Karishna &The Psychic Killer...
By Thee_Oo
9.9K 316 12
[ Unicode & Zawgyi ] တောင်းတဲ့ဆုနဲ့သာပြည့်မယ်ဆိုရင် ခင်ဗျားကိုကျုပ်ဘေးနားပြန်ခေါ်ထားချင်တယ်...။ တောင်းတဲ့ဆုနဲ... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
ဇာတ်သိမ်းပိုင်း
အပိုင်း(၁၅)
322 12 0
By Thee_Oo
Unicode
သူမဒီနေရာမှာပိတ်မိနေတာရက်သတ္တပတ်ရှိခဲ့သည့်တိုင်အောင် သူမဘယ်ကိုရောက်နေသလဲဆိုတာလဲမသိ။လက်ကောက်ဝတ်တွေနဲ့ခြေကျင်းဝတ်တွေကိုတော့သံကွင်းနဲ့ခြည်နှောင်ထားပြီး သူမရဲ့ပုံစံက ခွေးတစ်ကောင်အလား။ သူငယ်ချင်းအိမ်လည်ပတ်ပြီးအပြန်မှာ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကနောက်ကနေသူမဦးခေါင်းကိုရိုက်ချပြီး ဒီနေရာခေါ်လာပြီးပိတ်လှောင်ထားခဲ့ခြင်းဖြစ်သည်။တိုက်ခန်းလေးကတော့စုတ်ချာနေ၍ အတွင်းပိုင်းပြင်ဆင်မှုတွေကတော့လူသတ်လက်နတ်အစုံဖြင့်နံရံပေါ်တပ်ဆင်ထားသည်။ သူမဘာလို့ဒီနေရာကိုရောက်နေရတာလဲ။
"သတိရလာပြီလား"
ဝင်လာတဲ့လူကိုကြည့်လိုက်တော့ အသက်၂၅အရွယ်လောက်ရှိမည့်ခပ်ချောချောလူငယ်တစ်ယောက်။ ဒီလူဘယ်သူလဲ တစ်ခါမှမမြင်ဖူးမတွေ့ဖူးတဲ့ထိုလူဟာ သူမကိုများသိနေခဲ့သလား။ထို့နောက် ထိုလူကထမင်းပန်းကန်ကိုင်လျက် သူမရှေ့လာချပြီး ခွေးစာကျွေးသလို။စုတ်ပြတ်နေသောသူမတစ်ကိုယ်လုံးကို ခပ်ထေ့ထေ့ကြည့်၍
"စားလေ"
"ကျွန်မကိုသိလား၊ဒါမှမဟုတ်ကျွန်မရှင့်အပေါ်မှာကျူးလွန်ခဲ့မိတဲ့အမှားတစ်စုံတစ်ရာများရှိခဲ့လို့၊ကျွန်မကိုဒီလိုချုပ်နှောင်ထားရတာလဲ"
ထိုလူကသူမအမေးစကားကြောင့်လက်ထဲက ကိုင်ထားတဲ့ဟန်းဖုန်းကိုကြမ်းခင်းပေါ်ခဏချထားလိုက်ပြီး လက်ပိုက်လျက်
"မင်းကိုလဲမသိဘူး၊မင်းကငါ့အပေါ်မှာလဲအပြစ်ကျူးလွန်ခဲ့တာမရှိဘူး။ဒါပေမယ့်သိလား မင်းတို့လို မိန်းမလှလေးတွေကိုနှိပ်စက်ပြီးသတ်ရတာငါ့အတွက်ပျော်ဖို့ကောင်းတယ်...ဟားဟား"
အရိုင်းဆန်တဲ့မျက်ဝန်းတွေဖြင့်သူမကိုကြည့်ရင်းပြောလာတဲ့ထိုလူ့စကားကြောင့်သူမကြောက်ရွံ့တုန်လှုပ်သွားပြီးမငိုမိအောင်ထိန်းထားနေတုန်းမှာပဲထိုလူက ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး အတွင်းခန်းထဲမှတစ်ခုခုသွားယူနေစဥ်ကြမ်းခင်းပေါ်မှာချထားတဲ့ဟန်းဖုန်းကိုခပ်မြန်မြန်ကောက်ယူလိုက်ပြီး အရေးပေါ်ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်သည်။
"T...T...T"
"........"
" ကျွန်မကိုကယ်ပါအုံး၊ကျွန်မအခုဘယ်ရောက်နေလဲမသိပေမယ့်
လူတစ်ယောက်က ကျွန်မကိုသတ်ဖိူ့ကြိုးစားနေတယ်အီး...ဟီး"
တစ်ဖက်ဖုန်းထဲမှ အကူအညီတောင်းလာတဲ့မိန်းကလေးအသံကြားတာနဲ့Karishမျက်ဝန်းများပြူးကျယ်သွားပြီး
"အခုကဘယ်နေရာမှာလဲ၊ကျွန်တော်အခုချက်ချင်းလာခဲ့မယ်"
"အခုကဘယ်နေရာမှာပိတ်ထားလဲတော့မသိဘူး၊ပုံစံကြည့်ရတာတော့အိမ်တစ်အိမ်ပဲ၊ဒါပေမယ့် လူသတ်လက်နတ်တွေကအစုံပဲ၊အီး..ဟီး"
မျက်စိရှေ့မြင်နေရတဲ့ ပုံစံကိုပြောပြနေတုန်းမှာပဲသူမရှေ့ထိုလူချက်ချင်းရောက်လာပြီးဖုန်းကိုဆက်ခနဲဆွဲယူကာဖုန်းပိတ်လိုက်၍
လက်ထဲပါလာသောတူဖြင့်ရိုက်ချလိုက်သည်။
"ခွပ်!"
"အား!"
"ကျွတ်!အဲ့တာကြောင့်ငါမိန်းမတွေကိုမုန်းတာပဲတအားမာယာများတယ်၊fuck မင်းတို့လိုမိန်းမတွေကလောကကြီးမှာရှိမနေသင့်တဲ့လူတွေပဲ "
ပြောပြောဆိုဆို ငိုက်ကျသွားတဲ့ သူမဦးခေါင်းကိုပင့်ယူလိုက်ပြီးဆံပင်
ရှည်တို့ကိုဆောင့်ဆွဲကာအကြည့်ချင်းဆုံစေ၍
"လူ့လောကမှာကြာကြာမနေချင်တော့ဘူးလားဟမ်"
"ထွီ...ဖွီ"
မျက်နှာတည့်တည့်ကြည့်ပြောနေတဲ့ ထိုလူ့မျက်နှာထံသူမတံတွေးဖြင့်ထွေးလိုက်ကာ ရီလျက်...
"အရှုံးသမား!မိန်းမတွေကနင့်ကိုဘာလုပ်နေလို့ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားနေရတာလဲ၊ထွီ!နင်လွတ်မြောက်နေလဲတစ်ခဏပေါ့နင့်လိုစိတ္တဇလူသတ်သမားကို ဘယ်သူမှကြာကြာပစ်ထားမှာမဟုတ်ဘူး"
ဘယ့်နှယ့်ဒီမိန်းမ ဒီလောက်နှိပ်စက်ခံထားရတာတောင် အကြောတင်းနိုင်သေးတယ်။ဘာအားကိုးနဲ့ လူသတ်သမားလက်ထဲရောက်နေတာတောင် ဒီလိုမာမာတင်းတင်းပြောနိုင်နေရတာလဲ။ စိတ်ပင်ပိုတိုလာ၍ မျက်စိရှေ့က ထိုမိန်းကလေးကို ပုဆိန်ခပ်သေးသေးတစ်လက်ဖြင့်ခုတ်ချလိုက်တော့
"ဖြောင်း!"
"အား!"
"အား....အီး...ဟီး..."
ကြောက်အားလန့်အားမျက်ဝန်းတွေပိတ်ချလိုက်ပြီးမှတဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ သွေးအိုင်ထဲမှာသူမလက်သန်းလေးတစ်ဖက်ကအဝေးမှာလွင့်ထွက်လျက်သားဖြစ်သည်။ထိုနာကျင်မှုကိုသူမ မခံစားနိုင်တော့ပဲ.။
"အား!ငါ့လက်....အီး...ဟီး"
"သတ်မယ်ဆိုလိုတစ်ခါထဲသတ်ချလိုက်ပါလား၊လူကိုညှင်းဆဲနေရတာသိပ်ပျော်နေလား စိတ္တဇကောင်ရဲ့"
"ဘာ!စိတ္တဇကောင်ဟုတ်လား၊ငါ့ကိုအဲ့လိုမခေါ်နဲ့...အား...ငါစိတ္တဇမဟုတ်ဘူး"
လက်သန်းတစ်ဖက်ကြောင့်နာကျင်နေတဲ့သူမထံသွားပြီး ကယောင်ချောက်ခြားဖြင့်သူမလည်ပင်းကိုညှစ်၍ မျက်ထောင့်နီနီများဖြင့်စိုက်ကြည့်ပြီး အပြုံးတို့ကစိတ္တဇဆန်လျက်။
"သေ....သေ....အဲ့လောက်သေချင်နေတာ သတ်ပေးမယ်စိတ်ချ
ဟား...ဟား"
အင်းအားမမျှတပဲလည်ပင်းညှစ်ထားခံရတော့ သူမ မရုန်းနိုင်တော့ပဲလည်ပင်းပေါ်ကျရောက်နေတဲ့လက်ဖမိုးတို့ကိုဖယ်နေချသော်လဲ
မအောင်မြင်။
"အ...အစ်...အစ်...အစ်"
အန္တရယ်အတွင်းကျရောက်နေတဲ့ ကြက်ကလေးငှက်ကလေးသဖွယ်အတင်းရုန်းကန်နေသောသူမကိုကြည့်၍ ပျော်ရွှင်မှုတို့ကအတိုင်းအဆမရှိ...။
############
Zawgyi
"သတိရလာပြီလား"
"စားလေ"
"T...T...T"
"......."
" ကျွန်မကိုကယ်ပါအုံး၊ကျွန်မအခုဘယ်ရောက်နေလဲမသိပေမယ့်လူတစ်ယောက်က ကျွန်မကိုသတ်ဖို့ကြိုးစားနေတယ်အီး...ဟီး"
"ခွပ်!"
"အား!"
"ထွီ...ဖွီ"
"ဖြောင်း!"
"အား!"
"အား....အီး...ဟီး..."
"အား!ငါ့လက်....အီး...ဟီး"
ဟား...ဟား"
မအောင်မြင်။
"အ...အစ်...အစ်...အစ်"
############
Continue Reading
You'll Also Like
141K 4.5K 44
60.1K 4.9K 35
မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z ...
1.3M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...
34.8K 3.9K 65
Author _ Shuiqiancheng That's not my work.I am Just Translator