နတ်ဆိုးရဲ့နှောင်ကြိုး

435 47 3
                                    

နတ်ဆိုးရဲ့နှောင်ကြိုး Chapter 6 .. 🗡️🗡️🗡️

လေယာဉ် အဆင့်ဆင့် ပြောင်းစီးပြီး နောက်ဆုံးGulf တိုကျို လေ‌ဆိပ်
ရောက်ခဲ့တော့တယ် ..

ရာသီဥတုက ထိုင်းမှာ ပူနေပေမယ့်
ဂျပန်မှာတော့
အအေးရာသီဖြစ်နေတယ် ..

သူတို့စီက လူတွေကတော့ သိပ်မအေးသလို
ပုံမှန် အပေါ်ထပ်သာ ဝတ်ထားကြပေမယ့်
သူ့လို အပူပိုင်းဒေသက လာတဲ့
လူအတွက်တော့Gulf ချမ်းတုန်နေအောင် ခံစားလိုက်ရတယ် ..

" မင်းသွားမယ့် ဂျပန်က အရမ်းအေးတယ်
ပြောကြတယ်
အနွေးထည်များများထည့်သွား"

' ဟိုမှာ အလွယ်ဝယ်ဝတ်လို့ရတယ်' ဆိုတာ
ဘယ်လိုမှ သူ ပြောလို့မရ အတင်းကို
အနွေးထည်တွေ သွားဝယ်ပြီး No
သူ့အိတ်ထဲ အတင်းထိုးထည့် လုပ်ခဲ့တယ် ..

သူ့ Laggage ထဲက အနွေးထည်
ထုတ်ဝတ်ရင်းNo ပြောတာ သတိရကာ
Gulf ပြုံးလိုက်တယ် ..

လေဆိပ်ကနေပြီး ဟော့ကိုင်းဒိုး သွားတဲ့ လေယာဉ် Gulf ထပ်စီးခဲ့ရတယ် ..

ဟော့ကိုင်းဒိုး ရောက်တော့ နောက်ထပ်
မြို့ကိုရထားထပ်စီးရတယ် ..

အဲဒီကနေ နောက်ထပ် ကူတို့သဘ်ော
ထပ်စီးခဲ့ရတယ် ..

နာရီပေါင်းများစွာ လေယာဉ်တွေ စီး ..
ပြီးတော့ ရထားတွေစီ ကားတွေစီးနဲ့ ..
သူတစ်ခါမှမသိမရောက်ဘူးတဲ့ နေရာစိမ်းကို Gulf သတ္တိရှိရှိနဲ့ ရောက်လာခဲ့တယ် ..

အဲဆာရှိဆိုတဲ့ မြိုလေးကို သူရောက်တော့
မနက်စောကြီးပဲ ရှိသေးတယ် ..
ပြီးတော့ အအေးဓာတ်က ပိုဆိုးလာတယ် ..

အနွေးထည်တွေ အထပ်ထပ်
ဝတ်ထားပေမယ့်
Gulf အသဲခိုက်အောင် ချမ်းတုန်နေရတယ် ..

အစောကြီး ရှိသေးတော့ လမ်းပေါ်
လူတစ်ယောက်စ နှစ်ယောက်စသာ
ရှိသေးတယ်

Tharn စာရွက်ထဲက မြို့လေးကိုတော့ ရောက်ပြီ
ဒါပေမယ့် MEW ဆိုတဲ့ နာမည်အကြောင်း
သူ ဘယ်လို စုံစမ်းရမလည်း Gulf မသိတယ်

မြို့လေးထဲ Gulf တဖြေးဖြေး လျှောက်ကြည့်
နေတုန်း စတိုးဆိုင်လေး တွေ့တာနဲ့ ဝင်သွား
လိုက်တယ် . ..

နတ်ဆိုးရဲ့နှောင်ကြိုးWhere stories live. Discover now