K 12.2K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
203K 23.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.6M 66.1K 77
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...