နတ်ဆိုးရဲ့နှောင်ကြိုး

By keiwaanjai88

7.2K 719 29

လူတစ်ယောက်သတ်ပြီးတိုင် မျက်ရည်ကျတတ်တဲ့ Dev သို့မဟုတ် Tharn သူ့ကို လာသတ်မယ့် လူသတ်သမားကို ပန်းချီဆွဲရင်း စေ... More

နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့ နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး
နတ်ဆိုးရဲ့နှောင်ကြိုး

နတ်ဆိုးရဲ့နှောင်ကြိုး

396 45 2
By keiwaanjai88

နတ်ဆိုးရဲ့နှောင်ကြိုး  Chapter 14 🗡️🗡️🗡️

တစ်နေ့ တစ်နေ့ သူ့တို့ကို ကြည့်ရတာနဲ့
နှစ်အိမ်လုံး  ခြေကုန်လက်ပန်းကျကြ
တော့တယ်

No နဲ့ မငယ်လေးတို့မှာက  Kai, Kay ဆိုတဲ့
ညီအစ်ကိုနှစ်ယောက် ..

Tharnနဲ့ Gulf တို့မှာ သားကြီး ဂျီနို နဲ့
အမြွာမောင်နှမဖြစ်တဲ့ ဟာနမ်နဲ့ ဟာရမ်ဆိုတဲ့
မောင်နှမသုံးယောက် ...

Noတို့အိမ်မှာ သောင်းကျန်းရင်သောင်းကျန်း

မဟုတ်ရင် ..

Gulf တို့အိမ်မှာ ဝုန်းဒိုင်းကျဲကြတော့တယ် ..

ဒါပေမယ့်လည်း Tharn နဲ့ Gulf တို့
ဘယ်လောက် မောမော ကလေးတွေကို
ဘယ်လောက် ဂရုစိုက်ရ စိုက်ရ သူတို့
စိတ်ထဲ ကျေနပ်နေမိတယ် ..

နှစ်ယောက်လုံးက တစ်ယောက်ထဲ
အထီးကျန်ပြီး ကြီးပြင်းလာရလို့လားမသိ
သူတို့ ကလေးတွေကို အထီးကျန်တာမျိုး
သူတို့ မခံစားစေချင်တယ် ..

ရက်ကို လစား လကိုနှစ်စား နဲ့ ..

Gulf နဲ့ Tharn တို့ ကလေးတွေလည်း
တဖြေးဖြေး အရွယ်ရောက်လာကြတယ် ..

ဂျီနို ..

ဂျီနိုကတော့ ငယ်ငယ်တည်းက Gulf လိုပဲ
ပုံဆွဲ ဝါသနာပါခဲ့တယ် ..

သူ့ရဲ့ ဝါသနာကို Gulf တို့ သေချာဂရုစိုက်ပြီး
ပြုစုပျိုးထောင်ပေးခဲ့တယ် ..

‌ကျောင်းတက်နေတဲ့ တလျှောက်လုံးလည်း
Gulf ပံ့ပိုးပေးခဲ့တယ် ..

ဒီလိုနဲ့ ကျောင်းပြီးသွားနဲ့ တပြိုင်တည်း
ပန်းချီကိုဇောက်ချ လုပ်ကိုင်ခဲ့တော့တယ် ..

အခုဆို Gulf နဲ့ Tharn တို့ရဲ့ ပြခန်းကို
ဂျီနို ဦးစီပြီး သူ့ ပန်းချီကားတွေပါ ချိတ်ဆွဲ
ပြသနိုင်သူတစ်ယောက် ဖြစ်နေခဲ့ပြီ ..

ဟာနမ် ..

ဟာနမ်ကတော့ အမြွာထဲက ယောက်ျားလေး

" မိသားစုထဲမှာ ဆရာဝန်တစ်ယောက်
ရှိနေတော့ကောင်းတာပေါ့ .  ဖောနဲ့ ဒယ်ဒီတို့ ကျန်းမာရေးကို ကျတော် ဂရုစိုက်လို့ရတယ်"

ဟာနမ်ရဲ့ ရည်ရွယ်ချက်စိတ်ကူးက တမျိုး ..

သူ့ဘယ်လို စိတ်ကူးရည်ရွယ်ချက်ရှိရှ်ိ ..
Tharn တို့ကတော့ သူ့ရည်မှန်းကို
အကောင်းဆုံး
Support  လုပ်ပေးခဲ့ကြတယ် ..

ဆေးတက္ကသိုလ်ကနေ ဟာနမ် ဘွဲ့ရပြီး
ဆေးရုံတခုမှာ တာဝန်ထမ်းဆောင်နေတဲ့
ဆရာဝန်တစ်ယောက်  ..

ဟာရမ် ..

သူမကတော့ အမြွာထဲက မိန်းကလေး

အစ်ကိုတွေကြားထဲ ကြီးပြင်လာရတော့
သူ့ပါမိန်းမ မဆန်ပဲ ယောက်ျားဆန်နေသူ
တစ်ယောက်

အပြောအဆို အလုပ်အကိုင် နူးနူးညံညံမရှိ ..

ငယ်ငယ်ထဲက ကျောင်းမှာလည်း
သူများကို လုပ်လွန်းလို့
Gulf တို့ ခဏ ခဏ ကျောင်းလိုက်ခဲ့ရသူ ..

သူမရဲ့ ဝါသနာကတော့ Tharn အမွေ
ဆက်ခံထားသူတစ်ယောက် ..

ကလေးဘဝတည်းက ရွယ်တူ
မိန်းကလေးတွေနဲ့ဆော့ကစားဖို့ထက်
Tharn ရဲ့အိုး အလုပ်ရုံထဲမှာ
ရွံ့နယ်ရတာ  ကြိုက်တတ်တဲ့ သူမ ..

" ဟာရမ် သမီး ရွံ့တွေပေကုန်ပြီ " လို့ 
Tharn ပြောရင်း "
သူ ကြိုက်တယ်လို့ " အမြဲ ပြန်ဖြေတတ်လို့
Tharn သဘောကျခဲ့ရတယ် ..

ထူးထူးခြားခြား မိန်းကလေးက သူ့လို
အိုးလုပ်တာကို နှစ်ခြိုက်ဝါသနာပါခဲ့တော့
Tharn အချစ်ပိုခဲ့ရတယ် ..

သူလည်း ဘွဲ့ရကျောင်းပြီးတာနဲ့
Tharn နဲ့အတူတူအိုးတွေလုပ်ရင်းသင်ရင်းနဲ့ ထူးချွန်လာတယ် ..

သားသမီးတွေ အရွယ်ရောက်လာတော့
Gulf နဲ့ Tharn တို့လည်း အလုပ်တွေ
လျော့လုပ်ခဲ့ကြတယ် ..

ဂျီနိုနဲ့ ဟာရမ်ကို လက်လွှဲပြီး
သူတို့နှစ်ယောက် ခရီးတွေ ထွက်ပြီး အေးအေးသာသာ နေခဲ့ကြတယ် ..

" ဒယ်ဒီ  "

" ဟင် သားကြီး ဘာလည်း "

အလုပ်ရုံထဲမှာ အိုးတလုံးပုံသွင်းနေရင်း 
မျက်မှန်ချွတ်ပြီး ဂျီနိုကို ကြည့်လိုက်တယ် ..

ဂျီနိုပုံစံက သူကို တခုခု ပြောရခက်နေပုံ ..

" ဘာလည်း သားကြီး ပြောလေ "

" ဟိုလေ ညနေကို ကျတော် ဒယ်ဒီနဲ့ ဖော့ကို
ပြောစရာရှိလို့ အဲဒါ .. "

Tharn လည်း ငယ်ရာက ကြီးလာတာ
ဂျီနို ဘာပြောချင်လည်း ရိပ်မိလိုက်တယ်

သူတို့လည်း အရွယ်ရောက်နေကြပြီပဲ
အတောင်စုံတော့ ပျံသန်းချင်ကြပြီပေါ့ ..

" ဒါများ သားရယ် ပြောလေ  "

" ဟုတ်ကဲ့ ဒယ်ဒီ "



ညနေ အိမ်ဘက်ပြန်လလာတာနဲ့ Gulf ကို
Tharn အရင်ရှာလိုက်တယ် ..

" Gulf  "

" ဟင် ဘာလည်း  "

သူတို့အခန်းရဲ့ ပြတင်းပေါက်နားမှာ
ထိုင်နေတဲ့ Gulf လက်ကို Tharn ကိုင်လိုက်တယ်

" ဒီနေ့နေကောင်းရဲ့လား "

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကစပြီး Gulf ကျန်းမာရေး နည်းနည်း ချို့ယွင်းလာခဲ့တယ်
အမောမခံနိုင်ဘူး ပင်ပန်းတာတွေ လုပ်လို့
မရတော့ဘူး ..

" ဖော မှာ နှလုံးရောဂါ စချင်နေပြီ ဒယ်ဒီ "

ဟာနမ် ပြောတာနဲ့ သူတို့ ဆေးရုံကြီးမှာ
Gulf ကို ဆေးစစ်ခဲ့ကြတယ် ..

" နှလုံးက ခုမှ အစ ဆိုပေမယ့် .. ဒဏ်ဖြစ်တာ
ကြာနေပြီလို့ ကျတော်ထင်တယ် ..

ငယ်တဲ့အချိန်တုန်းကတော့  ကိုယ်ခံအား
ကောင်းနေတော့ သိပ်မသိသာဘူးပေါ့ . 
ခုလို အသက်အရွယ်ရောက်လာရင်
အဲဒီဒဏ်တွေက ပေါ်လာတော့တာပဲ ..

အရင်က ဘာတွေဖြစ်ခဲ့ဘူးသေးလည်း "

" ကြာတော့ကြာပြီ ဒေါက်တာ
သားကြီးမွေးတော့သူ အမောဖောက်သလိုဖြစ်ပြီး အောက်ဆီဂျင်ပေးရတဲ့အထိ
ဖြစ်ဘူးတယ် ..

အဲဒီတုန်းက သူ့နှလုံးကို ပြဖို့ ပြောဖူးတယ် ..
ဒါပေမယ့် မပြဖြစ်ခဲ့ဘူး ဒေါက်တာ "

ဂျီနို လက်လွှတ်တဲ့အရွယ်ရောက်တော့
Gulf ကိုTharn ပြောပြခဲ့ဘူးတယ် ..

ဒါပေမယ့် Gulf ခေါင်းမာခဲ့တယ် ..
Tharn ဘယ်လိုနားချ နားချ လက်မခံခဲ့ ..
ခဏ ‌ဖြစ်တာပါကွာဆိုပြီး ပြောလို့မရ ..

" သူ ဘာကြောင့်ဖြစ်တာလည်း ဒေါက်တာ "

" ထိတ်လန့်စရာ အဖြစ်အပျက် ခဏခဏ
ကြုံတွေ့ရရင် အဲလိုဖြစ်တတ်ပါတယ် ..
ခံစားချက်ဆိုတာ ဦးနှောက်ကနေတဆင့်
အာရုံခံစားပြီးမှ ဖြစ်လာတာ ..

ထိတ်လန့်တဲ့ တုန်ခါနှုန်း ပြင်းထန်လေ  သူ့ရဲ့
သက်ရောက်မှု့က နှလုံးကို ထိရောက်တာ ပြင်းထန်လေ ဖြစ်တတ်ပါတယ်  ..

ခုမှအစပျိုးတာဆိုတော့အနေအထိုင်ဂရုစိုက်
အစားအသောက်ဂရုစိုက်ပြီး ဆေးမှန်မှန်
သောက်ပါ ပုံမှန် ဆေး‌ရုံတော့ လာပြပါ "


အဲဒီအချိန်ထဲက Gulf နှလုံးရောဂါစွဲကပ်ပြီး
ဆေးမပြတ်သောက်နေရတော့တယ် ..

" ကောင်းပါတယ်
ငါ့ကို ရောဂါသည်ကြီးလို မဆက်ဆံပါနဲ့ဆို "

" အိုကေ‌ အိုကေ
ကိုယ်က ဒီအတိုင်းမေးတာပါကွာ ..

သားကြီးက ကိုယ်တို့နှစ်ယောက်ကို
ပြောစရာရှိလို့တဲ့ .. ကိုယ်ထင်တာတော့ 
သူလက်တွဲဖော်တွေ့နေပြီထင်တာပဲ .. "

" သူတို့လည်း အရွယ်ရောက်နေပြီ
တွေ့ချင်တွေ့လောက်ပြီပေါ့ "

" ဖော့ , ဒယ်ဒီ "

အခန်းဝကနေ ဂျီနိုခေါင်းပေါ်လာတယ် ..

" အင်း လာလေ သားကြီး "

အဖေနှစ်ယောက်ရှေ့မှာထိုင်ပြီးဂျီနို
ဘယ်ကစပြောရမှန်းမသိဖြစ်နေတယ် ..

" ဂျီနို ပြောလေ  ဘာလည်း သားမှာ
ချစ်သူရှိနေပြီ ပြောမလို့လား "

သူတို့ရှေ့မှာထိုင်ပြီးပြောရခက်နေတဲ့
ဂျီနိုပုံကိုကြည့်ပြီး Tharn စကား စ ပေး
လိုက်တယ်

" ဗျာ ! ဒယ်ဒီ .. ဟုတ် "

Gulf နဲ့ Tharn တို့
တယောက်ကိုတစ်ယောက်ကြည့် 
ပြုံးလိုက်တယ်

" ကဲ ပြောပါအုန်း
ဘယ်သူဘယ်ဝါဆိုတာထက်
သားတကယ်ချစ်တဲ့သူ သားကို
တကယ်ချစ်တဲ့သူဖြစ်ဖို့ပဲ အရေးကြီးတယ် ..

ချမ်းသာတာ ဆင်းရဲတာတွေ
ဖော့တို့မကြည့်ဘူး
အဲဒါတွေက အပေါ်ယံအလွှာတွေ ပြီးတော့
ဖောတို့လည်း ဆင်းရဲနေတာမဟုတ်ဘူး ..

ရုပ်ချောတယ်ရုပ်ဆိုးတယ်ဆိုတာလည်း
ကိုယ်ကချစ်နေရင် သူက အလှဆုံးလူပဲ "

" ဟိုလေ ဖော , ဒယ်ဒီကျတော့်ချစ်သူက .. "

ပြောရခက်သလို ဂျီနို သူ့လက်အချင်းချင်း
ပွတ်လိုက်မိတယ် ..

" မိန်းကလေးမဟုတ်ဘူး ဒယ်ဒီ "

" အဲဒီတော့ ဘာဖြစ်လည်း သူ့ကို
သားချစ်တယ် မဟုတ်ဘူးလား ..
သား ရဲရဲဝံဝံလက်တွဲဖို့ရှက်နေတာလား "

" အဲလိုလည်း မဟုတ်ဘူး ဒယ်ဒီ .. ကျတော်"

" သား ဂျီနို မင်းမှာ အမေမရှိပဲ ဖောနဲ့ဒယ်ဒီတို့
‌မွေးထားတာ သား ရှက်လား "

" ဟာ ! မဟုတ်တာ
ကျတော် တစ်ခါမှ အဲလိုမတွေးမိဘူး ဖော

မိခင်မရှိဘူး  နို့ဘူးသောက်ပြီး ကျတော်နဲ့
အမြွာနှစ်ကောင် ကြီးပြင်လာရပေမယ့် ..
မိခင်မေတ္တာထက်မလျော့တဲ့ အချစ်တွေနဲ့
ကျတော်တို့ မောင်နှမကို ဖောနဲ့ဒယ်ဒီ ဂရုစိုက်
စောင့်ရှောက်ကြင်နာပေးခဲ့တာ  ကျတော်တို့
မောင်နှမအသိဆုံးပါ ..

အဖေနှစ်ယောက်ဖြစ်လို့
ကျတော်တို့မောင်နှမတစ်ခါမှ မရှက်ခဲ့ဘူး မျက်နှာမငယ်ခဲ့ပါဘူး "

" အဲဒါဆို ဘာလို ပြောဖို့တွန့်နေရတာလည်း
မင်း ဖောလောက်တောင် သတ္တိမရှိဘူး ..

မင်းတို့ဖောက ဒယ်ဒီစီကို ဘယ်လို ... ... "

" ဟာရူစံ ‌ကလေးတွေရှေ့မှာ "

သူတို့အကြောင်း ပြောဖို့လုပ်နေတဲ့
Tharn လက်ကို Gulf ဖျတ်ခနဲ လှမ်းရိုက်လိုက်တယ် ..

"ကဲ ပြောပါအုန်း သားချစ်သူအကြောင်း "

" ကျတော်နဲ့ အသက်တူပါပဲ ဒယ်ဒီ ..
တက္ကသိုလ်လည်း အတူတူပါပဲ
ကျောင်းပြီးတော့သူ့လည်း သူ့မိဘကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တယ်

အဲဒီကြားထဲ နိုင်ငံခြားမှာ ကျောင်းဆက်ပြီး
တက်သေးတယ် ..  မနှစ်ကမှ ပြန်လာတာ

ကျတော်တို့ ပြန်တွေ့ပြီး
ဆက်မိကြတယ် ဒယ်ဒီ

ကျောင်းတုန်းတည်းက သူနဲ့ကျတော်
စိတ်ချင်းနားလည်ခဲ့ကြတယ် . 
ဒါပေမယ့် သူရော ကျတော်ရော
ကိုယ့်ခံစားချက်ကို သေချာမသိခဲ့ကြဘူး .. "

" အခု ပြန်တွေ့ကြတော့မှ ခံစားချက်တွေ
ပွင့်ထွက်လာတယ်ပေါ့ "

Gulf စကားကို
ရှက်သလို ဂျီနိုရယ်လိုက်တယ် ..

" အဲဒီတော့ သားတို့ အတူနေချင်ကြလို့လား "

" မဟုတ်ဘူး ဒယ်ဒီတို့ကို အသိပေးပြီး ‌
အိမ်ခေါ်လာချင်လို့ "

" ခေါ်ခဲ့လေ "


" ဒယ်ဒီ "

စကားပြောနေကြတုန်း အခန်းထဲ အသံပြဲနဲ့
ဝင်လာတဲ့ ဟာရမ် ..

" ညည တိုးတိုး  ဖော လန့်သွားမယ် "

အခန်းထဲ လှမ်းဝင်လာတဲ့ ညီမဖြစ်သူရဲ့
ပုခုံးကို ဂျီနို လှမ်းဖက်လိုက်တယ် ..
အငယ်ဆုံးညီမလေးတစ်ယောက်ထဲဆိုတော့
သူမှာ ညညဆိုပြီး ချစ်စနိုးနဲ့ ခေါ်နေတာ ..

ဟာရမ်ကတော့ တကယ့်ကို ပေါက်ကျော် ..

" ဟီး ဟီး ဟုတ်သားပဲ သမီး မေ့သွားလို့ . 
ကိုကြီး ဘာလုပ်နေတာလည်း ..
ဖော နေကောင်လား ဒယ်ဒီ သမီး အိုးပုံအသစ်
ဖော်နေတာ ဘာလိုနေလည်း မသိဘူး
လာ ကြည့်ပေးအုန်း " ..

အခန်းထဲမှာရှိနေတဲ့ လူအကုန် နှုတ်ဆက်ပြီး
တစ်ယောက်ထဲ အလုပ်တွေများသွားကို
ဟာရမ်ကို Gulf နဲ့ Tharn တို့ ပြုံးလိုက်
ကြတယ်

" သမီး ညည်းကြည့်ရတာ ခေါင်းမူးလိုက်တာ
ဖြေးဖြေးသာသာ လုပ်ပါကွာ "

" ကိုကြီး ဒယ်ဒီတို့အခန်းထဲ
ဘာလုပ်နေတာလဲညတို့မသိအောင်
အမွေလာတောင်းနေတာလား

" ညတို့ကိုကြီးက
သူ့ချစ်သူ အိမ်ခေါ်လာမလိုတဲ့"

" ဟာ ! ဟုတ်လား မြန်မြန်ခေါ်ခဲ့လေ
ယောင်းမလေးကို ကြည့်ရတာပေါ့ "

" ယောင်းမမဟုတ်ဘူး "

" အော် အစ်မမဟုတ်တော့
အထီးပေါ့ ဟုတ်လား "

" ညည ဘယ်လိုမြင်လည်း "

" ဘာမဖြစ်ဘူး ကိုကြီးချစ်တာ
ကိုကြီးဘဝလေ
ညတို့က ဘာမှဝင်ပြီး စွက်ဖက်‌လို့မရဘူး "

နောက်ရက် အိမ်မှာ လူစုံတက်စုံ ရှိတဲ့
တစ်ရက် သူ့ချစ်သူ ကိုဝေဆိုသူကို ဂျီနို
ခေါ်လာခဲ့တယ် ..

စားကြသောက်ကြ စကြနောက်ကြနဲ့
Gulf တို့ အိမ်  တသော သော ဖြစ်သွားတယ်

အဲဒီအချိန် Kai,နဲ့ Kay ညီအစ်ကိုပါ
ရောက်လာကြတော့ ငယ်ငယ်ကလို
မောင်နှမတွေဝုန်းဒိုင်းတွေကျဲကြတော့တယ် ..

ညနေစောင်းမှ ကိုဝေ ပြန်တော့တယ် ..

" ဂျီနို မင်းတို့ မောင်နှမတွေအကုန်လုံး
တော်တော် ခင်ဖို့ကောင်းတယ်နော် "

သူ့ကို ကားနားထိ လိုက်ပို့ပေးတဲ့ ဂျီနိုကို
ကိုဝေ ပြောလိုက်တယ် ..

" ငယ်ငယ်ကဆို ပိုဆိုးသေးတယ် ..

Kai တို့ညီအစ်ကိုက ငါတို့အိမ်မှာလိုလိုပဲ
မိန်းကလေးဆိုလို့ ညညတစ်ယောက်ထဲ 
သူတို့ ညီအစ်ကိုက ညညဆို တအား စတာ "

"ငါမှာ အမေမရှိဘူး အဖေနှစ်ယောက်ပဲ
ရှိတယ် အဖေတစ်ယောက်က ငါတို့ကို
သူကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာ ..

ဂျီနို အဲလိုပြောတုန်းက ကိုဝေအံ့ဩခဲ့ရတယ်

တကယ်တမ်းလည်း ဂျီနို အဖေနှစ်ယောက်ကို
မြင်လိုက်ရတော့ ကိုဝေလည်း ချစ်ခင်
သွားမိတယ်..

ပြီးတော့ ယောက်ျားသားတွေဖြစ်ပြီး ဂျီနိုတို့
မောင်နှမ သုံးယောက်ကို ဒီလိုပြုစုပျိုးထောင်
ပေးနိုင်တာကိုလည်း ကိုဝေ လေးစားချီးကျုး
မိတယ် ..

" ကိုယ်ပြန်ပြီနော် ဂျီနို နောက်မှတွေ့မယ် "

ကိုဝေကားလေး ထွက်သွားတာကို လက်ပြပြီး
ဂျီနို ခြံထဲပြန်ဝင်ခဲ့လိုက်တော့တယ် ..

🗡️🗡️🗡️🗡️🗡️🗡️

ရွက်ဟောင်းတွေ ကြွေလို့ ရွက်သစ်တွေ
အထပ်ထပ် အခါခါ ပြောင်းလဲလို့ သွားခဲ့ပြီ ..

Tharn နဲ့  Gulf တို့ရဲ့
အသက်အရွယ်လည်းနာမည်တွေရဲ့အရှေ့မှာ လေးစားသမှု့နဲ့ ' မစ္စတာ' လို့ တပ်ခေါ်ရတဲ့ အသက်အရွယ်ကို ရောက်လို့လာခဲ့ပြီ ...

ပြီးခဲ့တဲ့နှစ်ကပဲ ဂျီနိုနဲ့ ကိုဝေတို့ လက်ထပ်ပြီး
သူတို့နဲ့အတူတူ နေထိုင်ခဲ့ကြတယ် ..

" သားတို့
လွတ်လွတ်လပ်လပ်နေချင်နေကြလေ
ဒယ်ဒီ အိမ်ဝယ်ပေးမယ် "

ဒါပေမယ့် Tharn စကားကို ဂျီနိုနဲ့ကိုဝေတို့
ငြင်းခဲ့ကြတယ် ..

" မလိုဘူး ဒယ်ဒီ ကျတော်တို့ ဒီမှာပဲနေမယ်
ကိုဝေလည်း ဒယ်ဒီတို့နဲ့ပဲ နေချင်တယ်တဲ့ .. "

အဲဒါနဲ့ပဲ ဂျီနိုနဲ့ကိုဝေတို့ Tharn တို့နဲ့ပဲ အတူတူနေခဲ့ကြတယ် ..

ဆရာဝန်ဖြစ်တဲ့ ဟာနမ်ကတော့
အရိုးအကြောအထူးကုဘက်ကို ဆက်ပြီးလေ့လာသင်ယူခဲ့တယ်

အိမ်ထောင်ပြုဖို့ Gulf တို့ တိုက်တွန်းပေမယ့်

" ကျတော်က အရိုးစုတွေညားနေတာတဲ့ "

ဘယ်လိုမှ လက်ထပ်ဖို့အကြောင်းပြောမရ
နောက်ဆုံး Gulf တို့ပဲ လက်လျော့
လိုက်ရတယ်

အငယ်ဆုံးဖြစ်တဲ့ ဟာရမ်လည်း အတူတူပဲ
တစ်နေ့တစ်နေ့ အိုးအလုပ်ရုံထဲက
ထွက်တယ်မရှိ

ပြီးတော့ Gulf ..

Gulf ရဲ့ နှလုံးရောဂါက တဖြေးဖြေး
အခြေအနေ  ဆိုးလာခဲ့တယ် ..

" ဟာနမ် သားတို့ဖောကို ခွဲစိတ်လိုက်ရင်း
ကောင်းမလား
သား ဘယ်လိုသဘောရလည်း "

တစ်နေ့ ဆရာဝန်ဖြစ်တဲ့ ဟာနမ်ကို Tharn တိုးတိုးတိတ်တိတ် တိုင်ပင်ကြည့်လိုက်တော့

" ဖော့အသက်အရွယ်နဲ့ ခွဲစိတ်ရင်
အန္တရယ်ကြီးတယ် ဒယ်ဒီ ဒါပေမယ့်
သားတို့ ဆရာဝန်ကြီးကို သေချာ
မေးကြည့်ကြတာပေါ့"

ဒါပေမယ့် နှလုံးအထူးကုဆရာဝန်ကြီးကို
Tharn တို့ တိုင်ပင်ကြည့်လိုက်တော့
ဟာနမ် ပြောတဲ့အတိုင်းပဲ Gulf ရဲ့
အသက်အရွယ်နဲ့ နှလုံးခွဲစိတ်ရင်
အန္တရယ်များပြီးအိပ်ယာပေါ်မှာပဲ
နေရဖို့ဖြစ်သွားမယ် ..
ပြီးတော့ အဲလို ခွဲစိတ်ဖို့လည်း
၁၀၀%အာမခံချက်မရှိဘူးအဖြေပေးခဲ့တယ်

" ဒယ်ဒီ ဘယ်လိုလုပ်ချင်လည်း "

သူတို့ရဲ့ အသက်အရွယ်က
ဘဝရဲ့နေဝင်ချိန်ကိုရောက်တဲ့ အရွယ်တွေ ဖြစ်နေပြီ .. 

ဒါပေမယ့်
Gulf ကို သူလက်မလွှတ်ချင်သေး ..

" မင်းတို့ ဖော ဆန္ဒကို မေးကြည့်တာပေါ့ "

" ငါ လူ့ဘဝမှာ သက်တမ်းရှိသ‌လောက်
ပျော်ခဲ့ပြီးပြီ ..
ငါချစ်ရတဲ့သူ ငါချစ်ရတဲ့ သားသမီးတွေကို
ပြည့်ပြည့်စုံစုံနဲ့ မြင်ခဲ့ရပြီးပြီ ..

ငါ့ဘဝရဲ့နိဂုံးကို အိပ်ယာပေါ်မှာပဲ
ဆေးပိုက်တန်းလန်းနဲ့အဆုံးမသတ်ချင်ဘူး Tharn .. "

Gulf စကားကို
Tharn ကွယ်ရာမှာ မျက်ရည်ကျမိတယ် ..

အရာရာကို ပြင်ဆင်ပြီးသလို Gulf ပုံစံက
သူ့ထက် တည်တည်ငြိမ်ငြိမ် ရှိလှတယ် ..

နောက်ဆုံးတော့ Tharn တို့ Gulf
စကားအတိုင်းအိမ်မှာပဲ ဆေးဝါး
အပြည့်အစုံနဲ့ ထားခဲ့တယ် ..

ဟာနမ်ကတော့ ဆရာဝန်ဆိုတော့အရေးပေါ်
ဘာတွေလိုအပ်နိုင်တယ်ဆိုတာ သိပြီး
အောက်ဂျင်ကအစ အိမ်မှာ ဆောင်ထား
ခဲ့တယ်

သူတို့လေးတွေလည်း မိဘတွေ ဒီလို
ဖြစ်နေတော့စိတ်မကောင်း ဝမ်းနည်းတဲ့ မျက်နှာတွေ ဖြစ်နေကြတယ် ..

ဒါပေမယ့် Tharn က

" တစ်နေ့ကြရင် ဖောတို့ဒယ်ဒီတို့က
ဒီလမ်းကို သွားကြရမှာ ဒါက မလွဲမသွေ တွေ့ကြုံလာရမဲ့ လောကနိယာမပဲလေ ..

သားတို့ စိတ်မကောင်းတဲ့မျက်နှာကို
မင်းတို့ ဖော ရှေ့ မပြမိစေနဲ့
ပြီးတော့ သူ့ကို လူနာကြီးလို့မဆက်ဆံကြနဲ့ သူမကြိုက်ဘူး "

သားသမီးသုံးယောက်
တိုးတိုးတိတ် မှာထားခဲ့လိုက်တယ် . ..

" ကျတော့်သူငယ်ချင်းတစ်ယောက်ရဲ့
ဆေးရုံကတော်တော်လေး ကောင်းတယ်
ဒယ်ဒီ .. သက်သက်သာသာနဲ့ အိမ်လိုပဲ အနားယူလို့ရတယ်ဖောကို အဲဒီမှာ
ထားမလား  ဒယ်ဒီ "

ဂျီနိုနဲ့ လက်ထပ်ပြီး
ကိုဝေလည်း ဒီအိမ်သား လုံး လုံး ဖြစ်နေတယ်

" နေပါစေ ကိုဝေ မင်းတို့ဖော အကြောင်း
ဒယ်ဒီအသိဆုံး သူရဲ့ ခေါင်းမာတာက
တော်ရုံမဟုတ်ဘူး ..

ဂျပန်မှာနေတုန်းက ပုဇွန်နဲ့မတည့်တာကို
စမ်းချင်လို့တဲ့လေ စား လိုက်တာ ..
ဒယ်ဒီကလည်း သူ ဓာတ်မတည့်တာ
မသိတော့
တစ်ခါတည်း ဆေးရုံရောက်သွား‌တာပေါ့ ..

သူက အိမ်မှာပဲ မင်းတို့နဲ့ နေချင်နေတာ .. "

သူတို့နှစ်ယောက်အကြောင်းကို သိပ်ပြီး
မပြောပြတတ်တော့ ဂျီနိုတို့ အထူးအဆန်းလို
နားထောင်နေမိတယ် ..

" ဟာရူစံ "

" Yes,

အခန်းထဲကနေ Gulf  လှမ်းခေါ်တာနဲ့
Tharn တို့တသိုက်ကြီး ဝင်သွားလိုက်
ကြတယ် .

" မင်းတို့က ဘာလို့ ဝင်လာကြတာလည်း "

သူ့အခန်း‌ထဲ သားတွေပါဝင်လာတော့
Gulf အထူးအဆန်းဖြစ်သွားတယ် ..

" ဖောက ရုတ်တရက်ခေါ်လိုက်တော့
ဘာများဖြစ်လည်း လန့်သွားတာပေါ့ "

" Tharn ငါတို့ ဟိုကလေးလေး ခုဆို
ဘယ်သူ့ရှိရောက်နေမလည်း မသိဘူနော်  "

အဆုံးအစမရှိပြောလိုက်တဲ့ Gulf စကားကို
Tharn နဲ့ သားသမီးတွေ နားမလည်
ဖြစ်သွားတယ်

ဟိုကလေး ! ဟိုကလေး ဆိုတာ ..  !!

Gulf ဟိုဟာကို ပြောတာများလား ..

" သူလည်း ကိုယ်တို့ထက်ကောင်းတဲ့
မိဘတွေနဲ့ တွေ့ချင်တွေ့နေမှာပေါ့  "

" ငါတို့ကို
နာကျည်းနေမလားမသိဘူးနော် Tharn

" ကိုယ်တို့မှ မသိခဲ့တာ Gulf ရယ်
သူလည်း ခွင့်လွှတ်မှာပါ "

ပြောနေရင်း Gulf မျက်လုံးထောင့်က
စီးကျလာတဲ့ မျက်ရည်ကို
Tharn သုတ်ပေးလိုက်တယ်

ရောဂါအခြေအနေကြောင့်ပဲလားမသိ ..
အတိတ်ကြောင်းတွေတွေးပြီး Gulf
ဝမ်းနည်းနေတတ်တယ် . 

ဂျီနိုတို့မောင်နှမတွေကတော့
အဖေနှစ်ယောက်ပြောတာ
နားမလည်‌ဖြစ်နေကြတယ် ..

" အဲဒါတွေ တွေးမနေပါနဲ့ကွာ ..
မင်း သက်သာအောင်သာ နေပါ "

သားသမီးတွေကို အပြင်ထွက်ကြဖို့
Tharn လက်ရိပ်ပြလိုက်တယ်

ခဏအကြာတော့ Gulf ဆေးအရှိန်နဲ့
အိပ်ပျော်သွားတယ် ..

Gulf ကို စောင်လေးခြုံပေးခဲ့ပြီး Tharn အခန်းအပြင်ထွက်လာခဲ့လိုက်တယ် ..

အပြင်ဘက်ဧည့်ခန်းမှာတော့ ဂျီနိုတို့
မောင်နှမတစ်သိုက် သိချင်နေတဲ့
မျက်နှာတွေနဲ့ Tharn ကို ကြည့်နေကြတယ် ..

" ဖောပြောတာ ဘယ်က‌ခလေးလည်း ဒယ်ဒီ"

" ဂျပန်မှာနေတုန်းက ဂျီနိုအရင်
ကလေးရှိခဲ့သေးတယ် .. "

" အဲဒါဆို သားအထက်မှာ ဒယ်ဒီတို့
ကလေးတစ်ယောက်ရှိသေးတာလား "

" အဲဒီတုန်းက မင်းတို့ဖောမှာ ကိုယ်ဝန်ရှိမှန်း
ဒယ်ဒီတို့မသိတော့ ပျက်စီးသွားခဲ့ရတယ် ..

ခုနက သူ အဲဒါကို ပြန်သတိရသွားလို့
ထင်တယ်"

အတိတ်က သတိရစရာတွေ  ပြန်‌ပြောနေတာ
Gulf ရဲ့ နေဝင်ချိန်က နီးလာလို့များလား

ဘယ်လိုပဲ သားသမီးတွေက ကိုယ်တိုင် အားပေးနေပေမယ့်
Tharn ကိုယ်တိုင်ကတော့ ခုထိ
လက်မခံချင်မိတယ် ..

🗡️🗡️🗡️🗡️🗡️🗡️

" Tharn "

" ဟင် Gulf ဘာလိုချင်လို့လည်း "

တစ်ရက်ထက် တစ်ရက် အားလျော့လာတဲ့
Gulf အနားမှာပဲ Tharn အချိန်ပြည့်
နေတော့တယ်

သူ့ရဲ့ အလုပ်တွေအားလုံးလည်း
ဟာရမ်ကိုပဲ လွဲအပ်ထားလိုက်တော့တယ် ..

" ငါတို့ သားသမီးအတွက်
အမွေခွဲပေးထားရင်ကောင်းမလား Tharn ..

" Gulf !!

ထိုင်ခုံလက်တန်းပေါ်မှာ တင်ထားတဲ့
Gulf ရဲ့ အရေတွန့်နေတဲ့ လက်လေးကို Tharn ဆုပ်ကိုင်ထားမိတယ် ..

ဒီလို ကိစ္စတွေ ပြောတယ်ဆိုတာ Gulf 
သူ့ကိုယ်သူ နောက်ဆုံးအချိန်ရောက်ပြီ
ဆိုတာ သိနေလို့ပေါ့ ..

" Tharn ..

သူ့ကို ကြည့်နေရင်း မျက်ရည်တွေ
ပိုးပိုးပေါက်ပေါက်ကျလာတဲ့
Tharn ပါးပြင်ကိုGulf လှမ်းသုတ်
ပေးလိုက်တယ် ..

အသက်တွေပဲ ၇၀ကျော်လို့ ၈၀နားနီးနေပြီ
Gulf နဲ့ ပတ်သက်ရင် Tharn စိတ်နုနေတုန်း

" မင်းကလည်းလေ
ခုထိ မရင့်ကျက်သေးဘူး "

" Gulf မင်းကို ငါ လက်မလွတ်နိုင်သေးဘူး
လက်မလွှတ်ချင်သေးဘူး "

သူ့မျက်နှာပေါ် Gulf လက်ဖဝါးအပ်ထားပြီး
Tharn အသံတိတ် ငိုကြွေးလိုက်မိတယ် ..

Tharn ခေါင်းကို ပွတ်သပ်ပေးရင်း
Gulf လည်းမျက်ရည်တွေ စီးကျ
လာတော့တယ် ..

တစစ ယိုယွင်းလာတဲ့ သူ့ကျန်းမာရေးကို
Gulf အသိဆုံးပေ  ..

Tharn သူ့ကွယ်ရာမှာ
မျက်ရည်ကျနေတာလည်းGulf သိတယ် ..
သားသမီးတွေကို မှာနေပြောနေတာလည်း
သူ ကြားတယ် ..

ဒါပေမယ့် Tharn နဲ့ သားသမီးတွေ
စိတ်မကောင်းဖြစ်မှာစိုးတာနဲ့ Gulf မသိ
မကြားသလို နေခဲ့လိုက်တယ် ..

ဒါပေမယ့် သဘာဝတရားကို ဘယ်သူမှ
လွန်ဆန်လို့မရဘူးမဟုတ်လား ..

မွေးဖွားပြီးရင် သေဆုံးကြရမယ်

ဒါဟာ ..

လူသားတိုင်း
မလွဲမသွေ လျှောက်ရမယ့်လမ်း

" Tharn ငါ့ကို ကြည့်ပါအုန်း "

မျက်ရည်စလက်ဖြစ်နေတဲ့
Tharn မျက်နှာကိုGulf ဆွဲမော့လိုက်တယ် ..
ပြီးတော့ မျက်ရည်တွေသုတ်ပေးလိုက်တယ်

သူနဲ့ အသက်မတိမ်းမယိမ်းဆိုပေမယ့်
Tharn ဟာ လူကြီးပိုင်းရောက်နေပေမယ့်
တည်ကြည်‌ကြည့်ကောင်းနေတုန်း ..

" တချိန် မင်းရောငါပဲ မရှိကြတော့မှာလေ
အဲဒီအခါ သားသမီးတွေကို ဒီစည်းစိမ်း‌တွေ
ငွေကြေးတွေကြောင့် တစ်ဦးနဲ့တစ်ဦး
အမုန်းပွားရန်ပွားကြနေတာမျိုး
ငါ မဖြစ်စေချင်ဘူး ..

ငါတို့လည်း သုံးသင့်တာသုံးခဲ့ပြီးပြီး
အလှူတန်းတွေလည်း လုပ်ခဲ့ကြပြီးပြီး ..

အဲဒီတော့ ကျန်တဲ့အရာတွေကို
သားသမီးတွေလက်ထဲ ခွဲဝေပေးခဲ့လိုက်တာ မကောင်းဘူးလား"

" ကိုယ်တို့ သားသမီးတွေက
အဲဒါတွေကြောင့် ပြသာနာဖြစ်ကြမယ့်
သူတွေမဟုတ်ပါဘူးကွာ

သူ့တို့ခြေထောက်ပေါ်
သူတို့ရပ်တည်နေကြတာ
ဒါတွေကိုလည်း မမက်မောကြပါဘူး ..

ဒါပေမယ့် မင်း ဒီလိုလုပ်ချင်တဲ့ဆန္ဒရှိနေရင်း
ငါတို့နဲ့ ရင်းနှီးတဲ့ ရှေ့နေကြီး ရှိတာပဲ သူ့ကို
ပြောပြပြီး ကိုယ် စီစဉ်လိုက်မယ် ..

အဲဒါအတွက် မင်း စိတ်ပူမနေနဲ့တော့နော် "

စကားတွေ အများကြီးပြောလိုက်ရတော့
Gulf မောသွားတယ် ..

ထိုင်ခုံနောက်မှီကို ခေါင်းတင်ပြီး
မှေးနေလိုက်တယ် . 

"Gulf အိပ်‌ယာထဲ သွားမလား ကိုယ်ပွေ့မယ်"

" နေနေ Tharn ဒီကနေ ခြံထဲ လှမ်းမြင်နေရင်
ကလေးတွေ ဆော့တာ ပြန်သတိရတယ် ..

ငါ့မျက်လုံးထဲမှာဂျီနိုနဲ့ Kai တို့ ကစား
နေကြတာမြင်ပြီး စိတ်ပျော်မိတယ် "

Gulf ထိုင်ခုံအနောက်မှာ ရပ်နေတဲ့
Tharn မျက်ရည်ကျလာရပြန်တယ် ..

သူ့ပုခုံးပေါ်ကို တပေါက် ပေါက်နဲ့ ကျလာတဲ့
လာထိမှန်လိုက်တော့ Tharn မျက်ရည်
ကျနေပြန်ပြီဆိုတာ  Gulf သိလိုက်တယ် ..

သူ့ပုခုံ‌ပေါ်တင်ထားတဲ့ Tharn ကို
Gulf နောက်ပြန်ဆုပ်ကိုင်ပြီး အားပေး
နှစ်သိမ့်ပေးလိုက်မိတယ် . .


ဒီမနက် Gulf အိပ်ယာက နိုးလာတော့
အရင်ရက်တွေထက် စိတ်တွေကြည်လင်ပေါ့ပါးနေတယ် .
လူကလည်း လန်းလန်းဆန်းဆန်းဖြစ်နေတယ်လို့ ခံစားနေရတယ် ..

" Gulf  နိုးလာပြီလား "

" အင်း Tharn .. "

အိပ်ယာနိုးလာတဲ့ Gulf ကို Tharn တွဲထူပြီး
မျက်နှာသစ်တာ ကိုယ်လက်သန့်စင်
ပေးတာတွေလုပ်ပေးလိုက်တယ် ..

" Gulf မင်း ဒီနေ့ နေလို့ကောင်းတယ်
ထင်တယ်မျက်နှာလေး ကြည်နေတယ် "

" အင်း ဟုတ်တယ်  Tharn
ငါ ဒီနေ့ ပေါ့ပေါ့ပါးပါးနဲ့ နေလို့ကောင်းတယ်
ပြီးတော့ ကလေးတွေနဲ့ မနက်စား
စားချင်တယ်"

Gulf ကျန်းမာရေးမကောင်းတည်းက သူတို့
နှစ်ယောက် အခန်းထဲမှပဲ မနက်စာညစာ
Tharn ပြင်ဆင်ပြီး စားကြတော့တယ် ..

" ရတာပေါ့ "

" Tharn ငါ လမ်းလျှောက်နိုင်တယ် "

Gulf လန်းလန်းဆန်းဆန်းဖြစ်လာတာ Tharn ဝမ်းသာမိပေမယ့်  သူ့စိတ်ထဲတော့ တမျိုးကြီးလေးလံသလို ခံစားနေရတယ် .. 

ဘာလည်း အဲဒီခံစားချက်ကြီးက  ???

" ဟယ် ဖော ကိုကြီး ကိုလေး  "

ထမင်းစားပွဲမှာ Gulf ထိုင်နေတာ
တွေ့လိုက်တော့ ဟာရမ် ရဲ့ ဝမ်းသာတဲ့
အသံကညံသွားတယ် ..

သူ့ကိုဖက်ပြီး နမ်းရှုံလိုက်တဲ့ ဟာရမ်ကို
Gulf ပြန်ဖက်ထားလိုက်တယ် .

" ဖောနေ‌လို့ကောင်းတယ်ထင်တယ် ..
မျက်နှာကို ကြည့်နေတာပဲ ဟုတ်လား ဒယ်ဒီ"

" ဖော "

သားနှစ်ယောက်လည်း Gulf ကိုတွေ့တော့
ဟာရမ်နည်းတူ ဖက်ထားလိုက်ကြတယ် ..

" ကဲ တော်ကြပါတော့
ကလေးတွေကျနေတာပဲ"

Tharn အော်မှပဲ ဂျီနိုနဲ့ ဟာနမ်လည်း
ထိုင်ခုံမှာဝင်ထိုင်လိုက်ကြတယ် ..

ဟာနမ်ကတော့ Gulf ဘေးမှာထိုင်လိုက်ရင်း
Gulf ရဲ့ လက်ကောက်ဝတ်ကို သွေးခုန်နှုန်း
စမ်းကြည့်လိုက်တယ် .  ..

" ဆရာဝန်ကြီးကတော့လုပ်ပြီ "

ဟာနမ်းကို ကြည့်ပြီး Gulf စ လိုက်တယ် ..

" သားငယ် ဘယ်လိုလည်း "

" ကောင်းတယ် ဒယ်ဒီ ..
ဖော ဒီနေ သွေးခုန်နှုန်း ပုံမှန်ပဲ "

" ကဲကဲ မနက်စာ စားရအောင် "

" ညနေကို အလုပ်ပြီးရင် အိမ်ပဲတခါတည်း
ပြန်လာခဲ့ကြ
ဖောနဲ့ ဒယ်ဒီတို့ ပြောစရာရှိတယ်"


" Gulf "

" ဟင်  Tharn "

" အပြင်က အေးတယ် အထဲဝင်ရအောင်နော်
တော်ကြာ ရှေ့နေကြီး လာတော့မှာ ..
သားတို့လည်း ပြန်လာတော့မယ် ..

နှုတ်ခမ်းတွန့်ရုံသာ ပြုံးပြနေတဲ့ Gulf ရဲ့
အရေတွန့်နေတဲ့ လက်လေးကို Tharn 
ကြင်ကြင်နာနာနဲ့ ဆုပ်ကိုင်ထားလိုက်တယ် ..

ရေနွေးနွေးနဲ့ Gulf တကိုယ်လုံး
Tharn အသာရေပတ်တိုက်ပေးလိုက်တယ် ..

Gulf ကိုယ်ဝန်ကြီးနဲ့တုန်းကလည်း
ဒီလိုလုပ်ပေးခဲ့ရတာ သတိရပြီး
Tharn ပြုံးလိုက်မိတယ် ..
ဗိုက်ပူပူနဲ့ အဲဒီအချိန် Gulf မျက်နှာက
တမျိုးပဲ ယောက်ျာလေးပေမယ့်
နုနုဖတ်ဖတ်နဲ့ ချစ်စရာကောင်းနေတယ် .  ..

" Tharn အဲတာမဟုတ်ဘူး ဟို ကီမိုနိုလေ "

ဂျပန်တုန်းက Tharn သူ့ကို
ပထမဆုံးပေးဝတ်တဲ့
အကျီကို Gulf တောင်းလိုက်တယ် ..

အကျီက ဟောင်းနေပြီ အသစ်ဝယ်ပေးမယ်
ပြောလည်း မရ ..
ဒါကိုပဲ Gulf စွဲစွဲမြဲမြဲ ဝတ်နေတော့တယ်  ..

" အိုကေ ကိုယ်ဝတ်ပေးမယ် "

Gulf ကိုယ်မှာ Tharn အသေအချာ
ဝတ်ဆင်ပေးလိုက်တယ် ..

အဖေတွေ အခန်းထဲ ရှေ့နေကြီးကိုပါ
မြင်လိုက်ရတော့ ဂျီနိုတို့ မောင်နှမတွေ
ထူးဆန်းသွားတယ်   ..

ဒီရှေ့နေကြီးက
သူတို့အလုပ်ကိစ္စနဲ့ပတ်သက်ပြီး
တာဝန်ယူထားတဲ့ အတိုင်ပင်ခံ ရှေ့နေကြီး ..

ဧကန္တ ... 

" ဖော , ဒယ်ဒီ

" သားတို့ ထိုင်ကြ မင်းတို့ ဖောနဲ့ 
ဒယ်ဒီတိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ကြတာ  ..


Gulf အိပ်နေတဲ့ အိပ်ယာဘေး
လိုက်ကာစလေးကရုတ်တရက်
တဖျတ် ဖျတ်နဲ့ လွင့်ခါလို့သွားတယ်

Gulf လက်ကို ကိုင်ပြီး အိပ်ယာဘေးက
မှီလျော့ထိုင်ခုံမှာထိုင်ရင် Tharn မှေးခနဲ
ဖြစ်သွားရင်း
သူ့ကိုယ်ပေါ်ကို လေအေးတချက်
တိုက်ခတ်သွားတာခံစားလိုက်ရပြီး
လန့်နိုးသွားတယ် ..

ပြတင်းပေါက်ကို ကြည့်လိုက်တော့
လိုက်ကာစကညင်ညင်သာသာနဲ့
တလွင့် လွင့် လေး ..

Tharn
စိတ်ထဲ  နင့်ခနဲ့ဖြစ်ပြီး သိလိုက်တယ် ..

Gulf သူ့ကို ထာဝရ ထားသွားခဲ့ပြီ ..

" Gulf  "

Gulf ရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်လေးကို
Tharn အားရှိသရွေ့ ဖက်တွယ်ထားလိုက်
တော့တယ် ..

🗡️🗡️🗡️🗡️🗡️🗡️

နတ်ဆိုးရဲ့ နှောင်ကြိုး
End  Continue

#ခရေဖြူ✍️

Continue Reading

You'll Also Like

37.6K 2.9K 28
Krist...နာမည်ကြီးသရုပ်ဆောင်တစ်ယောက်.. သူ့ရဲ့ ကြီးမားတဲ့လှို့ဝှက်ချက်တစ်ခု..Krist သူပိုင်ဆိုင်ထားတဲ့ လှို့ဝှက်ချက်ဆိုတာဘာလဲ..? Singto...နာမည်အကျော်ကြားဆ...
883K 40.9K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
523K 16.9K 43
Gulf is a 20-year old Omega who was wrongly accused against an alpha and was sent to a maximum security prison. What he never expected to find in th...
2.2M 116K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...