ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 289K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

95

7.7K 1.5K 128
By Melinoe_Megami

Unicode

“ဘယ်သူလုပ်ရဲလဲ..?”

ရင်းဆုယဲ့က ခြေတစ်လှမ်းတိုးပြီး အကာအကွယ်စည်းကို ဖျက်ဆီးပစ်လိုက်တယ်။ ထို့နောက် လျှပ်တပြတ်အတွင်း အစောင့်တွေကို ဖြတ်ကျော်ပြီး ရွှယ်ယို့ရှန်းရဲ့အရှေ့မှာ ပေါ်ထွက်လာခဲ့တယ်။ ငေးကြောင်နေဆဲ ကောင်လေးကို လှည့်ကြည့်လိုက်ပြီး လက်ဆန့်ထုတ်ကာ အကျင့်ဖြစ်နေတဲ့အတိုင်း သူ့ရဲ့ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်တယ်။ ဒီလိုနဲ့ကောင်လေးကို ပြည့်ပြည့်ဝဝ ကာကွယ်ပေးခဲ့တယ်။

ထင်တဲ့အတိုင်းပဲ ကောင်လေးရဲ့ဖြစ်တည်မှုကို ခံစားလိုက်ရတာနဲ့ ပူပန်နေတဲ့စိတ်က အလိုလို ငြိမ်းအေးသွားရတယ်။ ဒီမတိုင်ခင်အထိ ‘ကောင်လေးကို ဆုံးရှုံးလိုက်ရရင်’ ဆိုတဲ့စိတ်က ရင်းဆုယဲ့ရဲ့စိတ်ထဲမှာ စိုးမိုးနေခဲ့တယ်။

ကောင်လေးအနားကို အမြန်ဆုံးပြေးသွားနိုင်ဖို့အတွက် ရင်းဆုယဲ့က ဝေရိရဲ့စကားကို လျစ်လျူရှုပြီး အကာအကွယ်စည်းရဲ့ အားနည်းချက်ကို အာရုံစိုက်ကာ ရှာဖွေကြည့်လိုက်တယ်။ ကံကောင်းထောက်မစွာပဲ အားနည်းချက်ကို အလွယ်တကူ ရှာဖွေနိုင်ခဲ့တယ်။ အကာအကွယ်စည်းရဲ့ အားနည်းချက်နေရာမှာ လူတစ်ယောက်ထွက်နိုင်ရုံ အပေါက်ဖောက်လိုက်တာကြောင့် တန်ဖိုးအနည်းငယ်သာ ပေးဆပ်ခဲ့ရလေတယ်။

“ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲဟင်..?”

အကာအကွယ်စည်းအပြင်ကို အမြန်ဆုံးထွက်နိုင်ဖို့ တန်ဖိုးတချို့ပေးဆပ်ခဲ့ရမယ်ဆိုတာ သိနေတာကြောင့် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့လုပ်ရပ်ကို ရန်မတွေ့တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ရင်းဆုယဲ့ရဲ့ ပွေ့ဖက်မှုနဲ့ အသားကျနေပြီဆိုတော့ ဒီလိုမျိုး ပွေ့ဖက်ခံနေရတာကိုလည်း ဂရုမစိုက်တော့ဘူး။

ဒါပေမဲ့ ရွှယ်ယို့ရှန်းခမျာ သူ့ရဲ့ အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်က ကလေးခန္ဓာကိုယ်က သိပ်မကွာခြားသလို ခံစားလိုက်ရတယ်။ ရင်းဆုယဲ့က သူ့ကို ဘာလို့ပွေ့ဖက်ချင်နေတာလဲ။ နားမလည်နိုင်တော့ဘူး။

“အဆင်ပြေသွားမှာပါ..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ အနက်ရောင်ဆံနွယ်များကို ပွတ်သပ်ပေးလိုက်ပြီး ချော့မော့လိုက်တယ်။ အလွန်တရာ နူးညံ့အိထွေးနေတဲ့ ဆံနွယ်တွေက လက်မလွှတ်ချင်လောက်အောင်ပဲ။

တော်ဝင်မြို့တော်ကို မသွားခင်ကတည်းက ရင်းဆုယဲ့က ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအမျိုးမျိုးကို ကြိုတင်မှန်းဆခဲ့ပြီး အခြေအနေတစ်ခုချင်းစီအတွက် ပြန်လည်တိုက်ခိုက်နိုင်တဲ့ နည်းလမ်းတွေကိုလည်း အစီအစဉ်ဆွဲထားခဲ့တယ်။ ဒါပေမဲ့ ကောင်လေးအနားမှာရှိတိုင်း ကြိုတင်မှန်းဆလို့မရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတတ်သလို သူ့ရဲ့ အစီအစဉ်တွေကလည်း အသုံးမဝင်တော့ဘူး။

ဘယ်လိုအန္တရာယ်မျိုး ကြုံတွေ့လာရပါစေ၊ ကောင်လေးကို အမြဲတမ်း ကာကွယ်ပေးနေမယ်..!

“အင်း..”

ရွှယ်ယို့ရှန်းက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ရင်းဆုယဲ့ကို တောက်ပစွာ ပြုံးပြလိုက်တယ်။

‘ဘယ်အချိန်ကတည်းက အစပြုခဲ့တာလည်း မသိပေမယ့် သူ့ရဲ့ရင်းဆုယဲ့အပေါ် မှီခိုတတ်တဲ့အကျင့်က တနေ့တခြား ပိုဆိုးလာသလိုပဲ။ ရင်းဆုယဲ့ကို ရာခိုင်နှုန်းပြည့် ယုံကြည်တယ်။ ရင်းဆုယဲ့နဲ့အတူရှိနေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတယ်။’

ရွှယ်ယို့ရှန်းကို တစ်ချိန်လုံး စိုက်ကြည့်နေတဲ့ ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေထဲမှာ အပြုံးလေးတစ်ခုက ပေါ်ထွက်လာခဲ့တယ်။ သူ့ရဲ့မျက်ဝန်းတွေက ပိုမိုနက်ရှိုင်းလာခဲ့သလို ကောင်လေးကိုလည်း ပိုမိုတင်းကျပ်စွာ ပွေ့ဖက်ထားမိတယ်။

‘ပြုံးလိုက်တဲ့အချိန်မှာ ကောင်လေးရဲ့ နှုတ်ခမ်းထောင့်နဲ့ မျက်ဝန်းတွေက တသုန်သုန်တိုက်ခတ်နေတဲ့ လေပြည်ညင်းလေးတွေလို၊ ပြီးတော့ ထွန်းသစ်စ,လမင်းကြီးရဲ့ အလင်းရောင်လိုပဲ..!

ကောင်လေးရဲ့အသွင်အပြင်က အရမ်းချစ်ဖို့ကောင်းမှန်း သိထားခဲ့ပေမယ့် အရွယ်ရောက်လာတဲ့ ကောင်လေးက အသက်ရှူမှားလောက်အောင် အရမ်းလှပလွန်းမယ်လို့ မထင်ထားခဲ့မိဘူး..!

ခုနတုန်းက အကာအကွယ်စည်းကိုပဲ အာရုံစိုက်နေခဲ့ရတော့ အရွယ်ရောက်လာတဲ့ ကောင်လေးရဲ့ အသွင်အပြင်ကို သေချာမကြည့်လိုက်ရဘူး။ အခုတော့ ကောင်လေးရဲ့အရပ်က သူ့ကိုမှီလုနေပြီ။ ခေါင်းနည်းနည်းလေး ငုံ့လိုက်ရုံနဲ့ ကောင်လေးရဲ့ မျက်နှာပေါ်က အစိတ်အပိုင်းတိုင်းကို သဲသဲကွဲကွဲ မြင်နေရပြီ။

အရည်လဲ့နေတဲ့ ဖီးနစ်မျက်ဝန်းတွေက အနက်ရောင်မျက်ဆံလေးကြောင့် ပိုပြီးတောက်ပနေလေရဲ့။ ကော့ညွတ်နေတဲ့ မျက်တောင်လေးတွေက လှပတဲ့မျက်ဝန်းအစုံကို ပိုမိုဆွဲဆောင်မှုရှိအောင် အားဖြည့်ပေးနေသလိုပဲ..!

သူ့ကိုလှည့်ကြည့်လာတဲ့အချိန် ကြယ်လေးတွေ တဖျတ်ဖျတ် တောက်ပနေသလားတောင် ထင်မှတ်သွားရတယ်။ မိုးသားပြင်ကျယ်ကြီးတစ်ခုလုံးကို အပိုင်စိုးထားသလိုမျိုး ထိုမျက်ဝန်းတစ်စုံကို စိုက်ကြည့်လိုက်မိတိုင်း ကမ္ဘာကြီးတစ်ခုလုံးကို ခြုံငုံပြီးမြင်နေရသလို ခံစားမိစေတယ်..!

နေရောင်အောက် နူးညံ့ချောမွေ့နေတဲ့ ကောင်လေးရဲ့အသားအရေက အကောင်းဆုံးဆိုတဲ့ အဖြူရောင်ကျောက်စိမ်းတွေပါ ရှက်ရွံ့သွားရလောက်တယ်။ ညှို့ယူဆွဲဆောင်နိုင်လွန်းလို့ စိတ်ကူးယဉ်ပုံရိပ်လားတောင် ထင်မှားရလိမ့်မယ်..!’

(TN : ရွှယ်ရွှယ်ရယ်.. နင်ဘာ Skin Care တွေသုံးတာလဲ..? ကိုယ့်အမေကို Share စမ်းပါဦးဟာ..)

***

“ရင်းဆုယဲ့.. ကျွန်တော်ဘာလို့ ရုတ်တရက် အသက်ကြီးလာတာလဲဟင်.. ခင်ဗျားသိလား..?”

ရွှယ်ယို့ရှန်းက ရုတ်တရက် အရွယ်ရောက်လာတာကြောင့် ပျော်ရွှင်နေပေမယ့် အနည်းငယ်လည်း စိုးရိမ်နေခဲ့တယ်။

“အရင်တုန်းက မင်းရဲ့ခန္ဓာကိုယ်ကို ချိတ်ပိတ်ထားတာဖြစ်မယ်..”

ရင်းဆုယဲ့က တချို့မြင်ကွင်းများကို ပြန်လည်မြင်ယောင်ရင်း ရွှယ်ယို့ရှန်းကို ပြန်ဖြေလိုက်တယ်။ သူ့ရဲ့ထင်မြင်ချက်အရ တော်ဝင်မြို့တော်ရဲ့ အကာအကွယ်စည်းက ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲမှ ချိတ်ပိတ်ထားတဲ့အရာကို နှိုးဆွလိုက်တာ ဖြစ်နိုင်တယ်။ ထိုအရာက ရွှယ်ယို့ရှန်းကို ချိတ်ပိတ်ခံထားရာကနေ လွတ်မြောက်စေပြီး တစ်ချိန်တည်းမှာပဲ မူရင်းပုံစံအတိုင်း ပေါ်ထွက်လာစေခဲ့တယ်။

“တကယ်ကြီး ချိတ်ပိတ်ခံထားရတာလား..?”

ရင်းဆုယဲ့ရဲ့ စကားကြောင့် ရွှယ်ယို့ရှန်းလည်း ရုတ်တရက် နားလည်သွားခဲ့တယ်။

‘အသွင်မပြောင်းခင် သူ့ရဲ့ခန္ဓာကိုယ်ထဲက ကျိုးပျက်သွားတဲ့ အသံတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်မိတာ မထူးဆန်းတော့ပါဘူး။ အဲ့တာက ချိတ်ပိတ်စည်းပဲ ဖြစ်ရမယ်..! တစ်နည်းပြောရရင် သူက ဘယ်တုန်းကမှ ကလေးတစ်ယောက် မဟုတ်ခဲ့ဘူး၊ အရွယ်ရောက်ပြီးသား လူတစ်ယောက်ပဲ..!’

သို့သော်လည်း ရွှယ်ယို့ရှန်းရဲ့ ပျော်မြူးတက်ကြွနေတဲ့စိတ်က စက္ကန့်ပိုင်းအတွက် လွင့်ပြယ်သွားရပြန်တယ်။

‘အစတုန်းက ပဲငံပြာရည်ဇာတ်ကောင်ထဲ ရောက်လာတယ်လို့ ထင်ခဲ့မိတာ၊ အဲ့တာကြောင့် မူလခန္ဓာကိုယ်ရဲ့ ပုံစံအမှန်ကို သိပ်ပြီးဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ဖြစ်ပျက်သမျှတွေအရ မူလပိုင်ရှင်ရဲ့နောက်ခံက သိပ်ပြီးမရိုးရှင်းဘူးလို့ သူ့ကို ပြောပြနေတယ်။ မဟုတ်ရင် သလင်းကျောက်အခေါင်းထဲမှာ ဘာလို့နိုးထလာခဲ့တာလဲ..? သူ့ရဲ့ခန္ဓာကိုယ်က ဘာလို့ချိတ်ပိတ်ခံထားရတာလဲ..?

(TN : ပဲငံပြာရည်ဇာတ်ကောင်ဆိုတာ ဖြတ်လျှောက်ဇာတ်ကောင်ကို ဆိုလိုတာပါ။)

ဒီခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ချက်တွေအရ လူမသိသူမသိ ဇာတ်ကောင်လေးတော့ မဖြစ်နိုင်တော့ဘူးဟ..!

ဒါပေမဲ့ ဒီစာရေးဆရာကြီးတောင် ဘယ်ဇာတ်ကောင်မှန်း မသိဘူး။ သူ့ရဲ့ဝတ္ထုထဲမှာ ဇာတ်ကောင်တစ်ခုက နည်းနည်းလောက်ပဲ အရေးပါရင်တောင် အနည်းနဲ့အများဆိုသလို သူ,ရေးဖွဲ့ခဲ့တာပဲလေ။ ဒါပေမဲ့ သူ့ရဲ့လက်ရှိခန္ဓာကိုယ်နဲ့ ဆင်တူတဲ့ဇာတ်ကောင်မျိုးကို လုံးဝစဉ်းစားမရဘူး။

တကယ့်ကို ပုံမှန်မဟုတ်ဘူး..!

သူကိုယ်တိုင် နားမလည်နိုင်ဖြစ်နေရတဲ့ ခံစားချက်ကြောင့် ရွှယ်ယို့ရှန်းရဲ့ နှလုံးသားထဲမှာ စိတ်တထင့်ထင့် ဖြစ်နေတော့တယ်။

“အင်း..”

သိသာစွာပဲ ရင်းဆုယဲ့ရဲ့ ခံစားချက်က ရွှယ်ယို့ရှန်းထက် ပိုမိုဆိုးရွားနေခဲ့တယ်။

သဲလွန်စသိပ်မရှိတာ ဝမ်းနည်းစရာပဲ..! သူတောင်မှ အချိန်တိုအတွင်း ကောက်ချက်ချနိုင်ဖို့ မလွယ်ကူဘူး..!

“ရင်းဆုယဲ့.. မင်းက ဒီမိစ္ဆာကောင်ကို အကာအကွယ်ပေးမလို့လား..?”

သူ သတိတစ်ချက်လွတ်သွားတာနဲ့ ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ရှေ့မှာ ပေါ်ထွက်လာလိမ့်မယ်လို့ ဝေရိလည်း မထင်မှတ်ထားခဲ့ဘူး။ သူ့ရဲ့စိတ်ထဲမှာ တင်းကျပ်သွားခဲ့ရပြီး အမူအယာကလည်း ပိုမိုလေးနက်လာခဲ့တယ်။

လူသားဘုရင်ရဲ့ အနီးကပ်သက်တော်စောင့်ဖြစ်တာကြောင့် တော်ဝင်မြို့တော်ရဲ့ အကာအကွယ်စည်းက ဘယ်လောက် ဖျက်ဆီးရခက်တယ်ဆိုတာ ကောင်းကောင်းသိထားတယ်။ သူ့ရဲ့ရှေ့မှာတင် ‘လုံးဝဖျက်ဆီးလို့မရ’လို့ နာမည်ကြီးနေတဲ့ အကာအကွယ်စည်းကို ရင်းဆုယဲ့က အလွယ်တကူ ဖျက်ဆီးပစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ဘူး။

'ရွှယ်ယို့ရှန်းရဲ့ အသွင်ပြောင်းမှုက သူ့ကို အံ့ဩစေတယ်ဆိုရင် ရင်းဆုယဲ့ရဲ့ခွန်အားက သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေတယ်..!'

ခန့်မှန်းလို့မရအောင် စွမ်းအားကြီးမားတဲ့ ရင်းဆုယဲ့နဲ့ ရန်သူဖြစ်ရမှာကို တွေးလိုက်မိတာကြောင့် ဝေရိရဲ့စိတ်ထဲ လေးလံလာခဲ့တယ်။ ထို့ကြောင့် ရင်းဆုယဲ့ စိတ်ပြောင်းသွားအောင် စကားနဲ့ ဆွဲဆောင်ကြည့်လိုက်တယ်။

ဒီထက်ပိုပြီးအရေးကြီးတာက သူနဲ့တခြားစစ်ကူတွေ အချိန်အတိုင်းအတာတစ်ခုထိ အကာအကွယ်စည်းအပြင်ကို မထွက်နိုင်သေးတာပဲ။ အပြင်ဘက်မှာရှိနေတဲ့ အစောင့်တပ်က ရင်းဆုယဲ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ အဲတာကြောင့် အပြင်က အစောင့်တွေကို အလျင်စလိုမလုပ်ရန် အချက်ပြလိုက်ပြီး ရင်းဆုယဲ့နဲ့ ရွှယ်ယို့ရှန်း စကားပြောနေတာကို ခဏ လွှတ်ထားပေးလိုက်တယ်။ သူတို့နှစ်ယောက် စကားဆုံးတာနဲ့ ဝေရိက ရင်းဆုယဲ့ကို သူတို့ဘက်ပါအောင် သွေးဆောင်ကြည့်လိုက်တယ်။

“ဟမ်..!”

ရင်းဆုယဲ့က ဝေရိကို အဖက်တောင်မလုပ်ဘူး။ ကောင်လေးရဲ့ ပုံစံအမှန်ကို ဘယ်လိုဖော်ထုတ်ရမလဲ စဉ်းစားရင်း အကွက်ချနေခဲ့တယ်။

ကောင်လေးက ဝိဉာဉ်ကူးပြောင်းရင်း ရောက်လာခဲ့ရတာလို့ ပြောခဲ့ဖူးတယ်ဆိုတော့ သူ့ခန္ဓာကိုယ်အကြောင်း ဘာမှသိမှာမဟုတ်ဘူး..!

“ရင်းဆုယဲ့.. မိစ္ဆာကောင်အတွက် လူသားတွေကို သစ္စာဖောက်ချင်နေတာလို့တော့ မပြောနဲ့နော်..?”

လူသားဘုရင်ရဲ့ သက်တော်စောင့်ခေါင်းဆောင်အနေနဲ့ ဝေရိက လိုချင်သမျှကို ရနိုင်ခဲ့တာချည်းပဲ။ ရင်းဆုယဲ့လို သူ့အပေါ် မျက်နှာသာမပေးတဲ့ ကိစ္စမျိုး ဘယ်သူမှ မလုပ်ရဲခဲ့ဘူး။ အဲ့တာကြောင့် ဒေါသထွက်လာပြီး သူ့ရဲ့အသံက ထက်ရှလာခဲ့တယ်။

“ဟုတ်တော့ဘာဖြစ်လဲ..? မဟုတ်တော့ရော ဘာဖြစ်လဲ..?”

ရင်းဆုယဲ့က အဖက်မလုပ်သလို ပြောလိုက်ပေမယ့် သူ့ရဲ့လေသံက လူတိုင်းကို ပြင်းထန်တဲ့ လူသတ်ငွေ့တွေကြား နစ်မွန်းသွားစေခဲ့တယ်။ အထင်သေးတဲ့အကြည့်နဲ့ အဖက်မလုပ်သလိုလေသံတို့ ပေါင်းစပ်သွားတဲ့အချိန် သူ့ရဲ့ရည်ရွယ်ချက်အမှန်ကို ဖော်ပြနေသလိုပါပဲ။

“သေလမ်းရှာနေတာပဲ..!”

ရင်းဆုယဲ့က ဂရုမစိုက်သလို လုပ်ပြလာလိမ့်မယ်လို့ ဝေရိလည်း မထင်ထားခဲ့တာကြောင့် သူ့ရဲ့မျက်နှာက မည်းမှောင်လာခဲ့တော့တယ်။ ရင်းဆုယဲ့ရဲ့စွမ်းအားက သူ့ထက်သာလွန်တာကို ဝန်ခံနိုင်ပေမယ့် လက်ရှိတည်နေရာက ရင်းဆုယဲ့ထောင်လွှားနိုင်တဲ့ နေရာမျိုးမဟုတ်ဘူး၊ တော်ဝင်မြို့တော်ပဲ။

တော်ဝင်မြို့တော်မှာ ဘယ်သူမှ ထောင်လွှားလို့မရဘူး..! တော်ဝင်မြို့တော်ဆိုတာ လူသားမျိုးနွယ်ရဲ့ အင်အားအကြီးဆုံး အရှင်သခင်နေတဲ့နေရာပဲ..!

“ခင်ဗျားတို့အားလုံး ကျုပ်ရဲ့ပြိုင်ဘက်မဟုတ်ဘူး..”

ရင်းဆုယဲ့က ဝေရိကို လှည့်ကြည့်ရမှာတောင် အလွန်ပျင်းရိနေခဲ့တယ်။

“သေလမ်းရှာနေတဲ့လူက ခင်ဗျားနဲ့ ကျန်တဲ့အစောင့်တွေပဲ..!”

ရွှယ်ယို့ရှန်းကလည်း ရင်းဆုယဲ့ရဲ့စကားကို သံယောင်လိုက်ကာ ထပ်ဖြည့်ပြောလိုက်တယ်။

ရင်းဆုယဲ့ရဲ့လက်ရှိစွမ်းအားအရ လူသားဘုရင်နဲ့ မရင်ဆိုင်ရသရွေ့ ပြိုင်ဘက်ကင်းတယ်..! သတ်ဖြတ်တာ မကောင်းဘူးဆိုပေမယ့် အခြေအနေမှန်ကိုမသိတဲ့ ဒီလူတွေကို ကြင်နာစွာနဲ့ သတိပေးရဦးမှာပေါ့။ ရင်းဆုယဲ့ရှေ့မှာ ထင်ရာစိုင်းတာက သေလမ်းရှာနေတာနဲ့ အတူတူပဲကွ..!

ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သူဒီလိုမျိုး သဘောမကောင်းသင့်ဘူး.. ဟူး..!

“ဘုရင်ကို ထွက်တွေ့ခိုင်းလိုက်..”

ရင်းဆုယဲ့က ခပ်တိုးတိုးပြောလိုက်ပေမယ့် လူတိုင်းရဲ့ နားစည်ထဲမှာ အဝေးကလာတဲ့အသံလို ရိုက်ခတ်သွားခဲ့တယ်။ ကြည်လင်ပြတ်သားတဲ့ ထိုအသံက ခံစားချက်မဲ့နေပေမယ့် ကြားလိုက်ရတဲ့လူတိုင်း ထိတ်လန့်တုန်လှုပ်သွားရတယ်။

“……………”

‘ဟေး.. ဟေး… ရင်းဆုယဲ့.. ခင်ဗျားစကားပြောမှားသွားတာလား..?

ခင်ဗျားရဲ့ မောက်မာထောင်လွှားလွန်းတဲ့ အမူအရာက ‘မင်းတို့က ငါ့ပြိုင်ဘက်မဟုတ်ဘူး.. အစွမ်းထက်ဆုံးဆိုတဲ့အကောင် ထွက်လာခဲ့စမ်း..’ ဆိုတဲ့ပုံစံမျိုးနဲ့.. ကြီးမြတ်တဲ့လူသားဘုရင်ကို ခင်ဗျားကိုတွေ့ဖို့ ထွက်လာခိုင်းရဲတယ်.. ဟုတ်ရောဟုတ်သေးရဲ့လား..? လူပေါင်းများစွာပေါ်မှာ ရပ်တည်နေတဲ့လူသားဘုရင်အစစ်က သူ(ရင်းဆုယဲ့)လို့ပြောနေသလိုပဲ.. ပြီးတော့ အဲ့လိုလူသားဘုရင်အစစ်က ဘာမဟုတ်တဲ့ပုရွက်ဆိတ်လေးကို တွေ့ချင်နေတဲ့ပုံစံမျိုးနဲ့..

ဗီလိန်ကြီးရေ.. ခင်ဗျားက အရမ်းမိုက်တယ်.. အံ့ဩဖို့ကောင်းလောက်အောင် အရိုင်းဆန်ပြီး လွှမ်းမိုးနိုင်စွမ်းပြင်းလိုက်တာနော်၊ စာရေးဆရာက ဒီလိုမျိုးဖန်တီးထားခဲ့တာလား..? အဲ့လောက် ကြီးကျယ်မြင့်မြတ်နေရင် ခင်ဗျားရဲ့အနားကို ဘယ်သူကပ်ရဲတော့မလဲလို့..?

………………………………

Zawgyi

“ဘယ္သူလုပ္ရဲလဲ..?”

ရင္းဆုယဲ့က ေျခတစ္လွမ္းတိုးၿပီး အကာအကြယ္စည္းကို ဖ်က္ဆီးပစ္လိုက္တယ္။ ထို႔ေနာက္ လွ်ပ္တျပတ္အတြင္း အေစာင့္ေတြကို ျဖတ္ေက်ာ္ၿပီး ႐ႊယ္ယို႔ရွန္းရဲ႕အေရွ႕မွာ ေပၚထြက္လာခဲ့တယ္။ ေငးေၾကာင္ေနဆဲ ေကာင္ေလးကို လွည့္ၾကည့္လိုက္ၿပီး လက္ဆန႔္ထုတ္ကာ အက်င့္ျဖစ္ေနတဲ့အတိုင္း သူ႔ရဲ႕ရင္ခြင္ထဲ ေပြ႕ဖက္ထားလိုက္တယ္။ ဒီလိုနဲ႔ေကာင္ေလးကို ျပည့္ျပည့္ဝဝ ကာကြယ္ေပးခဲ့တယ္။

ထင္တဲ့အတိုင္းပဲ ေကာင္ေလးရဲ႕ျဖစ္တည္မႈကို ခံစားလိုက္ရတာနဲ႔ ပူပန္ေနတဲ့စိတ္က အလိုလို ၿငိမ္းေအးသြားရတယ္။ ဒီမတိုင္ခင္အထိ ‘ေကာင္ေလးကို ဆုံးရႈံးလိုက္ရရင္’ ဆိုတဲ့စိတ္က ရင္းဆုယဲ့ရဲ႕စိတ္ထဲမွာ စိုးမိုးေနခဲ့တယ္။

ေကာင္ေလးအနားကို အျမန္ဆုံးေျပးသြားႏိုင္ဖို႔အတြက္ ရင္းဆုယဲ့က ေဝရိရဲ႕စကားကို လ်စ္လ်ဴရႈၿပီး အကာအကြယ္စည္းရဲ႕ အားနည္းခ်က္ကို အာ႐ုံစိုက္ကာ ရွာေဖြၾကည့္လိုက္တယ္။ ကံေကာင္းေထာက္မစြာပဲ အားနည္းခ်က္ကို အလြယ္တကူ ရွာေဖြႏိုင္ခဲ့တယ္။ အကာအကြယ္စည္းရဲ႕ အားနည္းခ်က္ေနရာမွာ လူတစ္ေယာက္ထြက္ႏိုင္႐ုံ အေပါက္ေဖာက္လိုက္တာေၾကာင့္ တန္ဖိုးအနည္းငယ္သာ ေပးဆပ္ခဲ့ရေလတယ္။

“ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲဟင္..?”

အကာအကြယ္စည္းအျပင္ကို အျမန္ဆုံးထြက္ႏိုင္ဖို႔ တန္ဖိုးတခ်ိဳ႕ေပးဆပ္ခဲ့ရမယ္ဆိုတာ သိေနတာေၾကာင့္ ႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ရဲ႕လုပ္ရပ္ကို ရန္မေတြ႕ေတာ့ဖို႔ ဆုံးျဖတ္လိုက္တယ္။ ရင္းဆုယဲ့ရဲ႕ ေပြ႕ဖက္မႈနဲ႔ အသားက်ေနၿပီဆိုေတာ့ ဒီလိုမ်ိဳး ေပြ႕ဖက္ခံေနရတာကိုလည္း ဂ႐ုမစိုက္ေတာ့ဘူး။

ဒါေပမဲ့ ႐ႊယ္ယို႔ရွန္းခမ်ာ သူ႔ရဲ႕ အ႐ြယ္ေရာက္ၿပီးသား ခႏၶာကိုယ္က ကေလးခႏၶာကိုယ္က သိပ္မကြာျခားသလို ခံစားလိုက္ရတယ္။ ရင္းဆုယဲ့က သူ႔ကို ဘာလို႔ေပြ႕ဖက္ခ်င္ေနတာလဲ။ နားမလည္ႏိုင္ေတာ့ဘူး။

“အဆင္ေျပသြားမွာပါ..”

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းရဲ႕ အနက္ေရာင္ဆံႏြယ္မ်ားကို ပြတ္သပ္ေပးလိုက္ၿပီး ေခ်ာ့ေမာ့လိုက္တယ္။ အလြန္တရာ ႏူးညံ့အိေထြးေနတဲ့ ဆံႏြယ္ေတြက လက္မလႊတ္ခ်င္ေလာက္ေအာင္ပဲ။

ေတာ္ဝင္ၿမိဳ႕ေတာ္ကို မသြားခင္ကတည္းက ရင္းဆုယဲ့က ျဖစ္ေပၚလာႏိုင္တဲ့ အေျခအေနအမ်ိဳးမ်ိဳးကို ႀကိဳတင္မွန္းဆခဲ့ၿပီး အေျခအေနတစ္ခုခ်င္းစီအတြက္ ျပန္လည္တိုက္ခိုက္ႏိုင္တဲ့ နည္းလမ္းေတြကိုလည္း အစီအစဥ္ဆြဲထားခဲ့တယ္။ ဒါေပမဲ့ ေကာင္ေလးအနားမွာရွိတိုင္း ႀကိဳတင္မွန္းဆလို႔မရတဲ့ အေျခအေနေတြ ျဖစ္ေပၚလာတတ္သလို သူ႔ရဲ႕ အစီအစဥ္ေတြကလည္း အသုံးမဝင္ေတာ့ဘူး။

ဘယ္လိုအႏၲရာယ္မ်ိဳး ႀကဳံေတြ႕လာရပါေစ၊ ေကာင္ေလးကို အၿမဲတမ္း ကာကြယ္ေပးေနမယ္..!

“အင္း..”

႐ႊယ္ယို႔ရွန္းက ညင္သာစြာ ေခါင္းညိတ္ျပလိုက္ၿပီး ရင္းဆုယဲ့ကို ေတာက္ပစြာ ၿပဳံးျပလိုက္တယ္။

‘ဘယ္အခ်ိန္ကတည္းက အစျပဳခဲ့တာလည္း မသိေပမယ့္ သူ႔ရဲ႕ရင္းဆုယဲ့အေပၚ မွီခိုတတ္တဲ့အက်င့္က တေန႔တျခား ပိုဆိုးလာသလိုပဲ။ ရင္းဆုယဲ့ကို ရာခိုင္ႏႈန္းျပည့္ ယုံၾကည္တယ္။ ရင္းဆုယဲ့နဲ႔အတူရွိေနရင္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိေစတယ္။’

႐ႊယ္ယို႔ရွန္းကို တစ္ခ်ိန္လုံး စိုက္ၾကည့္ေနတဲ့ ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းေတြထဲမွာ အၿပဳံးေလးတစ္ခုက ေပၚထြက္လာခဲ့တယ္။ သူ႔ရဲ႕မ်က္ဝန္းေတြက ပိုမိုနက္ရႈိင္းလာခဲ့သလို ေကာင္ေလးကိုလည္း ပိုမိုတင္းက်ပ္စြာ ေပြ႕ဖက္ထားမိတယ္။

‘ၿပဳံးလိုက္တဲ့အခ်ိန္မွာ ေကာင္ေလးရဲ႕ ႏႈတ္ခမ္းေထာင့္နဲ႔ မ်က္ဝန္းေတြက တသုန္သုန္တိုက္ခတ္ေနတဲ့ ေလျပည္ညင္းေလးေတြလို၊ ၿပီးေတာ့ ထြန္းသစ္စ,လမင္းႀကီးရဲ႕ အလင္းေရာင္လိုပဲ..!

ေကာင္ေလးရဲ႕အသြင္အျပင္က အရမ္းခ်စ္ဖို႔ေကာင္းမွန္း သိထားခဲ့ေပမယ့္ အ႐ြယ္ေရာက္လာတဲ့ ေကာင္ေလးက အသက္ရႉမွားေလာက္ေအာင္ အရမ္းလွပလြန္းမယ္လို႔ မထင္ထားခဲ့မိဘူး..!

ခုနတုန္းက အကာအကြယ္စည္းကိုပဲ အာ႐ုံစိုက္ေနခဲ့ရေတာ့ အ႐ြယ္ေရာက္လာတဲ့ ေကာင္ေလးရဲ႕ အသြင္အျပင္ကို ေသခ်ာမၾကည့္လိုက္ရဘူး။ အခုေတာ့ ေကာင္ေလးရဲ႕အရပ္က သူ႔ကိုမွီလုေနၿပီ။ ေခါင္းနည္းနည္းေလး ငုံ႔လိုက္႐ုံနဲ႔ ေကာင္ေလးရဲ႕ မ်က္ႏွာေပၚက အစိတ္အပိုင္းတိုင္းကို သဲသဲကြဲကြဲ ျမင္ေနရၿပီ။

အရည္လဲ့ေနတဲ့ ဖီးနစ္မ်က္ဝန္းေတြက အနက္ေရာင္မ်က္ဆံေလးေၾကာင့္ ပိုၿပီးေတာက္ပေနေလရဲ႕။ ေကာ့ၫြတ္ေနတဲ့ မ်က္ေတာင္ေလးေတြက လွပတဲ့မ်က္ဝန္းအစုံကို ပိုမိုဆြဲေဆာင္မႈရွိေအာင္ အားျဖည့္ေပးေနသလိုပဲ..!

သူ႔ကိုလွည့္ၾကည့္လာတဲ့အခ်ိန္ ၾကယ္ေလးေတြ တဖ်တ္ဖ်တ္ ေတာက္ပေနသလားေတာင္ ထင္မွတ္သြားရတယ္။ မိုးသားျပင္က်ယ္ႀကီးတစ္ခုလုံးကို အပိုင္စိုးထားသလိုမ်ိဳး ထိုမ်က္ဝန္းတစ္စုံကို စိုက္ၾကည့္လိုက္မိတိုင္း ကမာၻႀကီးတစ္ခုလုံးကို ၿခဳံငုံၿပီးျမင္ေနရသလို ခံစားမိေစတယ္..!

ေနေရာင္ေအာက္ ႏူးညံ့ေခ်ာေမြ႕ေနတဲ့ ေကာင္ေလးရဲ႕အသားအေရက အေကာင္းဆုံးဆိုတဲ့ အျဖဴေရာင္ေက်ာက္စိမ္းေတြပါ ရွက္႐ြံ႕သြားရေလာက္တယ္။ ညႇိဳ႕ယူဆြဲေဆာင္ႏိုင္လြန္းလို႔ စိတ္ကူးယဥ္ပုံရိပ္လားေတာင္ ထင္မွားရလိမ့္မယ္..!’

(TN : ႐ႊယ္႐ႊယ္ရယ္.. နင္ဘာ Skin Care ေတြသုံးတာလဲ..? ကိုယ့္အေမကို Share စမ္းပါဦးဟာ..)

***

“ရင္းဆုယဲ့.. ကြၽန္ေတာ္ဘာလို႔ ႐ုတ္တရက္ အသက္ႀကီးလာတာလဲဟင္.. ခင္ဗ်ားသိလား..?”

႐ႊယ္ယို႔ရွန္းက ႐ုတ္တရက္ အ႐ြယ္ေရာက္လာတာေၾကာင့္ ေပ်ာ္႐ႊင္ေနေပမယ့္ အနည္းငယ္လည္း စိုးရိမ္ေနခဲ့တယ္။

“အရင္တုန္းက မင္းရဲ႕ခႏၶာကိုယ္ကို ခ်ိတ္ပိတ္ထားတာျဖစ္မယ္..”

ရင္းဆုယဲ့က တခ်ိဳ႕ျမင္ကြင္းမ်ားကို ျပန္လည္ျမင္ေယာင္ရင္း ႐ႊယ္ယို႔ရွန္းကို ျပန္ေျဖလိုက္တယ္။ သူ႔ရဲ႕ထင္ျမင္ခ်က္အရ ေတာ္ဝင္ၿမိဳ႕ေတာ္ရဲ႕ အကာအကြယ္စည္းက ေကာင္ေလးရဲ႕ ခႏၶာကိုယ္ထဲမွ ခ်ိတ္ပိတ္ထားတဲ့အရာကို ႏႈိးဆြလိုက္တာ ျဖစ္ႏိုင္တယ္။ ထိုအရာက ႐ႊယ္ယို႔ရွန္းကို ခ်ိတ္ပိတ္ခံထားရာကေန လြတ္ေျမာက္ေစၿပီး တစ္ခ်ိန္တည္းမွာပဲ မူရင္းပုံစံအတိုင္း ေပၚထြက္လာေစခဲ့တယ္။

“တကယ္ႀကီး ခ်ိတ္ပိတ္ခံထားရတာလား..?”

ရင္းဆုယဲ့ရဲ႕ စကားေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း ႐ုတ္တရက္ နားလည္သြားခဲ့တယ္။

‘အသြင္မေျပာင္းခင္ သူ႔ရဲ႕ခႏၶာကိုယ္ထဲက က်ိဳးပ်က္သြားတဲ့ အသံတစ္ခုကို ၾကားလိုက္ရသလို ခံစားလိုက္မိတာ မထူးဆန္းေတာ့ပါဘူး။ အဲ့တာက ခ်ိတ္ပိတ္စည္းပဲ ျဖစ္ရမယ္..! တစ္နည္းေျပာရရင္ သူက ဘယ္တုန္းကမွ ကေလးတစ္ေယာက္ မဟုတ္ခဲ့ဘူး၊ အ႐ြယ္ေရာက္ၿပီးသား လူတစ္ေယာက္ပဲ..!’

သို႔ေသာ္လည္း ႐ႊယ္ယို႔ရွန္းရဲ႕ ေပ်ာ္ျမဴးတက္ႂကြေနတဲ့စိတ္က စကၠန႔္ပိုင္းအတြက္ လြင့္ျပယ္သြားရျပန္တယ္။

‘အစတုန္းက ပဲငံျပာရည္ဇာတ္ေကာင္ထဲ ေရာက္လာတယ္လို႔ ထင္ခဲ့မိတာ၊ အဲ့တာေၾကာင့္ မူလခႏၶာကိုယ္ရဲ႕ ပုံစံအမွန္ကို သိပ္ၿပီးဂ႐ုမစိုက္ခဲ့ဘူး။ ဒါေပမဲ့ ျဖစ္ပ်က္သမွ်ေတြအရ မူလပိုင္ရွင္ရဲ႕ေနာက္ခံက သိပ္ၿပီးမ႐ိုးရွင္းဘူးလို႔ သူ႔ကို ေျပာျပေနတယ္။ မဟုတ္ရင္ သလင္းေက်ာက္အေခါင္းထဲမွာ ဘာလို႔ႏိုးထလာခဲ့တာလဲ..? သူ႔ရဲ႕ခႏၶာကိုယ္က ဘာလို႔ခ်ိတ္ပိတ္ခံထားရတာလဲ..?

(TN : ပဲငံျပာရည္ဇာတ္ေကာင္ဆိုတာ ျဖတ္ေလွ်ာက္ဇာတ္ေကာင္ကို ဆိုလိုတာပါ။)

ဒီခႏၶာကိုယ္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြအရ လူမသိသူမသိ ဇာတ္ေကာင္ေလးေတာ့ မျဖစ္ႏိုင္ေတာ့ဘူးဟ..!

ဒါေပမဲ့ ဒီစာေရးဆရာႀကီးေတာင္ ဘယ္ဇာတ္ေကာင္မွန္း မသိဘူး။ သူ႔ရဲ႕ဝတၳဳထဲမွာ ဇာတ္ေကာင္တစ္ခုက နည္းနည္းေလာက္ပဲ အေရးပါရင္ေတာင္ အနည္းနဲ႔အမ်ားဆိုသလို သူ,ေရးဖြဲ႕ခဲ့တာပဲေလ။ ဒါေပမဲ့ သူ႔ရဲ႕လက္ရွိခႏၶာကိုယ္နဲ႔ ဆင္တူတဲ့ဇာတ္ေကာင္မ်ိဳးကို လုံးဝစဥ္းစားမရဘူး။

တကယ့္ကို ပုံမွန္မဟုတ္ဘူး..!

သူကိုယ္တိုင္ နားမလည္ႏိုင္ျဖစ္ေနရတဲ့ ခံစားခ်က္ေၾကာင့္ ႐ႊယ္ယို႔ရွန္းရဲ႕ ႏွလုံးသားထဲမွာ စိတ္တထင့္ထင့္ ျဖစ္ေနေတာ့တယ္။

“အင္း..”

သိသာစြာပဲ ရင္းဆုယဲ့ရဲ႕ ခံစားခ်က္က ႐ႊယ္ယို႔ရွန္းထက္ ပိုမိုဆိုး႐ြားေနခဲ့တယ္။

သဲလြန္စသိပ္မရွိတာ ဝမ္းနည္းစရာပဲ..! သူေတာင္မွ အခ်ိန္တိုအတြင္း ေကာက္ခ်က္ခ်ႏိုင္ဖို႔ မလြယ္ကူဘူး..!

“ရင္းဆုယဲ့.. မင္းက ဒီမိစာၦေကာင္ကို အကာအကြယ္ေပးမလို႔လား..?”

သူ သတိတစ္ခ်က္လြတ္သြားတာနဲ႔ ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းရဲ႕ေရွ႕မွာ ေပၚထြက္လာလိမ့္မယ္လို႔ ေဝရိလည္း မထင္မွတ္ထားခဲ့ဘူး။ သူ႔ရဲ႕စိတ္ထဲမွာ တင္းက်ပ္သြားခဲ့ရၿပီး အမူအယာကလည္း ပိုမိုေလးနက္လာခဲ့တယ္။

လူသားဘုရင္ရဲ႕ အနီးကပ္သက္ေတာ္ေစာင့္ျဖစ္တာေၾကာင့္ ေတာ္ဝင္ၿမိဳ႕ေတာ္ရဲ႕ အကာအကြယ္စည္းက ဘယ္ေလာက္ ဖ်က္ဆီးရခက္တယ္ဆိုတာ ေကာင္းေကာင္းသိထားတယ္။ သူ႔ရဲ႕ေရွ႕မွာတင္ ‘လုံးဝဖ်က္ဆီးလို႔မရ’လို႔ နာမည္ႀကီးေနတဲ့ အကာအကြယ္စည္းကို ရင္းဆုယဲ့က အလြယ္တကူ ဖ်က္ဆီးပစ္လိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္မွတ္ထားခဲ့ဘူး။

'႐ႊယ္ယို႔ရွန္းရဲ႕ အသြင္ေျပာင္းမႈက သူ႔ကို အံ့ဩေစတယ္ဆိုရင္ ရင္းဆုယဲ့ရဲ႕ခြန္အားက သူ႔ကို အလြန္အမင္း ထိတ္လန႔္သြားေစတယ္..!'

ခန႔္မွန္းလို႔မရေအာင္ စြမ္းအားႀကီးမားတဲ့ ရင္းဆုယဲ့နဲ႔ ရန္သူျဖစ္ရမွာကို ေတြးလိုက္မိတာေၾကာင့္ ေဝရိရဲ႕စိတ္ထဲ ေလးလံလာခဲ့တယ္။ ထို႔ေၾကာင့္ ရင္းဆုယဲ့ စိတ္ေျပာင္းသြားေအာင္ စကားနဲ႔ ဆြဲေဆာင္ၾကည့္လိုက္တယ္။

ဒီထက္ပိုၿပီးအေရးႀကီးတာက သူနဲ႔တျခားစစ္ကူေတြ အခ်ိန္အတိုင္းအတာတစ္ခုထိ အကာအကြယ္စည္းအျပင္ကို မထြက္ႏိုင္ေသးတာပဲ။ အျပင္ဘက္မွာရွိေနတဲ့ အေစာင့္တပ္က ရင္းဆုယဲ့ရဲ႕ ၿပိဳင္ဘက္မဟုတ္ဘူး။ အဲတာေၾကာင့္ အျပင္က အေစာင့္ေတြကို အလ်င္စလိုမလုပ္ရန္ အခ်က္ျပလိုက္ၿပီး ရင္းဆုယဲ့နဲ႔ ႐ႊယ္ယို႔ရွန္း စကားေျပာေနတာကို ခဏ လႊတ္ထားေပးလိုက္တယ္။ သူတို႔ႏွစ္ေယာက္ စကားဆုံးတာနဲ႔ ေဝရိက ရင္းဆုယဲ့ကို သူတို႔ဘက္ပါေအာင္ ေသြးေဆာင္ၾကည့္လိုက္တယ္။

“ဟမ္..!”

ရင္းဆုယဲ့က ေဝရိကို အဖက္ေတာင္မလုပ္ဘူး။ ေကာင္ေလးရဲ႕ ပုံစံအမွန္ကို ဘယ္လိုေဖာ္ထုတ္ရမလဲ စဥ္းစားရင္း အကြက္ခ်ေနခဲ့တယ္။

ေကာင္ေလးက ဝိဉာဥ္ကူးေျပာင္းရင္း ေရာက္လာခဲ့ရတာလို႔ ေျပာခဲ့ဖူးတယ္ဆိုေတာ့ သူ႔ခႏၶာကိုယ္အေၾကာင္း ဘာမွသိမွာမဟုတ္ဘူး..!

“ရင္းဆုယဲ့.. မိစာၦေကာင္အတြက္ လူသားေတြကို သစၥာေဖာက္ခ်င္ေနတာလို႔ေတာ့ မေျပာနဲ႔ေနာ္..?”

လူသားဘုရင္ရဲ႕ သက္ေတာ္ေစာင့္ေခါင္းေဆာင္အေနနဲ႔ ေဝရိက လိုခ်င္သမွ်ကို ရႏိုင္ခဲ့တာခ်ည္းပဲ။ ရင္းဆုယဲ့လို သူ႔အေပၚ မ်က္ႏွာသာမေပးတဲ့ ကိစၥမ်ိဳး ဘယ္သူမွ မလုပ္ရဲခဲ့ဘူး။ အဲ့တာေၾကာင့္ ေဒါသထြက္လာၿပီး သူ႔ရဲ႕အသံက ထက္ရွလာခဲ့တယ္။

“ဟုတ္ေတာ့ဘာျဖစ္လဲ..? မဟုတ္ေတာ့ေရာ ဘာျဖစ္လဲ..?”

ရင္းဆုယဲ့က အဖက္မလုပ္သလို ေျပာလိုက္ေပမယ့္ သူ႔ရဲ႕ေလသံက လူတိုင္းကို ျပင္းထန္တဲ့ လူသတ္ေငြ႕ေတြၾကား နစ္မြန္းသြားေစခဲ့တယ္။ အထင္ေသးတဲ့အၾကည့္နဲ႔ အဖက္မလုပ္သလိုေလသံတို႔ ေပါင္းစပ္သြားတဲ့အခ်ိန္ သူ႔ရဲ႕ရည္႐ြယ္ခ်က္အမွန္ကို ေဖာ္ျပေနသလိုပါပဲ။

“ေသလမ္းရွာေနတာပဲ..!”

ရင္းဆုယဲ့က ဂ႐ုမစိုက္သလို လုပ္ျပလာလိမ့္မယ္လို႔ ေဝရိလည္း မထင္ထားခဲ့တာေၾကာင့္ သူ႔ရဲ႕မ်က္ႏွာက မည္းေမွာင္လာခဲ့ေတာ့တယ္။ ရင္းဆုယဲ့ရဲ႕စြမ္းအားက သူ႔ထက္သာလြန္တာကို ဝန္ခံႏိုင္ေပမယ့္ လက္ရွိတည္ေနရာက ရင္းဆုယဲ့ေထာင္လႊားႏိုင္တဲ့ ေနရာမ်ိဳးမဟုတ္ဘူး၊ ေတာ္ဝင္ၿမိဳ႕ေတာ္ပဲ။

ေတာ္ဝင္ၿမိဳ႕ေတာ္မွာ ဘယ္သူမွ ေထာင္လႊားလို႔မရဘူး..! ေတာ္ဝင္ၿမိဳ႕ေတာ္ဆိုတာ လူသားမ်ိဳးႏြယ္ရဲ႕ အင္အားအႀကီးဆုံး အရွင္သခင္ေနတဲ့ေနရာပဲ..!

“ခင္ဗ်ားတို႔အားလုံး က်ဳပ္ရဲ႕ၿပိဳင္ဘက္မဟုတ္ဘူး..”

ရင္းဆုယဲ့က ေဝရိကို လွည့္ၾကည့္ရမွာေတာင္ အလြန္ပ်င္းရိေနခဲ့တယ္။

“ေသလမ္းရွာေနတဲ့လူက ခင္ဗ်ားနဲ႔ က်န္တဲ့အေစာင့္ေတြပဲ..!”

႐ႊယ္ယို႔ရွန္းကလည္း ရင္းဆုယဲ့ရဲ႕စကားကို သံေယာင္လိုက္ကာ ထပ္ျဖည့္ေျပာလိုက္တယ္။

ရင္းဆုယဲ့ရဲ႕လက္ရွိစြမ္းအားအရ လူသားဘုရင္နဲ႔ မရင္ဆိုင္ရသေ႐ြ႕ ၿပိဳင္ဘက္ကင္းတယ္..! သတ္ျဖတ္တာ မေကာင္းဘူးဆိုေပမယ့္ အေျခအေနမွန္ကိုမသိတဲ့ ဒီလူေတြကို ၾကင္နာစြာနဲ႔ သတိေပးရဦးမွာေပါ့။ ရင္းဆုယဲ့ေရွ႕မွာ ထင္ရာစိုင္းတာက ေသလမ္းရွာေနတာနဲ႔ အတူတူပဲကြ..!

ရန္သူေတြနဲ႔ ရင္ဆိုင္ရတဲ့အခ်ိန္မွာ သူဒီလိုမ်ိဳး သေဘာမေကာင္းသင့္ဘူး.. ဟူး..!

“ဘုရင္ကို ထြက္ေတြ႕ခိုင္းလိုက္..”

ရင္းဆုယဲ့က ခပ္တိုးတိုးေျပာလိုက္ေပမယ့္ လူတိုင္းရဲ႕ နားစည္ထဲမွာ အေဝးကလာတဲ့အသံလို ႐ိုက္ခတ္သြားခဲ့တယ္။ ၾကည္လင္ျပတ္သားတဲ့ ထိုအသံက ခံစားခ်က္မဲ့ေနေပမယ့္ ၾကားလိုက္ရတဲ့လူတိုင္း ထိတ္လန႔္တုန္လႈပ္သြားရတယ္။

“……………”

‘ေဟး.. ေဟး… ရင္းဆုယဲ့.. ခင္ဗ်ားစကားေျပာမွားသြားတာလား..?

ခင္ဗ်ားရဲ႕ ေမာက္မာေထာင္လႊားလြန္းတဲ့ အမူအရာက ‘မင္းတို႔က ငါ့ၿပိဳင္ဘက္မဟုတ္ဘူး.. အစြမ္းထက္ဆုံးဆိုတဲ့အေကာင္ ထြက္လာခဲ့စမ္း..’ ဆိုတဲ့ပုံစံမ်ိဳးနဲ႔.. ႀကီးျမတ္တဲ့လူသားဘုရင္ကို ခင္ဗ်ားကိုေတြ႕ဖို႔ ထြက္လာခိုင္းရဲတယ္.. ဟုတ္ေရာဟုတ္ေသးရဲ႕လား..? လူေပါင္းမ်ားစြာေပၚမွာ ရပ္တည္ေနတဲ့လူသားဘုရင္အစစ္က သူ(ရင္းဆုယဲ့)လို႔ေျပာေနသလိုပဲ.. ၿပီးေတာ့ အဲ့လိုလူသားဘုရင္အစစ္က ဘာမဟုတ္တဲ့ပု႐ြက္ဆိတ္ေလးကို ေတြ႕ခ်င္ေနတဲ့ပုံစံမ်ိဳးနဲ႔..

ဗီလိန္ႀကီးေရ.. ခင္ဗ်ားက အရမ္းမိုက္တယ္.. အံ့ဩဖို႔ေကာင္းေလာက္ေအာင္ အ႐ိုင္းဆန္ၿပီး လႊမ္းမိုးႏိုင္စြမ္းျပင္းလိုက္တာေနာ္၊ စာေရးဆရာက ဒီလိုမ်ိဳးဖန္တီးထားခဲ့တာလား..? အဲ့ေလာက္ ႀကီးက်ယ္ျမင့္ျမတ္ေနရင္ ခင္ဗ်ားရဲ႕အနားကို ဘယ္သူကပ္ရဲေတာ့မလဲလို႔..?

………………………………

Continue Reading

You'll Also Like

94.3K 10.9K 7
This story isn't belong to me. I just translate it and full credit goes to author and English Translator(s). Novel Name : As the Demon King, I am ver...
52.6K 5.7K 28
Эрт урьдын цагт... Үлгэр бүхэн эрт урьдын цагт гэж эхэлдэг. Тэгээд амар сайхандаа жарган дуусна. Гэхдээ "эрт урьдын цагт" биш "одоо цагт" үлгэр эхэлв...
1.9M 125K 82
ကိုယ့္ကိုမခ်စ္ဘူး အႀကိမ္ႀကိမ္ေျပာလည္း ကိုယ္ကေတာ့ ေနာင့္ကိုအၿမဲခ်စ္သြားမွာ❣️