အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

By Cup-Of-Luckiness

164K 21.6K 915

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More

Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(58)
RVTIACF-(59)

RVTIACF Chapter-(13)

3.3K 490 13
By Cup-Of-Luckiness

CHAPTER-(13)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူရှောင်းမှာ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသူသာရှိသေးသည်။ သူမကုမ္ပဏီမှာ နှစ်ရက်တာအလုပ်သင်ပြီးနောက်တွင် ဖန်ချင်းကမကြာမီကျောင်းပြန်သွားရန် သတိပေးလာသည်။ ချူရှောင်းမှာ သင်ရိုးများများစားစားလည်းမရှိ။ ထို့ကြောင့်သူမအားလပ်သည့်အခါ ကုမ္ပဏီမှာအလုပ်သင်လုပ်လို့ရသည်။

ချူရှောင်းကျောင်းပြန်သွားဖို့ ချက်ချင်းသဘောတူလိုက်သည်။ သူမအရင်က ဘယ်သောအခါမှကျောင်းမတတ်ခဲ့။ တက္ကသိုလ်ကျောင်းသားဘဝကို အတွေ့အကြုံရှိတာလည်းပျော်စရာတစ်ခုပေ။ ကုမ္ပဏီတွင်းအလုပ်ကိစ္စတွေကို ညတွင်းချင်းနားလည်သွားဖို့ဆိုသည်မှာ သူမအတွက်မဖြစ်နိုင်၊ ပြီးတော့ သူမမိဘများကလည်း ကုမ္ပဏီမှာအလုပ်စလုပ်သည်ကို အလျင်မလိုကြပေ။ သူမမှာဒီကမ္ဘာကြီးရဲ့ အံအားသင့်စရာတွေကိုအတွေ့အကြုံရဖို့ အချိန်တွေအများကြီးရှိနေ၏။

မူလကိုယ်နှင့်ပိုင်ရွယ်ဝေ့က ချူမိသားစုကားနှင့် ကျောင်းသွားကြသည်။ ကားကအရမ်းသိုသိပ်သောကြောင့် လူအများစုက ချူရှောင်းရဲ့မိသားစုနောက်ခံကိုမသိကြ....သူမကချမ်းသာတဲ့မိသားစုက လာသည်ဟုသာသိကြသည်။

ယှည်ကြည့်လျှင် ယိချန်ကကျောင်းကို မကြာခဏဆိုသလို sportကားမောင်းလာလေ့ရှိသည်။ ထို့ကြောင့်ထိုကျောင်းကကျောင်းသားတွေယုံကြည်ကြသည်က ယိချန်မှာကျိကျိတက်ချမ်းသာသော မိသားစုကဆင်းသက်လာသည်ဟူ၍...ယိချန်က ချောရုံသာမက အားကစားလည်းအရမ်းတော်လေသည်။ ထို့ကြောင့် ကျောင်းကလူတိုင်းယုံကြည်ကြသည်က ယိချန်၏စည်းစိမ်နှင့်ရုပ်ရည်ကြောင့် ချူရှောင်းသူ့နောက်ကို လိုက်နေသည်ဟုသာ။

သို့သော်လည်း ချူရှောင်းမှာသိုသိုသိပ်သိပ်နေမည့်သူမဟုတ်ပေ။ သူမကျောင်းပြန်သွားသည့် ပထမဆုံးနေ့တွင် ကျောင်းသို့အနီရောင်တောက်တောက်super carမောင်းလာခဲ့လေသည်။ ချူတုံ့ချီကဒီကားကို ဆယ်ရှစ်နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် မူလကိုယ်ကိုပေးခဲ့ခြင်းဖြစ်သည်။

မူလကိုယ်က ကားမောင်းဖို့ရော၊ ကားတွေကိုရောဂရုမစိုက်ပေ။ ရလဒ်အနေနှင့်ကတော့ ပိုင်ရွယ်ဝေ့နှင့်မိသားစုကား ကိုသိုသိုသိပ်သိပ်သုံးသည်။ သို့မဟုတ်ပါကလည်း ယိချန်ကားနှင့်ကျောင်းကို လိုက်လာသည်။ သူမကျောင်းကို ဘယ်တော့မှတစ်ကိုယ်တည်း သွားလေ့မရှိသလောက်ပင်။

ချူရှောင်း ကားဂိုဒေါင်ထဲဝင်ပြီး ကားကိုပထမဆုံးတွေ့လိုက်သည့်အခိုက် ကားလေးကိုကြွေဆင်းသွားတော့သည်။ သူမအကြိုက်ဆုံးမှာ အနီရောင်ပင်...အတိတ်မှာသူမပိုင်ဆိုင်ခဲ့သည့် မည့်သည့်မှော်လက်နက်မျိုးထက်မဆို စူပါကားအနီက ပိုမိုရိုးရှင်းစွာလှပနေ၏!

သူမစူပါကားနီလေးကို ဗီလာဥယျာဥ်တစ်ပတ်မောင်းကြည့်လိုက်သည်။ သူမကားနှင့်ရင်းနှီးသွားပြီးနောက် ကျောင်းသို့တည့်တည့်မောင်းသွားတော့သည်။

ချူရှောင်း ဒီကမ္ဘာမှာကျင့်ကြံဖို့ရာ အမှန်တကယ်မှာမဖြစ်နိုင်။ ဒီကမ္ဘာကဝိညာဥ်စွမ်းအားက အလွန်ပါးလွှာနေ၏။ အလွန်ဆုံးလုပ်နိုင်သည်က သူမကိုယ်ကိုအာဟာရဖြစ်စေဖို့ ဝိညာဥ်စွမ်းအားပမာဏအနည်းငယ်ကို စုပ်ယူခြင်းသာ။

သို့သော်လည်းသူမ၏ကောင်းကင်ဘုံအသိစိတ်ကို ရုတ်တရက်ကူးပြောင်းလာခြင်းကသက်ရောက်မှုရှိမလာ....သူမအရာရာကိုလျှင်မြန်စွာသင်ယူနိုင်တုန်းပင်ဖြစ်သည်...ဥပမာလူတစ်ယောက်က ပြသနာတစ်ခုကိုဖြေရှင်းဖို့ တစ်မိနစ်အချိန်ယူရလျှင် သူမကတော့စက္ကန့်အနည်းငယ်မျှသာကြာပေမည်။

ခေတ်မီနည်းပညာများကိုသင်ယူပြီး အသားကျလာခါစအချိန်တွင်လည်း မည့်သည့်အနှောက်အယှက်ကိုမျှမကြုံရပေ။ ယခုက သူမကားကို ပထမဆုံးအကြိမ် စတင်မောင်းခြင်းဖြစ်ပြီး ကားကိုလမ်းမထက်၌ အရှိန်တင်နေပြီဖြစ်သည်။ ကံကောင်းသည်က သူမမောင်းသောအရှိန်မှာ အရှိန်သတ်မှတ်ချက်ထက် အနည်းငယ်မျှလျော့နေခဲ့၏။ ထို့ကြောင့်လမ်းဖယ်ပေးဖို့မလိုပေ။

အတန်းယခုလေးပင် ပြီးသွားသည်ဖြစ်ရာ အတန်းတစ်တန်းနှင့်တစ်တန်းအကြား စိတ်သက်သာရာသွားကြသည်။ သူတို့အတန်းတွေပြီးသွားတဲ့ ကျောင်းသားအချို့မှာတော့
သူတို့အိပ်ဆောင်ပြန်ကာ အနားယူကြမည်ဖြစ်ကာ မဟုတ်လည်း စာကြည့်တိုက်သို့သွားကာ စာအုပ်အချို့ဖတ်ကြလိမ့်မည်။

ချူရှောင်းရဲ့စူပါကားကို ဂိတ်မှာရပ်လိုက်သောအခါတွင်တော့ ထိုအရာက ကျောင်းသားအားလုံး၏ အာရုံများကို ဖမ်းစားသွားတော့သည်။ချူရှောင်းကားပါကင်ကွက်ကို အနီးတစ်နေရာမှာရှာတွေ့ပြီး ထိုနေရာမှာကားထိုးလိုက်၏။

ကျောင်းသားတွေ အနီးနားသို့စုလာပြီး စတင်တီးတိုးပြောလာကြသည်။ စူပါကားရဲ့ပိုင်ရှင်ဘယ်သူလဲဆိုတာ သူတို့သိချင်နေကြသည်ပေါ့။

ချူရှောင်းသူမရဲ့ဖိနပ်အပါးကို ရှစ်စင်တီရှိသည့်ဒေါက်အမြင့်သို့ ပြောင်းစီးလိုက်ပြီဖြစ်ကာ ကားအပြင်ဘက်သို့ ဖြည်းဖြည်းချင်းထွက်လာခဲ့သည်။ သူမဆံပင်ကိုလည်း ကိုရီးယားတွင်ရေပန်းအစားဆုံး ဆံပင်ပုံစံဖြစ်သည့် မသိမသာပြောင်းလျက်ရှိသော ပန်းနှင်း
ဆီရောင်ကိုဆိုးထားလေသည်။ ဒီဆံပင်အရောင်က ကိုရီးယားထိပ်ထိန်းမိန်းကလေးအဖွဲ့တစ်ဖွဲ့ရဲ့ အကြိုက်ဆုံးအရောင်ပင်။

သူမ၏ဆံနွယ်များ နေရောင်အောက်တွင်တောက်ပနေသည်မှာ ဒီကမ္ဘာပေါ်ကရတနာများထက်ကို ပိုမိုလှပလျက်....

ချူရှောင်းမှာ v-shape တီရှပ်အဖြူနှင့် အနက်ရောင်ဘောင်းဘီရှည်တစ်စုံကို ဝတ်ဆင်ထား၏။ သူမဝတ်စုံမှာအထက်တန်းဆန်နေပြီး ခံညားသောပုံရိပ်ကို အသေအချာပေါ်လွင်နေစေသည်။ ချူရှောင်း၏ပုံရိပ်နှင့်ရုပ်သွင်မှာ ဖျော်ဖြေရေးနယ်ပယ်မှ ကျော်ကြားသောရုပ်ရှင်မင်းသမီးများ idolများအောက်မနိမ့်ပေ။ အဲ့အစားသူတို့ထက်ပင်သာလွန်နေသေးသည်။

သူမ၏ပတ်လည်တွင် သန်မာပြီးထည်ဝါသောရောင်ဝါများ ဖုံးလွမ်းနေသည်။ သူမကလိပ်ပြာတစ်ကောင်အလား....လိပ်ပြာတစ်ကောင်အဖြစ်ပြန်လည် မွေးဖွားလာခဲ့သလိုပင်။ တိုတိုပြောရရင် အတိတ်ကသူမနဲ့ လုံးဝကွဲပြားနေခဲ့၏။

ချူရှောင်းကတော့ သူ့ကိုစိုက်ကြည့်တဲ့သူတွေရှိတာကို ကျင့်သားရနေပြီ။ အရင်ကမ္ဘာတုန်းကတောင်မှသူမဟာ လူတွေရဲ့အာရုံစိုက်ခံခဲ့ရတာ။ ပါကင်ထိုးပြီးကားလော့ခ်ချပြီးနောက် အင်္ဂလိပ်စာသင်တဲ့အဆောက်အဦးဆီ ဦးတည်လိုက်သည်။ မူလကိုယ်မှာအင်္ဂလိပ်စကား ဘယ်လိုပြောရမည်ကိုသိသည်။ သို့သော်လည်းဒီဘာသာက ချူရှောင်းအတွက်တော့ အသစ်ဖြစ်နေဆဲ။ သူမအင်္ဂလိပ်အတန်းဆီသို့ဦးတည်သွားတော့သည်။

ရုတ်တရက် တစ်စုံတစ်ယောက်က မှတ်မိသွားပြီး စိတ်လှုပ်ရှားစွာအော်လိုက်လေသည်။ ထိုသူက သူမပါးစပ်ကိုအုပ်ကာ သူ့ဘေးနားကတစ်ယောက်ကို တိုးတိုးပြောသည်။

"အဲ့သူက ချူရှောင်းမဟုတ်လား? သူမအရက်သောက်တာများပြီး အယ်ကိုဟောအဆိပ်သင့်လို့ ဆေးရုံမှာအားဖြည့်နေရတယ်ဆိုပြီး ကျောင်းဖိုရမ်မှာတစ်ယောက်ယောက် တင်ထားတယ်မဟုတ်လား? သူမဘယ်လိုလုပ်ပြီး မြန်မြန်သက်သာလာတာလဲ?"

"ချမ်းသာတဲ့သူတွေက အမြဲတမ်းကောင်းကောင်း ဆက်ဆံရတာပဲ။ သူ့ကားကိုကြည့်လိုက်! အဲ့ဒါဘယ်လောက်ကျတယ်ထင်လဲ? ချူရှောင်းကကျိကျိတက်ချမ်းသာမှန်းငါမသိခဲ့ဘူး"

"ယိချန်က သူမကိုအဲ့ကားနဲ့ အလျော်ပေးလိုက်တာရော မဖြစ်နိုင်ဘူးလား? ယိချန်ပစ်တာခံရပြီးနောက်ပိုင်း ဆေးရုံအပို့မခံရခင်အထိ သောက်နေတာလို့ ငါကြားမိတယ်။ ငါတို့ကြည့်ရတဲ့ရှိုးတွေအရ ယိချန်ကသူမကို လမ်းခွဲလျော်ကြေးအနေနဲ့ အချီကြီးကြီးပေးလိုက်တာဖြစ်ရမယ်...ဟုတ်တယ်မလား?"

"ဘာပဲဖြစ်ဖြစ် သူအဲ့လောက်ချမ်းသာမှန်း ငါမသိခဲ့ဘူး။ ဒီအကြောင်းပြောရရင် ပိုင်ရွယ်ဝေ့ကတော်တော်လေး အဲ့သြဖို့ကောင်းတာပဲလို့ ပြောရမယ်။ သူကယိချန်ကို သူမဆီကလုဖို့ စီစဥ်နေတာလေ!"

11.2.2022💖
(9:36pm

CHAPTER-(13)

























11.2.2022💖
(9:36pm)

Continue Reading

You'll Also Like

109K 18.3K 89
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
599K 92.6K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
391K 49.9K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...