Ring 💍💍💍🔞🔞🔞🔞

By HarfizIsmaiel

129K 3.4K 259

ပေါ့ပေါ့ပါးပါးနဲ့ ခံစားရမယ့် ficလေးပါ နော်😘 More

Part 1
Part2
Part 3
Part 4
Part5
PART 7
Part8Ring🔞🔞🔞💍💍💍အ မှောင်
Part 9Ring 💍💍💍🔞🔞🔞
Part 10
Part 11
Part 12
Part13
Part14

Ring😍😍🔞🔞🔞🔞part6

19.4K 320 7
By HarfizIsmaiel

မာစီးဒီးစ် ကားအနက်ကြီးက အရှိန်ပြင်းစွာ..
ပြေးလွှားလျက် လမ်းမကြီးထက်.....
အတန်ကြာ ပြီးနောက်  ကျယ်ဝန်းလှသော
အဆင့်မြင့်ဆေးရုံကြီး တစ်ခုအတွင်းသို့ ဝင်ကောက်လာသည်။
မင်းခန့်ညား တစ်ယောက် ကလေး လက်နုနုကလေးကိုင်ထားလျက် စိတ်ဂနာမငြိမ်ဖြစ်နေသည်။
ဆေးရုံအတွင်းမှ လူနာတင် တွန်းလှည်း နှင့်
ဆရာဝန် အငယ် လေးယောက် အပြေးအလွှားကောက်လာသည်။
မင်းခန့်ညား ရင်ခွင်ထဲမှ ကလေးကို ပွေ့မလိုက်ကျသည်။
မင်းခန့်ညား လက်ကလေးကို​တော့ ဆုပ်မြဲ ဆုပ်ကိုင်ထားလိုက်သည်။
ဆရာဝန်လေး လေးယောက်က အပြေးအလွှား တွန်းလှည်းကို တွန်းသွားကျသည်။
အရေးပေါ်အခန်းအတွင်းသို့ ဝင်သွားမှ မင်းခန့်ညား လက်ကလေးကို လွှတ်ပေးလိုက်ရတော့သည်။
အထူးကု ပါမောက္ခကြီးနှင့်အတူ လေးငါးယောက်
ဝင်သွားသည်။
ခနအကြာ ဆေးရုံအုပ်ကြီးရောက်လာပြီး
မေးမြန်းနေသည်။
မင်းခန့်ညား တစ်ခွန်းမှ ပြန်မဖြေနိုင် စိုးရိမ်မှု့က ကြီးစိုးနေသည်။
ဘေးက ကိုမိုးကပင် ပြန်ပြောနေရသည်။
.....ကျောင်းမှာ မူးလဲလို့ပါ ဆရာကြီး.....
.....သိပ်လဲစိတ်မပူပါနဲ့  ကို မင်းခန့်ညား
အဆင်ပြေသွားမှာပါ.........
မင်းခန့်ညား ထလိုက်ထိုင်လိုက် ဖြစ်နေရသည်။
အပေါ့သွားချင်တာလိုလို လူသတ်ချင်တာလိုလို
စိတ်က.......
မကြာလိုက်ပါ မင်းခန့်ညား မိဘနှစ်ပါးလုံးရောက်လာကျသည်။
အဲ့လိုကျ မင်းခန့်ညား အပေါ် တစ်ချက် ဂရုစိုက် မပျက်သော မိဘနှစ်ပါးကို ကျေးဇူးတင်ရသည်။
အရမ်းလဲ ချစ်မိသည်။
😍😍😍😍
ဒေါ်မြပန်းဖြူ က
.....သားလေး ဘာဖြစ်လို့လဲ....
မင်းခန့်ညား က ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။
ဒေါ်မြပန်းဖြူ က...သဘောကျစွာ ပြုံးလိုက်သည်။
သားလေးက သနားကြင်နာတတ်တဲ့စိတ် အပြည့်အသရှိတာဘဲဟူ၍....
ဦးခန့်မင်း က​တော့ ဆေးရုံအုပ်ကြီးနှင့်စကားပြောနေသည်။
.....ကျွန်တော့် သားလေးပါ အခုဖြစ်တာကလည်း
ပိုက်ဆံအတွက် စိတ်မပူပါနဲ့ အမြန်ဆုံးကောင်းအောင်
ကုသပေးပါ ဒေါက်တာ....
....စိတ်ချပါ ဦးခန့်မင်း ပိုက်ဆံကိစ္စ မပြောရပါဘူး...
လူ့အသက်ကယ်ဖို့က ကျွန်တော်တို့ တာဝန်ပါဘဲ
ပိုက်ဆံဆိုတာကလည်း.. ကျွန်တော်တို့ပေးဆပ်ထားရတဲ့ အချိန်တွေရဲ့ တန်ဖိုးတစ်ခုပါ...
ဒီအလုပ်အပေါ်မှာ နှစ်မြှုပ်ထားတယ် ကျန်တဲ့အလုပ်ပေါ်မှာ စွန့်လွှတ်ထားခြင်းရဲ့ တန်ဖိုးတစ်ခုပါ...
..ဟုတ်ပါပြီ  ဒေါက်တာ ကျေးဇူးပါ...
...

အရေးပေါ်အခန်းမှ တီတီတီတီ ဆိုသော အသံနှင့်အတူ
မီးစိမ်းလေး လင်းသွားသည်။
ဆရာဝန်ကြီး ထွက်လာသည်။
မျက်နှာမှာတော့ ပြုံးလျက်။
မင်းခန့်ညား အမောတကော မေးလိုက်သည်။
...ဆရာ   အခြေနေကောင်းရဲ့လားဗျာ...
မင်းခန့်ညား ပုံစံကိုကြည့်ပြီး ဆရာဝန်က
...ကောင်းပါတယ်  ကို မင်းခန့်ညား...
စိတ်ပူစရာအခြေနေမှာ မဟုတ်တော့ပါဘူး
... နောက် တစ်နာရီလောက်ဆို လူနာ နိုးလာပါလိမ့်မယ်...
အခုဖြစ်တာက​တော့ လူနာက တော်တော် အရှက်ကြီးတဲ့ပုံဘဲဗျ ရှက်လွန်းပြီးး မေ့မျောသွားတာပါ
စိုးရိမ်စရာမရှိပါဘူး။
သူ့ကို အဲ့လို ဖြစ်စေမယ့် ကိစ္စ တွေကနေ ရှောင်ကျဖို့ အကြံပေးချင်ပါတယ်။
ကဲ လူမာတွေရှိသေးတာမို့ ခွင့်ပြုပါဦးဗျ...
..ဟုတ်ကဲ့ပါ ဆရာ...
အထဲဝင်လို့ရလား ဆရာ... ?
..ရပါတယ်ဗျ.. အဝတ်လေး လဲသွားပေးပါ
ပိုးသတ်ထားတဲ့ အခန်းမို့...
..ဟူတ်ကဲ့ဆရာ...
မင်းခန့်ညား ပြောပြောဆိုဆို
အဝတ်လဲခန်းထဲဝင်သွားကာ ဆေးရုံသုံး ဝတ်စုံကို ဝတ်လိုက်သည်။
ပြီးနောက် အခန်းအတွင်းသို့
မင်းခန့်ညား ဝင်လိုက်သည်နှင့်
ကုတင်ပေါ်မှာ မေ့မြောနေသည့်ကလေး
မင်းခန့်ညား မျက်ရည်များ ဝိုင်းလာသည်။
ငါ့ကလေးလေး ငါမထိရသေးဘူး
အခုဖြစ်နေရပြီလားကွာ....
စိတ်ထဲမှပြောနေမိသည်။
မင်းခန့်ညား လက်ကလေးဆို ဖွဖွလေးကိုင်လိုက်သည်။
ကလေးလေး က နိုးကြားနေသည့်အလား
ပြန်လည်ဆုပ်ကိုင်လာသည်။
မင်းခန့်ညား ပျော်သွားရသည်။
တစ်ချိန်တည်းမှာပင် စိတ်ထဲမှ ပြောင်ကြီးတို့အဖွဲ့ကား
တန်ပြန်သက်ရောက်မှု့ဖြစ်ရန် တွေးနေလိုက်သည်။
ဘယ်လောက်ကြာပြီ မသိ
ကလေးလေးမှ လှုပ်ရှားလာသဖြင့် မင်းခန့်ညား ကုတင်လေးပေါ် ခေါင်းတင်ပြီး တွေးနေရာကနေ သတိဝင်လာသည်။
....ကလေးလေး ကလေးလေး...
မင်းခန့်ညား ကိုမြင်တော့ ကလေးလေး က
..ကျွန်တော် ဘယ်ရောက်နေတာလဲဟင်...

ကျွန်တော် ...
စကားက တစ်ဝက်တစ်ပျက် ရပ်သွားသဖြင့် မင်းခန့်ညား က
...ကလေးလေး အခုဆေးရုံမှာပါနော်
စိတ်အေးအေးထား ကို ရှိနေတယ်နော်....
ပြီးကျ အကြောင်းစုံပြောပြမယ်...
အခုပြန်နားနေလိုက်ပါဦး...
ကလေးလေး က မျက်လုံးအဝိုင်းသားဖြင့်
ခေါင်းဘဲ ငြိမ့်ပြပြီး မျက်လုံးကိုစုံမှိတ်ထားလိုက်သည်။
ကြည့်ရသည်က ပြန်မနားချင်​တော့သည့်ပုံစံ
မင်းခန့်ညား နာရီလှမ်းကြည့်လိုက်​တော့
12:34...
ကလေးလေး ဗိုက်ဆာနေမည်လား မသိ.
မင်းခန့်ညား ဖုန်းထုတ်ကာ
ကိုမိုးကိုဆက်လိုက်သည်။
.....တူခနဲ မြည်လျင်ဘဲ တစ်ဖက်မှ
...အမိန့်ရှိပါ သခင်လေး...
....ကိုမိုး ထမင်းချိုင့် လာပို့ပေးပါ ကြက်ပေါင်းရည်10ကတ်ဝယ်ခဲ့ပေး....
..ဟူတ်ကဲ့ သခင်လေး သခင်လေးအတွက်ကော ဘာယူခဲ့ရမလဲ...
...မယူခဲ့နဲ့ ခုနကမှာတဲ့ဟာ အရင်လာပို့...
..ဟုတ်...
မင်းခန့်ညား ဖုန်းချလိုက်သည်။
မင်းခန့်ညား က..
...ကလေးလေး မနားချင်ရင် နေသာသလိုနေလေ..
ရတယ်နော်...ကိုက နားချင်နေမလားလို့..
ခနစောင့်နော် ခနနေ ထမင်းစားလို့ရပြီနော်..
ကလေးလေးက ခုမှ ခွင့်ပြုလိုက်သည့်အလား
ဝိုင်းစက်နေသည့် မျက်လုံးအစုံကိုဖွင့်ကာ
သူ့ကိုကြည့်လိုက် သူကပြန်ကြည့်လျင် တစ်ဖက်လှည့်သွားလိုက်နှင့်
မင်းခန့်ညား ပြုံးမိသည်။
ဆရာဝန်ပြောသလိုပင် တစ်ကယ်ဘဲ အရှက်ကြီးသည့်
ကလေးလေးဘဲ
5မိနစ် ကြာပြီး​​နောက်
အခန်းတံခါးပွင့်သွားကာ
ဆရာဝန်လေး နှစ်ယောက် ရောက်လာသည်။
...ကို မင်းခန့်ညား လူနာကို အခန်းပြောင်းလို့ရပါပြီဗျာ
...
...ဟုတ်ကဲ့ဗျ...
ကျွန်တော်တို့ တွန်းကူပေးမယ်...
..ရတယ် ကျွန်တော်ဘဲတွန်းမယ် လမ်းပြပေး...
...ဆရာဝန်လေးတွေက နားလည်သွားဟန်ဖြင့်
ဟုတ်ကဲ့...
ရှေ့မှ လျှောက်သွားလိုက်သည်။
မင်းခန့်ညား တွန်းလှည်းကိုတွန်းတာ ​နောက်မှလာိက်သွားသည်။
အခန်း နှစ်ခန်းကျော်ပြီးနောက်
ကလေးလေး နားနေရမည့်အခန်းကိုတံခါးဖွင့်ပေးလိုက်သည်။
မင်းခန့်ညား တွန်းဝင်လိုက်သည်နှင့်
တံခါးက အော်တိုပြန်ပိတ်သွားသည်။
ပြီး​နောက် စပီကာမှ..
...ကိုမင်းခန့်ညား လိုတာရှိရင် ခလုပ်နှိပ်ပြီးခေါ်နိုင်ပါတယ်....
ညနေကျ ဆရာဝန်ကြီး လာစစ်ဆေးပါလိမ့်မယ်ဗျ...
မင်းခန့်ညား အွန်းဟု တစ်ချက်မျှပြောပြီး ကလေးလေးကို ကုတင်ပေါ်သို့ ပြောင်းရွှေ့လိုက်သည်။
ကလေးလေးကိုပွေချီလိုက်ရာ မင်းခန့်ညား စမ်းကြ်ည့ချင်သဖြင့် လက်ချော်သွားသန့်ဟန်ဖြင့် ဆတ်ခနဲ လွှတ်ကြည့်ရာ အတင်းတွယ်ဖက်လာသည့် ကလေးလေး😁😁..မင်းခန့်ညား ပြုံးလိုက်ပြီး ကုတင်ပေါ်တင်လိုက်သည်။
ကလေးလေးက​တော့ ရှက်ရွံ့စွာ တစ်ဖက်သို့စောင်းသွားသည်။
မင်းခန့်ညား ထိုင်နေလိုက်သည်။ခနအကြာ ဘဲလ်သံကြောင့် တံခါးထဖွင့်လိုက်သည်။
ဆရာဝန်လေးနှစ်ယောက် ထမင်းပန်းကန်များနှင့်
ကြက်ပေါင်းရည်ကတ်များနှင့် ရပ်နေသည်။
မင်းခန့်ညား က
...ဝင်လာပါဗျ...
စားပွဲပေါ်သို့ အစီအရီ ချပေးထားခဲ့ပြီး
ဆရာဝန် လေးနှစ်ယောက်ပြန်ထွက်သွားသည်။
မင်းခန့်ညား ကြက်ပေါင်းရည် သုံးပုလင်းထုတ်ယူလိုက်ကာ ဖန်ခွက်ထဲ ထည့်လိုက်သည်။
ပြီးနောက် ထမင်း ပန်းကန်လေးကိုင်ကာ
အမဲသား ပြုတ်ကြော်နှင့် ကြက်ဥကြော်လေးကို
ထည့်ကာ ကုတင်ဘေးနားသို့လာလိုက်သည်။
ကလေးကို ထူပေးကာ မင်းခန့်ညား
ထမင်းပန်းကန်လေးကိုင်ကာ တစ်ဇွန်းချင်းစိတ်ရှည်လက်ရှည် ခွံ့နေလိုက်သည်။
ကလေးလေးကလည်း ဗိုက်ဆာနေဟန်တူသည်။
တစ်ခနအကြာ ထမင်းတစ်ပန်းကန်လုံး ပြောင်စင်သွားရသည်။
ပြီးသည်နှင့် ကြက်ပေါင်းရည် ဖန်ခွက်ကို
ယူပေးလိုက်သည်။
...သောက်လိုက်နော်....
အားရှိသွားအောင်...
ကလေးလေးက မျက်လုံးလေးပြူးကာ သူ့ကိုမော့ကြည့်သည်။
...သောက် သောက် ချင်ဝူးးး...
အဲ့တာတွေက စျေးကြီးတယ်....
ကျွန်တော် ကျွန်တော်.. မှာ အဲ့တာတွေအတွက်
ပိုက်ဆံမရှိဘူး...
မင်းခန့်ညား ပြုံးမိပြန်သည်။
ကလေး က သူပေးရမည်ထင်နေသည်ကိုး
...
သောက်လိုက်နော် ကလေး အာ့မှ အားရှိမှာ
..
မင်းခန့်ညား မျက်နှာထား တည်လိုက်သဖြင့်..
ကလေးလေး အယောင်ယောင်အမှားမှားဖြင့်..
..ဟူတ် ဟုတ်ကဲ့...
လက်သေးသေးသွယ်သွယ်လေးတွေက ဖန်ခွက်ကိုကိုင်ဖို့အားယူနေရသဖြင့်
မင်းခန့်ညား ကဘဲ ဖန်ခွက်ကိုယူကာ
နှုတ်ခမ်း လေးနားရောက်အောင် ပို့ပေးလိုက်ရသည်။
နှုတ်ခမ်းပန်းရောင်လေးက အခု​တော့ အရောင်ဖျော့နေလေပြီ.......
.
....
မင်းခန့်ညား ဘက်ကနေ ​ရေးနေတာပါနော်
နောက်တစ်ပိုင်းကို သျှားသွန်းဖြိုး ဘက်ကနေ ရေးပါ့မယ်
သာသာမအားလို့ပါနော် စိတ်ဆိုးကျပါနက်
Vote လေးတွေမစကျပါဦးလို့စ်😘😘😘😘

Continue Reading

You'll Also Like

93.5K 8.2K 52
What if Arnav gets a chance to rectify all his mistakes? What if he gets a chance to avoid such situations? What if he gets to know Khushi is his wou...
240K 35.6K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း
30.2K 1.2K 10
Oc female Jackson x Hermes x Apollo x Ares
2M 100K 37
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...