Unicode
ရိပေါ်ကမနက်စောစောနိုးတတ်တဲ့သူမို့ အခုလဲမနက်၆နာရီပဲရှိသေးတယ်နိုးလာသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှောင်းကျန့်ကသူ့လက်မောင်းပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတယ်။ မနေ့ညကလဲ လက်ကျဉ်လာတာမို့ ရှောင်းကျန့်ခေါင်းကို သူ့လက်မောင်းပေါ်ကဖယ်မလို့လုပ်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီး သူ့ကိုချမ်းလို့ထင် အတင်းဖက်နေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်မှာရှောင်းကျန့်ခေါင်းကိုမဖယ်နိုင်တော့။ ဒီလိုနဲ့ရိပေါ်မှာကောင်းကောင်းမအိပ်နိုင် လက်ကျဉ်နေတာကြောင့် ခနခနနိုးနိုးလာသည်။ အခုတော့ သူ့လက်ကရှိသေးရဲ့လားလို့တောင်တွေးမိတယ်၊ သူ့လက်တစ်ဖက်လုံး ထုံတောင်ထုံနေပြီ။ ရိပေါ်ရှောင်းကျန့်ဘက်ကိုမျက်နှာမူထားရာကနေ ပက်လက်လှန်လိုက်သည်။
ဒီနေ့ရိပေါ် ဟောပြောပွဲကိုသွားတက်ရမည်။ အခုဟောပြောပွဲကပွဲသေးလေးပဲမဟုတ်၊ မြို့နယ်ငါးမြို့နယ်စုပြီးလုပ်တာကြောင့် ဟောပြောပွဲကကြီးသည်။ ငါးမြို့နယ်လုံးကမြို့သူမြို့သားတွေလဲလာကြမှာ၊ မြို့ပိုင်မင်းတွေဟောပြောပွဲနဲ့အတူ စာပေေဟာပြောပွဲပါရှိတာကြောင့် ပွဲကြာချိန်က မနက်၈နာရီကနေ နေ့ခင်း၂နာရီလောက်ထိရှိနေသည်။ ရိပေါ်ကတော့နေ့ခင်းအထိမနေပဲ နေ့လည်၁၂နာရီလောက်ဆိုပြန်မလို့စဉ်းစားထားတယ်။
ရှောင်းကျန့်သာခနနေမနိုးရင် သူတော့ဟောပြောပွဲနောက်ကျနိုင်သည်။ ရိပေါ်ဘေးကိုခေါင်းစောင်းကြည့်လိုက်တော့ ရှောင်းကျန့်ကလှုပ်ရွရွဖြစ်လာသည်။ နိုးပြီလား အခုမှစောသေးတာကို!
ရှောင်းကျန့်ကနိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ရိပေါ်ကသူ့ကိုေခါင်းေစာင်းကာငုံ့ကြည့်နေသည်။ ရှောင်းကျန့်လဲကြောင်ကြည့်နေတုန်း ရိပေါ်ဆီကအသံထွက်လာတယ်။
"နိုးပြီဆိုလဲထတော့ ကျုပ်လက်တစ်ဖက်လုံးထုံတောင်နေပြီ"
"ဟမ်.."
ရှောင်းကျန့်ကြောင်တောင်တောင်နဲ့ ခေါင်းကိုထောင်ပေးလိုက်တော့ ရိပေါ်ကရှောင်းကျန့်ခေါင်းအောက်ကသူ့ရဲ့လက်ကိုထုတ်လိုက်ပြီး ထထိုင်ကာ လက်ကိုသူ့ဘာသာနှိပ်နေသည်။ လက်ကိုတစ်ချက်ခါလိုက်ပြီး မတ်တပ်ရပ်ကာ သူ့ကိုကြောင်ကြည့်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး
"ပြန်အိပ်ချင်အိပ်ဦးလေ စောသေးတယ် ခုမှ၆နာရီပဲရှိသေးတာ တော်ကြာအိပ်ရေးမဝလို့မလန်းပဲနေဦးမယ်"
ရှောင်းကျန့်ကခေါင်းငြိမ့်ပြလိုက်တော့ ရိပေါ်လဲ တဘက်ယူကာ ရေချိုးခန်းထဲဝင်သွားသည်။ ရှောင်းကျန့်ပြန်လဲအိပ်မပျော်တော့ပါ၊ ဒီနေ့ဘာမှလုပ်စရာလဲမရှိ ဒီမှာဘာတွေလုပ်ပြီးနေရမှန်းလဲသူမသိသေး။ ရှောင်းကျန့်အိပ်နေရာကထထိုင်လိုက်ပြီး ပွနေတဲ့စောင်နှစ်ထည်ကိုသေချာခေါက်လိုက်ပြီး အိပ်ရာကိုသေချာပြန်ပြင်ကာ ဝရံတာမှာထွက်ပြီးရပ်နေလိုက်သည်။ နေထွက်ပြီးတာမကြာသေးတာမို့ အအေးဓာတ်လေးနဲ့အတူအနွေးဓာတ်လေးကိုလဲခံစားနေရသည်။ ရှောင်းကျန့်ခြံထဲကိုကြည့်မိတော့ အလုပ်သမားများက ခြံထဲမှာသူ့အလုပ်နဲ့သူရှုပ်နေကြတယ်။
ရိပေါ်ရေချိုးခန်းထဲကထွက်လာတော့ အိပ်ရာကိုအရင်ဆုံးကြည့်မိသည်။ အိပ်ရာကသိမ်းပြီးသားဖြစ်နေတာမို့ နည်းနည်းတောင်ထူးဆန်းသွားတယ်။ အရင်ကဆိုရှောင်းသခင်လေးကအိပ်ရာကနိုးတာနဲ့တန်းပြီးရေချိုးတာပြီးတာနဲ့အပြင်ထွက်သွားတော့တာပဲ။ အခုတော့အိပ်ရာတောင်သိမ်းထားသေးသည်။ လူကိုလိုက်ရှာကြည့်တော့ ဝရံတာမှာရပ်ပြီးခြံထဲကိုငေးနေသည်။ ရိေပါ်လဲခန္ဓာကိုယ်ကရေစက်တွေကိုစင်အောင်သုတ်လိုက်ပြီး အဝတ်ဗီရိုကိုဖွင့်ကာအဝတ်အစားလဲပြီးတာနဲ့ ရှောင်းကျန့်နားကိုသွားလိုက်ပြီး
"ရှောင်းသခင်လေး ပြန်မအိပ်တော့ဘူးလား"
ရှောင်းကျန့်ခြံထဲကအလုပ်ရှုပ်နေတဲ့အလုပ်သမားတွေကိုငေးနေရာကနေအနောက်ကအသံကြောင့်လှည့်ကြည့်လိုက်တယ်။ ရိပေါ်ရဲ့အမေးစကားကြောင့်ရှောင်းကျန့်ကခေါင်းခါပြလိုက်ပြီး
"ဟင့်အင်း မအိပ်ချင်တော့လို့"
ရိပေါ်ကလဲပြန်ခေါင်းငြိမ့်ပြလိုက်ပြီး
"အင်း အဲဒါဆိုရေချိုးလိုက်ဦးလေ"
"ဟုတ်ကဲ့ ဒါနဲ့အိမ်ကလူ.."
လှည့်ထွက်သွားတော့မယ့်ရိပေါ်ကိုရှောင်းကျန့်က ရိပေါ်ရဲ့လက်ကိုလှမ်းဆွဲပြီး
"ဒီနေ့ရောအားလား"
ရှောင်းကျန့်ရိပေါ်ကိုမတွယ်ကပ်နေချင်ပါ၊ ဒါပေမယ့်လဲသူတစ်ယောက်ထဲလဲ ဘယ်မှသွားဖို့အဆင်မပြေသေးတာမို့ ရိပေါ်နောက်လိုက်ရင်းပဲလေ့လာရဦးမှာလေ။
ရိပေါ်ရှောင်းကျန့်ရဲ့ပြောလာတဲ့စကားကြောင့် မျက်ခုံးပင့်မိသွားသည်။ ဒီနေ့လဲသူ့နောက်လိုက်ဦးမယ်လို့တော့မပြောဘူးမလား! ပြောလာလဲခေါ်သွားလို့တော့ရတာပဲလေ။
"ဘာလို့လဲ?"
"ဟိုလေ ကျွန်တော်အိမ်မှာမနေချင်လို့ အဲဒါ.."
"ဟက် ရှောင်းသခင်လေး ခဗျားအိမ်မှာမနေချင်တာကျုပ်သိသားပဲ ဘာလို့အထူးတလည်ကျုပ်ကိုပြောနေတာလဲ"
ရိပေါ်ရှောင်းကျန့်ရဲ့စကားကြောင့် နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်မိသွားတယ်။ ရိပေါ်မျက်မှောင်ကြုံ့သွားတာကိုရှောင်းကျန့်ကသတိထားမိတော့
"ဟိုကျွန်တော်ပြောချင်တာ အိမ်မှာနေရတာလဲပျင်းလို့လေ အိမ်မှာရှိတဲ့လူတွေအကုန်လုံးကသူ့အလုပ်နဲ့သူဆိုတော့ ကျွန်တော်ပျင်းလို့ပါ အဲဒါကြောင့် အိမ်ကလူအပြင်သွားရင်လမ်းကြုံလိုက်ခဲ့ချင်လို့"
တကယ်တော့ရှောင်းကျန့်ကလမ်းကြုံလိုက်ချင်တာမဟုတ်ပါဘူး၊ ရိပေါ်နောက်ကိုလိုက်ချင်တာ။ ဒါမယ့်ရှောင်းကျန့်လဲဒီလိုအမြဲလိုက်ကပ်နေလို့မှမရတာ၊ ရိပေါ်လဲသူ့ကိစ္စနဲ့သူရှိမှာပေါ့။ အရင်ကတော့သူကိုယ်တိုင်ပဲဝင်မရှုပ်ဖို့ပြောထားပြီး အခုမှသူကိုယ်တိုင်ကပဲဝင်ရှုပ်နေတာတော့ အဆင်မပြေဘူးမလား။ အဲဒါကြောင့်သူပြောချင်တဲ့စကားကိုပြောင်းပြောလိုက်ရတယ်။ ရိပေါ်ကရှောင်းကျန့်ရဲ့ေဖြရှင်းသံကိုကြားတော့မှသက်ပြင်းချလိုက်ပြီး
"ဟင်းး လိုက်ခဲ့လို့တော့ရပါတယ် ဒါနဲ့ခဗျားကားကဘာဖြစ်လို့လဲ မစီးချင်တော့လို့လား အဲကားကခဗျားဝယ်ထားတာမကြာသေးဘူးမဟုတ်လား"
"အင်း ဟုတ်တယ် မစီးချင်တော့လို့"
တကယ်တော့ရှောင်းကျန့်ကကားမမောင်းတတ်တာပါ။ အဲဒါကြောင့်မို့ ရိပေါ်ရဲ့စကားနောက်ကိုပဲအဆင်ပြေသလိုလိုက်ရတာပေါ့။
ရှောင်းကျန့်တို့ မနက်စာစားပြီးတာနဲ့ ရိပေါ်နဲ့အတူမြို့ထဲကိုလိုက်သွားလိုက်သည်။ ရိပေါ်ကမြို့ထဲရောက်တော့ ကားကိုလမ်းဘေးကပ်ရပ်လိုက်ပြီး ရှောင်းကျန့်ကိုကြည့်ကာ
"ဒီမှာဆင်းမလား ခဗျားသူငယ်ချင်းဆိုင်ကိုပဲပို့ေပးခဲ့ရမလား"
ရှောင်းကျန့် မန်ထယ်ဆိုင်ကိုတော့မသွားချင်၊ မနေ့ညကပါတီမလာတာကိုပေါက်ပေါက်ဖောက်မှာဆိုးတာကြောင့် ဒီမှာဆင်းနေခဲ့ဖို့စဉ်းစားလိုက်သည်။
"ရပါတယ် ဒီမှာပဲဆင်းလိုက်တော့မယ် အခုအိမ်ကလူကရုံးကိုပဲသွားမှာပေါ့"
"မဟုတ်ဘူး ဟောပြောပွဲသွားရမှာ ၈နာရီတောင်ထိုးတော့မှာပဲ"
ရိပေါ်ကရှောင်းကျန့်ကိုပြောရင်း သူ့လက်မှာပတ်ထားတဲ့နာရီကိုကြည့်ကာ ကိုယ့်ဘာသာရေရွတ်သည်။
"၈နာရီပွဲစမှာလား"
"ဟုတ်တယ်"
"ဘယ်ချိန်ထိလဲ"
ရှောင်းကျန့်က ရိပေါ်ပြန်ချိန်သူလဲအိမ်ပြန်လိုက်လို့ရအောင်မေးလိုက်သည်။ ရိပေါ်ကသူ့ကုိတစ်ခုစီလိုက်မေးနေတဲ့ရှောင်းကျန့်ကြောင့် အခုမှလင်မယားနဲ့ေတာင်တူနေသယောင်၊ ရိပေါ်ကျိတ်ပြုံးလိုက်သည်။
"နေ့ခင်း၂နာရီထိ ကျုပ်တော့၁၂ပြန်မယ်စဉ်းစားထားတယ် အိမ်တော့မပြန်သေးဘူး ကျုပ်ရုံးမှာလုပ်စရာလေးရှိသေးလို့"
ရိပေါ်လဲပြောပြလိုက်တော့ ရှောင်းကျန့်ကခေါင်းလေးငြိမ့်ပြပြီး
"ဒါဆိုညနေစောင်းမှပြန်မယ်ပေါ့"
ရှောင်းကျန့်ရဲ့အပြောကိုရိပေါ်ကခေါင်းငြိမ့်ပြကာထောက်ခံသည်။ ရှောင်းကျန့်ကသူ့လက်ကပတ်ထားတဲ့နာရီကိုကြည့်လိုက်ပြီး
"ဒါဆိုလဲ ညနေ၄နာရီဒီနားမှာပဲစောင့်နေမယ် အပြန်လာကြိုပေါ့"
"ဟမ်.."
ရိပေါ်ကအံ့ဩသလိုနဲ့ပြန်မေးလာတာမို့
"မကြားလိုက်လို့လား"
ရိပေါ်ကခေါင်းခါပြပြီး
"ကြားပါတယ်"
"အဲဒါဆိုညနေကြမှတွေ့မယ်လေနော်"
ရှောင်းကျန့်ကလက်ပြပြီးကားပေါ်ကဆင်းသွားသည်။ ပလက်ဖောင်းပေါ်တက်သွားကာ တစ်ခုခုသတိရသွားဟန်နဲ့ ရိပေါ်ရဲ့ကားမှန်ကိုတစ်ချက်ခေါက်က လက်ပြ၍မှန်ကိုအောက်ချခိုင်းသည်။ ရိပေါ်မှန်ကိုအောက်ချလိုက်တော့ ရှောင်းကျန့်ကပြုံးပြပြီး
"ကားကိုဂရုစိုက်မောင်းဦးနော်"
ရိပေါ်လဲကြောင်တောင်တောင်နဲ့ခေါင်းငြိမ့်ပြလိုက်တော့ ရှောင်းကျန့်ကပြုံးကာ ထွက်သွားသည်။ ရိပေါ်လဲတစ်ချက်ပြုံးလိုက်ပြီး သူ့လိုရာခရီးဆီစထွက်သွားတော့သည်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ရှောင်းကျန့်တစ်မနက်လုံး မြို့ထဲကလမ်းတွေဆီလျောက်သွားပြီး ဟိုဟိုသည်သည်လိုက်ကြည့်နေသည်။ ရေဗူးတစ်ဗူးကိုလက်ကဆွဲကာ တွေ့သမျှလမ်းတိုင်းကိုလျောက်ဝင်ကြည့်နေတာ၊ လမ်းတွေမေ့သွားမှာဆိုးတာကြောင့် တော်တော်လေးတော့မှတ်ထားရတာပေါ့။ တစ်မနက်လုံးေခြလျင်လျောက်နေတာမို့ ခြေထောက်ကအတော်လေးညောင်းနေပြီ။ ရှောင်းကျန့်လျောက်နေရင်း လမ်းမှာပေါင်မုန့်ဆိုင်တစ်ဆိုင်တွေ့တာမို့ ဆိုင်ထဲဝင်ပြီး ပေါင်မုန့်ဝယ်စားကာ ခနထိုင်နေလိုက်တယ်။
ရှောင်းကျန့်ပေါင်မုန့်စားနေရင်း အပြင်ဘက်ကိုကြည့်မိတော့ ကလေးလေးနှစ်ယောက်။ ဟောင်းနွမ်းနေတဲ့အဝတ်အစားကိုဝတ်ဆင်ထားပြီး မျက်နှာကလဲအနည်းငယ်ညစ်ပတ်ပတ်။ အကိုဖြစ်ဟန်တူတဲ့ကောင်လေးက ငါးနှစ်အရွယ်လောက်သာရှိသေးတဲ့ကလေးမလေးလက်ကိုဆွဲထားပြီး နှစ်ယောက်သားဆိုင်ထဲကိုကြည့်နေသည်။ ကလေးမလေးက ဗိုက်ဆာနေပုံနဲ့ဗိုက်ကိုလက်ကကိုင်လိုက်ပြီး ကောင်လေးကိုကြည့်ကာစကားလှမ်းပြောသည်။ ရှောင်းကျန့်သိချင်စိတ်ဖြင့် အပြင်ကိုထွက်လာလိုက်တယ်။ ကလေးနှစ်ယောက်ရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး
"ကလေးတို့ ဗိုက်ဆာလို့လား"
ရှောင်းကျန့်ရဲ့အမေးကို အငယ်မလေးကမြန်မြန်ဆန်ဆန်ပဲ ခေါင်းငြိမ့်ပြသည်။ အကြီးကောင်လေးကသူ့ညီမကိုကြည့်ပြီး ရှောင်းကျန့်ကိုကြည့်ကာ
"ဗိုက်ဆာလဲ သားတို့မှမဝယ်စားနိုင်တာ ပိုက်ဆံကမရှိဘူးလေ"
"မင်းတို့မေမေကဝယ်မကျွေးဘူးလား"
"ဟင့်အင်း သားတို့မှာမေမေမရှိဘူး"
"ဟင် ဒါဆိုဖေဖေရော"
"ဖေဖေလဲမရှိဘူး သားတို့ကမိဘမဲ့ဂေဟာမှာနေကြတာ"
"အခုဘာလို့အပြင်ရောက်နေတာလဲ"
"သားတို့ထွက်ပြေးလာတာ မိဘမဲ့ဂေဟာကပိုင်ရှင်ကညီမလေးကိုရောင်းစားဖို့ကြံနေကြတယ်လေ"
ရှောင်းကျန့်မျက်မှောင်ကြုတ်သွားတယ်၊ သူဒါမျိုးတွေအနည်းငယ်ကြားဖူးနေတယ်။ ကလေးတွေကိုမွေးပေးထားသလိုလိုနဲ့ တကယ်ကြတော့ ကလေးတွေကိုရောင်းစားနေကြတာ။
"သားအသက်ဘယ်နှနှစ်ရှိပြီလဲ ညီမလေးအသက်ကကော"
"၁၂နှစ်ပါ ညီမလေးက၅နှစ်ရှိပြီ"
ကျောင်းတက်ရမယ့်အရွယ်လေးတွေ ခုလိုလမ်းမှာလျောက်သွားနေတာမြင်ရတာရှောင်းကျန့်တကယ်ကိုစိတ်မကောင်း။ ဒီကလေးနှစ်ယောက်ကို ကူညီပေးဖို့ ရိပေါ်ကိုပြောကြည့်ရမယ်လို့ သူတွေးလိုက်သည်။
ရှောင်းကျန့်ကကလေးနှစ်ယောက်ကိုကြည့်ပြီး
"ဗိုက်ဆာနေပြီမလား ကိုကိုဝယ်ကျွေးမယ် လာခဲ့"
ရှောင်းကျန့်ကကလေးနှစ်ယောက်ကို လက်ဆွဲကာအထဲခေါ်သွားဖို့လုပ်ပေမယ့် ကလေးနှစ်ယောက်ကမလိုက်ဘူးလို့ငြင်းတာကြောင့် မေးကြည့်လိုက်တော့ ဒီဆိုင်ကဦးလေးကသူတို့နှစ်ယောက်ကိုမောင်းထုတ်ဖူးသည်တဲ့လေ၊ ကလေးနှစ်ယောက်ကကြောက်တာမို့မလိုက်ချင်ကြလို့ သူကပဲပေါင်မုန့်ဝင်ဝယ်လိုက်သည်။ သူလက်ထဲမုန့်အပြည့်နဲ့ပြန်ထွက်လာတော့ ကလေးနှစ်ယောက်ရဲ့မျက်လုံးလေးတွေကလက်လို့။ ရှောင်းကျန့်ကလေးနှစ်ယောက်ရှေ့ပြန်ထိုင်လိုက်ပြီး မုန့်ထုတ်ကာကျွေးလိုက်သည်။ ကလေးနှစ်ယောက်ကအားရပါးရစားနေတာကို ရှောင်းကျန့်ပြုံးပြုံးလေးထိုင်ကြည့်နေမိသည်။ သူဒီလိုမျိုးကူညီလိုက်လို့တစ်ဖက်ကအဆင်ပြေသွားရင် သူကတအားပျော်တာလေ။
ရှောင်းကျန့်ဆောင့်ကြောင့်ထိုင်ကာ ကလေးတွေကိုမုန့်ကျွေးနေတာကို တစ်ဖက်ကားပေါ်ကမြင်သွားတဲ့အမျိုးသမီးတစ်ယောက်ကအံ့ဩမှုတွေနဲ့။ ထိုအမျိုးသမီးကကားပေါ်ကဆင်းလာတော့ ဘေးကနေအမျိုးသားတစ်ယောက်ကလဲလိုက်ပါလာသည်။ ထိုအမျိုးသမီးရှောင်းကျန့်နားရောက်တော့ နှစ်လိုဖွယ်အသံလေးနဲ့ခေါ်လိုက်သည်။
"ရှောင်းကျန့်"
ရှောင်းကျန့်သူ့နာမည်ကိုအမျိုးသမီးတစ်ယောက်ခေါ်လိုက်တဲ့အသံကြားတာမို့ ဘေးကိုမော့ကြည့်လိုက်တော့ ပိန်ပိန်သေးသေး ခန္ဓာကိုယ်လှလှ ရုပ်ရည်ချောမောတဲ့ အမျိုးသမီးငယ်လေးဖြစ်နေသည်။ သူ ထိုအမျိုးသမီးကိုမသိတာမို့ သေချာကြည့်နေမိသည်။ ထိုအမျိုးသမီးကိုကြည့်နေရင်းပဲ ထိုအမျိုးသမီးရဲ့ပုခုံးကိုဖက်ထားတဲ့လက်တစ်စုံကြောင့် အမျိုးသမီးရဲ့ဘေးကိုကြည့်မိတော့ စတိုင်ကျပြီးခန့်ညားတဲ့အမျိုးသားတစ်ယောက်။ သူတို့ကဘယ်သူတွေလဲ ဘာကိစ္စသူ့ကိုလာကြည့်နေကြတာလဲ?
ရှင်းရုံ ကလေးတွေကိုရှောင်းကျန့်မုန့်ဝယ်ကျွေးနေထဲက တွေ့လိုက်တာ။ ရှောင်းကျန့်လိုမောက်မာပြီးအဆင့်အတန်းခွဲခြားလွန်းတဲ့သူက အခုလိုကလေးတွေကိုမုန့်ဝယ်ကျွေးပြီး ပီတိပြုံးတွေပြုံးနေတာ တကယ်ကိုမယုံနိုင်စရာပဲ။ ရှင်းရုံသူ့ဘေးကသူ့ချစ်သူကိုကြည့်တော့လဲ သူ့လိုမယုံနိုင်တဲ့မျက်ဝန်းတွေနဲ့။ ဒါနဲ့သူတို့နှစ်ယောက်ရှောင်းကျန့်ဆီကိုလာလိုက်ကြတာ။ ရှင်းရုံရှောင်းကျန့်ကိုခေါ်လိုက်တော့ ရှောင်းကျန့်က သူတို့ကိုတစ်ခါမှမတွေ့ဖူးမမြင်ဖူး မသိတဲ့သူတွေကိုကြည့်တဲ့ မျက်လုံးတွေနဲ့စိုက်ကြည့်နေတာမို့ နည်းနည်းတောင်အံ့ဩသွားတယ်။ သူတို့လူများမှားတာလား?
"ရှောင်းကျန့် ဘာကြည့်နေတာလဲ?"
တစ်ဖက်ကမိန်းကလေးကမေးလာတာမို့ ရှောင်းကျန့် မတ်တပ်ရပ်လိုက်သည်။ သေချာပေါက်သူ့ကိုသိတဲ့လူတွေပဲ၊ သူကတချို့တလေသာသိသေးတာမို့ အတော်တော့အခက်တွေ့တယ်။ ရှောင်းကျန့်မျက်နှာပျက်နေတုန်း တစ်ဖက်အမျိုးသားဆီကအသံထွက်လာတယ်။
"ရှင်း မင်းသူငယ်ချင်းကမင်းကိုမေ့သွားတာထင်တယ် ဟဟ"
ထိုအမျိုးသားရဲ့ရယ်သံနှောပြီး ခပ်နောက်နောက်စကားက ရှင်းရုံအတွက်တော့ရယ်စရာဖြစ်သွားပေမယ့် ရှောင်းကျန့်အတွက်ကအကူအညီရလိုက်တာပဲ။ ရှင်းဆိုတာရယ် သူငယ်ချင်းဆိုတာရယ်ကြောင့် ရှင်းရုံကလွှဲပြီးဘယ်သူဖြစ်ဦးမှာလဲ။ ရှောင်းကျန့်အတတ်သိသွားတော့မှ အသက်ရှူချောင်သွားပြီး ရှေ့ကရယ်နေကြတဲ့နှစ်ယောက်နဲ့ ရောပြီးပြုံးနိုင်တော့တယ်။ အရင်ရှောင်းကျန့်ကြိုက်လဲကြိုက်ချင်စရာ ရှင်းရုံကလှလဲလှသလို ချစ်စရာလဲကောင်းတဲ့အပြင် အသံလေးကလဲချစ်စရာလေး။ ရှောင်းကျန့်ပြုံးတော့မှ ရှင်းရုံကပြောလာသည်။
"ငါနိုင်ငံခြားခရီးထွက်သွားတာသုံးလထဲပါဟ"
"ဒါမယ့် မင်းသူငယ်ချင်းတွေကို မင်းတစ်ပတ်လို့ပြောပြီးသွားတာလေ"
အရှေ့ကနှစ်ယောက်ကသူတို့ဟာသူတို့ပြောချင်ရာပြောနေကြပြီး ရယ်နေကြတာကို ရှောင်းကျန့်ကပြုံးစိစိနဲ့ပဲလိုက်ကြည့်နေလိုက်သည်။ ရယ်စရာလဲမပါပဲ အတွဲတွေပလီပလာနဲ့!
ရှောင်းကျန့် သူတို့နှစ်ယောက်ကိုလိုက်ကြည့်နေတာမို့ အရှေ့ကနှစ်ယောက်ကအရယ်ရပ်သွားပြီး ရှင်းရုံကရှောင်းကျန့်ကိုအတည်ပေါက်နဲ့မေးလာသည်။
"ရှောင်းကျန့်နင်ကလေးတွေကိုမုန့်တကယ်ဝယ်ကျွေးနေတာလား"
ရှင်းရုံကကလေးနှစ်ယောက်ကိုကြည့်ပြီးမေးလာတော့ ရှောင်းကျန့်ကလဲကလေးနှစ်ယောက်ကိုကြည့်လိုက်သည်။ ကလေးနှစ်ယောက်ကပေါင်မုန့်လေးစားရင်း ရှောင်းကျန့်တို့ကိုမော့ကြည့်နေသည်။ ရှောင်းကျန့်ပြုံးပြီး အငယ်မလေးရဲ့ခေါင်းလေးကိုပွတ်ပေးလိုက်ကာ ရှင်းရုံရဲ့အမေးကိုဖြေသည်။
"အင်းလေ သူတို့ဗိုက်ဆာနေကြတာ"
ရှောင်းကျန့်ရဲ့ပီတိအပြုံးလေးတွေကိုကြည့်ပြီး ရှင်းရုံကလဲလိုက်ပြုံးတယ်။
"နင်ကဒီလိုပုံစံမျိုးနဲ့လဲ ကြည့်ကောင်းနေတာပဲနော်"
ရှင်းရုံပြောချင်တဲ့အဓိပ္ပာယ်ကရှင်းပါတယ်။ အရင်ရှောင်းကျန့်ကမကောင်းတဲ့ကောင်ဖြစ်နေပေမယ့်လဲ အမြဲကြည့်ကောင်းပြီးခန့်ညားတယ်။ အခုလိုတစ်ဖက်ကိုကူညီစိတ်လေးနဲ့ကူညီနေလဲ ကြည့်ကောင်းနေတာပဲ။ ရှောင်းကျန့်ကဘယ်လိုစိတ်မျိုးနဲ့ဖြစ်ဖြစ် ကြည့်ကောင်းနေတာပါပဲ။
ရှင်းရုံရဲ့စကားကိုရှောင်းကျန့်ကခေါင်းလေးငုံ့ကာပြုံးတယ်။ ဒီစကားကပထမဆုံးသူ့ကိုရည်ညွှန်းလိုက်တဲ့စကားမလား။
"ငါကနင်ကလေးတွေကို ပေါင်မုန့်ဝယ်ကျွေးတာမြင်တော့ထူးဆန်းလို့ လာကြည့်တာ ကားရော"
ရှင်းရုံကဘေးဘီကိုကြည့်ပြီးမေးလာသည်။
"မပါဘူး အိမ်ကလူလာကြိုမှာ"
ရှောင်းကျန့်ရဲ့လွှတ်ခနဲထွက်သွားတဲ့နာမ်စားကိုအရှေ့ကနှစ်ယောက်လုံးကမျက်မှောင်ကြုတ်တယ်။ အဲတော့မှရှောင်းကျန့်ကပြန်ဖြည့်ပြောသည်။
"မြို့ပိုင်မင်းဝမ်ကိုပြောတာ"
"အာ.."
ရှင်းရုံကပိုပြီးတောင်အံ့ဩနေပေမယ့် ဘာမှတော့ထုတ်မမေးတော့။
"နင်ကဘယ်ကိုလာတာလဲ"
ရှောင်းကျန့်ကမေးလိုက်တော့
"ဒီဘက်မှာအသိကိုလာတွေ့တာ"
"အော်.."
ရှောင်းကျန့်ကလဲဘာမှမပြောတော့တာမို့
"အဲဒါဆို ကျုပ်တို့ပြန်ဦးမယ်လေ ရှောင်းသခင်လေးကမြို့ပိုင်မင်းကိုပဲစောင့်မယ်မလား လိုက်ပို့ပေးရဦးမလား"
"ရပါတယ် မြို့ပိုင်မင်းကိုစောင့်လိုက်မယ်"
"ဟုတ်ကဲ့ ဒါဆိုသွားပါဦးမယ်"
"သွားပြီရှောင်းကျန့်"
ရှင်းရုံတို့အတွဲကနှုတ်ဆက်ပြီးပြန်သွားပြီ။ ရှောင်းကျန့်လက်ကပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့ နေ့ခင်းသုံးနာရီဆိုတဲ့အချိန်ကိုပြနေသည်။ ခနနေရင်ညနေလဲစောင်းတော့မှာမို့ သူလမ်းထဲကနေ မြို့ထဲကိုပြန်ထွက်ဖို့တွေးလိုက်သည်။ ကလေးနှစ်ယောက်ကိုလဲပြန်ကြည့်ကာ
"သားတို့ ကိုကို့ကိုယုံလား"
ကလေးနှစ်ယောက်ကခေါင်းငြိမ့်ပြလာတာမို့ သူကကလေးနှစ်ယောက်ကိုပြုံးပြလိုက်ပြီး လက်တစ်ဖက်စီကိုဆွဲကာ မြို့ထဲကိုပြန်ထွက်ခဲ့လိုက်သည်။ ရှောင်းကျန့်အလာတုန်းက ရိပေါ်ချပေးခဲ့တဲ့နေရာကိုသေချာမေးမြန်းပြီးမှတ်ထားတာမို့ အဲ့နေရာကိုပြန်လာကာ ရပ်စောင့်နေလိုက်သည်။ ရှောင်းကျန့်ကလေးေတွနဲ့ စကားတစ်ေပြာပြောနဲ့ရပ်စောင့်နေလိုက်တာဘယ်လောက်ကြာနေမှန်းတောင်မသိ၊ နာရီကိုပြန်ကြည့်လိုက်တော့ ညနေ၅နာရီထိုးခါနီးနေပြီ။ နောက်ကျနေပြီမဟုတ်လား၊ အိမ်ကလူကသူ့ကိုလာခေါ်ဖို့မေ့သွားတာတော့မဟုတ်ဘူးမလား!
နောက်ဆယ်မိနစ်လောက်ကြာတော့ ရိပေါ်ရောက်လာသည်။ ကားကိုလမ်းဘေးအမြန်ထိုးရပ်ပြီး ကားပေါ်ကဆင်းကာရှောင်းကျန့်ရှေ့ကိုလာရပ်ပြီး
"ရှောင်းသခင်လေး ကျုပ်တောင်းပန်ပါတယ် ၃နာရီခွဲလောက်ထဲကထွက်လာမလို့ကို ဟိုလူကြီးတွေအတင်းဆွဲပြီးနေ့လည်စာလိုက်ကျွေးနေတာနဲ့နောက်ကျသွားတာရယ်"
ရှောင်းကျန့်လဲသူ့ကိုရှင်းပြနေတဲ့ရိပေါ်ကိုပြုံးသာပြလိုက်သည်။ သူ့ကိုမေ့ပြီးမထားခဲ့တာပဲ ကျေးဇူးတင်နေပြီ။
"ရပါတယ် ကိစ္စမရှိပါဘူး ကျွန်တော်ကအိမ်ကလူကျွန်တော့်ကိုမေ့သွားပြီထင်နေတာ"
*ခဗျားကိုဘယ်တော့မှမမေ့့ပါဘူး* ဒီစကားကိုရိပေါ်စိတ်ထဲကနေသာပြောလိုက်တယ်။
"အော် အိမ်ကလူ ကျွန်တော်ပြောစရာရှိသေးတယ်"
"ပြောလေ"
"ဒီကလေးနှစ်ယောက်လေအငယ်လေးကို မိဘမဲ့ဂေဟာကပိုင်ရှင်ကရောင်းစားမလို့လုပ်နေတာတဲ့ အဲဒါကြောင့်သူ့အကိုကသူ့ညီမလေးကိုခေါ်ပြီးထွက်ပြေးလာတာ နေစရာလဲမရှိဘူးလေ စားစရာလဲမရှိနဲ့ ကျွန်တော်သနားလို့ခေါ်လာလိုက်တာ အိမ်ကလူ ကူညီပေးပါဦး"
ရှောင်းကျန့်ရဲ့အခုပုံစံက သူ့ရှုပ်သမျှကိုရိပေါ်ကလိုက်ရှင်းပေးမှာအတတ်သိနေသလိုနဲ့။ အကူအညီတောင်းတာနဲ့မတူ၊ သူလုပ်လာတာကိုအသိပေးပြီး ရိပေါ်ကဆက်ပြီးတာဝန်ယူပေးရမယ့်ပုံစံနဲ့။ ရိပေါ်ကရှောင်းကျန့်ကဒီလိုကေလးနှစ်ယောက်ကိုသနားတယ်ဆိုတာကို အံ့အားသင့်နေသည်။ ဘာမှဆက်မေမးပဲ ရိပေါ်က
"ကလေးတွေကိုကားပေါ်တင်လိုက်လေ ကျန်တာကျုပ်စီစဉ်ပေးလိုက်ပါ့မယ်"
ရှောင်းကျန့်ကအဲတော့မှစိတ်ချသွားတယ်။ ကလေးတွေကိုကားနောက်ခန်းတွင်ဝင်ထိုင်စေပြီး သူကအရှေ့မှာဝင်ထိုင်လိုက်သည်။ ရိပေါ်လဲကားမောင်းနေရာဝင်ထိုင်လိုက်ပြီး အိမ်သို့။
ဆက်ရန်~~~~
ပျောက်တာကြာသွားတယ်၊ နေမကောင်းဖြစ်သွားလို့ပါခဗျ၊ updateကြာတာလဲကိုယ့်မျက်လုံးအခြေအနေကြောင့်ပါ စာကိုဖြေးဖြေးချင်းပဲရေးနေရတာရယ်၊ ဆိုတော့ရှင်တို့ဗွေမယူကြပါနဲ့(ᗒᗩᗕ) ဘာမှမပြောပဲupdateကြာနေတော့ ရှင်တို့ကငပျင်းလို့ထင်နာမလား၊ တကယ်လဲငပျင်းပါပဲTwT
Zawgyi
ရိေပၚကမနက္ေစာေစာနိုးတတ္တဲ့သူမို႔ အခုလဲမနက္၆နာရီပဲရွိေသးတယ္နိုးလာသည္။ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ေရွာင္းက်န႔္ကသူ႕လက္ေမာင္းေပၚမွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုအိပ္ေပ်ာ္ေနတယ္။ မေန႕ညကလဲ လက္က်ဥ္လာတာမို႔ ေရွာင္းက်န႔္ေခါင္းကို သူ႕လက္ေမာင္းေပၚကဖယ္မလို႔လုပ္ေပမယ့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနၿပီး သူ႕ကိုခ်မ္းလို႔ထင္ အတင္းဖက္ေနတဲ့ေရွာင္းက်န႔္ေၾကာင့္ ရိေပၚမွာေရွာင္းက်န႔္ေခါင္းကိုမဖယ္နိုင္ေတာ့။ ဒီလိုနဲ႕ရိေပၚမွာေကာင္းေကာင္းမအိပ္နိုင္ လက္က်ဥ္ေနတာေၾကာင့္ ခနခနနိုးနိုးလာသည္။ အခုေတာ့ သူ႕လက္ကရွိေသးရဲ႕လားလို႔ေတာင္ေတြးမိတယ္၊ သူ႕လက္တစ္ဖက္လုံး ထုံေတာင္ထုံေနၿပီ။ ရိေပၚေရွာင္းက်န႔္ဘက္ကိုမ်က္ႏွာမူထားရာကေန ပက္လက္လွန္လိုက္သည္။
ဒီေန႕ရိေပၚ ေဟာေျပာပြဲကိုသြားတက္ရမည္။ အခုေဟာေျပာပြဲကပြဲေသးေလးပဲမဟုတ္၊ ၿမိဳ႕နယ္ငါးၿမိဳ႕နယ္စုၿပီးလုပ္တာေၾကာင့္ ေဟာေျပာပြဲကႀကီးသည္။ ငါးၿမိဳ႕နယ္လုံးကၿမိဳ႕သူၿမိဳ႕သားေတြလဲလာၾကမွာ၊ ၿမိဳ႕ပိုင္မင္းေတြေဟာေျပာပြဲနဲ႕အတူ စာေပေဟာေျပာပြဲပါရွိတာေၾကာင့္ ပြဲၾကာခ်ိန္က မနက္၈နာရီကေန ေန႕ခင္း၂နာရီေလာက္ထိရွိေနသည္။ ရိေပၚကေတာ့ေန႕ခင္းအထိမေနပဲ ေန႕လည္၁၂နာရီေလာက္ဆိုျပန္မလို႔စဥ္းစားထားတယ္။
ေရွာင္းက်န႔္သာခနေနမနိုးရင္ သူေတာ့ေဟာေျပာပြဲေနာက္က်နိဳင္သည္။ ရိေပၚေဘးကိုေခါင္းေစာင္းၾကည့္လိုက္ေတာ့ ေရွာင္းက်န႔္ကလႈပ္႐ြ႐ြျဖစ္လာသည္။ နိုးၿပီလား အခုမွေစာေသးတာကို!
ေရွာင္းက်န႔္ကနိုးလာၿပီး မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ရိေပၚကသူ႕ကိုေခါင္းေစာင္းကာငုံ႕ၾကည့္ေနသည္။ ေရွာင္းက်န႔္လဲေၾကာင္ၾကည့္ေနတုန္း ရိေပၚဆီကအသံထြက္လာတယ္။
"နိုးၿပီဆိုလဲထေတာ့ က်ဳပ္လက္တစ္ဖက္လုံးထုံေတာင္ေနၿပီ"
"ဟမ္.."
ေရွာင္းက်န႔္ေၾကာင္ေတာင္ေတာင္နဲ႕ ေခါင္းကိုေထာင္ေပးလိုက္ေတာ့ ရိေပၚကေရွာင္းက်န႔္ေခါင္းေအာက္ကသူ႕ရဲ႕လက္ကိုထုတ္လိုက္ၿပီး ထထိုင္ကာ လက္ကိုသူ႕ဘာသာႏွိပ္ေနသည္။ လက္ကိုတစ္ခ်က္ခါလိုက္ၿပီး မတ္တပ္ရပ္ကာ သူ႕ကိုေၾကာင္ၾကည့္ေနတဲ့ေရွာင္းက်န့္ကိုၾကည့္ၿပီး
"ျပန္အိပ္ခ်င္အိပ္ဦးေလ ေစာေသးတယ္ ခုမွ၆နာရီပဲရွိေသးတာ ေတာ္ၾကာအိပ္ေရးမဝလို႔မလန္းပဲေနဦးမယ္"
ေရွာင္းက်န႔္ကေခါင္းၿငိမ့္ျပလိုက္ေတာ့ ရိေပၚလဲ တဘက္ယူကာ ေရခ်ိဳးခန္းထဲဝင္သြားသည္။ ေရွာင္းက်န႔္ျပန္လဲအိပ္မေပ်ာ္ေတာ့ပါ၊ ဒီေန႕ဘာမွလုပ္စရာလဲမရွိ ဒီမွာဘာေတြလုပ္ၿပီးေနရမွန္းလဲသူမသိေသး။ ေရွာင္းက်န႔္အိပ္ေနရာကထထိုင္လိုက္ၿပီး ပြေနတဲ့ေစာင္ႏွစ္ထည္ကိုေသခ်ာေခါက္လိုက္ၿပီး အိပ္ရာကိုေသခ်ာျပန္ျပင္ကာ ဝရံတာမွာထြက္ၿပီးရပ္ေနလိုက္သည္။ ေနထြက္ၿပီးတာမၾကာေသးတာမို႔ အေအးဓာတ္ေလးနဲ႕အတူအေႏြးဓာတ္ေလးကိုလဲခံစားေနရသည္။ ေရွာင္းက်န႔္ၿခံထဲကိုၾကည့္မိေတာ့ အလုပ္သမားမ်ားက ၿခံထဲမွာသူ႕အလုပ္နဲ႕သူရႈပ္ေနၾကတယ္။
ရိေပၚေရခ်ိဳးခန္းထဲကထြက္လာေတာ့ အိပ္ရာကိုအရင္ဆုံးၾကည့္မိသည္။ အိပ္ရာကသိမ္းၿပီးသားျဖစ္ေနတာမို႔ နည္းနည္းေတာင္ထူးဆန္းသြားတယ္။ အရင္ကဆိုေရွာင္းသခင္ေလးကအိပ္ရာကနိုးတာနဲ႕တန္းၿပီးေရခ်ိဳးတာၿပီးတာနဲ႕အျပင္ထြက္သြားေတာ့တာပဲ။ အခုေတာ့အိပ္ရာေတာင္သိမ္းထားေသးသည္။ လူကိုလိုက္ရွာၾကည့္ေတာ့ ဝရံတာမွာရပ္ၿပီးၿခံထဲကိုေငးေနသည္။ ရိေပၚလဲခႏၶာကိုယ္ကေရစက္ေတြကိုစင္ေအာင္သုတ္လိုက္ၿပီး အဝတ္ဗီရိုကိုဖြင့္ကာအဝတ္အစားလဲၿပီးတာနဲ႕ ေရွာင္းက်န႔္နားကိုသြားလိုက္ၿပီး
"ေရွာင္းသခင္ေလး ျပန္မအိပ္ေတာ့ဘူးလား"
ေရွာင္းက်န႔္ၿခံထဲကအလုပ္ရႈပ္ေနတဲ့အလုပ္သမားေတြကိုေငးေနရာကေနအေနာက္ကအသံေၾကာင့္လွည့္ၾကည့္လိုက္တယ္။ ရိေပၚရဲ႕အေမးစကားေၾကာင့္ေရွာင္းက်န႔္ကေခါင္းခါျပလိုက္ၿပီး
"ဟင့္အင္း မအိပ္ခ်င္ေတာ့လို႔"
ရိေပၚကလဲျပန္ေခါင္းၿငိမ့္ျပလိုက္ၿပီး
"အင္း အဲဒါဆိုေရခ်ိဳးလိုက္ဦးေလ"
"ဟုတ္ကဲ့ ဒါနဲ႕အိမ္ကလူ.."
လွည့္ထြက္သြားေတာ့မယ့္ရိေပၚကိုေရွာင္းက်န႔္က ရိေပၚရဲ႕လက္ကိုလွမ္းဆြဲၿပီး
"ဒီေန႕ေရာအားလား"
ေရွာင္းက်န႔္ရိေပၚကိုမတြယ္ကပ္ေနခ်င္ပါ၊ ဒါေပမယ့္လဲသူတစ္ေယာက္ထဲလဲ ဘယ္မွသြားဖို႔အဆင္မေျပေသးတာမို႔ ရိေပၚေနာက္လိုက္ရင္းပဲေလ့လာရဦးမွာေလ။
ရိေပၚေရွာင္းက်န႔္ရဲ႕ေျပာလာတဲ့စကားေၾကာင့္ မ်က္ခုံးပင့္မိသြားသည္။ ဒီေန႕လဲသူ႕ေနာက္လိုက္ဦးမယ္လို႔ေတာ့မေျပာဘူးမလား! ေျပာလာလဲေခၚသြားလို႔ေတာ့ရတာပဲေလ။
"ဘာလို႔လဲ?"
"ဟိုေလ ကြၽန္ေတာ္အိမ္မွာမေနခ်င္လို႔ အဲဒါ.."
"ဟက္ ေရွာင္းသခင္ေလး ခဗ်ားအိမ္မွာမေနခ်င္တာက်ဳပ္သိသားပဲ ဘာလို႔အထူးတလည္က်ဳပ္ကိုေျပာေနတာလဲ"
ရိေပၚေရွာင္းက်န႔္ရဲ႕စကားေၾကာင့္ နည္းနည္းစိတ္အေႏွာင့္အယွက္ျဖစ္မိသြားတယ္။ ရိေပၚမ်က္ေမွာင္ႀကဳံ႕သြားတာကိုေရွာင္းက်န႔္ကသတိထားမိေတာ့
"ဟိုကြၽန္ေတာ္ေျပာခ်င္တာ အိမ္မွာေနရတာလဲပ်င္းလို႔ေလ အိမ္မွာရွိတဲ့လူေတြအကုန္လုံးကသူ႕အလုပ္နဲ႕သူဆိုေတာ့ ကြၽန္ေတာ္ပ်င္းလို႔ပါ အဲဒါေၾကာင့္ အိမ္ကလူအျပင္သြားရင္လမ္းႀကဳံလိုက္ခဲ့ခ်င္လို႔"
တကယ္ေတာ့ေရွာင္းက်န႔္ကလမ္းႀကဳံလိုက္ခ်င္တာမဟုတ္ပါဘူး၊ ရိေပၚေနာက္ကိုလိုက္ခ်င္တာ။ ဒါမယ့္ေရွာင္းက်န့္လဲဒီလိုအၿမဲလိုက္ကပ္ေနလို႔မွမရတာ၊ ရိေပၚလဲသူ႕ကိစၥနဲ႕သူရွိမွာေပါ့။ အရင္ကေတာ့သူကိုယ္တိုင္ပဲဝင္မရႈပ္ဖို႔ေျပာထားၿပီး အခုမွသူကိုယ္တိုင္ကပဲဝင္ရႈပ္ေနတာေတာ့ အဆင္မေျပဘူးမလား။ အဲဒါေၾကာင့္သူေျပာခ်င္တဲ့စကားကိုေျပာင္းေျပာလိုက္ရတယ္။ ရိေပၚကေရွာင္းက်န႔္ရဲ႕ေျဖရွင္းသံကိုၾကားေတာ့မွသက္ျပင္းခ်လိဳက္ၿပီး
"ဟင္းး လိုက္ခဲ့လို႔ေတာ့ရပါတယ္ ဒါနဲ႕ခဗ်ားကားကဘာျဖစ္လို႔လဲ မစီးခ်င္ေတာ့လို႔လား အဲကားကခဗ်ားဝယ္ထားတာမၾကာေသးဘူးမဟုတ္လား"
"အင္း ဟုတ္တယ္ မစီးခ်င္ေတာ့လို႔"
တကယ္ေတာ့ေရွာင္းက်န႔္ကကားမေမာင္းတတ္တာပါ။ အဲဒါေၾကာင့္မို႔ ရိေပၚရဲ႕စကားေနာက္ကိုပဲအဆင္ေျပသလိုလိုက္ရတာေပါ့။
ေရွာင္းက်န႔္တို႔ မနက္စာစားၿပီးတာနဲ႕ ရိေပၚနဲ႕အတူၿမိဳ႕ထဲကိုလိုက္သြားလိုက္သည္။ ရိေပၚကၿမိဳ႕ထဲေရာက္ေတာ့ ကားကိုလမ္းေဘးကပ္ရပ္လိုက္ၿပီး ေရွာင္းက်န႔္ကိုၾကည့္ကာ
"ဒီမွာဆင္းမလား ခဗ်ားသူငယ္ခ်င္းဆိုင္ကိုပဲပို႔ေပးခဲ့ရမလား"
ေရွာင္းက်န႔္ မန္ထယ္ဆိုင္ကိုေတာ့မသြားခ်င္၊ မေန႕ညကပါတီမလာတာကိုေပါက္ေပါက္ေဖာက္မွာဆိုးတာေၾကာင့္ ဒီမွာဆင္းေနခဲ့ဖို႔စဥ္းစားလိုက္သည္။
"ရပါတယ္ ဒီမွာပဲဆင္းလိုက္ေတာ့မယ္ အခုအိမ္ကလူက႐ုံးကိုပဲသြားမွာေပါ့"
"မဟုတ္ဘူး ေဟာေျပာပြဲသြားရမွာ ၈နာရီေတာင္ထိုးေတာ့မွာပဲ"
ရိေပၚကေရွာင္းက်န႔္ကိုေျပာရင္း သူ႕လက္မွာပတ္ထားတဲ့နာရီကိုၾကည့္ကာ ကိုယ့္ဘာသာေရ႐ြတ္သည္။
"၈နာရီပြဲစမွာလား"
"ဟုတ္တယ္"
"ဘယ္ခ်ိန္ထိလဲ"
ေရွာင္းက်န႔္က ရိေပၚျပန္ခ်ိန္သူလဲအိမ္ျပန္လိုက္လို႔ရေအာင္ေမးလိုက္သည္။ ရိေပၚကသူ႕ကုိတစ္ခုစီလိုက္ေမးေနတဲ့ေရွာင္းက်န႔္ေၾကာင့္ အခုမွလင္မယားနဲ႕ေတာင္တူေနသေယာင္၊ ရိေပၚက်ိတ္ၿပဳံးလိုက္သည္။
"ေန႕ခင္း၂နာရီထိ က်ဳပ္ေတာ့၁၂ျပန္မယ္စဥ္းစားထားတယ္ အိမ္ေတာ့မျပန္ေသးဘူး က်ဳပ္႐ုံးမွာလုပ္စရာေလးရွိေသးလို႔"
ရိေပၚလဲေျပာျပလိုက္ေတာ့ ေရွာင္းက်န႔္ကေခါင္းေလးၿငိမ့္ျပၿပီး
"ဒါဆိုညေနေစာင္းမွျပန္မယ္ေပါ့"
ေရွာင္းက်န့္ရဲ႕အေျပာကိုရိေပၚကေခါင္းၿငိမ့္ျပကာေထာက္ခံသည္။ ေရွာင္းက်န႔္ကသူ႕လက္ကပတ္ထားတဲ့နာရီကိုၾကည့္လိုက္ၿပီး
"ဒါဆိုလဲ ညေန၄နာရီဒီနားမွာပဲေစာင့္ေနမယ္ အျပန္လာႀကိဳေပါ့"
"ဟမ္.."
ရိေပၚကအံ့ဩသလိုနဲ႕ျပန္ေမးလာတာမို႔
"မၾကားလိုက္လို႔လား"
ရိေပၚကေခါင္းခါျပၿပီး
"ၾကားပါတယ္"
"အဲဒါဆိုညေနၾကမွေတြ႕မယ္ေလေနာ္"
ေရွာင္းက်န႔္ကလက္ျပၿပီးကားေပၚကဆင္းသြားသည္။ ပလက္ေဖာင္းေပၚတက္သြားကာ တစ္ခုခုသတိရသြားဟန္နဲ႕ ရိေပၚရဲ႕ကားမွန္ကိုတစ္ခ်က္ေခါက္က လက္ျပ၍မွန္ကိုေအာက္ခ်ခိဳင္းသည္။ ရိေပၚမွန္ကိုေအာက္ခ်လိဳက္ေတာ့ ေရွာင္းက်န႔္ကၿပဳံးျပၿပီး
"ကားကိုဂ႐ုစိုက္ေမာင္းဦးေနာ္"
ရိေပၚလဲေၾကာင္ေတာင္ေတာင္နဲ႕ေခါင္းၿငိမ့္ျပလိုက္ေတာ့ ေရွာင္းက်န႔္ကၿပဳံးကာ ထြက္သြားသည္။ ရိေပၚလဲတစ္ခ်က္ၿပဳံးလိုက္ၿပီး သူ႕လိုရာခရီးဆီစထြက္သြားေတာ့သည္။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ေရွာင္းက်န႔္တစ္မနက္လုံး ၿမိဳ႕ထဲကလမ္းေတြဆီေလ်ာက္သြားၿပီး ဟိုဟိုသည္သည္လိုက္ၾကည့္ေနသည္။ ေရဗူးတစ္ဗူးကိုလက္ကဆြဲကာ ေတြ႕သမွ်လမ္းတိုင္းကိုေလ်ာက္ဝင္ၾကည့္ေနတာ၊ လမ္းေတြေမ့သြားမွာဆိုးတာေၾကာင့္ ေတာ္ေတာ္ေလးေတာ့မွတ္ထားရတာေပါ့။ တစ္မနက္လုံးေျခလ်င္ေလ်ာက္ေနတာမို႔ ေျခေထာက္ကအေတာ္ေလးေညာင္းေနၿပီ။ ေရွာင္းက်န႔္ေလ်ာက္ေနရင္း လမ္းမွာေပါင္မုန႔္ဆိုင္တစ္ဆိုင္ေတြ႕တာမို႔ ဆိုင္ထဲဝင္ၿပီး ေပါင္မုန႔္ဝယ္စားကာ ခနထိုင္ေနလိုက္တယ္။
ေရွာင္းက်န႔္ေပါင္မုန႔္စားေနရင္း အျပင္ဘက္ကိုၾကည့္မိေတာ့ ကေလးေလးႏွစ္ေယာက္။ ေဟာင္းႏြမ္းေနတဲ့အဝတ္အစားကိုဝတ္ဆင္ထားၿပီး မ်က္ႏွာကလဲအနည္းငယ္ညစ္ပတ္ပတ္။ အကိုျဖစ္ဟန္တူတဲ့ေကာင္ေလးက ငါးႏွစ္အ႐ြယ္ေလာက္သာရွိေသးတဲ့ကေလးမေလးလက္ကိုဆြဲထားၿပီး ႏွစ္ေယာက္သားဆိုင္ထဲကိုၾကည့္ေနသည္။ ကေလးမေလးက ဗိုက္ဆာေနပုံနဲ႕ဗိုက္ကိုလက္ကကိုင္လိုက္ၿပီး ေကာင္ေလးကိုၾကည့္ကာစကားလွမ္းေျပာသည္။ ေရွာင္းက်န႔္သိခ်င္စိတ္ျဖင့္ အျပင္ကိုထြက္လာလိုက္တယ္။ ကေလးႏွစ္ေယာက္ေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး
"ကေလးတို႔ ဗိုက္ဆာလို႔လား"
ေရွာင္းက်န႔္ရဲ႕အေမးကို အငယ္မေလးကျမန္ျမန္ဆန္ဆန္ပဲ ေခါင္းၿငိမ့္ျပသည္။ အႀကီးေကာင္ေလးကသူ႕ညီမကိုၾကည့္ၿပီး ေရွာင္းက်န႔္ကိုၾကည့္ကာ
"ဗိုက္ဆာလဲ သားတို႔မွမဝယ္စားနိုင္တာ ပိုက္ဆံကမရွိဘူးေလ"
"မင္းတို႔ေမေမကဝယ္မေကြၽးဘူးလား"
"ဟင့္အင္း သားတို႔မွာေမေမမရွိဘူး"
"ဟင္ ဒါဆိုေဖေဖေရာ"
"ေဖေဖလဲမရွိဘူး သားတို႔ကမိဘမဲ့ေဂဟာမွာေနၾကတာ"
"အခုဘာလို႔အျပင္ေရာက္ေနတာလဲ"
"သားတို႔ထြက္ေျပးလာတာ မိဘမဲ့ေဂဟာကပိုင္ရွင္ကညီမေလးကိုေရာင္းစားဖို႔ႀကံေနၾကတယ္ေလ"
ေရွာင္းက်န႔္မ်က္ေမွာင္ၾကဳတ္သြားတယ္၊ သူဒါမ်ိဳးေတြအနည္းငယ္ၾကားဖူးေနတယ္။ ကေလးေတြကိုေမြးေပးထားသလိုလိုနဲ႕ တကယ္ၾကေတာ့ ကေလးေတြကိုေရာင္းစားေနၾကတာ။
"သားအသက္ဘယ္ႏွႏွစ္ရွိၿပီလဲ ညီမေလးအသက္ကေကာ"
"၁၂ႏွစ္ပါ ညီမေလးက၅ႏွစ္ရွိၿပီ"
ေက်ာင္းတက္ရမယ့္အ႐ြယ္ေလးေတြ ခုလိုလမ္းမွာေလ်ာက္သြားေနတာျမင္ရတာေရွာင္းက်န႔္တကယ္ကိုစိတ္မေကာင္း။ ဒီကေလးႏွစ္ေယာက္ကို ကူညီေပးဖို႔ ရိေပၚကိုေျပာၾကည့္ရမယ္လို႔ သူေတြးလိုက္သည္။
ေရွာင္းက်န႔္ကကေလးႏွစ္ေယာက္ကိုၾကည့္ၿပီး
"ဗိုက္ဆာေနၿပီမလား ကိုကိုဝယ္ေကြၽးမယ္ လာခဲ့"
ေရွာင္းက်န႔္ကကေလးႏွစ္ေယာက္ကို လက္ဆြဲကာအထဲေခၚသြားဖို႔လုပ္ေပမယ့္ ကေလးႏွစ္ေယာက္ကမလိုက္ဘူးလို႔ျငင္းတာေၾကာင့္ ေမးၾကည့္လိုက္ေတာ့ ဒီဆိုင္ကဦးေလးကသူတို႔ႏွစ္ေယာက္ကိုေမာင္းထုတ္ဖူးသည္တဲ့ေလ၊ ကေလးႏွစ္ေယာက္ကေၾကာက္တာမို႔မလိုက္ခ်င္ၾကလို႔ သူကပဲေပါင္မုန႔္ဝင္ဝယ္လိုက္သည္။ သူလက္ထဲမုန႔္အျပည့္နဲ႕ျပန္ထြက္လာေတာ့ ကေလးႏွစ္ေယာက္ရဲ႕မ်က္လုံးေလးေတြကလက္လို႔။ ေရွာင္းက်န႔္ကေလးႏွစ္ေယာက္ေရွ႕ျပန္ထိုင္လိုက္ၿပီး မုန႔္ထုတ္ကာေကြၽးလိုက္သည္။ ကေလးႏွစ္ေယာက္ကအားရပါးရစားေနတာကို ေရွာင္းက်န႔္ၿပဳံးၿပဳံးေလးထိုင္ၾကည့္ေနမိသည္။ သူဒီလိုမ်ိဳးကူညီလိုက္လို႔တစ္ဖက္ကအဆင္ေျပသြားရင္ သူကတအားေပ်ာ္တာေလ။
ေရွာင္းက်န႔္ေဆာင့္ေၾကာင့္ထိုင္ကာ ကေလးေတြကိုမုန႔္ေကြၽးေနတာကို တစ္ဖက္ကားေပၚကျမင္သြားတဲ့အမ်ိဳးသမီးတစ္ေယာက္ကအံ့ဩမႈေတြနဲ႕။ ထိုအမ်ိဳးသမီးကကားေပၚကဆင္းလာေတာ့ ေဘးကေနအမ်ိဳးသားတစ္ေယာက္ကလဲလိုက္ပါလာသည္။ ထိုအမ်ိဳးသမီးေရွာင္းက်န႔္နားေရာက္ေတာ့ ႏွစ္လိုဖြယ္အသံေလးနဲ႕ေခၚလိုက္သည္။
"ေရွာင္းက်န႔္"
ေရွာင္းက်န႔္သူ႕နာမည္ကိုအမ်ိဳးသမီးတစ္ေယာက္ေခၚလိုက္တဲ့အသံၾကားတာမို႔ ေဘးကိုေမာ့ၾကည့္လိုက္ေတာ့ ပိန္ပိန္ေသးေသး ခႏၶာကိုယ္လွလွ ႐ုပ္ရည္ေခ်ာေမာတဲ့ အမ်ိဳးသမီးငယ္ေလးျဖစ္ေနသည္။ သူ ထိုအမ်ိဳးသမီးကိုမသိတာမို႔ ေသခ်ာၾကည့္ေနမိသည္။ ထိုအမ်ိဳးသမီးကိုၾကည့္ေနရင္းပဲ ထိုအမ်ိဳးသမီးရဲ႕ပုခုံးကိုဖက္ထားတဲ့လက္တစ္စုံေၾကာင့္ အမ်ိဳးသမီးရဲ႕ေဘးကိုၾကည့္မိေတာ့ စတိုင္က်ၿပီးခန႔္ညားတဲ့အမ်ိဳးသားတစ္ေယာက္။ သူတို႔ကဘယ္သူေတြလဲ ဘာကိစၥသူ႕ကိုလာၾကည့္ေနၾကတာလဲ?
ရွင္း႐ုံ ကေလးေတြကိုေရွာင္းက်န႔္မုန႔္ဝယ္ေကြၽးေနထဲက ေတြ႕လိုက္တာ။ ေရွာင္းက်န႔္လိုေမာက္မာၿပီးအဆင့္အတန္းခြဲျခားလြန္းတဲ့သူက အခုလိုကေလးေတြကိုမုန႔္ဝယ္ေကြၽးၿပီး ပီတိၿပဳံးေတြၿပဳံးေနတာ တကယ္ကိုမယုံနိုင္စရာပဲ။ ရွင္း႐ုံသူ႕ေဘးကသူ႕ခ်စ္သူကိုၾကည့္ေတာ့လဲ သူ႕လိုမယုံနိုင္တဲ့မ်က္ဝန္းေတြနဲ႕။ ဒါနဲ႕သူတို႔ႏွစ္ေယာက္ေရွာင္းက်န႔္ဆီကိုလာလိုက္ၾကတာ။ ရွင္း႐ုံေရွာင္းက်န႔္ကိုေခၚလိုက္ေတာ့ ေရွာင္းက်န႔္က သူတို႔ကိုတစ္ခါမွမေတြ႕ဖူးမျမင္ဖူး မသိတဲ့သူေတြကိုၾကည့္တဲ့ မ်က္လုံးေတြနဲ႕စိုက္ၾကည့္ေနတာမို႔ နည္းနည္းေတာင္အံ့ဩသြားတယ္။ သူတို႔လူမ်ားမွားတာလား?
"ေရွာင္းက်န႔္ ဘာၾကည့္ေနတာလဲ?"
တစ္ဖက္ကမိန္းကေလးကေမးလာတာမို႔ ေရွာင္းက်န႔္ မတ္တပ္ရပ္လိုက္သည္။ ေသခ်ာေပါက္သူ႕ကိုသိတဲ့လူေတြပဲ၊ သူကတခ်ိဳ႕တေလသာသိေသးတာမို႔ အေတာ္ေတာ့အခက္ေတြ႕တယ္။ ေရွာင္းက်န႔္မ်က္ႏွာပ်က္ေနတုန္း တစ္ဖက္အမ်ိဳးသားဆီကအသံထြက္လာတယ္။
"ရွင္း မင္းသူငယ္ခ်င္းကမင္းကိုေမ့သြားတာထင္တယ္ ဟဟ"
ထိုအမ်ိဳးသားရဲ႕ရယ္သံေႏွာၿပီး ခပ္ေနာက္ေနာက္စကားက ရွင္း႐ုံအတြက္ေတာ့ရယ္စရာျဖစ္သြားေပမယ့္ ေရွာင္းက်န႔္အတြက္ကအကူအညီရလိုက္တာပဲ။ ရွင္းဆိုတာရယ္ သူငယ္ခ်င္းဆိုတာရယ္ေၾကာင့္ ရွင္း႐ုံကလႊဲၿပီးဘယ္သူျဖစ္ဦးမွာလဲ။ ေရွာင္းက်န႔္အတတ္သိသြားေတာ့မွ အသက္ရႉေခ်ာင္သြားၿပီး ေရွ႕ကရယ္ေနၾကတဲ့ႏွစ္ေယာက္နဲ႕ ေရာၿပီးၿပဳံးနိုင္ေတာ့တယ္။ အရင္ေရွာင္းက်န႔္ႀကိဳက္လဲႀကိဳက္ခ်င္စရာ ရွင္း႐ုံကလွလဲလွသလို ခ်စ္စရာလဲေကာင္းတဲ့အျပင္ အသံေလးကလဲခ်စ္စရာေလး။ ေရွာင္းက်န႔္ၿပဳံးေတာ့မွ ရွင္း႐ုံကေျပာလာသည္။
"ငါနိုင္ငံျခားခရီးထြက္သြားတာသုံးလထဲပါဟ"
"ဒါမယ့္ မင္းသူငယ္ခ်င္းေတြကို မင္းတစ္ပတ္လို႔ေျပာၿပီးသြားတာေလ"
အေရွ႕ကႏွစ္ေယာက္ကသူတို႔ဟာသူတို႔ေျပာခ်င္ရာေျပာေနၾကၿပီး ရယ္ေနၾကတာကို ေရွာင္းက်န႔္ကၿပဳံးစိစိနဲ႕ပဲလိုက္ၾကည့္ေနလိုက္သည္။ ရယ္စရာလဲမပါပဲ အတြဲေတြပလီပလာနဲ႕!
ေရွာင္းက်န႔္ သူတို႔ႏွစ္ေယာက္ကိုလိုက္ၾကည့္ေနတာမို႔ အေရွ႕ကႏွစ္ေယာက္ကအရယ္ရပ္သြားၿပီး ရွင္း႐ုံကေရွာင္းက်န႔္ကိုအတည္ေပါက္နဲ႕ေမးလာသည္။
"ေရွာင္းက်န႔္နင္ကေလးေတြကိုမုန႔္တကယ္ဝယ္ေကြၽးေနတာလား"
ရွင္း႐ုံကကေလးႏွစ္ေယာက္ကိုၾကည့္ၿပီးေမးလာေတာ့ ေရွာင္းက်န႔္ကလဲကေလးႏွစ္ေယာက္ကိုၾကည့္လိုက္သည္။ ကေလးႏွစ္ေယာက္ကေပါင္မုန႔္ေလးစားရင္း ေရွာင္းက်န႔္တို႔ကိုေမာ့ၾကည့္ေနသည္။ ေရွာင္းက်န႔္ၿပဳံးၿပီး အငယ္မေလးရဲ႕ေခါင္းေလးကိုပြတ္ေပးလိုက္ကာ ရွင္း႐ုံရဲ႕အေမးကိုေျဖသည္။
"အင္းေလ သူတို႔ဗိုက္ဆာေနၾကတာ"
ေရွာင္းက်န႔္ရဲ႕ပီတိအၿပဳံးေလးေတြကိုၾကည့္ၿပီး ရွင္း႐ုံကလဲလိုက္ၿပဳံးတယ္။
"နင္ကဒီလိုပုံစံမ်ိဳးနဲ႕လဲ ၾကည့္ေကာင္းေနတာပဲေနာ္"
ရွင္း႐ုံေျပာခ်င္တဲ့အဓိပၸာယ္ကရွင္းပါတယ္။ အရင္ေရွာင္းက်န႔္ကမေကာင္းတဲ့ေကာင္ျဖစ္ေနေပမယ့္လဲ အၿမဲၾကည့္ေကာင္းၿပီးခန႔္ညားတယ္။ အခုလိုတစ္ဖက္ကိုကူညီစိတ္ေလးနဲ႕ကူညီေနလဲ ၾကည့္ေကာင္းေနတာပဲ။ ေရွာင္းက်န႔္ကဘယ္လိုစိတ္မ်ိဳးနဲ႕ျဖစ္ျဖစ္ ၾကည့္ေကာင္းေနတာပါပဲ။
ရွင္း႐ုံရဲ႕စကားကိုေရွာင္းက်န႔္ကေခါင္းေလးငုံ႕ကာၿပဳံးတယ္။ ဒီစကားကပထမဆုံးသူ႕ကိုရည္ၫႊန္းလိုက္တဲ့စကားမလား။
"ငါကနင္ကေလးေတြကို ေပါင္မုန႔္ဝယ္ေကြၽးတာျမင္ေတာ့ထူးဆန္းလို႔ လာၾကည့္တာ ကားေရာ"
ရွင္း႐ုံကေဘးဘီကိုၾကည့္ၿပီးေမးလာသည္။
"မပါဘူး အိမ္ကလူလာႀကိဳမွာ"
ေရွာင္းက်န႔္ရဲ႕လႊတ္ခနဲထြက္သြားတဲ့နာမ္စားကိုအေရွ႕ကႏွစ္ေယာက္လုံးကမ်က္ေမွာင္ၾကဳတ္တယ္။ အဲေတာ့မွေရွာင္းက်န႔္ကျပန္ျဖည့္ေျပာသည္။
"ၿမိဳ႕ပိုင္မင္းဝမ္ကိုေျပာတာ"
"အာ.."
ရွင္း႐ုံကပိုၿပီးေတာင္အံ့ဩေနေပမယ့္ ဘာမွေတာ့ထုတ္မေမးေတာ့။
"နင္ကဘယ္ကိုလာတာလဲ"
ေရွာင္းက်န႔္ကေမးလိုက္ေတာ့
"ဒီဘက္မွာအသိကိုလာေတြ႕တာ"
"ေအာ္.."
ေရွာင္းက်န႔္ကလဲဘာမွမေျပာေတာ့တာမို႔
"အဲဒါဆို က်ဳပ္တို႔ျပန္ဦးမယ္ေလ ေရွာင္းသခင္ေလးကၿမိဳ႕ပိုင္မင္းကိုပဲေစာင့္မယ္မလား လိုက္ပို႔ေပးရဦးမလား"
"ရပါတယ္ ၿမိဳ႕ပိုင္မင္းကိုေစာင့္လိုက္မယ္"
"ဟုတ္ကဲ့ ဒါဆိုသြားပါဦးမယ္"
"သြားၿပီေရွာင္းက်န႔္"
ရွင္း႐ုံတို႔အတြဲကႏႈတ္ဆက္ၿပီးျပန္သြားၿပီ။ ေရွာင္းက်န႔္လက္ကပတ္ထားတဲ့နာရီကိုၾကည့္လိုက္ေတာ့ ေန႕ခင္းသုံးနာရီဆိုတဲ့အခ်ိန္ကိုျပေနသည္။ ခနေနရင္ညေနလဲေစာင္းေတာ့မွာမို႔ သူလမ္းထဲကေန ၿမိဳ႕ထဲကိုျပန္ထြက္ဖို႔ေတြးလိုက္သည္။ ကေလးႏွစ္ေယာက္ကိုလဲျပန္ၾကည့္ကာ
"သားတို႔ ကိုကို႔ကိုယုံလား"
ကေလးႏွစ္ေယာက္ကေခါင္းၿငိမ့္ျပလာတာမို႔ သူကကေလးႏွစ္ေယာက္ကိုၿပဳံးျပလိုက္ၿပီး လက္တစ္ဖက္စီကိုဆြဲကာ ၿမိဳ႕ထဲကိုျပန္ထြက္ခဲ့လိုက္သည္။ ေရွာင္းက်န႔္အလာတုန္းက ရိေပၚခ်ေပးခဲ့တဲ့ေနရာကိုေသခ်ာေမးျမန္းၿပီးမွတ္ထားတာမို႔ အဲ့ေနရာကိုျပန္လာကာ ရပ္ေစာင့္ေနလိုက္သည္။ ေရွာင္းက်န႔္ကေလးေတြနဲ႕ စကားတစ္ေျပာေျပာနဲ႕ရပ္ေစာင့္ေနလိုက္တာဘယ္ေလာက္ၾကာေနမွန္းေတာင္မသိ၊ နာရီကိုျပန္ၾကည့္လိုက္ေတာ့ ညေန၅နာရီထိုးခါနီးေနၿပီ။ ေနာက္က်ေနၿပီမဟုတ္လား၊ အိမ္ကလူကသူ႕ကိုလာေခၚဖို႔ေမ့သြားတာေတာ့မဟုတ္ဘူးမလား!
ေနာက္ဆယ္မိနစ္ေလာက္ၾကာေတာ့ ရိေပၚေရာက္လာသည္။ ကားကိုလမ္းေဘးအျမန္ထိုးရပ္ၿပီး ကားေပၚကဆင္းကာေရွာင္းက်န႔္ေရွ႕ကိုလာရပ္ၿပီး
"ေရွာင္းသခင္ေလး က်ဳပ္ေတာင္းပန္ပါတယ္ ၃နာရီခြဲေလာက္ထဲကထြက္လာမလို႔ကို ဟိုလူႀကီးေတြအတင္းဆြဲၿပီးေန႕လည္စာလိုက္ေကြၽးေနတာနဲ႕ေနာက္က်သြားတာရယ္"
ေရွာင္းက်န႔္လဲသူ႕ကိုရွင္းျပေနတဲ့ရိေပၚကိုၿပဳံးသာျပလိုက္သည္။ သူ႕ကိုေမ့ၿပီးမထားခဲ့တာပဲ ေက်းဇူးတင္ေနၿပီ။
"ရပါတယ္ ကိစၥမရွိပါဘူး ကြၽန္ေတာ္ကအိမ္ကလူကြၽန္ေတာ့္ကိုေမ့သြားၿပီထင္ေနတာ"
*ခဗ်ားကိုဘယ္ေတာ့မွမေမ့့ပါဘူး* ဒီစကားကိုရိေပၚစိတ္ထဲကေနသာေျပာလိုက္တယ္။
"ေအာ္ အိမ္ကလူ ကြၽန္ေတာ္ေျပာစရာရွိေသးတယ္"
"ေျပာေလ"
"ဒီကေလးႏွစ္ေယာက္ေလအငယ္ေလးကို မိဘမဲ့ေဂဟာကပိုင္ရွင္ကေရာင္းစားမလို႔လုပ္ေနတာတဲ့ အဲဒါေၾကာင့္သူ႕အကိုကသူ႕ညီမေလးကိုေခၚၿပီးထြက္ေျပးလာတာ ေနစရာလဲမရွိဘူးေလ စားစရာလဲမရွိနဲ႕ ကြၽန္ေတာ္သနားလို႔ေခၚလာလိုက္တာ အိမ္ကလူ ကူညီေပးပါဦး"
ေရွာင္းက်န႔္ရဲ႕အခုပုံစံက သူ႕ရႈပ္သမွ်ကိုရိေပၚကလိုက္ရွင္းေပးမွာအတတ္သိေနသလိုနဲ႕။ အကူအညီေတာင္းတာနဲ႕မတူ၊ သူလုပ္လာတာကိုအသိေပးၿပီး ရိေပၚကဆက္ၿပီးတာဝန္ယူေပးရမယ့္ပုံစံနဲ႕။ ရိေပၚကေရွာင္းက်န႔္ကဒီလိုကေလးႏွစ္ေယာက္ကိုသနားတယ္ဆိုတာကို အံ့အားသင့္ေနသည္။ ဘာမွဆက္မေမးပဲ ရိေပၚက
"ကေလးေတြကိုကားေပၚတင္လိုက္ေလ က်န္တာက်ဳပ္စီစဥ္ေပးလိုက္ပါ့မယ္"
ေရွာင္းက်န႔္ကအဲေတာ့မွစိတ္ခ်သြားတယ္။ ကေလးေတြကိုကားေနာက္ခန္းတြင္ဝင္ထိုင္ေစၿပီး သူကအေရွ႕မွာဝင္ထိုင္လိုက္သည္။ ရိေပၚလဲကားေမာင္းေနရာဝင္ထိုင္လိုက္ၿပီး အိမ္သို႔။
ဆက္ရန္~~~~
ေပ်ာက္တာၾကာသြားတယ္၊ ေနမေကာင္းျဖစ္သြားလို႔ပါခဗ်၊ updateၾကာတာလဲကိုယ့္မ်က္လုံးအေျခအေနေၾကာင့္ပါ စာကိုေျဖးေျဖးခ်င္းပဲေရးေနရတာရယ္၊ ဆိုေတာ့ရွင္တို႔ေဗြမယူၾကပါနဲ႕(ᗒᗩᗕ) ဘာမွမေျပာပဲupdateၾကာေနေတာ့ ရွင္တို႔ကငပ်င္းလို႔ထင္နာမလား၊ တကယ္လဲငပ်င္းပါပဲTwT