First & Last Chapter [ COMPLE...

By Roselia_B

50.5K 5.9K 486

အချစ်ဦးပုံပြင်တိုင်းက ‌ပျော်ရွှင်ခြင်းနဲ့ အဆုံးသတ်ရိုးရှိရဲ့လား ? CHANBAEK More

အပိုင်း [ ၁ ]
အပိုင်း [ ၂ ]
အပိုင်း [ ၃ ]
အပိုင်း [ ၄ ]
အပိုင်း [ ၅ ]
အပိုင်း [ ၆ ]
အပိုင်း [ ၇ ]
အပိုင်း [ ၈ ]
အပိုင်း [ ၉ ]
အပိုင်း [ ၁၀ ]
အပိုင်း [ ၁၁ ]
အပိုင်း [ ၁၂ ]
အပိုင်း [ ၁၃ ]
အပိုင်း [ ၁၄ ]
အပိုင်း [ ၁၅ ]
အပိုင်း [ ၁၆ ]
အပိုင်း [ ၁၇ ]
အပိုင်း [ ၁၈ ]
အပိုင်း [ ၁၉ ]
အပိုင်း [ ၂၀ ]
အပိုင်း [ ၂၁ ]
အပိုင်း [ ၂၂ ]
အပိုင်း [ ၂၃ ]
အပိုင်း [ ၂၄ ]
အပိုင်း [ ၂၆ ]
အပိုင်း [ ၂၇ ]
ဇာတ်သိမ်းပိုင်း
First & Last Chapter

အပိုင်း [ ၂၅ ]

1.5K 173 18
By Roselia_B


(U)

Special Episode - Chanyeol 's POV

ယောင်းရှင်းအထက်တန်းကျောင်း ။

ခံညားထည်ဝါစွာတည်ရှိနေတဲ့ ကျောင်းကြီးကိုကြည့်ပြီး Chanyeol ကျောင်းထဲ၀င်လာသည်။ ကျောင်းထဲ၀င်လာတာနဲ့ တီးတိုးပြောနေကြတဲ့သူ၊ ပေါ်တင်တစ်မျိုး ကွယ်ရာတစ်မျိုး ငေးနေကြတဲ့သူတွေကို Chanyeol မြင်ပေမယ့်လည်း မမြင်ချင်ယောင်ဆောင်ကာ တက်ရမယ့်အတန်းဆီကိုသာ တည့်တည့်မတ်မတ် လျှောက်လာလိုက်သည်။

"Omo ! Chanyeolပဲ !"

"ဒါဆို ဒီနှစ်ငါတို့အတန်းတူတာပေါ့"

တိတ်ဆိတ်နေတဲ့အတန်းက တစ်ယောက်တစ်ပေါက်ဖြင့် ဆူညံသွားတာကြောင့် Chanyeol မျက်နှာတည်ထားလိုက်သည်။ ထိုင်ဖို့နေရာရှာရင်း ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ကောင်လေးဆီကို Chanyeol အကြည့်‌ရောက်ရှိသွားသည်။

သူက Chanyeolကို‌မြင်တော့ ထိတ်လန့်သလိုဖြစ်သွားပြီး ချက်ချင်းအကြည့်လွှဲသွားသည်။ Chanyeolလည်း ထပ်မကြည့်တော့ဘဲ လွတ်နေတဲ့တစ်ခုံမှာ ၀င်ထိုင်လိုက်သည်။

လိမ်လို့မရနိုင်ခဲ့ပါ။ ထိုပုံရိပ်ကို Chanyeol အချိန်အတော်အကြာအထိ မေ့ပစ်ဖို့အချိန်ယူခဲ့ရသည်။
ထိုင်ခုံမှာ၀င်ထိုင်တာနဲ့ သူငယ်ချင်းလုပ်ဖို့လာပြောကြတဲ့ အတန်းသားတွေကြောင့် Chanyeol သူ့ကိုအတွေးထဲ ဆက်ပြီးမတွေးမိတော့ပါ။

နားချိန်မှာ အတန်းထဲကတခြားသူတွေ မရှိပေမယ့် မနက်က သူ၊ သူငယ်ချင်းဖြစ်ပုံရတဲ့ မိန်းကလေးတစ်ယောက်နဲ့ Chanyeolသာ အတန်းထဲကျန်‌ခဲ့သည်။ ကောင်မလေး စကားပြောတော့ သူက ပျော်ရွှင်စွာဖြင့် ပြန်တုံ့ပြန်သည်။

အသံကြားရုံနဲ့တင် သူဘယ်လောက်ထိ ပျော်နေသလဲဆိုတာ Chanyeolခံစားမိသည်။ ပြီးတော့ .. Chanyeol အေးချမ်းသွားသလိုခံစားရသည်။

ဘုန်း !

အတွေးထဲနစ်မြောနေတုန်း တစ်စုံတစ်‌ယောက်က Chanyeol စားပွဲနဲ့တိုက်မိသွားတာကြောင့် စားပွဲပေါ်က ဘောပင်အိတ်ပြုတ်ကျသွားသည်။ မော့ကြည့်လိုက်တော့ သူနဲ့ ကောင်မလေးဖြစ်နေသည်။

မရည်ရွယ်လိုက်ပေမယ့် Chanyeolအကြည့်ကြောင့် ကောင်မလေးက ထိတ်လန့်သွားပုံရပြီး သူလည်း ထိုနည်းတူ။

"ဟို .. ဟို တောင်းပန်ပါတယ် .. မတော်တဆဖြစ်သွားတာပါ"

"ငါ .. ငါ ပြန်ကောက်ပေးမယ်"

ပြုတ်ကျသွားတဲ့ စာအုပ်နဲ့ဘောပင်ကို ပြန်ကောက်ပေးပြီး ကောင်မလေးလက်ကိုကိုင်ပြီး ထွက်သွားတဲ့သူ။ သူကောက်ပေးသွားတဲ့ ‌စာအုပ်နဲ့ဘောပင်အိတ်ကို Chanyeol စိုက်ကြည့်နေမိသည်။

"မသိရင် ကောင်မလေးကိုကာကွယ်ပေးတဲ့ သူလိုပဲ .. ဟက် !"

လှောင်သလိုမျိုးပြောလိုက်ပေမယ့် သိသိသာသာပင် Chanyeol အသက်ရှူမြန်နေခဲ့သည်။

ကန်တင်းထဲ၀င်လာတော့ မုန့်မှာပြီး ထိုင်ဖို့နေရာရှာတော့ Chanyeol မြင်ကွင်းထဲ ထင်းကနဲပေါ်လာတဲ့ သူ့ကိုတွေ့လိုက်ရသည်။ သူ့အနားမှာ ကောင်မလေးတစ်ချို့ကိုလည်း တွေ့ရသည်။ အတွေးကနောက်မှ Chanyeolခြေလှမ်းတွေက ထိုဝိုင်းဆီဦးတည်သွားသည်။

"Knock Knock"

စကားပြောနေကြတာကို ရပ်တန့်ပြီး Chanyeolကိုမြင်တော့ အားလုံးမျက်နှာမှာ အံ့ဩမှုတွေက အတိုင်းသားပင်။

"Chan .. Chanyeol"

သူ့နှုတ်ဖျားကနေ Chanyeolနာမည်ကြားရတာနဲ့ နှလုံးခုန်မြန်လာသည်။ ‌နဖူးထိပ်က ချွေးစတွေထွက်လာပြီး Chanyeol သေချာမပြုံးနိုင်တော့တဲ့အထိဖြစ်လာသည်။

"မင်းတို့နဲ့ သူငယ်ချင်းလုပ်လို့ရလား"

သူ့ကိုမကြည့်ဘဲ ကျန်တဲ့သူတွေကိုကြည့်ကာ Chanyeol မေးလိုက်သည်။ သူက Chanyeolအတွက် အန္တရာယ်တစ်ခုလိုပဲ။ Chanyeol သူ့ကိုမကြည့်မိအောင်နေပြီး နေရာအလွတ်မှာ၀င်ထိုင်လိုက်သည်။

အားလုံးကဖော်ရွေကြသည်။ တစ်ယောက်ကနေ ဦးဆောင်ပြီး သူတို့နာမည်တွေကို မိတ်ဆက်ပေးလာသည်။ ထိုအခါမှ သူ့နာမည်က Baekhyunဆိုတာ သိရပြီး အားလုံးကပေါင်းလာတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေဆိုတာ သိလိုက်ရသည်။

Baekhyun က‌စကားနည်းတဲ့သူလားတော့ Chanyeol မပြောတတ်ပါ။ Chanyeolတို့စကားဝိုင်းမှာ သူလုံး၀၀င်မပါဘဲ တစ်ယောက်တည်း မုန့်စားနေသည်။

တကယ်ပဲ .. ဘယ်လိုလေးပါလိမ့် ?

"ငါ သန့်စင်ခန်း၀င်ပြီး အတန်းထဲ၀င်တော့မယ်"

ရုတ်တရက်ကြီး ထရပ်လိုက်တဲ့ Baekhyunကို Chanyeol ကြည့်မိသွားသည်။ ထူးဆန်းစွာဖြင့် Baekhyun မျက်ရည်ဝဲနေသည်။ နားမလည်တာကြောင့် မျက်မှောင်ကျုံ့စဉ်းစားနေတုန်းမှာ Baekhyun ထွက်သွားလေသည်။

"သူက အမြဲအဲ့ဒီလိုပဲလား"

"ဘယ်သူလဲ .. Baekhyunလား မဟုတ်ပါဘူး .. သူကတကယ်ဆို ငါတို့အားလုံးထဲမှာ ပျော်ပျော်နေတတ်ဆုံးပဲ ! နေမကောင်းဖြစ်ချင်နေတယ်ထင်တယ် .."

"အာ .. ငါ သန့်စင်ခန်းသွားမလို့ ..
အရင်ထနှင့်မယ်"

"အင်း .. အင်း"

အပေါ့မသွားချင်ပေမယ့် Chanyeol သန့်စင်ခန်းဆီရောက်နှင့်နေပြီးဖြစ်သည်။ ဘေစင်က ရေသံတွေကြားရတော့ အထဲမ၀င်ဘဲ ထိုနေရာမှာ ရပ်နေလိုက်သည်။

ခဏအကြာ ရေသံထပ်မကြားရတော့ဘဲ ပြောင်ရှင်းနေတဲ့ မျက်နှာလေးဖြင့် Baekhyun Chanyeolကို မော့ကြည့်လာသည်။ ဒါပေမယ့် စကားတစ်ခွန်းတောင်မပြောဘဲ လှည့်ထွက်သွားဖို့လုပ်သည်။

ဒေါသထွက်သွားတာကြောင့် Baekhyun လက်ကို ဖမ်းဆွဲပြီး နံရံမှာကပ်ထားလိုက်သည်။ ကြည်လင်နေတဲ့ Baekhyunမျက်နှာကို အနီးကပ်မြင်ရတော့ ဒေါသတွေက လေထဲပျောက်ကွယ်သွားသည်။

အချိန်တစ်ခုအထိ စိုက်ကြည့်ရင်း Chanyeol Baekhyunကို စကားတစ်ခွန်းခွန်းပြောဖို့ စဉ်းစားသည်။

"ငါနဲ့တွဲကြရအောင်"

'ဘာလို့ ငါနဲ့စကားမပြောတာလဲ' လို့ တွေးထားမိပေမယ့် တကယ်တမ်း Chanyeol ထုတ်ပြောမိလာတာက တခြားတစ်ခု။

Chanyeol ဘယ်လိုဖြစ်သွားတာလဲ ? ရူးသွားတာလား ? ပထမဆုံးတွေ့ဖူးတဲ့သူကို တွဲကြမယ်လို့ ပြောလိုက်တယ်တဲ့လား ? သူကရော.. လက်ခံမယ်ထင်နေလို့လား ?

စိတ်ရှုပ်ထွေးစွာဖြင့် မျက်နှာတည်သွားပြီး Baekhyunကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်နေပြီး ကျောချမ်းစရာအတိပင်။

ဒါပေမယ့် Chanyeol နောက်ဆုတ်ဖို့တော့မရှိ။ Baekhyun လက်ခံလာအောင် မရရအောင်ေပြာမယ်ဆိုတဲ့ အတွေးကလည်း ရှိနေသည်။

"ငါနဲ့တွဲမလား"

နောက်တစ်ကြိမ် ထပ်မေးတော့ Baekhyun ပိုပြီးတုန်လှုပ်သွားပုံရသည်။ မေးမိတာမှားပြီလားတောင် Chanyeol တွေးမိသည်။

"Chanyeol .. မင်း"

"ကျစ် ! ငါ့မှာအချိန်မရှိဘူး မြန်မြန်ဖြေ"

မရဲတရဲဖြင့် မော့ကြည့်လာပြီး ချက်ချင်းမျက်လုံးစုံမှိတ်လိုက်တဲ့ Baekhyunကို Chanyeol သတိလက်လွတ်ငေးနေမိသည်။

ကြောက်လန့်နေပုံရတဲ့ Baekhyunကိုကြည့်ပြီး Chanyeol အသံတိတ်သက်ပြင်းချမိသည်။ ကျောခိုင်းဖို့အလုပ် Baekhyunဆီက ကြားလိုက်ရတဲ့ စကားတစ်ခွန်း။

"တွဲမယ် !"

မထင်မှတ်ထားတဲ့ အဖြေကြောင့် Chanyeol ခန္ဓာကိုယ်မတ်လိုက်မိသည်။ တစ်ကိုယ်လုံးတုန်လှုပ်လာပြီး အသက်ရှူမ၀ဖြစ်လာသည်။ ထပ်ပြီး‌ဒီမှာထပ်နေဖို့ မဖြစ်တော့တာကြောင့် ကျောခိုင်းပြီး ထွက်လာလိုက်သည်။

——

ပထမနေ့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ Chanyeol ညကတော်ရုံနဲ့အိပ်မပျော်ခဲ့။ အိပ်ရာစောစောထပြီး ပြင်ဆင်နေရင်း Baekhyunကိုသွားခေါ်သင့် မခေါ်သင့်ကို တွေးမိသွားသည်။

"သွားခေါ်ရင် ကောင်းမလား ... ဒါပေမယ့် ! ဒါပေမယ့် ငါမှသူ့အိမ်မသိတာကို .."

သွားခေါ်ဖို့ကို လက်လျှော့ပြီး Chanyeol ကျောင်းကိုသာ ဦးတည်လိုက်သည်။ Chanyeolအနေနဲ့ လုပ်ဖို့အလုပ်တစ်ခုကျန်သေးသည်။

"ဟဲ့ တကယ်ကြီးလား ? Chanyeolက .. လက်ရှိတွဲနေတဲ့ကောင်မလေးကို ဖြတ်လိုက်ပြီတဲ့"

"ဒါဆို .. အသစ်တွဲတဲ့သူများရှိနေတာလား ?"

စသဖြင့် ‌‌တစ်ယောက်ပြီးတစ်ယောက် မရိုးရအောင် အထူးအဆန်းလုပ်ပြောနေတာကြောင့် Chanyeol မျက်နှာမဲ့လိုက်သည်။ Chanyeolတွဲနေတဲ့သူက ယောက်ျားလေးတစ်ယောက်သာဆိုရင် ဘယ်လိုများဖြစ်ပျက်သွားကြမလဲ ?

ချက်ချင်းခေါင်းခါလိုက်သည်။ ထုတ်ပြောဖို့အတွေး Chanyeolမှာမရှိပါ။ ဒီအတိုင်း ခဏတာတွဲခြင်းပင်။ အချစ်ဆိုတဲ့အရာကို Chanyeol
မယုံကြည်သလို ကိုယ်တိုင်ကလည်း ချစ်ဖို့ကြိုးစားမှာမဟုတ်။

အတန်းထဲ၀င်လာတော့ Chanyeol တစ်စုံတစ်ခုကို တွေးမိသွားသည်။ ချက်ချင်းပဲ ယူဟျွန်းကို နေရာလဲပေးဖို့ပြောတော့ သူကလက်ခံပေးသည်။ Chanyeol စားပွဲရဲ့ ဘေးတစ်ခုံကျော်မှာ Chanyeol၀င်ထိုင်ပြီး လွတ်နေတဲ့ ထိုစားပွဲကို ငေးကြည့်မိသည်။

ဘေးချင်းကပ်ထိုင်ဖို့အထိတော့ Chanyeol မရဲသေးပါ။ Baekhyun အနားရောက်သွားရင် အသက်ရှူမ၀သလိုဖြစ် ဖြစ်သွားတာကြောင့် Chanyeolအတွက် အဆင်မပြေပါ။

တင်း တင်း !

"Baekhyun ကန်တင်းသွားကြရအောင်လေ"

"ငါ အိမ်စာလုပ်နေလို့ မလိုက်ဖြစ်တော့ဘူး ဆိုယူ"

ဆိုယူနဲ့ Baekhyun စကားပြောနေကြတာကို Chanyeol ကြားနေရသည်။ ဒါပေမယ့် စကားပြောနေကြတာကို ၀င်မပါဘဲ Chanyeol စာလုပ်ချင်ဟန်ဆောင်နေလိုက်သည်။

ခဏအကြာ ဆိုယူထွက်သွားတော့

"Chanyeol"

Chanyeol Baekhyunကိုကြည့်ပြီး မေးဆတ်ပြလိုက်သည်။

"ကျောင်းဆင်းရင် အတူပြန်ကြမလား"

ဘာပြန်ပြောရမလည်းဆိုတာ Chanyeolမသိ။ အရင်ကြုံဖူးခဲ့ပေမယ့် ထိုအခါကအပြုံးဖြင့် ပြန်ကြမယ်လို့သာ ပြောခဲ့သည်။ အခုအခြေအနေက မတူ ..။ Baekhyunရှေ့ရောက်ရင် ပြောစရာစကား တစ်ခွန်းမှထွက်မလာတာကြောင့် ပထမဆုံးအကြိမ် Chanyeol ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိသည်။

"ခုဏစကားကိုမေ့လိုက်တော့ .. ငါကဒီအတိုင်းမေးကြည့်တာ"

ချက်ချင်း ပြောင်းလဲသွားတဲ့ Baekhyunကို Chanyeol ဘာဆက်လုပ်ရမှန်းမသိဖြစ်လာသည်။ ပြန်ကြမယ်လို့ပြောရမလား ဒါမှမဟုတ် ခုဏအပြုအမူအတွက် တောင်းပန်တယ်လို့ ပြောရမလား  ?

ဟုတ်တယ် ! တောင်းပန်ပြီး အတူပြန်ကြမယ်လို့ Chanyeol ပြောရမည်။ အကြံတစ်ခုစဉ်းစားမိသွားတာကြောင့် ချက်ချင်းထကာ အတန်းထဲကထွက်လာလိုက်သည်။

ဆိုယူတို့ဆီက Baekhyunက
စတော်ဘယ်ရီကိတ် ကြိုက်တယ်ဆိုတာ ကြားထားတော့ ကန်တင်းထဲ၀င်ကာ Baekhyunအတွက် စတော်ဘယ်ရီကိတ် ၀ယ်လိုက်သည်။

စတော်ဘယ်ရီကိတ်ကို လက်မှာကိုင်ရင်း အတန်းထဲ၀င်ဖို့လုပ်တော့ Chanyeolရှေ့ ဂျင်ဝူးက ရောက်နှင့်နေပြီဖြစ်သည်။ စကားပြောရတာ ပျော်ရွှင်နေပုံရသည်။

"ဟက် !"

လက်ထဲက စတော်ဘယ်ရီကိတ်ကိုကြည့်ပြီး Chanyeol အနားမှာရှိတဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။
မွန်းကြပ်လာတာကြောင့် Chanyeol လေကောင်းလေသန့်ရှူမှ ဖြစ်တော့မည်။ 

ကျောင်းဆင်းပြီဆိုတာနဲ့ Chanyeolကို တစ်ချက်ကလေးတောင် မကြည့်သွားတဲ့ Baekhyun ကို အံ့ဩမိသည်။ လွယ်အိတ်ကိုဘေးတစ်စောင်းလွယ်ပြီး ဘာရယ်မဟုတ် Chanyeol Baekhyun နောက်ကနေ လိုက်သွားလိုက်သည်။

Baekhyun ဦးတည်သွားတဲ့နေရာက Bus မှတ်တိုင်ဆီ။ Busမှတ်တိုင်မှာ သိပ်မစောင့်လိုက်ရဘဲ ခဏအကြာ ကားရောက်လာတော့ ရှေ့ကနေ ပြေးတက်သွားသူကို မျက်လုံးကအပျောက်မခံချင်တာကြောင့် Chanyeol ကားပေါ်တက်သွားလိုက်သည်။

အကြွေစေ့ထည့်ပြီး Baekhyunဘေးမှာ ၀င်ထိုင်တော့ အံ့ဩတကြီးဖြင့် Chanyeolနာမည်ကို ခေါ်လာသည်။ တစ်ချက်ကလေးသာကြည့်ပြီး ခပ်တည်တည်ဖြင့် Chanyeol ရှေ့ကိုသာကြည့်နေလိုက်သည်။

"Chanyeol ဂျင်ဝူး မွေးနေ့ပွဲကို သွားမှာလား"

"မသွားဘူး"

ဂျင်ဝူးနဲ့ Baekhyunက ဘယ်တုန်းက ဒီလောက်တောင်ရင်းနှီးသွားတာလဲ ? မနာလိုဖြစ်မိတာကြောင့် Chanyeol ခပ်တန်းတန်းဖြေလိုက်မိသည်။ ဂျင်ဝူးက Chanyeolနဲ့ Baekhyun တွဲနေတယ်ဆိုတာ သိရက်နဲ့ ဘာလို့များ Baekhyunအနားမှာ ကော်လိုပူးကပ်နေရတာလဲ ?

တစ်ဖန် ဘေးလှည့်ကြည့်တော့ Chanyeolကိုပြုံးပြနေတဲ့ Baekhyunအပြုံးကိုကြည့်ပြီး

"အမြဲပြုံးနေရအောင် အရူးလား"

"ဘာလို့လဲ Chanyeolက သဘောမကျဘူးလား"

"..."

Chanyeolက သဘောမကျဘူးလားဆိုတာထက် Chanyeolတစ်ယောက်တည်းကိုပဲ ပြုံးပြတာဆိုရင် ပျော်မိမှာအမှန်ပဲ။ ဒီတစ်ခါမှာတော့ Chanyeol Baekhyunအနားမှာရှိနေရတာ အဆင်မပြေဖြစ်လာသည်။ မအီမသာဖြစ်လာသည်။

Chanyeolကိုကျောခိုင်းသွားတဲ့ ကျောပြင်ကို‌ ငေးကြည့်နေရင်း Baekhyun လှည့်ကြည့်လာတာကြောင့် Chanyeol ယောင်ရမ်းပြီး ဆက်ကြည့်နေမိသည်။

"ဂျင်ဝူးအတွက် မွေးနေ့လက်ဆောင်သွား၀ယ်မလို့ လိုက်ခဲ့ပေးမလား"

".. ရတယ် .. ငါတစ်ယောက်တည်း'

အ‌ကြောင်းပြချက်ခေါင်းစဉ်က ဂျင်ဝူးဆိုတာကို Chanyeol သဘောမကျပေမယ့် Baekhyunကိုတော့ ခေါင်းငြိမ့်ပြလိုက်သည်။

"လိုက်ခဲ့မယ်"

ချက်ချင်းပြုံးပြုံးရွှင်ရွှင်ဖြစ်သွားတဲ့ Baekhyunကို Chanyeol မသိမသာဖြင့်‌ခိုးကြည့်လိုက်သည်။ ဒီလောက်အထိပြုံးရမယ်လို့ ဘယ်သူများပြောထားလေသလဲ ?

"Chanyeolနဲ့ ဂျင်ဝူးက သူငယ်ချင်းဆိုတော့ ဂျင်ဝူးဘာကြိုက်တတ်လည်း သိတယ်မလား ... သူကဘယ်လိုမျိုး ကြိုက်တတ်လဲ"

"သူကအကုန်ကြိုက်တယ်"

"ဟမ် ..?"

"ငါ အပြင်မှာစောင့်နေမယ်"

ဆက်မနေချင်တော့တာကြောင့် Chanyeol အပြင်ထွက်လာလိုက်သည်။ အပြင်ရောက်တာနဲ့ ဆောင်ထားလေ့ရှိတဲ့ လက်ကိုင်ပုဝါကိုထုတ်ပြီး နဖူးထိပ်မှာ ကပ်ညှိနေတဲ့ ချွေး‌စက်တွေကိုသုတ်လိုက်သည်။

Airconအပြည့်တပ်ထားတဲ့ ဆိုင်ငယ်လေးဖြစ်ပေမယ့် Chanyeolကတော့ ချွေးထွက်တဲ့အထိ ပူနေပြီး အသက်ရှူမ၀ဖြစ်လာသည်။ အထူးသဖြင့် ... Baekhyunအကြောင်းကိုတွေးမိရင် ပိုပြီးသိသာသည်။

မဟုတ်မှလွဲရော .. Chanyeolမှာ ရောဂါတစ်ခုခုများရှိနေတာလား ?

"ဒါ မင်းအတွက်မွေးနေ့လက်ဆောင်"

Chanyeol အနားရောက်လာပြီး ဂီတာပုံ ကီးချိန်းလေးကို ပေးလာတဲ့ Baekhyunကို Chanyeol ကြည့်နေမိသည်။

"ငါ့မွေးနေ့မှ မဟုတ်တာ"

"ယူလိုက်ပါကွာ .. ဒီအတိုင်းပေးတာ"

မရရအောင် အတင်းပေးတော့ Chanyeol ယူလိုက်သည်။ ကီးချိန်းကိုကြည့်နေရင်း

"ဒါဆို ငါပြန်တော့မယ် .. မင်းလည်းဘယ်မှမ၀င်ဘဲ အိမ်တန်းပြန်တော့နော်" 

လှစ်ကနဲပြေးထွက်သွားတဲ့ Baekhyunကိုကြည့်ပြီး Chanyeol အသံထွက်ရယ်လိုက်မိသည်။ သော့ချိတ်ကို လွယ်အိတ်ထဲသေချာသိမ်းပြီး မပြတ်သားတဲ့အတွေးတွေအတွက် ပြတ်သားတဲ့အဖြေရှာဖို့အတွက် Chanyeol တစ်နေရာကိုသွားရမည်။

"Philophobia ( fear of love ) ဆိုတဲ့ရောဂါကို ခံစားနေရတာပါ"

"ဗျာ !"

"လက္ခဏာတွေက အဲ့ဒီရောဂါကို ရည်ညွှန်းနေပါတယ် ဖြစ်နိုင်ချေ 99.99 % ရှိပါတယ်"

"..."

"ချစ်ဖို့ကြောက်တာ၊ အချစ်‌အကြောင်းတွေးမိတာနဲ့ အသက်ရှူမ၀ဖြစ်လာတာ၊ ချွေးထွက်လာတာ၊ နှလုံးခုန်နှုန်းမြန်လာတာ၊ မအီမသာဖြစ်တာ အဲ့ဒါတွေက Philophobia symptomsတွေပါ"

"ဒါပေမယ့် ကြောက်စရာမလိုပါဘူး .. မင်းစိတ်ကိုတွန်းလှန်နိုင်တဲ့တစ်နေ့ မင်းအဆင်ပြေသွားမှာပါ .. ဆရာမပြောချင်တာတစ်ခုက မင်းကိုစိတ်ရှုပ်စေတဲ့အရာကနေ ဝေးဝေးနေပါ .. သိပ်လည်းအတွေးမများပါနဲ့ .. ဒါနဲ့မင်းအသက်က.."

"15နှစ်ပါ"

"ငယ်သေးတာပဲ .. ငယ်သေးတော့ ပိုပြီးတောင်တွန်းလှန်နိုင်မှာပါ .. မင်းဒီအတွေးတွေကို ဖယ်ရှားပေးနိုင်မယ့် သူတစ်ယောက်ရှိလာမယ်ဆိုတာကို ဆရာမယုံကြည်တယ် .. အဆင်ပြေမယ်ဆိုရင် မင်းမိဘတွေနဲ့ ဆရာမ အဆက်အသွယ်လုပ်ချင်တယ်"

"မရှိတော့ပါဘူး"

"ရှင် .. ဒါပေမယ့်"

"ကျွန်တော့်ကိုမလိုအပ်တဲ့ သူ‌တို့လိုပဲ.. ကျွန်တော်လည်း သူတို့ကိုမလိုအပ်ပါဘူး .. ကျွန်တော် တစ်ယောက်တည်းရှိနေရင် အဆင်ပြေပါပြီ ကျွန်တော်သောက်ရမယ့်ဆေးရှိရင် ညွှန်းပေးပါ ဆရာမ .. ကျွန်တော်ပြန်ခါနီး ၀ယ်သွားလိုက်ပါမယ်"

"အာ .. ဟုတ်ပြီ ဆရာမရေးပေးလိုက်ပါမယ်"

အရေးမပါတဲ့အတိတ်အကြောင်းကို အရေးတယူလုပ်ပြီး Chanyeol တွေးမနေတော့။ Chanyeol အနားမှာမရှိတာတောင် စိတ်ဒုက္ခပေးနိုင်လွန်းတဲ့ မိဘ‌ဆိုတဲ့သူတွေကို Chanyeol သိပ်မုန်းပါသည်။

——

အိမ်ပြန်ရေချိုးပြီးတဲ့နောက် Chanyeol သည်းမခံနိုင်တော့။
မနေနိုင်ဘဲ ဂျင်ဝူးမွေးနေ့ပွဲကျင်းပရာ ခြံရှေ့ဆီ Chanyeol ရောက်လာသည်။ အထဲ၀င်ဖို့တော့ မကြိုးစားဘဲ အပြင်ကနေ Baekhyunကိုရှာကြည့်လိုက်သည်။

အချိန်တစ်ခုအထိ ရှာကြည့်ပေမယ့် အရိပ်မယောင်မ‌‌တွေ့ရတာကြောင့် လက်လျှော့ပြီးပြန်ဖို့အလုပ် အော်ဟစ်သံတွေကို ဆက်တိုက်ကြားရသည်။

"Chanyeol !"

"Chan .. Chanyeol"

တစ်စုံတစ်ယောက်က Chanyeolနာမည်ကို ဆက်တိုက်ခေါ်နေတာကို ကြားနေရသည်။ စိတ်လေးလံလာတာကြောင့် အသံလာရာ ထိုနေရာဆီ Chanyeol ပြေးသွားလိုက်သည်။ မြင်လိုက်ရတဲ့ ထိုမြင်ကွင်းက Chanyeolကို သွေးတက်စေသည်။

ချက်ချင်း Baekhyunအပေါ်ကနေ အုပ်မိုးထားတဲ့ ဂျင်ဟာကို တွန်းဖယ်ကာ Baekhyunကို လက်တွဲပေးပြီး မတ်တပ်ရပ်စေလိုက်သည်။

"Chanyeol"

"ဘာမှစိတ်မပူနဲ့ ငါရောက်လာပြီ .. ငါရောက်လာပြီမလို့ ကြောက်စရာမလိုတော့ဘူး" 

အားကိုးတကြီးဖက်လာတဲ့ Baekhyunကိုတွန်းဖယ်ဖို့ မကြိုးစားဘဲ ဒီအခြေအနေကို လက်ခံနိုင်အောင် ကြိုးစား‌ကြည့်သည်။ ဆက်တိုက်ငိုနေတဲ့ Baekhyun ပုခုံးကို အသာလေးပုတ်ပေးပြီး Baekhyunကိုထိတဲ့ သူတွေကို‌တေးထားလိုက်သည်။

ဘယ်သူ့ကို အလွတ်ပေးမှာမဟုတ်လို့ !

..

"ဒါဆို အလောင်းအစားကို ငါနိုင်သွားတယ်ဆိုတော့ ငါခိုင်းတာမင်းလုပ်ရမယ်"

Chanyeol မဲ့ပြလိုက်သည်။ ရုတ်တရက်ကြီး ရောက်လာပြီး အလောင်းအစားလုပ်ရအောင်ဆိုကတည်းက တစ်ခုခုတော့မူမမှန်တာ Chanyeol သိနေသည်။

"ပြောလေ ငါဘာလုပ်ရမှာလဲ"

"Baekhyunကို ချစ်တယ်လို့ပြောရမယ်"

ဂျင်ဝူးကို Chanyeol စူးစိုက်ကြည့်လိုက်သည်။ သူအခု ဘာပြောနေလဲဆိုတာရော သိရဲ့လား ?

"မင်းဘာပြောနေလဲဆိုတာရော မင်းသိရဲ့လား !"

"ငါအကုန်သိတယ် Chanyeol ! မင်းနဲ့ Baekhyun တွဲနေတာကိုလည်း ငါသိတယ် ! Baekhyunကို မင်းကစားနေတယ်ဆိုတာလည်း ငါသိတယ် ! ငါအားလုံးသိတယ် ..! မင်းကစားတာကိုခံနေရတဲ့ ငါ့သူငယ်ချင်းကို သိပ်သနားတာပဲ !"

"မင်း ဘာတွေလာပြောနေတာလဲ !"

"ငါပြောတာတွေ တစ်ခုမှအမှားမပါဘူး Chanyeol .. မင်းတကယ်မချစ်ရင်တောင် ငါ့သူငယ်ချင်းစိတ်ချမ်းသာအောင် လုပ်ပေးသင့်တယ် ! သူပျော်တာကိုမြင်မှ ငါခိုင်းတာလုပ်ပြီးပြီလို့ သတ်မှတ်မယ်"

Chanyeol လက်သီးတင်းတင်းဆုပ်ထားမိသည်။ အရာအားလုံးသိနေတဲ့ ဂျင်ဝူးကို Chanyeol မကျေနပ်ပါ။ အထူးသဖြင့် မေတ္တာရှင်ကြီးလို လုပ်သွားတာ လုံး၀သဘောမကျပါ။

ဂျင်ဝူးပြောသလို Chanyeol Baekhyunကို ကစားနေမိတာလား ? Baekhyunက Chanyeolကြောင့် စိတ်ညစ်နေရတာလား ?

"တကယ်ပဲ ငါမင်းကို စိတ်ဒုက္ခတွေပေးနေမိတာလား ?"

——

အတန်းထဲဘယ်သူမှမရှိတော့တဲ့အချိန် တစ်ရှူးစပေါ်မှာ 'ငါမင်းကို သိပ်ချစ်တယ်' လို့ရေးပြီး တစ်ရှူးစကိုခေါက်ကာ Baekhyun စာအုပ်ကြားထဲထည့်လိုက်သည်။ ခဏအကြာ သူငယ်ချင်းတွေနဲ့ Baekhyun ရောက်လာပြီး ထိုစာအုပ်ကိုဖွင့်‌တော့ တစ်ရှူးစကို တွေ့သွားသည်။

တကယ်ကို ပျော်ရွှင်သွားတဲ့ Baekhyunကိုကြည့်ပြီး Chanyeol ပြုံးလိုက်မိသည်။ အတုအယောင်ဆိုပေမယ့် Baekhyun စိတ်ချမ်းသာမှာပါ။

ဒီနေ့မှာလည်း Baekhyunနဲ့အပြင်သွားဖို့ကို Chanyeol လက်ခံလိုက်သည်။ တစ်ခါမှမရောက်ဖူးတဲ့ကြောင့် စိတ်ကျဉ်းကျပ်သလိုဖြစ်ပေမယ့် ကြည့်လိုက်တိုင်း ပြုံးပြလာတဲ့ Baekhyunကြောင့် Chanyeol အဆင်ပြေပါသည်။

တစ်ခါတစ်ခါ လက်ချင်းတိုက်သလိုဖြစ်သွားရင် Baekhyunက ပြာပြာသလဲဖြင့် လက်ရုတ်သွားသည်။ Chanyeol အတွက်လည်း အဆင်မပြေတာကြောင့် အရေးတယူလုပ်ပြီး ပြောမနေတော့။

မုန့်စားပြီး ဗိုက်ပြည့်သွားတာကြောင့် Chanyeol အကြောဆန့်လိုက်သည်။ ပြန်ဖို့ Baekhyunကို ခေါ်ဖို့အလုပ် သူ့အကြည့်တွေကိုဆွဲဆောင်ထားတဲ့ အရာကို Chanyeolပါ လိုက်ကြည့်ကြည့်သည်။

"လိုချင်လို့လား"

"ဟင် ..?"

"ငါ ၀ယ်ပေးမယ်"

".. ရ .. ရပါတယ် .. ငါကဒီအတိုင်း သဘောကျလို့.."

လိုချင်နေတာ အသိသာကြီးမလို့ Chanyeol Baekhyunကိုမစောင့်ဘဲ အလှဆုံးဖြစ်တဲ့ စုံတွဲလက်စွပ်ကို ၀ယ်ယူလိုက်သည်။ လက်စွပ်ဘူးထဲက လက်စွပ်အကြီးကို Chanyeol ယူပြီး ဘူးနဲ့လက်စွပ်အသေးကို Baekhyun လက်ထဲထည့်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

အပြုံးဖြင့်‌ ကျေးဇူးတင်စကားဆိုတဲ့ Baekhyunကို တစ်ခဏလေးကြည့်ပြီး အကြည့်လွှဲလိုက်သည်။ 

"မလိုပါဘူး .. မင်းလည်းတစ်ခေါက် သော့ချိတ်၀ယ်ပေးသေးတယ်မလား ဒါနဲ့ ချေလိုက်"

ပုတ်သင်ညိုလို ဆက်တိုက်ခေါင်းငြိမ့်ပြနေတဲ့ Baekhyunကြောင့် တစ်ဖက်လှည့်ပြီး ပြုံးမိတဲ့အထိပင်။ ဒီလောက်ဆို လွှတ်ပေးလိုက်ဖို့ လုံလောက်ပါသည်။

——

"Chanyeol ငါ့ကိုအမှတ်တရစာလေး ရေးပေးမလား"

ဆိုပြီး Highlightကိုလှမ်းပေးတာကြောင့် ယူပြီး Baekhyun အင်္ကျီကော်လံစကိုဟကာ စာတစ်ချို့ရေးပေးလိုက်သည်။

"ရပြီ"

"ကျေးဇူး .. ငါလည်းမင်းကိုရေးပေးလို့ရမလား"

"အင်း"

ကြောက်ရွံ့စိတ်ဖြစ်တည်လာပေမယ့် အပြုံးမပျက်နေရင်း စာရေးပြီးတဲ့အထိ စောင့်လိုက်သည်။

"ရပြီ Chanyeol"

"အင်း" 

"Chanyeol .. နှုတ်ခမ်းနားကဒဏ်ရာက ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူး .." 

ဒဏ်ရာပေါ်ကို လက်ဖြင့်အုပ်လိုက်တော့ Baekhyun မျက်နှာပျက်သွားသည်။ Chanyeolအနားက Baekhyun ထွက်သွားတော့မှ သက်ပြင်းချနိုင်တော့သည်။

တွဲနေကြတဲ့ဆက်ဆံရေး မဟုတ်တော့တာကြောင့် Baekhyunနဲ့ပတ်သက်ပြီး ‌အတွေးများစရာမလိုတော့ပါ။ Chanyeol Baekhyunကို မချစ်တာ သေချာတာမလို့ Baekhyunလည်း Chanyeol အတိုင်းပဲဆိုတာ အသေအချာပင်။

..

ကျောင်းပြန်ဖွင့်တော့ Chanyeol စိတ်သစ်ကိုယ်သစ်ဖြင့် ဘ၀ကိုပြန်စတင်ဖြစ်သည်။ Baekhyunနဲ့ သူငယ်ချင်းဆိုတဲ့အသိက Chanyeolကိုပျော်ရွှင်စေသည်။

"ဟုတ်တယ် ! Baekhyunက ငါ့သူငယ်ချင်း"

ထိုသို့တွေးလိုက်ရင် နေရထိုင်ရအဆင်ပြေသွားသည်။ မြေပြင်ကိုကြည့်ပြီး လက်လျှောက်ရင်း တစ်စုံတစ်ယောက်နဲ့တိုက်မိသွားတာကြောင့် Chanyeol မျက်မှောင်ကျုံ့မိသည်။

"Chan .. Yeol"

အဲ့ဒီတစ်စုံတစ်ယောက်က Baekhyunဆိုတာ သိရတော့ Chanyeolချက်ချင်းပြုံးလိုက်သည်။ အတူစကားပြောနေတုန်း ကြားဖြတ်ရောက်လာတဲ့ ဂျင်ဝူးကြောင့် Chanyeol အံကြိတ်လိုက်မိသည်။

အကြောင်းပြချက်အမျိုးမျိုးဖြင့် Baekhyunအနား သွားကပ်ကြည့်ပေမယ့်လည်း ဂျင်ဝူးကြောင့် ရှုံးနိမ့်ခြင်းနဲ့သာ ကြုံတွေ့ရသည်။ အခွင့်အရေးကောင်းကိုစောင့်ရင်း ဂျင်ဝူးမရှိ‌တဲ့အချိန်မှ Chanyeol ၀ယ်လာတဲ့ ဒိန်ချဉ်ဘူးပေါ်မှာ စာတစ်ချို့ရေးပြီး Baekhyun စားပွဲပေါ်မှာ တင်ထားလိုက်သည်။

Baekhyun သဘောကျမှာပါ။

တစ်ခါတွဲမြင်တိုင်း ပိုပိုရင်းနှီးလာတဲ့ Baekhyunနဲ့ ဂျင်ဝူးကြောင့် Chanyeol နောက်တစ်မျိုးထပ်တွေးကြည့်သည်။ Baekhyun သူငယ်ချင်းတွေနဲ့သာ တွဲမယ်ဆိုရင် Baekhyunအာရုံတွေက Chanyeolဆီ ရောက်လာမလား ?

...

ဆိုယူနဲ့ တွဲကြည့်ပေမယ့် Baekhyunနဲ့အတူရှိချိန်ကလို မခံစားရပါ။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက် ရလိုက်သလိုပဲမလို့ Chanyeol ပျော်ပျော်နေဖြစ်သည်။ အတူစကားပြောနေရင်း လှေကားပေါ်က ပြုတ်ကျသွားတဲ့ Baekhyunကို ထိတ်လန့်စွာဖြင့် ကြည့်နေမိသည်။

Chanyeol ဆင်းသွားဖို့လုပ်တဲ့အချိန် ဂျင်ဝူးရောက်လာတာကြောင့် ဆက်ပြီးမသွားဖြစ်တော့။ ထိုနေရာမှာပဲ ရပ်နေသည်။

"Chanyeol ! Chanyeol !"

"ဟင် ? ဆိုယူ .. ဘာပြောမလို့လဲ"

"ငါ.. ငါတို့ Baekhyunကိုသွားတွေ့ကြရအောင် .. တခြားသူငယ်ချင်းတွေကိုလည်း ခေါ်လိုက်မယ်"

"အင်း .. သွားတွေ့ကြမယ်လေ"

အရင်တစ်ခါ Chanyeolတိုက်တဲ့ ဒိန်ချဉ်ကို ကောင်းကောင်းသောက်တာကြောင့် Chanyeol Baekhyun အတွက် ဒိန်ချဉ်တစ်ကတ်၀ယ်လိုက်သည်။

"Chanyeol အထဲ၀င်ကြရအောင်လေ"

"ဟင့်အင်း ငါမ၀င်တော့ဘူး ဒါကိုနင်၀ယ်လာတယ်ဆိုပြီး ပြောလိုက်"

ပြောပြီး ဒိန်ချဉ်ကတ်ကို ဆိုယူလက်ထဲထည့်ပေးသည်။

"ဟင်.. ဒါပေမယ့် Baekhyunက .."

"ငါသွားပြီ"

ဆိုယူနဲ့တခြား သူငယ်ချင်းတွေ ကြည့်နေကြတယ်ဆိုပေမယ့် Chanyeol ကျောခိုင်းထွက်လာလိုက်သည်။

...

"Baekhyun မပြန်သေးဘူးလား ? တစ်ယောက်ယောက်ကိုစောင့်နေတာလား ?" 

"အင်း ဟုတ်တယ်"

"အဲ့ဒီတစ်ယောက်ယောက်က မဟုတ်မှလွဲရော... ဂျင်ဝူးဆိုတဲ့ တစ်ယောက်လား"

"အင်း ဟုတ်တယ်"

"ဝါး ... ဂျင်ဝူးဆိုမှ ! သူကလေ ငါတို့ကိုသာကောင်းကောင်း မဆက်ဆံတာ နင်နဲ့တော့ ထင်ထားတာထက်တောင် အဆင်ပြေ‌တာပဲနော်"

"နင်တို့သေချာမသိလို့... ဂျင်ဝူးက
ခင်စရာကောင်းတဲ့သူပါ"

"ဟယ် ... နင်ကတော့လေ သူငယ်ချင်းကိုနည်းနည်းလေးတောင် အပြောမခံဘူး"

Baekhyunအပြုံးတွေက ဂျင်ဝူးကြောင့် ဖြစ်တည်လာတာကို Chanyeol သဘောမကျပါ။ အဲ့ဒါက Chanyeolကို မနာလိုဖြစ်စေသည်။ ဆိုယူနဲ့စကားပြောပြီး Chanyeolကို ကြည့်လာတဲ့ Baekhyunကို မျက်နှာတည်လျက်ဖြင့် ပြန်ကြည့်တော့ ချက်ချင်း အကြည့်လွှဲသွားသည်။

"Baekhyun ငါနည်းနည်းနောက်ကျသွားတယ် ဟဲဟဲ"

"မင်း ၁၀မိနစ်တောင်နောက်ကျတယ်"

"စိတ်မဆိုးပါနဲ့ကွာ ... ငါမင်းကိုမုန့်၀ယ်ကျွေးမယ် ဟုတ်ပြီလား"

"ဘာကွ ! မင်းငါ့ကိုကလေး‌ထင်‌နေတာလား"

"လာပါ ကလေးဘတ်ခ်ဟျွန်းနီး ... နောက်ကျတော့မယ်"

"ရားး ဂျင်ဝူး ငါကလေးမဟုတ်ပါဘူးဆို !"

ထိုပုံရိပ်ကိုကြည့်ပြီး Chanyeolကို အံတင်းတင်းကြိတ်ထားမိသည်။

"Chanyeol ..ဘာတွေတွေးနေတာလဲ ပြန်ကြရအောင်လေ"

"အားနာပေမယ့် ဆိုယူ ဒီနေ့တစ်ယောက်တည်းပြန်လိုက်ပါလား .. ငါခေါင်းကိုက်လာလို့"

"အင်း ရပါတယ် .. နင်အဆင်ပြေရဲ့လား"

"အင်း .. ဒါဆိုငါအရင်ပြန်နှင့်မယ်"

..

"Park Chanyeol !"

"ဘာဖြစ်နေတာလဲ ငါ့နာမည်ကိုအော်ခေါ်ရလောက်တဲ့အထိ မင်းနဲ့ငါ ရင်းနှီးလို့လား ?"

"တောက် ! မင်းဘယ်လိုဖြစ်ပြီးလုပ်ရက်ရတာလဲ ! Baekhyunနဲ့ တွဲတုန်းကတွဲပြီး အခုမှလာပြီး ဆိုယူနဲ့ တွဲတယ်တဲ့လား"

"အဲ့ဒီတော့ ဘာဖြစ်လဲ .. ငါ့ဘသာငါ ဘယ်သူနဲ့တွဲတွဲ မင်းနဲ့ဘာဆိုင်လို့လဲ မင်းခွင့်ပြုချက်ကို ယူရမှာလား ?"

"တောက် ! လူမဆန်တဲ့ကောင်"

ဂျင်ဝူးက အရင် Chanyeolကိုဆွဲထိုးသည်။ နာကျင်သွားတဲ့ နှုတ်ခမ်းထောင့်ကိုကိုင်ပြီး Chanyeol
ဂျင်ဝူးကို ပြန်ထိုးသည်။

"မင်းမိဘတွေ ဘယ်မှာလဲ ကျောင်းသား Chanyeol"

"ကျွန်တော့်မှာ မိဘမရှိဘူး ကျောင်းအုပ်ကြီး"

"ကျွန်မသားလေးမှာ အပြစ်မရှိဘူးဆိုတာ သေချာတယ် .. အင်း.. ဆိုဆုံးမမယ့် မိဘတွေမရှိဘူးဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့လေ"

ဂျင်ဝူးအမေအပြောကို Chanyeol ငြိမ်ခံနေလိုက်သည်။ တကယ်လည်း အမှန်တွေပဲမလို့ Chanyeol ပြန်ခံပြောမနေတော့။

"ဘယ်လိုဆက်လုပ်မှာလဲ ကျောင်းအုပ်ကြီးရှင့် .. ကျွန်မ‌ကတော့ ကျွန်မသားလေးကို သူနဲ့တစ်ကျောင်းတည်းမှာ မထားချင်ဘူး"

"ကျောင်းသား Chanyeolက ဆိုးတယ်ဆိုပေမယ့် ပညာရေးမှာထူးချွန်ပါတယ် ကျွန်မတို့ကျောင်းက ကျောင်းသား Chanyeolလို ကျောင်းသားတွေကို လိုအပ်ပါတယ် .. ကျွန်မအနေနဲ့ ကျောင်းသားနှစ်ယောက်လုံးကို ခံ၀န်ကတိလက်မှတ်ထိုးပြီး ဒီပြဿနာကို အဆုံးသတ်လိုက်စေချင်တယ်"

"ကျွန်မ လက်မခံဘူး ကျောင်းအုပ်ကြီး .. ဆရာမက သူ့ကိုကျောင်းမထုတ်ပေးနိုင်ဘူးဆိုရင် ကျွန်မသားကို တခြားကျောင်းပြောင်းမယ် ... ဒီလိုအငွေ့အသက်ဆိုးတဲ့နေရာမှာ ဆက်မထားနိုင်ဘူး"

"ဒါ .. ကျောင်းသားမိဘသဘောပါ"

နောက်ဆုံး ဂျင်ဝူးကိုကျောင်းပြောင်းဖို့ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားသည်။ နောက်နေ့တွေမှာ Baekhyunနဲ့ ဂျင်ဝူးကို တွဲတွေ့ရမှာမဟုတ်တော့တာကြောင့် Chanyeol ပြုံးလိုက်သည်။

အနာခံရတာ တန်ပါတယ်လေ။

——

"ငါနဲ့တွဲမလား ဆယ်ယောင်း"

"အင်း တွဲမယ်"

ဆယ်ယောင်းက ချက်ချင်းလက်ခံလာတာကြောင့် Chanyeol နောက်ခြေလှမ်းက အလိုလိုအောင်မြင်သွားသည်။

"ခဏ .. ဆယ်ယောင်း ငါ၀ယ်စရာရှိသေးလို့ မင်းအရင်သွားနှင့်မလား"

"ရတယ် .. ဒါဆိုငါသွားပြီ"

ဆယ်ယောင်းကိုနှုတ်ဆက်ပြီး ထွက်သွားဖို့အလုပ်
တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်‌နဲ့ စကားပြောနေတဲ့ Baekhyunကိုတွေ့လိုက်ရသည်။
အတူစကားပြောနေရင်း Baekhyunကို လက်တွဲခေါ်သွားတာကို မြင်လိုက်ရတော့ Chanyeol တောက်ခေါက်လိုက်သည်။

ပျော်ရွှင်စွာစက်ဘီးစီးနေကြတဲ့ နှစ်ယောက်သားကို Chanyeol အချိန်အကြာကြီးကြည့်နေမိသည်။ ထူးဆန်းသလိုခံစားနေတဲ့ နှလုံးသားကြောင့် Chanyeol ဆုံးဖြတ်ချက်မှားသွားပြီလားဆိုတဲ့ အတွေးကို ပထမဆုံးအကြိမ်တွေးမိသည်။

...

"Baekhyun ကျောင်းထွက်သွားပြီတဲ့"

"ဘာ ! ဘယ်လို !"

ဆယ်ယောင်းအပြောကို Chanyeol မယုံနိုင်စွာငြင်းဆိုလိုက်သည်။

"မဟုတ်လောက်ပါဘူး .. မနေ့ကတောင် ငါသူ့ကိုတွေ့သေးတယ်"

"ဟုတ်တယ် ကျောင်းထွက်သွားတာ .. ငါလည်းဆက်သွယ်ကြည့်ပေမယ့် ဖုန်းမကိုင်တော့ဘူး ကြည့်ရတာ အားလုံးနဲ့ အဆက်အသွယ်ဖြတ်သွားတာ ထင်တယ်"

ဆယ်ယောင်းပြောတာတွေကို Chanyeol သိပ်မကြားရတော့။ လေဟာနယ်ထဲရောက်သွားသလို ခံစားရပြီး မျက်ရည်ဝဲလာသည်။ ချက်ချင်း Baekhyun အိမ်လိုက်သွားကြည့်တော့လည်း တံခါးပိတ်ထားတာကို တွေ့ရသည်။

တကယ်ပဲ ဆယ်ယောင်းပြောသလို Baekhyunက အားလုံးနဲ့အဆက်အသွယ်ဖြတ်သွားတာလား ?

Baekhyun မရှိတဲ့ဘ၀ကို မတွေးဖူးတာကြောင့် တကယ်တမ်းဖြစ်လာတော့ Chanyeol အရူးတစ်ပိုင်းဖြစ်လာသည်။ ဒီလောက်ကြီးမားလှတဲ့ မြို့ထဲမှာ Chanyeolဘယ်လိုသွားရှာရမလဲ ? ပြီးတော့ .. ပြီးတော့ Baekhyun ရည်းစားရသွားရင်ရော ? Chanyeolကိုမေ့သွားရင် အဲ့ဒီအခါကျ ဘယ်လိုလုပ်ရမှာလဲ ?

အခန်းထောင့်မှာ တစ်ယောက်တည်းထိုင်ပြီး Chanyeol လက်သည်းကိုက်ရင်း တွေးနေမိသည်။ Baekhyunက Chanyeolကို မလိုအပ်တော့တာလား ? ဒါဆို .. ဒါဆို Chanyeol ကရော ..?

ဟိုကြည့်ဒီကြည့်ဖြင့် တလက်လက်တောက်ပနေတဲ့ ဓားဆီ Chanyeol အကြည့်ရောက်သွားသည်။ အဲ့ဒါနဲ့ဆို Chanyeol လွတ်လပ်သွားမယ်ထင်တယ်။ Chanyeol ဖြည်းဖြည်းချင်းလျှောက်သွားပြီး ဓားကိုလှမ်းယူလိုက်သည်။ ဓားကိုခဏစိုက်ကြည့်ပြီးမှ ဘယ်ဘက်‌ လက်ကောက်၀တ်ပေါ် ဓားတင်ပြီး ဖြည်းဖြည်းချင်းလှီးလိုက်သည်။

ရဲရဲတောက်စီးကျလာတဲ့ သွေးကိုကြည့်ရင်း အသိစိတ်မလွတ်ခင် Chanyeol အော်ဟစ်ရယ်သည်။

"လွတ်လပ်သွားပြီ ဟားဟား ! .. ငါလွတ်လပ်တော့မယ်"

စီးကျနေတဲ့သွေးကို လက်ညှိုးဖြင့်တို့ယူပြီး Chanyeol အတွေးထဲစိုးမိုးနေတဲ့ တစ်ယောက်သောသူနာမည်ကို ချရေးလိုက်သည်။

"တကယ်ချစ်မိသွားတာထင်တယ် ... မဟုတ်ဘူး ! ငါဘယ်သူ့ကိုမချစ်ပါဘူး"

သွေးစက်တို့ဖြင့်ရေးထားတဲ့ နာမည်ကို Chanyeol ဖျက်လိုက်သည်။

"Chanyeol .. အမေ့ !! Chanyeol ! ဘယ်လိုဖြစ်ရတာလဲ ! သတိထားပါဦး .. Chanyeol !"

"မီရာ ..ငါ သူ့ကိုမချစ်ဘူး"

"Chanyeol ! သတိထားပါဦး ..
မအိပ်လိုက်နဲ့ .. Chanyeol !"

ချစ်တယ်ဆိုတာ တဖွဖွရေရွတ်ရင်း Chanyeol အိပ်ပျော်သွားခဲ့သည်။ အိပ်မက်ထဲမှာ တွေ့ရင်တော့ တွေ့လောက်ပါရဲ့ ။

Tbc

(Z)

Special Episode - Chanyeol 's POV

ေယာင္းရွင္းအထက္တန္းေက်ာင္း ။

ခံညားထည္ဝါစြာတည္ရွိေနတဲ့ ေက်ာင္းႀကီးကိုၾကည့္ၿပီး Chanyeol ေက်ာင္းထဲ၀င္လာသည္။ ေက်ာင္းထဲ၀င္လာတာနဲ႔ တီးတိုးေျပာေနၾကတဲ့သူ၊ ေပၚတင္တစ္မ်ိဳး ကြယ္ရာတစ္မ်ိဳး ေငးေနၾကတဲ့သူေတြကို Chanyeol ျမင္ေပမယ့္လည္း မျမင္ခ်င္ေယာင္ေဆာင္ကာ တက္ရမယ့္အတန္းဆီကိုသာ တည့္တည့္မတ္မတ္ ေလွ်ာက္လာလိုက္သည္။

"Omo ! Chanyeolပဲ !"

"ဒါဆို ဒီႏွစ္ငါတို႔အတန္းတူတာေပါ့"

တိတ္ဆိတ္ေနတဲ့အတန္းက တစ္ေယာက္တစ္ေပါက္ျဖင့္ ဆူညံသြားတာေၾကာင့္ Chanyeol မ်က္ႏွာတည္ထားလိုက္သည္။ ထိုင္ဖို႔ေနရာရွာရင္း ျပတင္းေပါက္နားမွာ ထိုင္ေနတဲ့ေကာင္ေလးဆီကို Chanyeol အၾကည့္‌ေရာက္ရွိသြားသည္။

သူက Chanyeolကို‌ျမင္ေတာ့ ထိတ္လန႔္သလိုျဖစ္သြားၿပီး ခ်က္ခ်င္းအၾကည့္လႊဲသြားသည္။ Chanyeolလည္း ထပ္မၾကည့္ေတာ့ဘဲ လြတ္ေနတဲ့တစ္ခုံမွာ ၀င္ထိုင္လိုက္သည္။

လိမ္လို႔မရႏိုင္ခဲ့ပါ။ ထိုပုံရိပ္ကို Chanyeol အခ်ိန္အေတာ္အၾကာအထိ ေမ့ပစ္ဖို႔အခ်ိန္ယူခဲ့ရသည္။
ထိုင္ခုံမွာ၀င္ထိုင္တာနဲ႔ သူငယ္ခ်င္းလုပ္ဖို႔လာေျပာၾကတဲ့ အတန္းသားေတြေၾကာင့္ Chanyeol သူ႔ကိုအေတြးထဲ ဆက္ၿပီးမေတြးမိေတာ့ပါ။

နားခ်ိန္မွာ အတန္းထဲကတျခားသူေတြ မရွိေပမယ့္ မနက္က သူ၊ သူငယ္ခ်င္းျဖစ္ပုံရတဲ့ မိန္းကေလးတစ္ေယာက္နဲ႔ Chanyeolသာ အတန္းထဲက်န္‌ခဲ့သည္။ ေကာင္မေလး စကားေျပာေတာ့ သူက ေပ်ာ္႐ႊင္စြာျဖင့္ ျပန္တုံ႔ျပန္သည္။

အသံၾကား႐ုံနဲ႔တင္ သူဘယ္ေလာက္ထိ ေပ်ာ္ေနသလဲဆိုတာ Chanyeolခံစားမိသည္။ ၿပီးေတာ့ .. Chanyeol ေအးခ်မ္းသြားသလိုခံစားရသည္။

ဘုန္း !

အေတြးထဲနစ္ေျမာေနတုန္း တစ္စုံတစ္‌ေယာက္က Chanyeol စားပြဲနဲ႔တိုက္မိသြားတာေၾကာင့္ စားပြဲေပၚက ေဘာပင္အိတ္ျပဳတ္က်သြားသည္။ ေမာ့ၾကည့္လိုက္ေတာ့ သူနဲ႔ ေကာင္မေလးျဖစ္ေနသည္။

မရည္႐ြယ္လိုက္ေပမယ့္ Chanyeolအၾကည့္ေၾကာင့္ ေကာင္မေလးက ထိတ္လန႔္သြားပုံရၿပီး သူလည္း ထိုနည္းတူ။

"ဟို .. ဟို ေတာင္းပန္ပါတယ္ .. မေတာ္တဆျဖစ္သြားတာပါ"

"ငါ .. ငါ ျပန္ေကာက္ေပးမယ္"

ျပဳတ္က်သြားတဲ့ စာအုပ္နဲ႔ေဘာပင္ကို ျပန္ေကာက္ေပးၿပီး ေကာင္မေလးလက္ကိုကိုင္ၿပီး ထြက္သြားတဲ့သူ။ သူေကာက္ေပးသြားတဲ့ ‌စာအုပ္နဲ႔ေဘာပင္အိတ္ကို Chanyeol စိုက္ၾကည့္ေနမိသည္။

"မသိရင္ ေကာင္မေလးကိုကာကြယ္ေပးတဲ့ သူလိုပဲ .. ဟက္ !"

ေလွာင္သလိုမ်ိဳးေျပာလိုက္ေပမယ့္ သိသိသာသာပင္ Chanyeol အသက္ရႉျမန္ေနခဲ့သည္။

ကန္တင္းထဲ၀င္လာေတာ့ မုန႔္မွာၿပီး ထိုင္ဖို႔ေနရာရွာေတာ့ Chanyeol ျမင္ကြင္းထဲ ထင္းကနဲေပၚလာတဲ့ သူ႔ကိုေတြ႕လိုက္ရသည္။ သူ႔အနားမွာ ေကာင္မေလးတစ္ခ်ိဳ႕ကိုလည္း ေတြ႕ရသည္။ အေတြးကေနာက္မွ Chanyeolေျခလွမ္းေတြက ထိုဝိုင္းဆီဦးတည္သြားသည္။

"Knock Knock"

စကားေျပာေနၾကတာကို ရပ္တန႔္ၿပီး Chanyeolကိုျမင္ေတာ့ အားလုံးမ်က္ႏွာမွာ အံ့ဩမႈေတြက အတိုင္းသားပင္။

"Chan .. Chanyeol"

သူ႔ႏႈတ္ဖ်ားကေန Chanyeolနာမည္ၾကားရတာနဲ႔ ႏွလုံးခုန္ျမန္လာသည္။ ‌နဖူးထိပ္က ေခြၽးစေတြထြက္လာၿပီး Chanyeol ေသခ်ာမၿပဳံးႏိုင္ေတာ့တဲ့အထိျဖစ္လာသည္။

"မင္းတို႔နဲ႔ သူငယ္ခ်င္းလုပ္လို႔ရလား"

သူ႔ကိုမၾကည့္ဘဲ က်န္တဲ့သူေတြကိုၾကည့္ကာ Chanyeol ေမးလိုက္သည္။ သူက Chanyeolအတြက္ အႏၲရာယ္တစ္ခုလိုပဲ။ Chanyeol သူ႔ကိုမၾကည့္မိေအာင္ေနၿပီး ေနရာအလြတ္မွာ၀င္ထိုင္လိုက္သည္။

အားလုံးကေဖာ္ေ႐ြၾကသည္။ တစ္ေယာက္ကေန ဦးေဆာင္ၿပီး သူတို႔နာမည္ေတြကို မိတ္ဆက္ေပးလာသည္။ ထိုအခါမွ သူ႔နာမည္က Baekhyunဆိုတာ သိရၿပီး အားလုံးကေပါင္းလာတာၾကာၿပီျဖစ္တဲ့ သူငယ္ခ်င္းေတြဆိုတာ သိလိုက္ရသည္။

Baekhyun က‌စကားနည္းတဲ့သူလားေတာ့ Chanyeol မေျပာတတ္ပါ။ Chanyeolတို႔စကားဝိုင္းမွာ သူလုံး၀၀င္မပါဘဲ တစ္ေယာက္တည္း မုန႔္စားေနသည္။

တကယ္ပဲ .. ဘယ္လိုေလးပါလိမ့္ ?

"ငါ သန႔္စင္ခန္း၀င္ၿပီး အတန္းထဲ၀င္ေတာ့မယ္"

႐ုတ္တရက္ႀကီး ထရပ္လိုက္တဲ့ Baekhyunကို Chanyeol ၾကည့္မိသြားသည္။ ထူးဆန္းစြာျဖင့္ Baekhyun မ်က္ရည္ဝဲေနသည္။ နားမလည္တာေၾကာင့္ မ်က္ေမွာင္က်ဳံ႕စဥ္းစားေနတုန္းမွာ Baekhyun ထြက္သြားေလသည္။

"သူက အၿမဲအဲ့ဒီလိုပဲလား"

"ဘယ္သူလဲ .. Baekhyunလား မဟုတ္ပါဘူး .. သူကတကယ္ဆို ငါတို႔အားလုံးထဲမွာ ေပ်ာ္ေပ်ာ္ေနတတ္ဆုံးပဲ ! ေနမေကာင္းျဖစ္ခ်င္ေနတယ္ထင္တယ္ .."

"အာ .. ငါ သန႔္စင္ခန္းသြားမလို႔ ..
အရင္ထႏွင့္မယ္"

"အင္း .. အင္း"

အေပါ့မသြားခ်င္ေပမယ့္ Chanyeol သန႔္စင္ခန္းဆီေရာက္ႏွင့္ေနၿပီးျဖစ္သည္။ ေဘစင္က ေရသံေတြၾကားရေတာ့ အထဲမ၀င္ဘဲ ထိုေနရာမွာ ရပ္ေနလိုက္သည္။

ခဏအၾကာ ေရသံထပ္မၾကားရေတာ့ဘဲ ေျပာင္ရွင္းေနတဲ့ မ်က္ႏွာေလးျဖင့္ Baekhyun Chanyeolကို ေမာ့ၾကည့္လာသည္။ ဒါေပမယ့္ စကားတစ္ခြန္းေတာင္မေျပာဘဲ လွည့္ထြက္သြားဖို႔လုပ္သည္။

ေဒါသထြက္သြားတာေၾကာင့္ Baekhyun လက္ကို ဖမ္းဆြဲၿပီး နံရံမွာကပ္ထားလိုက္သည္။ ၾကည္လင္ေနတဲ့ Baekhyunမ်က္ႏွာကို အနီးကပ္ျမင္ရေတာ့ ေဒါသေတြက ေလထဲေပ်ာက္ကြယ္သြားသည္။

အခ်ိန္တစ္ခုအထိ စိုက္ၾကည့္ရင္း Chanyeol Baekhyunကို စကားတစ္ခြန္းခြန္းေျပာဖို႔ စဥ္းစားသည္။

"ငါနဲ႔တြဲၾကရေအာင္"

'ဘာလို႔ ငါနဲ႔စကားမေျပာတာလဲ' လို႔ ေတြးထားမိေပမယ့္ တကယ္တမ္း Chanyeol ထုတ္ေျပာမိလာတာက တျခားတစ္ခု။

Chanyeol ဘယ္လိုျဖစ္သြားတာလဲ ? ႐ူးသြားတာလား ? ပထမဆုံးေတြ႕ဖူးတဲ့သူကို တြဲၾကမယ္လို႔ ေျပာလိုက္တယ္တဲ့လား ? သူကေရာ.. လက္ခံမယ္ထင္ေနလို႔လား ?

စိတ္ရႈပ္ေထြးစြာျဖင့္ မ်က္ႏွာတည္သြားၿပီး Baekhyunကို တစ္ဖန္ျပန္ၾကည့္လိုက္သည္။ ပတ္၀န္းက်င္ကလည္း တိတ္ဆိတ္ေနၿပီး ေက်ာခ်မ္းစရာအတိပင္။

ဒါေပမယ့္ Chanyeol ေနာက္ဆုတ္ဖို႔ေတာ့မရွိ။ Baekhyun လက္ခံလာေအာင္ မရရေအာင္ေျပာမယ္ဆိုတဲ့ အေတြးကလည္း ရွိေနသည္။

"ငါနဲ႔တြဲမလား"

ေနာက္တစ္ႀကိမ္ ထပ္ေမးေတာ့ Baekhyun ပိုၿပီးတုန္လႈပ္သြားပုံရသည္။ ေမးမိတာမွားၿပီလားေတာင္ Chanyeol ေတြးမိသည္။

"Chanyeol .. မင္း"

"က်စ္ ! ငါ့မွာအခ်ိန္မရွိဘူး ျမန္ျမန္ေျဖ"

မရဲတရဲျဖင့္ ေမာ့ၾကည့္လာၿပီး ခ်က္ခ်င္းမ်က္လုံးစုံမွိတ္လိုက္တဲ့ Baekhyunကို Chanyeol သတိလက္လြတ္ေငးေနမိသည္။

ေၾကာက္လန႔္ေနပုံရတဲ့ Baekhyunကိုၾကည့္ၿပီး Chanyeol အသံတိတ္သက္ျပင္းခ်မိသည္။ ေက်ာခိုင္းဖို႔အလုပ္ Baekhyunဆီက ၾကားလိုက္ရတဲ့ စကားတစ္ခြန္း။

"တြဲမယ္ !"

မထင္မွတ္ထားတဲ့ အေျဖေၾကာင့္ Chanyeol ခႏၶာကိုယ္မတ္လိုက္မိသည္။ တစ္ကိုယ္လုံးတုန္လႈပ္လာၿပီး အသက္ရႉမ၀ျဖစ္လာသည္။ ထပ္ၿပီး‌ဒီမွာထပ္ေနဖို႔ မျဖစ္ေတာ့တာေၾကာင့္ ေက်ာခိုင္းၿပီး ထြက္လာလိုက္သည္။

——

ပထမေန႔ ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ Chanyeol ညကေတာ္႐ုံနဲ႔အိပ္မေပ်ာ္ခဲ့။ အိပ္ရာေစာေစာထၿပီး ျပင္ဆင္ေနရင္း Baekhyunကိုသြားေခၚသင့္ မေခၚသင့္ကို ေတြးမိသြားသည္။

"သြားေခၚရင္ ေကာင္းမလား ... ဒါေပမယ့္ ! ဒါေပမယ့္ ငါမွသူ႔အိမ္မသိတာကို .."

သြားေခၚဖို႔ကို လက္ေလွ်ာ့ၿပီး Chanyeol ေက်ာင္းကိုသာ ဦးတည္လိုက္သည္။ Chanyeolအေနနဲ႔ လုပ္ဖို႔အလုပ္တစ္ခုက်န္ေသးသည္။

"ဟဲ့ တကယ္ႀကီးလား ? Chanyeolက .. လက္ရွိတြဲေနတဲ့ေကာင္မေလးကို ျဖတ္လိုက္ၿပီတဲ့"

"ဒါဆို .. အသစ္တြဲတဲ့သူမ်ားရွိေနတာလား ?"

စသျဖင့္ ‌‌တစ္ေယာက္ၿပီးတစ္ေယာက္ မ႐ိုးရေအာင္ အထူးအဆန္းလုပ္ေျပာေနတာေၾကာင့္ Chanyeol မ်က္ႏွာမဲ့လိုက္သည္။ Chanyeolတြဲေနတဲ့သူက ေယာက္်ားေလးတစ္ေယာက္သာဆိုရင္ ဘယ္လိုမ်ားျဖစ္ပ်က္သြားၾကမလဲ ?

ခ်က္ခ်င္းေခါင္းခါလိုက္သည္။ ထုတ္ေျပာဖို႔အေတြး Chanyeolမွာမရွိပါ။ ဒီအတိုင္း ခဏတာတြဲျခင္းပင္။ အခ်စ္ဆိုတဲ့အရာကို Chanyeol
မယုံၾကည္သလို ကိုယ္တိုင္ကလည္း ခ်စ္ဖို႔ႀကိဳးစားမွာမဟုတ္။

အတန္းထဲ၀င္လာေတာ့ Chanyeol တစ္စုံတစ္ခုကို ေတြးမိသြားသည္။ ခ်က္ခ်င္းပဲ ယူဟြၽန္းကို ေနရာလဲေပးဖို႔ေျပာေတာ့ သူကလက္ခံေပးသည္။ Chanyeol စားပြဲရဲ႕ ေဘးတစ္ခုံေက်ာ္မွာ Chanyeol၀င္ထိုင္ၿပီး လြတ္ေနတဲ့ ထိုစားပြဲကို ေငးၾကည့္မိသည္။

ေဘးခ်င္းကပ္ထိုင္ဖို႔အထိေတာ့ Chanyeol မရဲေသးပါ။ Baekhyun အနားေရာက္သြားရင္ အသက္ရႉမ၀သလိုျဖစ္ ျဖစ္သြားတာေၾကာင့္ Chanyeolအတြက္ အဆင္မေျပပါ။

တင္း တင္း !

"Baekhyun ကန္တင္းသြားၾကရေအာင္ေလ"

"ငါ အိမ္စာလုပ္ေနလို႔ မလိုက္ျဖစ္ေတာ့ဘူး ဆိုယူ"

ဆိုယူနဲ႔ Baekhyun စကားေျပာေနၾကတာကို Chanyeol ၾကားေနရသည္။ ဒါေပမယ့္ စကားေျပာေနၾကတာကို ၀င္မပါဘဲ Chanyeol စာလုပ္ခ်င္ဟန္ေဆာင္ေနလိုက္သည္။

ခဏအၾကာ ဆိုယူထြက္သြားေတာ့

"Chanyeol"

Chanyeol Baekhyunကိုၾကည့္ၿပီး ေမးဆတ္ျပလိုက္သည္။

"ေက်ာင္းဆင္းရင္ အတူျပန္ၾကမလား"

ဘာျပန္ေျပာရမလည္းဆိုတာ Chanyeolမသိ။ အရင္ႀကဳံဖူးခဲ့ေပမယ့္ ထိုအခါကအၿပဳံးျဖင့္ ျပန္ၾကမယ္လို႔သာ ေျပာခဲ့သည္။ အခုအေျခအေနက မတူ ..။ Baekhyunေရွ႕ေရာက္ရင္ ေျပာစရာစကား တစ္ခြန္းမွထြက္မလာတာေၾကာင့္ ပထမဆုံးအႀကိမ္ Chanyeol ကိုယ့္ကိုယ္ကိုယ္ စိတ္ပ်က္မိသည္။

"ခုဏစကားကိုေမ့လိုက္ေတာ့ .. ငါကဒီအတိုင္းေမးၾကည့္တာ"

ခ်က္ခ်င္း ေျပာင္းလဲသြားတဲ့ Baekhyunကို Chanyeol ဘာဆက္လုပ္ရမွန္းမသိျဖစ္လာသည္။ ျပန္ၾကမယ္လို႔ေျပာရမလား ဒါမွမဟုတ္ ခုဏအျပဳအမူအတြက္ ေတာင္းပန္တယ္လို႔ ေျပာရမလား  ?

ဟုတ္တယ္ ! ေတာင္းပန္ၿပီး အတူျပန္ၾကမယ္လို႔ Chanyeol ေျပာရမည္။ အႀကံတစ္ခုစဥ္းစားမိသြားတာေၾကာင့္ ခ်က္ခ်င္းထကာ အတန္းထဲကထြက္လာလိုက္သည္။

ဆိုယူတို႔ဆီက Baekhyunက
စေတာ္ဘယ္ရီကိတ္ ႀကိဳက္တယ္ဆိုတာ ၾကားထားေတာ့ ကန္တင္းထဲ၀င္ကာ Baekhyunအတြက္ စေတာ္ဘယ္ရီကိတ္ ၀ယ္လိုက္သည္။

စေတာ္ဘယ္ရီကိတ္ကို လက္မွာကိုင္ရင္း အတန္းထဲ၀င္ဖို႔လုပ္ေတာ့ Chanyeolေရွ႕ ဂ်င္ဝူးက ေရာက္ႏွင့္ေနၿပီျဖစ္သည္။ စကားေျပာရတာ ေပ်ာ္႐ႊင္ေနပုံရသည္။

"ဟက္ !"

လက္ထဲက စေတာ္ဘယ္ရီကိတ္ကိုၾကည့္ၿပီး Chanyeol အနားမွာရွိတဲ့ အမႈိက္ပုံးထဲပစ္ထည့္လိုက္သည္။
မြန္းၾကပ္လာတာေၾကာင့္ Chanyeol ေလေကာင္းေလသန႔္ရႉမွ ျဖစ္ေတာ့မည္။ 

ေက်ာင္းဆင္းၿပီဆိုတာနဲ႔ Chanyeolကို တစ္ခ်က္ကေလးေတာင္ မၾကည့္သြားတဲ့ Baekhyun ကို အံ့ဩမိသည္။ လြယ္အိတ္ကိုေဘးတစ္ေစာင္းလြယ္ၿပီး ဘာရယ္မဟုတ္ Chanyeol Baekhyun ေနာက္ကေန လိုက္သြားလိုက္သည္။

Baekhyun ဦးတည္သြားတဲ့ေနရာက Bus မွတ္တိုင္ဆီ။ Busမွတ္တိုင္မွာ သိပ္မေစာင့္လိုက္ရဘဲ ခဏအၾကာ ကားေရာက္လာေတာ့ ေရွ႕ကေန ေျပးတက္သြားသူကို မ်က္လုံးကအေပ်ာက္မခံခ်င္တာေၾကာင့္ Chanyeol ကားေပၚတက္သြားလိုက္သည္။

အေႂကြေစ့ထည့္ၿပီး Baekhyunေဘးမွာ ၀င္ထိုင္ေတာ့ အံ့ဩတႀကီးျဖင့္ Chanyeolနာမည္ကို ေခၚလာသည္။ တစ္ခ်က္ကေလးသာၾကည့္ၿပီး ခပ္တည္တည္ျဖင့္ Chanyeol ေရွ႕ကိုသာၾကည့္ေနလိုက္သည္။

"Chanyeol ဂ်င္ဝူး ေမြးေန႔ပြဲကို သြားမွာလား"

"မသြားဘူး"

ဂ်င္ဝူးနဲ႔ Baekhyunက ဘယ္တုန္းက ဒီေလာက္ေတာင္ရင္းႏွီးသြားတာလဲ ? မနာလိုျဖစ္မိတာေၾကာင့္ Chanyeol ခပ္တန္းတန္းေျဖလိုက္မိသည္။ ဂ်င္ဝူးက Chanyeolနဲ႔ Baekhyun တြဲေနတယ္ဆိုတာ သိရက္နဲ႔ ဘာလို႔မ်ား Baekhyunအနားမွာ ေကာ္လိုပူးကပ္ေနရတာလဲ ?

တစ္ဖန္ ေဘးလွည့္ၾကည့္ေတာ့ Chanyeolကိုၿပဳံးျပေနတဲ့ Baekhyunအၿပဳံးကိုၾကည့္ၿပီး

"အၿမဲၿပဳံးေနရေအာင္ အ႐ူးလား"

"ဘာလို႔လဲ Chanyeolက သေဘာမက်ဘူးလား"

"..."

Chanyeolက သေဘာမက်ဘူးလားဆိုတာထက္ Chanyeolတစ္ေယာက္တည္းကိုပဲ ၿပဳံးျပတာဆိုရင္ ေပ်ာ္မိမွာအမွန္ပဲ။ ဒီတစ္ခါမွာေတာ့ Chanyeol Baekhyunအနားမွာရွိေနရတာ အဆင္မေျပျဖစ္လာသည္။ မအီမသာျဖစ္လာသည္။

Chanyeolကိုေက်ာခိုင္းသြားတဲ့ ေက်ာျပင္ကို‌ ေငးၾကည့္ေနရင္း Baekhyun လွည့္ၾကည့္လာတာေၾကာင့္ Chanyeol ေယာင္ရမ္းၿပီး ဆက္ၾကည့္ေနမိသည္။

"ဂ်င္ဝူးအတြက္ ေမြးေန႔လက္ေဆာင္သြား၀ယ္မလို႔ လိုက္ခဲ့ေပးမလား"

".. ရတယ္ .. ငါတစ္ေယာက္တည္း'

အ‌ေၾကာင္းျပခ်က္ေခါင္းစဥ္က ဂ်င္ဝူးဆိုတာကို Chanyeol သေဘာမက်ေပမယ့္ Baekhyunကိုေတာ့ ေခါင္းၿငိမ့္ျပလိုက္သည္။

"လိုက္ခဲ့မယ္"

ခ်က္ခ်င္းၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖစ္သြားတဲ့ Baekhyunကို Chanyeol မသိမသာျဖင့္‌ခိုးၾကည့္လိုက္သည္။ ဒီေလာက္အထိၿပဳံးရမယ္လို႔ ဘယ္သူမ်ားေျပာထားေလသလဲ ?

"Chanyeolနဲ႔ ဂ်င္ဝူးက သူငယ္ခ်င္းဆိုေတာ့ ဂ်င္ဝူးဘာႀကိဳက္တတ္လည္း သိတယ္မလား ... သူကဘယ္လိုမ်ိဳး ႀကိဳက္တတ္လဲ"

"သူကအကုန္ႀကိဳက္တယ္"

"ဟမ္ ..?"

"ငါ အျပင္မွာေစာင့္ေနမယ္"

ဆက္မေနခ်င္ေတာ့တာေၾကာင့္ Chanyeol အျပင္ထြက္လာလိုက္သည္။ အျပင္ေရာက္တာနဲ႔ ေဆာင္ထားေလ့ရွိတဲ့ လက္ကိုင္ပုဝါကိုထုတ္ၿပီး နဖူးထိပ္မွာ ကပ္ညႇိေနတဲ့ ေခြၽး‌စက္ေတြကိုသုတ္လိုက္သည္။

Airconအျပည့္တပ္ထားတဲ့ ဆိုင္ငယ္ေလးျဖစ္ေပမယ့္ Chanyeolကေတာ့ ေခြၽးထြက္တဲ့အထိ ပူေနၿပီး အသက္ရႉမ၀ျဖစ္လာသည္။ အထူးသျဖင့္ ... Baekhyunအေၾကာင္းကိုေတြးမိရင္ ပိုၿပီးသိသာသည္။

မဟုတ္မွလြဲေရာ .. Chanyeolမွာ ေရာဂါတစ္ခုခုမ်ားရွိေနတာလား ?

"ဒါ မင္းအတြက္ေမြးေန႔လက္ေဆာင္"

Chanyeol အနားေရာက္လာၿပီး ဂီတာပုံ ကီးခ်ိန္းေလးကို ေပးလာတဲ့ Baekhyunကို Chanyeol ၾကည့္ေနမိသည္။

"ငါ့ေမြးေန႔မွ မဟုတ္တာ"

"ယူလိုက္ပါကြာ .. ဒီအတိုင္းေပးတာ"

မရရေအာင္ အတင္းေပးေတာ့ Chanyeol ယူလိုက္သည္။ ကီးခ်ိန္းကိုၾကည့္ေနရင္း

"ဒါဆို ငါျပန္ေတာ့မယ္ .. မင္းလည္းဘယ္မွမ၀င္ဘဲ အိမ္တန္းျပန္ေတာ့ေနာ္" 

လွစ္ကနဲေျပးထြက္သြားတဲ့ Baekhyunကိုၾကည့္ၿပီး Chanyeol အသံထြက္ရယ္လိုက္မိသည္။ ေသာ့ခ်ိတ္ကို လြယ္အိတ္ထဲေသခ်ာသိမ္းၿပီး မျပတ္သားတဲ့အေတြးေတြအတြက္ ျပတ္သားတဲ့အေျဖရွာဖို႔အတြက္ Chanyeol တစ္ေနရာကိုသြားရမည္။

"Philophobia ( fear of love ) ဆိုတဲ့ေရာဂါကို ခံစားေနရတာပါ"

"ဗ်ာ !"

"လကၡဏာေတြက အဲ့ဒီေရာဂါကို ရည္ၫႊန္းေနပါတယ္ ျဖစ္ႏိုင္ေခ် 99.99 % ရွိပါတယ္"

"..."

"ခ်စ္ဖို႔ေၾကာက္တာ၊ အခ်စ္‌အေၾကာင္းေတြးမိတာနဲ႔ အသက္ရႉမ၀ျဖစ္လာတာ၊ ေခြၽးထြက္လာတာ၊ ႏွလုံးခုန္ႏႈန္းျမန္လာတာ၊ မအီမသာျဖစ္တာ အဲ့ဒါေတြက Philophobia symptomsေတြပါ"

"ဒါေပမယ့္ ေၾကာက္စရာမလိုပါဘူး .. မင္းစိတ္ကိုတြန္းလွန္ႏိုင္တဲ့တစ္ေန႔ မင္းအဆင္ေျပသြားမွာပါ .. ဆရာမေျပာခ်င္တာတစ္ခုက မင္းကိုစိတ္ရႈပ္ေစတဲ့အရာကေန ေဝးေဝးေနပါ .. သိပ္လည္းအေတြးမမ်ားပါနဲ႔ .. ဒါနဲ႔မင္းအသက္က.."

"15ႏွစ္ပါ"

"ငယ္ေသးတာပဲ .. ငယ္ေသးေတာ့ ပိုၿပီးေတာင္တြန္းလွန္ႏိုင္မွာပါ .. မင္းဒီအေတြးေတြကို ဖယ္ရွားေပးႏိုင္မယ့္ သူတစ္ေယာက္ရွိလာမယ္ဆိုတာကို ဆရာမယုံၾကည္တယ္ .. အဆင္ေျပမယ္ဆိုရင္ မင္းမိဘေတြနဲ႔ ဆရာမ အဆက္အသြယ္လုပ္ခ်င္တယ္"

"မရွိေတာ့ပါဘူး"

"ရွင္ .. ဒါေပမယ့္"

"ကြၽန္ေတာ့္ကိုမလိုအပ္တဲ့ သူ‌တို႔လိုပဲ.. ကြၽန္ေတာ္လည္း သူတို႔ကိုမလိုအပ္ပါဘူး .. ကြၽန္ေတာ္ တစ္ေယာက္တည္းရွိေနရင္ အဆင္ေျပပါၿပီ ကြၽန္ေတာ္ေသာက္ရမယ့္ေဆးရွိရင္ ၫႊန္းေပးပါ ဆရာမ .. ကြၽန္ေတာ္ျပန္ခါနီး ၀ယ္သြားလိုက္ပါမယ္"

"အာ .. ဟုတ္ၿပီ ဆရာမေရးေပးလိုက္ပါမယ္"

အေရးမပါတဲ့အတိတ္အေၾကာင္းကို အေရးတယူလုပ္ၿပီး Chanyeol ေတြးမေနေတာ့။ Chanyeol အနားမွာမရွိတာေတာင္ စိတ္ဒုကၡေပးႏိုင္လြန္းတဲ့ မိဘ‌ဆိုတဲ့သူေတြကို Chanyeol သိပ္မုန္းပါသည္။

——

အိမ္ျပန္ေရခ်ိဳးၿပီးတဲ့ေနာက္ Chanyeol သည္းမခံႏိုင္ေတာ့။
မေနႏိုင္ဘဲ ဂ်င္ဝူးေမြးေန႔ပြဲက်င္းပရာ ၿခံေရွ႕ဆီ Chanyeol ေရာက္လာသည္။ အထဲ၀င္ဖို႔ေတာ့ မႀကိဳးစားဘဲ အျပင္ကေန Baekhyunကိုရွာၾကည့္လိုက္သည္။

အခ်ိန္တစ္ခုအထိ ရွာၾကည့္ေပမယ့္ အရိပ္မေယာင္မ‌‌ေတြ႕ရတာေၾကာင့္ လက္ေလွ်ာ့ၿပီးျပန္ဖို႔အလုပ္ ေအာ္ဟစ္သံေတြကို ဆက္တိုက္ၾကားရသည္။

"Chanyeol !"

"Chan .. Chanyeol"

တစ္စုံတစ္ေယာက္က Chanyeolနာမည္ကို ဆက္တိုက္ေခၚေနတာကို ၾကားေနရသည္။ စိတ္ေလးလံလာတာေၾကာင့္ အသံလာရာ ထိုေနရာဆီ Chanyeol ေျပးသြားလိုက္သည္။ ျမင္လိုက္ရတဲ့ ထိုျမင္ကြင္းက Chanyeolကို ေသြးတက္ေစသည္။

ခ်က္ခ်င္း Baekhyunအေပၚကေန အုပ္မိုးထားတဲ့ ဂ်င္ဟာကို တြန္းဖယ္ကာ Baekhyunကို လက္တြဲေပးၿပီး မတ္တပ္ရပ္ေစလိုက္သည္။

"Chanyeol"

"ဘာမွစိတ္မပူနဲ႔ ငါေရာက္လာၿပီ .. ငါေရာက္လာၿပီမလို႔ ေၾကာက္စရာမလိုေတာ့ဘူး" 

အားကိုးတႀကီးဖက္လာတဲ့ Baekhyunကိုတြန္းဖယ္ဖို႔ မႀကိဳးစားဘဲ ဒီအေျခအေနကို လက္ခံႏိုင္ေအာင္ ႀကိဳးစား‌ၾကည့္သည္။ ဆက္တိုက္ငိုေနတဲ့ Baekhyun ပုခုံးကို အသာေလးပုတ္ေပးၿပီး Baekhyunကိုထိတဲ့ သူေတြကို‌ေတးထားလိုက္သည္။

ဘယ္သူ႔ကို အလြတ္ေပးမွာမဟုတ္လို႔ !

..

"ဒါဆို အေလာင္းအစားကို ငါႏိုင္သြားတယ္ဆိုေတာ့ ငါခိုင္းတာမင္းလုပ္ရမယ္"

Chanyeol မဲ့ျပလိုက္သည္။ ႐ုတ္တရက္ႀကီး ေရာက္လာၿပီး အေလာင္းအစားလုပ္ရေအာင္ဆိုကတည္းက တစ္ခုခုေတာ့မူမမွန္တာ Chanyeol သိေနသည္။

"ေျပာေလ ငါဘာလုပ္ရမွာလဲ"

"Baekhyunကို ခ်စ္တယ္လို႔ေျပာရမယ္"

ဂ်င္ဝူးကို Chanyeol စူးစိုက္ၾကည့္လိုက္သည္။ သူအခု ဘာေျပာေနလဲဆိုတာေရာ သိရဲ႕လား ?

"မင္းဘာေျပာေနလဲဆိုတာေရာ မင္းသိရဲ႕လား !"

"ငါအကုန္သိတယ္ Chanyeol ! မင္းနဲ႔ Baekhyun တြဲေနတာကိုလည္း ငါသိတယ္ ! Baekhyunကို မင္းကစားေနတယ္ဆိုတာလည္း ငါသိတယ္ ! ငါအားလုံးသိတယ္ ..! မင္းကစားတာကိုခံေနရတဲ့ ငါ့သူငယ္ခ်င္းကို သိပ္သနားတာပဲ !"

"မင္း ဘာေတြလာေျပာေနတာလဲ !"

"ငါေျပာတာေတြ တစ္ခုမွအမွားမပါဘူး Chanyeol .. မင္းတကယ္မခ်စ္ရင္ေတာင္ ငါ့သူငယ္ခ်င္းစိတ္ခ်မ္းသာေအာင္ လုပ္ေပးသင့္တယ္ ! သူေပ်ာ္တာကိုျမင္မွ ငါခိုင္းတာလုပ္ၿပီးၿပီလို႔ သတ္မွတ္မယ္"

Chanyeol လက္သီးတင္းတင္းဆုပ္ထားမိသည္။ အရာအားလုံးသိေနတဲ့ ဂ်င္ဝူးကို Chanyeol မေက်နပ္ပါ။ အထူးသျဖင့္ ေမတၱာရွင္ႀကီးလို လုပ္သြားတာ လုံး၀သေဘာမက်ပါ။

ဂ်င္ဝူးေျပာသလို Chanyeol Baekhyunကို ကစားေနမိတာလား ? Baekhyunက Chanyeolေၾကာင့္ စိတ္ညစ္ေနရတာလား ?

"တကယ္ပဲ ငါမင္းကို စိတ္ဒုကၡေတြေပးေနမိတာလား ?"

——

အတန္းထဲဘယ္သူမွမရွိေတာ့တဲ့အခ်ိန္ တစ္ရႉးစေပၚမွာ 'ငါမင္းကို သိပ္ခ်စ္တယ္' လို႔ေရးၿပီး တစ္ရႉးစကိုေခါက္ကာ Baekhyun စာအုပ္ၾကားထဲထည့္လိုက္သည္။ ခဏအၾကာ သူငယ္ခ်င္းေတြနဲ႔ Baekhyun ေရာက္လာၿပီး ထိုစာအုပ္ကိုဖြင့္‌ေတာ့ တစ္ရႉးစကို ေတြ႕သြားသည္။

တကယ္ကို ေပ်ာ္႐ႊင္သြားတဲ့ Baekhyunကိုၾကည့္ၿပီး Chanyeol ၿပဳံးလိုက္မိသည္။ အတုအေယာင္ဆိုေပမယ့္ Baekhyun စိတ္ခ်မ္းသာမွာပါ။

ဒီေန႔မွာလည္း Baekhyunနဲ႔အျပင္သြားဖို႔ကို Chanyeol လက္ခံလိုက္သည္။ တစ္ခါမွမေရာက္ဖူးတဲ့ေၾကာင့္ စိတ္က်ဥ္းက်ပ္သလိုျဖစ္ေပမယ့္ ၾကည့္လိုက္တိုင္း ၿပဳံးျပလာတဲ့ Baekhyunေၾကာင့္ Chanyeol အဆင္ေျပပါသည္။

တစ္ခါတစ္ခါ လက္ခ်င္းတိုက္သလိုျဖစ္သြားရင္ Baekhyunက ျပာျပာသလဲျဖင့္ လက္႐ုတ္သြားသည္။ Chanyeol အတြက္လည္း အဆင္မေျပတာေၾကာင့္ အေရးတယူလုပ္ၿပီး ေျပာမေနေတာ့။

မုန႔္စားၿပီး ဗိုက္ျပည့္သြားတာေၾကာင့္ Chanyeol အေၾကာဆန႔္လိုက္သည္။ ျပန္ဖို႔ Baekhyunကို ေခၚဖို႔အလုပ္ သူ႔အၾကည့္ေတြကိုဆြဲေဆာင္ထားတဲ့ အရာကို Chanyeolပါ လိုက္ၾကည့္ၾကည့္သည္။

"လိုခ်င္လို႔လား"

"ဟင္ ..?"

"ငါ ၀ယ္ေပးမယ္"

".. ရ .. ရပါတယ္ .. ငါကဒီအတိုင္း သေဘာက်လို႔.."

လိုခ်င္ေနတာ အသိသာႀကီးမလို႔ Chanyeol Baekhyunကိုမေစာင့္ဘဲ အလွဆုံးျဖစ္တဲ့ စုံတြဲလက္စြပ္ကို ၀ယ္ယူလိုက္သည္။ လက္စြပ္ဘူးထဲက လက္စြပ္အႀကီးကို Chanyeol ယူၿပီး ဘူးနဲ႔လက္စြပ္အေသးကို Baekhyun လက္ထဲထည့္ေပးလိုက္သည္။

"ေက်းဇူးတင္ပါတယ္"

အၿပဳံးျဖင့္‌ ေက်းဇူးတင္စကားဆိုတဲ့ Baekhyunကို တစ္ခဏေလးၾကည့္ၿပီး အၾကည့္လႊဲလိုက္သည္။ 

"မလိုပါဘူး .. မင္းလည္းတစ္ေခါက္ ေသာ့ခ်ိတ္၀ယ္ေပးေသးတယ္မလား ဒါနဲ႔ ေခ်လိုက္"

ပုတ္သင္ညိဳလို ဆက္တိုက္ေခါင္းၿငိမ့္ျပေနတဲ့ Baekhyunေၾကာင့္ တစ္ဖက္လွည့္ၿပီး ၿပဳံးမိတဲ့အထိပင္။ ဒီေလာက္ဆို လႊတ္ေပးလိုက္ဖို႔ လုံေလာက္ပါသည္။

——

"Chanyeol ငါ့ကိုအမွတ္တရစာေလး ေရးေပးမလား"

ဆိုၿပီး Highlightကိုလွမ္းေပးတာေၾကာင့္ ယူၿပီး Baekhyun အက်ႌေကာ္လံစကိုဟကာ စာတစ္ခ်ိဳ႕ေရးေပးလိုက္သည္။

"ရၿပီ"

"ေက်းဇူး .. ငါလည္းမင္းကိုေရးေပးလို႔ရမလား"

"အင္း"

ေၾကာက္႐ြံ႕စိတ္ျဖစ္တည္လာေပမယ့္ အၿပဳံးမပ်က္ေနရင္း စာေရးၿပီးတဲ့အထိ ေစာင့္လိုက္သည္။

"ရၿပီ Chanyeol"

"အင္း" 

"Chanyeol .. ႏႈတ္ခမ္းနားကဒဏ္ရာက ဘာျဖစ္တာလဲ"

"ဘာမွမျဖစ္ပါဘူး .." 

ဒဏ္ရာေပၚကို လက္ျဖင့္အုပ္လိုက္ေတာ့ Baekhyun မ်က္ႏွာပ်က္သြားသည္။ Chanyeolအနားက Baekhyun ထြက္သြားေတာ့မွ သက္ျပင္းခ်ႏိုင္ေတာ့သည္။

တြဲေနၾကတဲ့ဆက္ဆံေရး မဟုတ္ေတာ့တာေၾကာင့္ Baekhyunနဲ႔ပတ္သက္ၿပီး ‌အေတြးမ်ားစရာမလိုေတာ့ပါ။ Chanyeol Baekhyunကို မခ်စ္တာ ေသခ်ာတာမလို႔ Baekhyunလည္း Chanyeol အတိုင္းပဲဆိုတာ အေသအခ်ာပင္။

..

ေက်ာင္းျပန္ဖြင့္ေတာ့ Chanyeol စိတ္သစ္ကိုယ္သစ္ျဖင့္ ဘ၀ကိုျပန္စတင္ျဖစ္သည္။ Baekhyunနဲ႔ သူငယ္ခ်င္းဆိုတဲ့အသိက Chanyeolကိုေပ်ာ္႐ႊင္ေစသည္။

"ဟုတ္တယ္ ! Baekhyunက ငါ့သူငယ္ခ်င္း"

ထိုသို႔ေတြးလိုက္ရင္ ေနရထိုင္ရအဆင္ေျပသြားသည္။ ေျမျပင္ကိုၾကည့္ၿပီး လက္ေလွ်ာက္ရင္း တစ္စုံတစ္ေယာက္နဲ႔တိုက္မိသြားတာေၾကာင့္ Chanyeol မ်က္ေမွာင္က်ဳံ႕မိသည္။

"Chan .. Yeol"

အဲ့ဒီတစ္စုံတစ္ေယာက္က Baekhyunဆိုတာ သိရေတာ့ Chanyeolခ်က္ခ်င္းၿပဳံးလိုက္သည္။ အတူစကားေျပာေနတုန္း ၾကားျဖတ္ေရာက္လာတဲ့ ဂ်င္ဝူးေၾကာင့္ Chanyeol အံႀကိတ္လိုက္မိသည္။

အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးျဖင့္ Baekhyunအနား သြားကပ္ၾကည့္ေပမယ့္လည္း ဂ်င္ဝူးေၾကာင့္ ရႈံးနိမ့္ျခင္းနဲ႔သာ ႀကဳံေတြ႕ရသည္။ အခြင့္အေရးေကာင္းကိုေစာင့္ရင္း ဂ်င္ဝူးမရွိ‌တဲ့အခ်ိန္မွ Chanyeol ၀ယ္လာတဲ့ ဒိန္ခ်ဥ္ဘူးေပၚမွာ စာတစ္ခ်ိဳ႕ေရးၿပီး Baekhyun စားပြဲေပၚမွာ တင္ထားလိုက္သည္။

Baekhyun သေဘာက်မွာပါ။

တစ္ခါတြဲျမင္တိုင္း ပိုပိုရင္းႏွီးလာတဲ့ Baekhyunနဲ႔ ဂ်င္ဝူးေၾကာင့္ Chanyeol ေနာက္တစ္မ်ိဳးထပ္ေတြးၾကည့္သည္။ Baekhyun သူငယ္ခ်င္းေတြနဲ႔သာ တြဲမယ္ဆိုရင္ Baekhyunအာ႐ုံေတြက Chanyeolဆီ ေရာက္လာမလား ?

...

ဆိုယူနဲ႔ တြဲၾကည့္ေပမယ့္ Baekhyunနဲ႔အတူရွိခ်ိန္ကလို မခံစားရပါ။ ဒါေပမယ့္ သူငယ္ခ်င္းတစ္ေယာက္ ရလိုက္သလိုပဲမလို႔ Chanyeol ေပ်ာ္ေပ်ာ္ေနျဖစ္သည္။ အတူစကားေျပာေနရင္း ေလွကားေပၚက ျပဳတ္က်သြားတဲ့ Baekhyunကို ထိတ္လန္႔စြာျဖင့္ ၾကည့္ေနမိသည္။

Chanyeol ဆင္းသြားဖို႔လုပ္တဲ့အခ်ိန္ ဂ်င္ဝူးေရာက္လာတာေၾကာင့္ ဆက္ၿပီးမသြားျဖစ္ေတာ့။ ထိုေနရာမွာပဲ ရပ္ေနသည္။

"Chanyeol ! Chanyeol !"

"ဟင္ ? ဆိုယူ .. ဘာေျပာမလို႔လဲ"

"ငါ.. ငါတို႔ Baekhyunကိုသြားေတြ႕ၾကရေအာင္ .. တျခားသူငယ္ခ်င္းေတြကိုလည္း ေခၚလိုက္မယ္"

"အင္း .. သြားေတြ႕ၾကမယ္ေလ"

အရင္တစ္ခါ Chanyeolတိုက္တဲ့ ဒိန္ခ်ဥ္ကို ေကာင္းေကာင္းေသာက္တာေၾကာင့္ Chanyeol Baekhyun အတြက္ ဒိန္ခ်ဥ္တစ္ကတ္၀ယ္လိုက္သည္။

"Chanyeol အထဲ၀င္ၾကရေအာင္ေလ"

"ဟင့္အင္း ငါမ၀င္ေတာ့ဘူး ဒါကိုနင္၀ယ္လာတယ္ဆိုၿပီး ေျပာလိုက္"

ေျပာၿပီး ဒိန္ခ်ဥ္ကတ္ကို ဆိုယူလက္ထဲထည့္ေပးသည္။

"ဟင္.. ဒါေပမယ့္ Baekhyunက .."

"ငါသြားၿပီ"

ဆိုယူနဲ႔တျခား သူငယ္ခ်င္းေတြ ၾကည့္ေနၾကတယ္ဆိုေပမယ့္ Chanyeol ေက်ာခိုင္းထြက္လာလိုက္သည္။

...

"Baekhyun မျပန္ေသးဘူးလား ? တစ္ေယာက္ေယာက္ကိုေစာင့္ေနတာလား ?" 

"အင္း ဟုတ္တယ္"

"အဲ့ဒီတစ္ေယာက္ေယာက္က မဟုတ္မွလြဲေရာ... ဂ်င္ဝူးဆိုတဲ့ တစ္ေယာက္လား"

"အင္း ဟုတ္တယ္"

"ဝါး ... ဂ်င္ဝူးဆိုမွ ! သူကေလ ငါတို႔ကိုသာေကာင္းေကာင္း မဆက္ဆံတာ နင္နဲ႔ေတာ့ ထင္ထားတာထက္ေတာင္ အဆင္ေျပ‌တာပဲေနာ္"

"နင္တို႔ေသခ်ာမသိလို႔... ဂ်င္ဝူးက
ခင္စရာေကာင္းတဲ့သူပါ"

"ဟယ္ ... နင္ကေတာ့ေလ သူငယ္ခ်င္းကိုနည္းနည္းေလးေတာင္ အေျပာမခံဘူး"

Baekhyunအၿပဳံးေတြက ဂ်င္ဝူးေၾကာင့္ ျဖစ္တည္လာတာကို Chanyeol သေဘာမက်ပါ။ အဲ့ဒါက Chanyeolကို မနာလိုျဖစ္ေစသည္။ ဆိုယူနဲ႔စကားေျပာၿပီး Chanyeolကို ၾကည့္လာတဲ့ Baekhyunကို မ်က္ႏွာတည္လ်က္ျဖင့္ ျပန္ၾကည့္ေတာ့ ခ်က္ခ်င္း အၾကည့္လႊဲသြားသည္။

"Baekhyun ငါနည္းနည္းေနာက္က်သြားတယ္ ဟဲဟဲ"

"မင္း ၁၀မိနစ္ေတာင္ေနာက္က်တယ္"

"စိတ္မဆိုးပါနဲ႔ကြာ ... ငါမင္းကိုမုန႔္၀ယ္ေကြၽးမယ္ ဟုတ္ၿပီလား"

"ဘာကြ ! မင္းငါ့ကိုကေလး‌ထင္‌ေနတာလား"

"လာပါ ကေလးဘတ္ခ္ဟြၽန္းနီး ... ေနာက္က်ေတာ့မယ္"

"ရားး ဂ်င္ဝူး ငါကေလးမဟုတ္ပါဘူးဆို !"

ထိုပုံရိပ္ကိုၾကည့္ၿပီး Chanyeolကို အံတင္းတင္းႀကိတ္ထားမိသည္။

"Chanyeol ..ဘာေတြေတြးေနတာလဲ ျပန္ၾကရေအာင္ေလ"

"အားနာေပမယ့္ ဆိုယူ ဒီေန႔တစ္ေယာက္တည္းျပန္လိုက္ပါလား .. ငါေခါင္းကိုက္လာလို႔"

"အင္း ရပါတယ္ .. နင္အဆင္ေျပရဲ႕လား"

"အင္း .. ဒါဆိုငါအရင္ျပန္ႏွင့္မယ္"

..

"Park Chanyeol !"

"ဘာျဖစ္ေနတာလဲ ငါ့နာမည္ကိုေအာ္ေခၚရေလာက္တဲ့အထိ မင္းနဲ႔ငါ ရင္းႏွီးလို႔လား ?"

"ေတာက္ ! မင္းဘယ္လိုျဖစ္ၿပီးလုပ္ရက္ရတာလဲ ! Baekhyunနဲ႔ တြဲတုန္းကတြဲၿပီး အခုမွလာၿပီး ဆိုယူနဲ႔ တြဲတယ္တဲ့လား"

"အဲ့ဒီေတာ့ ဘာျဖစ္လဲ .. ငါ့ဘသာငါ ဘယ္သူနဲ႔တြဲတြဲ မင္းနဲ႔ဘာဆိုင္လို႔လဲ မင္းခြင့္ျပဳခ်က္ကို ယူရမွာလား ?"

"ေတာက္ ! လူမဆန္တဲ့ေကာင္"

ဂ်င္ဝူးက အရင္ Chanyeolကိုဆြဲထိုးသည္။ နာက်င္သြားတဲ့ ႏႈတ္ခမ္းေထာင့္ကိုကိုင္ၿပီး Chanyeol
ဂ်င္ဝူးကို ျပန္ထိုးသည္။

"မင္းမိဘေတြ ဘယ္မွာလဲ ေက်ာင္းသား Chanyeol"

"ကြၽန္ေတာ့္မွာ မိဘမရွိဘူး ေက်ာင္းအုပ္ႀကီး"

"ကြၽန္မသားေလးမွာ အျပစ္မရွိဘူးဆိုတာ ေသခ်ာတယ္ .. အင္း.. ဆိုဆုံးမမယ့္ မိဘေတြမရွိဘူးဆိုေတာ့ ဒီေလာက္ေတာ့ ရွိမွာေပါ့ေလ"

ဂ်င္ဝူးအေမအေျပာကို Chanyeol ၿငိမ္ခံေနလိုက္သည္။ တကယ္လည္း အမွန္ေတြပဲမလို႔ Chanyeol ျပန္ခံေျပာမေနေတာ့။

"ဘယ္လိုဆက္လုပ္မွာလဲ ေက်ာင္းအုပ္ႀကီးရွင့္ .. ကြၽန္မ‌ကေတာ့ ကြၽန္မသားေလးကို သူနဲ႔တစ္ေက်ာင္းတည္းမွာ မထားခ်င္ဘူး"

"ေက်ာင္းသား Chanyeolက ဆိုးတယ္ဆိုေပမယ့္ ပညာေရးမွာထူးခြၽန္ပါတယ္ ကြၽန္မတို႔ေက်ာင္းက ေက်ာင္းသား Chanyeolလို ေက်ာင္းသားေတြကို လိုအပ္ပါတယ္ .. ကြၽန္မအေနနဲ႔ ေက်ာင္းသားႏွစ္ေယာက္လုံးကို ခံ၀န္ကတိလက္မွတ္ထိုးၿပီး ဒီျပႆနာကို အဆုံးသတ္လိုက္ေစခ်င္တယ္"

"ကြၽန္မ လက္မခံဘူး ေက်ာင္းအုပ္ႀကီး .. ဆရာမက သူ႔ကိုေက်ာင္းမထုတ္ေပးႏိုင္ဘူးဆိုရင္ ကြၽန္မသားကို တျခားေက်ာင္းေျပာင္းမယ္ ... ဒီလိုအေငြ႕အသက္ဆိုးတဲ့ေနရာမွာ ဆက္မထားႏိုင္ဘူး"

"ဒါ .. ေက်ာင္းသားမိဘသေဘာပါ"

ေနာက္ဆုံး ဂ်င္ဝူးကိုေက်ာင္းေျပာင္းဖို႔ ဆုံးျဖတ္ခ်က္က အတည္ျဖစ္သြားသည္။ ေနာက္ေန႔ေတြမွာ Baekhyunနဲ႔ ဂ်င္ဝူးကို တြဲေတြ႕ရမွာမဟုတ္ေတာ့တာေၾကာင့္ Chanyeol ၿပဳံးလိုက္သည္။

အနာခံရတာ တန္ပါတယ္ေလ။

——

"ငါနဲ႔တြဲမလား ဆယ္ေယာင္း"

"အင္း တြဲမယ္"

ဆယ္ေယာင္းက ခ်က္ခ်င္းလက္ခံလာတာေၾကာင့္ Chanyeol ေနာက္ေျခလွမ္းက အလိုလိုေအာင္ျမင္သြားသည္။

"ခဏ .. ဆယ္ေယာင္း ငါ၀ယ္စရာရွိေသးလို႔ မင္းအရင္သြားႏွင့္မလား"

"ရတယ္ .. ဒါဆိုငါသြားၿပီ"

ဆယ္ေယာင္းကိုႏႈတ္ဆက္ၿပီး ထြက္သြားဖို႔အလုပ္
တစ္ခါမွမျမင္ဖူးတဲ့ သူစိမ္းတစ္ေယာက္‌နဲ႔ စကားေျပာေနတဲ့ Baekhyunကိုေတြ႕လိုက္ရသည္။
အတူစကားေျပာေနရင္း Baekhyunကို လက္တြဲေခၚသြားတာကို ျမင္လိုက္ရေတာ့ Chanyeol ေတာက္ေခါက္လိုက္သည္။

ေပ်ာ္႐ႊင္စြာစက္ဘီးစီးေနၾကတဲ့ ႏွစ္ေယာက္သားကို Chanyeol အခ်ိန္အၾကာႀကီးၾကည့္ေနမိသည္။ ထူးဆန္းသလိုခံစားေနတဲ့ ႏွလုံးသားေၾကာင့္ Chanyeol ဆုံးျဖတ္ခ်က္မွားသြားၿပီလားဆိုတဲ့ အေတြးကို ပထမဆုံးအႀကိမ္ေတြးမိသည္။

...

"Baekhyun ေက်ာင္းထြက္သြားၿပီတဲ့"

"ဘာ ! ဘယ္လို !"

ဆယ္ေယာင္းအေျပာကို Chanyeol မယုံႏိုင္စြာျငင္းဆိုလိုက္သည္။

"မဟုတ္ေလာက္ပါဘူး .. မေန႔ကေတာင္ ငါသူ႔ကိုေတြ႕ေသးတယ္"

"ဟုတ္တယ္ ေက်ာင္းထြက္သြားတာ .. ငါလည္းဆက္သြယ္ၾကည့္ေပမယ့္ ဖုန္းမကိုင္ေတာ့ဘူး ၾကည့္ရတာ အားလုံးနဲ႔ အဆက္အသြယ္ျဖတ္သြားတာ ထင္တယ္"

ဆယ္ေယာင္းေျပာတာေတြကို Chanyeol သိပ္မၾကားရေတာ့။ ေလဟာနယ္ထဲေရာက္သြားသလို ခံစားရၿပီး မ်က္ရည္ဝဲလာသည္။ ခ်က္ခ်င္း Baekhyun အိမ္လိုက္သြားၾကည့္ေတာ့လည္း တံခါးပိတ္ထားတာကို ေတြ႕ရသည္။

တကယ္ပဲ ဆယ္ေယာင္းေျပာသလို Baekhyunက အားလုံးနဲ႔အဆက္အသြယ္ျဖတ္သြားတာလား ?

Baekhyun မရွိတဲ့ဘ၀ကို မေတြးဖူးတာေၾကာင့္ တကယ္တမ္းျဖစ္လာေတာ့ Chanyeol အ႐ူးတစ္ပိုင္းျဖစ္လာသည္။ ဒီေလာက္ႀကီးမားလွတဲ့ ၿမိဳ႕ထဲမွာ Chanyeolဘယ္လိုသြားရွာရမလဲ ? ၿပီးေတာ့ .. ၿပီးေတာ့ Baekhyun ရည္းစားရသြားရင္ေရာ ? Chanyeolကိုေမ့သြားရင္ အဲ့ဒီအခါက် ဘယ္လိုလုပ္ရမွာလဲ ?

အခန္းေထာင့္မွာ တစ္ေယာက္တည္းထိုင္ၿပီး Chanyeol လက္သည္းကိုက္ရင္း ေတြးေနမိသည္။ Baekhyunက Chanyeolကို မလိုအပ္ေတာ့တာလား ? ဒါဆို .. ဒါဆို Chanyeol ကေရာ ..?

ဟိုၾကည့္ဒီၾကည့္ျဖင့္ တလက္လက္ေတာက္ပေနတဲ့ ဓားဆီ Chanyeol အၾကည့္ေရာက္သြားသည္။ အဲ့ဒါနဲ႔ဆို Chanyeol လြတ္လပ္သြားမယ္ထင္တယ္။ Chanyeol ျဖည္းျဖည္းခ်င္းေလွ်ာက္သြားၿပီး ဓားကိုလွမ္းယူလိုက္သည္။ ဓားကိုခဏစိုက္ၾကည့္ၿပီးမွ ဘယ္ဘက္‌ လက္ေကာက္၀တ္ေပၚ ဓားတင္ၿပီး ျဖည္းျဖည္းခ်င္းလွီးလိုက္သည္။

ရဲရဲေတာက္စီးက်လာတဲ့ ေသြးကိုၾကည့္ရင္း အသိစိတ္မလြတ္ခင္ Chanyeol ေအာ္ဟစ္ရယ္သည္။

"လြတ္လပ္သြားၿပီ ဟားဟား ! .. ငါလြတ္လပ္ေတာ့မယ္"

စီးက်ေနတဲ့ေသြးကို လက္ညႇိဳးျဖင့္တို႔ယူၿပီး Chanyeol အေတြးထဲစိုးမိုးေနတဲ့ တစ္ေယာက္ေသာသူနာမည္ကို ခ်ေရးလိုက္သည္။

"တကယ္ခ်စ္မိသြားတာထင္တယ္ ... မဟုတ္ဘူး ! ငါဘယ္သူ႔ကိုမခ်စ္ပါဘူး"

ေသြးစက္တို႔ျဖင့္ေရးထားတဲ့ နာမည္ကို Chanyeol ဖ်က္လိုက္သည္။

"Chanyeol .. အေမ့ !! Chanyeol ! ဘယ္လိုျဖစ္ရတာလဲ ! သတိထားပါဦး .. Chanyeol !"

"မီရာ ..ငါ သူ႔ကိုမခ်စ္ဘူး"

"Chanyeol ! သတိထားပါဦး ..
မအိပ္လိုက္နဲ႔ .. Chanyeol !"

ခ်စ္တယ္ဆိုတာ တဖြဖြေရ႐ြတ္ရင္း Chanyeol အိပ္ေပ်ာ္သြားခဲ့သည္။ အိပ္မက္ထဲမွာ ေတြ႕ရင္ေတာ့ ေတြ႕ေလာက္ပါရဲ႕ ။

Tbc


Continue Reading

You'll Also Like

224K 36.9K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
311K 9.5K 40
"Kookie i'm sorry ,I promise to never hangout or look at any body else the way I look at you " #topkook #bottomtae
85.3K 11.8K 23
ခင္​ဗ်ားက ​ေနၾကာပန္​းအ၀ါ​ေလး.. ခ်စ္​ဖို႔သိပ္​​ေကာင္​းတယ္​..
31.7K 2.6K 20
Zawgyi / Unicode wattpadမွာ ပထမဦးဆုံး စ ေရးျဖစ္တဲ့ficေလးပါပဲ။ ေက်ာင္းသားေလးႏွစ္ေယာက္ရဲ႕ ေပါ့ေပါ့ပါးပါးအခ်စ္ဇာတ္လမ္းေလးေပါ့။ wattpadမှာ ပထမဦးဆုံး စ...