ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.9.22

1.6K 258 33
By devil61002

Shun သည္ အပ်က္အစီးမ်ား ျပန္လည္တည္ေဆာက္ေနသည္ကို ခပ္လွမ္းလွမ္းမွၾကၫ့္ေနခဲ့သည္ ။ စစ္ပြဲၿပီးေနာက္ အေထာက္အပံ့မရရိွေတာ့သၫ့္ ၿမိဳ႔အား ျပန္လည္တည္ေဆာက္ရသည္က အခက္ခဲဆံုးျဖစ္သည္ ။ ေဆာင္းရာသီေရာက္ေတာ့မည္ျဖစ္ကာ ထိုအတြက္ ရိကၡာမ်ား စုေဆာင္းရန္လည္းလိုအပ္ေသးသည္ ။ ထိုသို႔ ထိုသို႔ အေၾကာင္းျပေၾကာင့္ Ruzel သည္ တာဝန္ရိွသူတစ္ေယာက္အေနျဖင့္ မအားလပ္ျဖစ္ေနၿပီး သူက ဤေနရာတြင္ရပ္လ်က္ တည္ေဆာက္မႈအား ၫြန္ၾကားေနသည္ကို ေငးၾကၫ့္ေနရျခင္း ။

" က်စ္! ဒီလက္ .. ဒီလက္ ဘာကိစၥ အေဆာက္အဦးေတြကို ဖ်က္ဆီးလိုက္တာလဲ .." ထိုပ်က္စီးေနသၫ့္ အေဆာက္အဦး အမ်ားစုမွာ သူ႔ေၾကာင့္ ျဖစ္လာရျခင္းပင္ ။

"" ဒါေပမဲ့ ၾကၫ့္ပါဦး ဒီသေကၤတေလးက ခ်စ္စရာမေကာင္းဘူးလား "" သူ႔လက္အား ဆန႔္ထုတ္လ်က္ လက္ေကာက္ဝတ္တြင္ ထင္ထင္ရွားရွားရိွေနသၫ့္ သေကၤတအား ၾကၫ့္လ်က္ ပါးစပ္ေစ့လို႔ မရေလာက္ေအာင္ ၿပံဳးၿဖီးေန၏ ။

ေရွာင္ထ်န္း : "..." ငါ့သခင္က ႂကြားတတ္ေနၿပီ ။

/ အဲ့ဒါထက္ ခ်ိတ္ပိတ္မႈ ေျပသြားတာက ပိုအေရးႀကီးတာ မဟုတ္ဘူးလားခမ် / ေရွာင္ထ်န္း၏ အသံ အနဲငယ္ရြဲ႔တဲ့တဲ့ အသံေပါက္ေနသည္ ။

"" ဒါေပါ့ .. နည္းနည္းေတာ့ ခံျပင္းစရာေကာင္းတယ္ "" Shun က ထိုအေၾကာင္းကို သတိရလိုက္ၿပီး အမႈအရာမပ်က္ေျပာလိုက္‌သည္ ။ သို႔ေသာ္ စိတ္ထဲတြင္ေတာ့ အလြန္စိတ္သက္သာရာရေနသည္ ။ ' အခုထိ ငါ့ကို အဲ့အေၾကာင္း မေမးေသးဘူးဆိုေတာ့ ေမ့သြားေလာက္ၿပီေပါ့ .. ဟုတ္တယ္မလား '

" ေမ့စရာလား .. ခဗ်ား ဒဏ္ရာေတြေပ်ာက္တဲ့အထိ ေစာင့္ေနတာေလ .. ဒဏ္ရာေပၚ ဒဏ္ရာထပ္သြားရင္ ၿမိဳ႔ကို ကာကြယ္ဖို႔ အဆင္ေျပေလာက္ဘူးမလား " သူ႔ထံသို႔ အၿပံဳးႏုႏုေလးျဖင့္ ေလ်ွာက္လာေနသၫ့္ Ruzel ေၾကာင့္ Shun က မ်က္ေတာင္ပုတ္ခတ္ ပုတ္ခတ္လုပ္လိုက္သည္ ။ Shun အနားသို႔ ေရာက္သည္ႏွင့္ Ruzel က သူ႔လက္ေကာက္ဝတ္မွ သေကၤတေလးအား အသာပြတ္လိုက္ၿပီး " ေသြးစာခ်ဳပ္က ဝိညာဉ္ေရာ ခႏၶာေရာ ဆက္ႏြယ္ထားတာမို႔ အတိအက်ႀကီး မသိႏိုင္‌ေပမဲ့ အၾကမ္းဖ်င္း မွန္းလို႔ရေနတယ္ေလ "

" အယ္?? ဟုတ္လား .. WoW .. မိုက္တာေပါ့ေနာ့ .. " Shun က အားတင္းကာ ၿပံဳးလိုက္ၿပီး ေျပာလိုက္သည္။  "" ေသာက္စနစ္စုတ္ .. အဲ့တာ မင္းေၾကာင့္ .. ၿပီးေတာ့ အဲ့ သေကၤတဆိုတဲ့ဟာ ခ်စ္စရာကို မေကာင္းဘူး "

သူ႔အား ၾကၫ့္ရင္း အမႈအရာ မႈန႔္မိႈင္းလာသၫ့္ Ruzel ေၾကာင့္ Shun က ေျခမကိုင္မိလက္မကိုင္မိ ျဖစ္သြားသည္ ။သူ႔က ေရ႔ွသို႔ တိုးလိုက္ကာ Ruzel ၏ ခါးေလးအား ဆြဲဖက္လိုက္သည္ ။ " ေတာင္းပန္ပါတယ္ .. ကိုယ့္မွာ တျခားေရြးခ်ယ္စရာမရိွဘူး " သူက ခဏရပ္လိုက္ၿပီးမွ အံႀကိတ္ကာ ထပ္ေျပာလိုက္သည္ ။ " ဒါေပမဲ့ .. "

" ထပ္လုပ္ဦးမွာ မဟုတ္လား .. " စကားမဆံုးခင္ ျဖတ္ေျပာလာသၫ့္ Ruzel ေၾကာင့္ ေခါင္းကို တစ္ခ်က္ညိတ္လိုက္သည္ ။ သူက Ruzel ၏ ပုခံုးထံသို႔ ပါးျပင္အပ္လ်က္ တိုးညင္းစြာ ေျပာလိုက္သည္ ။ " အင္း..ကိုယ္လည္း ကိုယ့္ခ်စ္သူက ကိုယ့္ကို သတိရတာ လိုခ်င္တာေပါ့ ... ဒါေပမဲ့ အဲ့ဆႏၵက မင္းကို ထိခိုက္ၿပီးမွ ရလာတာဆို ကိုယ္မလိုဘူး "

သည္အခ်ိန္တြင္ Ruzel က သေဘာက်စြာ တစ္ခ်က္ၿပံဳးလိုက္သည္ ။ တကယ္ကို ဒီလူက ခနေလးေတာင္ စိတ္ဆိုးလို႔ကို မရဘူးဘဲ ။ Ruzel ၏ ႏူတ္ခမ္းေတာင့္စြန္းမ်ားက ေကာ့တက္သြားခဲ့ၿပီး Shun ၏ နားရြက္အား ဆြဲကာ ဖက္ထားရာမွ ခြာလိုက္သည္ ။

" အဲ့လိုဆိုရင္ေတာင္ တစ္ေယာက္တည္း ဆံုးျဖတ္လို႔ ရတယ္လို႔ ဘယ္သူေျပာလဲ .. ဟမ္ ..အဲ့ဒါ ဒီအရွင္ရဲ့ အဖိုးတန္ မွတ္ဉာဏ္ေတြေလ .. "

" အာ့.. နာတယ္.. နာတယ္ .. " Shun က နာက်င္စြာ ၿငီးျငဴလိုက္ၿပီး လက္ႏွစ္ဖက္အား ေျမႇာက္လိုက္ကာ ဟန္တားဟန္ ျပင္လိုက္ၿပီး " အရွင္ရဲ့ စစ္တပ္က ဒီကမ႓ာကို ယူလာလို႔ မရဘူးေနာ္ .. အဲ့ေတာ့ အခု ကိုယ္က ပိုစြမ္းတယ္ "

Ruzel က မ်က္ခံုးတစ္ခ်က္ပင့္လိုက္ၿပီး " oh! " ဟု တစ္ခ်က္အသံျပဳကာ ညင္သာစြာ ၿပံဳးလိုက္သည္ ။ " မင္းကို ရိုက္ႏွက္ဖို႔ စစ္တပ္မလိုဘူးေလ .. လာစမ္း ! "

Shun ၏ မ်က္ႏွာက တစ္ခ်က္ရႈံ႔မဲ့သြားၿပီးမွ တစ္စံုတစ္ခုအား သတိရသြားသၫ့္ဟန္ လက္ေဖ်ာက္တီးလိုက္ကာ မ်က္ဝန္းမ်ား ေတာက္ပသြားသည္ ။ " ေသြး .. ကိုယ့္‌ေသြးကို မလိုခ်င္ဘူးလား "

Ruzel ၏ မ်က္ဝန္းက တစ္ခ်က္နက္ေမွာင္သြားၿပီး ျပန္ၾကည္လင္သြားသည္ ။ သူက ကိုယ္လက္ကို ရွရာျဖစ္ေအာင္ လုပ္ေနသၫ့္ Shun ထံမွ အၾကၫ့္လြဲလိုက္ကာ တံေတြးတစ္ခ်က္မ်ိဳခ်လိုက္သည္ ။ သို႔တိုင္ေအာင္ ဆြဲေဆာင္မႈရိွသၫ့္‌ေသြးအနံ႔က သူ႔ႏွာေခါင္းသို႔ လာရိုက္ခတ္ေနဆဲ ။ ထိုေသြးဆာေလာင္မႈသည္ Shun ႏိုးလာၿပီးေနာက္ပိုင္း ျဖစ္ေပၚလာျခင္း ျဖစ္ၿပီး သူက ေသြးစာခ်ဳပ္ေၾကာင့္ဟု ထင္မွတ္ထားသည္ ။ Shun သည္ သတိထားမိပံုမေပၚသျဖင့္ Ruzel က အတတ္ႏိုင္ဆံုးထိန္းထားခဲ့သည္ ။

Shun က သေဘာက်စြာ တစ္ခ်က္ၿပံဳးလိုက္သည္ ။ " ကိုယ္သတိရလာကတည္းက တစ္ခ်က္ေတာင္ မေျပာဘဲ ထိန္းထားတာဘဲ .. ကိုယ့္ skill ေတြ သံုးစားမရေတာ့ဘူးလို႔ ထင္ေတာ့မလိုဘဲ "

Ruzel - ??? Skill

" အင္းေလ .. ထိန္းခ်ဳပ္မႈလြတ္သြားတုန္းက သံုးလိုက္တာထင္တယ္ .. သိပ္ေတာ့ မမွတ္မိေပမဲ့ အဲ့တုန္းက မင္းကို ကိုယ္တစ္ေယာက္တည္းကိုဘဲ ဂရုစိုက္ေစခ်င္စိတ္‌ေတြ တအားထက္သန္ေနတာ .. " Shun က ေသြးထြက္ေနသၫ့္ လက္အား အသာေျမာက္လိုက္သည္နဲ႔ Ruzel သည္ စြဲမက္ဖြယ္ ရနံ႔ေၾကာင့္ မထိန္းခ်ဳပ္ႏိုင္လုနီးပါးျဖစ္သြားသည္ ။

" ဒီ skill က ေသြးမက္ေမာျခင္း လို႔ေခၚတယ္ .. အသံုးျပဳျပီးတဲ့အခ်ိန္ မင္းက ဆာေလာင္မႈကို မခံခ်င္ရင္ ကိုယ့္အနားမွာဘဲ ေနရမွာေလ .. မမိုက္ဘူးလား." Shun က ဆက္ေျပ ရန္ျပင္လိုက္ေသာ္လည္း သူ႔အား စူးရဲစြာ ၾကၫ့္ေနသၫ့္ Ruzel အား ေတြ့လိုက္ရ၍ သြားေပၚေအာင္ ၿပံဳးလိုက္သည္ ။ " ဟဲဟဲ .. ၾကၫ့္ရတာ မမိုက္ဘူးထင္တယ္ .. ေနာက္ခါ မသံုးေတာ့ဘူးေလ .."

Ruzel ၏ ႏူတ္ခမ္းက တစ္ခ်က္တြန႔္သြားသည္ ။ " အရမ္းေတာ္ေနတယ္ေပါ့ေလ .. ရတယ္ .. ခႏၶာကိုယ္ထဲက ေသြးတစ္စက္မွ မက်န္ေအာင္ ေသာက္ပစ္မယ္ .. " သူက Shun ၏ ဂုတ္အား ဆြဲကိုင္လိုက္ၿပီး

" ခုခံရဲရင္ ခုခံၾကၫ့္စမ္း .. ေနာက္ေန့ကစၿပီး အသားထိဖို႔ေတာင္ မစဉ္းစားနဲ႔ "

**
ႏွစ္ႏွစ္ၾကာၿပီးေနာက္ တည္ေဆာက္မႈမ်ား အားလံုးၿပီးစီးသြားၿပီျဖစ္သည္ ။ အုပ္ခ်ဳပ္ေရးရာတြင္ Shun ၏ အရည္အခ်င္းမွာ minus သို႔ က်ဆင္းေနေသာ္လည္း Ruzel သည္ အလြန္ေတာ္သၫ့္ အုပ္ခ်ဳပ္သူတစ္ေယာက္ျဖစ္ေလသည္ ။ သူ၏ ကိုယ္ပိုင္ ဂရိုဂရမ္ကပင္ အုပ္ခ်ဳပ္သူတစ္ေယာက္အျဖစ္ အဓိက ေရးဆြဲထားတာျဖစ္၍ တတ္ကြၽမ္းမႈက ေျပာစရာမလိုေခ် ။

" ၿမိဳ ့ရဲ့ အေနာက္ဘက္က ေတာအုပ္ ထဲမွာ Dungeon တစ္ခု ရွာေတြ ့တယ္လို႔ သတင္းရပါတယ္ .. ဒါေပမဲ့ venic ၿမိဳ႔နဲ႔ နယ္နမိတ္ထိေနပါတယ္ .. " Ruzel က သတင္းပို႔လာသည္ကို နားေထာင္ေနခဲ့ရာမွ ေမာ့ၾကၫ့္လိုက္သည္ ။ " သူတို႔ဘက္က ေတြ ့သြားတာလား "

" ဟုတ္ကဲ့ .. ေတြ ့သြားတာက အမဲလိုက္အဖြဲ႔ တစ္ဖြဲ႔ပါ .. သူတို႔ သတင္းေပးလိုက္ပံုပါဘဲ  venic ၿမိဳ႔စားက Ruzel Sama နဲ႔ ေတြ ့ခ်င္တယ္လို႔ ေျပာပါတယ္ .. ဒါက ဖိတ္ၾကားလႊာပါ "

" ထြက္သြားလို႔ရၿပီ "

Ruzel က စာရြက္အား ကိုင္လ်က္ စဉ္းစားလိုက္သည္ ။ Dungeon မ်ားတြင္ အရည္အေသြးျမင့္ သတၲုမ်ားရိွၿပီး အေကာင္းဆံုး အရင္းအျမစ္မ်ား ေပးစြမ္းသည္ ။ လက္ရိွ ၿမိဳ႔တိုးတက္ဖို႔ လိုအပ္သၫ့္အရာက အရင္းအျမစ္ျဖစ္သည္ ။ ႏွစ္ႏွစ္အတြင္း အေထာက္အပံ့မရိွသၫ့္ သူတို႔က အျခားၿမိဳ႔မ်ားထက္ ရိကၡာအခက္အခဲ ရိွေနဆဲ။

" ကိုယ္ အဲ့ၿမိဳ႔ကို သြားသိမ္းလိုက္ရမလား " ပ်င္းတိပ်င္းရြဲအသံက အေနာက္မွ ထြက္ေပၚလာၿပီး Ruzel သည္ ရင္ခြင္ထဲသို႔ ဆြဲသြင္းခံလိုက္ရ၏ ။ Ruzel က အလိုက္သင့္ မွီလိုက္ၿပီး " ေသြးစာခ်ဳပ္က ယာယီဆိုးက်ိဳးကိုဘဲ ထိန္းထားႏိုင္တာေနာ္ .. ေသြးအစြမ္းကို အရမ္းသံုးရင္ ေနာက္တစ္ခါ မရႈႏိုင္မကယ္ႏိုင္ ျဖစ္ဦးမယ္ .. "

တိုက္ရိုက္ေျပာလာသၫ့္ စကားေၾကာင့္ Shun က တစ္ခ်က္ နင္သြားသည္ ။ " သိပါၿပီ .. ဒါေပမဲ့ .. Dungeon ထဲဝင္ရင္ ကိုယ္လိုက္မွ ရမယ္ .. အဲ့တြင္းေတြက လံုၿခံဳတာမဟုတ္ဘူး .. ‌သားရဲေကာင္ေတြကလဲ ေမွာ္အစြမ္းပိုင္ထားတဲ့ေကာင္ေတြ  တခ်ိဳ႕ဆို အသိစိတ္ပါရိွတယ္ "

" အင္း..." ဟု သံရွည္ဆြဲသံနဲ႔အတူ မွီတြယ္ထားသၫ့္ ကိုယ္ေလးက အနည္းငယ္ေလးလံသြားသည္ ။ Shun က ေခါင္းတစ္ခ်က္ခါလိုက္ရင္း ရယ္လိုက္ၿပီး အိပ္ေမာက်သြားသၫ့္ သူ‌ေလးအား ေပြ ့ခ်ီလိုက္သည္ ။ လည္ပင္းထက္သို႔ ဖက္တြယ္လာသၫ့္ လက္‌ေလးမ်ားနဲ႔အတူ ေခါင္းေလးက ရင္ခြင္ထဲသို႔ ပိုတိုးဝင္သြားခဲ့သည္ ။

တဖက္တြင္ Andoshi သည္ အလြန္ေလးလံသၫ့္ အထုပ္မ်ားအား ပုခံုးထက္မွ ပစ္ခ်လိုက္သည္ ။

" ဒီေန့ေတာ့ ဒီေလာက္ဘဲ .. " သက္လတ္ပိုင္းလူႀကီးက ေျပာလိုက္ၿပီး Andoshi အား ‌ေရႊျပားတခ်ိဳ႕ ေပးလိုက္သည္။ Andoshi က လက္ထဲက ေငြတခ်ိဳ႕အား ၾကၫ့္လိုက္ၿပီး " Sir ေနာက္ေန့အတြက္ေရာ အထုတ္ထမ္းဖို႔ လူလိုေသးလား"

" Aww .. အေနာက္ဘက္ေတာစပ္မွာ ေပၚလာတဲ့ Dungeon ေၾကာင့္ အမဲလိုက္အဖြဲ႔ေတြအကုန္အလုပ္မ်ားေနတာဆိုေတာ့ လိုေလာက္တယ္ .. ဒါေပမဲ့ ေအးေအးခ်မ္းခ်မ္းေတာ့ မၿပီးေလာက္ဘူး .. အသက္ကိုႏွေမ်ာရင္ေတာ့ မသြားတာေကာင္းလိမ့္မယ္ " သက္လတ္ပိုင္းလူႀကီးက ေစတနာျဖင့္ သတိေပးလိုက္သည္ ။ Andoshi က ေခါင္းၿငိမ့္လိုက္သည္ ။ အျခားအလုပ္မ်ားထက္ အမဲလိုက္အဖြဲ႔၏ အေနာက္မွ အထုပ္ထမ္းလိုက္ရတာက ပိုလို႔ ေငြရေသာ္လည္း အႏၲရယ္လည္းမ်ားေပသည္ ။ အလြန္စြမ္းအားႀကီးသၫ့္ ေတာေကာင္နဲ႔ေတြ့လ်ွင္ တစ္ဖြဲ႔လံုး သုတ္သင္ခံရတာေတာင္ျဖစ္ႏိုင္သည္ ။ ယခုလို အမဲလိုက္အဖြဲ႔မ်ား စုသြားလ်ွင္ ပဋိပကၡျဖစ္မည္မွာ က်ိန္းေသလွသည္ ။

သူက လိုက္ရမည္လား မလိုက္ရဘူးလား ေတြးရင္းျဖင့္ ငွားထားသၫ့္ အခန္းသို႔ ျပန္ေရာက္လာသည္ ။ ေရာက္ေရာက္ခ်င္း ေတြ့လိုက္ရသည္က ကုတင္ေပၚမွ ဆင္းရန္လုပ္ေနသၫ့္ လူတစ္ေယာက္ကိုပင္ ။ Andoshi က အလ်င္အျမန္ သြားလိုက္ၿပီး တြဲထူလိုက္ကာ ခံုတြင္ ထိုင္ေစလိုက္သည္ ။

" ဒဏ္ရာေတြက အခုထိ မေပ်ာက္ေသးတာမို႔ မလႈပ္ရွားဖို႔ ေျပာထားတယ္ေလ " Andoshi က ဆူပူလိုက္ၿပီးမွ အေမာေျပေစရန္ ေရေသာက္လိုက္သည္ ။ ဤလူသည္ တစ္ႏွစ္ေက်ာ္ေလာက္ေမ့ေမ်ာေနၿပီး မၾကာခင္ကမွ သတိရလာတာျဖစ္သည္ ။ ေဆးဆရာ၏ စကားအရ ေမွာ္စြမ္းအင္ေၾကာင့္ ရသည့္ ဒဏ္ရာျဖစ္၍ ေဆးပစၥည္းမ်ားက အလြန္ေဈးႀကီးေလသည္။

" ငါ့ကို ဘာလို႔ကယ္ခဲ့တာလဲ " အၿမဲေအးစက္သၫ့္ မ်က္ႏွာနဲ႔လူက ကိုယ့္ေက်းဇူးရွင္ကိုေျပာတာေတာင္ ေအးစက္စက္နဲ႔ပင္ ။ Andoshi က စိတ္ေပါက္ေပါက္ျဖင့္ ၾကင္နာသနားသၫ့္ မ်က္ႏွာအမႈအရာလုပ္လိုက္ကာ

" ဘာလို ့ဆို ငါက သူေတာ္ေကာင္းႀကီးမို႔ေလ "

_____________
" ယေန့အတြက္ ရင္ဖြင့္ျခင္းအစီအစဉ္မွ ႀကိဳဆိုပါတယ္ "😌

ေရွာင္ထ်န္း - ငါ့သခင္က ႂကြားတတ္ေနၿပီ 🥺

ႏွစ္သိမ့္ေပးသူ Devil : " ဟုတ္ .. ခမ်ားရဲ့ သခင္ႂကြားတတ္တာ အခုမွ သိတာပါလား .. အဲ့အေကာင္ရဲ့ ေမာက္မာမႈက ေကာင္းကင္ေပၚေရာက္နာ ၾကာပါၿပီ ေက်းဇူး .. 🙂 "

" ဟုတ္ ေနာက္တစ္ေယာက္ "

Ruzel - " ေထြေထြထူးထူး မရိွပါဘူး .. ရိွရင္ ရိုက္ႏွက္လိုက္တာနဲ႔ ေျပသြားေရာ " * ခပ္ဖြဖြ ၿပံဳးလ်က္ေျပာ * ☺️

Devil : " အို ဟုတ္လား .. ရိုက္ဖို႔ လူလိုရင္ေျပာေနာ္ .. အဲ့ေကာင္က အေရထူေတာ့ ရွင္ေလး လက္ေလးေတြ နာသြားမျွဖင့္ " 😗❤️

" ေနာက္တစ္ေယာက္! "

" ေနာက္တစ္ေယာက္! "

" ေနာက္တစ္ေယာက္ အလွၫ့္ေရာက္ၿပီဟ .. ငမ္းမေနနဲ႔ေတာ့ "

အလွေလးနားမွ ဆြဲထုတ္ခံလိုက္ရေသာ Devil : " ေနာက္မွေတြ့မယ္ေနာ္ .. ခ်စ္တယ္ေနာ္ .. မြ " 😗

Andoshi : " သူမ်ားဒုကၡေရာက္ေနခ်ိန္ ရိုေနၾကတာ အဆင္မေျပဘူးခမ် " * မ်က္ရည္တစ္စက္က် *

Devil: ကလဲ့စားေခ်တဲ့အေနနဲ႔ ျပန္ ရိုလိုက္ပါ 😌

Andoshi : "???" အဲ့ေရခဲတံုး ေကာင္နဲ႔လား 😒 * အစီအစဉ္အား bad review *

Shun : ငါ ...

" ခမ်ား အလွၫ့္လို႔ မေျပာေသးဘူးေလ " 😒

Shun : ေသာက္ခြက္လာေျပာင္မေနနဲ႔ ..🙂 အကုန္ေသမယ္ .. ဟို ရိုက္ကူခ်င္ေနတဲ့ တစ္ေယာက္ ထိပ္ဆံုးကေသ

Devil:(〒﹏〒)

________________
Unicode
Shun သည် အပျက်အစီးများ ပြန်လည်တည်ဆောက်နေသည်ကို ခပ်လှမ်းလှမ်းမှကြည့်နေခဲ့သည် ။ စစ်ပွဲပြီးနောက် အထောက်အပံ့မရရှိတော့သည့် မြို့အား ပြန်လည်တည်ဆောက်ရသည်က အခက်ခဲဆုံးဖြစ်သည် ။ ဆောင်းရာသီရောက်တော့မည်ဖြစ်ကာ ထိုအတွက် ရိက္ခာများ စုဆောင်းရန်လည်းလိုအပ်သေးသည် ။ ထိုသို့ ထိုသို့ အကြောင်းပြကြောင့် Ruzel သည် တာဝန်ရှိသူတစ်ယောက်အနေဖြင့် မအားလပ်ဖြစ်နေပြီး သူက ဤနေရာတွင်ရပ်လျက် တည်ဆောက်မှုအား ညွန်ကြားနေသည်ကို ငေးကြည့်နေရခြင်း ။

" ကျစ်! ဒီလက် .. ဒီလက် ဘာကိစ္စ အဆောက်အဦးတွေကို ဖျက်ဆီးလိုက်တာလဲ .." ထိုပျက်စီးနေသည့် အဆောက်အဦး အများစုမှာ သူ့ကြောင့် ဖြစ်လာရခြင်းပင် ။

"" ဒါပေမဲ့ ကြည့်ပါဦး ဒီသငေ်္ကတလေးက ချစ်စရာမကောင်းဘူးလား "" သူ့လက်အား ဆန့်ထုတ်လျက် လက်ကောက်ဝတ်တွင် ထင်ထင်ရှားရှားရှိနေသည့် သငေ်္ကတအား ကြည့်လျက် ပါးစပ်စေ့လို့ မရလောက်အောင် ပြုံးဖြီးနေ၏ ။

ရှောင်ထျန်း : "..." ငါ့သခင်က ကြွားတတ်နေပြီ ။

/ အဲ့ဒါထက် ချိတ်ပိတ်မှု ပြေသွားတာက ပိုအရေးကြီးတာ မဟုတ်ဘူးလားခမျ / ရှောင်ထျန်း၏ အသံ အနဲငယ်ရွဲ့တဲ့တဲ့ အသံပေါက်နေသည် ။

"" ဒါပေါ့ .. နည်းနည်းတော့ ခံပြင်းစရာကောင်းတယ် "" Shun က ထိုအကြောင်းကို သတိရလိုက်ပြီး အမှုအရာမပျက်ပြောလိုက်‌သည် ။ သို့သော် စိတ်ထဲတွင်တော့ အလွန်စိတ်သက်သာရာရနေသည် ။ ' အခုထိ ငါ့ကို အဲ့အကြောင်း မမေးသေးဘူးဆိုတော့ မေ့သွားလောက်ပြီပေါ့ .. ဟုတ်တယ်မလား '

" မေ့စရာလား .. ခဗျား ဒဏ်ရာတွေပျောက်တဲ့အထိ စောင့်နေတာလေ .. ဒဏ်ရာပေါ် ဒဏ်ရာထပ်သွားရင် မြို့ကို ကာကွယ်ဖို့ အဆင်ပြေလောက်ဘူးမလား " သူ့ထံသို့ အပြုံးနုနုလေးဖြင့် လျှောက်လာနေသည့် Ruzel ကြောင့် Shun က မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်သည် ။ Shun အနားသို့ ရောက်သည်နှင့် Ruzel က သူ့လက်ကောက်ဝတ်မှ သငေ်္ကတလေးအား အသာပွတ်လိုက်ပြီး " သွေးစာချုပ်က ဝိညာဉ်ရော ခန္ဓာရော ဆက်နွယ်ထားတာမို့ အတိအကျကြီး မသိနိုင်‌ပေမဲ့ အကြမ်းဖျင်း မှန်းလို့ရနေတယ်လေ "

" အယ်?? ဟုတ်လား .. WoW .. မိုက်တာပေါ့နော့ .. " Shun က အားတင်းကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။  "" သောက်စနစ်စုတ် .. အဲ့တာ မင်းကြောင့် .. ပြီးတော့ အဲ့ သငေ်္ကတဆိုတဲ့ဟာ ချစ်စရာကို မကောင်းဘူး "

သူ့အား ကြည့်ရင်း အမှုအရာ မှုန့်မှိုင်းလာသည့် Ruzel ကြောင့် Shun က ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားသည် ။သူ့က ရှေ့သို့ တိုးလိုက်ကာ Ruzel ၏ ခါးလေးအား ဆွဲဖက်လိုက်သည် ။ " တောင်းပန်ပါတယ် .. ကိုယ့်မှာ တခြားရွေးချယ်စရာမရှိဘူး " သူက ခဏရပ်လိုက်ပြီးမှ အံကြိတ်ကာ ထပ်ပြောလိုက်သည် ။ " ဒါပေမဲ့ .. "

" ထပ်လုပ်ဦးမှာ မဟုတ်လား .. " စကားမဆုံးခင် ဖြတ်ပြောလာသည့် Ruzel ကြောင့် ခေါင်းကို တစ်ချက်ညိတ်လိုက်သည် ။ သူက Ruzel ၏ ပုခုံးထံသို့ ပါးပြင်အပ်လျက် တိုးညင်းစွာ ပြောလိုက်သည် ။ " အင်း..ကိုယ်လည်း ကိုယ့်ချစ်သူက ကိုယ့်ကို သတိရတာ လိုချင်တာပေါ့ ... ဒါပေမဲ့ အဲ့ဆန္ဒက မင်းကို ထိခိုက်ပြီးမှ ရလာတာဆို ကိုယ်မလိုဘူး "

သည်အချိန်တွင် Ruzel က သဘောကျစွာ တစ်ချက်ပြုံးလိုက်သည် ။ တကယ်ကို ဒီလူက ခနလေးတောင် စိတ်ဆိုးလို့ကို မရဘူးဘဲ ။ Ruzel ၏ နူတ်ခမ်းတောင့်စွန်းများက ကော့တက်သွားခဲ့ပြီး Shun ၏ နားရွက်အား ဆွဲကာ ဖက်ထားရာမှ ခွာလိုက်သည် ။

" အဲ့လိုဆိုရင်တောင် တစ်ယောက်တည်း ဆုံးဖြတ်လို့ ရတယ်လို့ ဘယ်သူပြောလဲ .. ဟမ် ..အဲ့ဒါ ဒီအရှင်ရဲ့ အဖိုးတန် မှတ်ဉာဏ်တွေလေ .. "

" အာ့.. နာတယ်.. နာတယ် .. " Shun က နာကျင်စွာ ငြီးငြူလိုက်ပြီး လက်နှစ်ဖက်အား မြှောက်လိုက်ကာ ဟန်တားဟန် ပြင်လိုက်ပြီး " အရှင်ရဲ့ စစ်တပ်က ဒီကမ်ဘာကို ယူလာလို့ မရဘူးနော် .. အဲ့တော့ အခု ကိုယ်က ပိုစွမ်းတယ် "

Ruzel က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး " oh! " ဟု တစ်ချက်အသံပြုကာ ညင်သာစွာ ပြုံးလိုက်သည် ။ " မင်းကို ရိုက်နှက်ဖို့ စစ်တပ်မလိုဘူးလေ .. လာစမ်း ! "

Shun ၏ မျက်နှာက တစ်ချက်ရှုံ့မဲ့သွားပြီးမှ တစ်စုံတစ်ခုအား သတိရသွားသည့်ဟန် လက်ဖျောက်တီးလိုက်ကာ မျက်ဝန်းများ တောက်ပသွားသည် ။ " သွေး .. ကိုယ့်‌သွေးကို မလိုချင်ဘူးလား "

Ruzel ၏ မျက်ဝန်းက တစ်ချက်နက်မှောင်သွားပြီး ပြန်ကြည်လင်သွားသည် ။ သူက ကိုယ်လက်ကို ရှရာဖြစ်အောင် လုပ်နေသည့် Shun ထံမှ အကြည့်လွဲလိုက်ကာ တံတွေးတစ်ချက်မျိုချလိုက်သည် ။ သို့တိုင်အောင် ဆွဲဆောင်မှုရှိသည့်‌သွေးအနံ့က သူ့နှာခေါင်းသို့ လာရိုက်ခတ်နေဆဲ ။ ထိုသွေးဆာလောင်မှုသည် Shun နိုးလာပြီးနောက်ပိုင်း ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး သူက သွေးစာချုပ်ကြောင့်ဟု ထင်မှတ်ထားသည် ။ Shun သည် သတိထားမိပုံမပေါ်သဖြင့် Ruzel က အတတ်နိုင်ဆုံးထိန်းထားခဲ့သည် ။

Shun က သဘောကျစွာ တစ်ချက်ပြုံးလိုက်သည် ။ " ကိုယ်သတိရလာကတည်းက တစ်ချက်တောင် မပြောဘဲ ထိန်းထားတာဘဲ .. ကိုယ့် skill တွေ သုံးစားမရတော့ဘူးလို့ ထင်တော့မလိုဘဲ "

Ruzel - ??? Skill

" အင်းလေ .. ထိန်းချုပ်မှုလွတ်သွားတုန်းက သုံးလိုက်တာထင်တယ် .. သိပ်တော့ မမှတ်မိပေမဲ့ အဲ့တုန်းက မင်းကို ကိုယ်တစ်ယောက်တည်းကိုဘဲ ဂရုစိုက်စေချင်စိတ်‌တွေ တအားထက်သန်နေတာ .. " Shun က သွေးထွက်နေသည့် လက်အား အသာမြောက်လိုက်သည်နဲ့ Ruzel သည် စွဲမက်ဖွယ် ရနံ့ကြောင့် မထိန်းချုပ်နိုင်လုနီးပါးဖြစ်သွားသည် ။

" ဒီ skill က သွေးမက်မောခြင်း လို့ခေါ်တယ် .. အသုံးပြုပြီးတဲ့အချိန် မင်းက ဆာလောင်မှုကို မခံချင်ရင် ကိုယ့်အနားမှာဘဲ နေရမှာလေ .. မမိုက်ဘူးလား." Shun က ဆက်ပြေ ရန်ပြင်လိုက်သော်လည်း သူ့အား စူးရဲစွာ ကြည့်နေသည့် Ruzel အား တွေ့လိုက်ရ၍ သွားပေါ်အောင် ပြုံးလိုက်သည် ။ " ဟဲဟဲ .. ကြည့်ရတာ မမိုက်ဘူးထင်တယ် .. နောက်ခါ မသုံးတော့ဘူးလေ .."

Ruzel ၏ နူတ်ခမ်းက တစ်ချက်တွန့်သွားသည် ။ " အရမ်းတော်နေတယ်ပေါ့လေ .. ရတယ် .. ခန္ဓာကိုယ်ထဲက သွေးတစ်စက်မှ မကျန်အောင် သောက်ပစ်မယ် .. " သူက Shun ၏ ဂုတ်အား ဆွဲကိုင်လိုက်ပြီး

" ခုခံရဲရင် ခုခံကြည့်စမ်း .. နောက်နေ့ကစပြီး အသားထိဖို့တောင် မစဉ်းစားနဲ့ "

**
နှစ်နှစ်ကြာပြီးနောက် တည်ဆောက်မှုများ အားလုံးပြီးစီးသွားပြီဖြစ်သည် ။ အုပ်ချုပ်ရေးရာတွင် Shun ၏ အရည်အချင်းမှာ minus သို့ ကျဆင်းနေသော်လည်း Ruzel သည် အလွန်တော်သည့် အုပ်ချုပ်သူတစ်ယောက်ဖြစ်လေသည် ။ သူ၏ ကိုယ်ပိုင် ဂရိုဂရမ်ကပင် အုပ်ချုပ်သူတစ်ယောက်အဖြစ် အဓိက ရေးဆွဲထားတာဖြစ်၍ တတ်ကျွမ်းမှုက ပြောစရာမလိုချေ ။

" မြို ့ရဲ့ အနောက်ဘက်က တောအုပ် ထဲမှာ Dungeon တစ်ခု ရှာတွေ ့တယ်လို့ သတင်းရပါတယ် .. ဒါပေမဲ့ venic မြို့နဲ့ နယ်နမိတ်ထိနေပါတယ် .. " Ruzel က သတင်းပို့လာသည်ကို နားထောင်နေခဲ့ရာမှ မော့ကြည့်လိုက်သည် ။ " သူတို့ဘက်က တွေ ့သွားတာလား "

" ဟုတ်ကဲ့ .. တွေ ့သွားတာက အမဲလိုက်အဖွဲ့ တစ်ဖွဲ့ပါ .. သူတို့ သတင်းပေးလိုက်ပုံပါဘဲ  venic မြို့စားက Ruzel Sama နဲ့ တွေ ့ချင်တယ်လို့ ပြောပါတယ် .. ဒါက ဖိတ်ကြားလွှာပါ "

" ထွက်သွားလို့ရပြီ "

Ruzel က စာရွက်အား ကိုင်လျက် စဉ်းစားလိုက်သည် ။ Dungeon များတွင် အရည်အသွေးမြင့် သတ္တုများရှိပြီး အကောင်းဆုံး အရင်းအမြစ်များ ပေးစွမ်းသည် ။ လက်ရှိ မြို့တိုးတက်ဖို့ လိုအပ်သည့်အရာက အရင်းအမြစ်ဖြစ်သည် ။ နှစ်နှစ်အတွင်း အထောက်အပံ့မရှိသည့် သူတို့က အခြားမြို့များထက် ရိက္ခာအခက်အခဲ ရှိနေဆဲ။

" ကိုယ် အဲ့မြို့ကို သွားသိမ်းလိုက်ရမလား " ပျင်းတိပျင်းရွဲအသံက အနောက်မှ ထွက်ပေါ်လာပြီး Ruzel သည် ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရ၏ ။ Ruzel က အလိုက်သင့် မှီလိုက်ပြီး " သွေးစာချုပ်က ယာယီဆိုးကျိုးကိုဘဲ ထိန်းထားနိုင်တာနော် .. သွေးအစွမ်းကို အရမ်းသုံးရင် နောက်တစ်ခါ မရှုနိုင်မကယ်နိုင် ဖြစ်ဦးမယ် .. "

တိုက်ရိုက်ပြောလာသည့် စကားကြောင့် Shun က တစ်ချက် နင်သွားသည် ။ " သိပါပြီ .. ဒါပေမဲ့ .. Dungeon ထဲဝင်ရင် ကိုယ်လိုက်မှ ရမယ် .. အဲ့တွင်းတွေက လုံခြုံတာမဟုတ်ဘူး .. ‌သားရဲကောင်တွေကလဲ မှော်အစွမ်းပိုင်ထားတဲ့ကောင်တွေ  တချို့ဆို အသိစိတ်ပါရှိတယ် "

" အင်း..." ဟု သံရှည်ဆွဲသံနဲ့အတူ မှီတွယ်ထားသည့် ကိုယ်လေးက အနည်းငယ်လေးလံသွားသည် ။ Shun က ခေါင်းတစ်ချက်ခါလိုက်ရင်း ရယ်လိုက်ပြီး အိပ်မောကျသွားသည့် သူ‌လေးအား ပွေ ့ချီလိုက်သည် ။ လည်ပင်းထက်သို့ ဖက်တွယ်လာသည့် လက်‌လေးများနဲ့အတူ ခေါင်းလေးက ရင်ခွင်ထဲသို့ ပိုတိုးဝင်သွားခဲ့သည် ။

တဖက်တွင် Andoshi သည် အလွန်လေးလံသည့် အထုပ်များအား ပုခုံးထက်မှ ပစ်ချလိုက်သည် ။

" ဒီနေ့တော့ ဒီလောက်ဘဲ .. " သက်လတ်ပိုင်းလူကြီးက ပြောလိုက်ပြီး Andoshi အား ‌ရွှေပြားတချို့ ပေးလိုက်သည်။ Andoshi က လက်ထဲက ငွေတချို့အား ကြည့်လိုက်ပြီး " Sir နောက်နေ့အတွက်ရော အထုတ်ထမ်းဖို့ လူလိုသေးလား"

" Aww .. အနောက်ဘက်တောစပ်မှာ ပေါ်လာတဲ့ Dungeon ကြောင့် အမဲလိုက်အဖွဲ့တွေအကုန်အလုပ်များနေတာဆိုတော့ လိုလောက်တယ် .. ဒါပေမဲ့ အေးအေးချမ်းချမ်းတော့ မပြီးလောက်ဘူး .. အသက်ကိုနှမျောရင်တော့ မသွားတာကောင်းလိမ့်မယ် " သက်လတ်ပိုင်းလူကြီးက စေတနာဖြင့် သတိပေးလိုက်သည် ။ Andoshi က ခေါင်းငြိမ့်လိုက်သည် ။ အခြားအလုပ်များထက် အမဲလိုက်အဖွဲ့၏ အနောက်မှ အထုပ်ထမ်းလိုက်ရတာက ပိုလို့ ငွေရသော်လည်း အန္တရယ်လည်းများပေသည် ။ အလွန်စွမ်းအားကြီးသည့် တောကောင်နဲ့တွေ့လျှင် တစ်ဖွဲ့လုံး သုတ်သင်ခံရတာတောင်ဖြစ်နိုင်သည် ။ ယခုလို အမဲလိုက်အဖွဲ့များ စုသွားလျှင် ပဋိပက္ခဖြစ်မည်မှာ ကျိန်းသေလှသည် ။

သူက လိုက်ရမည်လား မလိုက်ရဘူးလား တွေးရင်းဖြင့် ငှားထားသည့် အခန်းသို့ ပြန်ရောက်လာသည် ။ ရောက်ရောက်ချင်း တွေ့လိုက်ရသည်က ကုတင်ပေါ်မှ ဆင်းရန်လုပ်နေသည့် လူတစ်ယောက်ကိုပင် ။ Andoshi က အလျင်အမြန် သွားလိုက်ပြီး တွဲထူလိုက်ကာ ခုံတွင် ထိုင်စေလိုက်သည် ။

" ဒဏ်ရာတွေက အခုထိ မပျောက်သေးတာမို့ မလှုပ်ရှားဖို့ ပြောထားတယ်လေ " Andoshi က ဆူပူလိုက်ပြီးမှ အမောပြေစေရန် ရေသောက်လိုက်သည် ။ ဤလူသည် တစ်နှစ်ကျော်လောက်မေ့မျောနေပြီး မကြာခင်ကမှ သတိရလာတာဖြစ်သည် ။ ဆေးဆရာ၏ စကားအရ မှော်စွမ်းအင်ကြောင့် ရသည့် ဒဏ်ရာဖြစ်၍ ဆေးပစ္စည်းများက အလွန်ဈေးကြီးလေသည်။

" ငါ့ကို ဘာလို့ကယ်ခဲ့တာလဲ " အမြဲအေးစက်သည့် မျက်နှာနဲ့လူက ကိုယ့်ကျေးဇူးရှင်ကိုပြောတာတောင် အေးစက်စက်နဲ့ပင် ။ Andoshi က စိတ်ပေါက်ပေါက်ဖြင့် ကြင်နာသနားသည့် မျက်နှာအမှုအရာလုပ်လိုက်ကာ

" ဘာလို ့ဆို ငါက သူတော်ကောင်းကြီးမို့လေ "

_____________
" ယနေ့အတွက် ရင်ဖွင့်ခြင်းအစီအစဉ်မှ ကြိုဆိုပါတယ် "😌

ရှောင်ထျန်း - ငါ့သခင်က ကြွားတတ်နေပြီ 🥺

နှစ်သိမ့်ပေးသူ Devil : " ဟုတ် .. ခများရဲ့ သခင်ကြွားတတ်တာ အခုမှ သိတာပါလား .. အဲ့အကောင်ရဲ့ မောက်မာမှုက ကောင်းကင်ပေါ်ရောက်နာ ကြာပါပြီ ကျေးဇူး .. 🙂 "

" ဟုတ် နောက်တစ်ယောက် "

Ruzel - " ထွေထွေထူးထူး မရှိပါဘူး .. ရှိရင် ရိုက်နှက်လိုက်တာနဲ့ ပြေသွားရော " * ခပ်ဖွဖွ ပြုံးလျက်ပြော * ☺️

Devil : " အို ဟုတ်လား .. ရိုက်ဖို့ လူလိုရင်ပြောနော် .. အဲ့ကောင်က အရေထူတော့ ရှင်လေး လက်လေးတွေ နာသွားမြှဖင့် " 😗❤️

" နောက်တစ်ယောက်! "

" နောက်တစ်ယောက်! "

" နောက်တစ်ယောက် အလှည့်ရောက်ပြီဟ .. ငမ်းမနေနဲ့တော့ "

အလှလေးနားမှ ဆွဲထုတ်ခံလိုက်ရသော Devil : " နောက်မှတွေ့မယ်နော် .. ချစ်တယ်နော် .. မွ " 😗

Andoshi : " သူများဒုက္ခရောက်နေချိန် ရိုနေကြတာ အဆင်မပြေဘူးခမျ " * မျက်ရည်တစ်စက်ကျ *

Devil: ကလဲ့စားချေတဲ့အနေနဲ့ ပြန် ရိုလိုက်ပါ 😌

Andoshi : "???" အဲ့ရေခဲတုံး ကောင်နဲ့လား 😒 * အစီအစဉ်အား bad review *

Shun : ငါ ...

" ခများ အလှည့်လို့ မပြောသေးဘူးလေ " 😒

Shun : သောက်ခွက်လာပြောင်မနေနဲ့ ..🙂 အကုန်သေမယ် .. ဟို ရိုက်ကူချင်နေတဲ့ တစ်ယောက် ထိပ်ဆုံးကသေ

Devil:(〒﹏〒)

________________

Continue Reading

You'll Also Like

3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
374K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
920K 10.1K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...