နတ်ဆိုးရဲ့နှောင်ကြိုး

394 45 2
                                    

နတ်ဆိုးရဲ့နှောင်ကြိုး  Chapter 14 🗡️🗡️🗡️

တစ်နေ့ တစ်နေ့ သူ့တို့ကို ကြည့်ရတာနဲ့
နှစ်အိမ်လုံး  ခြေကုန်လက်ပန်းကျကြ
တော့တယ်

No နဲ့ မငယ်လေးတို့မှာက  Kai, Kay ဆိုတဲ့
ညီအစ်ကိုနှစ်ယောက် ..

Tharnနဲ့ Gulf တို့မှာ သားကြီး ဂျီနို နဲ့
အမြွာမောင်နှမဖြစ်တဲ့ ဟာနမ်နဲ့ ဟာရမ်ဆိုတဲ့
မောင်နှမသုံးယောက် ...

Noတို့အိမ်မှာ သောင်းကျန်းရင်သောင်းကျန်း

မဟုတ်ရင် ..

Gulf တို့အိမ်မှာ ဝုန်းဒိုင်းကျဲကြတော့တယ် ..

ဒါပေမယ့်လည်း Tharn နဲ့ Gulf တို့
ဘယ်လောက် မောမော ကလေးတွေကို
ဘယ်လောက် ဂရုစိုက်ရ စိုက်ရ သူတို့
စိတ်ထဲ ကျေနပ်နေမိတယ် ..

နှစ်ယောက်လုံးက တစ်ယောက်ထဲ
အထီးကျန်ပြီး ကြီးပြင်းလာရလို့လားမသိ
သူတို့ ကလေးတွေကို အထီးကျန်တာမျိုး
သူတို့ မခံစားစေချင်တယ် ..

ရက်ကို လစား လကိုနှစ်စား နဲ့ ..

Gulf နဲ့ Tharn တို့ ကလေးတွေလည်း
တဖြေးဖြေး အရွယ်ရောက်လာကြတယ် ..

ဂျီနို ..

ဂျီနိုကတော့ ငယ်ငယ်တည်းက Gulf လိုပဲ
ပုံဆွဲ ဝါသနာပါခဲ့တယ် ..

သူ့ရဲ့ ဝါသနာကို Gulf တို့ သေချာဂရုစိုက်ပြီး
ပြုစုပျိုးထောင်ပေးခဲ့တယ် ..

‌ကျောင်းတက်နေတဲ့ တလျှောက်လုံးလည်း
Gulf ပံ့ပိုးပေးခဲ့တယ် ..

ဒီလိုနဲ့ ကျောင်းပြီးသွားနဲ့ တပြိုင်တည်း
ပန်းချီကိုဇောက်ချ လုပ်ကိုင်ခဲ့တော့တယ် ..

အခုဆို Gulf နဲ့ Tharn တို့ရဲ့ ပြခန်းကို
ဂျီနို ဦးစီပြီး သူ့ ပန်းချီကားတွေပါ ချိတ်ဆွဲ
ပြသနိုင်သူတစ်ယောက် ဖြစ်နေခဲ့ပြီ ..

ဟာနမ် ..

ဟာနမ်ကတော့ အမြွာထဲက ယောက်ျားလေး

" မိသားစုထဲမှာ ဆရာဝန်တစ်ယောက်
ရှိနေတော့ကောင်းတာပေါ့ .  ဖောနဲ့ ဒယ်ဒီတို့ ကျန်းမာရေးကို ကျတော် ဂရုစိုက်လို့ရတယ်"

ဟာနမ်ရဲ့ ရည်ရွယ်ချက်စိတ်ကူးက တမျိုး ..

သူ့ဘယ်လို စိတ်ကူးရည်ရွယ်ချက်ရှိရှ်ိ ..
Tharn တို့ကတော့ သူ့ရည်မှန်းကို
အကောင်းဆုံး
Support  လုပ်ပေးခဲ့ကြတယ် ..

နတ်ဆိုးရဲ့နှောင်ကြိုးDove le storie prendono vita. Scoprilo ora