" အို .. Ando ! ဒီေန့ သူငယ္ခ်င္းပါ ေခၚလာတာလား " Andoshi သည္ အလုပ္သမားစည္းအရံုး သို႔ ေရာက္သည္ႏွင့္ ဆီးေျပာခံလိုက္သျဖင့္ ေၾကာင္အသြားၿပီး အေနာက္သို႔ လွၫ့္ၾကၫ့္လိုက္သည္ ။ ေလတစ္ခ်က္တိုက္ရင္ေတာင္ လြင့္ပါေတာ့မၫ့္ ပိန္ပိန္ပါးပါး ခႏၶာကိုယ္ႏွင့္ ေရခဲမ်က္ႏွာထားနဲ႔ လူသည္ အစည္းအရံုးေရ႔ွတြင္ ေတာင့္ေတာင့္ႀကီး ရပ္ေနသည္ကို ေတြ ့လိုက္ရသည္ ။
" ခမ်ား!!! " ထိတ္လန႔္သြားသၫ့္ Andoshi က ေအာ္ဟစ္ရန္ျပင္လိုက္ေသာ္လည္း မ်က္ေမွာင္ၾကဳတ္ကာ လွၫ့္ၾကၫ့္လာသၫ့္ မုဆိုးမ်ားေၾကာင့္ ပါးစပ္အား အလ်င္အျမန္ေစ့လိုက္ၿပီး ေတာင့္ေတာင့္ႀကီး ရပ္ေနသူအား ဆြဲေခၚကာ အျပင္သို႔ ထြက္သြားေတာ့သည္ ။
" အိမ္မွာ နားေနပါ .. နားေနပါ ဆိုတာကို ဘာလိုက္လုပ္တာလဲ " လမ္းေတာင့္ၾကားသို႔ ေရာက္သည္ႏွင့္ အံႀကိတ္ကာ ေမးလိုက္ေတာ့သည္ ။ သူ႔ခမ်ာ အလုပ္ႀကိဳးစားၿပီး ကယ္တင္ထားရတာ ဒီလူက တန္ဖိုးကို မထားတတ္ဘူး ။
" ငါ့ဒဏ္ရာအေၾကာင္း ငါသိတယ္ .. " Ruff က ေပါက္ကြဲလုမတတ္ မ်က္ႏွာနီရဲေနသၫ့္ Andoshi အား မ်က္ႏွာေသျဖင့္ ျပန္ေျပာလိုက္သည္ ။
Andoshi : "..." စိတ္ေလ်ာ့ .. စိတ္ေလ်ာ့ ငါအခု သူ႔ကို သတ္လိုက္ရင္ ငါႀကိဳးစားထားေတြက ေခြးစားခံလိုက္ရသလို အဓိပၸာယ္မရိွ ျဖစ္သြားလိမ့္မယ္..
" အဲ့ဒါေၾကာင့္ အနားယူဖို႔ လိုတယ္လို႔ ေျပာေနတယ္ေလ .. ကိုယ့္အေၾကာင္း ကိုယ္သိရင္ အခုခ်က္ခ်င္း အိမ္ျပန္ !! " Andoshi က သူ႔ရင္ဘတ္သူ အသာပုတ္လိုက္ၿပီး သက္ျပင္းခ်ကာ ေျပာလိုက္သည္ ။ သို႔ေသာ္ တဖက္လူ ေျပာလာသၫ့္ စကားကို ၾကားလိုက္သည္ႏွင့္ ေသြးအန္ေတာ့မတတ္ျဖစ္သြားသည္ ။
" အလုပ္ေတြ ေဝေပးေနၿပီ " ဟု ေျပာလ်က္ အမႈအရာမပ်က္ အစည္းအရံုးထံသို႔ ျပန္လွၫ့္သြားသၫ့္ လူေၾကာင့္ Andoshi သည္ ေနရာတြင္ လဲေသခ်င္စိတ္ေပါက္သြားသည္။ " အနားယူတယ္ဆိုတဲ့ ဘယ္စကားလံုးကို နားမလည္တာလဲဟ "
" ေကာင္ေလး .. မင္းခႏၶာကိုယ္က ဒီအလုပ္နဲ႔ မသင့္ေတာ္ဘူးထင္တယ္ .. လုပ္ႏိုင္ပါ့မလား " အလုပ္ခြဲေပးသၫ့္ လူႀကီးက ခ်ိနဲ႔ပံုေပါက္ေနသၫ့္ Ruff အား ၾကၫ့္ကာ မွတ္ခ်က္ခ်လိုက္သည္ ။ အထုတ္ထမ္းဆိုသည္က အမဲလိုက္အဖြဲ႔၏ စားနပ္ရိကၡာ ၊ လက္နက္ပစၥည္း ၊ အမဲလိုက္ထားသၫ့္ သားေကာင္ခႏၶာကိုယ္ တို႔ကို သယ္ေဆာင္ရတာျဖစ္ၿပီး အထူးျပဳလုပ္ထားသၫ့္ အိတ္မ်ားနဲ႔ပင္ ေလးလံမႈက သာမန္မဟုတ္ေခ် ။
Ruff ၏ ေျဖာင့္တန္းသၫ့္ မ်က္ခံုးတို႔က လွပစြာ တြန႔္ခ်ိဳးသြားသည္ ။ " ငါ .. ကြၽန္ေတာ္က အမဲလိုက္အဖြဲ႔ထဲ ဝင္ခ်င္တာပါ "
ဘုန္း!!!!!
အေနာက္မွ ေရာက္လာသၫ့္ Andoshi က ၾကားလိုက္ရသၫ့္ စကားေၾကာင့္ ေခါင္းတၫ့္တၫ့္သို႔ မိုးႀကိဳးပစ္ခ်ခံလိုက္ရသလို ခံစားလိုက္ရသည္ ။ " ဒီေခြးေကာင္ " ေက်းဇူးရွင္အျဖစ္ မဆက္ဆံခ်င္ရင္ေတာင္ ငါ ခက္ခက္ခဲခဲ ကယ္ထားရတဲ့ ခႏၶာကိုယ္ကို တန္ဖိုးထားစမ္းပါဟ ။ ' မင္းရဲ့ တကိုယ္လံုး .. အဲ .. အသက္က ငါ့ရဲ့ႀကိဳးစားမႈဆိုတာ အသိအမွတ္ျပဳလိုက္စမ္း !! '
" အမဲလိုက္အဖြဲ႔ဝင္ေတြက စြမ္းအင္ပိုင္ရွင္ျဖစ္ရင္ျဖစ္ မဟုတ္ရင္ တစ္ခုခုတတ္ကြၽမ္းမွ ရလိမ့္မယ္ " ခြဲေဝသူက စိတ္ရႈပ္သြားေသာ္လည္း ေကာင္တာမွ အလင္းလံုးေလးအား ယူလိုက္ကာ Ruff အေရ႔ွသို႔ တိုးေပးလိုက္သည္ ။ Ruff က တည္ၿငိမ္စြာပင္ သူ႔လက္အား အလင္းလံုးေပၚ တင္လိုက္သည္။ အေနာက္မွ ေခ်ာင္းၾကၫ့္ေနသၫ့္ Andoshi က ထိုျမင္ကြင္းအား ၾကၫ့္ရင္း မ်က္လံုးမ်ား အေရာင္ေတာက္ပသြားသည္ ။ ' ဟုတ္ပ .. ဟုတ္တာေပါ့ ဒီေရခဲမ်က္ႏွာနဲ႔ေကာင္မွာ ေမွာ္စြမ္းအင္ရိွတာဘဲ .. ဒဏ္ရာေၾကာင့္ဆိုရင္ေတာင္ ရိွတာေတာ့ အမွန္ဘဲေလ .. '
Andoshi ၏ မ်က္ႏွာေလးက ဝင္းပသြားသည္ ။ သူက မိုးေပၚမွ ေရႊျပားမ်ား က်ဆင္းလာသည္ကိုပင္ ခံစားေနရသည္။
' အထုပ္ထမ္းတစ္ေယာက္က အၾကမ္းဖ်င္း ေရႊျပား သံုးျပား ရတယ္ .. ကံေကာင္းလို႔ နာမည္ႀကီး Guild တစ္ခုရဲ့ အေနာက္ကလိုက္ရရင္ေတာင္ အမ်ားဆံုး ေရႊျပား ဆယ္ျပားဘဲ '
' ဒါေပမဲ့ အမဲလိုက္အဖြဲ႔ဝင္ဆိုရင္ အဖြဲ႔ငယ္ေလးေတာင္မွ ေရႊျပားသံုးဆယ္ ရလိမ့္မယ္ ..' သူက Ruff ၏ ပိန္ပါးေသာ ခႏၶာကိုယ္အား ၾကၫ့္လ်က္ ေမးေစ့မွ မရိွသၫ့္ မုတ္ဆိတ္ေမႊးအား ပြတ္သပ္လိုက္သည္ ။
' မေတာ္တဆေသသြားရင္ အပို ႏွစ္ဆယ္ ထပ္ရမယ္ .. ' Andoshi ၏ မ်က္ႏွာထက္တြင္ မ်က္ႏွာခ်ိဳေသြးသၫ့္ အၿပံဳးႀကီးႀကီးေပၚလာသည္ ။ ' အဲ့လိုဆိုတိုင္း ေသေစခ်င္တယ္ရယ္လို႔လည္း မဟုတ္ပါဘူး .. ဟင္းဟင္း .. ငါ့ႀကိဳးစားအားထုတ္မႈရဲ့ သက္ေသႀကီးကို မေသေစခ်င္ပါဘူး .. လံုးဝ ..'
' အဲ .. အက်ိဳးေဆာင္ရင္းေသသြားရင္ ေနာက္ထပ္ ငါးဆယ္ရေသးတယ္ ထင္တယ္ .. '
' မေန့ကစကားအရဆို ဒီေန့က အရမ္းအႏၲရယ္မ်ားတယ္တဲ့ .. ငါ့လို သိမ္သိမ္ေမြ ့ေမြ ့လူငယ္ေလးက မသြားသင့္ဘူး .. အိမ္ကို ေရႊျပားေတြ ေရာက္လာတာ ေစာင့္ရံုဘဲ ..အဟီး '
' မင္းအတြက္ေတာ့ စိတ္မေကာင္းပါဘူး ေရခဲေတာင္ရာ .. ငါအိမ္ကေန အသက္ရွင္လ်က္ ျပန္လာႏိုင္ေအာင္ ဆုေတာင္းေနပါမယ္ ' Andoshi သည္ သူ႔စကားနားမေထာင္သၫ့္ လူအား မေက်မနပ္ျဖစ္ကာ ေပါက္ကရအေတြးမ်ားျဖင့္ ေက်နပ္ေနစဉ္ လည္ဂုတ္မွ တဆင့္ ဆြဲေခၚသြားခံလိုက္ရသည္ ။
" ဘာလဲ ? ဘာလဲဟ .. ငါဒီေန ့ အလုပ္လက္မခံရေသးဘူး ငါ့ကို ဘယ္ေခၚသြားမလို ့လဲ " ေျခကားရား လက္ကားရားျဖင့္ ယက္ကန္ယက္ကန္ပါသြားရင္း ေအာ္ဟစ္လိုက္သည္ ။ Ruff က Andoshi ၏ စကားမ်ား မၾကားသၫ့္ဟန္ မည္သၫ့္စကားမ်ွမတုန႔္ျပန္ေပ ။ အဖြဲ႔ငယ္တစ္ခု အနားသို႔ ေရာက္ခ်ိန္မွသာ Andoshi အား ပစ္ခ်လိုက္ၿပီး အဖြဲ႔ဝင္တံဆိပ္အား ထုတ္ျပလိုက္သည္ ။
" ေခါင္းေဆာင္ ဒီလူရဲ့ပံုစံနဲ႔ ျဖစ္ပါ့မလား " အဖြဲ႔ထဲက လူငယ္တစ္ေယာက္က Ruff အား ၾကၫ့္ကာတီးတိုးေျပာလိုက္သည္ ။ ေခါင္းေဆာင္ျဖစ္ဟန္တူသၫ့္ လူက လက္ကာျပကာ " ဘယ္သူဘဲျဖစ္ျဖစ္အဆင္ေျပတယ္ .. ငါတို႔က လူေစ့ဖို႔ဘဲ ေခၚထားတာေလ .. ၿပီးေတာ့ တံဆိပ္က ေမွာ္စြမ္းအင္ပိုင္ရွင္ေတြအတြက္ တံဆိပ္ဘဲ နည္းနည္းပါးပါးေတာ့ အသံုးဝင္မွာပါ .. "
" မဂၤလာပါ .. ငါက Cloud ပါ ဒီကအဖြဲ႔ေခါင္းေဆာင္ "
ႏူတ္ဆတ္လာသၫ့္ လူအား Ruff က တစ္ခ်က္ၾကၫ့္လိုက္ၿပီး ေခါင္းညိတ္ျပလိုက္သည္ ။ " Ruff "
" ေကာင္းၿပီ .. Ruff မင္းရဲ့ စြမ္းအင္က ဘာလဲ သိလို႔ရမလား .. မတိုက္ခင္ အစီအစဉ္ခ်ရတာပံုမွန္ဘဲမလား တမ်ိဳးမထင္ပါနဲ႔ " Cloud က တည္ၾကည္စြာ ေျပာလိုက္သည္ ။ Ruff က Cloud အား ျပန္ၾကၫ့္လိုက္ၿပီးေနာက္ မ်က္ေမွာင္ကုတ္ကာ တစ္ခ်က္စဉ္းစားလိုက္သည္ ။ သူက ဆြဲေခၚခံလာရသျဖင့္ ယခုထိ အသိမဝင္ေသးသၫ့္ Andoshi အား ထပ္မံ ဆြဲမလိုက္သည္ ။ " Dungeon အတြင္းေရာက္ရင္ သူနဲ႔ ႏွစ္ေယာက္တည္း လူခြဲသြားမွာမို႔ ပံုမွန္အတိုင္းဘဲ လုပ္ပါ .. ငါတို႔ကို ထၫ့္တြက္စရာမလိုဘူး "
အျခားအဖြဲ႔သားမ်ား၏ အမႈအရာက အနည္းငယ္မေက်မနပ္ျဖစ္သြားၾကသည္ကို ေတြ့လိုက္ေသာ္လည္း Ruff က သူ႔ေနရာတြင္ ေက်ာက္ရုပ္သဖြယ္ရပ္ေနခဲ့ၿပီး တုန႔္ျပန္ျခင္းမရိွေခ် ။ ရုန္းကန္ေနသၫ့္ Andoshi သည္ေတာ့ လည္ဂုတ္အား အရိုက္ခံရ၍ ေမ့ေမ်ာသြားၿပီး အမဲလိုက္အဖြဲ႔အတြင္းသို႔ ဆြဲေခၚခံလိုက္ရေတာ့သည္ ။
" ခဏေလးေနၾကပါဦး " Dungeon အနားသို႔ေရာက္သၫ့္အခ်ိန္တြင္ ၿငိမ္ကုတ္ေနသၫ့္ Andoshi က ရုတ္ခ်ည္းထေျပာလိုက္သည္။ " ငါ ဒီမွာေနရစ္ခဲ့ၿပီး ရန္သူေတြ မလာေအာင္ တားဆီးေပးမယ္ ! "
" ဒီအရူးေတာ့ .. ဒီ Dungeon ေတြက venic ၿမိဳ႔အပိုင္ေတြဘဲ ဝင္ဖို႔ေတာင္ ခြင့္ျပဳခ်က္ေတာင္းရတာ .. ဘယ္သူက Dungeon ကို လာတိုက္မွာလဲ " အဖြဲ႔ဝင္တစ္ေယာက္က ရယ္ေမာရင္း ေျပာလိုက္သည္ ။
" ဒါဆို .. မင္းတို႔ရဲ့ အထုပ္ထမ္းလုပ္ပါ့မယ္ဟ.. ငါ့ကို ဒီမွာသာ ထားခဲ့ပါ .. " Andoshi က အနီးအနားရိွ သစ္ပင္အား ဖက္လိုက္ၿပီး မ်က္ရည္မ်ား တလိမ့္လိမ့္စီးက်ရင္း ေအာ္ဟစ္လိုက္သည္။ သူက ဂူေပါက္ဝကေနေတာင္ ေၾကာက္မက္ဖြယ္ေအာ္ရာမ်ား ထြက္ေနသၫ့္ Dungeon အား ၾကၫ့္လိုက္သည္ ။ ' ဒီကေနေတာင္ ငါ ေတာေကာင္တစ္ေကာင္ေကာင္ရဲ့ သတ္စားခံရေတာ့မယ္လို႔ ခံစားေနရတယ္.. ေၾကာက္စရာႀကီး .. ေၾကာက္စရာေကာင္းလိုက္တာ !!!! '
အဖြဲ႔ေခါင္းေဆာင္က Ruff အား ၾကၫ့္လိုက္သည္ ။ " အထဲေရာက္လည္း လမ္းခြဲမွာဘဲဆိုေတာ့ .. ဒီမွာတင္ႏူတ္ဆက္တာေပါ့ .. ငါတို႔က အခ်ိန္ငါးနာရီဘဲရတာမို႔ ဒီမွာ ျဖဳန္းေနဖို႔ အခ်ိန္မရိွဘူး " Ruff က ေခါင္းတစ္ခ်က္ၿငိမ့္လိုက္သည္နဲ႔ အကုန္လံုး အထဲသို႔ ဝင္သြားၾကေတာ့သည္။ သူတို႔က Andoshi အား ၾကၫ့္ရင္း ရယ္ေမာသြားၾကေသးသည္ ။
Ruff က Andoshi အနားသို႔ သြားလိုက္သည္ ။ " သြားမယ္ "
" မသြားဘူး .. မသြားဘူး .. အဲ့ေၾကာက္စရာေကာင္းတဲ့ေနရာႀကီးကို မင္းသာ ဖင္ယားလို႔သြားတာ " Andoshi က သစ္ပင္အား သူ႔အသက္သဖြယ္ တင္းၾကပ္စြာ ဖက္ထားရင္း ေအာ္လိုက္သည္ ။ " ငါက မင္းမေတာ္တဆေသသြားရင္ ေရႊျပားေလးေတြ ရမွာလို႔ ေတြးမိေပမဲ့ အရင္က မင္းကို ကယ္တင္တာ စိတ္ရင္းနဲ႔ဆိုတာ ေကာင္းကင္နဲ႔ေျမၾကီး သိပါတယ္ ."
" အဲ့ဒါေၾကာင့္ ကလဲ့စားေခ်ဖို႔ မေတြးပါနဲ႔ေတာ့ .. ငါ့ကို အဲ့တြင္းႀကီးထဲမွာ သတ္ၿပီး သားရဲစာေကြၽးမယ္လို႔ မင္းမေတြးဘူးဆိုတာ ဟုတ္လား မဟုတ္လား မသိေပမဲ့ .. ငါမသြားဘူးလို႔!!! "
ပါးစပ္က ေပါက္တတ္ကရေရရြတ္ေနသၫ့္ Andoshi အား Ruff ၏ တစ္ခုတည္းေသာ တုန႔္ျပန္မႈက ဂုတ္မွ အက်ႌစအား ဆြဲကိုင္လ်က္ Dungeon အတြင္းသို႔ ဆြဲေခၚသြားတာပင္ ။
" ေၾကာက္တယ္... ေၾကာက္တယ္.. ေၾကာက္တယ္ .. အနံ႔အသက္ကတင္ ေၾကာက္ဖို႔ေကာင္းတယ္ " Andoshi သည္ မႈန႔္မိႈင္းေနသၫ့္ ဂူႀကီးအား လွၫ့္ပတ္ၾကၫ့္လိုက္သည္ ။ သူ႔လက္မ်ားက Ruff ၏ အက်ႌအား ဆြဲထားၿပီး အေနာက္မွ တျဖည္းျဖည္းလိုက္လာရင္း ကတုန္ကယင္ျဖစ္ေနသည္ ။ Ruff အား စိတ္ဆိုးေနေသာ္လည္း စိတ္သက္သာရာရလိုရျငား တစ္ခုခုေျပာေပးရန္ ေမ်ွာ္လင့္တႀကီးျဖင့္ ၾကၫ့္လိုက္ခ်ိန္ တဖက္ကလဲ သူ႔အား ၾကၫ့္ေနသည္ကို ေတြ့လိုက္ရသည္ ။
သို႔ေသာ္ ဘာစကားမွမေျပာဘဲ အေရ႔ွသို႔ ျပန္လွၫ့္သြားေလသည္ ။ Andoshi သည္ သူ၏ ေခါင္းထက္တြင္ အစက္အႀကီးႀကီး သံုးစက္ေပၚလာသည္ဟုပင္ ထင္မွတ္လိုက္သည္ ။
Andoshi : ••• ' တစ္ခုခုေျပာပါဟ .. သူေတာင္းစားရ .. !!! '
______________________
" Mr.Andoshi ခမ် .. အေရာင္းအဝယ္ေလး ေဆြးေနြးလို႔ရမလား " ☺️
Andoshi - ငါ့ရဲ့ ႀကီးျမတ္တဲ့ သူေတာ္ေကာင္းစိတ္ဓာတ္ကို ေစာ္ကားလိုက္တာဘဲ .. ငါကယ္ထားတဲ့လူကို ငါျပန္ေရာင္းစရာ...😒
" ေရႊ 100 "
Andoshi - 80 ေလာက္ဆိုရပါၿပီ .. အခုယူသြားမလား .. ပါဆယ္ထုပ္ၿပီး ပို႔လိုက္ရမလား 😊
Ruff - "..." တိတ္ဆိတ္ေနဆဲ ...
ခဏအၾကာ ..
" ဝါး!!! အဲ့ေနရာက ေသမင္းေခ်ာက္ကမ္းပါးႀကီး .. " 😫
ဝယ္သူ Devil : ••• * ဆြဲေခၚသြားခံရေသာ Andoshi အတြက္ ဖေယာင္းတိုင္ထြန္းေပးလ်က္ * 🙊
_____________
Unicode
" အို .. Ando ! ဒီနေ့ သူငယ်ချင်းပါ ခေါ်လာတာလား " Andoshi သည် အလုပ်သမားစည်းအရုံး သို့ ရောက်သည်နှင့် ဆီးပြောခံလိုက်သဖြင့် ကြောင်အသွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည် ။ လေတစ်ချက်တိုက်ရင်တောင် လွင့်ပါတော့မည့် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် ရေခဲမျက်နှာထားနဲ့ လူသည် အစည်းအရုံးရှေ့တွင် တောင့်တောင့်ကြီး ရပ်နေသည်ကို တွေ ့လိုက်ရသည် ။
" ခများ!!! " ထိတ်လန့်သွားသည့် Andoshi က အော်ဟစ်ရန်ပြင်လိုက်သော်လည်း မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လာသည့် မုဆိုးများကြောင့် ပါးစပ်အား အလျင်အမြန်စေ့လိုက်ပြီး တောင့်တောင့်ကြီး ရပ်နေသူအား ဆွဲခေါ်ကာ အပြင်သို့ ထွက်သွားတော့သည် ။
" အိမ်မှာ နားနေပါ .. နားနေပါ ဆိုတာကို ဘာလိုက်လုပ်တာလဲ " လမ်းတောင့်ကြားသို့ ရောက်သည်နှင့် အံကြိတ်ကာ မေးလိုက်တော့သည် ။ သူ့ခမျာ အလုပ်ကြိုးစားပြီး ကယ်တင်ထားရတာ ဒီလူက တန်ဖိုးကို မထားတတ်ဘူး ။
" ငါ့ဒဏ်ရာအကြောင်း ငါသိတယ် .. " Ruff က ပေါက်ကွဲလုမတတ် မျက်နှာနီရဲနေသည့် Andoshi အား မျက်နှာသေဖြင့် ပြန်ပြောလိုက်သည် ။
Andoshi : "..." စိတ်လျော့ .. စိတ်လျော့ ငါအခု သူ့ကို သတ်လိုက်ရင် ငါကြိုးစားထားတွေက ခွေးစားခံလိုက်ရသလို အဓိပ္ပာယ်မရှိ ဖြစ်သွားလိမ့်မယ်..
" အဲ့ဒါကြောင့် အနားယူဖို့ လိုတယ်လို့ ပြောနေတယ်လေ .. ကိုယ့်အကြောင်း ကိုယ်သိရင် အခုချက်ချင်း အိမ်ပြန် !! " Andoshi က သူ့ရင်ဘတ်သူ အသာပုတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည် ။ သို့သော် တဖက်လူ ပြောလာသည့် စကားကို ကြားလိုက်သည်နှင့် သွေးအန်တော့မတတ်ဖြစ်သွားသည် ။
" အလုပ်တွေ ဝေပေးနေပြီ " ဟု ပြောလျက် အမှုအရာမပျက် အစည်းအရုံးထံသို့ ပြန်လှည့်သွားသည့် လူကြောင့် Andoshi သည် နေရာတွင် လဲသေချင်စိတ်ပေါက်သွားသည်။ " အနားယူတယ်ဆိုတဲ့ ဘယ်စကားလုံးကို နားမလည်တာလဲဟ "
" ကောင်လေး .. မင်းခန္ဓာကိုယ်က ဒီအလုပ်နဲ့ မသင့်တော်ဘူးထင်တယ် .. လုပ်နိုင်ပါ့မလား " အလုပ်ခွဲပေးသည့် လူကြီးက ချိနဲ့ပုံပေါက်နေသည့် Ruff အား ကြည့်ကာ မှတ်ချက်ချလိုက်သည် ။ အထုတ်ထမ်းဆိုသည်က အမဲလိုက်အဖွဲ့၏ စားနပ်ရိက္ခာ ၊ လက်နက်ပစ္စည်း ၊ အမဲလိုက်ထားသည့် သားကောင်ခန္ဓာကိုယ် တို့ကို သယ်ဆောင်ရတာဖြစ်ပြီး အထူးပြုလုပ်ထားသည့် အိတ်များနဲ့ပင် လေးလံမှုက သာမန်မဟုတ်ချေ ။
Ruff ၏ ဖြောင့်တန်းသည့် မျက်ခုံးတို့က လှပစွာ တွန့်ချိုးသွားသည် ။ " ငါ .. ကျွန်တော်က အမဲလိုက်အဖွဲ့ထဲ ဝင်ချင်တာပါ "
ဘုန်း!!!!!
အနောက်မှ ရောက်လာသည့် Andoshi က ကြားလိုက်ရသည့် စကားကြောင့် ခေါင်းတည့်တည့်သို့ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည် ။ " ဒီခွေးကောင် " ကျေးဇူးရှင်အဖြစ် မဆက်ဆံချင်ရင်တောင် ငါ ခက်ခက်ခဲခဲ ကယ်ထားရတဲ့ ခန္ဓာကိုယ်ကို တန်ဖိုးထားစမ်းပါဟ ။ ' မင်းရဲ့ တကိုယ်လုံး .. အဲ .. အသက်က ငါ့ရဲ့ကြိုးစားမှုဆိုတာ အသိအမှတ်ပြုလိုက်စမ်း !! '
" အမဲလိုက်အဖွဲ့ဝင်တွေက စွမ်းအင်ပိုင်ရှင်ဖြစ်ရင်ဖြစ် မဟုတ်ရင် တစ်ခုခုတတ်ကျွမ်းမှ ရလိမ့်မယ် " ခွဲဝေသူက စိတ်ရှုပ်သွားသော်လည်း ကောင်တာမှ အလင်းလုံးလေးအား ယူလိုက်ကာ Ruff အရှေ့သို့ တိုးပေးလိုက်သည် ။ Ruff က တည်ငြိမ်စွာပင် သူ့လက်အား အလင်းလုံးပေါ် တင်လိုက်သည်။ အနောက်မှ ချောင်းကြည့်နေသည့် Andoshi က ထိုမြင်ကွင်းအား ကြည့်ရင်း မျက်လုံးများ အရောင်တောက်ပသွားသည် ။ ' ဟုတ်ပ .. ဟုတ်တာပေါ့ ဒီရေခဲမျက်နှာနဲ့ကောင်မှာ မှော်စွမ်းအင်ရှိတာဘဲ .. ဒဏ်ရာကြောင့်ဆိုရင်တောင် ရှိတာတော့ အမှန်ဘဲလေ .. '
Andoshi ၏ မျက်နှာလေးက ဝင်းပသွားသည် ။ သူက မိုးပေါ်မှ ရွှေပြားများ ကျဆင်းလာသည်ကိုပင် ခံစားနေရသည်။
' အထုပ်ထမ်းတစ်ယောက်က အကြမ်းဖျင်း ရွှေပြား သုံးပြား ရတယ် .. ကံကောင်းလို့ နာမည်ကြီး Guild တစ်ခုရဲ့ အနောက်ကလိုက်ရရင်တောင် အများဆုံး ရွှေပြား ဆယ်ပြားဘဲ '
' ဒါပေမဲ့ အမဲလိုက်အဖွဲ့ဝင်ဆိုရင် အဖွဲ့ငယ်လေးတောင်မှ ရွှေပြားသုံးဆယ် ရလိမ့်မယ် ..' သူက Ruff ၏ ပိန်ပါးသော ခန္ဓာကိုယ်အား ကြည့်လျက် မေးစေ့မှ မရှိသည့် မုတ်ဆိတ်မွှေးအား ပွတ်သပ်လိုက်သည် ။
' မတော်တဆသေသွားရင် အပို နှစ်ဆယ် ထပ်ရမယ် .. ' Andoshi ၏ မျက်နှာထက်တွင် မျက်နှာချိုသွေးသည့် အပြုံးကြီးကြီးပေါ်လာသည် ။ ' အဲ့လိုဆိုတိုင်း သေစေချင်တယ်ရယ်လို့လည်း မဟုတ်ပါဘူး .. ဟင်းဟင်း .. ငါ့ကြိုးစားအားထုတ်မှုရဲ့ သက်သေကြီးကို မသေစေချင်ပါဘူး .. လုံးဝ ..'
' အဲ .. အကျိုးဆောင်ရင်းသေသွားရင် နောက်ထပ် ငါးဆယ်ရသေးတယ် ထင်တယ် .. '
' မနေ့ကစကားအရဆို ဒီနေ့က အရမ်းအန္တရယ်များတယ်တဲ့ .. ငါ့လို သိမ်သိမ်မွေ ့မွေ ့လူငယ်လေးက မသွားသင့်ဘူး .. အိမ်ကို ရွှေပြားတွေ ရောက်လာတာ စောင့်ရုံဘဲ ..အဟီး '
' မင်းအတွက်တော့ စိတ်မကောင်းပါဘူး ရေခဲတောင်ရာ .. ငါအိမ်ကနေ အသက်ရှင်လျက် ပြန်လာနိုင်အောင် ဆုတောင်းနေပါမယ် ' Andoshi သည် သူ့စကားနားမထောင်သည့် လူအား မကျေမနပ်ဖြစ်ကာ ပေါက်ကရအတွေးများဖြင့် ကျေနပ်နေစဉ် လည်ဂုတ်မှ တဆင့် ဆွဲခေါ်သွားခံလိုက်ရသည် ။
" ဘာလဲ ? ဘာလဲဟ .. ငါဒီနေ ့ အလုပ်လက်မခံရသေးဘူး ငါ့ကို ဘယ်ခေါ်သွားမလို ့လဲ " ခြေကားရား လက်ကားရားဖြင့် ယက်ကန်ယက်ကန်ပါသွားရင်း အော်ဟစ်လိုက်သည် ။ Ruff က Andoshi ၏ စကားများ မကြားသည့်ဟန် မည်သည့်စကားမျှမတုန့်ပြန်ပေ ။ အဖွဲ့ငယ်တစ်ခု အနားသို့ ရောက်ချိန်မှသာ Andoshi အား ပစ်ချလိုက်ပြီး အဖွဲ့ဝင်တံဆိပ်အား ထုတ်ပြလိုက်သည် ။
" ခေါင်းဆောင် ဒီလူရဲ့ပုံစံနဲ့ ဖြစ်ပါ့မလား " အဖွဲ့ထဲက လူငယ်တစ်ယောက်က Ruff အား ကြည့်ကာတီးတိုးပြောလိုက်သည် ။ ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူက လက်ကာပြကာ " ဘယ်သူဘဲဖြစ်ဖြစ်အဆင်ပြေတယ် .. ငါတို့က လူစေ့ဖို့ဘဲ ခေါ်ထားတာလေ .. ပြီးတော့ တံဆိပ်က မှော်စွမ်းအင်ပိုင်ရှင်တွေအတွက် တံဆိပ်ဘဲ နည်းနည်းပါးပါးတော့ အသုံးဝင်မှာပါ .. "
" မင်္ဂလာပါ .. ငါက Cloud ပါ ဒီကအဖွဲ့ခေါင်းဆောင် "
နူတ်ဆတ်လာသည့် လူအား Ruff က တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည် ။ " Ruff "
" ကောင်းပြီ .. Ruff မင်းရဲ့ စွမ်းအင်က ဘာလဲ သိလို့ရမလား .. မတိုက်ခင် အစီအစဉ်ချရတာပုံမှန်ဘဲမလား တမျိုးမထင်ပါနဲ့ " Cloud က တည်ကြည်စွာ ပြောလိုက်သည် ။ Ruff က Cloud အား ပြန်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကုတ်ကာ တစ်ချက်စဉ်းစားလိုက်သည် ။ သူက ဆွဲခေါ်ခံလာရသဖြင့် ယခုထိ အသိမဝင်သေးသည့် Andoshi အား ထပ်မံ ဆွဲမလိုက်သည် ။ " Dungeon အတွင်းရောက်ရင် သူနဲ့ နှစ်ယောက်တည်း လူခွဲသွားမှာမို့ ပုံမှန်အတိုင်းဘဲ လုပ်ပါ .. ငါတို့ကို ထည့်တွက်စရာမလိုဘူး "
အခြားအဖွဲ့သားများ၏ အမှုအရာက အနည်းငယ်မကျေမနပ်ဖြစ်သွားကြသည်ကို တွေ့လိုက်သော်လည်း Ruff က သူ့နေရာတွင် ကျောက်ရုပ်သဖွယ်ရပ်နေခဲ့ပြီး တုန့်ပြန်ခြင်းမရှိချေ ။ ရုန်းကန်နေသည့် Andoshi သည်တော့ လည်ဂုတ်အား အရိုက်ခံရ၍ မေ့မျောသွားပြီး အမဲလိုက်အဖွဲ့အတွင်းသို့ ဆွဲခေါ်ခံလိုက်ရတော့သည် ။
" ခဏလေးနေကြပါဦး " Dungeon အနားသို့ရောက်သည့်အချိန်တွင် ငြိမ်ကုတ်နေသည့် Andoshi က ရုတ်ချည်းထပြောလိုက်သည်။ " ငါ ဒီမှာနေရစ်ခဲ့ပြီး ရန်သူတွေ မလာအောင် တားဆီးပေးမယ် ! "
" ဒီအရူးတော့ .. ဒီ Dungeon တွေက venic မြို့အပိုင်တွေဘဲ ဝင်ဖို့တောင် ခွင့်ပြုချက်တောင်းရတာ .. ဘယ်သူက Dungeon ကို လာတိုက်မှာလဲ " အဖွဲ့ဝင်တစ်ယောက်က ရယ်မောရင်း ပြောလိုက်သည် ။
" ဒါဆို .. မင်းတို့ရဲ့ အထုပ်ထမ်းလုပ်ပါ့မယ်ဟ.. ငါ့ကို ဒီမှာသာ ထားခဲ့ပါ .. " Andoshi က အနီးအနားရှိ သစ်ပင်အား ဖက်လိုက်ပြီး မျက်ရည်များ တလိမ့်လိမ့်စီးကျရင်း အော်ဟစ်လိုက်သည်။ သူက ဂူပေါက်ဝကနေတောင် ကြောက်မက်ဖွယ်အော်ရာများ ထွက်နေသည့် Dungeon အား ကြည့်လိုက်သည် ။ ' ဒီကနေတောင် ငါ တောကောင်တစ်ကောင်ကောင်ရဲ့ သတ်စားခံရတော့မယ်လို့ ခံစားနေရတယ်.. ကြောက်စရာကြီး .. ကြောက်စရာကောင်းလိုက်တာ !!!! '
အဖွဲ့ခေါင်းဆောင်က Ruff အား ကြည့်လိုက်သည် ။ " အထဲရောက်လည်း လမ်းခွဲမှာဘဲဆိုတော့ .. ဒီမှာတင်နူတ်ဆက်တာပေါ့ .. ငါတို့က အချိန်ငါးနာရီဘဲရတာမို့ ဒီမှာ ဖြုန်းနေဖို့ အချိန်မရှိဘူး " Ruff က ခေါင်းတစ်ချက်ငြိမ့်လိုက်သည်နဲ့ အကုန်လုံး အထဲသို့ ဝင်သွားကြတော့သည်။ သူတို့က Andoshi အား ကြည့်ရင်း ရယ်မောသွားကြသေးသည် ။
Ruff က Andoshi အနားသို့ သွားလိုက်သည် ။ " သွားမယ် "
" မသွားဘူး .. မသွားဘူး .. အဲ့ကြောက်စရာကောင်းတဲ့နေရာကြီးကို မင်းသာ ဖင်ယားလို့သွားတာ " Andoshi က သစ်ပင်အား သူ့အသက်သဖွယ် တင်းကြပ်စွာ ဖက်ထားရင်း အော်လိုက်သည် ။ " ငါက မင်းမတော်တဆသေသွားရင် ရွှေပြားလေးတွေ ရမှာလို့ တွေးမိပေမဲ့ အရင်က မင်းကို ကယ်တင်တာ စိတ်ရင်းနဲ့ဆိုတာ ကောင်းကင်နဲ့မြေကြီး သိပါတယ် ."
" အဲ့ဒါကြောင့် ကလဲ့စားချေဖို့ မတွေးပါနဲ့တော့ .. ငါ့ကို အဲ့တွင်းကြီးထဲမှာ သတ်ပြီး သားရဲစာကျွေးမယ်လို့ မင်းမတွေးဘူးဆိုတာ ဟုတ်လား မဟုတ်လား မသိပေမဲ့ .. ငါမသွားဘူးလို့!!! "
ပါးစပ်က ပေါက်တတ်ကရရေရွတ်နေသည့် Andoshi အား Ruff ၏ တစ်ခုတည်းသော တုန့်ပြန်မှုက ဂုတ်မှ အကျႌစအား ဆွဲကိုင်လျက် Dungeon အတွင်းသို့ ဆွဲခေါ်သွားတာပင် ။
" ကြောက်တယ်... ကြောက်တယ်.. ကြောက်တယ် .. အနံ့အသက်ကတင် ကြောက်ဖို့ကောင်းတယ် " Andoshi သည် မှုန့်မှိုင်းနေသည့် ဂူကြီးအား လှည့်ပတ်ကြည့်လိုက်သည် ။ သူ့လက်များက Ruff ၏ အကျႌအား ဆွဲထားပြီး အနောက်မှ တဖြည်းဖြည်းလိုက်လာရင်း ကတုန်ကယင်ဖြစ်နေသည် ။ Ruff အား စိတ်ဆိုးနေသော်လည်း စိတ်သက်သာရာရလိုရငြား တစ်ခုခုပြောပေးရန် မျှော်လင့်တကြီးဖြင့် ကြည့်လိုက်ချိန် တဖက်ကလဲ သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည် ။
သို့သော် ဘာစကားမှမပြောဘဲ အရှေ့သို့ ပြန်လှည့်သွားလေသည် ။ Andoshi သည် သူ၏ ခေါင်းထက်တွင် အစက်အကြီးကြီး သုံးစက်ပေါ်လာသည်ဟုပင် ထင်မှတ်လိုက်သည် ။
Andoshi : ••• ' တစ်ခုခုပြောပါဟ .. သူတောင်းစားရ .. !!! '
______________________
" Mr.Andoshi ခမျ .. အရောင်းအဝယ်လေး ဆွေးနွေးလို့ရမလား " ☺️
Andoshi - ငါ့ရဲ့ ကြီးမြတ်တဲ့ သူတော်ကောင်းစိတ်ဓာတ်ကို စော်ကားလိုက်တာဘဲ .. ငါကယ်ထားတဲ့လူကို ငါပြန်ရောင်းစရာ...😒
" ရွှေ 100 "
Andoshi - 80 လောက်ဆိုရပါပြီ .. အခုယူသွားမလား .. ပါဆယ်ထုပ်ပြီး ပို့လိုက်ရမလား 😊
Ruff - "..." တိတ်ဆိတ်နေဆဲ ...
ခဏအကြာ ..
" ဝါး!!! အဲ့နေရာက သေမင်းချောက်ကမ်းပါးကြီး .. " 😫
ဝယ်သူ Devil : ••• * ဆွဲခေါ်သွားခံရသော Andoshi အတွက် ဖယောင်းတိုင်ထွန်းပေးလျက် * 🙊
_____________