ရှန်းယိုလင်က Lနိုင်ငံသို့ ပြောင်းရွှေ့နေခဲ့သည်။
Lနိုင်ငံ၏ ရာသီဥတုက အလွန့်အလွန်
ကောင်းမွန်ပြီး အပူချိန်မှာလည်း တစ်နေ့လုံး
မှ ၂၀ဒီဂရီကျော်ကျော်ပင်။ မိုးများ
ရက်အနည်းငယ် ရွာသွန်းသော်လည်း
မိုးသက်မုန်တိုင်း ကျရောက်လောက်သည်ထိ
တော့ မရှိပေ။
ရီဟွိုင်က ရှန်းယွီချန်ကို ကိုယ်ဝန်ရှိနေသည့်
ရှန်းယိုလင်ကို တွေ့ရန် Lနိုင်ငံသို့
အလည်လိုက်ပို့ခဲ့သည်။ ရှန်းယိုလင်က
သူ့အိမ်တံခါး စဖွင့်ဖွင့်ခြင်းမှာပင်
ရီဟွိုင်ကို ကျော်ကာ သူမအဖေကို
အရင်မြင်လျက် ပျော်ရွှင်စွာ သူမ
အဖေရင်ခွင်ထဲသို့ ပြေးဝင်တော့သည်။
"အဖေ!!!!" ရှန်းယိုလင်က အလွန်အမင်း
ပျော်ရွှင်လျက် ချန်လီကောအား
အတင်းအကြပ် ဖက်ထားတော့သည်။
"မင်းက အသက်ကြီးနေပြီကို ဘာလို့အခုထိ
ဣန္ဒြေမရတာလဲ"
ချန်လီကောက မျက်မှောင်ကြုတ်ကာ
ပြောလာသည်။
ရှန်းယိုလင်: "အဖေလာမယ်ဆိုတာ ဘာလို့ကြိုမပြောရတာလဲ?????သမီးဘာမှတောင် မပြင်ရသေးဘူး"
ချန်လီကော: "ဘာတွေများ ပြင်စရာ လိုလို့လဲ????"
ရှန်းယိုလင်: "ပြင်ရမှာပေါ့....ကြည့်လေ
သမီးခေါင်းတောင် မလျှော်ရသေးဘူး"
ချန်လီကောက သူမခေါင်းကို မနိုင်စွာ
သပ်ပေးလိုက်သည်။
ရှန်းယိုလင်က ချန်လီကောရဲ့ နောက်မှာရှိနေ
သည့် ရီဟွိုင်ကို တစ်ချက်လေးမှ ဂရုမစိုက်ပေ။
သူမအဖေနှင့်ရီဟွိုင် အတူရှိကတည်းက
တစ်ချက်တောင် မကြည့်ချင်တော့ပေ။
သူမစိတ်ထဲမှာလည်း ဒီစိတ္တဇကောင်က
သူမအဖေကို ဆွဲဆောင်ထားတာဟုသာ
မှတ်ယူထားသည်။
ရီဟွိုင်ကလည်း ဘယ်လိုမှ မခံစားပေ။
သူကနောက်ကနေ ဖြည်းဖြည်းချင်း
လိုက်လာပြီး တံခါးကိုဖြည်းညှင်းစွာ
ပိတ်လိုက်သည်။
ချန်လီကော အိမ်ထဲဝင်လိုက်တော့
ရှန်းယိုလင်၏ နေအိမ်အဆင့်အတန်းက
သူ့အိမ်နဲ့ မကွာသည့်အတွက် သူ့နှလုံးသားထဲက
စိုးရိမ်ပူပန်စိတ်လေး လျော့ကျသွားသည်။
ရှန်းယိုလင်က အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့်
သူမအဖေအား သူမ၏ အတွေ့အကြုံအားလုံးကို
ပေါက်ပေါက်ဖောက် နေခဲ့သည်။ အခါအားလျော်တိုင်းလည်း သူ့ကိုသူမနဲ့ လာနေစေချင်ကြောင်း
ပြောပြန်သည်။
"အဖေက အသက်ကြီးပြီ။ လမ်းသိပ်မလျှောက်နိုင်တော့ဘူး"
"အဖေက မအိုပါဘူး"
ချန်လီကောက သူမစကားကြောင့် ပြုံးလိုက်ပြီး
ထပ်မပြောတော့ပေ။
နှစ်ယောက်သား ရှန်းယိုလင်ကို လာတွေ့ပြီးတော့
ရှန်းယိုလင်က အတင်းနေခိုင်းပေမဲ့
မနေတော့ဘဲ မနက်ရောက်နေ့လည်ပြန်ပြီး
နေ့လည်စာသာစားခဲ့ကြသည်။
လေယာဥ်ပေါ်တွင် ရီဟွိုင်က စကားစလာသည်။
"သခင်လည်း ကျွန်တော့်အတွက်
ကလေးလေးတစ်ယောက် မွေးပေးရင်
ဘယ်လောက်တောင်ကောင်းလိုက်မလဲ????"
"မင်းက ဘာအရူးထနေတာလဲ????"
"သခင်နဲ့ကျွန်တော့်မှာ ကလေးရှိရင်
သခင်ကျွန်တော့်ကို ထားမသွားတော့ဘူးလေ"
ချန်လီကောရဲ့ နားရွက်တွေနီရဲလာပြီး
သွားကြိတ်ကာ ပြောလာသည်။
"ဒီအရူးကောင်ကတော့"
သို့သော် ရီဟွိုင်ကတော့ စိတ်မဆိုးသည့်
ပုံစံဖြင့်
"ဒီလောက်ကြာနေပြီကို သခင်အခုထိ
ကိုယ်ဝန်မရသေးဘူးဆိုတော့ ကျွန်တော်များ
အလုပ်မကြိုးစားလို့လားပဲ?????"
ချန်လီကောက သူ့ကို ဂရုမစိုက်တော့ပေ။
သေချာတာပေါ့။ ရီဟွိုင်က ညနေခင်းမှာပင်
အလုပ်စတင်ကြိုးစားတော့သည်။
သူ့ရဲ့ ညီလေးကိုလည်း ချန်လီကော၏
တွင်းထဲတွင် အမြဲစိမ်ထားကာ သူ့
မျိုးစေ့များ အထဲထဲတွင်သိမ်းပြီး
ကိုယ်ဝန်ရစေချင်နေသည်။
ချန်လီကောဟာတစ်ချိန်လုံး မှောက်နေရသော
ကြောင့် မျက်နှာတစ်ပြင်လုံး နီရဲတွတ်နေသည်။
"သခင် ကြိုးစားထားနော်....ယိုလင်က
ကျွန်တော်တို့ထက်ကိုယ်ဝန်ရပေမဲ့
ကျွန်တော်တို့လည်း မရနိုင်ဘူးလို့
မပြောနိုင်ဘူး"
ချန်လီကောက စိတ်ပေါက်ပေါက်ဖြင့်
ပြောလာတာက......
"ကလေးမအောင်တာက ယောက်ျားတစ်ယောက်ရဲ့ ပြဿနာမဟုတ်ဘူးလား????"
"ဟုတ်တယ် ဟုတ်တယ် အားလုံးကျွန်တော့်
အမှားတွေပါ။ ဒါကြောင့် နောက်ဆို
ကျွန်တော် အလုပ်ပိုကြိုးစားပါ့မယ်"
ချန်လီကော=".........."
ရီဟွိုင်က ချန်လီကော၏ ပုံလေးကို
အသည်းယားစွာဖြင့် ချိုမြိန်စွာ ရယ်လိုက်သည်။
ဒီအချိန်ခဏလေးမှာ သူတို့နှစ်ယောက်ပုံစံက
အချစ်စစ်နဲ့ချစ်ကြသူများနှင့် တူကြသည်။
နောက်ဆုံး၌ ချန်လီကောက မထနိုင်တော့သောကြောင့် ရီဟွိုင်ကသူ့ကို ဆွဲထူပေးပြီး
ပွေ့ဖက်ထားလိုက်သည်။
ရီဟွိုင်က သူ့ဆံပင်များကို နမ်းရှိုက်လျက်
ချန်လီကောကို ပြောလာသည်။
"သခင် ကျွန်တော်သခင့်ကို ဘယ်တော့မှ
လက်မလွှတ်ပေးနိုင်တော့ဘူး"
ချန်လီကောကတော့ အလွန်ပင်ပန်းလွန်း
တာကြောင့် ရီဟွိုင်စကားများကို
မကြားရတော့ဘဲ အိပ်ပျော်သွားတော့သည်။
လအနည်းငယ်ကြာတော့ ရှန်းယိုလင်၏
အမ်ထရာဆောင်းရိုက်ထားသည့်
ပုံရောက်လာခဲ့သည်။ ပုံထဲတွင်
သူမ၌ အမွှာကလေးလေးရှိနေကြောင်း
ပြသထားသဖြင့် သတင်းရောက်လာသည်နှင့်
လူတိုင်းပျော်နေကြသည်။
ချန်လီကောအတွက်ကတော့ အရင်က
အဘိုးမဖြစ်ဖူးသောကြောင့် အလွန့်အလွန်ကို
စိတ်လှုပ်ရှားနေခဲ့သည်။
ရီဟွိုင်ရဲ့စိတ်ထားကလည်း မပြောင်းလဲပေးဘဲ
ရှန်းယိူလင်ကို ပိုလို့သာကောင်းပေးလာသည်။
ရီဟွိုင်က ပါးလည်းပါးနပ်သည်။
ရှန်းမိသားစုကြီးသည် အရင်က သားရဲတွင်းကြီး
လိုဖြစ်နေပေမဲ့ အခုတော့ ရီဟွိုင်၏ လက်အောက်တွင် ကောင်းကောင်း
ပြုမူနေကြသည်။
ရီဟွိုင်က သူဒီလိုအုပ်ချုပ်ခြင်းအပေါ်
ချန်လီကောစိတ်ဆိုးမဆိုး မေးပေမဲ့
ချန်လီကောက သဘောကျကြောင်း
ပြသခဲ့သည်။
ချန်လီကောက စိတ်ထဲကနေ နှာခေါင်းရှုံ့
လိုက်သည်။ "ဘာကိုစိတ်ဆိုးရမှာလဲ???
OOCဖြစ်မှာကြောက်လို့သာ မဟုတ်ရင်
ဒင်းတို့အကုန်လုံးကို အခေါင်းထဲထည့်ပြီး ပင်လယ်ရေအောက် မြှုပ်လိုက်သည်။
ရှန်းယိုလင်မွေးဖွားမည့်ရက်သည် တစ်လပိုင်း
တွင်ဖြစ်သည်။ အအေးဆုံးအချိန်ပေါ့လေ.....
သူမနေသည့် နိုင်ငံကတော့ ရာသီဥတု
အခြေအနေအဆင်ပြေပေမဲ့ တရုတ်မှာတော့
သေလောက်အောင် အေးလေသည်။
နှင်းကျသည့်နေမှာပင် ရီဟွိုင်က ချန်လီကောအတွက် သိုးသားစွတ်ပြုတ်ကိုယ်တိုင်ချက်ကျွေးခဲ့သည်။ သို့သော်သူ၏ ဂန္ဓမာပေါက်လေး
ချမ်းသာရာရစေဖို့ ချန်လီကောက
ငရုတ်ကောင်းမထည့်ရန် ဆုံးဖြတ်လိုက်သည်။
သိုးသားစွတ်ပြုတ်က အလွန့်အလွန်ကို
အရသာရှိပြီး အထဲထဲက အသီးအရွက်များကလည်း လတ်ဆတ်သည်။ ချန်လီကောကတော့
သူတို့ကို အခုမှခူးလာတာဖြစ်မည်ဟု
တွေးလိုက်သည်။
ချန်လီကောအတွက်ကတော့ ပွဲတော်ကြီး
တစ်ခုလိုပင်။ သူသိလိုက်တာက ရီဟွိုင်က
ကောင်းတဲ့လူတစ်ယောက်ဆိုတာ။ ယောက်ျား
ရွေးတဲ့အမြင်မရှိတာကလွဲလို့ပေါ့။
"ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်လုံးကို
အခုလိုပဲ သခင်နဲ့အတူတူ ဖြတ်သန်းချင်တယ်"
"ဘဝတစ်လျှောက်လုံး ဟုတ်လား?????
တစ်ဘဝက ဘယ်လောက်ကြာမယ်လို့
မင်းကထင်လို့လဲ????"
"ကျွန်တော်သိပါတယ်"
ချန်လီကောကပြုံးလိုက်ပြီး စကား
ထပ်မပြောတော့ပေ။
"သခင်က ကျွန်တော့်ကို အခုထိမုန်းနေသေးတာလားဟင်????"
ချန်လီကောက ဒီစကားတွေကို တကယ်ပြောချင်တာပါ။ အဲဒါတွေကတော့.....
"ငါမင်းကို မမုန်းပါဘူး၊ငါမင်းကို ကြိုက်လို့လည်း
မရပြန်ဘူး။ "
သို့သော်လည်း သူ့နှုတ်ခမ်းတွေသာ
လှုပ်နိုင်ပြီး အသံကထွက်မလာပေ။
ရီဟွိုင်က သူ့အမူအရာတွေကိုမြင်သော်လည်း
စိတ်မပျက်ပေ။ တိတိကျကျအဖြေတစ်ခု
မရှိခြင်းက သူ့အတွက်တော့ အကောင်းဆုံး
ဖြစ်သည်။
ရှန်းယိုလင်မွေးတော့ သူရောရီဟွိုင်ရော
ဆေးရုံကိုလိုက်သွားခဲ့သည်။
နာရီအနည်းငယ်ကြာတော့ အမေရောကလေးရောပါ နေကောင်းကျန်းမာပြီး နဂါးလေးတစ်ကောင်နှင့်ဖီးနစ်ငှက်လေးတစ်ကောင်
မွေးသည်ဟု ဆရာဝန်ကပြောလေသည်။
ချန်လီကောကတော့ ပျော်ရွှင်မှုတွေကို
မဖုံးနိုင်မဖိနိုင်ဖြစ်နေရသည်။
သို့သော်လည်း ရီဟွိုင်ကတော့ အလွန့်အလွန်ကို
မနာလိုဖြစ်တော့သည်။ သူအလုပ်ကြိုးစား
ခဲ့ပေမဲ့ သခင်ကလိုချင်စိတ်မရှိလို့ သူတို့
ကလေးမရတာ ဖြစ်မည်ဟုပင် တွေးလိုက်သေးသည်။
ချန်လီကောသူ့ကို ပြန်လှည့်ကြည့်လာတဲ့
အချိန်မှာတော့ သူလည်းပဲ ပီတိဖြစ်နေပုံကို
ပြသခဲ့သည်။
ရှန်းယိုလင်ကို မွေးပေးသော ဆရာဝန်မက
အပြင်ကို ချွေးတစ်ရွှဲရွှဲဖြင့် ထွက်လာပြီး
ချန်လီကောအနားမယူနိုင်ခင်
ပြောသွားသေးသည်။
"ကလေးတွေက နေကောင်းကျန်းမာတယ်။
အကြီးလေးက ယောက်ျားလေး၊အငယ်လေးက
မိန်းကလေး"
ချန်လီကောက မျက်နှာကြီးနီပြီး စိတ်ထဲ၌
ချဥ်သွားမိသည်။ စိတ်ထဲ၌လည်း ယိုလင်နဲ့
တူပါစေဟုသာ ဆုတောင်းနေမိသည်။
ရှန်းယိုလင်က နောက်တစ်နေ့မနက်မှာ
နိုးလာပြီး ချန်လီကောကို ကလေးနာမည်များ
မှည့်ပေးရန် ပြောလာသည်။
ရီဟွိုင်က ချန်လီကောရဲ့ ဘေးမှာ
သူ့လက်ကိုကိုင်လျက် ရပ်နေခဲ့သည်။
ချန်လီကောက ငြင်းဆန်လိုက်သည်။
"မင်းတို့မိဘတွေပဲ ရွေးသင့်တာပေါ့။
ငါမရွေးတော့ပါဘူး"
"အဖေ!!!!!"
ရှန်းယိုလင်က အတင်းတိုက်တွန်းသော်လည်း
ချန်လီကောက မရွေးတော့ဘူးသာ ပြောလေသည်။
ရှန်းယိုလင်က သူမအဖေက သူ့ကလေးနှစ်ယောက်ကို မကြိုက်လို့ မရွေးခိုင်းတာလား
ဟုထင်ကာ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။
ချန်လီကောကတော့ သူ့မြေးလေး
နှစ်ယောက်၏ မျက်နှာတွေအား
တို့ဖူးလေးတွေနှင့် တူသည်ဟု
ထင်မိသည်။
ထိုအခိုက် ရှန်းယိုလင်၏ ပြီးမြောက်ခြင်းပြ
ဘားတန်းသည် တဖြည်းဖြည်းတက်လာကာ
၉၀သို့ရောက်လာပြီး ၉၀မှ ၉၅၊၉၅မှ ၉၈သို့ရောက်လာပြီး ၉၈တွင် ရပ်သွားခဲ့သည်။
သူမက သူမကလေးတွေကို မိခင်မေတ္တာအပြည့်ဖြင့် ကြည့်နေခဲ့သည်။ အဲဒါကို သူမဘေးနားက
ရပ်နေသည့် ချန်လီကောပင် ခံစားနိုင်သည်။
Note-ဟိုဘက်နေ့က ကြောင်၄ကောင်ပဲသေတာ
အခုရှိရှိသမျှအကုန်သေသွားပါပြီ။ အိမ်ကြီးကို
တိတ်ဆိတ်သွားတာပဲ😔