ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 290K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

101

7K 1.4K 93
By Melinoe_Megami

Unicode

“ခနလောက် စောင့်ပါဦး..!”

ရင်းမင်က ရင်းဆုယဲ့ချန်ခဲ့တဲ့ အရှုပ်အထွေးတွေကို ဖြေရှင်းနေခဲ့ရတာကြောင့် တခြားလူတွေထက် အနည်းငယ် နောက်ကျသွားခဲ့ရတယ်။ သို့သော်လည်း တော်ဝင်မြို့တော်ဂိတ်ဝမှာ ပြဿနာရှာနေတဲ့လူက သူ့ရဲ့ ’သားကောင်းရတနာလေး’ ရင်းဆုယဲ့လို့ မထင်ထားခဲ့မိဘူး။ အထူးသဖြင့် သူရောက်လာတဲ့အချိန် လူအများက သူ့အနားဝိုင်းလာပြီး သူတို့ရဲ့ ခန့်မှန်းချက်တွေကို ပြောဆိုလာကြတာကြောင့် ရင်းမင်ရဲ့မျက်နှာက ရှုံ့မဲ့သွားခဲ့တယ်။

ရင်းဆုယဲ့က မိစ္ဆာကိုကာကွယ်ပြီး တော်ဝင်မြို့တော်ဂိတ်ဝမှာ လူသားဘုရင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မယ်လို့ ဘယ်လိုလုပ်ထင်ထားခဲ့မှာလဲ..?!

ထိုအခိုက်အတန့် လူတွေဝိုင်းပြောနေကြတဲ့ ‘ရင်းဆုယဲ့က မိစ္ဆာရဲ့လှည့်ဖျားမှုကြောင့် အသိစိတ်မရှိတော့တာ’ ဆိုတဲ့အချက်ကို ရင်းမင်လည်း ယုံကြည်လာခဲ့တော့တယ်။ ရှေ့ထွက်သွားလိုက်ပြီး ရင်းဆုယဲ့ကို ဆုံးမပစ်လိုက်ချင်တယ်။ ဒါပေမဲ့လည်း လူသားဘုရင်ကြီးရှိနေသေးတော့ မလုပ်ရဲခဲ့ဘူး။ ထို့ကြောင့် လူကြားထဲမှာ ကိုယ်ယောင်ဖျောက်နေရင်း ဖြစ်ပျက်သမျှကို စောင့်ကြည့်နေခဲ့တယ်။

စောင့်ကြည့်နေရင်း ရင်းဆုယဲ့က သေမှာမကြောက်ပဲ ‘ကံကြမ္မာကူးပြောင်းခြင်း’ကို စတင်ဖို့ကြိုးစားနေတာကြောင့် ရင်းမင်က ထွက်တားလိုက်ရတော့တယ်။ ရင်းဆုယဲ့ကို ဘယ်လောက်ပင် မနှစ်မြို့ပါစေ၊ ရင်းဆုယဲ့ သေကြောင်းကြံနေတာကို ရပ်မကြည့်နိုင်ပါဘူး။ ဘယ်လိုပဲပြောပြော လက်ရှိအခြေနေမှာ သူ့ရဲ့သားအရင်းက ရင်းဆုယဲ့တစ်ဦးတည်းပဲ ရှိတော့တယ်။

“ရင်းဆုယဲ့ ခေါင်းမမာစမ်းနဲ့..! အရှင်မင်းကြီးကို မြန်မြန်တောင်းပန်လိုက်စမ်း.. ပြီးရင် ‘ကံကြမ္မာကူးပြောင်းခြင်း’ကို အသက်မသွင်းတော့ဘူးလို့ ပြောလိုက်..”

ရင်းဆုယဲ့က သူ့ရဲ့စကားကို လုံးဝနားမထောင်တဲ့အပြင် စစ်သည်တွေကလည်း ရင်းဆုယဲ့ကို ဖမ်းဆီးချုပ်နှောင်ဖို့ ရှေ့တိုးလာတာကြောင့် ရင်းမင်က ထပ်မံဖျောင်းဖျလိုက်တယ်။

“ရင်းဆုယဲ့.. မင်းရင်ခွင်ထဲက မိစ္ဆာကောင်က ကြည့်လို့ကောင်းတာတော့ အမှန်ပဲ.. ဒါပေမဲ့ အဲ့လိုမိစ္ဆာကောင်လေးအတွက် မင်းရဲ့ဘဝကို ကိုယ်တိုင်ဖျက်ဆီးပစ်တာ ထိုက်တန်လို့လား..?”

အတော်ကြာအောင် စောင့်ဆိုင်းနေပေမယ့်လည်း ရင်းဆုယဲ့က သူ့ရဲ့စကားတွေကို နားဝင်ပုံမရတာကြောင့် ရင်းမင်လည်း အနည်းငယ် စိတ်ပူလာခဲ့တယ်။

ရင်းမင်ရဲ့အမြင်မှာ ရင်းဆုယဲ့ရင်ခွင်ထဲက မိစ္ဆာကောင်လေးက ချောမောကြည့်ကောင်းတာကလွဲလို့ ဘာမှသုံးစားမရဘူး။ အထူးသဖြင့် ထိုမိစ္ဆာကောင်က လှပတဲ့ရုပ်ရည်လေးကို အသုံးချပြီး သူတို့ရင်းအိမ်တော်ရဲ့ အမွေခံသားဖြစ်သူ ရင်းဆုယဲ့ကို သွေးဆောင်ဖြားယောင်းခဲ့တယ်။ သူ့အစား အပြစ်ဒဏ်ခံခိုင်းခဲ့တယ်။ လုံးဝခွင့်လွှတ်ပေးလို့မရတဲ့ ပြစ်မှုကြီးပဲ။

“ယောက်ျားလေးတွေကို ကြိုက်တယ်ဆိုလည်း မင်းလိုချင်သလောက် ငါရှာပေးနိုင်တယ်.. အဲ့မိစ္ဆာကောင်နဲ့ပေါင်းပြီး ပြဿနာလိုက်မရှာစမ်းနဲ့..!”

သူ့ရဲ့စကားတွေကို ရင်းဆုယဲ့က လုံးဝပြန်မဖြေတာကြောင့် ရင်းမင်လည်း သူ့ဘာသာ ဆက်ပြောနေလိုက်တယ်။ ရင်းဆုယဲ့ကို ရူးရူးမိုက်မိုက်အရာတွေ မလုပ်မိစေဖို့ ဖြောင်းဖြနေရင်း အတတ်နိုင်လုံး လိုက်လျောနေခဲ့တယ်။ ပြီးတော့ အမှားအားလုံးကို ရွှယ်ယို့ရှန်းခေါင်းပေါ် ပုံချပစ်လိုက်တယ်။

“သူတစ်ယောက်တည်းပဲ..!”

ရင်းဆုယဲ့က ရင်းမင်ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ပြန်ဖြေနေဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူရင်ခွင်ထဲကကောင်လေး စိတ်မကောင်းဖြစ်သွားမှာကို စိုးရိမ်တာကြောင့် စိတ်ပြောင်းသွားခဲ့တယ်။ ရွှယ်ယို့ရှန်းက ရုတ်တရက် ကြီးပြင်းလာပေမယ့် သူ့ရဲ့မျက်ဝန်းထဲမှာတော့ ဘယ်လိုပုံစံပြောင်းလဲသွားပါစေ ပထမဆုံးစတွေ့ခဲ့ဖူးတဲ့ ပုံစံလေးအတိုင်း နွေးထွေးကြင်နာတတ်ပြီး စိတ်ထားကောင်းမွန်တဲ့ ကောင်ငယ်လေးပဲ။

‘သူတစ်ယောက်တည်းပဲ’ ထိုစကားငါးလုံးကလည်း ရင်းမင်ကို ပြန်ဖြေတာမဟုတ်ဘဲ ရွှယ်ယို့ရှန်းက ပြောပြချင်ခဲ့တာ ဖြစ်တယ်။ သူ့ရဲ့နှလုံးသားထဲမှာ ကောင်လေးရဲ့ဖြစ်တည်မှုက ဘယ်လောက်အရေးကြီးသလဲဆိုတာကို သိစေချင်ခဲ့တယ်။

“………….”

ရင်းဆုယဲ့ကတော့ အမှုမဲ့အမှတ်မဲ့ ပြောလိုက်တာပဲ။ ဒါပေမဲ့ သူ့ရဲ့အသက်ရှူငွေ့နွေးနွေးက စကားပြောလိုက်တိုင်း သူ(ရွှယ်ယို့ရှန်း)ရဲ့လည်ပင်းကို ထိခတ်နေလေတော့ ရွှယ်ယို့ရှန်းလည်း ဘာကြောင့်ရယ်မသိ မျက်နှာပူလာသလို ခံစားလိုက်ရတယ်။

သူ့ဝိဉာဉ်ကူးပြောင်းလာခဲ့တဲ့ ဒီခန္ဓာကိုယ်က အလွယ်တကူ ရှက်သွေးဖြာတတ်တာလား..? မသိတော့ဘူး။ အဲ့လောက် ရှက်သွေးဖြာတတ်နေရင် ခက်ခက်ခဲခဲ ထိန်းသိမ်းထားရတဲ့ သီးခြားဆန်တဲ့ အရှိန်အဝါကတော့ ဖျက်ဆီးခံရတော့မှာပဲ။ ရင်းဆုယဲ့ကိုပဲ အပြစ်ပြောရတော့မယ်။ လူတွေအများကြီးရှေ့မှာ အထင်မှားစေတဲ့ ဒီလိုစကားမျိုးကို ဘာလို့ပြောနေရတာလဲ..? တလွဲထင်ကုန်လိမ့်မယ် သိရဲ့လား..?!

သူနဲ့ရင်းဆုယဲ့ကြားက ဆက်ဆံရေးက ဖြူစင်တယ်ဆိုတာကိုသာ မသိထားခဲ့ရင် သူကိုယ်တိုင်လည်း ရင်းဆုယဲ့က ဝန်ခံနေတာလို့ ထင်မြင်မိမှာပဲ။ (အချစ်ကိုဝန်ခံခြင်း)။

သူတို့နှစ်ယောက်လုံးက ယောက်ျားရင့်မာကြီးတွေလေ။ ဘယ်လိုလုပ် ထူးထူးဆန်းဆန်း စိတ်ခံစားချက်မျိုး ရှိနေရမှာလဲ..? ဒီကမ္ဘာကြီးရဲ့ယဉ်ကျေးမှုက ကမ္ဘာမြေနဲ့ကွာခြားနေတာများလား..? အဲ့တာကြောင့် ‘သူတစ်ယောက်တည်းပဲ’ ဆိုတဲ့စကားလုံးမျိုးက ချစ်သူတွေကြားက အချစ်ကိုဖော်ညွှန်းတဲ့စကား မဟုတ်တော့တာလား..?

(TN : ရင်းဆုယဲ့က အမှန်တကယ်တော့ ‘မင်းတစ်ယောက်တည်းပဲ’လို့ ပြောချင်နေခဲ့တာပါ။)

***

“ရင်းဆုယဲ့.. မင်းပြောလိုက်တဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို သေချာရောသိသေးရဲ့လား..?”

ရင်းမင်းက သွေးသားဆက်ခံသူကို အရမ်းတန်ဖိုးထားတယ်။ အဲတာကြောင့် ရင်းမိသားစု အဓွန့်ရှည်စေဖို့အတွက် ရင်းဆုယဲ့ကို သူ့ရဲ့သားအရင်းမဟုတ်ကြောင်း သံသယဝင်မိလိုက်တာနဲ့ နှစ်ပေါင်းများစွာကြာအောင် စွန့်ပယ်ထားခဲ့တာပဲ။

သူ့ရဲ့အမြင်မှာ ရင်းဆုယဲ့လက်ထပ်ပြီး မြေးယောက်ျားလေးတစ်ယောက် ပေးလာနိုင်သရွေ့ ယောက်ျားလေးတွေနဲ့ ပျော်ပါးနေရင်လည်း လျစ်လျူရှုပေးထားသင့်တယ်လို့ သတ်မှတ်ထားခဲ့တယ်။ သို့သော်လည်း အလွန်လေးနက်ပြနေတဲ့ ရင်းဆုယဲ့ကိုကြည့်ရင်း ရင်းမင်ရဲ့တစ်ကိုယ်လုံး တုန်ယင်လာရသည်အထိ ဒေါသထွက်လာခဲ့တော့တယ်။

သူ့မှာ ရင်းဆုယဲ့ဆိုတဲ့ သွေးသားရင်းတစ်ယောက်ပဲ ရှိနိုင်တော့ပေမယ့် ရင်းဆုယဲ့က သူ့ရင်ခွင်ထဲက မိစ္ဆာကောင်ကို ကြိုက်နှစ်သက်နေသတဲ့။ မိန်းမ,မယူတော့ပဲ မိသားစုသွေးကြောကို ဖြတ်တောက်ပစ်လိုက်တဲ့သဘောပဲလေ။ ရင်းမိသားစုက သူ့လက်ထက်ကျမှ မျိုးဆက်ပြတ်ရတော့မှာလား..?

“ရင်းဆုယဲ့.. မင်းက ရင်းအိမ်တော်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူလေ.. အပျော်ကောင်လေးတစ်ယောက်အတွက် ရင်းမိသားစုရဲ့အာဏာကို လက်လျော့တာ ဖြစ်သင့်လို့လား..?”

ရင်းမင်က ဆက်ခံသူဆိုတဲ့စကားနဲ့ ရင်းဆုယဲ့ကို ထပ်ဖြောင်းဖျရန် ဆုံးဖြတ်လိုက်တယ်။

“…………..”

ရွှယ်ယို့ရှန်းက သူ့ကိုနှိမ်ချပြောနေတဲ့ ရင်းမင်ကို လှည့်ကြည့်လိုက်တယ်။

သောက်ကျိုးနည်း..!

သူ့လို တော်ဝင်ဆန်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် အပျော်ကောင်လေးဖြစ်မှာလဲ..? ရင်းမင်းက တကယ့်ကို အမြင်မရှိတဲ့လူပဲ။ အမြင်မရှိတာမှ မျက်မမြင်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်..! ကိုယ့်သွေးသားအရင်းကို ပစ်ပယ်ပြီး တခြားလူရဲ့ကလေးကို ပြုစုစောင့်ရှောက်ပေးရတဲ့အထိ အရူးလုပ်ခံရတာ မထူးဆန်းတော့ဘူး..!

“ရွှယ်ယို့ရှန်းက ကျုပ်အတွက် အရေးအကြီးဆုံးလူသားပဲ.. ‘အပျော်ကောင်လေး’လို့ ထပ်ပြီးစော်ကားရဲရင် ရင်းမိသားစုကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ဖို့ ဝန်မလေးဘူး..!”

သူ့ရဲ့စကားကြောင့် ရှက်ရွံ့နေတဲ့ ကောင်လေးရဲ့အမူအယာကိုကြည့်ရင်း ပျော်မြူးနေခဲ့တဲ့စိတ်က ရင်းမင်ကြောင့် တမဟုတ်ချင်း ပျက်ဆီးသွားခဲ့ရတယ်။ ရင်းဆုယဲ့က ကောင်လေးရဲ့ စိတ်အခြေအနေကို အာရုံခံမိလိုက်တာကြောင့် ရင်းမင်းအပေါ် လုံးဝအကောင်းမမြင်တော့ဘူး။

ရင်းမိသားစုကို ချက်ချင်းမဖျက်ဆီးခဲ့တဲ့ အကြောင်းအရင်းက ရင်းမင်ကို တစိမ့်စိမ့်ခံစားရစေချင်လို့ပဲ။ သူ့ရဲ့မျက်စိရှေ့တင် မိသားစုကြီးတစ်ခုလုံး တဖြည်းဖြည်း ပျက်ဆီးယိုယွင်းလာတာကိုကြည့်ရင်း နာကျင်ခံစားရစေချင်တာ။ နောင်တရစေချင်တာ။ ဒါပေမဲ့ ရင်းမင်က ကောင်လေးကို ဒီလိုယုတ်ညံ့တဲ့စကားမျိုး ပြောရဲလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။

ရင်းဆုယဲ့ရဲ့စိတ်ထဲမှာ သူ့အကြံအစည်က အချိန်ယူလွန်းတယ်လို့ တွေးလာမိတယ်။ ရင်းမိသားစုကို ချက်ချင်းလက်ငင်း ဖျက်ဆီးပစ်ချင်လာတော့တယ်။

“……………”

ရွှယ်ယို့ရှန်းလည်း သူ့ရဲ့နေရာမရွေး၊ အချိန်မရွေး ‘တွေ့ကရာ တွေးတောနေတတ်တဲ့အကျင့်’က သိပ်ပြီးမကောင်းဘူးလို့ ခံစားလိုက်ရတယ်။

ဒါပေမဲ့ စာရေးဆရာတစ်ယောက်ရဲ့ ဇာတ်ညွှန်းရေးတဲ့ရောဂါကို သူလည်းမထိန်းနိုင်ဘူးလေ..! ရင်းဆုယဲ့ရဲ့ စကားကြောင့် လွှမ်းမိုးတတ်တဲ့ CEO အချစ်ဝတ္ထုတွေကိုတောင် သတိရသွားခဲ့ပြီ။ XX Group ကို ဒေဝါလီခံရအောင် လုပ်ပစ်လိုက်..! အာ.. အရမ်းမိုက်တာပဲ..!

ပုံစံနှစ်ခုက အရမ်းဆင်နေသလိုပဲနော်..? ရင်းဆုယဲ့ ဒီနေ့မှ ဘာဖြစ်နေတာပါလိမ့်..? သူများအထင်လွဲမယ့် စကားတွေ ဘာလို့လျှောက်ပြောနေတာလဲ..? သူက ရင်းဆုယဲ့ရဲ့ဆိုလိုရင်းကို နားလည်ပေမယ့် တခြားလူတွေ အထင်လွဲကုန်မှာတော့ ကြောက်တယ်။ ရင်းဆုယဲ့ပြောနေသမျှက အထင်လွဲစရာတွေချည်းပဲ။ သူသာ ရင်းဆုယဲ့ရဲ့ဇာတ်ကောင်ကိုသာ နားမလည်ထားခဲ့ရင် သေချာပေါက် လှည့်စားခံရတော့မှာ။

‘အဆိုးထဲကအကောင်း’လို့ ပြောသင့်သလား..? ရင်းဆုယဲ့ပြောလိုက်တဲ့ စကားတွေကြောင့် သူ့ရဲ့ဘဝက လူတွေရဲ့အမြင်မှာ အပျော်ကောင်လေးအဖြစ်ကနေ ချစ်သူကောင်လေးအဖြစ် အဆင့်တက်သွားခဲ့ပြီ။ ဒါလည်း အဆင့်မြင့်သွားတဲ့သဘောပဲ မဟုတ်ဘူးလား..?

သူနဲ့ရင်းဆုယဲ့က ယနေ့အထိ ရိုးသားဖြူစင်ခဲ့ပေမယ့်လည်း နောက်ရက်တွေမှာ ဖြူစင်နိုင်တော့မှာမဟုတ်ကြောင်း ရွှယ်ယို့ရှန်းတစ်ယောက် အလိုလိုသိနေခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုသိသလဲဆိုတာကိုတော့ မရှင်းပြချင်တော့ဘူး။

တကယ့်ကို ဝမ်းနည်းကြေကွဲဖို့ကောင်းတာပဲ..!

***

“မင်းငါ့ကို လက်စားချေနေတာလား..?”

ရင်းဆုယဲ့ဆီက ပြင်းပြလွန်းတဲ့ လူသတ်ငွေ့ကို ခံစားလိုက်ရတာကြောင့် ရင်းမင်လည်း နောက်တစ်လှမ်း ဆုတ်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူက ရင်းဆုယဲ့ကို တစ်ခါမှ သားလို့မသတ်မှတ်ဖူးသလို ရင်းဆုယဲ့ကလည်း သူ့ကို အဖေလို့ မသတ်မှတ်တော့ကြောင်း နားလည်သွားရတယ်။။

အတိတ်ကဖြစ်ရပ်တွေကြောင့် သူ့ရဲ့သားဖြစ်တဲ့ ရင်းဆုယဲ့ကို ဆုံးရှုံးလိုက်ရပြီ။ သူ့အတွက် မြေးယောက်ျားလေး၊ မြေးမလေး တစ်ယောက်မှမရနိုင်တော့ဘူး။ ရင်းမိသားစုတော့ သူ့လက်ထက်ရောက်မှ ပျက်သုန်းရတော့မယ်..!

လောကကြီးက အရွဲ့တိုက်နေသလိုပဲ။ သူ့ဘဝရဲ့ တစ်ဦးတည်းသောသွေးသားက သူ့နဲ့ရင်းမိသားစုကို ဖျက်ဆီးပစ်ချင်လောက်အောင် မုန်းတီးသွားခဲ့ပြီ..! ဒါက ဝဋ်လည်တာ..!

အမှန်တရားကို နားလည်သွားအချိန် ရင်းမင်တစ်ယောက် ၁၀ နှစ်ခန့် အိုမင်းသွားရသလို သူ့ရဲ့ခန္ဓာကိုယ်က အားနည်းဖျော့တော့စွာ တုန်ယင်နေခဲ့တော့တယ်။

“ဟုတ်တယ်..” ရင်းဆုယဲ့က ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်တယ်။

မိန်းမ,မယူတာ၊ ကလေး,မယူတာ။ တကယ်တော့ ဒါတွေအားလုံးက ရင်းမင်ကို လက်စားချေချင်လို့မဟုတ်ဘူး။ အဲ့လိုစတေးမှုမျိုးက ရင်းမင်နဲ့ ထိုက်တန်လို့လား..!

အရင်ဘဝတုန်းက မရေမတွက်နိုင်အောင် သစ္စာဖောက်ခံခဲ့ရလို့ ဘယ်သူ့ကိုမှ မယုံကြည်ရဲခဲ့သလို ဘာခံစားချက်မှ မရှိခဲ့ဘူး။ အချစ်ဆိုတဲ့ ခံစားချက်မျိုးဆို ပိုဆိုးတာပေါ့..!

ဒါပေမဲ့ လက်ရှိဘဝမှာတော့ သူ့ရဲ့ခံစားချက်အားလုံးက ရွှယ်ယို့ရှန်းတစ်ယောက်တည်းအတွက်ပဲ..! ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ရွှယ်ယို့ရှန်းတစ်ယောက်တည်း သူ့ရဲ့ခံစားချက်တွေရရှိဖို့ ထိုက်တန်တယ်..!

***

“အလွမ်းသယ်နေတာ တော်သင့်ပြီ.. ကံကြမ္မာကူးပြောင်းခြင်းကို လက်ခံဖို့လုပ်တော့..!”

လူအများရှေ့မှာ သူ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ရင်းမင်နဲ့ ရင်းဆုယဲ့ စကားပြောနေတာကို ဝမ်ပထျန်က စိတ်ရှည်လက်ရှည် စောင့်​ပေးခဲ့တယ်။ စကားဝိုင်းပြီးတာနဲ့ ကံကြမ္မာကူးပြောင်းခြင်းကို လက်ခံရန် ချက်ချင်းသတိပေးလိုက်တယ်။

ပထမခုနစ်ရက်က လူအများရှေ့မှာဆိုတော့ ဘာမှလုပ်လို့မရသေးဘူး။ ဒါပေမဲ့ ကျန်တဲ့ ၄၂ ရက်၊ သူလုပ်နိုင်တာတွေ အများကြီးပဲ။ ရင်းဆုယဲ့,မသေခင် အသက်ရှည်နည်းကို သိလိုက်ရရင် အဆင်ပြေပြီ။

“…………….”

ရင်းမင်က ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ရာကို ပြောချင်ခဲ့တယ်။ ဒါပေမဲ့လည်း ဘာမှမပြောနိုင်ခဲ့ဘူး။ ထို့ကြောင့် တိတ်တဆိတ်သာ ရပ်ကြည့်နေရတော့တယ်။

“အင်း..”

ရင်းဆုယဲ့က စစ်သည်တော်တွေနောက် လိုက်ပါသွားရန် ပြင်လိုက်တဲ့အချိန် သူ့ရဲ့အင်္ကျီစက တင်းခနဲဖြစ်သွားတာကို ခံစားလိုက်ရတယ်။

“ရင်းဆုယဲ့.. ကျွန်တော် ခင်ဗျားကို ခွင့်ပြုပေးခဲ့လို့လား..?”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို လွှတ်ပေးလိုက်တဲ့အချိန် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့အင်္ကျီစကို တင်းတင်ကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တာပါပဲ။ ရင်းဆုယဲ့ကို ထွက်သွားခွင့်မပြုနိုင်ဘူး။

“လိမ္မာပါကွာ.. စိတ်မကောက်နဲ့တော့နော်..!”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းလက်ထဲက သူ့ရဲ့အင်္ကျီစကို မဆွဲထုတ်ချင်ခဲ့ဘူး။ လက်အသာမြှောက်ပြီး သူ့ရဲ့အင်္ကျီကို အသာအယာ ဖြဲပစ်လိုက်တယ်။ အင်္ကျီစလေးမှာ ရွှယ်ယို့ရှန်းရဲ့လက်ထဲ ကျန်ရစ်နေခဲ့တော့တယ်။

ရင်းဆုယဲ့က အရမ်းစိတ်ပြင်းပြနေလိမ့်မယ်လို့ ရွှယ်ယို့ရှန်းလည်း မထင်မှတ်ထားခဲ့ဘူး သူ့ရဲ့လက်ထဲမှာ အင်္ကျီစလေးတစ်စကိုသာ ချန်ရစ်ထားခဲ့ပြီး နောက်လှည့်ကာ စစ်သည်တော်တွေနဲ့ ထွက်ခွာသွားတော့တယ်။

တစ်ခဏအတွင်း ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေက လေးနက်လာခဲ့တယ်။

ချော့ပြောလို့မရဘူး။ ကောင်းပြီလေ.. ခပ်ကြမ်းကြမ်း ကိုင်တွယ်ရတော့မှာပေါ့..!

…………………………….

Zawgyi

“ခနေလာက္ ေစာင့္ပါဦး..!”

ရင္းမင္က ရင္းဆုယဲ့ခ်န္ခဲ့တဲ့ အရႈပ္အေထြးေတြကို ေျဖရွင္းေနခဲ့ရတာေၾကာင့္ တျခားလူေတြထက္ အနည္းငယ္ ေနာက္က်သြားခဲ့ရတယ္။ သို႔ေသာ္လည္း ေတာ္ဝင္ၿမိဳ႕ေတာ္ဂိတ္ဝမွာ ျပႆနာရွာေနတဲ့လူက သူ႔ရဲ႕ ’သားေကာင္းရတနာေလး’ ရင္းဆုယဲ့လို႔ မထင္ထားခဲ့မိဘူး။ အထူးသျဖင့္ သူေရာက္လာတဲ့အခ်ိန္ လူအမ်ားက သူ႔အနားဝိုင္းလာၿပီး သူတို႔ရဲ႕ ခန႔္မွန္းခ်က္ေတြကို ေျပာဆိုလာၾကတာေၾကာင့္ ရင္းမင္ရဲ႕မ်က္ႏွာက ရႈံ႕မဲ့သြားခဲ့တယ္။

ရင္းဆုယဲ့က မိစာၦကိုကာကြယ္ၿပီး ေတာ္ဝင္ၿမိဳ႕ေတာ္ဂိတ္ဝမွာ လူသားဘုရင္နဲ႔ ထိပ္တိုက္ရင္ဆိုင္ရဲလိမ့္မယ္လို႔ ဘယ္လိုလုပ္ထင္ထားခဲ့မွာလဲ..?!

ထိုအခိုက္အတန႔္ လူေတြဝိုင္းေျပာေနၾကတဲ့ ‘ရင္းဆုယဲ့က မိစာၦရဲ႕လွည့္ဖ်ားမႈေၾကာင့္ အသိစိတ္မရွိေတာ့တာ’ ဆိုတဲ့အခ်က္ကို ရင္းမင္လည္း ယုံၾကည္လာခဲ့ေတာ့တယ္။ ေရွ႕ထြက္သြားလိုက္ၿပီး ရင္းဆုယဲ့ကို ဆုံးမပစ္လိုက္ခ်င္တယ္။ ဒါေပမဲ့လည္း လူသားဘုရင္ႀကီးရွိေနေသးေတာ့ မလုပ္ရဲခဲ့ဘူး။ ထို႔ေၾကာင့္ လူၾကားထဲမွာ ကိုယ္ေယာင္ေဖ်ာက္ေနရင္း ျဖစ္ပ်က္သမွ်ကို ေစာင့္ၾကည့္ေနခဲ့တယ္။

ေစာင့္ၾကည့္ေနရင္း ရင္းဆုယဲ့က ေသမွာမေၾကာက္ပဲ ‘ကံၾကမၼာကူးေျပာင္းျခင္း’ကို စတင္ဖို႔ႀကိဳးစားေနတာေၾကာင့္ ရင္းမင္က ထြက္တားလိုက္ရေတာ့တယ္။ ရင္းဆုယဲ့ကို ဘယ္ေလာက္ပင္ မႏွစ္ၿမိဳ႕ပါေစ၊ ရင္းဆုယဲ့ ေသေၾကာင္းႀကံေနတာကို ရပ္မၾကည့္ႏိုင္ပါဘူး။ ဘယ္လိုပဲေျပာေျပာ လက္ရွိအေျခေနမွာ သူ႔ရဲ႕သားအရင္းက ရင္းဆုယဲ့တစ္ဦးတည္းပဲ ရွိေတာ့တယ္။

“ရင္းဆုယဲ့ ေခါင္းမမာစမ္းနဲ႔..! အရွင္မင္းႀကီးကို ျမန္ျမန္ေတာင္းပန္လိုက္စမ္း.. ၿပီးရင္ ‘ကံၾကမၼာကူးေျပာင္းျခင္း’ကို အသက္မသြင္းေတာ့ဘူးလို႔ ေျပာလိုက္..”

ရင္းဆုယဲ့က သူ႔ရဲ႕စကားကို လုံးဝနားမေထာင္တဲ့အျပင္ စစ္သည္ေတြကလည္း ရင္းဆုယဲ့ကို ဖမ္းဆီးခ်ဳပ္ေႏွာင္ဖို႔ ေရွ႕တိုးလာတာေၾကာင့္ ရင္းမင္က ထပ္မံေဖ်ာင္းဖ်လိုက္တယ္။

“ရင္းဆုယဲ့.. မင္းရင္ခြင္ထဲက မိစာၦေကာင္က ၾကည့္လို႔ေကာင္းတာေတာ့ အမွန္ပဲ.. ဒါေပမဲ့ အဲ့လိုမိစာၦေကာင္ေလးအတြက္ မင္းရဲ႕ဘဝကို ကိုယ္တိုင္ဖ်က္ဆီးပစ္တာ ထိုက္တန္လို႔လား..?”

အေတာ္ၾကာေအာင္ ေစာင့္ဆိုင္းေနေပမယ့္လည္း ရင္းဆုယဲ့က သူ႔ရဲ႕စကားေတြကို နားဝင္ပုံမရတာေၾကာင့္ ရင္းမင္လည္း အနည္းငယ္ စိတ္ပူလာခဲ့တယ္။

ရင္းမင္ရဲ႕အျမင္မွာ ရင္းဆုယဲ့ရင္ခြင္ထဲက မိစာၦေကာင္ေလးက ေခ်ာေမာၾကည့္ေကာင္းတာကလြဲလို႔ ဘာမွသုံးစားမရဘူး။ အထူးသျဖင့္ ထိုမိစာၦေကာင္က လွပတဲ့႐ုပ္ရည္ေလးကို အသုံးခ်ၿပီး သူတို႔ရင္းအိမ္ေတာ္ရဲ႕ အေမြခံသားျဖစ္သူ ရင္းဆုယဲ့ကို ေသြးေဆာင္ျဖားေယာင္းခဲ့တယ္။ သူ႔အစား အျပစ္ဒဏ္ခံခိုင္းခဲ့တယ္။ လုံးဝခြင့္လႊတ္ေပးလို႔မရတဲ့ ျပစ္မႈႀကီးပဲ။

“ေယာက္်ားေလးေတြကို ႀကိဳက္တယ္ဆိုလည္း မင္းလိုခ်င္သေလာက္ ငါရွာေပးႏိုင္တယ္.. အဲ့မိစာၦေကာင္နဲ႔ေပါင္းၿပီး ျပႆနာလိုက္မရွာစမ္းနဲ႔..!”

သူ႔ရဲ႕စကားေတြကို ရင္းဆုယဲ့က လုံးဝျပန္မေျဖတာေၾကာင့္ ရင္းမင္လည္း သူ႔ဘာသာ ဆက္ေျပာေနလိုက္တယ္။ ရင္းဆုယဲ့ကို ႐ူး႐ူးမိုက္မိုက္အရာေတြ မလုပ္မိေစဖို႔ ေျဖာင္းျဖေနရင္း အတတ္ႏိုင္လုံး လိုက္ေလ်ာေနခဲ့တယ္။ ၿပီးေတာ့ အမွားအားလုံးကို ႐ႊယ္ယို႔ရွန္းေခါင္းေပၚ ပုံခ်ပစ္လိုက္တယ္။

“သူတစ္ေယာက္တည္းပဲ..!”

ရင္းဆုယဲ့က ရင္းမင္ရဲ႕ အဓိပၸါယ္မရွိတဲ့ စကားေတြကို ျပန္ေျဖေနဖို႔ စိတ္ကူးမရွိခဲ့ဘူး။ ဒါေပမဲ့လည္း သူရင္ခြင္ထဲကေကာင္ေလး စိတ္မေကာင္းျဖစ္သြားမွာကို စိုးရိမ္တာေၾကာင့္ စိတ္ေျပာင္းသြားခဲ့တယ္။ ႐ႊယ္ယို႔ရွန္းက ႐ုတ္တရက္ ႀကီးျပင္းလာေပမယ့္ သူ႔ရဲ႕မ်က္ဝန္းထဲမွာေတာ့ ဘယ္လိုပုံစံေျပာင္းလဲသြားပါေစ ပထမဆုံးစေတြ႕ခဲ့ဖူးတဲ့ ပုံစံေလးအတိုင္း ေႏြးေထြးၾကင္နာတတ္ၿပီး စိတ္ထားေကာင္းမြန္တဲ့ ေကာင္ငယ္ေလးပဲ။

‘သူတစ္ေယာက္တည္းပဲ’ ထိုစကားငါးလုံးကလည္း ရင္းမင္ကို ျပန္ေျဖတာမဟုတ္ဘဲ ႐ႊယ္ယို႔ရွန္းက ေျပာျပခ်င္ခဲ့တာ ျဖစ္တယ္။ သူ႔ရဲ႕ႏွလုံးသားထဲမွာ ေကာင္ေလးရဲ႕ျဖစ္တည္မႈက ဘယ္ေလာက္အေရးႀကီးသလဲဆိုတာကို သိေစခ်င္ခဲ့တယ္။

“………….”

ရင္းဆုယဲ့ကေတာ့ အမႈမဲ့အမွတ္မဲ့ ေျပာလိုက္တာပဲ။ ဒါေပမဲ့ သူ႔ရဲ႕အသက္ရႉေငြ႕ေႏြးေႏြးက စကားေျပာလိုက္တိုင္း သူ(႐ႊယ္ယို႔ရွန္း)ရဲ႕လည္ပင္းကို ထိခတ္ေနေလေတာ့ ႐ႊယ္ယို႔ရွန္းလည္း ဘာေၾကာင့္ရယ္မသိ မ်က္ႏွာပူလာသလို ခံစားလိုက္ရတယ္။

သူ႔ဝိဉာဥ္ကူးေျပာင္းလာခဲ့တဲ့ ဒီခႏၶာကိုယ္က အလြယ္တကူ ရွက္ေသြးျဖာတတ္တာလား..? မသိေတာ့ဘူး။ အဲ့ေလာက္ ရွက္ေသြးျဖာတတ္ေနရင္ ခက္ခက္ခဲခဲ ထိန္းသိမ္းထားရတဲ့ သီးျခားဆန္တဲ့ အရွိန္အဝါကေတာ့ ဖ်က္ဆီးခံရေတာ့မွာပဲ။ ရင္းဆုယဲ့ကိုပဲ အျပစ္ေျပာရေတာ့မယ္။ လူေတြအမ်ားႀကီးေရွ႕မွာ အထင္မွားေစတဲ့ ဒီလိုစကားမ်ိဳးကို ဘာလို႔ေျပာေနရတာလဲ..? တလြဲထင္ကုန္လိမ့္မယ္ သိရဲ႕လား..?!

သူနဲ႔ရင္းဆုယဲ့ၾကားက ဆက္ဆံေရးက ျဖဴစင္တယ္ဆိုတာကိုသာ မသိထားခဲ့ရင္ သူကိုယ္တိုင္လည္း ရင္းဆုယဲ့က ဝန္ခံေနတာလို႔ ထင္ျမင္မိမွာပဲ။ (အခ်စ္ကိုဝန္ခံျခင္း)။

သူတို႔ႏွစ္ေယာက္လုံးက ေယာက္်ားရင့္မာႀကီးေတြေလ။ ဘယ္လိုလုပ္ ထူးထူးဆန္းဆန္း စိတ္ခံစားခ်က္မ်ိဳး ရွိေနရမွာလဲ..? ဒီကမာၻႀကီးရဲ႕ယဥ္ေက်းမႈက ကမာၻေျမနဲ႔ကြာျခားေနတာမ်ားလား..? အဲ့တာေၾကာင့္ ‘သူတစ္ေယာက္တည္းပဲ’ ဆိုတဲ့စကားလုံးမ်ိဳးက ခ်စ္သူေတြၾကားက အခ်စ္ကိုေဖာ္ၫႊန္းတဲ့စကား မဟုတ္ေတာ့တာလား..?

(TN : ရင္းဆုယဲ့က အမွန္တကယ္ေတာ့ ‘မင္းတစ္ေယာက္တည္းပဲ’လို႔ ေျပာခ်င္ေနခဲ့တာပါ။)

***

“ရင္းဆုယဲ့.. မင္းေျပာလိုက္တဲ့ စကားလုံးရဲ႕အဓိပၸါယ္ကို ေသခ်ာေရာသိေသးရဲ႕လား..?”

ရင္းမင္းက ေသြးသားဆက္ခံသူကို အရမ္းတန္ဖိုးထားတယ္။ အဲတာေၾကာင့္ ရင္းမိသားစု အဓြန႔္ရွည္ေစဖို႔အတြက္ ရင္းဆုယဲ့ကို သူ႔ရဲ႕သားအရင္းမဟုတ္ေၾကာင္း သံသယဝင္မိလိုက္တာနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ စြန႔္ပယ္ထားခဲ့တာပဲ။

သူ႔ရဲ႕အျမင္မွာ ရင္းဆုယဲ့လက္ထပ္ၿပီး ေျမးေယာက္်ားေလးတစ္ေယာက္ ေပးလာႏိုင္သေ႐ြ႕ ေယာက္်ားေလးေတြနဲ႔ ေပ်ာ္ပါးေနရင္လည္း လ်စ္လ်ဴရႈေပးထားသင့္တယ္လို႔ သတ္မွတ္ထားခဲ့တယ္။ သို႔ေသာ္လည္း အလြန္ေလးနက္ျပေနတဲ့ ရင္းဆုယဲ့ကိုၾကည့္ရင္း ရင္းမင္ရဲ႕တစ္ကိုယ္လုံး တုန္ယင္လာရသည္အထိ ေဒါသထြက္လာခဲ့ေတာ့တယ္။

သူ႔မွာ ရင္းဆုယဲ့ဆိုတဲ့ ေသြးသားရင္းတစ္ေယာက္ပဲ ရွိႏိုင္ေတာ့ေပမယ့္ ရင္းဆုယဲ့က သူ႔ရင္ခြင္ထဲက မိစာၦေကာင္ကို ႀကိဳက္ႏွစ္သက္ေနသတဲ့။ မိန္းမ,မယူေတာ့ပဲ မိသားစုေသြးေၾကာကို ျဖတ္ေတာက္ပစ္လိုက္တဲ့သေဘာပဲေလ။ ရင္းမိသားစုက သူ႔လက္ထက္က်မွ မ်ိဳးဆက္ျပတ္ရေတာ့မွာလား..?

“ရင္းဆုယဲ့.. မင္းက ရင္းအိမ္ေတာ္ရဲ႕ တစ္ဦးတည္းေသာ အေမြဆက္ခံသူေလ.. အေပ်ာ္ေကာင္ေလးတစ္ေယာက္အတြက္ ရင္းမိသားစုရဲ႕အာဏာကို လက္ေလ်ာ့တာ ျဖစ္သင့္လို႔လား..?”

ရင္းမင္က ဆက္ခံသူဆိုတဲ့စကားနဲ႔ ရင္းဆုယဲ့ကို ထပ္ေျဖာင္းဖ်ရန္ ဆုံးျဖတ္လိုက္တယ္။

“…………..”

႐ႊယ္ယို႔ရွန္းက သူ႔ကိုႏွိမ္ခ်ေျပာေနတဲ့ ရင္းမင္ကို လွည့္ၾကည့္လိုက္တယ္။

ေသာက္က်ိဳးနည္း..!

သူ႔လို ေတာ္ဝင္ဆန္ၿပီး စြဲမက္ဖြယ္ေကာင္းတဲ့ လူတစ္ေယာက္က ဘယ္လိုလုပ္ အေပ်ာ္ေကာင္ေလးျဖစ္မွာလဲ..? ရင္းမင္းက တကယ့္ကို အျမင္မရွိတဲ့လူပဲ။ အျမင္မရွိတာမွ မ်က္မျမင္နဲ႔ေတာင္ ႏႈိင္းယွဥ္လို႔ရတယ္..! ကိုယ့္ေသြးသားအရင္းကို ပစ္ပယ္ၿပီး တျခားလူရဲ႕ကေလးကို ျပဳစုေစာင့္ေရွာက္ေပးရတဲ့အထိ အ႐ူးလုပ္ခံရတာ မထူးဆန္းေတာ့ဘူး..!

“႐ႊယ္ယို႔ရွန္းက က်ဳပ္အတြက္ အေရးအႀကီးဆုံးလူသားပဲ.. ‘အေပ်ာ္ေကာင္ေလး’လို႔ ထပ္ၿပီးေစာ္ကားရဲရင္ ရင္းမိသားစုကို ခ်က္ခ်င္း ဖ်က္ဆီးပစ္လိုက္ဖို႔ ဝန္မေလးဘူး..!”

သူ႔ရဲ႕စကားေၾကာင့္ ရွက္႐ြံ႕ေနတဲ့ ေကာင္ေလးရဲ႕အမူအယာကိုၾကည့္ရင္း ေပ်ာ္ျမဴးေနခဲ့တဲ့စိတ္က ရင္းမင္ေၾကာင့္ တမဟုတ္ခ်င္း ပ်က္ဆီးသြားခဲ့ရတယ္။ ရင္းဆုယဲ့က ေကာင္ေလးရဲ႕ စိတ္အေျခအေနကို အာ႐ုံခံမိလိုက္တာေၾကာင့္ ရင္းမင္းအေပၚ လုံးဝအေကာင္းမျမင္ေတာ့ဘူး။

ရင္းမိသားစုကို ခ်က္ခ်င္းမဖ်က္ဆီးခဲ့တဲ့ အေၾကာင္းအရင္းက ရင္းမင္ကို တစိမ့္စိမ့္ခံစားရေစခ်င္လို႔ပဲ။ သူ႔ရဲ႕မ်က္စိေရွ႕တင္ မိသားစုႀကီးတစ္ခုလုံး တျဖည္းျဖည္း ပ်က္ဆီးယိုယြင္းလာတာကိုၾကည့္ရင္း နာက်င္ခံစားရေစခ်င္တာ။ ေနာင္တရေစခ်င္တာ။ ဒါေပမဲ့ ရင္းမင္က ေကာင္ေလးကို ဒီလိုယုတ္ညံ့တဲ့စကားမ်ိဳး ေျပာရဲလိမ့္မယ္လို႔ မထင္ထားခဲ့မိဘူး။

ရင္းဆုယဲ့ရဲ႕စိတ္ထဲမွာ သူ႔အႀကံအစည္က အခ်ိန္ယူလြန္းတယ္လို႔ ေတြးလာမိတယ္။ ရင္းမိသားစုကို ခ်က္ခ်င္းလက္ငင္း ဖ်က္ဆီးပစ္ခ်င္လာေတာ့တယ္။

“……………”

႐ႊယ္ယို႔ရွန္းလည္း သူ႔ရဲ႕ေနရာမေ႐ြး၊ အခ်ိန္မေ႐ြး ‘ေတြ႕ကရာ ေတြးေတာေနတတ္တဲ့အက်င့္’က သိပ္ၿပီးမေကာင္းဘူးလို႔ ခံစားလိုက္ရတယ္။

ဒါေပမဲ့ စာေရးဆရာတစ္ေယာက္ရဲ႕ ဇာတ္ၫႊန္းေရးတဲ့ေရာဂါကို သူလည္းမထိန္းႏိုင္ဘူးေလ..! ရင္းဆုယဲ့ရဲ႕ စကားေၾကာင့္ လႊမ္းမိုးတတ္တဲ့ CEO အခ်စ္ဝတၳဳေတြကိုေတာင္ သတိရသြားခဲ့ၿပီ။ XX Group ကို ေဒဝါလီခံရေအာင္ လုပ္ပစ္လိုက္..! အာ.. အရမ္းမိုက္တာပဲ..!

ပုံစံႏွစ္ခုက အရမ္းဆင္ေနသလိုပဲေနာ္..? ရင္းဆုယဲ့ ဒီေန႔မွ ဘာျဖစ္ေနတာပါလိမ့္..? သူမ်ားအထင္လြဲမယ့္ စကားေတြ ဘာလို႔ေလွ်ာက္ေျပာေနတာလဲ..? သူက ရင္းဆုယဲ့ရဲ႕ဆိုလိုရင္းကို နားလည္ေပမယ့္ တျခားလူေတြ အထင္လြဲကုန္မွာေတာ့ ေၾကာက္တယ္။ ရင္းဆုယဲ့ေျပာေနသမွ်က အထင္လြဲစရာေတြခ်ည္းပဲ။ သူသာ ရင္းဆုယဲ့ရဲ႕ဇာတ္ေကာင္ကိုသာ နားမလည္ထားခဲ့ရင္ ေသခ်ာေပါက္ လွည့္စားခံရေတာ့မွာ။

‘အဆိုးထဲကအေကာင္း’လို႔ ေျပာသင့္သလား..? ရင္းဆုယဲ့ေျပာလိုက္တဲ့ စကားေတြေၾကာင့္ သူ႔ရဲ႕ဘဝက လူေတြရဲ႕အျမင္မွာ အေပ်ာ္ေကာင္ေလးအျဖစ္ကေန ခ်စ္သူေကာင္ေလးအျဖစ္ အဆင့္တက္သြားခဲ့ၿပီ။ ဒါလည္း အဆင့္ျမင့္သြားတဲ့သေဘာပဲ မဟုတ္ဘူးလား..?

သူနဲ႔ရင္းဆုယဲ့က ယေန႔အထိ ႐ိုးသားျဖဴစင္ခဲ့ေပမယ့္လည္း ေနာက္ရက္ေတြမွာ ျဖဴစင္ႏိုင္ေတာ့မွာမဟုတ္ေၾကာင္း ႐ႊယ္ယို႔ရွန္းတစ္ေယာက္ အလိုလိုသိေနခဲ့တယ္။ ဒါေပမဲ့ ဘယ္လိုသိသလဲဆိုတာကိုေတာ့ မရွင္းျပခ်င္ေတာ့ဘူး။

တကယ့္ကို ဝမ္းနည္းေၾကကြဲဖို႔ေကာင္းတာပဲ..!

***

“မင္းငါ့ကို လက္စားေခ်ေနတာလား..?”

ရင္းဆုယဲ့ဆီက ျပင္းျပလြန္းတဲ့ လူသတ္ေငြ႕ကို ခံစားလိုက္ရတာေၾကာင့္ ရင္းမင္လည္း ေနာက္တစ္လွမ္း ဆုတ္သြားခဲ့တယ္။ တစ္ခ်ိန္တည္းမွာပဲ သူက ရင္းဆုယဲ့ကို တစ္ခါမွ သားလို႔မသတ္မွတ္ဖူးသလို ရင္းဆုယဲ့ကလည္း သူ႔ကို အေဖလို႔ မသတ္မွတ္ေတာ့ေၾကာင္း နားလည္သြားရတယ္။။

အတိတ္ကျဖစ္ရပ္ေတြေၾကာင့္ သူ႔ရဲ႕သားျဖစ္တဲ့ ရင္းဆုယဲ့ကို ဆုံးရႈံးလိုက္ရၿပီ။ သူ႔အတြက္ ေျမးေယာက္်ားေလး၊ ေျမးမေလး တစ္ေယာက္မွမရႏိုင္ေတာ့ဘူး။ ရင္းမိသားစုေတာ့ သူ႔လက္ထက္ေရာက္မွ ပ်က္သုန္းရေတာ့မယ္..!

ေလာကႀကီးက အ႐ြဲ႕တိုက္ေနသလိုပဲ။ သူ႔ဘဝရဲ႕ တစ္ဦးတည္းေသာေသြးသားက သူ႔နဲ႔ရင္းမိသားစုကို ဖ်က္ဆီးပစ္ခ်င္ေလာက္ေအာင္ မုန္းတီးသြားခဲ့ၿပီ..! ဒါက ဝဋ္လည္တာ..!

အမွန္တရားကို နားလည္သြားအခ်ိန္ ရင္းမင္တစ္ေယာက္ ၁၀ ႏွစ္ခန႔္ အိုမင္းသြားရသလို သူ႔ရဲ႕ခႏၶာကိုယ္က အားနည္းေဖ်ာ့ေတာ့စြာ တုန္ယင္ေနခဲ့ေတာ့တယ္။

“ဟုတ္တယ္..” ရင္းဆုယဲ့က ခပ္ျပတ္ျပတ္ ျပန္ေျဖလိုက္တယ္။

မိန္းမ,မယူတာ၊ ကေလး,မယူတာ။ တကယ္ေတာ့ ဒါေတြအားလုံးက ရင္းမင္ကို လက္စားေခ်ခ်င္လို႔မဟုတ္ဘူး။ အဲ့လိုစေတးမႈမ်ိဳးက ရင္းမင္နဲ႔ ထိုက္တန္လို႔လား..!

အရင္ဘဝတုန္းက မေရမတြက္ႏိုင္ေအာင္ သစၥာေဖာက္ခံခဲ့ရလို႔ ဘယ္သူ႔ကိုမွ မယုံၾကည္ရဲခဲ့သလို ဘာခံစားခ်က္မွ မရွိခဲ့ဘူး။ အခ်စ္ဆိုတဲ့ ခံစားခ်က္မ်ိဳးဆို ပိုဆိုးတာေပါ့..!

ဒါေပမဲ့ လက္ရွိဘဝမွာေတာ့ သူ႔ရဲ႕ခံစားခ်က္အားလုံးက ႐ႊယ္ယို႔ရွန္းတစ္ေယာက္တည္းအတြက္ပဲ..! ဒီကမာၻႀကီးတစ္ခုလုံးမွာ ႐ႊယ္ယို႔ရွန္းတစ္ေယာက္တည္း သူ႔ရဲ႕ခံစားခ်က္ေတြရရွိဖို႔ ထိုက္တန္တယ္..!

***

“အလြမ္းသယ္ေနတာ ေတာ္သင့္ၿပီ.. ကံၾကမၼာကူးေျပာင္းျခင္းကို လက္ခံဖို႔လုပ္ေတာ့..!”

လူအမ်ားေရွ႕မွာ သူ႔ရဲ႕ပုံရိပ္ကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ ရင္းမင္နဲ႔ ရင္းဆုယဲ့ စကားေျပာေနတာကို ဝမ္ပထ်န္က စိတ္ရွည္လက္ရွည္ ေစာင့္​ေပးခဲ့တယ္။ စကားဝိုင္းၿပီးတာနဲ႔ ကံၾကမၼာကူးေျပာင္းျခင္းကို လက္ခံရန္ ခ်က္ခ်င္းသတိေပးလိုက္တယ္။

ပထမခုနစ္ရက္က လူအမ်ားေရွ႕မွာဆိုေတာ့ ဘာမွလုပ္လို႔မရေသးဘူး။ ဒါေပမဲ့ က်န္တဲ့ ၄၂ ရက္၊ သူလုပ္ႏိုင္တာေတြ အမ်ားႀကီးပဲ။ ရင္းဆုယဲ့,မေသခင္ အသက္ရွည္နည္းကို သိလိုက္ရရင္ အဆင္ေျပၿပီ။

“…………….”

ရင္းမင္က ပါးစပ္ဟလိုက္ၿပီး တစ္စုံတစ္ရာကို ေျပာခ်င္ခဲ့တယ္။ ဒါေပမဲ့လည္း ဘာမွမေျပာႏိုင္ခဲ့ဘူး။ ထို႔ေၾကာင့္ တိတ္တဆိတ္သာ ရပ္ၾကည့္ေနရေတာ့တယ္။

“အင္း..”

ရင္းဆုယဲ့က စစ္သည္ေတာ္ေတြေနာက္ လိုက္ပါသြားရန္ ျပင္လိုက္တဲ့အခ်ိန္ သူ႔ရဲ႕အက်ႌစက တင္းခနဲျဖစ္သြားတာကို ခံစားလိုက္ရတယ္။

“ရင္းဆုယဲ့.. ကြၽန္ေတာ္ ခင္ဗ်ားကို ခြင့္ျပဳေပးခဲ့လို႔လား..?”

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို လႊတ္ေပးလိုက္တဲ့အခ်ိန္ ႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ရဲ႕အက်ႌစကို တင္းတင္က်ပ္က်ပ္ ဆုပ္ကိုင္ထားခဲ့တာပါပဲ။ ရင္းဆုယဲ့ကို ထြက္သြားခြင့္မျပဳႏိုင္ဘူး။

“လိမၼာပါကြာ.. စိတ္မေကာက္နဲ႔ေတာ့ေနာ္..!”

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းလက္ထဲက သူ႔ရဲ႕အက်ႌစကို မဆြဲထုတ္ခ်င္ခဲ့ဘူး။ လက္အသာေျမႇာက္ၿပီး သူ႔ရဲ႕အက်ႌကို အသာအယာ ၿဖဲပစ္လိုက္တယ္။ အက်ႌစေလးမွာ ႐ႊယ္ယို႔ရွန္းရဲ႕လက္ထဲ က်န္ရစ္ေနခဲ့ေတာ့တယ္။

ရင္းဆုယဲ့က အရမ္းစိတ္ျပင္းျပေနလိမ့္မယ္လို႔ ႐ႊယ္ယို႔ရွန္းလည္း မထင္မွတ္ထားခဲ့ဘူး သူ႔ရဲ႕လက္ထဲမွာ အက်ႌစေလးတစ္စကိုသာ ခ်န္ရစ္ထားခဲ့ၿပီး ေနာက္လွည့္ကာ စစ္သည္ေတာ္ေတြနဲ႔ ထြက္ခြာသြားေတာ့တယ္။

တစ္ခဏအတြင္း ႐ႊယ္ယို႔ရွန္းရဲ႕ မ်က္ဝန္းေတြက ေလးနက္လာခဲ့တယ္။

ေခ်ာ့ေျပာလို႔မရဘူး။ ေကာင္းၿပီေလ.. ခပ္ၾကမ္းၾကမ္း ကိုင္တြယ္ရေတာ့မွာေပါ့..!

…………………………….

Continue Reading

You'll Also Like

23.5K 964 4
Growl company ရဲ႕သူေဌးျဖစ္တ့ဲ Oh Sehun နဲ႔ Growl company ကိုအလုပ္လာေလွ်ာက္တ့ဲ သာမန္မိန္းကေလးတစ္ဦးျဖစ္တ့ဲ LuHan
1M 154K 178
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Tran...
898K 134K 130
Author >> Ju Mao Ge Ge Original title >> Da Lao Dai Qiu Pao ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်ရုံသာမက အချစ်ကို မယုံက...