P_18 (Uni)

5.2K 763 85
                                    

"ကိုကိုရေ ဒီမှာ ကိုကို့သူငယ်ချင်းတွေလာတယ်။ ဟင် မမစံပါယ် ဘယ်သူကဖိတ်လို့လာတာတုန်း"

"........"

"ကိုယ်ဖိတ်ထားတာ ကလေးလေးရဲ့"

ကျွန်တော့်စကားကြောင့် သီဟနိုင်ရဲ့မျက်နှာ ကွက်ခနဲပျက်သွားတာကို ကျွန်တော် သတိထားမိလိုက်တယ်။ ဒါပေမဲ့ မတတ်နိုင်၊ စံပယ်ကလည်း ကျွန်တော့်သူငယ်ချင်းပဲမို့ သူ့ကိုချန်ထားပြီး တခြားသူငယ်ချင်းတွေကိုပဲ ဖိတ်ဖို့က မဖြစ်နိုင်ဘူးလေ။ နဂိုကတည်းကမှ စည်သူသတင်းဖြန့်ထားလို့ ကျွန်တော့်သူငယ်ချင်းတွေကြားထဲမှာ မယားကြောက်ဆိုတဲ့နာမည်က တွင်နေတာကို စံပယ့်ကိုသာ မဖိတ်ဘဲ ချန်ထားကြည့်၊ 'ဟာ ဒီကောင် တကယ်ကြီးကို မယားကြောက်ပါလား'ဆိုပြီး ဖြစ်ကုန်ကြမှာ။

"သြော်... ဟုတ်လား။ အင်း အင်း..။ လာ လာ မမစံပယ် ဒီနားမှာထိုင်။ ဇာနည်ရေ မမစံပါယ်လာတယ်"

သီဟနိုင်က စံပယ်တို့ကို နေရာချရင်း သူ့သူငယ်ချင်းဇာနည်ကို လှမ်းလို့ခေါ်တယ်။ ကျွန်တော့်ကလေးလေး ခေါ်လိုက်တာနဲ့ ဇာနည်ကလည်း တန်းခနဲပဲ...

"မမ အပြန်ကျရင် မောင်လိုက်ပို့မယ်နော်"တဲ့။

သူ့အပြောကို စံပယ်ကလည်း လက်ခံတယ်။ အင်းဆိုပြီး ခေါင်းညိတ်ပြတယ်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ အဘွားကြီးက ကိုယ့်မြေးအရွယ်လေးနဲ့ တွဲနေတယ်ဆိုပြီး ဝိုင်းစနေလေကြရဲ့...

သူငယ်ချင်းတွေနဲ့က ကျောင်းပြီးကတည်းက သိပ်ပြီး မတွေ့ဖြစ်တော့တာကြောင့် အခုလို လူစုံတက်စုံ ပြန်တွေ့ရတော့ ပြောစရာတွေက တကယ်ကို မကုန်နိုင်။

"ဟိတ်ကောင်သူရ မင်းဟာလေးနဲ့ ငါတို့ကို မိတ်ဆက်ပေးဦးလေ"

"အေး... ဟုတ်သားပဲ။ နေဦး။ ကလေးလေး ဘယ်ရောက်သွားပါလိမ့်"

သူငယ်ချင်းတွေနဲ့ လေကောင်းနေတာနဲ့ သီဟနိုင်တစ်ယောက် ကျွန်တော့်အနားကနေ ဘယ်အချိန်က ထထွက်သွားမှန်း မသိလိုက်ပါ။  သူ့ကို ကျွန်တော့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့ ဟိုဟိုဒီဒီ မျက်စိကစားကြည့်တော့ ကျွန်တော်တို့နဲ့ နှစ်ဝိုင်းကျော်လောက်မှာ သူ့ကိုတွေ့ရတယ်။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now