CHAPTER-(15)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်
ယိချန်ကကျောင်းမှာလူသိများသသည်။ ယိချန် သူမကျောင်းသား မဟုတ်ဘူးဆိုတာ ဆရာမကသိနေရုံတင်မကပဲ သူ့ရှေ့ကသုံးယောက်က သုံးပွင့်ဆိုင်ဇတ်ရှုပ်နေကြသည်ကိုလည်း သိသည်။
တက္ကသိုလ်မှာရှိတဲ့ တခြားမေဂျာတွေကကျောင်းသားတွေ သူတို့စာရင်းပေးမထားတဲ့ အတန်းတွေတတ်လေ့ရှိတာက ပုံမှန်ပင်။ သို့သော်လည်း စည်းမျည်းကတော့အတန်းရဲ့ တရားဝင်စာရင်းသွင်းထားတဲ့ ကျောင်းသားတွေကို အနှောင့်အယှက်မပေးရန်ဖြစ်၏။
ဆရာမကချက်ချင်းပြောလာသည်။
"ကောင်လေး..မင်းအတန်းတတ်မယ်ဆိုရင် ထိုင်နေသင့်တယ်။ မတတ်ချင်ဘူးဆိုရင်လည်း အမြန်ဆုံးထွက်သွားပေးပါ။ တီချယ်အတန်းစတော့မယ်။"
ဒုတိယမျိုးဆက်သခင်လေးတွေ ဘယ်လောက်ချမ်းသာချမ်းသာ သူမ(ဆရာမ)အတွက်ကိစ္စမရှိ။ သို့သော်လည်း ယိမိသားစုကလူတွေနှင့်အချင်းမများသင့်တာတော့ သူမသိသည်...ထို့ကြောင့်လည်း သူမလေသံမှာ ယဥ်ကျေးနေရသည်။
အတန်းထဲမှာ ရာချီတဲ့ကျောင်းသားတွေ ထိုင်နေကြပြီး သူတို့အားလုံးယိချန်ကို စိုက်ကြည့်နေသည်။ ဒီအခြေအနေကြောင့်ယိချန် အရမ်းအရှက်ကွဲသွားသည်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် သူချက်ချင်းမတ်တပ်ရပ်ပြီး အခန်းထဲကထွက်သွားတော့သည်။
"ယိချန်"
ပိုင်ရွယ်ဝေ့ ယိချန်နောက်ကိုလိုက်ဖို့ သူမအထုတ်တွေအမြန်သိမ်းလိုက်သည်။ သူမတံခါးကိုရောက်တော့ ဆရာမကိုအားတုံ့အားနာ ဦးညွှတ်ကာပြောသည်။
"ကျွန်မတို့ဖြစ်ခဲ့တဲ့ ပြသနာအတွက်တောင်းပန်ပါတယ် တီချယ်။ ယိချန်လက်မှာ ဒဏ်ရာရထားတယ်။ သမီးသူ့ကိုဆေးရုံခေါ်သွားလိုက်ပါ့မယ်။"
ဆရာမကလက်ယမ်းကာ သူမကိုသွားခွင့်ပြုလိုက်သည်။ ထို့နောက်လည်ချောင်းရှင်းပြီး စစသင်တော့သည်။ အတန်းထဲကကျောင်းသားများကတော့ သူ့တို့မျက်မြင်တွေ့လိုက်ရတဲ့ ဂယက်ကြီးကနေ သတိပြန်မလည်လာသေးချေ။ သူတို့ဖြစ်ခဲ့တာကို ဆက်တွေးနေချိန်မှာ ချူရှောင်းကတော့ ကိစ္စကိုမေ့သွားပုံရသည်။ သူမကတော့ ဆရာမရဲ့လက်ချာတွေကို အာရုံစိုက်နားထောင်နေလေသည်။
ကျောင်းသားတစ်ယောက်က တိုးတိုးလေး ပြောလိုက်၏။
"သူအရမ်းမိုက်တာပဲ"
နောက်တစ်ယောက်ကလည်း သဘောတူညီမှုနှင့် သံယောင်လိုက်သည်။
"ချူရှောင်းသူ့လက်ကို စားပွဲနဲ့ခံရိုက်လိုက်တုန်းက ယိချန်သူ့အမေဆုံးသွားတဲ့အတိုင်း အော်နေတာ"
"သူမက နည်းနည်းရက်စက်ပြီး နှလုံးသားမဲ့တာမဟုတ်ဘူးလား? ယိချန်အရင်က ဒီလိုထိန်းချုပ်မှူ ပျောက်ဆုံးသွားတာမျိုး မရှိဖူးဘူး။ အရမ်းနာသွားတာပဲဖြစ်ရမယ်...ဟုတ်တယ်မလား?"
"အိုက်ယား...သူထိုက်တန်တယ်လို့ မထင်ဘူးလား။ သူမလေ့လာနေတုန်း သွားနှောင့်ယှက်ဖို့ ဘယ်သူပြောလို့လဲ? pfft~"
တစ်ချို့ကျောင်းသားတွေတော့ ရယ်ကြတော့သည်။ သူတို့အထက်တန်းကျောင်း အောင်လာပြီးကတည်းက စာကျက်တာကိုနှောင့်ယှက်ခံရလို့ ရိုက်သည်ဆိုတာမျိုး မကြားဖူးသေး။
သို့သော်လည်း မတော်တဆမှူတစ်ခုလုံးကို ဂရုတစိုက်ပြန်တွေးကြည့်မှ ချူရှောင်းအဲ့အချိန်က တကယ်ကြီးစာအုပ်ဖတ်နေတာကို နားလည်သွားကြသည်။ ယိချန်နဲ့ ပိုင်ရွယ်ဝေ့က ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခဲ့တာ။
အဲ့လိုလုပ်လိုက်လို့ သူမအရမ်းမိုက်တယ်လို့ တစ်ချို့ကတွေးကြသလို တစ်ချို့တွေတွေးကြသည်က ချူရှောင်းကစာနာမှုကင်းမဲ့သည် ဟုသာ။
တခြားသူတွေကတော့ ယိချန်အတွက်စိုးရိမ်ကြပြီး တစ်ချို့ကတော့ ပိုင်ရွယ်ဝေ့အတွက်ပါ စာနာလိုက်ကြသေးသည်။ ကျန်တဲ့လူတွေကတော့ ယိချန်နဲ့ပိုင်ရွယ်ဝေ့ကို စက်ဆုပ်စရာလူတွေလို့ ကျိန်ဆဲပြီး သူမဘာသာတရားမျှတမှုကိုယူတဲ့ ချူရှောင်းကိုချီးကျူးကြသည်။
ကျောင်းဖိုရမ်မှာတင်လိုက်တဲ့ ဗီဒီယိုရဲ့ကြည့်ရူနှန်းနဲ့ ကလစ်(click)တဲ့သူတွေက လျှင်လျှင်မြန်မြန် တိုးလာနေသည်။ ကျောင်းသားတွေက အက်ဆီးဒန့်အပေါ်သူတို့ရဲ့ ကိုယ်ပိုင်အတွေးတွေကို commentဝင်မန့်နေကြသည်။ သို့သော်လည်း ချူရှောင်းကတော့ သတိမပြုမိပါချေ။
သူမအင်္ဂလိပ်စာတစ်အုပ်လုံး ဖတ်ပြီးတာနဲ့တစ်ပြိုင်နက် ဆရာမရဲ့လက်ချာတွေကို နားထောင်ခဲ့သည်။ လက်ချာတွေကနေရတဲ့ ဗဟုသုတတွေကြောင့် သူမအရမ်းကျေနပ်သွား၏။ ပြီးနောက် သူမရဲ့စာကြည့်တိုက်ကတ်ကိုထုတ်ပြီး အတန်းဆင်းသည့်အခါ စာကြည့်တိုက်ဆီ ဦးတည်သွားတော့သည်။
သူမအင်္ဂလိပ်စာသင်ယူဖို့ စာအုပ်အတော်များများ တွေ့လာခဲ့သည်။ သူမစင်ပေါ်ကယူလာတဲ့ စာအုပ်အတော်များများမှာ နှုတ်ပြောနှင့်စီးပွားရေး အင်္ဂလိပ်စာပေများသာ။ ဒီလိုစာအုပ်မျိူးတွေက သူမရဲ့အနာဂတ်အလုပ်မှာ အတော်လေးအကူအညီဖြစ်လိမ့်မည်။
သူမဘယ်ကိုပဲသွားသွား သူမကလူတိုင်းရဲ့ အာရုံစိုက်စရာဖြစ်နေလေသည်။ လူတွေကသူမကို အာရုံစိုက်ရုံတင်မဟုတ်ဘဲ သူမရှိနေသည့်နေရာကိုပါ ကျောင်းဖိုရမ်ပေါ်မှာ မကြာခဏဆိုသလို အသစ်အသစ်တွေတင်ကြသည့် သူတွေလည်းရှိသေးသည်။ သူတို့ထဲကတစ်ချို့ကတော့ သူမရဲ့လှပတဲ့သွင်ပြင်ကို ထောပနာပြုပြီး ဓာတ်ပုံတွေရိုက်ကြသည်။
ရလဒ်ကတော့ သူမအခုစာကြည့်တိုက်မှာရှိနေတာကို တစ်ကျောင်းလုံးသိသွားခြင်းပင်။
ချူရှောင်းစုစုပေါင်း စာအုပ်ဆယ်အုပ်ငှားပြီး ထွက်သွားတော့မည့်ဆဲဆဲ လူငယ်လေးတစ်ယောက် သူ့ရဲ့သဘောမနောကောင်းကို ပြဖို့ သူမဆီလျောက်လာခဲ့သည်။
"ကျွန်တော် စာအုပ်တွေကူမပေးပါ့မယ်။ ဘယ်လိုလုပ်ပြီး မိန်းမငယ်လေးက ဒီလောက်လေးတာကို သယ်နိုင်မှာလဲ?"
မူလကိုယ်က ဘယ်တော့မှ လေးလံတဲ့ပစ္စည်းတွေကို ကိုယ်တိုင်မသယ်ဘူးတာ ချူရှောင်း သတိရသွားမိသည်။ ထို့ကြောင့် သူမခေါင်းငြိမ့်ပြီး အပြုံးတစ်ပွင့်နှင့် တုံ့ပြန်လိုက်သည်။
"ကျေးဇူးပါရှင့်"
သူမရဲ့လှပတဲ့အပြုံးနဲ့ မျက်နှာချင်းဆိုင်မိတဲ့အခိုက် လူငယ်လေးရဲ့နှလုံးသားက ပေါက်ထွက်မတတ် ခုန်လာတော့သည်။ သူလက်လှမ်းပြီး စာအုပ်ကိုမလိုက်၏။ အလှလေးရဲ့ရှေ့မှာ သူ့ကိုယ်သူအားပေးတဲ့ အနေနဲ့ သူ့ရဲ့ခပ်မိုက်မိုက်ပုံရိပ်ကို ထိန်းထားဖို့လည်းမမေ့ပါပေ။
သူစာအုပ်တွေကို မလိုက်ချိန်မှာ စာအုပ်တွေကအတော်လေး လေးသည်ဆိုတာကို သဘောပေါက်သွားသည်။ သူ့မှာ စာအုပ်တွေသယ်ပြီး လမ်းလျောက်တုန်းပဲရှိသေးသော်လည်း လမ်းလျောက်တိုင်း တစ်ဖက်တစ်ချက် ယိမ်းထိုးနေခဲ့သည်။
လူငယ်က အားနည်းနေဖို့ ချူရှောင်းမျှော်လင့်မထား။ စာကြည့်တိုက်အပြင်ဘက်မှာ လှေကားထစ်အမြင့်တွေ ရှိနေတာကို သူသတိရသွားပြီး လူငယ်သာ စာအုပ်ပုံကြီး ပြုတ်
ကျသွားရင် ကြမ်းပြင်မှာစာအုပ်တွေ နေရာအနှံ့ပျံ့ကြဲကုန်မည်။ ကျသွားတဲ့စာအုပ်တွေအကုန်ကောက်ဖို့လည်း သူမအားထုတ်ရဦးမည်သာ။ သူမအတွက်တော့ တွေးကြည့်ရုံနှင့်ပင် ဒုက္ခများသည်။
သူမက ပြသနာတတ်တာကိုအမုန်းဆုံးပင်။ ထို့ကြောင့်လက်ဆန့်ပြီး သူ့ဆီကစာအုပ်ပုံကြီးကို ယူလိုက်ကာ ချူရှောင်းပြုံးလျက် ပြောလိုက်သည်။
"ကျွန်မသယ်သွားလိုက်တာ ပိုကောင်းမယ်ထင်တယ်။ အကူအညီအတွက် ကျေးဇူးပါ။ ဘိုင့် ဘိုင်"
ချူရှောင်းသူမရဲ့ ရှစ်စင်တီမီတာအမြင့်ဒေါက်နဲ့ စာအုပ်အထူကြီးဆယ်အုပ်ကို တည်တည်ငြိမ်ငြိမ် ခပ်သွက်သွက်သယ်ပြီး စာကြည့်တိုက်အပြင်ကို ထွက်သွားတော့သည်။
သူမမြေညီမှာ လမ်းလျောက်နေသလို လှေကားထစ်တွေကဆင်းလာသည်ကို မျက်မြင်တွေ့လိုက်ရသည့် စာကြည့်တိုက်က ကောင်လေးတွေနှင့်အခြားသူများကတော့ သူမကို လေးစားသွားတော့သည်။
သူမက အရမ်းတွေ သန်လှချည်လား? ကောင်လေးတွေ အလေးတောင်မမနိုင်မှတော့ ဘယ်နေရာသွားသုံးရတော့မှာလဲ?
19.2.2022💖
CHAPTER-(15)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္
ယိခ်န္ကေက်ာင္းမွာလူသိမ်ားသသည္။ ယိခ်န္ သူမေက်ာင္းသား မဟုတ္ဘူးဆိုတာ ဆရာမကသိေန႐ုံတင္မကပဲ သူ႕ေရွ႕ကသုံးေယာက္က သုံးပြင့္ဆိုင္ဇတ္ရႈပ္ေနၾကသည္ကိုလည္း သိသည္။
တကၠသိုလ္မွာရွိတဲ့ တျခားေမဂ်ာေတြကေက်ာင္းသားေတြ သူတို႔စာရင္းေပးမထားတဲ့ အတန္းေတြတတ္ေလ့ရွိတာက ပုံမွန္ပင္။ သို႔ေသာ္လည္း စည္းမ်ည္းကေတာ့အတန္းရဲ႕ တရားဝင္စာရင္းသြင္းထားတဲ့ ေက်ာင္းသားေတြကို အႏွောင့္အယွက္မေပးရန္ျဖစ္၏။
ဆရာမကခ်က္ခ်င္းေျပာလာသည္။
"ေကာင္ေလး..မင္းအတန္းတတ္မယ္ဆိုရင္ ထိုင္ေနသင့္တယ္။ မတတ္ခ်င္ဘူးဆိုရင္လည္း အျမန္ဆုံးထြက္သြားေပးပါ။ တီခ်ယ္အတန္းစေတာ့မယ္။"
ဒုတိယမ်ိဳးဆက္သခင္ေလးေတြ ဘယ္ေလာက္ခ်မ္းသာခ်မ္းသာ သူမ(ဆရာမ)အတြက္ကိစၥမရွိ။ သို႔ေသာ္လည္း ယိမိသားစုကလူေတြႏွင့္အခ်င္းမမ်ားသင့္တာေတာ့ သူမသိသည္...ထို႔ေၾကာင့္လည္း သူမေလသံမွာ ယဥ္ေက်းေနရသည္။
အတန္းထဲမွာ ရာခ်ီတဲ့ေက်ာင္းသားေတြ ထိုင္ေနၾကၿပီး သူတို႔အားလုံးယိခ်န္ကို စိုက္ၾကည့္ေနသည္။ ဒီအေျခအေနေၾကာင့္ယိခ်န္ အရမ္းအရွက္ကြဲသြားသည္ဟု ခံစားလိုက္ရသည္။
ထို႔ေၾကာင့္ သူခ်က္ခ်င္းမတ္တပ္ရပ္ၿပီး အခန္းထဲကထြက္သြားေတာ့သည္။
"ယိခ်န္"
ပိုင္႐ြယ္ေဝ့ ယိခ်န္ေနာက္ကိုလိုက္ဖို႔ သူမအထုတ္ေတြအျမန္သိမ္းလိုက္သည္။ သူမတံခါးကိုေရာက္ေတာ့ ဆရာမကိုအားတုံ႕အားနာ ဦးၫႊတ္ကာေျပာသည္။
"ကြၽန္မတို႔ျဖစ္ခဲ့တဲ့ ျပသနာအတြက္ေတာင္းပန္ပါတယ္ တီခ်ယ္။ ယိခ်န္လက္မွာ ဒဏ္ရာရထားတယ္။ သမီးသူ႕ကိုေဆး႐ုံေခၚသြားလိုက္ပါ့မယ္။"
ဆရာမကလက္ယမ္းကာ သူမကိုသြားခြင့္ျပဳလိုက္သည္။ ထို႔ေနာက္လည္ေခ်ာင္းရွင္းၿပီး စစသင္ေတာ့သည္။ အတန္းထဲကေက်ာင္းသားမ်ားကေတာ့ သူ႕တို႔မ်က္ျမင္ေတြ႕လိုက္ရတဲ့ ဂယက္ႀကီးကေန သတိျပန္မလည္လာေသးေခ်။ သူတို႔ျဖစ္ခဲ့တာကို ဆက္ေတြးေနခ်ိန္မွာ ခ်ဴေရွာင္းကေတာ့ ကိစၥကိုေမ့သြားပုံရသည္။ သူမကေတာ့ ဆရာမရဲ႕လက္ခ်ာေတြကို အာ႐ုံစိုက္နားေထာင္ေနေလသည္။
ေက်ာင္းသားတစ္ေယာက္က တိုးတိုးေလး ေျပာလိုက္၏။
"သူအရမ္းမိုက္တာပဲ"
ေနာက္တစ္ေယာက္ကလည္း သေဘာတူညီမႈႏွင့္ သံေယာင္လိုက္သည္။
"ခ်ဴေရွာင္းသူ႕လက္ကို စားပြဲနဲ႕ခံရိုက္လိုက္တုန္းက ယိခ်န္သူ႕အေမဆုံးသြားတဲ့အတိုင္း ေအာ္ေနတာ"
"သူမက နည္းနည္းရက္စက္ၿပီး ႏွလုံးသားမဲ့တာမဟုတ္ဘူးလား? ယိခ်န္အရင္က ဒီလိုထိန္းခ်ဳပ္မႉ ေပ်ာက္ဆုံးသြားတာမ်ိဳး မရွိဖူးဘူး။ အရမ္းနာသြားတာပဲျဖစ္ရမယ္...ဟုတ္တယ္မလား?"
"အိုက္ယား...သူထိုက္တန္တယ္လို႔ မထင္ဘူးလား။ သူမေလ့လာေနတုန္း သြားႏွောင့္ယွက္ဖို႔ ဘယ္သူေျပာလို႔လဲ? pfft~"
တစ္ခ်ိဳ႕ေက်ာင္းသားေတြေတာ့ ရယ္ၾကေတာ့သည္။ သူတို႔အထက္တန္းေက်ာင္း ေအာင္လာၿပီးကတည္းက စာက်က္တာကိုႏွောင့္ယွက္ခံရလို႔ ရိုက္သည္ဆိုတာမ်ိဳး မၾကားဖူးေသး။
သို႔ေသာ္လည္း မေတာ္တဆမႉတစ္ခုလုံးကို ဂ႐ုတစိုက္ျပန္ေတြးၾကည့္မွ ခ်ဴေရွာင္းအဲ့အခ်ိန္က တကယ္ႀကီးစာအုပ္ဖတ္ေနတာကို နားလည္သြားၾကသည္။ ယိခ်န္နဲ႕ ပိုင္႐ြယ္ေဝ့က ရည္႐ြယ္ခ်က္ရွိရွိ ႏွောင့္ယွက္ခဲ့တာ။
အဲ့လိုလုပ္လိုက္လို႔ သူမအရမ္းမိုက္တယ္လို႔ တစ္ခ်ိဳ႕ကေတြးၾကသလို တစ္ခ်ိဳ႕ေတြေတြးၾကသည္က ခ်ဴေရွာင္းကစာနာမႈကင္းမဲ့သည္ ဟုသာ။
တျခားသူေတြကေတာ့ ယိခ်န္အတြက္စိုးရိမ္ၾကၿပီး တစ္ခ်ိဳ႕ကေတာ့ ပိုင္႐ြယ္ေဝ့အတြက္ပါ စာနာလိုက္ၾကေသးသည္။ က်န္တဲ့လူေတြကေတာ့ ယိခ်န္နဲ႕ပိုင္႐ြယ္ေဝ့ကို စက္ဆုပ္စရာလူေတြလို႔ က်ိန္ဆဲၿပီး သူမဘာသာတရားမွ်တမႈကိုယူတဲ့ ခ်ဴေရွာင္းကိုခ်ီးက်ဴးၾကသည္။
ေက်ာင္းဖိုရမ္မွာတင္လိုက္တဲ့ ဗီဒီယိုရဲ႕ၾကည့္႐ူႏွန္းနဲ႕ ကလစ္(click)တဲ့သူေတြက လွ်င္လွ်င္ျမန္ျမန္ တိုးလာေနသည္။ ေက်ာင္းသားေတြက အက္ဆီးဒန့္အေပၚသူတို႔ရဲ႕ ကိုယ္ပိုင္အေတြးေတြကို commentဝင္မန့္ေနၾကသည္။ သို႔ေသာ္လည္း ခ်ဴေရွာင္းကေတာ့ သတိမျပဳမိပါေခ်။
သူမအဂၤလိပ္စာတစ္အုပ္လုံး ဖတ္ၿပီးတာနဲ႕တစ္ၿပိဳင္နက္ ဆရာမရဲ႕လက္ခ်ာေတြကို နားေထာင္ခဲ့သည္။ လက္ခ်ာေတြကေနရတဲ့ ဗဟုသုတေတြေၾကာင့္ သူမအရမ္းေက်နပ္သြား၏။ ၿပီးေနာက္ သူမရဲ႕စာၾကည့္တိုက္ကတ္ကိုထုတ္ၿပီး အတန္းဆင္းသည့္အခါ စာၾကည့္တိုက္ဆီ ဦးတည္သြားေတာ့သည္။
သူမအဂၤလိပ္စာသင္ယူဖို႔ စာအုပ္အေတာ္မ်ားမ်ား ေတြ႕လာခဲ့သည္။ သူမစင္ေပၚကယူလာတဲ့ စာအုပ္အေတာ္မ်ားမ်ားမွာ ႏႈတ္ေျပာႏွင့္စီးပြားေရး အဂၤလိပ္စာေပမ်ားသာ။ ဒီလိုစာအုပ္မ်ိဴးေတြက သူမရဲ႕အနာဂတ္အလုပ္မွာ အေတာ္ေလးအကူအညီျဖစ္လိမ့္မည္။
သူမဘယ္ကိုပဲသြားသြား သူမကလူတိုင္းရဲ႕ အာ႐ုံစိုက္စရာျဖစ္ေနေလသည္။ လူေတြကသူမကို အာ႐ုံစိုက္႐ုံတင္မဟုတ္ဘဲ သူမရွိေနသည့္ေနရာကိုပါ ေက်ာင္းဖိုရမ္ေပၚမွာ မၾကာခဏဆိုသလို အသစ္အသစ္ေတြတင္ၾကသည့္ သူေတြလည္းရွိေသးသည္။ သူတို႔ထဲကတစ္ခ်ိဳ႕ကေတာ့ သူမရဲ႕လွပတဲ့သြင္ျပင္ကို ေထာပနာျပဳၿပီး ဓာတ္ပုံေတြရိုက္ၾကသည္။
ရလဒ္ကေတာ့ သူမအခုစာၾကည့္တိုက္မွာရွိေနတာကို တစ္ေက်ာင္းလုံးသိသြားျခင္းပင္။
ခ်ဴေရွာင္းစုစုေပါင္း စာအုပ္ဆယ္အုပ္ငွားၿပီး ထြက္သြားေတာ့မည့္ဆဲဆဲ လူငယ္ေလးတစ္ေယာက္ သူ႕ရဲ႕သေဘာမေနာေကာင္းကို ျပဖို႔ သူမဆီေလ်ာက္လာခဲ့သည္။
"ကြၽန္ေတာ္ စာအုပ္ေတြကူမေပးပါ့မယ္။ ဘယ္လိုလုပ္ၿပီး မိန္းမငယ္ေလးက ဒီေလာက္ေလးတာကို သယ္နိုင္မွာလဲ?"
မူလကိုယ္က ဘယ္ေတာ့မွ ေလးလံတဲ့ပစၥည္းေတြကို ကိုယ္တိုင္မသယ္ဘူးတာ ချူေငေ်းာသတိရသြားမိသည္။ ထို႔ေၾကာင့္ သူမေခါင္းၿငိမ့္ၿပီး အၿပဳံးတစ္ပြင့္ႏွင့္ တုံ႕ျပန္လိုက္သည္။
"ေက်းဇူးပါရွင့္"
သူမရဲ႕လွပတဲ့အၿပဳံးနဲ႕ မ်က္ႏွာခ်င္းဆိုင္မိတဲ့အခိုက္ လူငယ္ေလးရဲ႕ႏွလုံးသားက ေပါက္ထြက္မတတ္ ခုန္လာေတာ့သည္။ သူလက္လွမ္းၿပီး စာအုပ္ကိုမလိုက္၏။ အလွေလးရဲ႕ေရွ႕မွာ သူ႕ကိုယ္သူအားေပးတဲ့ အေနနဲ႕ သူ႕ရဲ႕ခပ္မိုက္မိုက္ပုံရိပ္ကို ထိန္းထားဖို႔လည္းမေမ့ပါေပ။
သူစာအုပ္ေတြကို မလိုက္ခ်ိန္မွာ စာအုပ္ေတြကအေတာ္ေလး ေလးသည္ဆိုတာကို သေဘာေပါက္သြားသည္။ သူ႕မွာ စာအုပ္ေတြသယ္ၿပီး လမ္းေလ်ာက္တုန္းပဲရွိေသးေသာ္လည္း လမ္းေလ်ာက္တိုင္း တစ္ဖက္တစ္ခ်က္ ယိမ္းထိုးေနခဲ့သည္။
လူငယ္က အားနည္းေနဖို႔ ခ်ဴေရွာင္းေမွ်ာ္လင့္မထား။ စာၾကည့္တိုက္အျပင္ဘက္မွာ ေလွကားထစ္အျမင့္ေတြ ရွိေနတာကို သူသတိရသြားၿပီး လူငယ္သာ စာအုပ္ပုံႀကီး ျပဳတ္
က်သြားရင္ ၾကမ္းျပင္မွာစာအုပ္ေတြ ေနရာအႏွံ႕ပ်ံ့ႀကဲကုန္မည္။ က်သြားတဲ့စာအုပ္ေတြအကုန္ေကာက္ဖို႔လည္း သူမအားထုတ္ရဦးမည္သာ။ သူမအတြက္ေတာ့ ေတြးၾကည့္႐ုံႏွင့္ပင္ ဒုကၡမ်ားသည္။
သူမက ျပသနာတတ္တာကိုအမုန္းဆုံးပင္။ ထို႔ေၾကာင့္လက္ဆန့္ၿပီး သူ႕ဆီကစာအုပ္ပုံႀကီးကို ယူလိုက္ကာ ခ်ဴေရွာင္းၿပဳံးလ်က္ ေျပာလိုက္သည္။
"ကြၽန္မသယ္သြားလိုက္တာ ပိုေကာင္းမယ္ထင္တယ္။ အကူအညီအတြက္ ေက်းဇူးပါ။ ဘိုင့္ ဘိုင္"
ခ်ဴေရွာင္းသူမရဲ႕ ရွစ္စင္တီမီတာအျမင့္ေဒါက္နဲ႕ စာအုပ္အထူႀကီးဆယ္အုပ္ကို တည္တည္ၿငိမ္ၿငိမ္ ခပ္သြက္သြက္သယ္ၿပီး စာၾကည့္တိုက္အျပင္ကို ထြက္သြားေတာ့သည္။
သူမေျမညီမွာ လမ္းေလ်ာက္ေနသလို ေလွကားထစ္ေတြကဆင္းလာသည္ကို မ်က္ျမင္ေတြ႕လိုက္ရသည့္ စာၾကည့္တိုက္က ေကာင္ေလးေတြႏွင့္အျခားသူမ်ားကေတာ့ သူမကို ေလး
စားသြားေတာ့သည္။
သူမက အရမ္းေတြ သန္လွခ်ည္လား? ေကာင္ေလးေတြ အေလးေတာင္မမနိုင္မွေတာ့ ဘယ္ေနရာသြားသုံးရေတာ့မွာလဲ?
19.2.2022💖