LOVE WARNING ⚠️[Complete]

By ivoryyy9

51.1K 3K 969

[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ခ်ယ္ရီပန္းတစ္ပြင့္က လူေတြကိ... More

Introduction
Simple Memory🌸
EP 0
EP 1
EP 2
EP 3
EP 4
EP 5
EP. 6
EP 7
EP 8
EP 9
EP 10
EP 11
EP 12
EP 13
EP 14
EP 15
EP 16
EP 17
EP 18
EP 19
EP 20
EP 21
EP 22
23
EP 24
EP 25
Baby Day Out Moment
EP 26
EP 27
EP 28
EP 29
EP 30 Final
Memory of Thadingyut 🕯️🕯️🕯️
Happy Birthday AK
Birthday Gift

Chocolate and drunk

526 26 1
By ivoryyy9

အျဖဴေရာင္ေႂကြျပားေတြခင္းထားတဲ့မီးဖိုခန္းဟာ အခုခ်ိန္မွာေတာ့အညိုေရာင္ေခ်ာကလက္အစက္ေလးေတြႏွင့္ျပည့္ႏွက္ေနေလသလိုအိမ္စီးဖိနပ္အပါးေလးဝတ္ထားတဲ့ေျခေထာက္ေဖြးေဖြးေလးကလည္း ဟိုေလွ်ာက္ဒီေလွ်ာက္ႏွင့္ျပာပန္းခပ္လႈပ္ရွားေနတာေၾကာင့္ ဖေႏွာင့္သားေလးေတြမွာေသြးေျခဥမတက္နီရဲေနေလသည္။နက္ျပာေရာင္ပိုးသားညဝတ္လက္ရွည္ဝမ္းဆက္ကိုဝတ္ထားတဲ့အကၡရာေလးအလုပ္ရႈပ္ေနသည္မွာ လြန္ခဲ့တဲ့နာရီဝက္ကတည္းကျဖစ္သည္။အိပ္ခ်င္မူးတူးျဖစ္ေနတာေၾကာင့္ မ်က္ခြံေလးကေဖာင္းအစ္ေနၿပီးမ်က္သားေလးေတြကလဲရဲေနသည္။မ်က္ေတာင္ရွည္ေကာ့ေကာ့ေလးေတြကလဲ မၾကာခဏပုတ္ခတ္ပုတ္ခတ္လုပ္ေနၿပီး ဆံစနီနီပြပြေလးေတြကိုလည္း ထိပ္တြင္သားေရႀကိဳးေပ်ာ့ေလးႏွင့္ျဖစ္သလိုစည္းထားေသးေလသည္။

   ေဘစင္ေရွ႕မွာရပ္ရင္း စေတာ္ဘယ္ရီသီးအလုံးႀကီးႀကီးလွလွမ်ားကို အသာအယာေဆးေၾကာေနရင္းတစ္ခ်က္တစ္ခ်က္လည္းသန္းေဝေနေသးသည္။‌တစ္ခါသုံးပလက္စတစ္ဘူးေလးထဲတြင္ တစ္လုံးတည္းသာက်န္ရစ္ခဲ့ေသာစေတာ္ဘယ္ရီသီးေလးကိုေရစြတ္ကာ ပါးစပ္ထဲထည့္လိုက္ၿပီးမွ အသီးနီနီေလးေတြႏွင့္ျပည့္ေနတဲ့ေႂကြပန္းကန္ျဖဴျဖဴေလးကို အိတ္ခြံေတြဘူးေတြဇလုံေတြႏွင့္ျပည့္ေနသည့္ေကာင္တာစားပြဲရွည္ႀကီးေပၚသို႔တင္လိုက္သည္။

   အရည္ေပ်ာ္စျပဳေနၿပီျဖစ္တဲ့ေခ်ာကလက္တုံးႀကီးကို အနည္းငယ္ေမႊေပးလိုက္ရင္း မီးကိုအနည္းငယ္ေလွ်ာ့ခ်လိဳက္သည္။ေခ်ာကလက္နံ႕ေတြကလဲ တစ္အိမ္လုံးကိုပ်ံ့ႏွံ႕လာၿပီျဖစ္လာတာေၾကာင့္ အကၡရာရဲ႕မ်က္ခြံေလးေတြကလည္း အနည္းငယ္ပိုၿပီးပြင့္လာေလသည္။ႏွာေခါင္းေလးကိုရႈံ႕ပြရႈံ႕ပြလုပ္‌လိုက္ရင္း ေခ်ာကလက္အနံ႕သင္းသင္းကိုရႈရွိုက္ကာ စိတ္ေပ်ာ္႐ႊင္လာၿပီး ႏႈတ္ခမ္းေလးမွာလည္းၿပဳံးလာေလေတာ့သည္။

  "ဟိဟိ အရမ္းေမႊးတာပဲ..."

   ေခ်ာကလက္ကိုေမႊေနရင္း လက္ညိုးေလးႏွင့္တို႔ကာျမည္းစမ္းလိုက္သည္။ျပင္းျပတဲ့ေခ်ာကလက္အရသာက ဦးေႏွာက္ထဲထိဝင္ေရာက္သြားၿပီး အိပ္ခ်င္ေနတဲ့ပိုးေတြကိုဖယ္ထုတ္ေနေလေတာ့သည္။ေရေႏြးဇလုံေအာက္ခံ၍ အခ်ိန္အနည္းငယ္ယူၿပီးေခ်ာကလက္တုံးအားအရည္ေပ်ာ္ေအာင္လုပ္ၿပီးေနာက္ဆက္ေမႊေနရင္း ဘယ္ပုံစံခြက္ထဲထည့္ၿပီး ဘာပုံစံေလးေဖာ္ရမလဲဆိုၿပီးစဥ္းစားေနရေသးသည္။အလုပ္ေတြကအရမ္းရႈပ္ေနပါသည္။ အကၡရာရဲ႕လက္ေရာေျခေထာက္ေရာဦးေႏွာက္ေလးပါ အလုပ္ရႈပ္ေနပါသည္။

    အခ်ိန္မွာမနက္၂နာရီခန႔္သာရွိေသးသည္မို႔ ပတ္ဝန္းက်င္ကတိတ္ဆိတ္ေနသည္။ဒီေန႕က Valentine Dayမို႔ အကၡရာေစာေစာစီးစီးအလုပ္ႀကိဳးစားေနျခင္းျဖစ္သည္။ေခ်ာကလက္ကိတ္ေလးရယ္၊ေခ်ာကလက္တုံးလွလွေလးေတြရယ္ျပင္ဆင္ၿပီးကိုကို႔ကို surpriseတိုက္ပါမည္။

   ေရေဆးၿပီးအေျခာက္ခံထားတဲ့စေတာ္ဘယ္ရီသီးေလးေတြကို ပိုမိုေျခာက္ေသြ႕ေစရန္ တစ္ရႈးေလးႏွင့္ထပ္သုတ္လိုက္ၿပီး ေခ်ာကလက္ရည္ထဲသို႔ႏွစ္ခ်လိဳက္သည္။တစ္ခ်ိဳ႕အသီးေလးေတြကို တစ္ဝက္ႏွစ္ၿပီး အခ်ိဳ႕အသီးေလးေတြကိုေတာ့အကုန္လုံးႏွစ္ကာ အျဖဴေရာင္ေခ်ာကလက္ျဖင့္ပုံေဖာ္လိုက္ၿပီး အေအးခံထားလိုက္သည္။

   ဖုတ္ထားၿပီးသားေခ်ာကလက္ကိတ္ကို ေခ်ာကလက္ရည္ေလာင္းလိုက္ၿပီး ေဘးပတ္လည္တြင္ အကြာအေဝးအညီအမွ်ျခား၍ခရင္အပုံေလးမ်ားပုံကာ ခ်ယ္ရီသီး‌လွလွေလးမ်ားကိုတင္ၿပီးအလွဆင္လိုက္သည္။အညိုေရာင္ေခ်ာကလက္ရည္ေလာင္းထားေသာကိတ္ေလးေပၚတြင္ အျဖဴေရာင္ခရင္ေတာင္ကုန္ေသးေသးေလးမ်ားရွိေနၿပီး ညွာတံပါတဲ့နီနီရဲရဲအသီးေလးေတြေၾကာင့္ ကိတ္ကေလးမွာ ရွင္းရွင္းေလးႏွင့္လွပေနေတာ့သည္။ကိတ္၏အလယ္လြတ္ေနေသာေနရာေလးေတြ သၾကားျပားႏွင့္လုပ္ထားေသာအသည္းပုံျပားေလးကပ္လိုက္ၿပီးေသာအခါတြင္ေတာ့ တုနိုင္းမမွီသည့္အလွပဆုံးအရိုးရွင္းဆုံးကိတ္ေလးတစ္ခုရရွိသြားေလေတာ့သည္။အကၡရာသည္ အဝါေရာင္မီးအလင္းေရာင္ကိုအမွီျပဳၿပီး ‌အညိုေရာင္ေခ်ာကလက္ကိတ္ေလးကို ပုံအခ်ိဳ႕ရိုက္ကာ တစ္ခုခုႏွင့္ရယ္ေနမိသည္။သူ႕မ်က္လုံးထဲတြင္ ကိတ္ကေလးမွာလြန္စြာလွပေနတာေၾကာင့္ ကိုယ့္ကိုကိုယ္ေတာင္ျပန္ဂုဏ္ယူေနေသးသည္။

   ေနာက္ဆုံးက်န္ရွိေနေသာေခ်ာကလက္ရည္မ်ားကို ဝိုင္အခ်ိဳ႕ေရာထည့္လိုက္သည္။ဝိုင္နံ႕သင္းေနတဲ့ေခ်ာကလက္ရည္ေတြကို ေဖာင္းႂကြအသည္းပုံ ပုံစံခြက္အေပ်ာ့ထဲေလာင္းထည့္ကာ toppingေရာင္စုံေလးျဖဴးၿပီး အေအးခံလိုက္သည္။ေဆးစရာရွိတာေတြကို အကုန္စုကာေဘစင္ထဲထည့္ပစ္လိုက္ၿပီး ဒီတိုင္းထားခဲ့ရန္ႀကံစည္လိုက္သည္။ေကာင္တာစားပြဲေပၚမွ ရႈပ္ပြေနေသာအမွိုက္မ်ားကို အမွိုက္အိတ္ထဲထည့္ကာ လက္ေဆးၿပီး အခန္းထဲအျမန္ေျပးဝင္လာလိုက္သည္။

   'မသိေတာ့ဘူး အရမ္းအိပ္ခ်င္တယ္...'

  အလုပ္‌ေတြမ်ားလြန္းျဖင့္ ညနက္ထိအလုပ္ႏွင့္ႏွစ္ပါးသြားကာညဆယ့္ႏွစ္ေက်ာ္မွအိပ္ခြင့္ရသြားတဲ့ကိုကိုမွာ သူထသြားသည္ကိုလည္းမသိသလို သူအိပ္ယာေပၚျပန္တက္လာသည္ကိုလည္းမသိေပ။အခုႏွစ္ပိုင္းမွာ တစ္ေန႕တစ္ေန႕ကိုယ္ခြဲမရွိပဲတစ္ေယာက္တည္းပင္ပင္ပန္းပန္းအလုပ္လုပ္ေနရတဲ့ကိုကိုခမ်ာ အားတဲ့အခ်ိန္ဆိုလည္းတီတီတာတာမေျပာနိုင္ေတာ့ပဲ အိပ္ၾကည့္သာအိပ္ေနတက္ေတာ့သည္။အခုလည္းမ်က္ေမွာင္ႀကီးၾကဳတ္ကာ ပင္ပင္ပန္းပန္းအိပ္ေနရွာေလသည္။အကၡရာက ျဖည္းျဖည္သာသာႏွင့္ခုတင္ေပၚတက္လိုက္ၿပီး ကိုကို႔နဖူးေပၚမွာမ်ဥ္းသုံးေၾကာင္းကို ျပန႔္သြားေအာင္လက္က‌ေလးႏွင့္အသာဆြဲဆန႔္လိုက္သည္။မီးေရာင္မွိန္မွိန္ကိုအားျပဳရင္း ျဖဴဝင္းေနသည့္မ်က္ႏွာေခ်ာေခ်ာကို ငုံ႕ၾကည့္လိုက္ရင္း ကိုကို႔ရင္ဘက္ေပၚေခါင္းတင္ကာ ေခြေခြေလးလွဲခ်လိဳက္သည္။အိပ္ေနရင္ျမင္ေနရသည့္ကိုကို႔ေမးဖ်ားေလးကို လက္ညိုးေလးႏွင့္တို႔ၾကည့္ေတာ့ မုတ္ဆိတ္ေမႊးတိုတိုေလးေတြေၾကာင့္ စူးတူးတူးေလးခံစားရသည္။အကၡရာအူယားသြားၿပီးတခိခိႏွင့္ႀကိတ္ရယ္မိေတာ့ ေႏြးေထြးတဲ့လက္ဖဝါးျပင္တစ္ခုက အကၡရာေနာက္ေက်ာေလးကိုအသာအယာပြတ္သပ္လိုက္သည္။အသံအစ္အစ္ေလးလည္းထြက္လာေလသည္။

   "အိပ္ေတာ့ အိပ္ေတာ့ ညနက္ေနၿပီ..."

    "အင္း...."

    ကိုကို႔လက္ေမာင္းကိုအားရပါးရဖက္လိုက္ရင္း မ်က္လုံးအစုံကိုမွိတ္ခ်လိဳက္ေတာ့သည္။ခ်စ္သူ႕ကိုယ္ေငြ႕နဲ႕အိပ္ခြင့္ရတာကလည္း ဆုလာဘ္တစ္ပါးပါပဲ။

  "အိပ္မက္ေတြရဲ႕ ေႏွာက္ယွက္ျခင္းကိုမခံရဘဲ ကိုကိုတစ္ေယာက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နဲ႕သက္ေတာင့္သက္သာအိပ္ေပ်ာ္ပါေစ..."

   သူရိန္ေနမင္းရဲ႕ေ႐ႊအိုေရာင္အလင္းတန္းက ကမာၻေျမႀကီးေပၚအေႏြးဓာတ္ေပးရင္း ခပ္ျဖည္းျဖည္းလႊမ္းၿခဳံလာသည္။ငွက္ကေလးေတြရဲ႕ မနက္ခင္းသံၿပိဳင္ေတးသီသံက က်ီက်ီက်ာက်ာႏွင့္ တက္တက္ႂကြႂကြရွိလွသည္။မွန္တံခါးကိုျဖတ္၍ဝင္ေရာက္လာတဲ့ေနျခည္ႏုႏုက လွပႏူးညံ့တဲ့မ်က္ႏွာေလးကိုကလူက်ီစယ္ေနသည္။

   "အင္း... "

   မ်က္ခြံပါးပါးဆီမွတိုးဝင္လာတဲ့အလင္းေရာင္ေၾကာင့္ အကၡရာညည္းၫူလိုက္ၿပီး မ်က္ႏွာေလးကိုအျခားတစ္ဖက္ဆီလွည့္လိုက္သည္။ႏွာေခါင္းထဲတိုးဝင္လာတဲ့လက္ဆက္တဲ့ရနံ႕သင္းသင္းကို အားပါးတရရႈရွိုက္လိုက္ရင္း ႏႈတ္ခမ္းနီေထြးေထြးေလးကၿပဳံးခ်င္ခ်င္ျဖစ္သြားေပမဲ့ ခ်က္ခ်င္းပင္ျပန္တည္သြားသည္။ပါးျပင္ေပၚပိုးေကာင္ေလးျဖတ္သန္းသြားသလို ေအးစက္စက္ႏွင္ယားတားတားေလးျဖစ္သြားခ်ိန္တြင္ ႐ုပ္ကေလးမွာထိန္းထားသည့္ၾကားမွ မေနနိုင္ေတာ့ပဲၿပဳံစိစိေလးျဖစ္သြားေလေတာ့သည္။

  "ေဘဘီ ေဘဘီ..."

  "အိပ္ေပ်ာ္ေနတယ္.."

  "မရဘူးကြာ ထေတာ့ ကိုယ္ဗိုက္ဆာတယ္ေလ..."

"အိပ္ေပ်ာ္ေနပါတယ္ဆို..."

  "ေဘ..ဘီ...ထပါကြာ..."

  "ထခ်င္ဘူး..."

  "ထလို႔..."

  "ထဘူး..."

  "ေဘဘီကြာ..ရက္စက္တယ္..."

  "ကိုကိုကပိုရက္စက္တာ...ကြၽန္ေတာ့္ကို အခုမွလိုသုံးလာလုပ္ေနတာ..."

  "ဟမ္ လိုသုံးဟုတ္လား ဒါေတြဘယ္ကတက္လာတာလဲ..."

  အကၡရာက ဟြန္းခနဲ႕ႏွာမႈတ္လိုက္ျပလိုက္ၿပီး မ်က္ႏွာကိုေခါင္းအုံးေပၚအပ္ကာ ၿပဳံးစိစိလုပ္ေနမိသည္။လည္ဂုတ္ေပၚလာခပ္ဖြဖြဖ်စ္ညွစ္လာတဲ့ေအးစက္စက္လက္ေခ်ာင္းေလးေတြကေခ်ာ့ျမဴေနသလိုပင္။

  "ေဘဘီ ေနာက္ဆိုတစ္ေယာက္တည္းပစ္မထားေတာ့ပါဘူးကြာ..စိတ္မဆိုးရဘူးေလ..."

  "သိဘူး ထဘူး..."

  "ေဘဘီ ဒီေန႕ကေဘဘီ့အတြက္ကြာ ကိုယ္ဘာအလုပ္မွမလုပ္ဘူး။ေဘဘီဘယ္သြားခ်င္လဲ ဘာလုပ္ခ်င္လဲ ဘာစားခ်င္လဲ ဒီကေယာက္်ားကိုပူဆာလိုက္။ဒီကေယာက္်ားက အကုန္လုံးျဖည့္ဆည္းေပးမယ္...ဟုတ္ၿပီလား..."

  "ဟုတ္ဘူး မျဖည့္ဆည္းေပးနဲ႕ ..."

  "ဟာ ေယာက္်ားကိုဘယ္လိုႀကီးေျပာလိုက္တာလဲ ...ဟုတ္ၿပီ ဟုတ္ၿပီ ထားလိုက္ေတာ့ ေယာက္်ားကမ်က္ႏွာသစ္ေပးမယ္ေလ..."

  အကၡရာသည္ ေနာက္ဆုံးတြင္ေတာ့မေနနိုင္ေတာ့ဘဲ မ်က္ႏွာရဲရဲႏွင့္ထထိုင္လိုက္ကာ မ်က္ႏွာေျပာင္ေျပာင္ႏွင့္ေယာက္်ားခ်င္းထပ္ေနေသာကိုကို႔အား မ်က္လုံးကေလးျပဴးျပရင္း အသံမာမာႏွင့္ေအာ္လိုက္မိေလေတာ့သည္။

   "ဘာေယာက္်ားလဲ ဟင္း နည္းနည္းပါးပါးရွက္တက္ပါဦး..."

  "မင္းေယာက္်ားေလး ဟုတ္ဘူးလား မိန္းမေလးရဲ႕..."

  "ဘာမိန္းမလဲ..."

  "မိန္းမေလး မိန္းမေလးဘာလို႔ရွက္ေနတာလဲ ၾကည့္ပါဦး မိန္းမေလးကအရမ္းအရွက္သည္းတာပဲ..."

  "ဟာ..."

  "ဟာ..."

  "ကိုကို..."

  "ဗ်ာ ဗ်...လာ ကိုယ္ခ်ီမယ္ မ်က္ႏွာသစ္ၿပီး breakfastသြားစားၾကမယ္...."

   ကေလးေလးလိုအခ်ီခံလိုက္ရၿပီး ကေလးေလးလိုမ်က္ႏွာသစ္ေပးျခင္းကိုပါခံလိုက္ရသည္။ထိုးထိုးေထာင္ေထာင္ဆံပင္နီနီေလးေတြကိုလည္း ေသေသခ်ာခ်ာၿဖီးေပးၿပီး ဆံၿမိတ္ခ်ေပးကာၾကက္ေတာင္စည္းေလးႏွစ္ခုပါစည္းေပးထားေသးသည္။မ်က္လုံးလွလွ ႏွာတံစင္းစင္း ႏႈတ္ခမ္းနီနီရဲရဲေလးႏွင့္ အလွေလးဟာ ဒီေန႕ေတာ့တစ္မူထူးၿပီး တစ္မ်ိဳးဆန္းျပားေနျပန္သည္။

   "ကိုကို မနက္ျဖန္ေရာ..."

   "ဘယ္မွမသြားပါဘူးကြာ.."

   "တကယ္လား..."

   "အင္း...."

   "ဒါဆို ေခ်ာကလက္ေကြၽးမယ္…."

   ေခ်ာကလက္တုံးေတြကေကာင္းေကာင္းႀကီးကိုလွလွပပႏွင့္ထြက္လာခဲ့ပါသည္။အကၡရာမွာ ေခ်ာကလက္ေတြကိုၾကည့္ၿပီး အလြန္အမင္းပင္ပီတိျဖာေနပါေတာ့သည္။အျပင္ေလသလပ္ခံထားရတာေၾကာင့္ ဝိုင္နံ႕မွာလည္းျပယ္ေနၿပီျဖစ္သည္။အေအးခန္းထဲတြင္ထည့္ထားေသာကိတ္ကေလးမွာလဲ စားခ်င္စဖြယ္ပင္။ကိုယ့္လက္ရာကိုယ္အားေပးတဲ့အေနႏွင့္ အကၡရာတစ္ေယာက္ခုန္ေပါက္ၿပီးလက္ခုပ္တီးေနေလေတာ့သည္။

   "ကိုကို ကိုကို လွလား လွလား..."

  မႉးေခါင္မွာ ခုန္ေပါက္ေနတဲ့ဂ်ိဳႏွစ္ဖက္ႏွင့္ေကာင္ေလးကိုၾကည့္ၿပီး ရယ္လဲရယ္ခ်င္ ေပ်ာ္လဲေပ်ာ္ျဖစ္ေနရပါသည္။

   "ဒါေတြက ဘယ္ခ်ိန္လုပ္လိုက္တာလဲ အကၡရာ..."

  အကၡရာခုန္ေပါက္ေနတာကိုရပ္တန႔္လိုက္ၿပီး ႏႈတ္ခမ္းေလးကိုစုဝိုင္းကာ ကိုကို႔လည္ပင္းကိုေျပးခိုလိုက္ၿပီး ခါးဆီမွာေျခခ်ိတ္လိုက္တာေၾကာင့္ ကိုကို႔မွာယိုင္သြား‌ရေသးသည္။ၿပဳံးၿပီးၾကည့္ေနတဲ့ကိုကို႔ေၾကာင့္ အနည္းငယ္ရွက္သြားကာ ကိုကို႔လည္ပင္းဆီမ်က္ႏွာဖြက္လိုက္ရင္း..

   "ကြၽန္ေတာ္စိတ္ဆိုးတာက စိတ္ဆိုးတာပဲေနာ္ ဒါကဝတၱရာနဲ႕တာဝန္အရေကြၽးရတာ..ဟြန္း..."

   မႉးေခါင္ေခ်ာကလက္တစ္တုံးကိုေကာက္ဝါးလိုက္ၿပီး ေထာ္ေနတဲ့ႏႈတ္ခမ္းေလးကို ၾကည္ၾကည္ႏူးႏူးႏွင့္နမ္းလိုက္ေလသည္။ေခ်ာကလက္ရဲ႕ခ်ိဳၿမိန္မႈက နီနီရဲရဲႏႈတ္ခမ္းေလးႏွင့္ယွဥ္ရင္ေတာ့ေနာက္က်က်န္ခဲ့ေလေတာ့သည္။ႏႈတ္ခမ္းတစ္ခုလုံးေခ်ာကလက္ေတြေပြပြသြားေအာင္အနမ္းခံလိုက္ရၿပီးခ်ိန္တြင္ေတာ့ အကၡရာမွာ မ်က္ႏွာတစ္ခုလုံးနီရဲကာ မ်က္ေတာင္ေတြကေမွးဆင္းေနသလို မ်က္ဝန္းလွလွေတြကမ်က္ရည္ၾကည္ေတြရစ္ဝဲေနၿပီး ျမင္ကြင္းေတြကေဝဝါးေနပါေတာ့သည္။

   "ကိုကို႔ ထပ္ေကြၽးဦး အာ အာ..."

   "ကိုယ့္အတြက္ဆို..."

   "ဟာ ထပ္ေကြၽးပါဆို ခု..."

   "ဘာလဲ မူးေနတာလား..ဟားဟား...."

   "ေကြၽးေကြၽး စားမယ္ စားမယ္ စားမယ္..."

  ရီေဝေဝအၾကည့္ေတြႏွင့္ အခ်စ္မူးမူးေနေသာ အခ်စ္ကေလးေၾကာင့္ မႉးေခါင္မေနနိုင္မထိုင္နိုင္ႏွင္ပဲ အခ်စ္အလိုက်လိဳက္ေလ်ာမိျပန္ေတာ့သည္။

  

  

  

  
အဖြူရောင်ကြွေပြားတွေခင်းထားတဲ့မီးဖိုခန်းဟာ အခုချိန်မှာတော့အညိုရောင်ချောကလက်အစက်လေးတွေနှင့်ပြည့်နှက်နေလေသလိုအိမ်စီးဖိနပ်အပါးလေးဝတ်ထားတဲ့ခြေထောက်ဖွေးဖွေးလေးကလည်း ဟိုလျှောက်ဒီလျှောက်နှင့်ပြာပန်းခပ်လှုပ်ရှားနေတာကြောင့် ဖနှောင့်သားလေးတွေမှာသွေးခြေဥမတက်နီရဲနေလေသည်။နက်ပြာရောင်ပိုးသားညဝတ်လက်ရှည်ဝမ်းဆက်ကိုဝတ်ထားတဲ့အက္ခရာလေးအလုပ်ရှုပ်နေသည်မှာ လွန်ခဲ့တဲ့နာရီဝက်ကတည်းကဖြစ်သည်။အိပ်ချင်မူးတူးဖြစ်နေတာကြောင့် မျက်ခွံလေးကဖောင်းအစ်နေပြီးမျက်သားလေးတွေကလဲရဲနေသည်။မျက်တောင်ရှည်ကော့ကော့လေးတွေကလဲ မကြာခဏပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး ဆံစနီနီပွပွလေးတွေကိုလည်း ထိပ်တွင်သားရေကြိုးပျော့လေးနှင့်ဖြစ်သလိုစည်းထားသေးလေသည်။

   ဘေစင်ရှေ့မှာရပ်ရင်း စတော်ဘယ်ရီသီးအလုံးကြီးကြီးလှလှများကို အသာအယာဆေးကြောနေရင်းတစ်ချက်တစ်ချက်လည်းသန်းဝေနေသေးသည်။‌တစ်ခါသုံးပလက်စတစ်ဘူးလေးထဲတွင် တစ်လုံးတည်းသာကျန်ရစ်ခဲ့သောစတော်ဘယ်ရီသီးလေးကိုရေစွတ်ကာ ပါးစပ်ထဲထည့်လိုက်ပြီးမှ အသီးနီနီလေးတွေနှင့်ပြည့်နေတဲ့ကြွေပန်းကန်ဖြူဖြူလေးကို အိတ်ခွံတွေဘူးတွေဇလုံတွေနှင့်ပြည့်နေသည့်ကောင်တာစားပွဲရှည်ကြီးပေါ်သို့တင်လိုက်သည်။

   အရည်ပျော်စပြုနေပြီဖြစ်တဲ့ချောကလက်တုံးကြီးကို အနည်းငယ်မွှေပေးလိုက်ရင်း မီးကိုအနည်းငယ်လျှော့ချလိုက်သည်။ချောကလက်နံ့တွေကလဲ တစ်အိမ်လုံးကိုပျံ့နှံ့လာပြီဖြစ်လာတာကြောင့် အက္ခရာရဲ့မျက်ခွံလေးတွေကလည်း အနည်းငယ်ပိုပြီးပွင့်လာလေသည်။နှာခေါင်းလေးကိုရှုံ့ပွရှုံ့ပွလုပ်‌လိုက်ရင်း ချောကလက်အနံ့သင်းသင်းကိုရှုရှိုက်ကာ စိတ်ပျော်ရွှင်လာပြီး နှုတ်ခမ်းလေးမှာလည်းပြုံးလာလေတော့သည်။

  "ဟိဟိ အရမ်းမွှေးတာပဲ..."

   ချောကလက်ကိုမွှေနေရင်း လက်ညိုးလေးနှင့်တို့ကာမြည်းစမ်းလိုက်သည်။ပြင်းပြတဲ့ချောကလက်အရသာက ဦးနှောက်ထဲထိဝင်ရောက်သွားပြီး အိပ်ချင်နေတဲ့ပိုးတွေကိုဖယ်ထုတ်နေလေတော့သည်။ရေနွေးဇလုံအောက်ခံ၍ အချိန်အနည်းငယ်ယူပြီးချောကလက်တုံးအားအရည်ပျော်အောင်လုပ်ပြီးနောက်ဆက်မွှေနေရင်း ဘယ်ပုံစံခွက်ထဲထည့်ပြီး ဘာပုံစံလေးဖော်ရမလဲဆိုပြီးစဉ်းစားနေရသေးသည်။အလုပ်တွေကအရမ်းရှုပ်နေပါသည်။ အက္ခရာရဲ့လက်ရောခြေထောက်ရောဦးနှောက်လေးပါ အလုပ်ရှုပ်နေပါသည်။

    အချိန်မှာမနက်၂နာရီခန့်သာရှိသေးသည်မို့ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေသည်။ဒီနေ့က Valentine Dayမို့ အက္ခရာစောစောစီးစီးအလုပ်ကြိုးစားနေခြင်းဖြစ်သည်။ချောကလက်ကိတ်လေးရယ်၊ချောကလက်တုံးလှလှလေးတွေရယ်ပြင်ဆင်ပြီးကိုကို့ကို surpriseတိုက်ပါမည်။

   ရေဆေးပြီးအခြောက်ခံထားတဲ့စတော်ဘယ်ရီသီးလေးတွေကို ပိုမိုခြောက်သွေ့စေရန် တစ်ရှုးလေးနှင့်ထပ်သုတ်လိုက်ပြီး ချောကလက်ရည်ထဲသို့နှစ်ချလိုက်သည်။တစ်ချို့အသီးလေးတွေကို တစ်ဝက်နှစ်ပြီး အချို့အသီးလေးတွေကိုတော့အကုန်လုံးနှစ်ကာ အဖြူရောင်ချောကလက်ဖြင့်ပုံဖော်လိုက်ပြီး အအေးခံထားလိုက်သည်။

   ဖုတ်ထားပြီးသားချောကလက်ကိတ်ကို ချောကလက်ရည်လောင်းလိုက်ပြီး ဘေးပတ်လည်တွင် အကွာအဝေးအညီအမျှခြား၍ခရင်အပုံလေးများပုံကာ ချယ်ရီသီး‌လှလှလေးများကိုတင်ပြီးအလှဆင်လိုက်သည်။အညိုရောင်ချောကလက်ရည်လောင်းထားသောကိတ်လေးပေါ်တွင် အဖြူရောင်ခရင်တောင်ကုန်သေးသေးလေးများရှိနေပြီး ညှာတံပါတဲ့နီနီရဲရဲအသီးလေးတွေကြောင့် ကိတ်ကလေးမှာ ရှင်းရှင်းလေးနှင့်လှပနေတော့သည်။ကိတ်၏အလယ်လွတ်နေသောနေရာလေးတွေ သကြားပြားနှင့်လုပ်ထားသောအသည်းပုံပြားလေးကပ်လိုက်ပြီးသောအခါတွင်တော့ တုနိုင်းမမှီသည့်အလှပဆုံးအရိုးရှင်းဆုံးကိတ်လေးတစ်ခုရရှိသွားလေတော့သည်။အက္ခရာသည် အဝါရောင်မီးအလင်းရောင်ကိုအမှီပြုပြီး ‌အညိုရောင်ချောကလက်ကိတ်လေးကို ပုံအချို့ရိုက်ကာ တစ်ခုခုနှင့်ရယ်နေမိသည်။သူ့မျက်လုံးထဲတွင် ကိတ်ကလေးမှာလွန်စွာလှပနေတာကြောင့် ကိုယ့်ကိုကိုယ်တောင်ပြန်ဂုဏ်ယူနေသေးသည်။

   နောက်ဆုံးကျန်ရှိနေသောချောကလက်ရည်များကို ဝိုင်အချို့ရောထည့်လိုက်သည်။ဝိုင်နံ့သင်းနေတဲ့ချောကလက်ရည်တွေကို ဖောင်းကြွအသည်းပုံ ပုံစံခွက်အပျော့ထဲလောင်းထည့်ကာ toppingရောင်စုံလေးဖြူးပြီး အအေးခံလိုက်သည်။ဆေးစရာရှိတာတွေကို အကုန်စုကာဘေစင်ထဲထည့်ပစ်လိုက်ပြီး ဒီတိုင်းထားခဲ့ရန်ကြံစည်လိုက်သည်။ကောင်တာစားပွဲပေါ်မှ ရှုပ်ပွနေသောအမှိုက်များကို အမှိုက်အိတ်ထဲထည့်ကာ လက်ဆေးပြီး အခန်းထဲအမြန်ပြေးဝင်လာလိုက်သည်။

   'မသိတော့ဘူး အရမ်းအိပ်ချင်တယ်...'

  အလုပ်‌တွေများလွန်းဖြင့် ညနက်ထိအလုပ်နှင့်နှစ်ပါးသွားကာညဆယ့်နှစ်ကျော်မှအိပ်ခွင့်ရသွားတဲ့ကိုကိုမှာ သူထသွားသည်ကိုလည်းမသိသလို သူအိပ်ယာပေါ်ပြန်တက်လာသည်ကိုလည်းမသိပေ။အခုနှစ်ပိုင်းမှာ တစ်နေ့တစ်နေ့ကိုယ်ခွဲမရှိပဲတစ်ယောက်တည်းပင်ပင်ပန်းပန်းအလုပ်လုပ်နေရတဲ့ကိုကိုခမျာ အားတဲ့အချိန်ဆိုလည်းတီတီတာတာမပြောနိုင်တော့ပဲ အိပ်ကြည့်သာအိပ်နေတက်တော့သည်။အခုလည်းမျက်မှောင်ကြီးကြုတ်ကာ ပင်ပင်ပန်းပန်းအိပ်နေရှာလေသည်။အက္ခရာက ဖြည်းဖြည်သာသာနှင့်ခုတင်ပေါ်တက်လိုက်ပြီး ကိုကို့နဖူးပေါ်မှာမျဉ်းသုံးကြောင်းကို ပြန့်သွားအောင်လက်က‌လေးနှင့်အသာဆွဲဆန့်လိုက်သည်။မီးရောင်မှိန်မှိန်ကိုအားပြုရင်း ဖြူဝင်းနေသည့်မျက်နှာချောချောကို ငုံ့ကြည့်လိုက်ရင်း ကိုကို့ရင်ဘက်ပေါ်ခေါင်းတင်ကာ ခွေခွေလေးလှဲချလိုက်သည်။အိပ်နေရင်မြင်နေရသည့်ကိုကို့မေးဖျားလေးကို လက်ညိုးလေးနှင့်တို့ကြည့်တော့ မုတ်ဆိတ်မွှေးတိုတိုလေးတွေကြောင့် စူးတူးတူးလေးခံစားရသည်။အက္ခရာအူယားသွားပြီးတခိခိနှင့်ကြိတ်ရယ်မိတော့ နွေးထွေးတဲ့လက်ဖဝါးပြင်တစ်ခုက အက္ခရာနောက်ကျောလေးကိုအသာအယာပွတ်သပ်လိုက်သည်။အသံအစ်အစ်လေးလည်းထွက်လာလေသည်။

   "အိပ်တော့ အိပ်တော့ ညနက်နေပြီ..."

    "အင်း...."

    ကိုကို့လက်မောင်းကိုအားရပါးရဖက်လိုက်ရင်း မျက်လုံးအစုံကိုမှိတ်ချလိုက်တော့သည်။ချစ်သူ့ကိုယ်ငွေ့နဲ့အိပ်ခွင့်ရတာကလည်း ဆုလာဘ်တစ်ပါးပါပဲ။

  "အိပ်မက်တွေရဲ့ နှောက်ယှက်ခြင်းကိုမခံရဘဲ ကိုကိုတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်နဲ့သက်တောင့်သက်သာအိပ်ပျော်ပါစေ..."

   သူရိန်နေမင်းရဲ့ရွှေအိုရောင်အလင်းတန်းက ကမ္ဘာမြေကြီးပေါ်အနွေးဓာတ်ပေးရင်း ခပ်ဖြည်းဖြည်းလွှမ်းခြုံလာသည်။ငှက်ကလေးတွေရဲ့ မနက်ခင်းသံပြိုင်တေးသီသံက ကျီကျီကျာကျာနှင့် တက်တက်ကြွကြွရှိလှသည်။မှန်တံခါးကိုဖြတ်၍ဝင်ရောက်လာတဲ့နေခြည်နုနုက လှပနူးညံ့တဲ့မျက်နှာလေးကိုကလူကျီစယ်နေသည်။

   "အင်း... "

   မျက်ခွံပါးပါးဆီမှတိုးဝင်လာတဲ့အလင်းရောင်ကြောင့် အက္ခရာညည်းညူလိုက်ပြီး မျက်နှာလေးကိုအခြားတစ်ဖက်ဆီလှည့်လိုက်သည်။နှာခေါင်းထဲတိုးဝင်လာတဲ့လက်ဆက်တဲ့ရနံ့သင်းသင်းကို အားပါးတရရှုရှိုက်လိုက်ရင်း နှုတ်ခမ်းနီထွေးထွေးလေးကပြုံးချင်ချင်ဖြစ်သွားပေမဲ့ ချက်ချင်းပင်ပြန်တည်သွားသည်။ပါးပြင်ပေါ်ပိုးကောင်လေးဖြတ်သန်းသွားသလို အေးစက်စက်နှင်ယားတားတားလေးဖြစ်သွားချိန်တွင် ရုပ်ကလေးမှာထိန်းထားသည့်ကြားမှ မနေနိုင်တော့ပဲပြုံစိစိလေးဖြစ်သွားလေတော့သည်။

  "ဘေဘီ ဘေဘီ..."

  "အိပ်ပျော်နေတယ်.."

  "မရဘူးကွာ ထတော့ ကိုယ်ဗိုက်ဆာတယ်လေ..."

"အိပ်ပျော်နေပါတယ်ဆို..."

  "ဘေ..ဘီ...ထပါကွာ..."

  "ထချင်ဘူး..."

  "ထလို့..."

  "ထဘူး..."

  "ဘေဘီကွာ..ရက်စက်တယ်..."

  "ကိုကိုကပိုရက်စက်တာ...ကျွန်တော့်ကို အခုမှလိုသုံးလာလုပ်နေတာ..."

  "ဟမ် လိုသုံးဟုတ်လား ဒါတွေဘယ်ကတက်လာတာလဲ..."

  အက္ခရာက ဟွန်းခနဲ့နှာမှုတ်လိုက်ပြလိုက်ပြီး မျက်နှာကိုခေါင်းအုံးပေါ်အပ်ကာ ပြုံးစိစိလုပ်နေမိသည်။လည်ဂုတ်ပေါ်လာခပ်ဖွဖွဖျစ်ညှစ်လာတဲ့အေးစက်စက်လက်ချောင်းလေးတွေကချော့မြူနေသလိုပင်။

  "ဘေဘီ နောက်ဆိုတစ်ယောက်တည်းပစ်မထားတော့ပါဘူးကွာ..စိတ်မဆိုးရဘူးလေ..."

  "သိဘူး ထဘူး..."

  "ဘေဘီ ဒီနေ့ကဘေဘီ့အတွက်ကွာ ကိုယ်ဘာအလုပ်မှမလုပ်ဘူး။ဘေဘီဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ ဘာစားချင်လဲ ဒီကယောက်ျားကိုပူဆာလိုက်။ဒီကယောက်ျားက အကုန်လုံးဖြည့်ဆည်းပေးမယ်...ဟုတ်ပြီလား..."

  "ဟုတ်ဘူး မဖြည့်ဆည်းပေးနဲ့ ..."

  "ဟာ ယောက်ျားကိုဘယ်လိုကြီးပြောလိုက်တာလဲ ...ဟုတ်ပြီ ဟုတ်ပြီ ထားလိုက်တော့ ယောက်ျားကမျက်နှာသစ်ပေးမယ်လေ..."

  အက္ခရာသည် နောက်ဆုံးတွင်တော့မနေနိုင်တော့ဘဲ မျက်နှာရဲရဲနှင့်ထထိုင်လိုက်ကာ မျက်နှာပြောင်ပြောင်နှင့်ယောက်ျားချင်းထပ်နေသောကိုကို့အား မျက်လုံးကလေးပြူးပြရင်း အသံမာမာနှင့်အော်လိုက်မိလေတော့သည်။

   "ဘာယောက်ျားလဲ ဟင်း နည်းနည်းပါးပါးရှက်တက်ပါဦး..."

  "မင်းယောက်ျားလေး ဟုတ်ဘူးလား မိန်းမလေးရဲ့..."

  "ဘာမိန်းမလဲ..."

  "မိန်းမလေး မိန်းမလေးဘာလို့ရှက်နေတာလဲ ကြည့်ပါဦး မိန်းမလေးကအရမ်းအရှက်သည်းတာပဲ..."

  "ဟာ..."

  "ဟာ..."

  "ကိုကို..."

  "ဗျာ ဗျ...လာ ကိုယ်ချီမယ် မျက်နှာသစ်ပြီး breakfastသွားစားကြမယ်...."

   ကလေးလေးလိုအချီခံလိုက်ရပြီး ကလေးလေးလိုမျက်နှာသစ်ပေးခြင်းကိုပါခံလိုက်ရသည်။ထိုးထိုးထောင်ထောင်ဆံပင်နီနီလေးတွေကိုလည်း သေသေချာချာဖြီးပေးပြီး ဆံမြိတ်ချပေးကာကြက်တောင်စည်းလေးနှစ်ခုပါစည်းပေးထားသေးသည်။မျက်လုံးလှလှ နှာတံစင်းစင်း နှုတ်ခမ်းနီနီရဲရဲလေးနှင့် အလှလေးဟာ ဒီနေ့တော့တစ်မူထူးပြီး တစ်မျိုးဆန်းပြားနေပြန်သည်။

   "ကိုကို မနက်ဖြန်ရော..."

   "ဘယ်မှမသွားပါဘူးကွာ.."

   "တကယ်လား..."

   "အင်း...."

   "ဒါဆို ချောကလက်ကျွေးမယ်…."

   ချောကလက်တုံးတွေကကောင်းကောင်းကြီးကိုလှလှပပနှင့်ထွက်လာခဲ့ပါသည်။အက္ခရာမှာ ချောကလက်တွေကိုကြည့်ပြီး အလွန်အမင်းပင်ပီတိဖြာနေပါတော့သည်။အပြင်လေသလပ်ခံထားရတာကြောင့် ဝိုင်နံ့မှာလည်းပြယ်နေပြီဖြစ်သည်။အအေးခန်းထဲတွင်ထည့်ထားသောကိတ်ကလေးမှာလဲ စားချင်စဖွယ်ပင်။ကိုယ့်လက်ရာကိုယ်အားပေးတဲ့အနေနှင့် အက္ခရာတစ်ယောက်ခုန်ပေါက်ပြီးလက်ခုပ်တီးနေလေတော့သည်။

   "ကိုကို ကိုကို လှလား လှလား..."

  မှူးခေါင်မှာ ခုန်ပေါက်နေတဲ့ဂျိုနှစ်ဖက်နှင့်ကောင်လေးကိုကြည့်ပြီး ရယ်လဲရယ်ချင် ပျော်လဲပျော်ဖြစ်နေရပါသည်။

   "ဒါတွေက ဘယ်ချိန်လုပ်လိုက်တာလဲ အက္ခရာ..."

  အက္ခရာခုန်ပေါက်နေတာကိုရပ်တန့်လိုက်ပြီး နှုတ်ခမ်းလေးကိုစုဝိုင်းကာ ကိုကို့လည်ပင်းကိုပြေးခိုလိုက်ပြီး ခါးဆီမှာခြေချိတ်လိုက်တာကြောင့် ကိုကို့မှာယိုင်သွား‌ရသေးသည်။ပြုံးပြီးကြည့်နေတဲ့ကိုကို့ကြောင့် အနည်းငယ်ရှက်သွားကာ ကိုကို့လည်ပင်းဆီမျက်နှာဖွက်လိုက်ရင်း..

   "ကျွန်တော်စိတ်ဆိုးတာက စိတ်ဆိုးတာပဲနော် ဒါကဝတ္တရာနဲ့တာဝန်အရကျွေးရတာ..ဟွန်း..."

   မှူးခေါင်ချောကလက်တစ်တုံးကိုကောက်ဝါးလိုက်ပြီး ထော်နေတဲ့နှုတ်ခမ်းလေးကို ကြည်ကြည်နူးနူးနှင့်နမ်းလိုက်လေသည်။ချောကလက်ရဲ့ချိုမြိန်မှုက နီနီရဲရဲနှုတ်ခမ်းလေးနှင့်ယှဉ်ရင်တော့နောက်ကျကျန်ခဲ့လေတော့သည်။နှုတ်ခမ်းတစ်ခုလုံးချောကလက်တွေပွေပွသွားအောင်အနမ်းခံလိုက်ရပြီးချိန်တွင်တော့ အက္ခရာမှာ မျက်နှာတစ်ခုလုံးနီရဲကာ မျက်တောင်တွေကမှေးဆင်းနေသလို မျက်ဝန်းလှလှတွေကမျက်ရည်ကြည်တွေရစ်ဝဲနေပြီး မြင်ကွင်းတွေကဝေဝါးနေပါတော့သည်။

   "ကိုကို့ ထပ်ကျွေးဦး အာ အာ..."

   "ကိုယ့်အတွက်ဆို..."

   "ဟာ ထပ်ကျွေးပါဆို ခု..."

   "ဘာလဲ မူးနေတာလား..ဟားဟား...."

   "ကျွေးကျွေး စားမယ် စားမယ် စားမယ်..."

  ရီဝေဝေအကြည့်တွေနှင့် အချစ်မူးမူးနေသော အချစ်ကလေးကြောင့် မှူးခေါင်မနေနိုင်မထိုင်နိုင်နှင်ပဲ အချစ်အလိုကျလိုက်လျောမိပြန်တော့သည်။

  

  

  

  

Continue Reading

You'll Also Like

273K 14K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
477K 39.7K 45
မသိတာကို အျပစ္​မျမင္​ရက္​ပါဘူး ' ျမက္​​ေထြး' ​ေသြးစိမ္​းရွင္​ရွင္​ထြက္​​ေအာင္​လုပ္​မွရက္​စက္​တာမဟုတ္​ပါဘူး အျပစ္​မျမင္​ဘူးဆိုတဲ့ ခင္​ဗ်ားကမွ ရက္​စက္​...
3.2K 113 14
မြူဇ္ဇူမောင်+လရိပ်ရောင်
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...