Karishna &The Psychic Killer...
By Thee_Oo
10.1K 320 12
[ Unicode & Zawgyi ] တောင်းတဲ့ဆုနဲ့သာပြည့်မယ်ဆိုရင် ခင်ဗျားကိုကျုပ်ဘေးနားပြန်ခေါ်ထားချင်တယ်...။ တောင်းတဲ့ဆုနဲ... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
ဇာတ်သိမ်းပိုင်း
အပိုင်း(၉)
294 15 0
By Thee_Oo
Unicode
စစ်ဆေးမေးမြန်းပြီးပြန်ထွက်လာတာနဲ့ရဲမှူးကစောင့်နေပြီးနှစ်ယောက်စလုံးကိုကြည့်နေတော့
"အကုန်လုံးဖြောင့်ချက်ပေးပြီးသွားပါပြီ တရားစွဲဆိုဖို့ပဲကျန်တော့တယ်။လူသတ်မှုဆိုတော့ရဲစခန်းကနေ တိုက်ရိုက်ဦးတိုက်လျှောက်ထားလိူ့ရတယ်၊ တရားစွဲတာက တော့တရားလိုနေရာမှာ လူပုဂ္ဂိုလ်ကနေနိုင်ငံတော်ထိအကျုံးဝင်တယ်"
"လူသတ်သမားကိုယ်တိုင်ဝန်ခံလာတာမျိုးကရှားတဲ့အတွက်ကိုယ်တိုင်ဝန်ခံလာတော့ရဲစခန်းရဲ့ စခန်းမှူးကနေပြီး တရားလိုအနေနဲ့ တရားစွဲဆိုပိုင်ခွင့်ရှိတယ်၊ အကယ်၍ရဲအရေးပိုင်မှုထဲမပါရင်တော့အသတ်ခံရတဲ့မိသားစုကိုတရားစွဲဆိုခိုင်းရမယ်"
ဧကရာဇ်ပြောတာနားထောင်ရင်းစခန်းမှူးခေါင်းငြိမ့်လျက်...
"မင်းတို့လဲပင်ပန်းသွားပြီ"
"မဟုတ်တာ ရပါတယ်"
ထို့နောက်ဧကရာဇ်က စည်ပင်ဝန်ထမ်းနှစ်ယောက်ကိုကြည့်ရင်း
Karishကိုလှည့်ကြည့်ပြီး
"မင်းသူတို့ကိုစုံစမ်းမေးမြန်းအုံးမှာလား"
"အင်း"
"အဲ့တာဆို ငါပြန်နှင့်တော့မယ် တရားခွင်အတွက်လုပ်စရာတွေရှိသေးတယ်"
"မြန်မြန်ပြန်အာရုံနောက်တယ်"
Karishစကားကြောင့်ဧကရာဇ်မျက်စောင်းရွယ်လိုက်ပြီး လက်ခလယ်ထောင်ပြကာစခန်းအပြင်ပြေးထွက်သွားတာကိုကြည့်နေလိုက်ရင်းKarishစိတ်ထဲတွင်တော့...ဒီလူတကယ့်အရိုင်းအစိုင်း။
*** ***
***
"ဒင်းတောင်"
စီးကရက်သောက်ရင်း စာအုပ်တွေထိုင်ဖတ်နေကာ ဘဲလ်တီးသံကြောင့် ခြံပြင်လှမ်းငေးလိုက်တော့Karish။သူများအိမ်ကိုဒီကောင်ဘာလာလုပ်တာလဲ။ထို့နောက်ခြံထဲဆင်းကာတံခါးဖွင့်ပေးလိုက်ပြီး
"ဘာလာလုပ်တာလဲ"
"ဒီနေ့နားရက်လေ အဲ့တာကြောင့် အိမ်လာလည်တာလုပ်ဖော်
ကိုင်ဖက်က အိမ်လာလည်တာတောင်မရဘူးလား"
အိမ်ထဲရောက်တာနဲ့ဆိုဖာပေါ်ထိုင်လိုက်ပြီးဧကရာဇ်ကိုကြည့်လိုက်တော့ဧကရာဇ်ကလဲစီးကရက်ရှိုက်ရင်းမော့အကြည့်မျက်လုံးချင်းဆုံစည်းသွားတာနဲ့Karishရှေ့ကထိုလူကိုသေချာကြည့်လိုက်မိသည်။
"မွန်ဧကရာဇ်တဲ့ နာမည်လေးကနူးညံ့သလို လူကြည့်တော့လဲနူးနူး
ညံ့ညံ့လေး အေးလေ!သူ့လိုလူအသန့်ကြိုက်တာလဲပြောမနေနဲ့ ငါ့မျက်လုံးထဲမှာတော့ တမင်ယောက်ကျ်ားဆန်အောင်လုပ်ယူနေသလိုပဲ"
ကိုယ့်ကိုယ်ကိုတွေးချင်ရာတွေးပြီး ပြုံးလိုက်မိတော့ဧကရာဇ်မျက်လုံး
ပြူးကြည့်လျက်စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ထုတ်လိုက်ပြီး
"မင်းစီးကရက်သောက်တယ်မလား၊ ရော့..."
စီးကရက်ထိုးပေးလာတဲ့ဧကရာဇ်ကိုကြည့်ရင်း Karishခေါင်းခါလိုက်ကာ..
"နေပါစေ ကျုပ်မသောက်ဘူး ဘာလို့လဲဆိုတော့ ကျုပ်ကယောက်ျားစစ်ပြီးသားမို့စီးကရက်သောက်ပြီး ယောက်ျားဆန်အောင်လုပ်ယူစရာမလိုဘူးလေ"
"ဘာ!Wtf!မင်းဘာစကားပြောတာလဲ"
"ခင်ဗျားကလဲစိတ်ကြီးပဲ ကျုပ်ကဘယ်သူဘယ်ဝါပါလို့နာမည်တပ်ပြောနေလို့လားဗျ"
ဘာ!
Karishစကားကြောင့်ဧကရာဇ်ဒေါသငယ်ထိပ်တက်လာပြီး လက်ထဲက သောက်လက်စ စီးကရက်ကိုအမှိုက်ပုံးထဲလွှင့်ပစ်လိုက်၍
"မင်း ငါ့အိမ်လာပြီး ငါ့ကိုခနဲ့သလိုလို၊ရွဲ့သလိုလိုလာမလုပ်နဲ့နော်
မေဘေး ၊ စကားပြောတာကြည့်ပြော ဒီမှာစီးကရက်သောက်တာငါမရှိလို့ဘယ်သူရှိမှာလဲ"
ဧကရာဇ်စကားကြောင့်Karishကပုခုံးတွန့်လိုက်ပြီးနှုတ်ခမ်းတွန့်ပြုံးကာ
"ကျုပ်ဘယ်သူ့အကြောင်းမှပြောနေတာမဟုတ်ဘူး။ကျုပ်အကြောင်းကျုပ်ပြောနေတာလေ"
"မင်း အိမ်ပေါ်က ကန်ချမခံချင်ရင်ပါးစပ်ပိတ်နေလိုက်တော့"
Karishခေါင်းငြိမ့်လိုက်ရင်း အိတ်ကပ်ထဲတစ်စုံတစ်ခုကိုနှိုက်ထုတ်လိုက်ပြီး
"ရော့...ခင်ဗျားလိုနူးနူးညံ့ညံ့လေးက စီးကရက်နဲ့မသင့်တော်ဘူး၊အဲ့ဒီအစား ကျုပ်ပေးတဲ့ Lollypopလေးပဲစားပေါ့...ဟဟ"
ဒီမြေနိုးလေးကတကယ်ထိန်းမရတာပဲ။မဟုတ်မှငါ့ပုံစံကြောင့်ငါ့ကိုကြံချင်နေတာများလား။ကိုယ့်အတွေးနဲ့ကိုယ်လန့်သွားရင်းနောက်သို့ခြေလှမ်းဆုတ်လိုက်မိပြီး၊ချီးပဲ!ငါဘာတွေ တွေးနေတာတုန်းဟ။
"ယူလေ ဘာဖြစ်လို့နောက်ဆုတ်သွားတာလဲ"
Karishကရှေ့တစ်လှမ်းတိုးလာပြီးLollypopလေးပေးလာတော့ဧကရာဇ်နောက်ထပ်ဆုတ်မိပြီး
"F**kမင်း မင်းငါ့အနားမတိုးလာနဲ့ တိုးလာရင်မင်းကိုငါဘာလုပ်မိ
မလဲမသိဘူးနော်"
"ဟောဗျာ"
Karishပြုံးလိုက်ပြီးခြေတစ်လှမ်းထပ်တိုးကာ မျက်ဝန်းတို့ကရိသဲ့သဲ့နှင့်ဧကရာဇ်ကိုကြည့်လိုက်၍
"မဟုတ်မှခင်ဗျား"
"ဘာခင်ဗျားလဲ ဘာပြောချင်တာလဲ"
ဧကရာဇ်မေးငေါ့ပြီး ပြူးပြဲမေးလာတော့ချက်ချင်းမျက်နှာပြန်တည်လိုက်ပြီးမျက်လွှာပင့်ကြည့်၍စကားစလိုက်သည်။
"ခင်ဗျားရည်းစားရောထားဖူးရဲ့လား"
ဘာ!
"မဟူတ်ပါဘူး ခင်ဗျားအခုဖြစ်နေတဲ့ပုံစံက ရှက်သွေးကြွယ်နေတဲ့
လူပျိုဖျန်းလေးဖြစ်နေသလိုပဲ ကိုယ့်ကိုယ်ကိုလဲ မှန်ထဲပြန်ကြည့်လိုက်အုံး"
"အံမာ အံမာ ငါ့ကိုများ မင်းကဘာထင်နေတာလဲ၊ ကျောင်းတက်တုန်းကများလိုချင်တဲ့လူတွေပေါလို့"
Karishခေါင်းငြိမ့်နားထောင်ရင်းဘာမှပြန်မပြောတော့ဧကရာဇ်ကြည့်လိုက်ရင်း သိချင်တာတစ်ခုကိုမေးလိုက်ရင်ကောင်းမလားစဥ်းစားနေလျက်။
"မင်းရော ရည်းစားထားခဲ့ဖူးလား "
"အင်း...ထားခဲ့ဖူးတာပေါ့၃ယောက်တောင် ဒါပေမယ့် တစ်ပတ်တောင်မခံပါဘူး နားပူတဲ့ဒဏ်မခံနိုင်လို့ပြတ်သွားတယ်ဟီး...ဟီး..."
ပြောရင်းဆိုရင်းKarishထပ်ပေးလာတဲ့Lollypopလေးကိုလှမ်းယူလိုက်ပြီး မျက်နှာမဲ့ရွဲ့ကာ...
"ဟွန်း!ကလေးကလားစားစရာတွေလဲ မင်းဆီမှာရှိတာပဲလား"
"ဘာပဲရှိရှိပါ အဓိက ကယောကျ်ားဆန်နေဖို့ပဲလိုတာလေ"
ခနဲ့သလိုလိုရွဲ့သလိုလိုနဲ့သိပ်ကိုယောက်ျားဆန်ပြနေတဲ့Karishကြည့်ပြီး ဧကရာဇ်ဘာမှဆက်မပြောတော့ပဲ Lollypopလေးကိုခံတွင်းထဲ ထိုးထည့်ပြီးငုံထားလိုက်သည်။
############
Zawgyi
"မဟုတ်တာ ရပါတယ်"
"အင်း"
*** ***
***
"ဒင်းတောင်"
"ဘာလာလုပ်တာလဲ"
နူးနူးညံ့ညံ့လေး အေးလေ!သူ့လိုလူအသန့်ကြိုက်တာလဲပြောမနေနဲ့ ငါ့မျက်လုံးထဲမှာတော့ တမင်ယောက်က်ျားဆန်အောင်လုပ်ယူနေသလိုပဲ"
ဘာ!
"ဟောဗျာ"
"မဟုတ်မှခင်ဗျား"
ဘာ!
"ဘာပဲရှိရှိပါ အဓိက ကယောက်ျားဆန်နေဖို့ပဲလိုတာလေ"
############
Continue Reading
You'll Also Like
233K 16.9K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...
71.4K 10K 74
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
157K 4.8K 44
368K 25.1K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"