CHAPTER-(14)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်
"ဘာဆန်းလို့လဲ? ချူရှောင်းအဆင့်တွေကသာမန်ပဲ။ သူကကျောင်းကစီစဥ်တဲ့ ဘယ်အသင်းမှ ပါတာမဟုတ်ဘူး။ အလယ်လတ်တန်းစား အထက်တန်းလွှာဆိုတဲ့ အချက်ကလွဲလို့ဘာမှမထူးခြားဘူးလေ။ ယှည်ကြည့်ရင် ပိုင်ရွယ်ဝေ့က လုံးဝကွဲပြားတဲ့အဆင့်မှာ ရှိနေတာ။
နောက်နှစ်ဝက်ကျရင် သူမကကျောင်းသားသမဂ္ဂရဲ့ လက်ထောက်ဥက္ကဠဖြစ်ရုံတင်မဟုတ်ဘဲ ဂျူနီယာတန်းရဲ့ ဥက္ကဠပါဖြစ်နိုင်တယ်လို့ ငါကြားတယ်! သူကဂျူနီယာတန်းမှာပထမစွဲပြီး ညဏ်ကောင်းရုံတင်မကပဲ ကောင်းကောင်းလည်းကနိုင်တယ်၊ စန္ဒရားတီးတာလည်း ပါရမီရှိတယ်။ ချောလည်းချောတယ်...စိတ်ထားလည်းကောင်းတယ်။
ငါသာယိချန်နေရာမှာဆိုရင် သူလိုပဲဆုံးဖြတ်ပြီး ပိုင်ရွယ်ဝေ့ကိုရွေးမှာ"
"ငါတော့သူ့ကို မကြိုက်ဘူး။ ဘယ်လောက်ပဲအရည်ချင်းရှိပြီး ချောချော၊ သူ့အချစ်ဆုံးသူငယ်ချင်းဆီရဲ့ ကောင်လေးကိုခိုးတာတော့ စည်းမစောင့်တာပဲ။ မေ့လိုက်တော့! ဒါငါတို့နဲ့နည်းနည်းမှမဆိုင်တာ..နောက်ထပ် ထပ်မဆွေးနွေးရအောင်။"
ကျောင်းကတော့ အတင်းအဖျင်းတွေ၊ လှုပ်ရှားမှုတွေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ တစ်ချို့ကျောင်းသားတွေက ချူရှောင်းနဲ့သူ့ရဲ့ စူပါကားကိုဓာတ်ပုံရိုက်ပြီး ကျောင်းဖိုရမ်ပေါ်တင်လိုက်ကြ၏။ သူမကျောင်းကို ပြန်လာတာနဲ့တပြိုင်နက် အာရုံစိုက်ခံရတဲ့သူဖြစ်လာတော့သည်။
ချူရှောင်းစာသင်ခန်းထဲသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်လာပြီး ရှေ့ဆုံးအတန်းကထိုင်ခုံရဲ့တစ်နေရာမှာ ဝင်ထိုင်လိုက်သည်။ ထိုခုံကဆရာမနှင့်အနီးဆုံးပင်။သူမအားလုံးကိုလျစ်လျူရှုပြီး စာအုပ်ကိုဖွင့်ကာ ဂရုတစိုက်ဖတ်တော့သည်။
သူမရဲ့ဆံနွယ်ရှည်တွေကရှေ့ကိုကျကာ ဖတ်စာအုပ်မြင်ကွင်းကိုဖုံးနေသည်။ ထို့ကြောင့် သူ့ဆံပင်တွေကိုဆွဲယူပြီး ခေါင်းနောက်ဘက်မှာခပ်လျော့လျော့ ဆံပင်အမြင့်(pony tail)
ချည်လိုက်၏။ သူမရဲ့ပုံစံသစ်က ခါတိုင်းထက်ပိုပြီးတည်ငြိမ်မှုရှိသည့်ပုံစံ ဖြစ်စေသည်။
တစ်တန်းတတ်ကြသည့် ကျောင်းသားများတစ်ယောက်ပြီးတစ်ယောက် ဝင်ထိုင်ကြအပြီးတွင် စာသင်ခန်းမှာ ဆွေးနွေးခြင်း အတင်းတုတ်ခြင်းတို့ဖြင့် လှုပ်ရှားကြကုန်သည်။ ချူရှောင်းကတော့ သူမကမ္ဘာလေးထဲတွင်သာ....
သူမတစ်စုံတစ်ခုကို အာရုံစိုက်သည့်အခါတိုင်း သူမပတ်လည်ကအရာအားလုံးမှာ နောက်ခံအဖြစ်လွင်ပြယ်သွားလေ့ရှိသည်။ အခုလည်း အင်္ဂလိပ်ဖတ်စာအုပ်ထဲကစာကို လေ့လာရာတွင်သာ အာရုံစိုက်နေ၏...သူမစာဖတ်နှုန်းက အတော်လေးမြန်သည်...စာမျက်နှာတစ်ရွက်ပေါ်ရှိ အရာတိုင်းကို မိနစ်အနည်းငယ်နှင့်မှတ်မိနိုင်သည်။
ယိချန်နှင့်ပိုင်ရွယ်ဝေ့ အတန်းထဲသို့ရောက်လာကြ၏။ တစ်ယောက်မှချူရှောင်းနှင့် မေဂျာမတူသော်လည်း ပိုင်ရွယ်ဝေ့ကချူရှောင်းနှင့် အင်္ဂလိပ်စာတစ်တန်းထဲတတ်သည်။ ယိချန်မှာလည်း အတန်းမရှိ၍ ပိုင်ရွယ်ဝေ့အတန်းဆီ လမ်းလျောက်ပို့သည်။
သူတို့ရဲ့အာရုံခံစားမှူကား အတော်လေးထက်မြတ်သည်။ သူတို့အတန်းထဲဝင်လာသည်နှင့် ချူရှောင်းအတန်းရှေ့တွင် ထိုင်နေသည်ကို ချက်ချင်းသတိပြုမိကြသည်ပင်။ ထိုင်ခုံမရှာခင်အထိ စာသင်ခန်းဝင်ပေါက်ဝတွင် သူတို့ခေတ္တမျှ တောင့်တောင့်ကြီးဖြစ်သွားကြသည်။
အတန်းနောက်ဘက်ရှိ ထိုင်ခုံများတွင် လူပြည့်နေပြီဖြစ်ရာ ရွေးချယ်စရာမရှိဘဲစာသင်ခန်း
၏ ဒုတိယတန်းတွင် ထိုင်ကြရသည်။ သူတို့ခုံများက ချူရှောင်းနောက်တည့်တည့်တွင်။
နေရာတစ်ခုတည်းမှာဆုံတွေ့နေရတဲ့ သုံးပွင့်ဆိုင်အချစ်ဇတ်လမ်းထဲက ဇတ်ကောင်တွေကိုကြည့်နေရင်း အတန်းတစ်ခုလုံး တိတ်ဆိတ်မှုကြကြီးစိုးသွားတော့သည်။ အတန်းကား အဇူရာကွင်းပြင်အလား။ အတင်းတုတ်တာကိုနှစ်သက်တဲ့အဖွဲ့ကတော့ သူတို့ဖုန်းလေးတွေကိုထုတ်ပြီး မြင်ကွင်းကိုမှတ်တမ်းယူဖို့ ပြင်ဆင်ကြပြီ။
ပိုင်ရွယ်ဝေ့ ကို့ရိုးကားယားထိုင်လိုက်သည်။ လူတိုင်းရဲ့အာရုံတွေက သူတို့ဆီမှာစုနေတာကို သတိမပြူမိဖို့ဆိုတာ မဖြစ်နိုင်ပေ။ အဲ့လိုဆိုရင်တောင် ဒီရေခဲပြင်ကိုဖြိုခွဲဖို့ သူမတစ်ခုခုပြောသင့်သည်ဟု ယူဆပြီး တိုးညှင်းစွာပြောလိုက်သည်။
"ချူရှောင်း.....သက်သာသွားပြီလား?"
ချူရှောင်းကားမတုံ့ပြန်...
ပိုင်ရွယ်ဝေ့ ထပ်ကြိုးစားပြန်သည်။
"ငါတောင်းပန်ပါတယ် ရှောင်းရှောင်း..ဖြစ်ခဲ့တာတွေအတွက် ငါတကယ်တောင်းပန်တာပါ။"
ချူရှောင်းထပ်ပြီး မတုံ့ပြန်ချေ။
ပိုင်ရွယ်ဝေ့ခေါင်းကိုနှိမ့်ကာ နှုတ်ခမ်းက်ို ကိုက်လိုက်သည်။ သူမလက်တွေကလည်း စားပေါ်ပေါ်မှာတင်းတင်းဆုပ်ထားလျက်။ လူတွေဘယ်လောက်ပဲ မြင်ကွင်းကိုကြည့်ကြည့် သူမကအနိုင်ကျင့်ခံရသူလို ဖြစ်နေမှာပင်။
ယိချန်မျက်မှောင်ကုပ်ပြီး ပိုင်ရွယ်ဝေ့ကိုနှစ်သိမ့်ဖို့ လက်ကိုင်ပေးလိုက်သည်။ သို့သော် သူ့အကြည့်တွေက ချူရှောင်းကျောနောက်ဘက်ကိုသာ စူးရှစွာစိုက်ကြည့်နေရင်း ပြော၏။
"ချူရှောင်း ရွယ်ဝေ့ကမင်းကို စကားပြောချင်နေတယ်"
သို့သော် ချူရှောင်းကတော့ နေမြဲနေဆဲ။
ချူရှောင်းသူ့ကို တခြားကျောင်းသားတွေရှေ့မှာ မျက်နှာသာမပေးတာကို ယိချန်စိတ်ရှုပ်မိသည်။ ဒါနဲ့ချူရှောင်းလက်မောင်းကိုဆွဲဖို့ လက်ဆန့်လိုက်၏။
ချူရှောင်းနယ်ကျွံလာသောလက်ကို အလိုအလျောက်ဆွဲယူပြီး စားပွဲအစွန်းကိုခံလျက် ရိုက်ချလိုက်၏။ ယိချန်ဘာတွေဖြစ်သွားလဲဆိုတာ မသိလိုက်ခင် သွေးပျက်ဖွယ်အော် လိုက်သည်။
"အား!!!!....လွှတ်စမ်း!!??"
နောက်ဆုံး ချူရှောင်း သူမရဲ့လွတ်သွားတဲ့စိတ်ကို ပြန်ယူပြီး သူ့လက်ကို လွှတ်လိုက်သည်။ သူမလက်မောင်းကို ရင်ဘတ်ဆီကွေးရင်း စားပွဲကိုမှီကာ မတ်တပ်ရပ်လိုက်သည်။
ထို့နောက် သူ့ကိုရွံရှာစွာကြည့်ရင်း ပြောသည်။
"ကျွတ်...ရှင်ဒီလောက် အကျယ်ကြီးအော်လိုက်တာ...ကျွန်မရှင့်လက်ကို မတော်တဆချိုးမိသွားပြီထင်တာ။ ဒဏ်ရာလေးနည်းနည်းရတာကို ဝက်သတ်သလို အော်နေတာပဲ။"
"ချူရှောင်း!"
ယိချန်သူမကို ဒေါသဖြစ်စွာစိုက်ကြည့်ရင်း အရှက်ခွဲခံရသည်ဟု ခံစားနေရသည်။
ပိုင်ရွယ်ဝေ့ ယိချန်ရဲ့ဒဏ်ရာရသွားတဲ့လက်ကို စစ်ဆေးပြီး စိုးရိမ်စွာပြောသည်။
"ယိချန် ကျွန်မတို့ရှင့်ဒဏ်ရာကို စစ်ဆေးဖို့ ဆေးရုံသွာသင့်တယ်နော်။ ရှင့်လက်က နီပြီးရောင်နေပြီ။ ရှင်လက်ဘာမှမဖြစ်တာသေချာအောင်လုပ်ရမယ်။"
မျက်ရည်တွေအပြည့် မျက်လုံးတွေနဲ့ ချူရှောင်းကိုကြည့်ပြီး ရှိုက်လိုက်၏။
"ရှောင်းရှောင်း...ငါ့ကသာ နင်စိတ်ဆိုးသင့်တဲ့သူပါ။ ယိချန်ကို စိတ်မဆိုးပါနဲ့ဟာ။"
အင်္ဂလိပ်ဆရာမက စာသင်ခန်းတံခါးဖွင့်ပြီး ဝင်လာသည်။ သူတို့အချင်းများနေပုံရတာကို တွေ့တော့ မရွှင်မပြအမူအရာနှင့်..
"မင်းတို့ဘာလုပ်နေတာလဲ? ဘာလို့ စာသင်ခန်းအတွက် ထိုင်မနေတာလဲ? မင်းတို့တွေ စကားများချင် ဆွေးနွေးချင်ရင် စာသင်ခန်းအပြင်မှာသွားလုပ်။"
ချူရှောင်းပခုံးတွန့်ပြကာ ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
"တီချယ် ဘာလို့သူတို့နှစ်ယောက်က ကျွန်မစာလေ့လာနေတာကို နှောင့်ယှက်တာလဲတော့မသိဘူး။ အတန်းမစခင် ဒီနေ့သင်ခန်းစာတွေကို ဖတ်ဖို့စီစဥ်ထားတာ။ ဒါမဲ့ရုတ်တရက်ကြီး သူတို့ကလာနှောင့်ယှက်ကြတယ်။
ဟုတ်သား! ဒီလူကကျွန်မတို့မေဂျာကလည်း မဟုတ်ဘူး၊.. သူဒီမှာရှိမနေသင့်ဘူးလေ။
တီချယ် ကျေးဇူးပြုပြီး ဂရုစိုက်လိုက်ပါဦး။"
16.2.2022💖
CHAPTER-(14)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္
"ဘာဆန္းလို႔လဲ? ခ်ဴေရွာင္းအဆင့္ေတြကသာမန္ပဲ။ သူကေက်ာင္းကစီစဥ္တဲ့ ဘယ္အသင္းမွ ပါတာမဟုတ္ဘူး။ အလယ္လတ္တန္းစား အထက္တန္းလႊာဆိုတဲ့ အခ်က္ကလြဲလို႔ဘာမွမထူးျခားဘူးေလ။ ယွည္ၾကည့္ရင္ ပိုင္႐ြယ္ေဝ့က လုံးဝကြဲျပားတဲ့အဆင့္မွာ ရွိေနတာ။
ေနာက္ႏွစ္ဝက္က်ရင္ သူမကေက်ာင္းသားသမဂၢရဲ႕ လက္ေထာက္ဥကၠဠျဖစ္႐ုံတင္မဟုတ္ဘဲ ဂ်ဴနီယာတန္းရဲ႕ ဥကၠဠပါျဖစ္နိုင္တယ္လို႔ ငါၾကားတယ္! သူကဂ်ဴနီယာတန္းမွာပထမစြဲၿပီး ညဏ္ေကာင္း႐ုံတင္မကပဲ ေကာင္းေကာင္းလည္းကနိုင္တယ္၊ စႏၵရားတီးတာလည္း ပါရမီရွိတယ္။ ေခ်ာလည္းေခ်ာတယ္...စိတ္ထားလည္းေကာင္းတယ္။
ငါသာယိခ်န္ေနရာမွာဆိုရင္ သူလိုပဲဆုံးျဖတ္ၿပီး ပိုင္႐ြယ္ေဝ့ကိုေ႐ြးမွာ"
"ငါေတာ့သူ႕ကို မႀကိဳက္ဘူး။ ဘယ္ေလာက္ပဲအရည္ခ်င္းရွိၿပီး ေခ်ာေခ်ာ၊ သူ႕အခ်စ္ဆုံးသူငယ္ခ်င္းဆီရဲ႕ ေကာင္ေလးကိုခိုးတာေတာ့ စည္းမေစာင့္တာပဲ။ ေမ့လိုက္ေတာ့! ဒါငါတို႔နဲ႕နည္းနည္းမွမဆိုင္တာ..ေနာက္ထပ္ ထပ္မေဆြးႏြေးရေအာင္။"
ေက်ာင္းကေတာ့ အတင္းအဖ်င္းေတြ၊ လႈပ္ရွားမႈေတြနဲ႕ လႈပ္လႈပ္ရွားရွားျဖစ္သြားသည္။ တစ္ခ်ိဳ႕ေက်ာင္းသားေတြက ခ်ဴေရွာင္းနဲ႕သူ႕ရဲ႕ စူပါကားကိုဓာတ္ပုံရိုက္ၿပီး ေက်ာင္းဖိုရမ္ေပၚတင္လိုက္ၾက၏။ သူမေက်ာင္းကို ျပန္လာတာနဲ႕တၿပိဳင္နက္ အာ႐ုံစိုက္ခံရတဲ့သူျဖစ္လာေတာ့သည္။
ခ်ဴေရွာင္းစာသင္ခန္းထဲသို႔ ယုံၾကည္မႈရွိရွိ ဝင္ေရာက္လာၿပီး ေရွ႕ဆုံးအတန္းကထိုင္ခုံရဲ႕တစ္ေနရာမွာ ဝင္ထိုင္လိုက္သည္။ ထိုခုံကဆရာမႏွင့္အနီးဆုံးပင္။သူမအားလုံးကိုလ်စ္လ်ဴရႈၿပီး စာအုပ္ကိုဖြင့္ကာ ဂ႐ုတစိုက္ဖတ္ေတာ့သည္။
သူမရဲ႕ဆံႏြယ္ရွည္ေတြကေရွ႕ကိုက်ကာ ဖတ္စာအုပ္ျမင္ကြင္းကိုဖုံးေနသည္။ ထို႔ေၾကာင့္ သူ႕ဆံပင္ေတြကိုဆြဲယူၿပီး ေခါင္းေနာက္ဘက္မွာခပ္ေလ်ာ့ေလ်ာ့ ဆံပင္အျမင့္(pony tail)
ခ်ည္လိုက္၏။ သူမရဲ႕ပုံစံသစ္က ခါတိုင္းထက္ပိုၿပီးတည္ၿငိမ္မႈရွိသည့္ပုံစံ ျဖစ္ေစသည္။
တစ္တန္းတတ္ၾကသည့္ ေက်ာင္းသားမ်ားတစ္ေယာက္ၿပီးတစ္ေယာက္ ဝင္ထိုင္ၾကအၿပီးတြင္ စာသင္ခန္းမွာ ေဆြးႏြေးျခင္း အတင္းတုတ္ျခင္းတို႔ျဖင့္ လႈပ္ရွားၾကကုန္သည္။ ခ်ဴေရွာင္းကေတာ့ သူမကမၻာေလးထဲတြင္သာ....
သူမတစ္စုံတစ္ခုကို အာ႐ုံစိုက္သည့္အခါတိုင္း သူမပတ္လည္ကအရာအားလုံးမွာ ေနာက္ခံအျဖစ္လြင္ျပယ္သြားေလ့ရွိသည္။ အခုလည္း အဂၤလိပ္ဖတ္စာအုပ္ထဲကစာကို ေလ့လာရာတြင္သာ အာ႐ုံစိုက္ေန၏...သူမစာဖတ္ႏႈန္းက အေတာ္ေလးျမန္သည္...စာမ်က္ႏွာတစ္႐ြက္ေပၚရွိ အရာတိုင္းကို မိနစ္အနည္းငယ္ႏွင့္မွတ္မိနိုင္သည္။
ယိခ်န္ႏွင့္ပိုင္႐ြယ္ေဝ့ အတန္းထဲသို႔ေရာက္လာၾက၏။ တစ္ေယာက္မွခ်ဴေရွာင္းႏွင့္ ေမဂ်ာမတူေသာ္လည္း ပိုင္႐ြယ္ေဝ့ကခ်ဴေရွာင္းႏွင့္ အဂၤလိပ္စာတစ္တန္းထဲတတ္သည္။ ယိခ်န္မွာလည္း အတန္းမရွိ၍ ပိုင္႐ြယ္ေဝ့အတန္းဆီ လမ္းေလ်ာက္ပို႔သည္။
သူတို႔ရဲ႕အာ႐ုံခံစားမႉကား အေတာ္ေလးထက္ျမတ္သည္။ သူတို႔အတန္းထဲဝင္လာသည္ႏွင့္ ခ်ဴေရွာင္းအတန္းေရွ႕တြင္ ထိုင္ေနသည္ကို ခ်က္ခ်င္းသတိျပဳမိၾကသည္ပင္။ ထိုင္ခုံမရွာခင္အထိ စာသင္ခန္းဝင္ေပါက္ဝတြင္ သူတို႔ေခတၱမွ် ေတာင့္ေတာင့္ႀကီးျဖစ္သြားၾကသည္။
အတန္းေနာက္ဘက္ရွိ ထိုင္ခုံမ်ားတြင္ လူျပည့္ေနၿပီျဖစ္ရာ ေ႐ြးခ်ယ္စရာမရွိဘဲစာသင္ခန္း
၏ ဒုတိယတန္းတြင္ ထိုင္ၾကရသည္။ သူတို႔ခုံမ်ားက ခ်ဴေရွာင္းေနာက္တည့္တည့္တြင္။
ေနရာတစ္ခုတည္းမွာဆုံေတြ႕ေနရတဲ့ သုံးပြင့္ဆိုင္အခ်စ္ဇတ္လမ္းထဲက ဇတ္ေကာင္ေတြကိုၾကည့္ေနရင္း အတန္းတစ္ခုလုံး တိတ္ဆိတ္မႈၾကႀကီးစိုးသြားေတာ့သည္။ အတန္းကား အဇူရာကြင္းျပင္အလား။ အတင္းတုတ္တာကိုႏွစ္သက္တဲ့အဖြဲ႕ကေတာ့ သူတို႔ဖုန္းေလးေတြကိုထုတ္ၿပီး ျမင္ကြင္းကိုမွတ္တမ္းယူဖို႔ ျပင္ဆင္ၾကၿပီ။
ပိုင္႐ြယ္ေဝ့ ကို႔ရိုးကားယားထိုင္လိုက္သည္။ လူတိုင္းရဲ႕အာ႐ုံေတြက သူတို႔ဆီမွာစုေနတာကို သတိမျပဴမိဖို႔ဆိုတာ မျဖစ္နိုင္ေပ။ အဲ့လိုဆိုရင္ေတာင္ ဒီေရခဲျပင္ကိုၿဖိဳခြဲဖို႔ သူမတစ္ခုခုေျပာသင့္သည္ဟု ယူဆၿပီး တိုးညွင္းစြာေျပာလိုက္သည္။
"ခ်ဴေရွာင္.....သက္သာသြားၿပီလား?"
ခ်ဴေရွာင္းကားမတုံ႕ျပန္...
ပိုင္႐ြယ္ေဝ့ ထပ္ႀကိဳးစားျပန္သည္။
"ငါေတာင္းပန္ပါတယ္ ေရွာင္းေရွာင္း..ျဖစ္ခဲ့တာေတြအတြက္ ငါတကယ္ေတာင္းပန္တာပါ။"
ခ်ဴေရွာင္းထပ္ၿပီး မတုံ႕ျပန္ေခ်။
ပိုင္႐ြယ္ေဝ့ေခါင္းကိုႏွိမ့္ကာ နှုတ်ခမ်းက်ို ကိုက္လိုက္သည္။ သူမလက္ေတြကလည္း စားေပၚေပၚမွာတင္းတင္းဆုပ္ထားလ်က္။ လူေတြဘယ္ေလာက္ပဲ ျမင္ကြင္းကိုၾကည့္ၾကည့္ သူမကအနိုင္က်င့္ခံရသူလို ျဖစ္ေနမွာပင္။
ယိခ်န္မ်က္ေမွာင္ကုပ္ၿပီး ပိုင္႐ြယ္ေဝ့ကိုႏွစ္သိမ့္ဖို႔ လက္ကိုင္ေပးလိုက္သည္။ သို႔ေသာ္ သူ႕အၾကည့္ေတြက ခ်ဴေရွာင္းေက်ာေနာက္ဘက္ကိုသာ စူးရွစြာစိုက္ၾကည့္ေနရင္း ေျပာ၏။
"ခ်ဴေရွာင္း ႐ြယ္ေဝ့ကမင္းကို စကားေျပာခ်င္ေနတယ္"
သို႔ေသာ္ ခ်ဴေရွာင္းကေတာ့ ေနၿမဲေနဆဲ။
ခ်ဴေရွာင္းသူ႕ကို တျခားေက်ာင္းသားေတြေရွ႕မွာ မ်က္ႏွာသာမေပးတာကို ယိခ်န္စိတ္ရႈပ္မိသည္။ ဒါနဲ႕ခ်ဴေရွာင္းလက္ေမာင္းကိုဆြဲဖို႔ လက္ဆန့္လိုက္၏။
ခ်ဴေရွာင္းနယ္ကြၽံလာေသာလက္ကို အလိုအေလ်ာက္ဆြဲယူၿပီး စားပြဲအစြန္းကိုခံလ်က္ ရိုက္ခ်လိဳက္၏။ ယိခ်န္ဘာေတြျဖစ္သြားလဲဆိုတာ မသိလိုက္ခင္ ေသြးပ်က္ဖြယ္ေအာ္ လိုက္သည္။
"အား!!!!....လႊတ္စမ္း!!??"
ေနာက္ဆုံး ခ်ဴေရွာင္း သူမရဲ႕လြတ္သြားတဲ့စိတ္ကို ျပန္ယူၿပီး သူ႕လက္ကို လႊတ္လိုက္သည္။ သူမလက္ေမာင္းကို ရင္ဘတ္ဆီေကြးရင္း စားပြဲကိုမွီကာ မတ္တပ္ရပ္လိုက္သည္။
ထို႔ေနာက္ သူ႕ကို႐ြံရွာစြာၾကည့္ရင္း ေျပာသည္။
"ကြၽတ္...ရွင္ဒီေလာက္ အက်ယ္ႀကီးေအာ္လိုက္တာ...ကြၽန္မရွင့္လက္ကို မေတာ္တဆခ်ိဳးမိသြားၿပီထင္တာ။ ဒဏ္ရာေလးနည္းနည္းရတာကို ဝက္သတ္သလို ေအာ္ေနတာပဲ။"
"ခ်ဴေရွာင္း!"
ယိခ်န္သူမကို ေဒါသျဖစ္စြာစိုက္ၾကည့္ရင္း အရွက္ခြဲခံရသည္ဟု ခံစားေနရသည္။
ပိုင္႐ြယ္ေဝ့ ယိခ်န္ရဲ႕ဒဏ္ရာရသြားတဲ့လက္ကို စစ္ေဆးၿပီး စိုးရိမ္စြာေျပာသည္။
"ယိခ်န္ ကြၽန္မတို႔ရွင့္ဒဏ္ရာကို စစ္ေဆးဖို႔ ေဆး႐ုံသြာသင့္တယ္ေနာ္။ ရွင့္လက္က နီၿပီးေရာင္ေနၿပီ။ ရွင္လက္ဘာမွမျဖစ္တာေသခ်ာေအာင္လုပ္ရမယ္။"
မ်က္ရည္ေတြအျပည့္ မ်က္လုံးေတြနဲ႕ ခ်ဴေရွာင္းကိုၾကည့္ၿပီး ရွိုက္လိုက္၏။
"ေရွာင္းေရွာင္း...ငါ့ကသာ နင္စိတ္ဆိုးသင့္တဲ့သူပါ။ ယိခ်န္ကို စိတ္မဆိုးပါနဲ႕ဟာ။"
အဂၤလိပ္ဆရာမက စာသင္ခန္းတံခါးဖြင့္ၿပီး ဝင္လာသည္။ သူတို႔အခ်င္းမ်ားေနပုံရတာကို ေတြ႕ေတာ့ မ႐ႊင္မျပအမူအရာႏွင့္..
"မင္းတို႔ဘာလုပ္ေနတာလဲ? ဘာလို႔ စာသင္ခန္းအတြက္ ထိုင္မေနတာလဲ? မင္းတို႔ေတြ စကားမ်ားခ်င္ ေဆြႏြေးခ်င္ရင္ စာသင္ခန္းအျပင္မွာသြားလုပ္။"
ခ်ဴေရွာင္းပခုံးတြန့္ျပကာ ထိုင္ခုံတြင္ဝင္ထိုင္လိုက္သည္။
"တီခ်ယ္ ဘာလို႔သူတို႔ႏွစ္ေယာက္က ကြၽန္မစာေလ့လာေနတာကို ႏွောင့္ယွက္တာလဲေတာ့မသိဘူး။ အတန္းမစခင္ ဒီေန႕သင္ခန္းစာေတြကို ဖတ္ဖို႔စီစဥ္ထားတာ။ ဒါမဲ့႐ုတ္တရက္ႀကီး သူတို႔ကလာႏွောင့္ယွက္ၾကတယ္။
ဟုတ္သား! ဒီလူကကြၽန္မတို႔ေမဂ်ာကလည္း မဟုတ္ဘူး၊.. သူဒီမွာရွိမေနသင့္ဘူးေလ။
တီခ်ယ္ ေက်းဇူးျပဳၿပီး ဂ႐ုစိုက္လိုက္ပါဦး။"
16.2.2022💖