P_25 (Uni)

5K 712 224
                                    

🎶အတူတူအနားမှာ မင်းလေးရှိတဲ့အချိန် ××× ပီတိများနဲ့ ရင်တွေခုန် ××× ပူပင်မှုတွေနဲ့ ဘဝရဲ့ အမောများအဝေး ××× ကမ္ဘာကြီးဟာပြည့်စုံ🎶

အကိုသူရနဲ့အတူ မနက်စာ,စားနေရင်း ဆိုင်ထဲမှာ လွင့်ပျံလာတဲ့သီးချင်းသံဖြစ်တယ်။ အဲ့သီချင်းသံကိုကြားတော့ အကိုသူရရဲ့မျက်နှာက ပြုံးစိစိ။

"ဘာရယ်တာတုန်း"

"မဟုတ်ပါဘူး။ ကိုယ်လည်း အဲ့သီချင်းထဲကလိုပဲဆိုတာကို တွေးမိသွားလို့"

"အပိုတွေ"

"တကယ်ကလေးလေးရဲ့... အဲ့သီချင်းထဲကအတိုင်းပဲ ကိုယ့်အနားမှာ ကလေးလေးရှိနေရင် အရမ်းကိုကြည်နူးတာ... လာပြီ လာပြီ ဒီနေရာလေး သေချာနားထောင်"

🎶မင်းရှိခဲ့ရင် ××× ကြည်ကြည်နူးနူးဘဝမှာ ××× ချစ်လို့မဝပါ ××× နှစ်ယောက်တည်းကမ္ဘာ ××× မင်းရှိခဲ့ရင် ××× ဒါဟာ ပျော်စရာလောကနိဗ္ဗာန် ××× ငြိမ်းချမ်းရင်းသာ ××× နှစ်ယောက်တည်းကမ္ဘာ ×××🎶

ပြောရင်းဆိုရင်း အကိုသူရက ခေါင်းလေးတညိတ်ညိတ်နှင့် သီချင်းသံစဥ်ကို ပါးစပ်ကနေ အသံထွက်ပြီး လိုက်ညည်းနေလေရဲ့...

အဲ့လိုမျိုး သူ့ပုံစံကြောင့် ကျွန်တော့်မှာ ခပ်တည်တည်မနေနိုင်။ အလိုလိုနေရင်း မျက်နှာက ပြုံးမိပါလေရော။ စိတ်ပျိုလို့ကိုယ်နုဆိုတာ အကိုသူရလိုလူမျိုးကို ပြောတာထင်တယ်၊ သူ့အသက်က အခုဆိုရင် သုံးဆယ်ကျော်နေပြီ၊ ဒါပေမဲ့ အကိုသူရရုပ်က အလွန်ဆုံးရှိလှ (၂၅)လောက်လို့ပဲ ထင်နေရတယ်။ ရုပ်ကလည်း ရှယ်သန့်၊ ဝတ်တာစားတာကလည်း ရှယ်လန်း၊ ဒီကြားထဲ သူ့အနားကိုကပ်လိုက်ရင် သံပုရာနံ့လေးကလည်း သင်းခနဲဆိုတော့ ဘေးကလူတွေကိုပါ လန်းဆန်းသွားစေတယ်။

အရင်တုန်းကတော့ အကိုသူရက ရေချိုးဆပ်ပြာဘာညာကို သံပုရာနံ့သုံးတာ မဟုတ်ဘူး။ ကျွန်တော် ကားမူးတတ်တာကို သိပြီးတဲ့နောက်မှ သူ့အနားကပ်တာနဲ့ ကျွန်တော်အမူးပြေအောင်လို့ဆိုပြီး သံပုရာအနံ့ကို ပြောင်းသုံးတော့တာ။ ရေမွှေးကိုလည်း သံပုရာအနံ့ပဲသုံးတယ်။ အင်္ကျီလျှော်၊ ပန်းကန်ဆေးဆပ်ပြာကအစ သံပုရာပဲ။ အဲ့လိုအဲ့လို အကိုသူရက အရမ်းကိုအလိုက်သိတာ။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now