နတ်ဆိုးရဲ့နှောင်ကြိုး

332 38 1
                                    

နတ်ဆိုးရဲ့နှောင်ကြိုး  Chapter 4 .. 🗡️🗡️🗡️

Gulf အိမ်နားနီလာတော့ လူစုလူဝေးတွေ
ရဲကားတွေ  ဟိုဟိုဒီဒီ မြင်လိုက်ရတော့
ဘာလည်း ဆိုပြီး ပေါလ်  စူးစမ်း
ကြည့်လိုက်တယ်

" ဘာတွေဖြစ်ကြလို့လည်း ဗျ "

" ညက ဟို အိမ်ကြီးမှာ သေနတ်တွေ
ပစ်ခတ်ကြတယ်
အထဲမှာလည်း ယာကူဇာဂိုဏ်းကလူတွေ
သေနေတာလည်း တွေ့တယ်ပြောတယ် ..

အဲဒါ ရဲတွေ အလုပ်များနေတာ "

" ခင်ဗျာ ဟို အိမ် " !

ပေါလ် အိမ်ထဲကို အမြန်ဝင်ဖို့လုပ်လိုက်တယ်. 

" ဟိုးဟိုး  ..
ခင်ဗျားက ဘယ်သူလည်း အထဲဝင်လို့
မရဘူး"

အိမ်ထဲအပြေးဝင်သွားတဲ့ ပေါလ်ကို
Champ တားထားလိုက်တယ် ..

" ဒီအိမ်က ကောင်လေး Gulf , Gulf ကို
တွေ့မိကြလား "

သူ့ကို တားလိုက်တဲ့ Champ ကို
ပေါလ် အမောတကော မေးလိုက်တယ် ..

" Gulf  လား " ...

သူ့တို့စောင့်ကြည့်နေတဲ့ကြားက ဒီလို
ဖြစ်သွားလို့  အထက်က သူတို့ကို ဖိနှိပ်
တော့မယ်ဆိုတာ သိပေမယ့်
ဒီအိမ်က  Gulf ဆိုတဲ့ ကောင်လေးအတွက်ပဲ  သူ စိတ်ပူသွားမိတယ်

မနက်အာရုံတက်လောက်မှာတော့ သူတို့စီ
သေနတ်ဒဏ်ရာနဲ့  လူတစ်ယောက် ဆေးရုံ
ရောက်နေတယ်ဆိုပြီး သတင်းဝင်လာခဲ့တယ်

မှု့ခင်းရေးရာဆိုတော့ Champ တို့
အပြေးအလွှားသွားလိုက်တော့ ..

ဆေးရုံရဲ့ အရေးပေါ်ကုတင်ပေါ်မှာ
Gulf ဆိုတဲ့ကောင်လေးကို သူတို့
တွေ့လိုက်ရတော့တယ်

" လူနာက သွေးထွက်လွန်နေတယ်..
ပြီးတော့ ဒဏ်ရာက များပြီး
အရမ်းနက်တယ် . 
ချက်ခြင်း အော်ပရေးရှင်း လုပ်ရမယ် အဲဒါ
တာဝန်ခံ လက်မှတ်ထိုးဖို့  သူ့ အုပ်ထိန်းသူကို
အမြန် ဆက်သွယ်မှ ဖြစ်မယ် "

Gulfမှာ မိဘဆွေမျိုး မရှိဘူးဆိုတာ
ဟိုတစ်ခါ သူတို့ စစ်‌‌ဆေးတည်းက
Champ သိခဲ့ထားတယ်

" သူ့မှာမိဘတွေ မရှိကြဘူး
ကျတော်ပဲ တာဝန်ယူလက်မှတ်ထိုးပေးမယ်
ရတယ်မလား "

နတ်ဆိုးရဲ့နှောင်ကြိုးWhere stories live. Discover now