အလုပ်လုပ်ချင်တဲ့ကျွန်တော့်ကို အကိုသူရစိုးက သူ့သူငယ်ချင်းအဆက်အသွယ်နဲ့ အိမ်၊ခြံ၊မြေအကျိုးတော်ဆောင်မှာ အလုပ်သွင်းပေးခဲ့တယ်။ အလုပ်ကလည်း အခုလို အဆက်အသွယ်နဲ့ဝင်မှပဲ မြန်မြန်ဆန်ဆန်ရတယ်။ နို့မို့ဆို ဘယ်လောက်လျှောက်လျှောက် အလုပ်ရဖို့က သိပ်ပြီးတော့မသေချာ။
ကျွန်တော်အလုပ်ဝင်နေခဲ့တာ အခုဆိုရင် သုံးလဆိုတဲ့ အချိန်ကာလကိုတောင် ကျော်လွန်ခဲ့ပြီ။ အဲ့သုံးလအတွင်းမှာ မနက်ဆိုရင် ကျွန်တော်က စောစောထ၊ ထမင်း၊ဟင်းတွေချက်၊ ပြီးရင် အကိုသူရနဲ့အတူ မနက်စာဘာညာစားပြီး နေ့လယ်စားထမင်းထုပ်နဲ့ အလုပ်ကိုသွားရတယ်။ ကိုယ်တိုင်တော့ မသွားရဘူး၊ အကိုသူရက စိတ်မချဘူးဆိုပြီး အသွား၊ အပြန်ကို သူ့ပဲလိုက်ပို့ပေးတယ်။
ညနေခင်းကျ အလုပ်ကအပြန်မှာ ဟင်းချက်စရာတွေ ဝင်ဝယ်ပြီး အိမ်ရောက်တာနဲ့ ကျွန်တော်တို့နှစ်ယောက်က အတူတူ ချက်ပြုတ်ကြတယ်။ အခုနောက်ပိုင်း အကိုသူရက မီးဖိုချောင်ကို ဘယ်တော့မှ ကျွန်တော်တစ်ယောက်တည်းမဝင်ရ။ အမြဲတမ်း သူက ဘေးကနေ ဝိုင်းကူပေးတယ်။ သူအလုပ်အားတဲ့တစ်ခါတလေဆိုရင်လည်း ကျွန်တော့်ကိုလာမကြိုခင်မှာပဲ ညစာကို ကြိုတင်ချက်ထားတတ်သေးတယ်။ အကိုသူရက အဲ့လို အရမ်းအရမ်းအလိုက်သိချက်ပဲ။
ဒီနေ့က တနင်္ဂနွေဖြစ်တာမို့ ကျွန်တော်က အလုပ်နားတယ်။ ခါတိုင်ဆိုရင်တော့ ကျွန်တော်အလုပ်နားတဲ့ရက်တိုင်း အကိုသူရကပါ လိုက်နားတတ်ပြီး ကျွန်တော့်ကို ပြင်ဦးလွင်ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ဟိုဟိုဒီဒီကို လိုက်ပို့ပေးတတ်တယ်။ ဒါပေမဲ့ ဒီနေ့တော့ နေ့တစ်ပိုင်းသွားဖို့လိုအပ်တယ်ဆိုပြီး သူ့မှာ နေ့တစ်ပိုင်းသွားရ။ အဲ့တော့ အခု အိမ်မှာ ကျွန်တော်တစ်ယောက်တည်းပဲဆိုပါတော့...
အိမ်ကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်းပဲဆိုတော့ ပျင်းနေတာနဲ့ ခြံထဲကအပင်တွေကို ရေလောင်းပေါင်းသင်ပြီး ကိုက်သင့်တဲ့အရွက်တွေကိုကိုက် ဖြတ်သင့်တဲ့အရိုးတံတွေကိုဖြတ်နဲ့ အလုပ်ရှုပ်နေလိုက်တာ အပြင်ဘက်ကနေ 'သူရစိုးရေ'ဆိုတဲ့ ခေါ်သံကြားမှပဲ ပတ်ဝန်းကျင်ကို ဂရုပြုမိတော့တယ်။
အဲ့ဒါနဲ့ ဘယ်သူလာတာပါလိမ့်ဆိုပြီး ခြံဝကို သွားကြည့်လိုက်တော့ အကိုဝဏ္ဏဖြစ်နေလေတယ်။
"အကိုဝဏ္ဏ အကိုသူရစိုးမရှိဘူးဗျ အလုပ်သွားတယ်"
"အင်း သိတယ်။ ငါ သူ့ဆီဖုန်းဆက်ပြီးပြီ သူအခုပြန်လာနေပြီတဲ့"
"သြော်... ဟုတ် အဲ့ဒါဆို အိမ်ထဲဝင်လေ"
ပြောပြောဆိုဆိုနဲ့ ကျွန်တော်က တံခါးဖွင့်ပေးတော့ အကိုဝဏ္ဏက ခြံထဲကိုဝင်လာတယ်။ အကိုသူရကို အိမ်ထဲကနေ သွားစောင့်နေမလားလို့ ကျွန်တော်ကမေးတော့ အကိုဝဏ္ဏက ခေါင်းခါးပြီး ဒီနားကနေပဲစောင့်တော့မယ်လို့ဆိုကာ ပန်းပင်တွေအနားကခုံမှာ ဝင်ထိုင်လေတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း ဘာမှပြောမနေတော့ဘူး။ ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်လုပ်နေလိုက်တော့တယ်။
"နေလင်းနဲ့ တွေ့ဖြစ်သေးလား"
အကိုဝဏ္ဏက ကျွန်တော့်ကို စကားစတယ်။
"ဟင့်အင်း မတွေ့ဖြစ်တာအတော်ကြာပြီ၊ ကျွန်တော် အလုပ်ခွင်ဝင်ကတည်းကဆိုပါတော့"
ကျွန်တော်ပြန်ဖြေလိုက်တယ်။ တကယ်လည်း ဟုတ်ပါတယ်။ ကျွန်တော် ကိုနေလင်းနဲ့ မတွေ့ဖြစ်တာ အတော်ကြာပြီ၊ ကျွန်တော်ကလည်း မတွေ့ချင်တဲ့ကောင်ဆိုတော့ မတွေ့ရလေကောင်းလေပဲမဟုတ်လားလေ။
"နေပါဦး... ခင်ဗျားက ဘာကိစ္စ ကျွန်တော့်လာမေးနေရတာတုန်း... ခင်ဗျားနဲ့သူက နေ့တိုင်းတွေ့နေကြတာမဟုတ်ဘူးလား"
"ငါနဲ့လည်း မတွေ့ဖြစ်တာ အတော်ကြာပြီ"
"သြော်..."
သူတို့အကြောင်းလည်း ကျွန်တော် စိတ်မဝင်စားတာမို့ ဘာလို့မတွေ့ဖြစ်တာလဲဘာညာကို ကျွန်တော် ဆက်မေးမနေတော့ဘူး... သူကလည်း ကျွန်တော့်ကို ဘာမှဆက်မပြော။
ဆယ်မိနစ်လောက်ကြာတော့ အကိုသူရစိုး ပြန်ရောက်လာတယ်။ သူကရောက်ရောက်ချင်း အကိုဝဏ္ဏကို ကြည့်ပြီး
"Sorry ငါနည်းနည်းနောက်ကျသွားတယ်။ မင်း ဘာအရေးကြီးလို့လဲဝဏ္ဏ"
"ဘာမှတော့အရေးမကြီးပါဘူး၊ ငါမင်းကို မေးချင်တာလေးနည်းနည်းရှိလို့"
"သြော်... လာလေ အဲ့ဒါဆို အိမ်ထဲဝင်ရအောင်။ ကလေးလေးရော ရေတွေကိုင်နေတာကြာပြီလား အအေးပတ်နေမယ်နော်... ပြီးမှ ကိုယ်ဆက်လုပ်လိုက်မယ် လာ ကလေးလေးရော အိမ်ထဲဝင်တော့"
အကိုသူရက အကိုဝဏ္ဏကို အိမ်ထဲခေါ်ရင်းနဲ့မှ ကျွန်တော့်ကိုပါ တစ်ခါတည်း အိမ်ထဲဝင်ခိုင်းတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း ဘာမှပြောမနေတော့ဘဲ သူတို့နောက်ကနေလိုက်ပြီး အိမ်ထဲဝင်ခဲ့လိုက်တယ်။
အိမ်ထဲရောက်တော့ အကိုသူရက
"ထိုင် ဝဏ္ဏ... ဘာသောက်မလဲ... အပူ၊ ဒါမှမဟုတ် အအေးသောက်မလား"
"အရက်သောက်ချင်တာ"
"......"
"ငါက အရက်မသောက်တာကြာပြီဆိုတော့ အိမ်မှာ အရက်တော့မရှိဘူး။ ဝိုင်ဆိုရင်ရော အဆင်ပြေလား"
"အင်း ရှိတာသောက်မယ်"
"OK အဲ့ဒါဆို ခဏစောင့် ငါသွားယူပေးမယ်"
"နေ နေ အကိုသူရ ကျွန်တော်သွားယူလိုက်မယ်"
အခုမှ အလုပ်ကပြန်လာတဲ့ အကိုသူရအစား ကျွန်တော်ကပဲ အကိုဝဏ္ဏသောက်ဖို့အတွက် ဝိုင်နဲ့ဖန်ခွက်ကို ထယူပေးလိုက်တယ်။
ဝိုင်ပုလင်း သူ့ရှေ့ရောက်တယ်ဆိုရင်ပဲ အကိုဝဏ္ဏက ဝိုင်တစ်ခွက်နှဲ့ပြီး တစ်ထိုင်တည်း မော့ချတယ်။ အလောတကြီးနိုင်တဲ့ သူ့အပြုအမူကြောင့် ကျွန်တော်နဲ့အကိုသူရက တစ်ယောက်ကိုတစ်ယောက် ပြိုင်တူကြည့်မိကြတယ်။
"ဒီလိုကွာ သူရ ငါမင်းကို မေးချင်တာလေးရှိလို့၊ ဟိုကွာ သီဟနိုင်ကိုတော့ အားနာပါတယ်။ ငါမေးချင်တာက နေလင်းနဲ့မင်း အတူအိပ်တုန်းကခံစားချက်ကို ပြောပြနိုင်မလားလို့"
"......"
"ဟို ငါသိချင်တာကကွာ သူနဲ့... ဘယ်လိုခံစားရလဲ"
"မသိဘူး။ အဲ့တုန်းက ငါအရမ်းမူးနေလို့ ဘာမှမမှတ်မိဘူး။ ပြီးတော့ အဲ့ဒီအကြောင်းဆိုရင် မင်း ဆက်မပြောတာကောင်းလိမ့်မယ်။ သီဟနိုင်က အရင်တုန်းကကိစ္စတွေမို့ နားလည်ပေးခဲ့ရင်တောင် ငါ့ရဲ့လက်ရှိအိမ်ထောင်ဖက်အနေနဲ့ သူ့ကို နည်းနည်းပါးပါး လေးစားမှုရှိ"
"Sorry, ငါတောင်းပန်တယ်သူရ... ငါ ငါ အရမ်းသိချင်နေလို့ အလောတကြီးမေးမိသွားတာ။ သီဟနိုင်ရော sorryပါကွာ နော်"
အကိုဝဏ္ဏက ကျွန်တော်တို့နှစ်ယောက်စလုံးကို တောင်းပန်ပြီး ဝိုင်တစ်ခွက်ထပ်သောက်တယ်။ ပြီးမှ မဝံ့မရဲလေသံနဲ့...
"သူနဲ့အိပ်ဖူးတဲ့ကောင်တွေ အတော်များများကို အခုလိုမျိုး ငါလိုက်မေးနေခဲ့တာ... အံ့သြစရာကောင်းလောက်အောင် သူတို့တွေအကုန်လုံးရဲ့ အဖြေတွေဟာ အခု မင်းဖြေသလိုမျိုးပဲ အကုန်လုံးအတူတူပဲ၊ လုံးဝကိုတစ်ထပ်တည်းဖြစ်နေတယ်"
"အဲ့ဒါဘာဆန်းလို့လဲ။ သူက မူးတဲ့လူတွေနဲ့ အိပ်ရတာကြိုက်လို့နေမှာပေါ့"
"မဟုတ်ဘူး။ ငါ့စိတ်ထင်ပြောရရင် သူဟာ လုံးဝပါကင်ပဲ"
"အဲ့ဒါဘာကိုပြောချင်တာလဲ။ ကိုနေလင်းက ဘယ်သူနဲ့မှ မဆက်ဆံဖူးဘူးဆိုတဲ့သဘောကိုပြောချင်တာလား"
မနေနိုင်တာနဲ့ ကျွန်တော်ဝင်မေးလိုက်တယ်။ ကျွန်တော့်ရဲ့အမေးကို အကိုဝဏ္ဏက ခေါင်းပြန်ညိတ်ပြပြီး
"အတိအကျပဲ"လို့ ပြန်ဖြေတယ်။ ပြီးတော့ သူကပဲ ဆက်ပြီး
"လွန်ခဲ့တဲ့လေးလတုန်းက ငါသူ့နဲ့အတည်တွဲချင်တယ်လို့ ဖွင့်ပြောခဲ့တယ်။ အဲ့ဒီတုန်းက သူပြန်ပြောတာက သူက လူတကာနဲ့အတူအိပ်ဖူးတာမို့ သူ့ခန္ဓာက မသန့်ဘူးလို့ပြောတယ်။ ငါက အဆင်ပြေပါတယ်၊ ငါနဲ့တွဲနေတဲ့အတောအတွင်း ဘယ်သူနဲ့မှမအိပ်ရင်ဖြစ်ပါတယ်လို့ ပြန်ပြောတော့ သူက ငါနဲ့တွဲဖို့ကို လက်ခံတယ်။ အဲ့တော့ ငါတို့တွဲကြတယ်ပေါ့။
အမှန်တိုင်းပြောရရင် ငါ သူနဲ့သာအတူအိပ်နေတာ ဆက်ဆံတိုင်းလည်း ငါကမူးနေတော့ သူ့ရဲ့အရသာက ဘယ်လိုရှိလဲဆိုတာကို ငါမသိဘူး။ အဲ့တော့ ငါက မမူးဘဲနဲ့ ဆက်ဆံချင်တယ်ပေါ့ကွာ။ ဒါပေမဲ့ သူက လက်မခံဘူး။ မူးမှကောင်းတာဆိုပြီး အမြဲတမ်း ငါ့ကို အမူးတိုက်တယ်။
အဲ့လိုနဲ့ တစ်ရက်ကျတော့ မနက်အစောကြီး ငါနိုးလာတယ်။ ခါတိုင်းဆိုရင်တော့ ငါက မနက်အစောကြီး ဘယ်တော့မှမနိုးဘူး။ အဲ့နေ့ကျမှ ဘယ်လိုဖြစ်လို့ အစောကြီးနိုးလာလဲမသိဘူး။ အဲ့မှာ ငါနိုးလာလာချင်း အဝတ်အစားကင်းမဲ့စွာနဲ့ ငါ့ကိုကျောပေးပြီး အိပ်မောကျနေတဲ့ နေလင်းကိုတွေ့ရတယ်။ သူ့တစ်ကိုယ်လုံးကလည်း ညက ငါပေးထားတဲ့ အမှတ်အသားတွေနဲ့ အရမ်းကိုလှနေတော့ ရုတ်တရက် ငါစိတ်ထလာတယ်ပေါ့။
အဲ့ဒါနဲ့ ညကလည်းလုပ်ထားတာပဲလေ ပြီးတော့ မထူးလည်း ငါတို့နှစ်ယောက်က တစ်ပတ်ကို လေးကြိမ်လောက် အတူနေဖြစ်ကြတယ်ဆိုတော့ ဘာမှအစပျိုးမနေတော့ဘဲ သူ့အဝမှာတေ့ပြီး တဆုံးထိုးထည့်လိုက်တာ၊ နေလင်းက ငယ်သံပါအောင်အော်တော့တာပဲ ပြီးတော့ ငါ့ကိုတွန်းချိုးပြီး ရေချိုးခန်းထဲကို ပြေးဝင်သွားတယ်။
အစပိုင်းတော့ ငါက ကြောင်သွားတယ်။ သူ ဘာဖြစ်သွားတာလဲပေါ့။ နောက် အောက်ကိုငုံ့ကြည့်မိမှ အိပ်ရာခင်းနဲ့ငါ့ဟာမှာ သွေးတွေပွနေတာကို တွေ့လိုက်ရတယ်"
အကိုဝဏ္ဏက ပြောနေတာကို ခဏရပ်ပြီး အကိုသူရကို ကြည့်လိုက်တယ်။
"သူရစိုး... မင်းပြော... အကြိမ်ကြိမ်တိုးဝင်ခံထားရတဲ့နေရာက သွေးတော့မထွက်သင့်တော့ဘူးမလား"
"အဲ့ဒါက... အင်း.. ဟုတ်တယ် အကြိမ်ကြိမ်တိုးဝင်ခံထားရတဲ့နေရာက ဝင်နေကျအရာဆို သွေးထွက်စရာအကြောင်းမရှိတော့ဘူး"
တွေးတွေးဆဆနဲ့ အကိုသူရက ပြန်ဖြေတယ်။ အကိုသူရရဲ့ အဖြေစကားကြောင့် ကျွန်တော့်မှာ စိတ်လှုပ်ရှားလွန်းပြီး ငြိမ်ငြိမ်မနေနိုင်တော့။
"ဒါ... ဒါဆို အကိုသူရနဲ့လည်း ဘာမှမဖြစ်ခဲ့ကြဘူးဆိုတဲ့သဘောလား"
20.2.2022