Unicode
ရိပေါ်အစည်းအဝေးပြီးတော့ ရုံးဖုန်းနဲ့ပဲ Radio cafeကဖုန်းကိုလှမ်းဆက်လိုက်သည်။
"ဟယ်လို ဟုတ်ကဲ့အမိန့်ရှိပါ"
"ကျုပ် မြို့ပိုင်မင်းဝမ်ရိပေါ်ပါ ရှောင်းသခင်လေးရှိရင်ဖုန်းပေးလိုက်ပါဦး"
"ဟုတ်ကဲ့မြို့ပိုင်မင်း"
ကောင်တာထိုင်တဲ့ကောင်လေးကစားပွဲထိုးကောင်လေးတစ်ယောက်ကိုပြောပြီး ရှောင်းကျန့်ကိုခေါ်စေသည်။ ရှောင်းကျန့်လဲဖုန်းနားကိုအမြန်ပဲသွားလိုက်ပြီး
"ဟယ်လို အိမ်ကလူလား"
"ကျုပ်အစည်းအဝေးပြီးပြီ အပြင်သွားဖို့ကျုပ်လိုက်ပေးစရာလိုသေးရဲ့လား"
ရိပေါ်မေးလိုက်ရတဲ့အကြောင်းက ရှောင်းကျန့်ကသူ့သူငယ်ချင်းတွေနဲ့ဆုံရင် သူ့ကိုမလိုတော့မှာကြောင့် သူကလိုသေးရဲ့လားလို့မေးကြည့်ရုံပါ။
"အိမ်ကလူပဲကျွန်တော့်ကိုလိုက်ပို့မယ်ဆို လိုက်ပေးရမှာပေါ့ မအားလို့လား"
"မဟုတ်ပါဘူး ခဗျားသူငယ်ချင်းတွေနဲ့ဆုံရင် ကျုပ်ကလိုက်စရာမှမလိုတော့တာ"
"အိမ်ကလူ ခဗျားညစ်ဖို့မကြံနဲ့နော် ခဗျားပဲလိုက်ပို့မယ်ပြောထားပြီးတော့"
"ဟောဗျာ ကျုပ်ကပဲညစ်ရဦးမယ် ခဗျားသူငယ်ချင်းတွေနဲ့ဆုံနေရင် ကျုပ်ကအပိုလူဖြစ်နေမှာလေ မေးကြည့်တာပေါ့ဗျ လိုက်ပို့ရမယ်ဆိုလဲ ခနတော့စောင့်ဦးဗျာ ကျုပ်လုပ်စရာပြီးရင်ချက်ချင်းလာခဲ့မယ်"
"ပြီးတာပဲ"
ရိပေါ်ကဖုန်းချသွားတော့ ရှောင်းကျန့်လဲဖုန်းချလိုက်သည်။ နာရီဝက်လောက်နေတော့ ရိပေါ်ရောက်လာသည်။ ဆိုင်ထဲဝင်ပြီးရှာတော့ မန်ထယ်နဲ့စကားပြောပြီး ရယ်နေတဲ့ရှောင်းကျန့်ကို ရိပေါ်သူရပ်ကြည့်မိတဲ့နေရာကမရွေ့ပဲ ကြည့်နေမိသည်။ သူ့ရှေ့မှာကြဘာလို့များအရယ်အပြုံးရှားရပါလိမ့်။
ရှောင်းကျန့်ကရယ်နေရင်း အမှတ်မထင်တွေ့လိုက်တဲ့လူကြောင့် ခေါင်းပြန်လှည့်၍ကြည့်လိုက်တော့ အိမ်ကလူ။ ရှောင်းကျန့် မတ်တပ်ထရပ်လိုက်ပြီး ရိပေါ်ဆီလျောက်သွားတော့ အနောက်ကမန်ထယ်ကလဲလိုက်လာသည်။
"အိမ်ကလူ ရောက်ပြီလား သွားကြမယ်လေ"
ရိပေါ်ကရှောင်းကျန့်ကိုခေါင်းသာငြိမ့်ပြလိုက်သည်။ ရှောင်းကျန့်ကမန်ထယ်ဘက်ပြန်လှည့်ပြီး
"အာ့ဆို ငါသွားတော့မယ်"
"အေး ဂရုစိုက်သွား"
ရှောင်းကျန့်ရိပေါ်ကိုစောင့်နေတဲ့အချိန်လေးမှာ မန်ထယ်နဲ့စကားပြောရင်း ရင်းနှီးသွားသည်။ ဟိုဘက်ခေတ်မှာသူကသူငယ်ချင်းဆိုပြီးမယ်မယ်ရရမရှိပေမယ့် အခုတော့အရင်ရှောင်းကျန့်ရဲ့သူငယ်ချင်းတွေကို သူပြန်မသွားရခင်လေး ရင်းနှီးသွားချင်သေးသည်။ မန်ထယ်ကရိပေါ်ကိုခေါင်းသာတစ်ချက်ငြိမ့်ပြသည်။ ရိပေါ်နဲ့ရှောင်းကျန့်လဲဆိုင်ထဲကထွက်လာလိုက်ကြသည်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ရိပေါ်နဲ့ရှောင်းကျန့်လျောက်လည်ပြီးတဲ့နောက်မှာ ရိပေါ်လက်ကနာရီကိုကြည့်လိုက်တော့ ညနေတောင်ရောက်နေပြီ။ ရိပေါ်အပြင်ကိုငေးနေတဲ့ရှောင်းကျန့်ကိုလှည့်ကြည့်ပြီးခေါ်လိုက်သည်။
"ရှောင်းသခင်လေး ရှောင်းကျန့်"
"ဟင်"
"ဆရာနဲ့မတွေ့တာကြာပြီမဟုတ်လား ခဗျားအဖေကိုသတိမရဘူးလား တွေ့ချင်ရဲ့လား ကျုပ်လိုက်ပို့ပေးမယ်လေ"
ရှောင်းကျန့်လဲ သူ့အဖေဆိုသူကိုမြင်ဖူးချင်တာမို့ ခေါင်းငြိမ့်ပြလိုက်သည်။
ရိပေါ်တို့ ရှောင်းအိမ်တော်ကိုရောက်တော့ ရှောင်းသခင်ကြီးကဧည့်ခန်းမှာသတင်းစာထိုင်ဖတ်နေသည်။ ရှောင်းကျန့်ကဘာမှန်းမသိတာမို့ ရိပေါ်ရဲ့အနောက်ကနေပဲကုတ်ချောင်းချောင်းနဲ့လိုက်လာသည်။ ရိပေါ်ကရှောင်းသခင်ကြီးကိုမြင်တာနဲ့
"ဆရာ!!"
ရှောင်းသခင်ကြီးကရိပေါ်အသံကြားတော့ သတင်းစာကိုချလိုက်ပြီး နေရာမှထလာကာ ရိပေါ်ကိုဖက်လိုက်သည်။
"ဟာ ဝမ်လေး လာလာ
ရှောင်းကျန့်မင်းကကုတ်ချောင်းချောင်းနဲ့ဘာဖြစ်နေတာလဲ မသိရင်သူများအိမ်လာတာကြနေတာပဲ"
ရှောင်းသခင်ကြီးကပြောတော့ ရိပေါ်ကနှုတ်ခမ်းကွေးရုံလေးပြုံးသည်။ ဘာမှတော့ဝင်မပြော။ အိမ်ထဲစဝင်တုန်းကဆို ရှောင်းကျန့်ကရိပေါ်ရဲ့အင်္ကျီစကိုတောင်ဖွဖွလေးကိုင်ထားသေးတယ်။ ရိပေါ်မပြောချင်လို့သာ ဘာမှမပြောတာ။
ရှောင်းကျန့်ခြံထဲမဝင်ခင်ထဲကလန့်နေတာ။ ဒီလိုနေရာမျိုးလာရမယ်လို့စိတ်ကူးထဲမှာတောင်မရှိ။ ရှောင်းအိမ်တော်က မြို့ထဲမှာပဲတည်ရှိသည်။ရှောင်းအိမ်တော်ကဝမ်အိမ်တော်ထက်တောင် နှစ်ဆလောက်ကြီးသေးသည်။ အိမ်ရောက်ဖို့ခြံထဲကားမောင်းရတာပဲ မိနစ်နှစ်ဆယ်လောက်ရှိသည်။ အိမ်ကြီးမြင်တော့လဲ အလိုလိုသိမ်ငယ်နေတာ။ အရင်ကဆင်းရဲခဲ့တဲ့ခံစားချက်ကခုထိမပျောက်သေး။ မပျောက်သေးဆို သူကလဲဒီနေရာနဲ့နေသားမှမကျသေးတာ။
သူ့အဖေဆိုသူရဲ့ပြောစကားကြောင့် ရှောင်းကျန့်ရှက်ပြုံးလေးပြုံးလိုက်သည်။ ရိပေါ်ကခုံမှာဝင်ထိုင်လိုက်တော့ သူကလဲရိပေါ်ဘေးဝင်ထိုင်လိုက်သည်။ ရှောင်းကျန့်ကရိပေါ်ကိုပထမဆုံးစတွေ့တဲ့သူမို့လားမသိ အားကိုးနေမိသည်။
"ထူးထူးဆန်းဆန်းပါလား နှစ်ယောက်သားတူတူလာလို့"
"ဟုတ်တယ်ဆရာ ကျွန်တော်နဲ့ရှောင်းကျန့်အပြင်ထွက်လည်ရင်း ဆရာ့ဆီကိုပါဝင်လည်လိုက်တာ"
"ဝမ်လေးရာ ခုထိဆရာလို့ခေါ်တုန်းလားကွ ငါကမင်းယောက္ခထီးဖြစ်နေပြီကွ"
ရိပေါ်ကငယ်ငယ်ထဲကရှောင်းသခင်ကြီးကိုတရိုတသေနဲ့ဆရာလို့ခေါ်ခဲ့တာမို့ နှုတ်ကကျိုးနေပြီ။ ရိပေါ်ရှောင်းသခင်ကြီးကိုရယ်သာရယ်ပြလိုက်သည်။
ခနကြာတော့နှုတ်ဆက်စကားကနေ သူတို့ရဲ့နိုင်ငံရေးအကြောင်းတွေ အလုပ်အကြောင်းတွေဆီရောက်ကုန်သည်။ ရှောင်းကျန့်လဲအပြန်အလှန်ပြောနေကြတဲ့ထဲဝင်မပါပဲ ငြိမ်ငြိမ်လေးနေကာ နားထောင်နေလိုက်သည်။ သူတို့ပြောနေတာအကြောင်းစုံကိုတော့နားမလည်ပေမယ့် နားလည်သလောက်လေးတော့နားထောင်လိုက်သည်။ ရှောင်းသခင်ကြီးကသူ့ကိုကြည့်လာပြီး
"ကဲ ရှောင်းသခင်လေးကဒီလိုငြိမ်နေတော့ ကျုပ်တို့ကစကားတောင်ကောင်းကောင်းမပြောရဲတော့ဘူး ဘာဖြစ်နေတာလဲ"
ရှောင်းကျန့်ရှောင်းသခင်ကြီးကိုကြောက်ဖို့ကောင်းမယ်တွေးထားတာ အတွေးနဲ့မတူ ရှောင်းသခင်ကြီးဖောရွေပြီး ရွင်ရွင်ပြပြရှိသည်။ ဒါကြောင့်လဲ အရင်ရှောင်းကျန့်အပေါ်ထိန်းကွပ်မှုလျော့ပြီး အရင်ရှောင်းကျန့်ကဒီလိုဆိုးသွမ်းတာဖြစ်မယ်။
"ဘာမှမဖြစ်ပါဘူး ဖေ...Daddy"
ရှောင်းကျန့်မှာ အရင်ရှောင်းကျန့်ရဲ့အခေါ်အဝေါ်တွေကိုနေသားမကျသေး၊ အရင်ရှောင်းကျန့်ကနိုင်ငံခြားမှာပညာတော်သင်ခဲ့တာမို့ အနောက်တိုင်းတော်တော်လေးဆန်သည်။ ရှောင်းကျန့်ကအကုန်လုံးကိုတော့အရင်ရှောင်းကျန့်ရဲ့အသုံးအနှုန်းအတိုင်းသုံးနှုန်းနေပေမယ့် ရိပေါ်ကိုတော့ သူ့ကိုယ်ပိုင်နာမ်စားတစ်ခုပေးထားလေသည်။
ရှောင်းကျန့်သူ့အဖေနဲ့စကားတွေပြောရင်း ရှောင်းသခင်ကြီးကိုတကယ်ပဲသူ့အဖေလိုချစ်ခင်မိသွားတယ်။ ပြန်တော့လဲ ရှောင်းကျန့်က ရှောင်းသခင်ကြီးရင်ခွင်ထဲတိုးဝင်ပြီး
"Daddyသားကိုသတိရဦးနော်..."
ရှောင်းသခင်ကြီးခဗျာ အရင်ကသူလုပ်ချင်ရာလုပ်ပြီးနေတတ်တဲ့သူ့သားက အခုသူ့ကိုချွဲနေတော့ နည်းနည်းတောင်ပျော်သွားသလို။ ရိပေါ်ကလဲရှောင်းကျန့်ရဲ့အပြုအမူတွေကိုလိုက်ကြည့်နေသည်။
"ကဲပါ ကောင်ဆိုးလေးရယ် သွားတော့ကွ မိုးချုပ်နေရင် ကားမောင်းရအဆင်မပြေဘူး"
"Daddy သားကိုသတိရလို့!"
ရှောင်းကျန့်ကဘုဆက်ဆက်နဲ့ပြောတော့ ရှောင်းသခင်ကြီးကအသံထွက်သည်အထိရယ်နေသည်။ ရိပေါ်ကလဲခေါင်းငုံ့ကာခိုးရယ်နေသည်။
"ဟုတ်ပါပြီကွ daddyကမင်းကိုအမြဲသတိရပါတယ်"
အဲတော့မှရှောင်းကျန့်ကပျော်သွားပြီး ရယ်ပြလာသည်။ ရှောင်းကျန့်ကသူကအစစ်အမှန်မဟုတ်လဲ သူတစ်ယောက်ထဲစိတ်ဆင်းရဲခြင်းတွေနဲ့ ရှေ့ဆက်ခဲ့ရတာမို့ အခုသူငယ်ချင်းတေွရှိနေတုန်း အဖေရှိနေတုန်း အားကိုးလို့ရမယ့်သူရှိနေတုန်း ဒီခံစားချက်လေးတွေကိုခံစားသွားချင်သည်။ သူ့အပိုင်မဟုတ်ရင်တောင် ခနလောက်တော့ ဒီလိုဘဝမျိုးနဲ့နေသွားကြည့်ချင်သည်။
ရှောင်းကျန့်တွေးရင်းဆွေးလာလိုက်တာ ဝမ်အိမ်တော်တောင်ပြန်ရောက်နေတာကိုမသိလိုက်။ ရိပေါ်ရဲ့ခေါ်သံကြားမှသာ 'ဟမ်'ဆိုကာ လှည့်ကြည့်လာသည်။
"အိမ်ရောက်နေပြီလေ"
"အင်းအင်း"
ရှောင်းကျန့်အရင်ပဲကားပေါ်ကဆင်းသွားကာ သူ့ကိုနှုတ်ဆက်နေတဲ့ ကြီးတော်မေကိုလဲပြန်နှုတ်မဆက်နိုင်ပဲ သူတို့အိပ်ခန်းသို့သာ တန်းတက်သွားသည်။ ရှောင်းကျန့်ရေချိုးမလို့ တဘက်ကိုကိုင်ကာ ရေချိုးခန်းကိုရပ်ကြည့်နေမိသည်။ ထိုအချိန်တံခါးဖွင့်သံနဲ့အတူရိပေါ်အခန်းထဲဝင်လာသည်။ ရိပေါ်ကရေချိုးခန်းကိုကြောင်ကြည့်နေတဲ့ရှောင်းကျန့်နားသွားပြီး ရှောင်းကျန့်ရဲ့လက်မောင်းလေးကိုဖွဖွလေးကိုင်လိုက်ကာ
"ရှောင်းသခင်လေး ဘာတွေအတွေးများနေတာလဲ"
အဲတော့မှရှောင်းကျန့်က သူ့ကိုကြည့်လာပြီး ခေါင်းခါပြကာ ရေချိုးခန်းထဲဝင်သွားသည်။
ညစာစားပြီးကြတဲ့အထိရှောင်းကျန့်ကဘာစကားတစ်ခွန်းမှမပြော။ အိပ်ခန်းထဲမှာ ရှောင်းကျန့်ထိုင်မှိုင်နေရင်း ပျင်းသွားသည်။ သူတစ်ချိန်လုံးအတွေးလွန်နေခဲ့တာ။ သူကအစစ်အမှန်မဟုတ်လဲ သူပြင်ဆင်လို့မှမရတာ ဒါကိုသူေရွးချယ်ခဲ့တာမဟုတ်လို့ ဘာမှမတတ်နိုင်ဘူးလေ၊ ရှောင်းကျန့်အစစ်ကိုအားနာဖို့ပဲတတ်နိုင်တယ်။ ရိပေါ်ကလဲအခန်းထဲမှာမရှိ၊ သူ့စာကြည့်ခန်းထဲမှာ အလုပ်ရှုပ်နေသည်။ ရှောင်းကျန့် ဘာမှလုပ်စရာမရှိတာမို့ ရိပေါ်ဆီသွားလိုက်သည်။ စာကြည့်ခန်းရှေ့မှာမတ်တပ်ခနရပ်ပြီး တံခါးခေါက်လိုက်တော့ အထဲကအသံပေးသည်။
"ဘယ်သူလဲ"
ရှောင်းကျန့် တံခါးကိုအနည်းငယ်ပဲဖွင့်ပြီး အခန်းထဲခေါင်းလေးပဲသွင်းကာ ရိပေါ်ကိုခေါ်လိုက်သည်။
"အိမ်ကလူ.."
ရိပေါ်ကလက်နှိပ်စက်မှာ စာရိုက်နေရင်းရှောင်းကျန့်ရဲ့အသံကြားတော့ မော့ကြည့်လာသည်။
"ကျွန်တော်ဝင်လာလို့ရမလားဟင်"
ရိပေါ်ကမျက်မှောင်ကြုတ်လိုက်ပေမယ့် ရှောင်းကျန့်ကိုမရဘူးလို့မပြော ဝင်လာခိုင်းသည်။ ရှောင်းကျန့်ကအထဲရောက်တော့ ရိပေါ်ထိုင်နေတဲ့ဘေးတွင်ရပ်ကာ ငြိမ်ငြိမ်လေးနေနေသည်။ ရိပေါ်ကလဲဘာကိစ္စလဲလို့မမေးသလို ရှောင်းကျန့်ကလဲဘာမှမပြောပဲ ရိပေါ်လက်နှိပ်စက်ရိုက်နေတာကိုသာ ရပ်ကြည့်နေသည်။ ခနနေတော့ ရိပေါ်ကရှောင်းကျန့်ကိုမော့ကြည့်ပြီး မျက်မှန်ကိုချွတ်ကာ အပြင်ထွက်သွားသည်။ ရှောင်းကျန့်ကလဲရိပေါ်ထွက်သွားတာကိုလိုက်ကြည့်နေသည်။ ပြီးတော့ ရိပေါ်ရိုက်ခဲ့တဲ့စာလုံးလေးတွေကိုကြည့်ပြီး သဘောတကျနဲ့ပြုံးနေတယ်။
ခနအကြာရိပေါ်က ခုံတစ်လုံးမပြီးပြန်ဝင်လာသည်။ ရှောင်းကျန့်ကလဲကြောင်တောင်တောင်နဲ့ရိပေါ်လုပ်သမျှကိုလိုက်ကြည့်နေသည်။ ရိပေါ်ကရှောင်းကျန့်ရပ်နေတဲ့ရှေ့မှာခုံကြီးမပြီး လာရပ်တော့ ရှောင်းကျန့်ကလဲ အနောက်ဆုတ်ပေးလိုက်သည်။ ပြီးတော့ ခုံကိုသေချာနေရာပြင်ပေးကာ ရှောင်းကျန့်ကိုကြည့်ပြီး
"ထိုင်ရအောင်ခုံသွားယူပေးတာ မတ်တပ်ကြီးနဲ့မညောင်းဘူးလား"
ရှောင်းကျန့်ကသူ့ဖို့ခုံယူပေးတာမှန်းသိတော့မှ ရိပေါ်ကိုသွားလေးများပေါ်အောင် ရယ်ပြပြီး
"ကျေးဇူးတင်ပါတယ်"
ရိပေါ်ကခေါင်းငြိမ့်ပြပြီး ရှောင်းကျန့်ရဲ့ရယ်နေတာကိုကြည့်ကာ
"ရှောင်းသခင်လေး ခဗျားအရမ်းမရယ်ပါနဲ့လား"
"ဟမ် ဘာဖြစ်လို့.."
ရှောင်းကျန့်အမေးမဆုံးခင်မှာပဲ
"ကျုပ်အဆင်မပြေလို့"
ရိပေါ်စကားကြောင့် ရှောင်းကျန့်ကမျက်နှာဆူပုတ်သွားကာ
"ဘာဖြစ်လဲ ကျွန်တော့်ဘာသာရယ်တာ အဆင်မပြေမကြည့်နဲ့ပေါ့"
ရိပေါ်ရန်တွေ့ခံလိုက်ရတာမို့ ဘာမှမပြောတော့ပဲ ခေါင်းသာတစ်ချက်ခါပြီး သူ့ခုံသူပြန်ထိုင်ကာ လုပ်စရာရှိတာလုပ်နေသည်။ ရိပေါ်လဲအလုပ်ပေါ်စိတ်ရောက်သွားပြီး တစ်နာရီလောက်အကြာမှာ ဒီဘက်လှည့်ကြည့်တော့ ရှောင်းကျန့်ကထိုင်ရက်ငိုက်နေသည်။ ရိပေါ်လဲရှောင်းကျန့်ကိုကြည့်ပြီး ရယ်ချင်နေတုန်းမှာပဲ ရှောင်းကျန့်ခေါင်းကအရှေ့ကိုစိုက်ကြလာတာမို့ အမြန်လက်နဲ့ခံလိုက်ရသည်။ ရှောင်းကျန့်ရဲ့မေးစေ့ကရိပေါ်ရဲ့လက်ဖဝါးကြီးကြီးထဲဝင်သွားတဲ့အချိန်မှာ ရိပေါ်လန့်သွားသည်။ ရိပေါ်ရဲ့လက်ချောင်းတွေကရှောင်းကျန့်ပါးလေးကိုထိမိနေတာမို့ အသဲတောင်ယားသွားတယ်၊ ဘာလို့ဆိုရှောင်းကျန့်ပါးလေးတွေကနူးညံ့နေတာပဲ။ ရိပေါ်ပါးလေးကိုနောက်လက်တစ်ဖက်နဲ့ထိကြည့်မလို့လုပ်တုန်းမှာပဲ ရှောင်းကျန့်ကနိုးသွားကာ ရိပေါ်ကိုအိပ်ချင်မူးတူးနဲ့ကြည့်လာသည်။ ပြီးတော့သူ့လက်ထဲကမျက်နှာကိုနောက်ဆုတ်လိုက်ပြီး သမ်းဝေရင်းမျက်လုံးကိုပွတ်ကာ ရိပေါ်ကိုကြည့်ပြီး
"အိမ်ကလူ အလုပ်ပြီးပြီလား"
"အင်း အိပ်ချင်နေတာကို သွားအိပ်တာမဟုတ်ဘူး"
"ခဗျားကိုစောင့်ချင်လို့ပါ ခုတောင်၁၁နာရီထိုးတော့မယ်"
ရှောင်းကျန့်ကစားပွဲပေါ်က နာရီအသေးလေးကိုကြည့်ရင်းပြောသည်။ ပြီးတာနဲ့ရိပေါ်လက်မောင်းကိုကိုင်လိုက်ကာ
"ပြီးပြီဆိုသွားရအောင်လေ ကျွန်တော်အိပ်ချင်နေပြီ"
ရိပေါ်လဲဘာမှမပြောပဲ ရှောင်းကျန့်ကိုင်ထားတဲ့လက်ကိုလဲမဖြုတ်ချပဲ အခန်းထဲကတူတူထွက်သွားကြသည်။ ရိပေါ်အခန်းထဲဝင်တော့ နွားနို့နှစ်ခွက်ကိုစားပွဲပေါ်တင်ထားတာတွေ့လိုက်သည်။ ရှောင်းကျန့်ကတော့ အခန်းထဲရောက်တာနဲ့ကုတင်ပေါ်အရင်တက်နေပြီးေစာင်ခြုံကာေကွးေနပြီ။ ရိပေါ်နွားနို့ခွက်တစ်ခွက်ကိုကုိင်ကာ
"ရှောင်းသခင်လေး နွားနို့သောက်ဦးလေ"
ရှောင်းကျန့်ကစောင်ကိုခေါင်းထိခြုံထားတာကနေဖယ်လိုက်ပြီး ထိုင်လိုက်ကာ ရိပေါ်လက်ထဲကခွက်ကိုယူပြီးကုန်အောင်သောက်လိုက်သည်။ ပြီးတာနဲ့ခွက်ကိုရိပေါ်ထံပြန်ပေးကာ စောင်ခြုံ၍အိပ်တော့သည်။ ရိပေါ်လဲရှောင်းကျန့်ကိုကြည့်ပြီး ခေါင်းသာခါမိသည်။
ရိပေါ်လဲ ညအိပ်ဝတ်စုံလဲပြီး နွားနို့သောက်လိုက်ကာ ကုတင်ပေါ်တက်လိုက်သည်။ ရှောင်းကျန့်ကတော့စအိပ်တုန်းကနဲ့မတူ သူခြုံထားတဲ့စောင်ကိုကန်ချထားတာ သူကိုယ်မှာစောင်မရှိတော့။ ရိပေါ်စောင်ကိုပြန်ခြုံပေးလိုက်ပြီး သူလဲဘေးကဝင်လှဲကာ ရှောင်းကျန့်ကိုကျောပေးကာတစ်ဖက်ကိုလှည့်လိုက်သည်။ ရိပေါ်ကညဆိုတော်တော်နဲ့အိပ်ပျော်သူမဟုတ်၊ တောင်တွေးမြောက်တွေးနဲ့အမြဲညဉ့်နက်မှအိပ်ပျော်တတ်သည်။
အခုတော့ရိပေါ်မှာတောင်တွေးမြောက်တွေးတောင်မတွေးရ၊ ရှောင်းကျန့်ကအိပ်နေရင်း ကန်နေတာနဲ့ေလ၊ ရိပေါ်ရှောင်းကျန့်ဘက်ကိုခေါင်းစောင်းကြည့်တော့ အချိန်ကိုက်မှာပဲရှောင်းကျန့်ရဲ့လက်ကရိပေါ်မျက်နှာပေါ်ဖက်ခနဲပဲ။ ရိပေါ်မျက်နှာကနာသွားတော့ စိတ်ကနည်းနည်းတိုသွားသည်။ သူ့မျက်နှာပေါ်ကလက်ကိုဖယ်လိုက်ပြီး ခေါင်းထောင်ကြည့်လိုက်တော့ ခြေကားယားလက်ယားနဲ့ သူစလှဲတုန်းကခြုံပေးခဲ့တဲ့စောင်ကအခုမရှိတော့၊ အောက်ကိုကန်ချလိုက်ပြီလေ။ ရိပေါ်တွေးမိတယ်၊ ရှောင်းကျန့်အိမ်မှာတခါတလေလာအိပ်တိုင်း ရိပေါ်သေချာကြည့်မိသည်။ ရှောင်းကျန့်ကအိပ်တာအရမ်းငြိမ်တယ်၊ စောင်ခြုံပြီးကွေးကွေးလေးပဲအိပ်တတ်တာ။ အခုမှဘယ်လိုလုပ်ဒီလောက်အအိပ်ကြမ်းနေတာလဲ။ မနေ့ကတော့သူစာကြည့်ခန်းမှာပဲအလုပ်ရှုပ်ပြီးအိပ်ပျော်သွားတာမို့ သူမသိလိုက်။ ဒီနေ့မှအအိပ်ကြမ်းနေတာလားတော့သူလဲမသိ။
ရိပေါ်စိတ်လျော့လိုက်ပြီး ရှောင်းကျန့်ရဲ့စောင်သက်သက်ကိုခြုံမပေးနေတော့ပဲ သူခြုံထားတဲ့စောင်ကိုသာခြုံပေးလိုက်သည်။ အရင်ရှောင်းကျန့်ကရိပေါ်နဲ့သူစောင်တူတူမခြုံနိုင်ဘူးဆိုသောကြောင့် စောင်ကနှစ်ခုပြင်ထားရတာ။ ရိပေါ်စောင်ခြုံပေးပြီးတော့ ပက်လက်ပြန်လှဲကာ ရင်ဘတ်ပေါ်လက်တင်ပြီးအိပ်မလို့တွေးတုန်းမှာပဲ အိမ်အောက်ထပ်ကဖုန်းမြည်သံကိုကြားလိုက်ရသည်။ ရိပေါ်လဲညဘက်ကြီးမကိုင်ချင်တော့တာမို့ မသိချင်ယောင်ဆောင်နေပေမယ့် ဖုန်းခေါ်သံကသုံးလေးခါရှိနေပြီ အရေးကြီးဖုန်းဖြစ်မှာဆိုးတာကြောင့် ထကိုင်မလို့လုပ်တော့ ရှောင်းကျန့်ကလဲနိုးလာပြီး ရိပေါ်အင်္ကျီစလေးကိုလှမ်းဆွဲကာ အိပ်ချင်မူးတူးနဲ့မေးလာသည်။
"ဘယ်သွားမလို့လဲ"
"ဖုန်းလာနေလို့လေ သွားကိုင်မလို့"
ရှောင်းကျန့်ကအဲတော့မှခေါင်းငြိမ့်ပြပြီး အင်္ကျီစကိုင်ထားတာကိုလွှတ်ပေးလိုက်တော့ ရိပေါ်ကလဲထွက်သွားသည်။ အနောက်ကရှောင်းကျန့်ကလဲအသံမထွက်ပဲငြိမ်ငြိမ်လေးလိုက်လာတယ်။ ရိပေါ်လှေကားဆင်းခါနီးမှာ နောက်ကျောမလုံလို့လှည့်ကြည့်တော့ ရှောင်းကျန့်ကလဲသူ့ကိုကြည့်နေသည်။ ရိပေါ်မြင်မြင်ချင်းမို့အနည်းငယ်လန့်သွားရတယ်၊ ရှောင်းကျန့်ကအသံမပေးပဲလိုက်ပါလာတာကို။ ရိပေါ်မနေနိုင်တော့ပဲ ထုတ်မေးလိုက်တော့သည်။
"နေစမ်းပါဦး ရှောင်းသခင်လေး ခဗျားတစ်နေ့လုံးကျုပ်နားကပ်နေတာနော် ဘာဖြစ်နေတာလဲ"
ရိပေါ်ကမေးလိုက်တော့ ရှောင်းကျန့်ကမျက်လုံးဝိုင်းလေးနဲ့ပဲ ခေါင်းခါပြသည်။ ရိပေါ်လဲဘာမှမမေးတော့ ရှောင်းကျန့်ကြည့်ရတာလဲခုချိန်ထိအိပ်ချင်မူးတူးဖြစ်နေတာမို့ လှေကားပေါ်ကပြုတ်ကျမှာဆိုးတာကြောင့် ရှောင်းကျန့်ရဲ့လက်ကောက်ဝတ်ေလးကိုဆုတ်ကိုင်လိုက်ပြီး အိမ်အောက်ထပ်ကိုဆင်းလာလိုက်သည်။ ရှောင်းကျန့်ကလဲသူ့လက်ကိုကိုင်တာ ဘာမှမပြောသလိုဆွဲလဲမဖြုတ်ဘူး။ အိမ်အောက်ထပ်ရောက်တော့ ဖုန်းကထပ်မြည်လာသည်။ ရိပေါ်လဲဖုန်းချထားတဲ့ဘေးကခုံမှာဝင်ထိုင်ပြီး ဖုန်းဖြေလိုက်သည်။
"ဟယ်လို ဟုတ်ကဲ့ဝမ်အိမ်တော်ကပါ"
☎️မြို့ပိုင်မင်းလား ကျုပ်မန်ထယ်ပါ ရှောင်းကျန့်အိမ်တော်မှာရှိလား ရှိရင်ခေါ်ပေးဦး☎️
ရှောင်းကျန့်ရဲ့သူငယ်ချင်းတွေအကုန်လုံးကရှောင်းကျန့်လိုပဲ စကားပြောရင်အပေါ်စီးက။ ရိပေါ်လဲသက်ပြင်းချလိုက်ပြီး အနောက်ကမတ်တပ်ကြီးငိုက်နေတဲ့ရှောင်းကျန့်ကိုတစ်ချက်လှုပ်နှိုးလိုက်ပြီး
"ခဗျားဖုန်း မန်သခင်လေးဆက်တာ"
ရှောင်းကျန့်လဲဖုန်းကိုကိုင်လိုက်တော့
"အင်းပြောလေ မန်ထယ် ဘာကိစ္စလဲညဘက်ကြီးမှ"
☎️ဟ ဘာကိုဘာကိစ္စလဲ လဲ ဒီနေ့ညပါတီရှိပါတယ်ဆို ညနေထဲကမင်းရှေ့မှာပဲဖိတ်သွားတာလေ မင်းကိုစောင့်နေတာ၁၁နာရီထဲက ခုပဲ၁၂နာရီခွဲကျော်နေပြီ မလာသေးဘူးလား ငါတို့တောင်လူစုံနေပြီ☎️
ရိပေါ်လဲအပြင်ထွက်ဖို့ခေါ်နေတာမှန်းရိပ်မိတော့ ရပ်စောင့်မနေတော့ပဲ အိမ်ပေါ်ပြန်တက်ကာ အိပ်ခန်းထဲဝင်ပြီးကုတင်ပေါ်လှဲကာစောင်ထဲကွေးနေလိုက်သည်။ ကွေးနေပေမယ့် ရှောင်းကျန့်တံခါးဖွင့်သံကိုတော့နားစွင့်နေမိသည်။
"မလာတော့ဘူး မင်းတို့ပဲပျော်ခဲ့ကြ ငါတော့အိပ်ချင်နေလို့ ဒါပဲ"
ရှောင်းကျန့်ကမန်ထယ်ရဲ့replyတောင်မစောင့်ပဲ ဖုန်းကိုချလိုက်ပြီး အနောက်လှည့်ကြည့်တော့ ရိပေါ်ကမရှိတော့ ရှောင်းကျန့်မျက်နှာပျက်သွားသည်။ သူကဘာလို့မစောင့်နေတာတုန်း သူ့ကြစောင့်ပေးတာကို!
ဆောင်းတွင်းရောက်နေပြီမို့ အတော်လေးချမ်းနေပြီ၊ ရှောင်းကျန့်လဲအေးလာတာမို့ အပေါ်ကိုအမြန်တက်ကာ တံခါးဖွင့်ဝင်လိုက်သည်။ အခန်းထဲကြည့်တော့ ရိပေါ်ကစောင်ခြုံပြီးကွေးနေသည်။ ရှောင်းကျန့်လဲ နှာခေါင်းရှုံ့လိုက်ပြီး ကုတင်ပေါ်တက်ကာ သူ့စောင်သူခြုံလိုက်ပြီးလှဲအိပ်တော့ ရိပေါ်ကမျက်လုံးဖွင့်လာပြီး ရှောင်းကျန့်ကိုကျောပေးထားရာကနေ ခေါင်းလှည့်လာပြီး
"ရှောင်းသခင်လေး သူငယ်ချင်းခေါ်နေတာမသွားဘူးလား"
ရှောင်းကျန့်ကသူ့တစ်ယောက်ထဲထားခဲ့ပြီး လာအိပ်နေတာကိုစိတ်ဆိုးနေတာမို့ ပြန်ပြောလိုက်သည်။
"အဲဒါခဗျားနဲ့ဘာဆိုင်လဲ"
ရှောင်းကျန့်ကရိပေါ်ကိုမျက်စောင်းထိုးပြီး ကျောပေးကာလှည့်သွားသည်။ ရိပေါ်မှာေတာ့ပါးစပ်ဟောင်းလောင်းလေး၊ သူဘာလုပ်မိလို့လဲ။
ညလယ်လောက်ရောက်တော့ ရိပေါ်လဲအိပ်ပျော်နေပြီ၊ ရှောင်းကျန့်ကသူ့စောင်ကိုကန်ချထားပြီးချမ်းလာတာကြောင့် ရိပေါ်နားကိုတဖြေးဖြေးကပ်လာသည်။ ရိပေါ်ရဲ့ကျောပြင်ကိုတစ်ခုခုလာထိနေတာသတိထားမိတာကြောင့် လှည့်ကြည့်လိုက်တော့ ရှောင်းကျန့်ရဲ့နဖူးလေးက သူ့ကျောနဲ့ထိနေသည်၊ ချမ်းလို့ထင်တယ်ကွေးနေတာ ပုစွန်လေးလိုပဲ။ ရိပေါ်လဲရှောင်းကျန့်ဘက်ကိုလှည့်လိုက်ပြီး ခေါင်းအုံးပေါ်မရှိနေတဲ့ရှောင်းကျန့်ခေါင်းလေးကို သူ့လက်မောင်းပေါ်တင်လိုက်ပြီး နောက်လက်တစ်ဖက်နဲ့ သူခြုံထားတဲ့စောင်ကိုပဲခြုံပေးလိုက်ပြီး ရှောင်းကျန့်ကိုဖက်ကာအိပ်လိုက်တော့သည်။
ဆက်ရန်~~~~
အရှည်ကြီးရေးပေးထားတာမို့ အပ်ပုဒိတ်ကြာတာကိုအပြစ်မယူပါနဲ့ညော်👀 တစ်ပတ်တစ်ပိုင်းပေါ့နော့^_^
Zawgyi
ရိေပၚအစည္းအေဝးၿပီးေတာ့ ႐ုံးဖုန္းနဲ႕ပဲ Radio cafeကဖုန္းကိုလွမ္းဆက္လိုက္သည္။
"ဟယ္လို ဟုတ္ကဲ့အမိန႔္ရွိပါ"
"က်ဳပ္ ၿမိဳ႕ပိုင္မင္းဝမ္ရိေပၚပါ ေရွာင္းသခင္ေလးရွိရင္ဖုန္းေပးလိုက္ပါဦး"
"ဟုတ္ကဲ့ၿမိဳ႕ပိုင္မင္း"
ေကာင္တာထိုင္တဲ့ေကာင္ေလးကစားပြဲထိုးေကာင္ေလးတစ္ေယာက္ကိုေျပာၿပီး ေရွာင္းက်န႔္ကိုေခၚေစသည္။ ေရွာင္းက်န႔္လဲဖုန္းနားကိုအျမန္ပဲသြားလိုက္ၿပီး
"ဟယ္လို အိမ္ကလူလား"
"က်ဳပ္အစည္းအေဝးၿပီးၿပီ အျပင္သြားဖို႔က်ဳပ္လိုက္ေပးစရာလိုေသးရဲ႕လား"
ရိေပၚေမးလိုက္ရတဲ့အေၾကာင္းက ေရွာင္းက်န႔္ကသူ႕သူငယ္ခ်င္းေတြနဲ႕ဆုံရင္ သူ႕ကိုမလိုေတာ့မွာေၾကာင့္ သူကလိုေသးရဲ႕လားလို့ေမးၾကည့္႐ုံပါ။
"အိမ္ကလူပဲကြၽန္ေတာ့္ကိုလိုက္ပို႔မယ္ဆို လိုက္ေပးရမွာေပါ့ မအားလို႔လား"
"မဟုတ္ပါဘူး ခဗ်ားသူငယ္ခ်င္းေတြနဲ႕ဆုံရင္ က်ဳပ္ကလိုက္စရာမွမလိုေတာ့တာ"
"အိမ္ကလူ ခဗ်ားညစ္ဖို႔မႀကံနဲ႕ေနာ္ ခဗ်ားပဲလိုက္ပို႔မယ္ေျပာထားၿပီးေတာ့"
"ေဟာဗ်ာ က်ဳပ္ကပဲညစ္ရဦးမယ္ ခဗ်ားသူငယ္ခ်င္းေတြနဲ႕ဆုံေနရင္ က်ဳပ္ကအပိုလူျဖစ္ေနမွာေလ ေမးၾကည့္တာေပါ့ဗ် လိုက္ပို႔ရမယ္ဆိုလဲ ခနေတာ့ေစာင့္ဦးဗ်ာ က်ဳပ္လုပ္စရာၿပီးရင္ခ်က္ခ်င္းလာခဲ့မယ္"
"ၿပီးတာပဲ"
ရိေပၚကဖုန္းခ်သြားေတာ့ ေရွာင္းက်န႔္လဲဖုန္းခ်လိဳက္သည္။ နာရီဝက္ေလာက္ေနေတာ့ ရိေပၚေရာက္လာသည္။ ဆိုင္ထဲဝင္ၿပီးရွာေတာ့ မန္ထယ္နဲ႕စကားေျပာၿပီး ရယ္ေနတဲ့ေရွာင္းက်န႔္ကို ရိေပၚသူရပ္ၾကည့္မိတဲ့ေနရာကမေ႐ြ႕ပဲ ၾကည့္ေနမိသည္။ သူ႕ေရွ႕မွာၾကဘာလို႔မ်ားအရယ္အၿပဳံးရွားရပါလိမ့္။
ေရွာင္းက်န႔္ကရယ္ေနရင္း အမွတ္မထင္ေတြ႕လိုက္တဲ့လူေၾကာင့္ ေခါင္းျပန္လွည့္၍ၾကည့္လိုက္ေတာ့ အိမ္ကလူ။ ေရွာင္းက်န႔္ မတ္တပ္ထရပ္လိုက္ၿပီး ရိေပၚဆီေလ်ာက္သြားေတာ့ အေနာက္ကမန္ထယ္ကလဲလိုက္လာသည္။
"အိမ္ကလူ ေရာက္ၿပီလား သြားၾကမယ္ေလ"
ရိေပၚကေရွာင္းက်န႔္ကိုေခါင္းသာၿငိမ့္ျပလိုက္သည္။ ေရွာင္းက်န႔္ကမန္ထယ္ဘက္ျပန္လွည့္ၿပီး
"အာ့ဆို ငါသြားေတာ့မယ္"
"ေအး ဂ႐ုစိုက္သြား"
ေရွာင္းက်န႔္ရိေပၚကိုေစာင့္ေနတဲ့အခ်ိန္ေလးမွာ မန္ထယ္နဲ႕စကားေျပာရင္း ရင္းႏွီးသြားသည္။ ဟိုဘက္ေခတ္မွာသူကသူငယ္ခ်င္းဆိုၿပီးမယ္မယ္ရရမရွိေပမယ့္ အခုေတာ့အရင္ေရွာင္းက်န႔္ရဲ႕သူငယ္ခ်င္းေတြကို သူျပန္မသြားရခင္ေလး ရင္းႏွီးသြားခ်င္ေသးသည္။ မန္ထယ္ကရိေပၚကိုေခါင္းသာတစ္ခ်က္ၿငိမ့္ျပသည္။ ရိေပၚနဲ႕ေရွာင္းက်န႔္လဲဆိုင္ထဲကထြက္လာလိုက္ၾကသည္။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ရိေပၚနဲ႕ေရွာင္းက်န႔္ေလ်ာက္လည္ၿပီးတဲ့ေနာက္မွာ ရိေပၚလက္ကနာရီကိုၾကည့္လိုက္ေတာ့ ညေနေတာင္ေရာက္ေနၿပီ။ ရိေပၚအျပင္ကိုေငးေနတဲ့ေရွာင္းက်န႔္ကိုလွည့္ၾကည့္ၿပီးေခၚလိုက္သည္။
"ေရွာင္းသခင္ေလး ေရွာင္းက်န႔္"
"ဟင္"
"ဆရာနဲ႕မေတြ႕တာၾကာၿပီမဟုတ္လား ခဗ်ားအေဖကိုသတိမရဘူးလား ေတြ႕ခ်င္ရဲ႕လား က်ဳပ္လိုက္ပို႔ေပးမယ္ေလ"
ေရွာင္းက်န႔္လဲ သူ႕အေဖဆိုသူကိုျမင္ဖူးခ်င္တာမို႔ ေခါင္းၿငိမ့္ျပလိုက္သည္။
ရိေပၚတို႔ ေရွာင္းအိမ္ေတာ္ကိုေရာက္ေတာ့ ေရွာင္းသခင္ႀကီးကဧည့္ခန္းမွာသတင္းစာထိုင္ဖတ္ေနသည္။ ေရွာင္းက်န႔္ကဘာမွန္းမသိတာမို႔ ရိေပၚရဲ႕အေနာက္ကေနပဲကုတ္ေခ်ာင္းေခ်ာင္းနဲ႕လိုက္လာသည္။ ရိေပၚကေရွာင္းသခင္ႀကီးကိုျမင္တာနဲ႕
"ဆရာ!!"
ေရွာင္းသခင္ႀကီးကရိေပၚအသံၾကားေတာ့ သတင္းစာကိုခ်လိဳက္ၿပီး ေနရာမွထလာကာ ရိေပၚကိုဖက္လိုက္သည္။
"ဟာ ဝမ္ေလး လာလာ
ေရွာင္းက်န႔္မင္းကကုတ္ေခ်ာင္းေခ်ာင္းနဲ႕ဘာျဖစ္ေနတာလဲ မသိရင္သူမ်ားအိမ္လာတာၾကေနတာပဲ"
ေရွာင္းသခင္ႀကီးကေျပာေတာ့ ရိေပၚကႏႈတ္ခမ္းေကြး႐ုံေလးၿပဳံးသည္။ ဘာမွေတာ့ဝင္မေျပာ။ အိမ္ထဲစဝင္တုန္းကဆို ေရွာင္းက်န႔္ကရိေပၚရဲ႕အကၤ်ီစကိုေတာင္ဖြဖြေလးကိုင္ထားေသးတယ္။ ရိေပၚမေျပာခ်င္လို႔သာ ဘာမွမေျပာတာ။
ေရွာင္းက်န႔္ၿခံထဲမဝင္ခင္ထဲကလန႔္ေနတာ။ ဒီလိုေနရာမ်ိဳးလာရမယ္လို႔စိတ္ကူးထဲမွာေတာင္မရွိ။ ေရွာင္းအိမ္ေတာ္က ၿမိဳ႕ထဲမွာပဲတည္ရွိသည္။ေရွာင္းအိမ္ေတာ္ကဝမ္အိမ္ေတာ္ထက္ေတာင္ ႏွစ္ဆေလာက္ႀကီးေသးသည္။ အိမ္ေရာက္ဖို႔ၿခံထဲကားေမာင္းရတာပဲ မိနစ္ႏွစ္ဆယ္ေလာက္ရွိသည္။ အိမ္ႀကီးျမင္ေတာ့လဲ အလိုလိုသိမ္ငယ္ေနတာ။ အရင္ကဆင္းရဲခဲ့တဲ့ခံစားခ်က္ကခုထိမေပ်ာက္ေသး။ မေပ်ာက္ေသးဆို သူကလဲဒီေနရာနဲ႕ေနသားမွမက်ေသးတာ။
သူ႕အေဖဆိုသူရဲ႕ေျပာစကားေၾကာင့္ ေရွာင္းက်န႔္ရွက္ၿပဳံးေလးၿပဳံးလိုက္သည္။ ရိေပၚကခုံမွာဝင္ထိုင္လိုက္ေတာ့ သူကလဲရိေပၚေဘးဝင္ထိုင္လိုက္သည္။ ေရွာင္းက်န႔္ကရိေပၚကိုပထမဆုံးစေတြ႕တဲ့သူမို႔လားမသိ အားကိုးေနမိသည္။
"ထူးထူးဆန္းဆန္းပါလား ႏွစ္ေယာက္သားတူတူလာလို႔"
"ဟုတ္တယ္ဆရာ ကြၽန္ေတာ္နဲ႕ေရွာင္းက်န႔္အျပင္ထြက္လည္ရင္း ဆရာ့ဆီကိုပါဝင္လည္လိုက္တာ"
"ဝမ္ေလးရာ ခုထိဆရာလို႔ေခၚတုန္းလားကြ ငါကမင္းေယာကၡထီးျဖစ္ေနၿပီကြ"
ရိေပၚကငယ္ငယ္ထဲကေရွာင္းသခင္ႀကီးကိုတရိုတေသနဲ႕ဆရာလို႔ေခၚခဲ့တာမို႔ ႏႈတ္ကက်ိဳးေနၿပီ။ ရိေပၚေရွာင္းသခင္ႀကီးကိုရယ္သာရယ္ျပလိုက္သည္။
ခနၾကာေတာ့ႏႈတ္ဆက္စကားကေန သူတို႔ရဲ႕နိုင္ငံေရးအေၾကာင္းေတြ အလုပ္အေၾကာင္းေတြဆီေရာက္ကုန္သည္။ ေရွာင္းက်န႔္လဲအျပန္အလွန္ေျပာေနၾကတဲ့ထဲဝင္မပါပဲ ၿငိမ္ၿငိမ္ေလးေနကာ နားေထာင္ေနလိုက္သည္။ သူတို႔ေျပာေနတာအေၾကာင္းစုံကိုေတာ့နားမလည္ေပမယ့္ နားလည္သေလာက္ေလးေတာ့နားေထာင္လိုက္သည္။ ေရွာင္းသခင္ႀကီးကသူ႕ကိုၾကည့္လာၿပီး
"ကဲ ေရွာင္းသခင္ေလးကဒီလိုၿငိမ္ေနေတာ့ က်ဳပ္တို႔ကစကားေတာင္ေကာင္းေကာင္းမေျပာရဲေတာ့ဘူး ဘာျဖစ္ေနတာလဲ"
ေရွာင္းက်န႔္ေရွာင္းသခင္ႀကီးကိုေၾကာက္ဖို႔ေကာင္းမယ္ေတြးထားတာ အေတြးနဲ႕မတူ ေရွာင္းသခင္ႀကီးေဖာေ႐ြၿပီး ႐ြင္႐ြင္ျပျပရွိသည္။ ဒါေၾကာင့္လဲ အရင္ေရွာင္းက်န႔္အေပၚထိန္းကြပ္မႈေလ်ာ့ၿပီး အရင္ေရွာင္းက်န႔္ကဒီလိုဆိုးသြမ္းတာျဖစ္မယ္။
"ဘာမွမျဖစ္ပါဘူး ေဖ...Daddy"
ေရွာင္းက်န႔္မွာ အရင္ေရွာင္းက်န႔္ရဲ႕အေခၚအေဝၚေတြကိုေနသားမက်ေသး၊ အရင္ေရွာင္းက်န႔္ကနိုင္ငံျခားမွာပညာေတာ္သင္ခဲ့တာမို႔ အေနာက္တိုင္းေတာ္ေတာ္ေလးဆန္သည္။ ေရွာင္းက်န႔္ကအကုန္လုံးကိုေတာ့အရင္ေရွာင္းက်န႔္ရဲ႕အသုံးအႏႈန္းအတိုင္းသုံးႏႈန္းေနေပမယ့္ ရိေပၚကိုေတာ့ သူ႕ကိုယ္ပိုင္နာမ္စားတစ္ခုေပးထားေလသည္။
ေရွာင္းက်န႔္သူ႕အေဖနဲ႕စကားေတြေျပာရင္း ေရွာင္းသခင္ႀကီးကိုတကယ္ပဲသူ႕အေဖလိုခ်စ္ခင္မိသြားတယ္။ ျပန္ေတာ့လဲ ေရွာင္းက်န႔္က ေရွာင္းသခင္ႀကီးရင္ခြင္ထဲတိုးဝင္ၿပီး
"Daddyသားကိုသတိရဦးေနာ္..."
ေရွာင္းသခင္ႀကီးခဗ်ာ အရင္ကသူလုပ္ခ်င္ရာလုပ္ၿပီးေနတတ္တဲ့သူ႕သားက အခုသူ႕ကိုခြၽဲေနေတာ့ နည္းနည္းေတာင္ေပ်ာ္သြားသလို။ ရိေပၚကလဲေရွာင္းက်န႔္ရဲ႕အျပဳအမူေတြကိုလိုက္ၾကည့္ေနသည္။
"ကဲပါ ေကာင္ဆိုးေလးရယ္ သြားေတာ့ကြ မိုးခ်ဳပ္ေနရင္ ကားေမာင္းရအဆင္မေျပဘူး"
"Daddy သားကိုသတိရလို႔!"
ေရွာင္းက်န႔္ကဘုဆက္ဆက္နဲ႕ေျပာေတာ့ ေရွာင္းသခင္ႀကီးကအသံထြက္သည္အထိရယ္ေနသည္။ ရိေပၚကလဲေခါင္းငုံ႕ကာခိုးရယ္ေနသည္။
"ဟုတ္ပါၿပီကြ daddyကမင္းကိုအၿမဲသတိရပါတယ္"
အဲေတာ့မွေရွာင္းက်န႔္ကေပ်ာ္သြားၿပီး ရယ္ျပလာသည္။ ေရွာင္းက်န႔္ကသူကအစစ္အမွန္မဟုတ္လဲ သူတစ္ေယာက္ထဲစိတ္ဆင္းရဲျခင္းေတြနဲ႕ ေရွ႕ဆက္ခဲ့ရတာမို႔ အခုသူငယ္ခ်င္းေတြရွိေနတုန္း အေဖရွိေနတုန္း အားကိုးလို႔ရမယ့္သူရွိေနတုန္း ဒီခံစားခ်က္ေလးေတြကိုခံစားသြားခ်င္သည္။ သူ႕အပိုင္မဟုတ္ရင္ေတာင္ ခနေလာက္ေတာ့ ဒီလိုဘဝမ်ိဳးနဲ႕ေနသြားၾကည့္ခ်င္သည္။
ေရွာင္းက်န႔္ေတြးရင္းေဆြးလာလိုက္တာ ဝမ္အိမ္ေတာ္ေတာင္ျပန္ေရာက္ေနတာကိုမသိလိုက္။ ရိေပၚရဲ႕ေခၚသံၾကားမွသာ 'ဟမ္'ဆိုကာ လွည့္ၾကည့္လာသည္။
"အိမ္ေရာက္ေနၿပီေလ"
"အင္းအင္း"
ေရွာင္းက်န႔္အရင္ပဲကားေပၚကဆင္းသြားကာ သူ႕ကိုႏႈတ္ဆက္ေနတဲ့ ႀကီးေတာ္ေမကိုလဲျပန္ႏႈတ္မဆက္နိုင္ပဲ သူတို႔အိပ္ခန္းသို႔သာ တန္းတက္သြားသည္။ ေရွာင္းက်န႔္ေရခ်ိဳးမလို႔ တဘက္ကိုကိုင္ကာ ေရခ်ိဳးခန္းကိုရပ္ၾကည့္ေနမိသည္။ ထိုအခ်ိန္တံခါးဖြင့္သံနဲ႕အတူရိေပၚအခန္းထဲဝင္လာသည္။ ရိေပၚကေရခ်ိဳးခန္းကိုေၾကာင္ၾကည့္ေနတဲ့ေရွာင္းက်န႔္နားသြားၿပီး ေရွာင္းက်န႔္ရဲ႕လက္ေမာင္းေလးကိုဖြဖြေလးကိုင္လိုက္ကာ
"ေရွာင္းသခင္ေလး ဘာေတြအေတြးမ်ားေနတာလဲ"
အဲေတာ့မွေရွာင္းက်န႔္က သူ႕ကိုၾကည့္လာၿပီး ေခါင္းခါျပကာ ေရခ်ိဳးခန္းထဲဝင္သြားသည္။
ညစာစားၿပီးၾကတဲ့အထိေရွာင္းက်န႔္ကဘာစကားတစ္ခြန္းမွမေျပာ။ အိပ္ခန္းထဲမွာ ေရွာင္းက်န႔္ထိုင္မွိုင္ေနရင္း ပ်င္းသြားသည္။ သူတစ္ခ်ိန္လုံးအေတြးလြန္ေနခဲ့တာ။ သူကအစစ္အမွန္မဟုတ္လဲ သူျပင္ဆင္လို႔မွမရတာ ဒါကိုသူေ႐ြးခ်ယ္ခဲ့တာမဟုတ္လို႔ ဘာမွမတတ္နိုင္ဘူးေလ၊ ေရွာင္းက်န႔္အစစ္ကိုအားနာဖို႔ပဲတတ္နိုင္တယ္။ ရိေပၚကလဲအခန္းထဲမွာမရွိ၊ သူ႕စာၾကည့္ခန္းထဲမွာ အလုပ္ရႈပ္ေနသည္။ ေရွာင္းက်န႔္ ဘာမွလုပ္စရာမရွိတာမို႔ ရိေပၚဆီသြားလိုက္သည္။ စာၾကည့္ခန္းေရွ႕မွာမတ္တပ္ခနရပ္ၿပီး တံခါးေခါက္လိုက္ေတာ့ အထဲကအသံေပးသည္။
"ဘယ္သူလဲ"
ေရွာင္းက်န႔္ တံခါးကိုအနည္းငယ္ပဲဖြင့္ၿပီး အခန္းထဲေခါင္းေလးပဲသြင္းကာ ရိေပၚကိုေခၚလိုက္သည္။
"အိမ္ကလူ.."
ရိေပၚကလက္ႏွိပ္စက္မွာ စာရိုက္ေနရင္းေရွာင္းက်န႔္ရဲ႕အသံၾကားေတာ့ ေမာ့ၾကည့္လာသည္။
"ကြၽန္ေတာ္ဝင္လာလို႔ရမလားဟင္"
ရိေပၚကမ်က္ေမွာင္ၾကဳတ္လိုက္ေပမယ့္ ေရွာင္းက်န႔္ကိုမရဘူးလို႔မေျပာ ဝင္လာခိုင္းသည္။ ေရွာင္းက်န႔္ကအထဲေရာက္ေတာ့ ရိေပၚထိုင္ေနတဲ့ေဘးတြင္ရပ္ကာ ၿငိမ္ၿငိမ္ေလးေနေနသည္။ ရိေပၚကလဲဘာကိစၥလဲလို႔မေမးသလို ေရွာင္းက်န႔္ကလဲဘာမွမေျပာပဲ ရိေပၚလက္ႏွိပ္စက္ရိုက္ေနတာကိုသာ ရပ္ၾကည့္ေနသည္။ ခနေနေတာ့ ရိေပၚကေရွာင္းက်န႔္ကိုေမာ့ၾကည့္ၿပီး မ်က္မွန္ကိုခြၽတ္ကာ အျပင္ထြက္သြားသည္။ ေရွာင္းက်န႔္ကလဲရိေပၚထြက္သြားတာကိုလိုက္ၾကည့္ေနသည္။ ၿပီးေတာ့ ရိေပၚရိုက္ခဲ့တဲ့စာလုံးေလးေတြကိုၾကည့္ၿပီး သေဘာတက်နဲ႕ၿပဳံးေနတယ္။
ခနအၾကာရိေပၚက ခုံတစ္လုံးမၿပီးျပန္ဝင္လာသည္။ ေရွာင္းက်န့္ကလဲေၾကာင္ေတာင္ေတာင္နဲ႕ရိေပၚလုပ္သမွ်ကိုလိုက္ၾကည့္ေနသည္။ ရိေပၚကေရွာင္းက်န႔္ရပ္ေနတဲ့ေရွ႕မွာခုံႀကီးမၿပီး လာရပ္ေတာ့ ေရွာင္းက်န႔္ကလဲ အေနာက္ဆုတ္ေပးလိုက္သည္။ ၿပီးေတာ့ ခုံကိုေသခ်ာေနရာျပင္ေပးကာ ေရွာင္းက်န႔္ကိုၾကည့္ၿပီး
"ထိုင္ရေအာင္ခုံသြားယူေပးတာ မတ္တပ္ႀကီးနဲ႕မေညာင္းဘူးလား"
ေရွာင္းက်န႔္ကသူ႕ဖို႔ခုံယူေပးတာမွန္းသိေတာ့မွ ရိေပၚကိုသြားေလးမ်ားေပၚေအာင္ ရယ္ျပၿပီး
"ေက်းဇူးတင္ပါတယ္"
ရိေပၚကေခါင္းၿငိမ့္ျပၿပီး ေရွာင္းက်န႔္ရဲ႕ရယ္ေနတာကိုၾကည့္ကာ
"ေရွာင္းသခင္ေလး ခဗ်ားအရမ္းမရယ္ပါနဲ႕လား"
"ဟမ္ ဘာျဖစ္လို႔.."
ေရွာင္းက်န႔္အေမးမဆုံးခင္မွာပဲ
"က်ဳပ္အဆင္မေျပလို႔"
ရိေပၚစကားေၾကာင့္ ေရွာင္းက်န႔္ကမ်က္ႏွာဆူပုတ္သြားကာ
"ဘာျဖစ္လဲ ကြၽန္ေတာ့္ဘာသာရယ္တာ အဆင္မေျပမၾကည့္နဲ႕ေပါ့"
ရိေပၚရန္ေတြ႕ခံလိုက္ရတာမို႔ ဘာမွမေျပာေတာ့ပဲ ေခါင္းသာတစ္ခ်က္ခါၿပီး သူ႕ခုံသူျပန္ထိုင္ကာ လုပ္စရာရွိတာလုပ္ေနသည္။ ရိေပၚလဲအလုပ္ေပၚစိတ္ေရာက္သြားၿပီး တစ္နာရီေလာက္အၾကာမွာ ဒီဘက္လွည့္ၾကည့္ေတာ့ ေရွာင္းက်န႔္ကထိုင္ရက္ငိုက္ေနသည္။ ရိေပၚလဲေရွာင္းက်န႔္ကိုၾကည့္ၿပီး ရယ္ခ်င္ေနတုန္းမွာပဲ ေရွာင္းက်န႔္ေခါင္းကအေရွ႕ကိုစိုက္ၾကလာတာမို႔ အျမန္လက္နဲ႕ခံလိုက္ရသည္။ ေရွာင္းက်န႔္ရဲ႕ေမးေစ့ကရိေပၚရဲ႕လက္ဖဝါးႀကီးႀကီးထဲဝင္သြားတဲ့အခ်ိန္မွာ ရိေပၚလန႔္သြားသည္။ ရိေပၚရဲ႕လက္ေခ်ာင္းေတြကေရွာင္းက်န႔္ပါးေလးကိုထိမိေနတာမို႔ အသဲေတာင္ယားသြားတယ္၊ ဘာလို႔ဆိုေရွာင္းက်န႔္ပါးေလးေတြကႏူးညံ့ေနတာပဲ။ ရိေပၚပါးေလးကိုေနာက္လက္တစ္ဖက္နဲ႕ထိၾကည့္မလို႔လုပ္တုန္းမွာပဲ ေရွာင္းက်န႔္ကနိုးသြားကာ ရိေပၚကိုအိပ္ခ်င္မူးတူးနဲ႕ၾကည့္လာသည္။ ၿပီးေတာ့သူ႕လက္ထဲကမ်က္ႏွာကိုေနာက္ဆုတ္လိုက္ၿပီး သမ္းေဝရင္းမ်က္လုံးကိုပြတ္ကာ ရိေပၚကိုၾကည့္ၿပီး
"အိမ္ကလူ အလုပ္ၿပီးၿပီလား"
"အင္း အိပ္ခ်င္ေနတာကို သြားအိပ္တာမဟုတ္ဘူး"
"ခဗ်ားကိုေစာင့္ခ်င္လို႔ပါ ခုေတာင္၁၁နာရီထိုးေတာ့မယ္"
ေရွာင္းက်န႔္ကစားပြဲေပၚက နာရီအေသးေလးကိုၾကည့္ရင္းေျပာသည္။ ၿပီးတာနဲ႕ရိေပၚလက္ေမာင္းကိုကိုင္လိုက္ကာ
"ၿပီးၿပီဆိုသြားရေအာင္ေလ ကြၽန္ေတာ္အိပ္ခ်င္ေနၿပီ"
ရိေပၚလဲဘာမွမေျပာပဲ ေရွာင္းက်န႔္ကိုင္ထားတဲ့လက္ကိုလဲမျဖဳတ္ခ်ပဲ အခန္းထဲကတူတူထြက္သြားၾကသည္။ ရိေပၚအခန္းထဲဝင္ေတာ့ ႏြားနို႔ႏွစ္ခြက္ကိုစားပြဲေပၚတင္ထားတာေတြ႕လိုက္သည္။ ေရွာင္းက်န႔္ကေတာ့ အခန္းထဲေရာက္တာနဲ႕ကုတင္ေပၚအရင္တက္ေနၿပီးေစာင္ၿခဳံကာေကြးေနၿပီ။ ရိေပၚႏြားနို႔ခြက္တစ္ခြက္ကိုကုိင္ကာ
"ေရွာင္းသခင္ေလး ႏြားနို႔ေသာက္ဦးေလ"
ေရွာင္းက်န႔္ကေစာင္ကိုေခါင္းထိၿခဳံထားတာကေနဖယ္လိုက္ၿပီး ထိုင္လိုက္ကာ ရိေပၚလက္ထဲကခြက္ကိုယူၿပီးကုန္ေအာင္ေသာက္လိုက္သည္။ ၿပီးတာနဲ႕ခြက္ကိုရိေပၚထံျပန္ေပးကာ ေစာင္ၿခဳံ၍အိပ္ေတာ့သည္။ ရိေပၚလဲေရွာင္းက်န႔္ကိုၾကည့္ၿပီး ေခါင္းသာခါမိသည္။
ရိေပၚလဲ ညအိပ္ဝတ္စုံလဲၿပီး ႏြားနို႔ေသာက္လိုက္ကာ ကုတင္ေပၚတက္လိုက္သည္။ ေရွာင္းက်န႔္ကေတာ့စအိပ္တုန္းကနဲ႕မတူ သူၿခဳံထားတဲ့ေစာင္ကိုကန္ခ်ထားတာ သူကိုယ္မွာေစာင္မရွိေတာ့။ ရိေပၚေစာင္ကိုျပန္ၿခဳံေပးလိုက္ၿပီး သူလဲေဘးကဝင္လွဲကာ ေရွာင္းက်န႔္ကိုေက်ာေပးကာတစ္ဖက္ကိုလွည့္လိုက္သည္။ ရိေပၚကညဆိုေတာ္ေတာ္နဲ႕အိပ္ေပ်ာ္သူမဟုတ္၊ ေတာင္ေတြးေျမာက္ေတြးနဲ႕အၿမဲညဉ့္နက္မွအိပ္ေပ်ာ္တတ္သည္။
အခုေတာ့ရိေပၚမွာေတာင္ေတြးေျမာက္ေတြးေတာင္မေတြးရ၊ ေရွာင္းက်န႔္ကအိပ္ေနရင္း ကန္ေနတာနဲ႕ေလ၊ ရိေပၚေရွာင္းက်န႔္ဘက္ကိုေခါင္းေစာင္းၾကည့္ေတာ့ အခ်ိန္ကိုက္မွာပဲေရွာင္းက်န႔္ရဲ႕လက္ကရိေပၚမ်က္ႏွာေပၚဖက္ခနဲပဲ။ ရိေပၚမ်က္ႏွာကနာသြားေတာ့ စိတ္ကနည္းနည္းတိုသြားသည္။ သူ႕မ်က္ႏွာေပၚကလက္ကိုဖယ္လိုက္ၿပီး ေခါင္းေထာင္ၾကည့္လိုက္ေတာ့ ေျခကားယားလက္ယားနဲ႕ သူစလွဲတုန္းကၿခဳံေပးခဲ့တဲ့ေစာင္ကအခုမရွိေတာ့၊ ေအာက္ကိုကန္ခ်လိဳက္ၿပီေလ။ ရိေပၚေတြးမိတယ္၊ ေရွာင္းက်န႔္အိမ္မွာတခါတေလလာအိပ္တိုင္း ရိေပၚေသခ်ာၾကည့္မိသည္။ ေရွာင္းက်န႔္ကအိပ္တာအရမ္းၿငိမ္တယ္၊ ေစာင္ၿခဳံၿပီးေကြးေကြးေလးပဲအိပ္တတ္တာ။ အခုမွဘယ္လိုလုပ္ဒီေလာက္အအိပ္ၾကမ္းေနတာလဲ။ မေန႕ကေတာ့သူစာၾကည့္ခန္းမွာပဲအလုပ္ရႈပ္ၿပီးအိပ္ေပ်ာ္သြားတာမို႔ သူမသိလိုက္။ ဒီေန႕မွအအိပ္ၾကမ္းေနတာလားေတာ့သူလဲမသိ။
ရိေပၚစိတ္ေလ်ာ့လိုက္ၿပီး ေရွာင္းက်န႔္ရဲ႕ေစာင္သက္သက္ကိုၿခဳံမေပးေနေတာ့ပဲ သူၿခဳံထားတဲ့ေစာင္ကိုသာၿခဳံေပးလိုက္သည္။ အရင္ေရွာင္းက်န႔္ကရိေပၚနဲ႕သူေစာင္တူတူမၿခဳံနိုင္ဘူးဆိုေသာေၾကာင့္ ေစာင္ကႏွစ္ခုျပင္ထားရတာ။ ရိေပၚေစာင္ၿခဳံေပးၿပီးေတာ့ ပက္လက္ျပန္လွဲကာ ရင္ဘတ္ေပၚလက္တင္ၿပီးအိပ္မလို႔ေတြးတုန္းမွာပဲ အိမ္ေအာက္ထပ္ကဖုန္းျမည္သံကိုၾကားလိုက္ရသည္။ ရိေပၚလဲညဘက္ႀကီးမကိုင္ခ်င္ေတာ့တာမို႔ မသိခ်င္ေယာင္ေဆာင္ေနေပမယ့္ ဖုန္းေခၚသံကသုံးေလးခါရွိေနၿပီ အေရးႀကီးဖုန္းျဖစ္မွာဆိုးတာေၾကာင့္ ထကိုင္မလို႔လုပ္ေတာ့ ေရွာင္းက်န႔္ကလဲနိုးလာၿပီး ရိေပၚအကၤ်ီစေလးကိုလွမ္းဆြဲကာ အိပ္ခ်င္မူးတူးနဲ႕ေမးလာသည္။
"ဘယ္သြားမလို႔လဲ"
"ဖုန္းလာေနလို႔ေလ သြားကိုင္မလို႔"
ေရွာင္းက်န႔္ကအဲေတာ့မွေခါင္းၿငိမ့္ျပၿပီး အကၤ်ီစကိုင္ထားတာကိုလႊတ္ေပးလိုက္ေတာ့ ရိေပၚကလဲထြက္သြားသည္။ အေနာက္ကေရွာင္းက်န႔္ကလဲအသံမထြက္ပဲၿငိမ္ၿငိမ္ေလးလိုက္လာတယ္။ ရိေပၚေလွကားဆင္းခါနီးမွာ ေနာက္ေက်ာမလုံလို႔လွည့္ၾကည့္ေတာ့ ေရွာင္းက်န႔္ကလဲသူ႕ကိုၾကည့္ေနသည္။ ရိေပၚျမင္ျမင္ခ်င္းမို႔အနည္းငယ္လန႔္သြားရတယ္၊ ေရွာင္းက်န႔္ကအသံမေပးပဲလိုက္ပါလာတာကို။ ရိေပၚမေနနိုင္ေတာ့ပဲ ထုတ္ေမးလိုက္ေတာ့သည္။
"ေနစမ္းပါဦး ေရွာင္းသခင္ေလး ခဗ်ားတစ္ေန႕လုံးက်ဳပ္နားကပ္ေနတာေနာ္ ဘာျဖစ္ေနတာလဲ"
ရိေပၚကေမးလိုက္ေတာ့ ေရွာင္းက်န႔္ကမ်က္လုံးဝိုင္းေလးနဲ႕ပဲ ေခါင္းခါျပသည္။ ရိေပၚလဲဘာမွမေမးေတာ့ ေရွာင္းက်န႔္ၾကည့္ရတာလဲခုခ်ိန္ထိအိပ္ခ်င္မူးတူးျဖစ္ေနတာမို႔ ေလွကားေပၚကျပဳတ္က်မွာဆိုးတာေၾကာင့္ ေရွာင္းက်န႔္ရဲ႕လက္ေကာက္ဝတ္ေလးကိုဆုတ္ကိုင္လိုက္ၿပီး အိမ္ေအာက္ထပ္ကိုဆင္းလာလိုက္သည္။ ေရွာင္းက်န႔္ကလဲသူ႕လက္ကိုကိုင္တာ ဘာမွမေျပာသလိုဆြဲလဲမျဖဳတ္ဘူး။ အိမ္ေအာက္ထပ္ေရာက္ေတာ့ ဖုန္းကထပ္ျမည္လာသည္။ ရိေပၚလဲဖုန္းခ်ထားတဲ့ေဘးကခုံမွာဝင္ထိုင္ၿပီး ဖုန္းေျဖလိုက္သည္။
"ဟယ္လို ဟုတ္ကဲ့ဝမ္အိမ္ေတာ္ကပါ"
☎️ၿမိဳ႕ပိုင္မင္းလား က်ဳပ္မန္ထယ္ပါ ေရွာင္းက်န႔္အိမ္ေတာ္မွာရွိလား ရွိရင္ေခၚေပးဦး☎️
ေရွာင္းက်န႔္ရဲ႕သူငယ္ခ်င္းေတြအကုန္လုံးကေရွာင္းက်န႔္လိုပဲ စကားေျပာရင္အေပၚစီးက။ ရိေပၚလဲသက္ျပင္းခ်လိဳက္ၿပီး အေနာက္ကမတ္တပ္ႀကီးငိုက္ေနတဲ့ေရွာင္းက်န႔္ကိုတစ္ခ်က္လႈပ္ႏွိုးလိုက္ၿပီး
"ခဗ်ားဖုန္း မန္သခင္ေလးဆက္တာ"
ေရွာင္းက်န႔္လဲဖုန္းကိုကိုင္လိုက္ေတာ့
"အင္းေျပာေလ မန္ထယ္ ဘာကိစၥလဲညဘက္ႀကီးမွ"
☎️ဟ ဘာကိုဘာကိစၥလဲ လဲ ဒီေန႕ညပါတီရွိပါတယ္ဆို ညေနထဲကမင္းေရွ႕မွာပဲဖိတ္သြားတာေလ မင္းကိုေစာင့္ေနတာ၁၁နာရီထဲက ခုပဲ၁၂နာရီခြဲေက်ာ္ေနၿပီ မလာေသးဘူးလား ငါတို႔ေတာင္လူစုံေနၿပီ☎️
ရိေပၚလဲအျပင္ထြက္ဖို႔ေခၚေနတာမွန္းရိပ္မိေတာ့ ရပ္ေစာင့္မေနေတာ့ပဲ အိမ္ေပၚျပန္တက္ကာ အိပ္ခန္းထဲဝင္ၿပီးကုတင္ေပၚလွဲကာေစာင္ထဲေကြးေနလိုက္သည္။ ေကြးေနေပမယ့္ ေရွာင္းက်န႔္တံခါးဖြင့္သံကိုေတာ့နားစြင့္ေနမိသည္။
"မလာေတာ့ဘူး မင္းတို႔ပဲေပ်ာ္ခဲ့ၾက ငါေတာ့အိပ္ခ်င္ေနလို႔ ဒါပဲ"
ေရွာင္းက်န႔္ကမန္ထယ္ရဲ႕replyေတာင္မေစာင့္ပဲ ဖုန္းကိုခ်လိဳက္ၿပီး အေနာက္လွည့္ၾကည့္ေတာ့ ရိေပၚကမရွိေတာ့ ေရွာင္းက်န႔္မ်က္ႏွာပ်က္သြားသည္။ သူကဘာလို႔မေစာင့္ေနတာတုန္း သူ႕ၾကေစာင့္ေပးတာကို!
ေဆာင္းတြင္းေရာက္ေနၿပီမို႔ အေတာ္ေလးခ်မ္းေနၿပီ၊ ေရွာင္းက်န႔္လဲေအးလာတာမို႔ အေပၚကိုအျမန္တက္ကာ တံခါးဖြင့္ဝင္လိုက္သည္။ အခန္းထဲၾကည့္ေတာ့ ရိေပၚကေစာင္ၿခဳံၿပီးေကြးေနသည္။ ေရွာင္းက်န႔္လဲ ႏွာေခါင္းရႈံ႕လိုက္ၿပီး ကုတင္ေပၚတက္ကာ သူ႕ေစာင္သူၿခဳံလိုက္ၿပီးလွဲအိပ္ေတာ့ ရိေပၚကမ်က္လုံးဖြင့္လာၿပီး ေရွာင္းက်န႔္ကိုေက်ာေပးထားရာကေန ေခါင္းလွည့္လာၿပီး
"ေရွာင္းသခင္ေလး သူငယ္ခ်င္းေခၚေနတာမသြားဘူးလား"
ေရွာင္းက်န႔္ကသူ႕တစ္ေယာက္ထဲထားခဲ့ၿပီး လာအိပ္ေနတာကိုစိတ္ဆိုးေနတာမို႔ ျပန္ေျပာလိုက္သည္။
"အဲဒါခဗ်ားနဲ႕ဘာဆိုင္လဲ"
ေရွာင္းက်န႔္ကရိေပၚကိုမ်က္ေစာင္းထိုးၿပီး ေက်ာေပးကာလွည့္သြားသည္။ ရိေပၚမွာေတာ့ပါးစပ္ေဟာင္းေလာင္းေလး၊ သူဘာလုပ္မိလို႔လဲ။
ညလယ္ေလာက္ေရာက္ေတာ့ ရိေပၚလဲအိပ္ေပ်ာ္ေနၿပီ၊ ေရွာင္းက်န႔္ကသူ႕ေစာင္ကိုကန္ခ်ထားၿပီးခ်မ္းလာတာေၾကာင့္ ရိေပၚနားကိုတေျဖးေျဖးကပ္လာသည္။ ရိေပၚရဲ႕ေက်ာျပင္ကိုတစ္ခုခုလာထိေနတာသတိထားမိတာေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ေရွာင္းက်န့္ရဲ႕နဖူးေလးက သူ႕ေက်ာနဲ႕ထိေနသည္၊ ခ်မ္းလို႔ထင္တယ္ေကြးေနတာ ပုစြန္ေလးလိုပဲ။ ရိေပၚလဲေရွာင္းက်န႔္ဘက္ကိုလွည့္လိုက္ၿပီး ေခါင္းအုံးေပၚမရွိေနတဲ့ေရွာင္းက်န႔္ေခါင္းေလးကို သူ႕လက္ေမာင္းေပၚတင္လိုက္ၿပီး ေနာက္လက္တစ္ဖက္နဲ႕ သူၿခဳံထားတဲ့ေစာင္ကိုပဲၿခဳံေပးလိုက္ၿပီး ေရွာင္းက်န႔္ကိုဖက္ကာအိပ္လိုက္ေတာ့သည္။
ဆက္ရန္~~~~
အရွည္ႀကီးေရးေပးထားတာမို႔ အပ္ပုဒိတ္ၾကာတာကိုအျပစ္မယူပါနဲ႕ေညာ္👀 တစ္ပတ္တစ္ပိုင္းေပါ့ေနာ့^_^