အဖြူရောင်ခမ်းနားခြင်းများ (Un...

Por kimsorel26

3.7K 272 43

ကူးပေါက်နဲ့ သူ၏ ချစ်လှစွာသောအကိုတွေအကြောင်းကို နူးနူးညံ့ညံ့လေးတစ်မျိူး ခါးသက်သက်လေးနဲ့တစ်မျိုး ပုံဖော်ပေးသွား... Mais

🤍 Intro🤍
🤍2🤍
🤍3🤍
🤍4🤍

🤍1🤍

910 66 26
Por kimsorel26

Unicode

ဆောင်းဦးအစတွင် ပြန့်လွှင့်လာသော သစ်ရွက်စများသည် ဟိုတစ်စ ဒီတစ်စ....
ဆိုးလ်မြို့၏နေရာတိုင်းသည် နေ့ပိုင်းတွင် မပူလွန်း မအေးလွန်း အခြေအနေတွင် ရှိသော်လည်း ညပိုင်းတွင်မူ အအေးက တစ်စတစ်စနဲ့ လွန်ကဲ အားသာလာပေသည်။

သို့သော် ဆိုးလ်မြို့၏ မြို့အစွန့်ပိုင်း တစ်နေရာ Kimစံအိမ်တော်တွင်တော့..အအေးပိုတဲ့ ညအခါမှာပင် အပူမီးတောက် ကြရပြန်သည်။

အကြောင်းမူကား....

"သခင်မရေ အားတင်းထားပါ ကလေး ထွက်တော့မယ်..."

"အင့် အား..."

"နည်းနည်းလေးပဲ ထပ်...အားထည့်ပေးပါ!"

ညနေကတည်းက နာနေသော ဗိုက်သည် ညသန်းခေါင်နား နီးနေသည့်တိုင် မမွေးသေးတာကြောင့် ဆရာဝန်မ ကိုယ်တိုင်ပင် စိတ်ပူဆ ပြုလာသည်။
ရေမွှာသည် ပေါက်ပြီးသွားပင် ဖြစ်သဖြင့် ဒီထပ် ပိုကြာလာလျှင် ကလေး ရေမွှန်းနိုင်သလို မိခင်ကိုယ်တိုင်လည်း အန်တရာယ် ရှိနိုင်သည်။

ထို့အတူ အခန်းတံခါး အပြင်ဘက်၌ Kimသခင်ကြီးသည်လည်း သားငယ်တွေနဲ့အတူ ဟိုနားလျှောက်လိုက် ၊ဒီနားလျှောက်လိုက်ဖြင့် အပူလုံးကြီး ကြီးစိုးနေပေသည်...
"TaeTae နဲ့ Minnieလေး အိပ်ပျော်သွားပါပြီ သခင်ကြီး...."
အငယ်ဆုံးလေး နှစ်ယောက်ကို အခန်းတွင် သိပ်ပေးသော အိမ်တော်ထိန်းကြီးသည် အိပ်ပျော် သွားပြီ ဖြစ်ကြောင်း ပြောလာပြီး တစ်ချိန်တည်းမှာပဲ
"သခင်မကြီးက မ‌မွေးသေးဘူးလား သခင်ကြီးရယ်..."

Kim Seo Jung ခေါင်းသာ အသာခါပြလိုက်သည်။ ဒီကိုယ်ဝန်သည် အသက်ကြီးမှ မွေးတာ ဖြစ်တာကြောင့် တစ်ခုခုလွဲ‌ေချာ်သွားမှာကို သူလည်း အရမ်းပင် စိုးရိမ်ပါသည်။

သွေးထွက်လွန်နေပြီ ဖြစ်သော် သခင်မသည် ြဖူဖျော့ဖျော့လေးသာ ကျန်တော့ပေသည်။
နောက်ဆုံးလက်ကျန်အားကို ထည့်သုံးကာ အစွန်းကုန် အားထည့်ချလိုက်တော့သည်။

"အား.....!"

"အူငဲ ...... အူဝါး......"

"မွေးပြီ သခင်မ မွေးပြီ..ယောင်္ကျားလေးပါ...."
နောက်ဆူံးတော့ သားငယ်လေး မွေးဖွားခဲ့လေပြီ။ Kimသခင်မလည်း ပြုံးလိုက်ရင်း ကမ်းပေးလာတဲ့ သားငယ်လေးကို မျက်နှာတစ်ခုလုံးစာ မွေးကြူလိုက်သည်။
'နောက်ဆုံး အနမ်းလေး ဖြစ်ခဲ့ရင် တောင်းပန်ပါတယ် ကလေးရယ်၊ မေမေ ဆက် ပြီး မစောင့်ရှောက်နိူင်တော့ဘူး.....'
နှလုံးရောဂါအခံရှိတဲ့ သူမဟာ အပင်ပန်းလွန်ခြင်း သွေးထွက်လွန်ခြင်းများကြောင့် အသက်ဝိညာဉ်သည် ကင်းလွတ်သွားကာ စိတ်ချလက်ချနဲ့ ထွက်သွားရစ်လေတော့သည်။
:::::::::::::::::::::::::::::::: :::::::::::::::::::::::::::::::::: :::::::::

ကလေးငိုသံကို ကြားလိုက်ရတာကြောင့် Kimသခင်ကြီးရော အိမ်တော်ထိန်းရော ကလေးငယ်များနဲ့ တခြား အိမ်အကူလေးများသည်ပင် ဖင်တကြွကြွ ဖြစ်လာသည်။

သို့မကြာမှီ အနှီးစလေးဖြင့် ရစ်ပတ်ထားခြင်းခံရ‌သော ကလေးသေးသေးလေးနဲ့အတူ ဆရာဝန်မပါ ထွက်လာသည်။
ကလေးသေးသေးလေးကို မြင်လိုက်ရသော အပျော်များသည် မျက်စိပျက် မျက်နှာပျက် ြဖစ်နေသော ဆရာဝန်မကို တွေ့လိုက်ရသောအခါ ပျောက်ဆုံးသွားတော့သည်။
"ကလေး‌က ကျန်းမာပါတယ်၊ ဒါပေမဲ့ လူကြီးကတော့ သွေးထွက်လွန်ပြီး ဆုံးသွားပါတယ်.."

"ဗျာ!"

"ရှင်"
Kim သခင်ကြီးနဲ့ အိမ်တော်ထိန်းတို့၏ အသံသည် ပေါ်ထွက်လာပြီး အိမ်အကူမလေးတွေသည် စတင် ငိုကြွေးတော့သည်။
သေဆုံးခြင်းကို နားမလည်သေးသော 5နှစ်အရွယ် Namjoon‌ေလး နဲ့ 6နှစ်အရွယ် hoseokလေးသည် ဟိုကြည့် ဒီကြည့်၊ Seokjinလေးက အခန်းထဲ အပြေးသွား ငိုကာ၊ yoongiလေးကတော့ သူ့ဖေဖေကို နှစ်သိမ့်ပေးရင်း အသံတိတ်မျက်ရည် ဝဲနေသည်။

ကံကြမ်မာသည် သဘောအရမ်းကောင်းလွန်းကာ စိတ်သဘောထား ဖြူစင်လှသော အိမ်တော်၏ သခင်မကြီးကို အသက် 38နှစ်အရွယ်မှာပင် စောစီးကာ ခေါ်ဆောင်သွားလေတော့သည်။
ကျန်ရစ်ခဲ့သူများသည်ကား အသည်းနှလုံး ကွဲကြေလှစွာ.....

::::::::::::::::::::::::::::::::: ::::::::::::::::::::::: :::::::::::::::::::

2လခန့် ကြာပြီးနောက်

Kimသခင်ကြီးသည် သခင်မစိတ်ကြောင့်ပင် အလုပ်တွေ ဖိလုပ်ကာ အိမ်တော်သို့ ပြန်မလာဘဲ အမြဲအလုပ်ထဲတွင်သာ  အချိန်ကုန်ဆုံး‌ေလ့ ရှိသည်။

ကလေးတွေရဲ့ ဝေယျာဝစ်စ အားလုံးကို အိမ်တော်ထိန်းကြီး Lee Jang Raကပဲ ဦးစီးကာ ‌တာဝန်ယူ ပြုစုပေးသည်။
အိမ်အကူ လေးယောက်လောက် ရှိခြင်းကလည်း ဒီလိုအချိန်တွင် တော်တော်လေး အသုံးဝင်ပါသည်။
ကလေးတေွကို ထမင်းချက်ပေး၊ ရေချိုးပေး ၊ အစာကျွေးပေးခြင်း တောက်တိုမယ်ရ အားလုံးကို ကူပေးကြသည်။

Taeလေးနဲ့ Minnieလေးက လွဲရင် အကုန်လုံးက မူကြိုတွေ၊ ကျောင်းတွေ သွားကြပြီမိူ့ အိမ်တော်ထိန်းလည်း အငယ်ဆုံးလေး ရှိရာ အပေါ်ထပ်သို့ တက်သွားလိုက်သည်။

ပုခက် ခြင်းထဲကို ငုံကြည့်လိုက်သောအခါ ကလေးသေးသေးလေးသည် လက်မလေးစုပ်ကာ မျက်လုံးပြူးလေးနဲ့ ပြန်ကြည့်လာတော့ကြောင့် နိုးနေမှန်း သိလိုက်ရသည်။
ဘောင်းဘီလေးကို အသာ မ ကြည့်တော့ စိုနေတာကြောင့် အဝတ်ပြောင်း လဲ ပေးရင်း ကလေးလေးကို ချီကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ဧည့်ခန်းထဲမှာ ကစားနေကြတဲ့ TaeTaeလေးနဲ့ Minnieလေးဘေး ကလေးပုခက်လေး ချကာ kookieလေးကို ထည့်ပေးပြီး သူမ နွားနို့ စဖျော်ဖို့ မီးဖိုခန်းဆီ သွားလိုက်သည်။

အူးငဲ အူးငဲ အူးငဲ!!

ရေနွေးတောင် မဖျော်ရသေးခင် ကလေးအော်သံ စူးစူးလေး ကြားလိုက်ရတာကြောင့် အပြေးလာကြည့်မိတော့ 2နှစ်,3နှစ်အရွယ်လေ‌းတွေ ဖြစ်တဲ့ TaeTaeနဲ့ Minnieလေးက ကလေးပါး‌ေလးကို အူယားစွာ ညစ်နေကြသည်။ သာသာလေး ဆိုသော်ညား မွေးကင်းစ ကလေးလေးမိူ့ အများကြီး နာသွားကာ အခုလို သည်းကြီးမဲကြီး ထငိုချင်းပင်။ လန့်သွားပုံရတဲ့ ကလေးနှစ်ယောက်ကလည်း ထိူမှသာလျှင် ကလေးသေးသေးလေးကို ထိရမလို၊ ‌ချီရမလို  ၊ ဘာလုပ်ရမှန်းမသိ ချီတုံချတုံ ဖြစ်နေကြသည်။

သူမလည်း ကလေးသေးသေးလေးကို ကောက်ချီလိုက်ကာ...
"TaeTaeလေးနဲ့ Minnieလေး ကလေးလေးက ငယ်ငယ်လေး ရှိသေးတော့ ကလေးတို့က သာသာလေး ထိလည်း kookieလေး တအား နာတတ်တာ အာ့တာ နောက်ကျရင် ကလေးလေးကို တအားမထိရဘူးနော် ...ထိချင်ရင် တီတီ့ကို ပြော သိလား..."

"ဟူတ်ကဲ့ပါဂျ"

"ဟုတ်ကဲ့ဂျ"

သံတူလေး ဖြေလာတာကြောင့် သူတို့ခေါင်းလေးတွေကို အသာ ပွတ်ပေးလိုက်သည်။ သူတို့လေးတွေလည်း လန့်သွားသည်ထင်၊ နွားနို့လေး တိုက်ပေးနေတူန်းတောင် ကလေးလေးကို လက်‌ေချာင်းကလေးတစ်ခုနဲ့ ရဲရဲ မထိရဲပဲ ဟိုထိလိုက် ဒီ တို့လိုက် လုပ်နေကြသည်..

နိူ့လေး သောက်ပြီးတော့ အိပ်ပျော် သွားပြီ ဖြစ်တဲ့ ကလေးလေးကို သူ့ကိုယ်ပိုင်အခန်းထဲ သွားသိပ်လိုက်သည်။
ခုနက အညစ်ခံလိုက်ရသော ပါးလေးသည် အခုထိ ရဲသဲသဲ...
အိပ်ပျော်နေတဲ့ ကလေးပေါက်လေးကို ဂရုဏာသပ်စွာ ငေးကြည့်မိသည်
ကလေးလေးသည် အခုထိ ဖခင်ရဲ့ ချီခြင်းကို မခံရသလို သိတတ်နားလည်နေပြီ ဖြစ်တဲ့ အကိုအကြီးဆုံး နှစ်ယောက်ရဲ့ အချစ်ကိုလည်း မရရှိ၊ သူတိူ့စိတ်ထဲတွင်မူကား သခင်မကြီး သေဆုံးရခြင်းသည် kookieလေး ကြောင့်ပင် ဟူ၍ ယုံကြည်နေခြင်းကြောင့်ပင်၊ အပြစ်တင်လို့လည်း မရပေ။  ဖခင်ကိုယ်တိုင်ပဲ ထိုသို့တွေးတောကာ kookieလေးကို မွေးကတည်းက တစ်ခါမှတောင် ချီခြင်း မပြုဘဲ ပစ်ထားခြင်း မလား။
တော်သေးသည်ကာ ကျန်တဲ့ အိမ်အကူလေးများနဲ့ အခုထိ ကလေးလေးတွေ ဖြစ်နေကြဆဲ တခြားအကိုများက kookieလေးကို ချစ်မြတ်နိုးတာကြောင့်ပင် ......

ဝေါ.....  ဝေါ...ဝုန်း
လေပြင်းများ တိုက်ခတ်ကာ ရွာနေသောမိုးသံသည် ဆောင်းညလယ်တွင် ဆူညံလှစွာ....

Seokjin နာရီကို ကြည့်မိတော့ 1နာရီတိတိ...
ရွာနေသော မိုးသံကြောင့် ခေါင်မိုးကို လာထိမှန်တဲ့ မိုးသံကလွဲ၍ ကျန်တဲ့ အသံများ ကောင်းကောင်း မကြားရသော်လည်း သေချာအာရုံစူးစိုက်ကြည့်သောအခါ ဘေးကပ်ရပ် အခန်းက ကလေးငိုသံကို ကြားလိုက်ရသည်။

အိမ်ရဲ့ တတိယမြောက် အပေါ်ဆုံးထပ် အခန်းကား သူ၊ TaeTae နဲ့Kookieတို့ရဲ့ အခန်းအသီးသီးပင်၊ ဒုတိယမြောက်အထပ်ကား Yoongi, Namjoon, Hoseok, Jiminieတို့ ကိုယ်ပိုင်အခန်းများ ဖြစ်ကြပြီး အောက်ဆုံးအထပ်သည်ကား အရင်က သူတို့ မိဘတွေအခန်း ဖြစ်သော်လည်း အခုတော့ အိပ်ခန်းပင် မထားကြပေ။

အိမ်တော်ထိန်းနဲ့ တခြားအကူများသည်လည်း အိမ်မကြီးတွင်လည်း မအိပ်ကြ။ တခြား ညီငယ်များကလည်း အိပ်ပျော်နေကြပြီ ဖြစ်တာကြောင့် Seokjin ထိုအခန်းကို ကိုယ်တိုင် ဝင်ဖို့သာ ဆုံးဖြတ်လိုက်သည်။

တံခါးလေးကို ဟပြီးဝင်လာတော့ ငိုနေသော ကလေးလေးဟာ ဘယ်လောက် ကြာပြီမသိ၊ အသားများပင် ရဲနေလေသည်။
Seokjin လည်း တစ်ခါမှ မချီဖူးသော ကိုယ်ငယ်လေးကို မရဲတရဲ ကောက်ပွေ့လိုက်တော့ လက်ထဲပါလာတဲ့ ကလေးက အခုမှ အားကိုးရာ ရသွားသည့်နယ့် အသံလေး တိတ်ကြသွားသည်။ သိူ့သော် ရှိုက်သံလေးတွေကတော့ ထွက်နေဆဲ....

Seokjinသည် ကလေးလေးကို သူ့ကုတင်ပေါ်သိူ့သာ ခေါ်သိပ်လိုက်ရင်း ရင်ဘတ်လေးပေါ် စောင်လေးတွေ ဖိပေးပြီး ဖြည်းဖြည်းလေး ပုတ်ကာ ပုတ်ကာ ချော့သိပ်လိုက်တော့ ခဏလေးအတွင်း ပြန်အိပ်ပျော်သွားခဲ့သည်။

ကလေးငယ်လေးကို တစိမ့်စိမ့် ကြည့်ရင်း သူ့စိတ်ထဲ တစ်မျိုးကြီး ခံစားနေရသည်။ 10နှစ်နီးပါးအရွယ် သူ့အဖိူ့ သေဆုံးခြင်းအကြောင်း သိထားနေပြီးသော်လည်း မေမေသည် အငယ်ဆုံးလေးကို မွေးလိုက်ရတာကြောင့် သေသွားရသည်ဟုသာ သူစွဲမှတ်ပြီး ကလေးလေးကို မမုန်းသော်လည်း လျစ်လျူရှုထားခဲ့မိသည်။
သူ အခု တွေးကြည့်မိတော့ သူသည်သာလျှင် အခု အရွယ်ထိ မိဘရဲ့ နွေးထွေးမှုကို ရရှိခဲ့သော်လည်း ကလေးလေးသည် မွေးကာစကပင် ဖခင်ရဲ့ ချီခြင်းကိုတောင် မခံခဲ့ရ။
တဖြည်းဖြည်း နားလည်လာတဲ့ သူ့စိတ်လေးအရ kookieလေးကို အခုမှစပြီး ချစ်ပေးဖို့နဲ့ ဒီနေ့မှစကာ နုနယ်သေးသော ကလေးငယ်လေးကို သူ့အခန်းမှာသာ အမြဲ ခေါ်သိပ်ဖို့ ဆုံးြဖတ်လိုက်တော့သည်။

:::::::::::::::::::::::: :::::::::::::::::::: :::::::::::::::::::::::::::::::
(A/N - ပျင်းစရာ ကောင်းသွားလား😁 အစပိုင်းရှိသေးတာမိူ့ စောင့်ကြည့်ပေးပါအုံးနော် ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ သွားမှာပင်မယ့် dramaလေးတွေလည်း ညှပ်ထားပါတယ်လို့ မှတ်မိကြမလား မသိပေမဲ့ ကိုယ်က bottomkook-vkook (only then)ရေးတဲ့ သာသာပါ ဖုန်းပျောက်သွားလိူ့ gmailတွေလည်း ပြန်ရှာမရနဲ့ အကောင့်တွေလည်း အကုန် ဝင်မရလို့ accအသစ်နဲ့ အခုမှ ပေါ်လာရခြင်းပါ၊ Only Thenလေးလည်း ဖတ်ချင်ကြသေးရင် အဆူံးသတ်ပေးပါမယ်။ အခုမှ နလန်ပြန်ထူစမိူ့ အားပေးကြပါအုံးနော် အများကြီး ကြိုးစားပါ့မယ်ရှင့်)

You can read "Only Then" in this acc - @myatnoeyate


Zawgyi

ေဆာင္းဦးအစတြင္ ျပန႔္လႊင့္လာေသာ သစ္႐ြက္စမ်ားသည္ ဟိုတစ္စ ဒီတစ္စ....
ဆိုးလ္ၿမိဳ႕၏ေနရာတိုင္းသည္ ေန႕ပိုင္းတြင္ မပူလြန္း မေအးလြန္း အေျခအေနတြင္ ရွိေသာ္လည္း ညပိုင္းတြင္မူ အေအးက တစ္စတစ္စနဲ႕ လြန္ကဲ အားသာလာေပသည္။

သို႔ေသာ္ ဆိုးလ္ၿမိဳ႕၏ ၿမိဳ႕အစြန႔္ပိုင္း တစ္ေနရာ Kimစံအိမ္ေတာ္တြင္ေတာ့..အေအးပိုတဲ့ ညအခါမွာပင္ အပူမီးေတာက္ ၾကရျပန္သည္။

အေၾကာင္းမူကား....

"သခင္မေရ အားတင္းထားပါ ကေလး ထြက္ေတာ့မယ္..."

"အင့္ အား..."

"နည္းနည္းေလးပဲ ထပ္...အားထည့္ေပးပါ!"

ညေနကတည္းက နာေနေသာ ဗိုက္သည္ ညသန္းေခါင္နား နီးေနသည့္တိုင္ မေမြးေသးတာေၾကာင့္ ဆရာဝန္မ ကိုယ္တိုင္ပင္ စိတ္ပူဆ ျပဳလာသည္။
ေရမႊာသည္ ေပါက္ၿပီးသြားပင္ ျဖစ္သျဖင့္ ဒီထပ္ ပိုၾကာလာလွ်င္ ကေလး ေရမႊန္းနိုင္သလို မိခင္ကိုယ္တိုင္လည္း အန္တရာယ္ ရွိနိုင္သည္။

ထို႔အတူ အခန္းတံခါး အျပင္ဘက္၌ Kimသခင္ႀကီးသည္လည္း သားငယ္ေတြနဲ႕အတူ ဟိုနားေလွ်ာက္လိုက္ ၊ဒီနားေလွ်ာက္လိုက္ျဖင့္ အပူလုံးႀကီး ႀကီးစိုးေနေပသည္...
"TaeTae နဲ႕ Minnieေလး အိပ္ေပ်ာ္သြားပါၿပီ သခင္ႀကီး...."
အငယ္ဆုံးေလး ႏွစ္ေယာက္ကို အခန္းတြင္ သိပ္ေပးေသာ အိမ္ေတာ္ထိန္းႀကီးသည္ အိပ္ေပ်ာ္ သြားၿပီ ျဖစ္ေၾကာင္း ေျပာလာၿပီး တစ္ခ်ိန္တည္းမွာပဲ
"သခင္မႀကီးက မေမြးေသးဘူးလား သခင္ႀကီးရယ္..."

Kim Seo Jung ေခါင္းသာ အသာခါျပလိုက္သည္။ ဒီကိုယ္ဝန္သည္ အသက္ႀကီးမွ ေမြးတာ ျဖစ္တာေၾကာင့္ တစ္ခုခုလြဲေျခာ်သွားမွာကို သူလည္း အရမ္းပင္ စိုးရိမ္ပါသည္။

ေသြးထြက္လြန္ေနၿပီ ျဖစ္ေသာ္ သခင္မသည္ ျဖဴေဖ်ာ့ေဖ်ာ့ေလးသာ က်န္ေတာ့ေပသည္။
ေနာက္ဆုံးလက္က်န္အားကို ထည့္သုံးကာ အစြန္းကုန္ အားထည့္ခ်လိဳက္ေတာ့သည္။

"အား.....!"

"အူငဲ ...... အူဝါး......"

"ေမြးၿပီ သခင္မ ေမြးၿပီ..ေယာကၤ်ားေလးပါ...."
ေနာက္ဆူံးေတာ့ သားငယ္ေလး ေမြးဖြားခဲ့ေလၿပီ။ Kimသခင္မလည္း ၿပဳံးလိုက္ရင္း ကမ္းေပးလာတဲ့ သားငယ္ေလးကို မ်က္ႏွာတစ္ခုလုံးစာ ေမြးၾကဴလိုက္သည္။
'ေနာက္ဆုံး အနမ္းေလး ျဖစ္ခဲ့ရင္ ေတာင္းပန္ပါတယ္ ကေလးရယ္၊ ေမေမ ဆက္ ၿပီး မေစာင့္ေရွာက္နိူင္ေတာ့ဘူး.....'
ႏွလုံးေရာဂါအခံရွိတဲ့ သူမဟာ အပင္ပန္းလြန္ျခင္း ေသြးထြက္လြန္ျခင္းမ်ားေၾကာင့္ အသက္ဝိညာဥ္သည္ ကင္းလြတ္သြားကာ စိတ္ခ်လက္ခ်နဲ႕ ထြက္သြားရစ္ေလေတာ့သည္။
:::::::::::::::::::::::::::::::: :::::::::::::::::::::::::::::::::: :::::::::

ကေလးငိုသံကို ၾကားလိုက္ရတာေၾကာင့္ Kimသခင္ႀကီးေရာ အိမ္ေတာ္ထိန္းေရာ ကေလးငယ္မ်ားနဲ႕ တျခား အိမ္အကူေလးမ်ားသည္ပင္ ဖင္တႂကြႂကြ ျဖစ္လာသည္။

သို႔မၾကာမွီ အႏွီးစေလးျဖင့္ ရစ္ပတ္ထားျခင္းခံရေသာ ကေလးေသးေသးေလးနဲ႕အတူ ဆရာဝန္မပါ ထြက္လာသည္။
ကေလးေသးေသးေလးကို ျမင္လိုက္ရေသာ အေပ်ာ္မ်ားသည္ မ်က္စိပ်က္ မ်က္ႏွာပ်က္ ျဖစ္ေနေသာ ဆရာဝန္မကို ေတြ႕လိုက္ရေသာအခါ ေပ်ာက္ဆုံးသြားေတာ့သည္။
"ကေလးက က်န္းမာပါတယ်၊ ဒါေပမဲ့ လူႀကီးကေတာ့ ေသြးထြက္လြန္ၿပီး ဆုံးသြားပါတယ်..."

"ဗ်ာ!"

"ရွင္"
Kim သခင္ႀကီးနဲ႕ အိမ္ေတာ္ထိန္းတို႔၏ အသံသည္ ေပၚထြက္လာၿပီး အိမ္အကူမေလးေတြသည္ စတင္ ငိုေႂကြးေတာ့သည္။
ေသဆုံးျခင္းကို နားမလည္ေသးေသာ 5ႏွစ္အ႐ြယ္ Namjoonေလး နဲ႕ 6ႏွစ္အ႐ြယ္ hoseokေလးသည္ ဟိုၾကည့္ ဒီၾကည့္၊ Seokjinေလးက အခန္းထဲ အေျပးသြား ငိုကာ၊ yoongiေလးကေတာ့ သူ႕ေဖေဖကို ႏွစ္သိမ့္ေပးရင္း အသံတိတ္မ်က္ရည္ ဝဲေနသည္။

ကံၾကမ္မာသည္ သေဘာအရမ္းေကာင္းလြန္းကာ စိတ္သေဘာထား ျဖဴစင္လွေသာ အိမ္ေတာ္၏ သခင္မႀကီးကို အသက္ 38ႏွစ္အ႐ြယ္မွာပင္ ေစာစီးကာ ေခၚေဆာင္သြားေလေတာ့သည္။
က်န္ရစ္ခဲ့သူမ်ားသည္ကား အသည္းႏွလုံး ကြဲေၾကလွစြာ.....

::::::::::::::::::::::::::::::::: ::::::::::::::::::::::: :::::::::::::::::::

2လခန႔္ ၾကာၿပီးေနာက္

Kimသခင္ႀကီးသည္ သခင္မစိတ္ေၾကာင့္ပင္ အလုပ္ေတြ ဖိလုပ္ကာ အိမ္ေတာ္သို႔ ျပန္မလာဘဲ အၿမဲအလုပ္ထဲတြင္သာ  အခ်ိန္ကုန္ဆုံးေလ့ ရွိသည္။

ကေလးေတြရဲ႕ ေဝယ်ာဝစ္စ အားလုံးကို အိမ္ေတာ္ထိန္းႀကီး Lee Jang Raကပဲ ဦးစီးကာ တာဝန္ယူ ျပဳစုေပးသည္။
အိမ္အကူ ေလးေယာက္ေလာက္ ရွိျခင္းကလည္း ဒီလိုအခ်ိန္တြင္ ေတာ္ေတာ္ေလး အသုံးဝင္ပါသည္။
ကေလးေတွကို ထမင္းခ်က္ေပး၊ ေရခ်ိဳးေပး ၊ အစာေကြၽးေပးျခင္း ေတာက္တိုမယ္ရ အားလုံးကို ကူေပးၾကသည္။

Taeေလးနဲ႕ Minnieေလးက လြဲရင္ အကုန္လုံးက မူႀကိဳေတြ၊ ေက်ာင္းေတြ သြားၾကၿပီမိူ႕ အိမ္ေတာ္ထိန္းလည္း အငယ္ဆုံးေလး ရွိရာ အေပၚထပ္သို႔ တက္သြားလိုက္သည္။

ပုခက္ ျခင္းထဲကို ငုံၾကည့္လိုက္ေသာအခါ ကေလးေသးေသးေလးသည္ လက္မေလးစုပ္ကာ မ်က္လုံးျပဴးေလးနဲ႕ ျပန္ၾကည့္လာေတာ့ေၾကာင့္ နိုးေနမွန္း သိလိုက္ရသည္။
ေဘာင္းဘီေလးကို အသာ မ ၾကည့္ေတာ့ စိုေနတာေၾကာင့္ အဝတ္ေျပာင္း လဲ ေပးရင္း ကေလးေလးကို ခ်ီကာ ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။

ဧည့္ခန္းထဲမွာ ကစားေနၾကတဲ့ TaeTaeေလးနဲ႕ Minnieေလးေဘး ကေလးပုခက္ေလး ခ်ကာ kookieေလးကို ထည့္ေပးၿပီး သူမ ႏြားနို႔ စေဖ်ာ္ဖို႔ မီးဖိုခန္းဆီ သြားလိုက္သည္။

အူးငဲ အူးငဲ အူးငဲ!!

ေရႏြေးေတာင္ မေဖ်ာ္ရေသးခင္ ကေလးေအာ္သံ စူးစူးေလး ၾကားလိုက္ရတာေၾကာင့္ အေျပးလာၾကည့္မိေတာ့ 2ႏွစ္,3ႏွစ္အ႐ြယ္ေလးေတြ ျဖစ္တဲ့ TaeTaeနဲ႕ Minnieေလးက ကေလးပါးေလးကို အူယားစြာ ညစ္ေနၾကသည္။ သာသာေလး ဆိုေသာ္ညား ေမြးကင္းစ ကေလးေလးမိူ႕ အမ်ားႀကီး နာသြားကာ အခုလို သည္းႀကီးမဲႀကီး ထငိုခ်င္းပင္။ လန႔္သြားပုံရတဲ့ ကေလးႏွစ္ေယာက္ကလည္း ထိူမွသာလွ်င္ ကေလးေသးေသးေလးကို ထိရမလို၊ ခ်ီရမလို  ၊ ဘာလုပ္ရမွန္းမသိ ခ်ီတုံခ်တဳံ ျဖစ္ေနၾကသည္။

သူမလည္း ကေလးေသးေသးေလးကို ေကာက္ခ်ီလိုက္ကာ...
"TaeTaeေလးနဲ႕ Minnieေလး ကေလးေလးက ငယ္ငယ္ေလး ရွိေသးေတာ့ ကေလးတို႔က သာသာေလး ထိလည္း kookieေလး တအား နာတတ္တာ အာ့တာ ေနာက္က်ရင္ ကေလးေလးကို တအားမထိရဘူးေနာ္ ...ထိခ်င္ရင္ တီတီ့ကို ေျပာ သိလား..."

"ဟူတ္ကဲ့ပါဂ်"

"ဟုတ္ကဲ့ဂ်"

သံတူေလး ေျဖလာတာေၾကာင့္ သူတို႔ေခါင္းေလးေတြကို အသာ ပြတ္ေပးလိုက္သည္။ သူတို႔ေလးေတြလည္း လန႔္သြားသည္ထင္၊ ႏြားနို႔ေလး တိုက္ေပးေနတူန္းေတာင္ ကေလးေလးကို လက္ေျခာင်းကေလးတဈခုနဲ႕ ရဲရဲ မထိရဲပဲ ဟိုထိလိုက္ ဒီ တို႔လိုက္ လုပ္ေနၾကသည္..

နိူ႕ေလး ေသာက္ၿပီးေတာ့ အိပ္ေပ်ာ္ သြားၿပီ ျဖစ္တဲ့ ကေလးေလးကို သူ႕ကိုယ္ပိုင္အခန္းထဲ သြားသိပ္လိုက္သည္။
ခုနက အညစ္ခံလိုက္ရေသာ ပါးေလးသည္ အခုထိ ရဲသဲသဲ...
အိပ္ေပ်ာ္ေနတဲ့ ကေလးေပါက္ေလးကို ဂ႐ုဏာသပ္စြာ ေငးၾကည့္မိသည္
ကေလးေလးသည္ အခုထိ ဖခင္ရဲ႕ ခ်ီျခင္းကို မခံရသလို သိတတ္နားလည္ေနၿပီ ျဖစ္တဲ့ အကိုအႀကီးဆုံး ႏွစ္ေယာက္ရဲ႕ အခ်စ္ကိုလည္း မရရွိ၊ သူတိူ႕စိတ္ထဲတြင္မူကား သခင္မႀကီး ေသဆုံးရျခင္းသည္ kookieေလး ေၾကာင့္ပင္ ဟူ၍ ယုံၾကည္ေနျခင္းေၾကာင့္ပင္၊ အျပစ္တင္လို႔လည္း မရေပ။  ဖခင္ကိုယ္တိုင္ပဲ ထိုသို႔ေတြးေတာကာ kookieေလးကို ေမြးကတည္းက တစ္ခါမွေတာင္ ခ်ီျခင္း မျပဳဘဲ ပစ္ထားျခင္း မလား။
ေတာ္ေသးသည္ကာ က်န္တဲ့ အိမ္အကူေလးမ်ားနဲ႕ အခုထိ ကေလးေလးေတြ ျဖစ္ေနၾကဆဲ တျခားအကိုမ်ားက kookieေလးကို ခ်စ္ျမတ္နိုးတာေၾကာင့္ပင္ ......

ေဝါ.....  ေဝါ...ဝုန္း
ေလျပင္းမ်ား တိုက္ခတ္ကာ ႐ြာေနေသာမိုးသံသည္ ေဆာင္းညလယ္တြင္ ဆူညံလွစြာ....

Seokjin နာရီကို ၾကည့္မိေတာ့ 1နာရီတိတိ...
႐ြာေနေသာ မိုးသံေၾကာင့္ ေခါင္မိုးကို လာထိမွန္တဲ့ မိုးသံကလြဲ၍ က်န္တဲ့ အသံမ်ား ေကာင္းေကာင္း မၾကားရေသာ္လည္း ေသခ်ာအာ႐ုံစူးစိုက္ၾကည့္ေသာအခါ ေဘးကပ္ရပ္ အခန္းက ကေလးငိုသံကို ၾကားလိုက္ရသည္။

အိမ္ရဲ႕ တတိယေျမာက္ အေပၚဆုံးထပ္ အခန္းကား သူ၊ TaeTae နဲ႕Kookieတို႔ရဲ႕ အခန္းအသီးသီးပင္၊ ဒုတိယေျမာက္အထပ္ကား Yoongi, Namjoon, Hoseok, Jiminieတို႔ ကိုယ္ပိုင္အခန္းမ်ား ျဖစ္ၾကၿပီး ေအာက္ဆုံးအထပ္သည္ကား အရင္က သူတို႔ မိဘေတြအခန္း ျဖစ္ေသာ္လည္း အခုေတာ့ အိပ္ခန္းပင္ မထားၾကေပ။

အိမ္ေတာ္ထိန္းနဲ႕ တျခားအကူမ်ားသည္လည္း အိမ္မႀကီးတြင္လည္း မအိပ္ၾက။ တျခား ညီငယ္မ်ားကလည္း အိပ္ေပ်ာ္ေနၾကၿပီ ျဖစ္တာေၾကာင့္ Seokjin ထိုအခန္းကို ကိုယ္တိုင္ ဝင္ဖို႔သာ ဆုံးျဖတ္လိုက္သည္။

တံခါးေလးကို ဟၿပီးဝင္လာေတာ့ ငိုေနေသာ ကေလးေလးဟာ ဘယ္ေလာက္ ၾကာၿပီမသိ၊ အသားမ်ားပင္ ရဲေနေလသည္။
Seokjin လည္း တစ္ခါမွ မခ်ီဖူးေသာ ကိုယ္ငယ္ေလးကို မရဲတရဲ ေကာက္ေပြ႕လိုက္ေတာ့ လက္ထဲပါလာတဲ့ ကေလးက အခုမွ အားကိုးရာ ရသြားသည့္နယ့္ အသံေလး တိတ္ၾကသြားသည္။ သိူ႕ေသာ္ ရွိုက္သံေလးေတြကေတာ့ ထြက္ေနဆဲ....

Seokjinသည္ ကေလးေလးကို သူ႕ကုတင္ေပၚသိူ႕သာ ေခၚသိပ္လိုက္ရင္း ရင္ဘတ္ေလးေပၚ ေစာင္ေလးေတြ ဖိေပးၿပီး ျဖည္းျဖည္းေလး ပုတ္ကာ ပုတ္ကာ ေခ်ာ့သိပ္လိုက္ေတာ့ ခဏေလးအတြင္း ျပန္အိပ္ေပ်ာ္သြားခဲ့သည္။

ကေလးငယ္ေလးကို တစိမ့္စိမ့္ ၾကည့္ရင္း သူ႕စိတ္ထဲ တစ္မ်ိဳးႀကီး ခံစားေနရသည္။ 10ႏွစ္နီးပါးအ႐ြယ္ သူ႕အဖိူ႕ ေသဆုံးျခင္းအေၾကာင္း သိထားေနၿပီးေသာ္လည္း ေမေမသည္ အငယ္ဆုံးေလးကို ေမြးလိုက္ရတာေၾကာင့္ ေသသြားရသည္ဟုသာ သူစြဲမွတ္ၿပီး ကေလးေလးကို မမုန္းေသာ္လည္း လ်စ္လ်ဴရႈထားခဲ့မိသည္။
သူ အခု ေတြးၾကည့္မိေတာ့ သူသည္သာလွ်င္ အခု အ႐ြယ္ထိ မိဘရဲ႕ ႏြေးေထြးမႈကို ရရွိခဲ့ေသာ္လည္း ကေလးေလးသည္ ေမြးကာစကပင္ ဖခင္ရဲ႕ ခ်ီျခင္းကိုေတာင္ မခံခဲ့ရ။
တျဖည္းျဖည္း နားလည္လာတဲ့ သူ႕စိတ္ေလးအရ kookieေလးကို အခုမွစၿပီး ခ်စ္ေပးဖို႔နဲ႕ ဒီေန႕မွစကာ ႏုနယ္ေသးေသာ ကေလးငယ္ေလးကို သူ႕အခန္းမွာသာ အၿမဲ ေခၚသိပ္ဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

:::::::::::::::::::::::: :::::::::::::::::::: :::::::::::::::::::::::::::::::
(A/N - ပ်င္းစရာ ေကာင္းသြားလား😁 အစပိုင္းရွိေသးတာမိူ႕ ေစာင့္ၾကည့္ေပးပါအုံးေနာ္ ဇာတ္လမ္းေလးက ေပါ့ေပါ့ပါးပါးေလးနဲ႕ သြားမွာပင္မယ့္ dramaေလးေတြလည္း ညွပ္ထားပါတယ္လို႔ မွတ္မိၾကမလား မသိေပမဲ့ ကိုယ္က bottomkook-vkook (only then)ေရးတဲ့ သာသာပါ ဖုန္းေပ်ာက္သြားလိူ႕ gmailေတြလည္း ျပန္ရွာမရနဲ႕ အေကာင့္ေတြလည္း အကုန္ ဝင္မရလို႔ accအသစ္နဲ႕ အခုမွ ေပၚလာရျခင္းပါ၊ Only Thenေလးလည္း ဖတ္ခ်င္ၾကေသးရင္ အဆူံးသတ္ေပးပါမယ္။ အခုမွ နလန္ျပန္ထူစမိူ႕ အားေပးၾကပါအုံးေနာ္ အမ်ားႀကီး ႀကိဳးစားပါ့မယ္ရွင့္)

You can read "Only Then" in this acc - @myatnoeyate

Continuar a ler

Também vai Gostar

1M 38.2K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
1.2M 51.3K 97
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
159K 5.7K 91
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
719K 16.1K 44
In wich a one night stand turns out to be a lot more than that.