My Cutest Little Boy [ COMPLE...

By rain_fall_10

6.8K 627 39

စိတ်အားငယ်တတ်တဲ့ ချန်းယောလ်က တစ်နေ့မှာ သူ့ကို အတင်းလိုက်စနှောက်တတ်တဲ့ ဘတ်ခ်ဟျွန်းဆိုတဲ့ ကောင်လေးနဲ့ စတင်တွေ့ဆ... More

Part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 10
part 11
part 12
part 13
Not Update ><
part 14
part 15
part 16
part 17
part 18 * Final
extra short

part 9

226 30 0
By rain_fall_10

~🌷

ဒီနေ့တော့ မနက်အစောကြီးကတည်းက ချန်းယောလ်ရဲ့အိမ်ကို ဘတ်ဟျွန်းရောက်နေပါသည်။ အခန်းထဲမှာ ချန်းယောလ်နဲ့အတူ တိတ်တိတ်လေးထိုင်နေရသည်။ Omma Park က အသံဆူညံရင် မကြိုက်ဘူးဆိုပါတော့။

"ချန်း‌ယောလ် တက္ကသိုလ်တက်မှာမလား"

"ငါ တက်လို့မရဘူး ဘတ်ဟျွန်း "

သူ့ရဲ့အဖြေကြောင့် ဘတ်ဟျွန်း အံ့ဩသွားရသည်။

"ဘာလို့လဲ"

"Omma က ကျောင်းကို ခနခနပြောင်းခိုင်းနေတာလေ ဟား ငါ့အတွက် တက္ကသိုလ်ဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

"ချန်းယောလ်ကလည်း စာတွေမမှီရင် ငါ့ကိုပြောရမှာပေါ့ ဒီအကြောင်းတွေငါဘာလို့မသိခဲ့ရတာလဲ တကယ်ပဲ"

"စိတ်မတိုပါနဲ့ ဘတ်ဟျွန်းအမှားမှမဟုတ်တာ"

"နောက်တစ်ခေါက်ကျောင်းပြန်တက်ပြီးမှ
ဆေးကျောင်းဖြစ်ဖြစ်တက်မလား"

"မသေချာသေးပါဘူး"

"ခွမ်း!!!!"

ထိုအချိန် တစ်ခုခုကျကွဲသွားတဲ့အသံကိုကြားလိုက်ရသည်။ ဘတ်ဟျွန်းဒီအိမ်ကိုဝင်လာတုန်းက ဧည့်ခန်းထဲမှာ ဖန်အိမ်နဲ့မွေးထားတဲ့ရွှေငါးလေးတွေ မြင်မိသည်။ အသံကလည်း အဲ့ဘက်ကလာတာဆိုတော့

ဘတ်ဟျွန်းထင်တဲ့အတိုင်း ‌ကြမ်းပြင်ပေါ်မှာ ဖန်ကွဲစ‌ေပါင်းများစွာထဲ ရွှေငါးလေးတွေက
တဖျက်ဖျက် နဲ့ ခုန်ပေါက်နေကြပြီ။

တရားခံကတော့ ချန်းယောလ်ရဲ့ အမေဖြစ်သူ။ ချန်းယောလ်က ငါးတွေကိုပြန်ကောက်မယ်လုပ်တော့ Omma Parkက ပေးမကောက်။

"မကောက်နဲ့!"

"Omma"

"မင်းခံစားဖူးပြီမလား ကိုယ်ချစ်တဲ့အရာကို ကိုယ့်မျက်စိရှေ့တင်ဆုံးရှုံးရတဲ့ ခံစားချက်ကို မင်းသိပြီမလား အဲ့ဒီ့ငါးတွေကို မင်းအရမ်းကြိုက်တာလေ ဟုတ်တယ်မလား"

"Omma ကျွန်တော်က ဘာမှားခဲ့လို့လဲ
Appa နဲ့ Hyung က ကျွန်တော့်ကြောင့်ဖြစ်သွားတာမဟုတ်ဘူးလေ"

"တိတ်စမ်း!! မင်းကြောင့်
အကုန် မင်းကြောင့်ပဲ"

ဘတ်ဟျွန်းရှေ့မှာ မြင်နေရတာ ဒေါသထွက်ချင်စရာ။ ထိုအချိန် ချန်း‌ယောလ် ခုနက ဖန်ကွဲစကြောင့် လက်မှာ သွေးတွေစီးကျလာသည်။ ဒီကောင်လေးကတော့ နာမှန်းလည်းသိပုံမပေါ်။

"ချန်းယောလ် လက်မှာ သွေး
အရင်ဆုံး ဆေးထည့်ရအောင်နော် သွားရအောင်"

...............

"မင်းရဲ့ Omma က နေမကောင်းတာရော ဟုတ်ရဲ့လား! အကောင်းကြီးမလားလို့"

"ဆရာဝန်ကတော့ အတိတ်မေ့တတ်တဲ့ ရောဂါလို့ပြောတာပဲ မသိတော့ပါဘူး ဘတ်ဟျွန်းရယ်"

ချန်း‌ေယာလ် ငါးလေးတေ‌ွအတွက် စိတ်မကောင်းဖြစ်လို့ မျက်လုံးက မျက်ရည်တွေစို့နေသည်။

"ချန်းယောလ်က ကြင်နာတတ်တဲ့ကလေးပဲ
ငါးလေးတွေကိုတောင် အားကျတယ်"

"ဟင် ဘာကိုပြောတာ"

"ဟင့်အင်း ဘာမှမဟုတ်ဘူး ဆေးထည့်ပေးမယ် ဒီနားလေး ကျန်သေးတယ်"

"ကျေးဇူးပါပဲ ဘတ်ဟျွန်း"

"ဟို ငါတစ်ခုသိချင်တာရှိတယ်"

"အင်း မေးလေ"

ဘတ်ဟျွန်းသိချင်တာက ဒီအိမ်ကို ပထမဆုံးလာလည်တုန်းဆေးလိပ်ပေးပြီး ချန်းယောလ်ကို စနောက်ဖူးသည်။ အဲ့တုန်းက Omma Park နဲ့ သူ့ရဲ့ဆက်ဆံရေးက အတော်ကောင်းမွန်လို့ Mama boy လို့တောင်ထင်ခဲ့မိသည်။ သို့သော် ယခုအခြေအနေနဲ့ တခြားစီပင်။

"မေးလေ ဘတ်ဟျွန်းရဲ့"

"အာ...ငါ ဒီအိမ်စရောက်တုန်းက ချန်းယောလ်နဲ့ Ommonyi က ရန်ဖြစ်ရလောက်တဲ့အခြေအနေမဟုတ်ဘူးနော်"

"‌ဪ အဲ့ဒါလား ငါလည်း omma ကိုသေချာနားမလည်ဘူး သူကောင်းတဲ့အချိန်ငါ့ကို ကောင်းမယ် သူစိတ်မကြည်ရင်ငါ့ကို ရိုက်မယ် ငါသိတာ ဒီလောက်ပဲ"

"အဲ့တာ ကလေးကို နှိပ်စက်တာမဟုတ်ဘူးလား ရဲတိုင်သင့်တယ်!!!!"

"တခါတလေမှရိုက်တာပါ အမြဲတမ်းမဟုတ်ဘူး"

"ဒါပေမယ့် ဒါကြီးက လွန်လွန်းတယ်လေ"

"ဟုတ်ပါရဲ့နော်"

"အဆင်ပြေသွားမှာပါ"

အဆင်မပြေမှန်းသိပေမယ့် ထိုစကားက ဘတ်ဟျွန်းအတတ်နိုင်ဆုံးပဲ။ရုတ်တရက် ပုခုံးပေါ်ကို ကျရောက်လာတဲ့ ခပ်လေးလေး ခံစားမှုတစ်ခု။

"အိပ်ချင်တယ် ခနလေးပဲမှီခွင့်ပေး"

ချန်းယောလ်ရုတ်တရက်'အိပ်ချင်တယ်'လို့ပြောပြီး ဘတ်ဟျွန်းပုခုံးပေါ်မှီပြီအိပ်ပျော်သွားသည်။

သတိထားမိသလောက် ချန်းယောလ်က ရုတ်တရက် ဘယ်နေရာမဆို အိပ်ငိုက်တတ်သည်။

"ဒီကောင်လေး ငါမရှိရင်ဘယ်လိုလုပ်မလဲ"

ချစ်စရာကောင်းစွာအိပ်ပျော်နေတဲ့ ချန်းယောလ်ကိုကြည့်ပြီး ဘတ်ဟျွန်းဝန်လေးမိသည်။ပိုပြီးစိုးရိမ်မိတဲ့ အချက် ရှိသေးသည်။

နောက်လဆို ဘတ်ဟျွန်း university ကိုတက်ရတော့မည်။အဲ့ဒီအချိန်တွေရောက်ရင် ချန်း‌ယောလ် ဒီခက်ခဲလှတဲ့အချိန်တွေကို သူမရှိပဲဘယ်လိုကျော်ဖြတ်မှာလဲ။ ဘယ်သူကကော နှစ်သိမ့်ပေးမှာမို့လဲ။

အရူးလိုလို ဘာလိုလို ကြောင်နေတဲ့သူ့ရဲ့ မိထွေးကရော ချန်းယောလ်ကို အချိန်ပြည့်ဒုက္ခပေးနေမှာပဲ။ ကောင်လေးရဲ့ ခပ်အအအပြုအမူတွေကို ဘတ်ဟျွန်းအားမလိုအားမရဖြစ်မိသည်။

~🌷

နောက်ရက်တွေ ဘတ်ဟျွန်းက ချန်းယောလ်အိမ်ကို ဝင်လို့ထွက်လို့ လွယ်ကူနေခဲ့သည်။ သူ့မိထွေး ‌ဘတ်ဟျွန်းရဲ့ မတော်ရသေးတဲ့ ယောက္ခမကြီးက နေမကောင်းသေးလို့ဖြစ်သည်။ ဆေးပညာတွေဘာတွေ နားမလည်တော့ ဘတ်ဟျွန်းလည်း အထူးတလည်စိတ်မဝင်စားပါ။ ချန်းယောလ်အဆင်ပြေပြေရှိဖို့ပဲ အာရုံရသည်။

နေ့လယ်ဘက်တွေဆို အတူတူ အိမ်အကူအဒေါ်ကြီးရဲ့ အလုပ်တွေကိုကူတာတို့ ၊ ဂိမ်းဆိုင်သွားတာတို့လုပ်ဖြစ်သည်။ ဒီနေ့လည်း မနက် ၁၀နာရီလောက် ချန်းယောလ်ရဲ့အိမ်သို့ ထွက်ခဲ့သည်။

အိမ်ထဲရောက်တော့ ချန်းယောလ်က ခြံထဲက ခုံတန်းလေးမှာထိုင်နေသည်။ ခေါင်းကိုငုံ့လျက်သားဆိုတော့ သူအိပ်ငိုက်နေတာများလား။

"ဟိတ် ချန်းယောလ်"

ဟင် သူငိုနေတာ။ ခေါင်းကိုငုံ့ပြီး နေပူထဲမှာထိုင်ငိုနေတာဖြစ်သည်။

"ဘာလို့ငိုနေတာလဲ လူကိုစိတ်ပူအောင်"

"ဘတ်ဟျွန်း!"

"အင်း ပြော"

"Hyung ရဲ့အမှုစစ်ဆေးချက်ထွက်လာပြီတဲ့
Hyung ကလေ Hyung က...."

"‌ဒီမှာ ငါ့ကိုကြည့် !"

တုန်နေတဲ့ သူ့ရဲ့ လက်လေးတွေကိုဆုပ်ကိုင်ပြီး မျက်နှာချင်ဆိုင်စေလိုက်သည်။

"Hyung က အသတ်ခံရတာတဲ့
အတန်းထဲက နှစ်ကျစီနီယာက အမြင်မကြည်လို့လုပ်ခဲ့တာတဲ့ အမှုက မပိတ်သိမ်းခဲ့ဘူးဆိုပေမယ့် တရားခံမပေါ်ခဲ့ဘူး ဒီနေ့မှစခန်းမှာ လာဝန်ခံသွားတာတဲ့... Hyung ဘယ်လိုလုပ်မလဲ သနားလွန်းလို့ဘယ်လိုလုပ်ရမလဲ!!!"

"မင်းရဲ့ Omma ကရော ဘာပြောလဲ"

"ဘာမှမပြောဘူး အခန်းထဲမှာပဲငြိမ်နေတယ်"

"အဖြစ်မှန်သိရပြီဆိုတော့ မင်းကိုမမုန်းလောက်တော့ပါဘူး"

"Omma ကငါ့ကိုမမုန်းပါဘူး"

"အယ် ဒီလောက်ဖြစ်ထားတာတောင်
သူ့ဘက်ကလိုက်နိုင်သေးတယ်နော် အမေအရင်းလည်းမဟုတ်ဘဲ"

"အမေဆိုတာကို ဘယ်လိုလူလဲဟင်
ဘတ်ဟျွန်း"

သူ့ရဲ့ omma အခန်းရှိရာကို မျှော်ကြည့်ရင် ချန်းယောလ်ကမေးတယ်။

"အမေဆိုတာ ဒီတိုင်းအမေပဲ
အပြင်ထွက်ရင်ဆူမယ် မုန့်ဖိုးတောင်းရင်ဆူမယ် ပြီးတော့ အမှတ်နည်းရင်တိုင်ပြောမယ်"

"ဟား ဘတ်ဟျွန်းရဲ့ omma ကအဲ့လိုကိုး"

ချန်းယောလ်ဆီက အရာရာကိုလက်လျှော့ထားတဲ့ အငွေ့အသက်တွေခံစားနေရသည်။ အမေဆိုတာ မွေးကတည်းကမကြုံဖူးတဲ့ သူ့အတွက် အခုမိထွေးက အမေပဲလေ။ ချန်းယောလ်လည်း ခင်တွယ်မိမှာပေါ့။

"ငါ့ရဲ့ omma ကတော့အမြဲ hyung ကိုဦးစားပေးတယ်။ hyung ရဲ့အမှတ်စာရင်းတွေနဲ့ ငါ့ကိုအမြဲနှိုင်းယှဉ်ပြီးပြောတယ်။ Appa က omma ရဲ့အချစ်ဦးတဲ့လေ။ အမှန်တိုင်းပြောရရင် Appa နဲ့ hyungကို အရမ်းအားကျတယ်။ သူတို့ကသာ omma ရဲ့အချစ်ကိုရတာလေ.... Omma ကတော့ငါ့ကို မချစ်ဘူးတဲ့"

"ဘယ်သူမှမချစ်လည်း ငါကချန်းယောလ်ကို ချစ်တယ်လေ"

"တကယ်?"

"အင်း တကယ်"

"အဲ့တာဆို omma ကိုမကောင်းမမြင်ပါနဲ့
သူက ငါ့ကိုမချစ်ပေမယ့် အလယ်တန်းတုန်းက ဆေးရုံတက်ရတော့ omma ကလည်းဂရုစိုက်ပေးခဲ့တာ"

"ချန်းယောလ်က ဆေးရုံတက်တယ်?

"အင်း အဲ့တုန်းက နှစ်ရက်လောက်မနိုးဘဲအိပ်ပျော်နေတာ အဲ့တာကြောင့် ဆေးရုံတက်လိုက်ရတာ။ omma ရဲ့ဘေးမှာကြိုးစားပြီးနေနေတာက ငါတကယ်လို့ အိပ်ပျော်ပြီးမနိုးလာတော့ရင် သေသွားနိုင်တယ်လေ။ မသေခင်လေး omma ရဲ့အချစ်ကို တစ်ခါလောက်ရဖူးချင်လို့ပါ"

ဘတ်ဟျွန်း အတော်လေးစိတ်မကောင်းဖြစ်မိသည်။ ချန်းယောလ်ကို သူ့ရဲ့ omma သာလျှင် ချစ်ပေးနိုင်တာမှမဟုတ်တာ။ ဘတ်ဟျွန်းလည်း အားလုံးထက်ပိုပြီးချစ်ပေးနိုင်ရဲ့သားနဲ့။

"မင်း တကယ် ငါ့ကိုမမြင်ဘူးပဲ !
ငါသွားပြီ ချန်း‌ယောလ်"

အစကတော့ ဘတ်ဟျွန်း နောက်လကစပြီး ကျောင်းတက်ရတော့မယ်ဆိုတဲ့အကြောင်းကို လုံးဝပြောမထွက်ဘူးထင်ခဲ့တာ။ အခု ချန်းယောလ်ရဲ့ စကားတွေကြောင့် ဘတ်ဟျွန်း ရင်နာနာနဲ့ပြောထွက်ခဲ့သည်။

"အာ ဟုတ်သားပဲ ငါနောက်လကစပြီးကျောင်းတက်ရတော့မှာ မင်းဆီကိုမလာနိုင်တော့ဘူး တွေ့လို့လည်းမရတော့ဘူး"

"ပိတ်ရက်တွေ လာလို့ရတယ်မလား"

"ဆန္ဒရှိရင်ပေါ့"

ဘတ်ဟျွန်းရဲ့ အေးစက်သွားတဲ့စကားတွေကို ချန်းယောလ်ရိပ်မိသွားပုံပေါ်သည်။

"ဘာလို့လဲ ရုတ်တရက်ကြီး"

"မင်းက omma ကိုပဲဂရုစိုက်တာလေ
ငါ့ကိုမမြင်ဘူးမလား တစ်နေ့မင်းရဲ့ဘေးမှာဘယ်သူမှမရှိတော့တဲ့နေ့ ငါမင်းဆီပြန်လာမှာပါ သွားပြီ ချန်းယောလ်"

ဒီလိုနဲ့ပဲ ဘတ်ဟျွန်း အိမ်ကြီးကိုကျောခိုင်းခဲ့သည်။ အချစ်ကို လျစ်လျှူရှုခဲ့သည်။

အရမ်းလည်း မချစ်ပြပါနဲ့။ ချစ်တယ်လို့လည်းမပြောပါနဲ့ ဆိုတဲ့စကားကသိပ်မှန်သည်။ ချန်းယောလ်က သူ့ကိုမချစ်တဲ့သူကိုမှ တမ်းတနေသည်မဟုတ်လား။

"ငါသိပါပြီ ဘတ်ဟျွန်းပြန်လာမယ့်အချိန် ငါအသက်ရှင်နေသေးရင်ကောင်းမယ်"

ဆိုတဲ့စကားကိုတော့ ဘတ်ဟျွန်းကြားမည်မထင်။ ချန်းယောလ်ကတော့ မှီနေကျ ပုခုံးလေးကို လွမ်းနေမိရော့မည်။

~🌷

နောက်အပိုင်းတွေကို CY's side နဲ့ဆက်ရေးပါမည်။ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အရေးအသားမပြေပြစ်မှုအတွက် Rainy တောင်းပန်ပါတယ်။

Continue Reading

You'll Also Like

157K 17.2K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1.1K 162 5
ကိုယ်က မင်းကို တကယ်ချွင်းချက်မရှိချစ်တာ ယူဂျင်းနီးရဲ့...
471K 23.8K 69
Wattpad deleted my account but still here I am again with my story Punar vivah ♡. This is a story of Manik Malhotra, who has stopped living his life...
773K 28.7K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...