"တီ တီ တီ"
လက်ဖဝါးဖြူဖြူမှာ ရှုပ်ရှက်စွာ သွယ်တန်းထားသော အမျိုးအမည်စုံတဲ့ စက်တစ်ခုမှ မရပ်မနားအော်လာလေသည်။ ဒေါက်ဖိနပ်ချွန်ချွန်စီးထားတဲ့ မိန်းမပျိုက ယခုအခါမှာတော့ အလာတုန်းကလို ဟန်ပန်နဲ့ မော်ကြွားစွာမလျှောက်နိုင်တော့ပဲ အိန္ဒြေမဲ့စွာ ဆရာဝန်ကိုပြေးခေါ်ရတော့သည်။
နှလုံးခုန်နှုန်းနဲ့ သွယ်တန်းထားသောစက်က မူမမှန်တဲ့နှလုံးခုန်နှုန်းကြောင့် အသိပေးသံထွက်လာရတယ်ဟု သိလိုက်ရတော့ မျက်ရည်များပင်ဝဲတတ်လာရသည်။ ပုံမှန်ထက်လျော့သော နှလုံးခုန်နှုန်းကြောင့် ကုတင်ပေါ်ရှိပုံရိပ်လေးမှာ အောက်ဆီဂျင်စက်အကူအညီဖြင့် မနည်းပင်အသက်ကိုလုရှုနေသည်။
"ဒီပုံစံတိုင်း သွားရင် နှလုံးခုန်ရပ်သွားနိုင်တာမလို့
Electric shock ရိုက်ဖို့ပြင်ပါ"
တိတ်ဆိတ်နေခဲ့တဲ့အခန်းက ယခုအခါမှာတော့ ဆရာဝန်များ သူနာပြုများဖြင့် ဆူညံကာ ရှုပ်ရှက်ခက်နေလေသည်။
"စမယ် ၁ ၂ ရိုက်"
"နောက်တစ်ချက် ၁ ၂ ရိုက်"
စက်နဲ့အတူ မြောက်တတ်လာတဲ့ခန္ဓာကိုယ်လေးမှာ ဖျော့တော့စွာ နှလုံးခုန်နှုန်းမှာ ရပ်လုနီးလေနေပြီ။
စက်ကအသိပေးတဲ့ ဆူညံသံနဲ့အတူ ဆရာဝန်များအသံကြောင့် ဘေးကရပ်နေတဲ့သူမ မှာမျက်ရည်များပင်စီးကျကာ လက််များကတဆတ်ဆတ် တုန်ရီနေသည်။ ဒီကလေးက လူလောက ထွက်သွားဖို့စောနေသေးတယ်မလား။ ခန္ဓာကိုယ်ကလှုပ်ရှားမလာပေမဲ့ပါးပေါ်မှာတော့ မျက်ရည်စီးကြောင်းက ခြောက်သွေ့လုပင်နေပြီ။
"ဗြောင် ထတော့လေ"
"နှလုံးခုန်နှုန်း ပုံမှန်ဖြစ်သွားပါပြီ လူနာကိုသေချာကြည့်ဖို့တော့လိုပါသေးတယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်"
အပျိုကြီးကင်ဆယ်ယောင်းမှာ အခုမှမျက်ရည်တွေကို ရဲရဲသုတ်ရဲတော့သည်။ လက်အောက်ငယ်သားဆိုပေမဲ့ သူမက ဘတ်ဟျွန်းကိုမောင်အရင်းလေးလို ချစ်ခင်ရှာသည်။ ရုံးမှာလဲအမြဲလိုလို စနောက်နေကြဆိုတော့ အပျိုကြီးတစ်ကိုယ်တည်းသူမမှာ ဘတ်ဟျွန်းသေတော့မယ်ထင်လို့ မျက်ရည်တွေပါကျလာတဲ့အထိ။
"ဘတ်ဟျွန်း ဘတ်ဟျွန်းလေး"
"ပါးချိုင့်လေး ပါးချိုင့်လေးရောဟင်"
လေဟာနယ်ကြီးတစ်ခုကိုဖြတ်သွားမဲ့ဆဲဆဲမှာ ဘတ်ဟျွန်းကအသံတစ်ခုကြောင့်သာ ပြန်လှည့်လာခဲ့ရတာ။ ဗြောင်လို့ခေါ်တတ်တဲ့ သူရဲ့တစ်ဦးတည်းသောပါးချိုင့်လေးရဲ့အသံသေချာပေါက်ပင်။ မျက်စိဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက နှာတံထင်းထင်းပေါ်ကမှဲ့သေးသေးလေးပိုင်ရှင််မဟုတ်ပဲ မလိုကိမဖက်ရဲရဲတောက်နေသော နှုတ်ခမ်းနီကိုအမြဲဆိုးတတ်သည့်အပျိုကြီးကင်ဆယ်ယောင်းပင်။
ဘတ်ဟျွန်းကအသံတိတ်ရယ်သည်။ ထို့နောက်မျက်ဝန်းတွေကိုပြန်မှိတ်ချသည်။ သူ့ကောင်လေးက စိတ်ဆိုးနေတာကြောင့် ပုန်းနေတာနေမည်။ စက္ကန့်ပိုင်းအကြာမှာ ပြန်ဖွင့်သည်။ မျှော်နေရသူကပေါ်မလာသေး။ ၁ မိနစ်..၂မိနစ်..တော်တော်နဲ့ပေါ်မလာသေးလျှင် ကြာကြာလေးမှိတ်ထားပြန်သည်။ ပါးချိုငိ့လေးကို ပြန်မြင်ရလိုမြင်ရငြား နှုတ်ခမ်းထူထူကနဖူးပြင်ကို လာရောက်ဖိကပ်လိုဖိကပ်ငြား။ အကြိမ်ပေါင်းများစွာ ကြိုးစားအပြီးမှာတော့
စိတ်ဒူန်းဒုန်းချလိူက်ရတော့သည်။ ဝေးကွာသွားခဲ့ကြပြီ...ဝေးခဲ့ကြပြီ ဒီဘဝ တစ်လျှောက်လုံးပေါ့...
"ဘတ်ဟျွန်းလေး မျက်လုံးကကြည့်လို့ အဆင်မပြေလို့လား အမဆရာဝန်ခေါ်ပေးရမလား"
"အာ..မဟုတ်ပါဘူးအမရဲ့ ကျွန်တော့်ကို ဘယ်မှာတွေ့ခဲ့တာလဲ လမ်းမပေါ်မှာလား"
"ဘတ်ဟျွန်းတို့ ဝရန်တာက အိမ်ရှေ့ကွစ်ပျစ်မှာလေ
ရုံးကိုလဲမလာ ခွင့်လဲမတိုင် ဖုန်းလဲဆက်မရတာနဲ့ အမလာကြည့်တာ ။ ခေါင်မိုးထပ်လေးဆိုတော့ဘယ်သူမှမသိကြတာထင်ပါရဲ့ ရေတွေစိုရွှဲပြီးတော့လဲကျနေတာ။ ကံသီပေလို့ပေါ့ ဘတ်ဟျွန်းရယ်တစ်ပတ်လောက်သတိမရပဲ မေ့နေတာ"
"ဒါဆိုကျွန်တော်က ပျောက်နေတာမဟုတ်ပဲ ဆေးရုံပေါ်မှာပဲ တစ်ပတ်ကြာမေ့နေခဲ့တာပေါ့"
"အင်း အမဆန်ပြုတ်သွားဝယ်ပေးမယ်နော် ခဏနားနေလိုက်ဦး"
အမပြောပုံအရဆို သူကဝိညာဉ်လွင့်သွားခဲ့တာပဲဖြစ်ရမည်။ ဒါပေမဲ့လဲကျသွားခဲ့တဲ့နေရာနဲ့ ရှ်နေခဲ့တဲ့ နေရာကမတူညီပြန်ဘူး။ အိမ်မက်မဟုတိမှန်းဆိုတာကိုတော့ လက်သန်းကြွယိပေါ်က ကျောက်စိမ်းလက်ထပ်လက်စွပ်လေးက သက်သေထူပြန်သည်။
ဒါဆိုဘတ်ဟျွန်းက ဒီဘက်ဘဝမှာခန္ဓာကိုယ်ပဲကျန်နေခဲ့ပြီး စာအုပ်ထဲကကမ္ဘာမှာ ထိုဝိညာဉ်နဲ့ပဲ နေထိုင်ခဲ့တာပဲဖြစ်တယ်။ ဒီလိုသာဆို ချန်းယောလ် ချန်းယောလ်ကရော သူ့လိုဝိညာဉ်လွင့်နေခဲ့တာများလား...
ဒီဘက်ကမ္ဘာမှာလဲ ချန်းယောလ်ရှိနေလောက်သေးတယ်ဆိုတဲ့ မသေမချာ မရေရာတဲ့မျှော်လင့်ချက်လေးကြောင့် ဘတ်ဟျွန်းကမျက်ရည်တွေဝဲတတ်လာရပြန်သည်။ အိမ်မက်တစ်ခုမဟုတ်ခဲ့ပဲ အမှန်တရားဖြစ်ခဲ့တယ်ဆိုတဲ့ အသိလေးကလဲ မျက်ရည်တွေကြားက ပြုံးစေလာပြန်သည်။ ချန်းယောာလ်ကိုရှာတွေ့ဖို့ ဘတ်ဟျွန်းကမျှော်လင့်ချက်ရေးရေးလေးရှိလာပြီဖြစ်တယ်။လောလောဆယ်တော့ မျက်လုံးတွေကိုမှိတ်ချရင်း မှေးစက်အနားယူလိုက်ရတော့သည်။ ခန္ဓာကိုယ်ကပင်ပန်းနေခဲ့ပြီလေ။
_____
၂ရက်အကြာမှာတော့ အားပြန်မပြည့်ချင်သေးပေမဲ့
ဆေးရုံကဆင်းဖို့ပြင်ရသည်။ တောင်ကိုရီးယားမှာက စရိတ်စခက ကြီးကြီးနဲ့ လခစားလေးဘတ်ဟျွန်းမှာ
ဆေးရုံကောင်တာသွားဖို့ပင်ခပ်လန့်လန့်။ ရှိစုမဲ့စုလေးတော့ဆေးရုံခနဲ့ကုန်တော့မယ်ထင်ပါရဲ့..
"ဟို ဘယ်..ဘယ်လောက်ကျလဲဟင်"
"အခန်းနံပတ် ၆၁၄ VIP ခန်းကို ၉ရက်နေတာဆိုတော့"
"ဗျာ VIP ခန်း"
"ဟူတ်ကဲ့ VIP ခန်းပါရှင့် ဝမ်၃၂သိန်းပါ"
"ဗျာ.."
ဘတ်ဟျွန်းမှာ ကတ်လေးထုတ်ပေးဖို့ကို မျက်ရည်တွေပင် ဝဲသွားရတော့သည်။ ဝမ် ၃၂သိန်းဆိုသည်မှာ ဘတ်ဟျွန်းအတွက်တော့များလွန်းလှသည်။
"ဒါပေမဲ့ မနေ့ကလူတစ်ယောက်ကရှင်းသွားပါတယ်"
"ခင်ဗျာ"
ကတ်ကိုလှမ်းပေးသောလက် တုန်နေတာမရိပ်မိခင် အလျင်အမြန်လက်ပြန်ရုတ်ရင်း ရယ်ပြလိုက်ရတော့သည်။ ၃၂သိန်းတောင်ပေးသွားတဲ့လူက ဘယ်သူမှန်းမသိပေမဲ့ စိတ်ထဲမှာတော့ လက်အုပ်ချီပြီး အခါခါကန်တော့လိုက်ပြီဖြစ်သည်။ ဘဝကဒရမ်မာမဆန်ပေမဲ့ ဒီတစ်ခေါက်တော့ ဒရမ်မာဆန်ပေးလိုက်သည်ကို ဘတ်ဟျွန်းကများစွာ ကျေနပ်ဝမ်းသာမိသည်။
ကပ်စီးကုပ်ပေမဲ့ ဒီနေ့မှာတော့ ဘတ်စ်ကားအစား
Taxiကိုငှါးပြီး အိမ်အမြန်ပြန်ရန်သာလောနေမိသည်။
အမပြောပုံအရ လွယ်အိတ်ကလေးကသူ့ဘေးမှာပါ
ရှိနေခဲ့တယ်တဲ့လေ။ မိုးရေတွေကြောင့် စာအုပ်မပျက်စီးဖို့သာ လမ်းတစ်လျှောက်လုံး တတွတ်တွတ် ဆုတောင်းလာမိသည်။
ခေါင်မိုးထပ်ကိုရောက်ဖို့ လှေကားတစ်ပေါင်း၁၆၀ကျော်ကို ခုန်ပျံကျော်လွှားလာတဲ့အကျိုးဆက်က ရောက်ခါနီးမှ ဘယ်ကရောက်နေမှန်းမသိတဲ့ သစ်သားနဲ့ခလုတ်တိုက်မိခြင်းပင်။
"အ့ ငယိုးမ သစ်သား နာတာ"
နာနေသောခြေချင်းဝတ်ကိုဂရုမပြုနိုင် ထော့နဲ့ထော့နဲ့ဖြင့် တံခါးဘေးကလွယ်အိတ်ဆီပြေးရသည်။
"ရှိနေပေးတာပဲ"
ဝါကျင့်ဆွေးမြေ့နေသော စာအုပ်က လွယ်အိတ်ထဲ မထိခိုက်ပဲ ငြိမ်ငြိမ်သက်သက်ပင်။ အရာတစ်ချို့ကပြောင်းလဲနေတယ်။ ဝိညာဉ်လွင့်သွားတယ်ဆိုတဲ့သူ့အယူအဆက မှန်တယ်မှားတယ်မသိပေမဲ့ တစ်စုံတစ်ခုကတော့ သေချာပေါက်မှားယွင်းနေခဲ့တယ်။
စာအုပ်မျက်နှာဖုံးပေါ်ကတစ်ခုထဲသော ပုံရိပ်လေးကမရှိတော့ဘူး။ နှာတံပေါ်ကမှဲ့နက်ကလေးကို လွမ်းရင်ကြည့်နိုင်ဖို့ အခွင့်အရေးတောင် လောကကြီးကမပေးခဲ့ဘူး။ စာရွက်တွေကို တဖြန်းဖြန်းလှန်ကြည့်တယ်။ စာအုပ်အဆုံးသတ်ရောက်သွားခဲ့တာတောင် ရှေ့နောက် တဖြန်းဖြန်းလှန်နေတဲ့ စာရွက်သံတွေရယ် လက်ချောင်းတွေရယ်က ရပ််မသွားသေးဘူး။ စာအုပ်တစ်အုပ်လုံးက ပုံမှန်ဆိုပေမဲ့ စာအုပ်အဖုံးပေါ် ပုံရိပ်လေးတစ်ခုထဲက ရှိမနေခဲ့တော့ပါဘူး...