[ Zawgyi ]
မနက္ခင္း ေနေရာင္ျခည္ ေႏြးေႏြးေလး
စီးကရက္နံ့ တစြန္းတစက ႏွာေခါင္းအ
တြင္း ခပ္ပါးပါး ရိုက္ခတ္လို႔ ~~
အိပ္ေနရာမွ နိုးလာသည့္ ယြန္းဂီ ေဘး
ဘီကို ၾကည့္မိေတာ့ ဂ်ီမင္းကို မေတြ႕ ...
ဧည့္ခန္းဆီ ထြက္လာေတာ့မွ ေနေရာင္
က်ရာဘက္ကို မ်က္ႏွာမူရင္း စီးကရက္q
ေသာက္ေနသည့္ ေကာင္ေလးကို လွမ္း
ေတြ႕လိုက္သည္ ။
ခပ္ပါးပါး အကၤ်ီ ေအာက္က ေကာက္
ေၾကာင္းလွလွ ခႏၶာကိုယ္ေလး ဟာ
မျမင္ခဲ့ရတဲ့ ႏွစ္ႏွစ္တာအတြင္း ပိုၿပီး
ေသးသြယ္ လွပလာသလို ။
ခပ္ေရးေရး ျမင္ရသည့္ NEVERMIND
ဆိုတဲ့ tattoo ဟာ ပဲရစ္ မွာ ထိုးခဲ့ပုံရ
သည္ ။ ဘာ အဓိပၸါယ္မ်ား ျဖစ္ေလမလဲ
သူ စဥ္းစားမိေသးသည္ ။
အတန္ၾကာေအာင္ ေငးေမာၾကည့္ေနမိ
သည့္ သူ႔ျမတ္နိုးရာေလးကို သူ ဒီတစ္
ခါေတာ့ တကယ္ႀကီး ပိုင္ဆိုင္ရမွ ျဖစ္
ေပေတာ့မည္ ။
" ဂ်ီမင္း ~ "
" ဗ်ာ "
မေန႔ညကေလာက္ ခါးခါးသီးသီး မရွိ
ေတာ့သည့္ ဂ်ီမင္း ပုံစံေၾကာင့္ သူအနည္း
ငယ္ စိတ္သက္သာရာ ရမိသည္ ။
သူ႔ကို လွည့္ၾကည့္လာသည့္ ေကာင္ေလး
က ေသာက္လက္စ စီးကရက္ကို ဖိေခ်ၿပီး
မီးၿငိမ္းလိုက္သည္ ။
ခါးသြယ္သြယ္ဆီ ေပြ႕ဖက္ရင္း ပုခုံးဆီ
ေမးတင္ကာ ေကာင္ေလးဆီက ခပ္
သင္းသင္း က်န္ေနေသးသည့္ စီးကရက္
နံ့ ေလးေတြကို သေဘာတက် ရႈရွိုက္မိ
သည္ ။
" ဘယ္တုန္းက စီးကရက္ ေသာက္တတ္
သြားတာလဲ "
" ပဲရစ္ ေရာက္တည္းကပဲ "
"ကို႔ေၾကာင့္လား ? "
" အင္း "
" အဲ့ ႏွစ္ႏွစ္အတြင္း ကို႔ကို ဘယ္ေလာက္
ေတာင္ လြမ္းလဲ ? "
" အလြမ္းဒဏ္ကို ခံနိုင္ရည္ မရွိေတာ့လို႔
ေသဖို႔ေတာင္ ေတြးမိတဲ့ အထိပဲ "
အရွိုက္တည့္တည့္ကို ထိမိေအာင္ ေျပာ
လိုက္သည့္ စကားေၾကာင့္ ယြန္းဂီပင္
ဆြံ့အ သြားရေတာ့သည္ ။
" ကို ေတာင္းပန္ပါတယ္ "
" ဘာအတြက္လဲ "
" မေန႔ညက ကိုေျပာတဲ့ စကားေတြက
လြန္မွန္း သိပါတယ္ ... ဒါေပမယ့္ "
" သိၿပီးသား "
" ဂ်ီမင္းက ဘာကို သိတာလဲ ? "
" ဟန္ဆယ္ယြန္းနဲ႔ လက္မထပ္ ျဖစ္ခဲ့ဘူး
ဆိုတာ "
" သိေနခဲ့တာလား ? ဘယ္တုန္းတည္း
ကလဲ "
အႀကိမ္ႀကိမ္အခါခါ သူ႔ကို အံ့အားသင့္
ေအာင္ လုပ္လြန္းတဲ့ ေကာင္ေလးပါပဲ ။
" ကၽြန္ေတာ္ ဒီကိုျပန္မလာခင္ က ပဲရစ္
မွာ ဟန္ဆယ္ယြန္းနဲ႔ ေတြ႕ခဲ့တယ္ "
" ဒါဆို မင္းကို႔ကို ညာတာပဲ ... မေန႔ညက
မင္းကို႔ကို မဟုတ္တမ္း စကားေတြ ဘာလို႔
ေျပာခဲ့တာလဲ ? "
" ခင္ဗ်ားေတာင္ ကၽြန္ေတာ့္ကို ေျဖရွင္း
ခ်က္ ေပးခဲ့လို႔လား ? "
" ဒါဆို ညက ကိုလုပ္ခဲ့တာေတြက မလြန္
ဘူးပဲ ။ မင္းကကြာ တကယ္ကိုပဲ "
ရယ္က်ဲက်ဲ လုပ္ေနသည့္ ယြန္းဂီကို အ
ျမင္ကပ္စြာပင္ ဂ်ီမင္း အေဝးတြန္းထုတ္
ပစ္ လိုက္သည္ ။
" ခင္ဗ်ားလည္း ညာတာပဲေလ ... ဘယ္
က မိန္းမနဲ႔ ကေလးလဲ ? အ႐ူး "
" ခင္ဗ်ား ... ခင္ဗ်ားလို႔ မေခၚပါနဲ႔လား
ကြာ .. ကိုၾကားရတာ စိတ္မေကာင္း
ျဖစ္လြန္းလို႔ပါ "
" ေခၚေတာ့ဘာျဖစ္လဲ ? အစတည္း
က အေခၚမခံခ်င္ရင္ အခ်ိဳးေျပေအာင္
ေနရမွာေပါ့ "
ဆူပုတ္ပုတ္ မ်က္ႏွာႏွင့္ ေျပာလာသည့္
ခႏၶာကိုယ္ေလးကို ဆြဲေပြ႕ခ်ီကာ သူ႔ေပါင္
ေပၚ တင္လိုက္သည္ ။
ဒီတစ္ခါေတာ့ ခပ္ျပဳံးျပဳံးပင္ သူ႔လည္
ပင္း ေတြဆီကို ျပန္သိုင္းဖက္လာသည့္
ေကာင္ေလးက သူ႔ကို မျငင္းဆန္လာ
ေတာ့ ။
" ကို မင္းကို ထပ္ၿပီး လက္လႊတ္မွာ မ
ဟုတ္ဘူး "
" ကၽြန္ေတာ့္ကို ဘယ္ေလာက္ေတာင္
ခ်စ္တာလဲ "
" ေသေလာက္ေအာင္ပဲ ... ေသသြားရင္
ေတာင္ ခ်စ္ေနဦးမွာ "
ယြန္းဂီဆီက မေျပာင္းလဲတဲ့ အေၿဖ အ
တြက္ ဂ်ီမင္း စိတ္လို လက္ရ ျပဳံးမိသည္ ။
မ်က္လုံး ေသးေသးေလးေတြပင္ မွိတ္
သြားရတဲ့ အထိ ။
" NEVERMIND ဆိုတာက ပဲရစ္မွာထိုး
ခဲ့တာလား ? "
" အင္း ... လွတယ္ မွတ္လား ? "
" လွတယ္ ... ဘာအဓိပၸါယ္နဲ႔ ထိုးခဲ့တာ
လဲ "
" ဘာပဲျဖစ္ျဖစ္ ကိစၥမရွိဘူး ... ယြန္းဂီ ခ်စ္
သည္ ျဖစ္ေစ ၊ မခ်စ္သည္ ျဖစ္ေစ ၊ ယြန္းဂီ
ျမတ္နိုးသည္ ျဖစ္ေစ ၊ မုန္းသည္ ျဖစ္ေစ ...
ကၽြန္ေတာ္ကေတာ့ ယြန္းဂီကို ခ်စ္တယ္ ၊
ျမတ္နိုးတယ္ ၊ ကၽြန္ေတာ္တို႔ မဆုံျဖစ္ခဲ့ၾက
ရင္လည္း ကိစၥမရွိဘူး ၊ ကၽြန္ေတာ္ကေတာ့
ယြန္းဂီကို ဘာကိစၥေတြပဲ ရွိရွိ ခ်စ္ျမတ္နိုး
ေနမွာ .... ထာဝရ အတြက္ပဲ "
" ကၽြန္ေတာ့္အတြက္ ဘာကိစၥေတြပဲ ရွိေန
ရွိေန ယြန္းဂီကို ခ်စ္ျမတ္နိုးေနဖို႔က ကၽြန္
ေတာ့္ရဲ့ တာဝန္ပါပဲ "
" အာ ~ အဲ့လို အဓိပၸါယ္နဲ႔လား "
ေကာင္ေလး စကားအဆုံးမွာ ယြန္းဂီ
ဂ်ီမင္း ရင္ခြင္ဆီ မ်က္ႏွာအပ္ထားလိုက္
မိေတာ့သည္ ။
" ယြန္းဂီ ... ငိုေနတာလား "
" ကို ေတာင္းပန္ပါတယ္ ... တကယ္ကို
ေတာင္းပန္ပါတယ္ "
" ဘာလို႔ ေတာင္းပန္ရျပန္တာလဲ "
" ကိုက စခ်စ္မိတဲ့သူပါ ။ တကယ္ဆို စ
ခ်စ္မိတဲ့သူက ပိုၿပီး အခ်စ္ႀကီးၾကတယ္
တဲ့ ။ ဒါေပမယ့္ ကို မင္းရဲ့ အခ်စ္ေတြကို
ေတာ့ လိုက္လို႔ မမွီေတာ့ဘူး ဂ်ီမင္း ...
စခ်စ္မိတဲ့ ကိုက မင္းေလာက္ အခ်စ္မ
ႀကီး နိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္ "
" မလိုပါဘူးေနာ္ .. တကယ္ဆို ခ်စ္ျခင္း
ေမတၱာေတြမွာ အခ်စ္ႀကီးတယ္ အခ်စ္
ေလၽွာ့တယ္ဆိုတာမ်ိဳး မရွိပါဘူး ... စ
ခ်စ္မိၿပီ ဆိုတည္းက ခ်စ္ရတဲ့ သူအေပၚ
မွာ အခ်စ္ေတြ တစတစ ပြားမ်ားလာတတ္
တာက ခ်စ္ျခင္းေမတၱာရဲ့ သေဘာတရား
ပါပဲ .. "
အတတ္ကေလးက ပဲရစ္က ျပန္ေရာက္
ၿပီးမွ တတ္လာလိုက္တဲ့ စကားေတြ ။
ဂ်ီမင္းရဲ့ အခ်စ္ဋီကာ ေတြကို ယြန္းဂီ
လိုက္၍ မမွီနိုင္ေတာ့ေပ ။
ၾကယ္သီး ျဖဳတ္ထား၍ လွပ္ေနသည့္
ညာဘက္ညႇပ္ရိုးထက္က မွဲ႕နက္ငယ္
ေလးကို ယြန္းဂီ တျမတ္တနိုး နမ္းရွိုက္
မိသည္ ။
" ကို႔ရဲ့ မနက္ခင္း တာဝန္ေလးကို မ
လစ္ဟင္းေစခ်င္ေတာ့ဘူး ။ ကို႔ကို
ထာဝရ တာဝန္ထမ္းေဆာင္ခြင့္ျပဳပါ
ကို႔ စီအီးအိုငယ္ "
ထူထဲထဲ ႏႈတ္ခမ္းငယ္ေတြကို မက္
မက္ေမာေမာ စုပ္ရႈမိေတာ့ အသက္
ရႈသံ ျပင္းျပင္းေတြက ေကာင္ေလး
ဆီမွ ခပ္တိုးတိုး ၾကားရသည္ ။
ခပ္ပြပြအကၤ်ီေအာက္က လက္ေတြက
ဘယ္ေနရာက ဘာဆိုတာ အလြတ္ရ
ေနၿပီးသား ။ ေပြ႕ထားသည့္ ခႏၶာကိုယ္
တင္းသည္ထက္ တင္းေအာင္ ေပြ႕ဖက္
ရင္း အလြတ္မေပးနိုင္ေသးသည့္ ႏႈတ္
ခမ္းေတြကို ခပ္ၾကမ္းၾကမ္း ကိုက္ေန
မိတုန္း ။
" ယြန္းဂီ ! "
" ဘာျဖစ္လို႔လဲ "
" အလုပ္သြားရဦးမွာကို "
" ughhhh ~~~~ "
မေလ်ာ့မရဲ ျဖစ္ေနသည့္ စိတ္ကို ေကာင္
ေလး မ်က္ႏွာေၾကာင့္ ေလၽွာ့ခ်လိုက္ေတာ့
သည္ ။ မေန႔ညက ေသာင္းက်န္းခဲ့မိသည္
ေၾကာင့္ အေလၽွာ့ေပးလိုက္ျခင္းလည္း ပါ
သည္ ။
စိတ္ပ်က္ လက္ပ်က္ ညည္းညဴရင္း ထ
ဖို႔ လုပ္ေတာ့ လက္ကို လွမ္းဆြဲလာသည့္
ေကာင္ေလးက မခို႔တရို႔ေလးၾကည့္လို႔
စူတူတူ ႏႈတ္ခမ္းေလးႏွင့္ လက္ႏွစ္ဖက္
ကမ္းေပးသည့္ ေကာင္ေလးက သူ႔ကို ဘာ
လုပ္ေစခ်င္သလဲ သူေကာင္းေကာင္းသိ
သည္ ။
" မခ်ီခ်င္ပါဘူး "
" မခ်ီခ်င္လည္း ေနေပါ့ ။ ေနာက္ေန႔က်
ရင္ အာပါး အိမ္မွာပဲ သြားေနေတာ့မယ္
စိတ္ပုပ္လိုက္တာ ... ဟြန္႔ "
စိတ္ေကာက္သြားတဲ့ မ်က္ႏွာတဲ့ ။ ႏႈတ္
ခမ္းေလး ႏွစ္ခုက စူၿပီး ထြက္လို႔ ...
အသည္းယားလြန္းလို႔ အားရပါးရ ကိုက္
မိရင္ ျပတ္သြားမွာေတာင္ ေၾကာက္ရ
သည္ အထိကို အားရပါးရ ကိုက္ပစ္
ခ်င္စိတ္က အျပည့္ ။
" မင္ယြန္ဂီက ခ်ီခိုင္းတိုင္း ခ်ီမယ္ ထင္
ေနတာလား "
ဒီတစ္ခါေတာ့ ဆူပုပ္တဲ့ မ်က္ႏွာထား မ
ဟုတ္ေတာ့ပဲ ေဒါသထြက္တဲ့ အရိပ္အ
ေယာင္ပါ လႊမ္းမိုးလာေတာ့သည္ ။
" အခုခ်ိန္ကစၿပီး ကၽြန္ေတာ့္ အသား
ေတာင္ ထိဖို႔ မႀကိဳးစားနဲ႔ "
ထထြက္သြားသည့္ အေကာင္ေပါက္
ကေလးကို ေဆြ႕ခနဲ ေကာက္ခ်ီလိုက္
ေတာ့ ယက္ကန္ယက္ကန္နဲ႔ ပါလာ
ေတာ့သည္ ။
" ခ်ီးထုပ္ ... ကို႔မွာ မင္းစကားကိုဆို
မလြန္ဆန္ရဲေလာက္ေအာင္ပါပဲ ...
စိတ္ေတာ့ မေကာက္လိုက္ပါနဲ႔ ကိုယ္
ေတာ္ေခ်ာေလးရယ္ "
လွပတဲ့ မနက္ခင္းေတြဆီ တဖန္ျပန္
ေရာက္လို႔ လာခဲ့ပါၿပီ ။
WALLY BOSS
အရင္လို ႐ုံးတက္ရက္ေတြဆီ တဖန္
ျပန္ေရာက္လို႔ လာခဲ့ၿပီ ။ ေပ်ာ္ရႊင္စရာ
ေန႔သစ္ကေလးမို႔လို႔ တက္ႂကြ လန္းဆန္း
ေနသည့္ ဂ်ီမင္းဟာ လုပ္ငန္းအားလုံးကို
လႊဲေျပာင္းယူရေတာ့မည့္ ေန႔ရက္ကို
ေရာက္ရွိလာခဲ့သည္ ။
ဖခင္ျဖစ္သူဟာ စီးပြားေရး ေလာကက
ေန အၿပီးတိုင္ အနားယူေတာ့မည္ ျဖစ္
၍ သူ႔အတြက္ လုပ္စရာ အလုပ္ေတြ
လည္း ပိုလာရသလို တာဝန္ေတြလည္း
ပိုႀကီးလာရေတာ့သည္ ။
" ပင္ပန္းလိုက္တာ "
Necktie ကိုဆြဲျဖဳတ္ရင္း ႐ုံးခန္းထဲ ဝင္
လာသည့္ ဂ်ီမင္းကို သူ႔ခုံမွာ ေျခခ်ိတ္ထိုင္
ရင္း ၾကည့္ေနသည့္ သူမ ။
" ယြန္းဂီ ... ကၽြန္ေတာ့္ ေန႔လည္စာကို ႐ုံး
ခန္းမွာပဲ စီစဥ္ေပးပါဦး "
ယြန္းဂီကို လွမ္းၾကည့္ၿပီး ေျပာေပမယ့္
ယြန္းဂီက ထိုင္ရာက မထပဲ ခပ္ျပဳံးျပဳံး
သူ႔ကိုၾကည့္ရင္း သူမ ရွိရာကို မ်က္စ
ပစ္ျပသည္ ။
ယြန္းဂီ မ်က္စ ပစ္ျပသည့္ ေနရာ လွမ္း
ၾကည့္ေတာ့ သူ႔ခုံမွာ ထိုင္ေနသည့္ သူမ ။
" ေဂ်ာင္ ဆူအာ ! "
" စပရိုက္ mf ပါ Mr. Park Jimin "
သူ႔ဆီ ေျပးလာသည့္ သူမကို အားရပါးရ
လွမ္းႀကိဳဖို႔ လုပ္ေပမယ့္ သူမကေတာ့ သူ႔
နားရြက္ကို အားရပါးရ ဆြဲလိမ္လိုက္ေလ
ေတာ့သည္ ။
" yah ! နင္ဘာလုပ္တာလဲ "
" ႏွစ္ႏွစ္ေလ ... ငါ့ဆီ တစ္ခ်က္ေလး
ေတာင္မဆက္သြယ္တဲ့ နင့္ကို ေဒါသ
ထြက္လြန္းလို႔ "
ေျပာရင္း ငိုမဲ့မဲ့ ျဖစ္လာသည့္ ေဂ်ာင္
ဆူအာက သူ႔ကို မေက်နပ္သည့္ အ
ၾကည့္ႏွင့္ပင္ ၾကည့္ေနဆဲ ။
" နင္လည္း အတူတူပဲ မဟုတ္ဘူးလား ?
အသည္းကြဲေနတဲ့ သူငယ္ခ်င္းကို နည္း
နည္းေလးေတာင္ မေဖးမခဲ့ပဲနဲ႔ "
" အခု ငါ့ကို အျပစ္တင္ေနတာလား ?
မဂၤလာပြဲ ပ်က္ဖို႔ ငါဘယ္ေလာက္ထိ
ႀကိဳးစားအားထုတ္ခဲ့ရသလဲ နင္မသိပဲနဲ႔
နင္သာ အလိုက္ကန္းဆိုး မသိ ထြက္သြား
ခဲ့တာ "
ေျပာရင္း သူမ မ်က္ရည္ေတြ က်လာ
ေတာ့သည္ ။ သူမက သန္မာတယ္ ထင္
ရသေလာက္ ႏွလုံးသားက ႏုႏုနယ္နယ္
ေလးရယ္ ။
ၾကားထဲက သူတို႔ႏွစ္ေယာက္ပြဲကို ခပ္ျပဳံး
ျပဳံး မ်က္ႏွာႏွင့္ၾကည့္ေနသူကား မင္ယြန္
ဂီပင္ ။
" ေတာင္းပန္ပါတယ္ ... ငါနင့္ကို ဆက္သြယ္
ခ်င္ခဲ့ေပမယ့္ ငါ့ေၾကာင့္နဲ႔ နင့္ကိုလည္း စိတ္
မဆင္းရဲေစခ်င္ဘူးေလ "
" နင္တို႔ ႏွစ္ေယာက္ အတူတူမရွိမွ ငါစိတ္
ဆင္းရဲရမွာ ... ငါႀကိဳးစားခဲ့သမၽွ သဲထဲ
ေရသြန္ ျဖစ္လို႔ကေတာ့ နင့္ကို သတ္မွာ "
" ေတာင္းပန္ပါတယ္လို႔ "
သူ႔မကို ေပြ႕ဖက္ထားမိေတာ့ သူမက တ
ကယ္ကို ငိုလ်က္ပင္ ။
" အ႐ူး ... ငါနင့္ကို အရမ္းလြမ္းေနရတာ "
" ထပ္ၿပီး ထားသြားရင္ အေသသတ္ပစ္
မယ္ "
ႏွစ္ႏွစ္တာ အတြင္း သူမက အမ်ားႀကီး
ရင့္က်က္လာတဲ့ အမ်ိဳးသမီး ငယ္ေလး
ျဖစ္လာခဲ့သည္ ။
" ဂ်ီမင္း ... ငါနင့္ကို လက္ေဆာင္ တစ္ခု
ေပးခ်င္လို႔ "
" ဘာ လက္ေဆာင္လဲ ? "
သူမက ဂ်ီမင္းလက္ကို ဆြဲယူကာ သူမ
ဝမ္းဗိုက္ေပၚ တင္လိုက္သည္ ။ သူမ
လုပ္ရက္ေၾကာင့္ နားမလည္သလို ျဖစ္
သြားရသည့္ ဂ်ီမင္းဟာ သူမကို တစ္
လွည့္ ယြန္းဂီကို တစ္လွည့္ၾကည့္သည္ ။.
" ဘာလဲ ဆူအာ ? "
" ကေလးေလး တစ္ေယာက္ လက္ေဆာင္
ေပးခ်င္လို႔ "
" ဘယ္လို ? "
" မင္ယြန္ဂီနဲ႔ ပတ္ခ္ဂ်ီမင္း အတြက္ ခ်စ္စ
ရာေကာင္းတဲ့ ကေလးေလးတစ္ေယာက္
ေဂ်ာင္ဆူအာက လက္ေဆာင္ေပးခ်င္လို႔ "
ဂ်ီမင္း ဆူအာ့စကားကို မယုံနိုင္ေလာက္
ေအာင္ အံ့အားသင့္မိသည္ ။ ယြန္းဂီကို
ၾကည့္ေတာ့လည္း သိၿပီးသား ကိစၥတစ္
ခုလို အံ့ၾသတုန္လႈပ္တာမ်ိဳးမရွိပဲ တည္
တည္ၿငိမ္ၿငိမ္ပင္ ။
" မျဖစ္နိုင္ဘူး ဆူအာ ! နင္က ငယ္ငယ္
ေလး ရွိေသးတယ္ ... နင့္မွာ လက္ထပ္
ရမယ့္ အမ်ိဳးသားလည္း ရွိေသးတယ္ "
" ဂ်ီမင္း ~ ငါေျပာတာ နားေထာင္ပါဦး
ငါဒါေတြအားလုံးကို လြန္ခဲ့တဲ့ ႏွစ္ႏွစ္
ေလာက္တည္းက အားလုံး ပလန္ဆြဲ
ထားၿပီးသား ။ ငါနင္တို႔ ႏွစ္ေယာက္ကို
ယုံၾကည္တယ္ ။ နင္တို႔လည္း ငါ့ကို ယုံ
ၾကည္မွ ျဖစ္မွာ ဂ်ီမင္း ... ငါ့ရဲ့ ဆုံးျဖတ္
ခ်က္ မို႔လို႔ ငါ့ကို ခြင့္ျပဳေပးပါ "
ဂ်ီမင္း ေခါင္းကို အတြင္တြင္ ခါရမ္းမိ
သည္ ။ ဘယ္လိုေတြးေတြး သူမမွာ အ
နာဂတ္ေတြ အမ်ားႀကီး ရွိေသးတာ ကို
သူမ သိသင့္သလို သူတို႔ ႏွစ္ေယာက္
ၾကားမွာ ဆူအာက ၾကားခံနယ္ လို ျဖစ္
မေနသင့္တာကိုလည္း သူမသိသင့္သည္ ။
" ေခါင္းမမာစမ္းနဲ႔ ... နင့္အစ္ကို သိရင္
ေရာ ? နင့္အစ္ကိုက ခြင့္ျပဳမယ္ ထင္ေန
တာလား "
" သူခြင့္ျပဳၿပီးသား ။ သူ႔ကိုလည္း အသိ
ေပးၿပီးသား ။ သူကေျပာတယ္ ။ ေကာင္း
မြန္တဲ့ ကိစၥလုပ္မွာပဲတဲ့ ... ကန္႔ကြက္စရာ
ဘာအေၾကာင္းမွ မရွိဘူးတဲ့ "
" ဂ်ီမင္း ~ ငါ့ဘဝမွာ အရာအားလုံး ျပည့္
စုံတယ္ဆိုတာ နင္သိပါတယ္ ။ ငါက တ
ကယ္ နင္တို႔ႏွစ္ေယာက္နဲ႔ ပတ္သက္ၿပီး
ႀကီးႀကီးမားမား ေမၽွာ္လင့္ခဲ့ရတာကို နင္
လည္း သိပါတယ္ ။ ငါေျပာခဲ့ဖူးတယ္ေလ
ငါ့ယုံၾကည္တဲ့ အရာအတြက္ ငါဘာပဲ လုပ္
ေပးရ လုပ္ေပးရ ငါရေအာင္ လုပ္မွာလို႔ "
" နင့္လိုပဲ ငါစေျပာတုန္းက ယြန္းဂီလည္း
ျငင္းခဲ့တာပဲ ။ သူငါ့ကို ယုံတယ္ ... နင္
လည္း ငါ့ကို ယုံေပးလို႔ မရဘူးလား ? "
ထိုစကားေတြရဲ့ ေနာက္မွာ သူမ မ်က္လုံး
ေတြဟာ အေရာင္လဲ့ေနခဲ့သည္ ။ သူမ ယုံ
ၾကည္မႈ႔အတြက္ သူမ အသင့္ျဖစ္ေနသလို
" ဒါက ယုံၾကည္မႈ႔နဲ႔မွ မဆိုင္တာ .. ဆူအာ
ရာ နင့္ဘဝဆိုင္တာဟ ... နင့္ဘဝ ဆိုင္တာ "
" သိပ္ဆိုင္တာေပါ့ ဂ်ီမင္းရဲ့ ... နင္ေတာင္
မျမင္ရတဲ့ ခ်စ္ျခင္းေမတၱာကို ယုံၾကည္
ေသးတာပဲေလ "
သူတို႔ ႏွစ္ေယာက္စကားကို နားေထာင္႐ုံ
သူ နားေထာင္ေနသည့္ ယြန္းဂီကေတာ့
ဘာမွ ဝင္မေျပာ ။
" ဒီကိစၥကို နင့္အသိုင္းအဝိုင္း ၊ ငါ့အသိုင္း
အဝိုင္း ၊ ယြန္းဂီအသိုင္းအဝိုင္း ၊ ၿပီးေတာ့
ပတ္ဝန္းက်င္က သိသြားရင္ေရာ ? "
" က်စ္ ... ဂ်ီမင္းရာ နင္ဘာေတြ အခုမွ
လာၿပီး ဂ႐ုစိုက္ျပေနတာလဲ ?အဲ့တာေတြ
ကို အစတည္းက ဂ႐ုစိုက္ေနခဲ့ရင္ ဘာလို႔
ယြန္းဂီကို ခ်စ္ခဲ့ေသးလဲ ? "
ထိုစကားၾကားေတာ့ ယြန္းဂီ ျပဳံးမိသည္ ။
" ဂ်ီမင္း ... လူတိုင္း သိၿပီးၿပီ မင္းပဲ သိဖို႔
က်န္ေတာ့တာ ... ဆူအာ ကို႔အေမဆီမွာ
အဲ့ကိစၥအတြက္ မဂၤလာပြဲမတိုင္ခင္တည္း
က ေတာင္းဆိုထားခဲ့တာေလ ။ အနည္း
ဆုံးေတာ့ မင္း သူမရဲ့ ေစတနာကို ေလး
စားဖို႔ သင့္တယ္ ထင္တယ္ "
ဂ်ီမင္း တြင္တြင္ ျငင္းေနမိရာက တစ္
ခ်က္ေတာ့ ေတြေဝသြားသည္ ။ တေလာ
ကလုံး သိၿပီး သူသာ မသိရတဲ့ ခံစားခ်က္
က ေအာက္သီး ေအာက္သက္နိုင္ေပမယ့္
ေဂ်ာင္ဆူအာရဲ့ ဆႏၵကိုေတာ့ ယြန္းဂီေျပာ
သလို ေလးစားသမႈ႔ ရွိသင့္သည္ ။
" ဘာလို႔လဲ ဆူအာရာ ... ဘာလို႔ အဲ့သ
ေလာက္ေတာင္ အနစ္နာခံခ်င္ေနရတာလဲ "
" ငါ ျမတ္နိုးလို႔ေပါ့ အ႐ူးေလးရဲ့ "
ဆူအာ့စကားဟာ ဂ်ီမင္းကို ျပဳံးေစသည္ ။
သူမက သိပ္ကို သတၱိရွိတဲ့ အမ်ိဳးသမီး
ငယ္ေလး ။ သူမက အရြယ္နဲ႔ မလိုက္ေအာင္
ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ကိုေတာင္ မ်က္
ေတာင္ တစ္ခ်က္မခတ္ ခ်နိုင္တဲ့ ရင့္က်က္
တဲ့ မိန္းမပ်ိဳေလး ။
" နင္သာ မရွိရင္ မျဖစ္ေတာ့ဘူး ထင္တယ္ "
" ငါ့လက္ေဆာင္ေလးကို လက္ခံခ်င္ရဲ့
လား ? ဂ်ီမင္း "
" က်ိမ္းေသေပါက္ ငါနဲ႔တူမွ ရမွာေနာ္ "
ဂ်ီမင္း ရယ္က်ဲက်ဲႏွင့္ စလိုက္ေတာ့ သူမ
က စိတ္သက္သာ ရသြားပုံျဖင့္ သက္ျပင္း
အရွည္ႀကီး တစ္ခ်က္ခ်ကာ ဆိုဖာေပၚ
လွဲခ်လိုက္ေတာ့သည္ ။
" ယြန္းဂီကလည္း သူနဲ႔ တူရမယ္တဲ့ ...
ငါနဲ႔လည္း တူဦးမွ ျဖစ္မွာေလ "
သူတို႔ ႏွစ္ေယာက္အတြက္ လွပတဲ့ အနာ
ဂတ္ကို ဖန္တီးေပးတာ ကံၾကမၼာ မဟုတ္
ခဲ့ပဲ ေဂ်ာင္ဆူအာဆိုတဲ့ အမ်ိဳးသမီးငယ္
ေလးပဲ ျဖစ္ပါေတာ့သည္ ။
WALLY BOSS
ေက်းဇူးေနာ္ ခ ~~
ေနာက္တစ္ပိုင္းဆို ၿပီးပါၿပီေနာ္
.
[ Unicode ]
မနက်ခင်း နေရောင်ခြည် နွေးနွေးလေး
စီးကရက်နံ့ တစွန်းတစက နှာခေါင်းအ
တွင်း ခပ်ပါးပါး ရိုက်ခတ်လို့ ~~
အိပ်နေရာမှ နိုးလာသည့် ယွန်းဂီ ဘေး
ဘီကို ကြည့်မိတော့ ဂျီမင်းကို မတွေ့ ...
ဧည့်ခန်းဆီ ထွက်လာတော့မှ နေရောင်
ကျရာဘက်ကို မျက်နှာမူရင်း စီးကရက်
သောက်နေသည့် ကောင်လေးကို လှမ်း
တွေ့လိုက်သည် ။
ခပ်ပါးပါး အင်္ကျီ အောက်က ကောက်
ကြောင်းလှလှ ခန္ဓာကိုယ်လေး ဟာ
မမြင်ခဲ့ရတဲ့ နှစ်နှစ်တာအတွင်း ပိုပြီး
သေးသွယ် လှပလာသလို ။
ခပ်ရေးရေး မြင်ရသည့် NEVERMIND
ဆိုတဲ့ tattoo ဟာ ပဲရစ် မှာ ထိုးခဲ့ပုံရ
သည် ။ ဘာ အဓိပ္ပါယ်များ ဖြစ်လေမလဲ
သူ စဥ်းစားမိသေးသည် ။
အတန်ကြာအောင် ငေးမောကြည့်နေမိ
သည့် သူ့မြတ်နိုးရာလေးကို သူ ဒီတစ်
ခါတော့ တကယ်ကြီး ပိုင်ဆိုင်ရမှ ဖြစ်
ပေတော့မည် ။
" ဂျီမင်း ~ "
" ဗျာ "
မနေ့ညကလောက် ခါးခါးသီးသီး မရှိ
တော့သည့် ဂျီမင်း ပုံစံကြောင့် သူအနည်း
ငယ် စိတ်သက်သာရာ ရမိသည် ။
သူ့ကို လှည့်ကြည့်လာသည့် ကောင်လေး
က သောက်လက်စ စီးကရက်ကို ဖိချေပြီး
မီးငြိမ်းလိုက်သည် ။
ခါးသွယ်သွယ်ဆီ ပွေ့ဖက်ရင်း ပုခုံးဆီ
မေးတင်ကာ ကောင်လေးဆီက ခပ်
သင်းသင်း ကျန်နေသေးသည့် စီးကရက်
နံ့ လေးတွေကို သဘောတကျ ရှုရှိုက်မိ
သည် ။
" ဘယ်တုန်းက စီးကရက် သောက်တတ်
သွားတာလဲ "
" ပဲရစ် ရောက်တည်းကပဲ "
"ကို့ကြောင့်လား ? "
" အင်း "
" အဲ့ နှစ်နှစ်အတွင်း ကို့ကို ဘယ်လောက်
တောင် လွမ်းလဲ ? "
" အလွမ်းဒဏ်ကို ခံနိုင်ရည် မရှိတော့လို့
သေဖို့တောင် တွေးမိတဲ့ အထိပဲ "
အရှိုက်တည့်တည့်ကို ထိမိအောင် ပြော
လိုက်သည့် စကားကြောင့် ယွန်းဂီပင်
ဆွံ့အ သွားရတော့သည် ။
" ကို တောင်းပန်ပါတယ် "
" ဘာအတွက်လဲ "
" မနေ့ညက ကိုပြောတဲ့ စကားတွေက
လွန်မှန်း သိပါတယ် ... ဒါပေမယ့် "
" သိပြီးသား "
" ဂျီမင်းက ဘာကို သိတာလဲ ? "
" ဟန်ဆယ်ယွန်းနဲ့ လက်မထပ် ဖြစ်ခဲ့ဘူး
ဆိုတာ "
" သိနေခဲ့တာလား ? ဘယ်တုန်းတည်း
ကလဲ "
အကြိမ်ကြိမ်အခါခါ သူ့ကို အံ့အားသင့်
အောင် လုပ်လွန်းတဲ့ ကောင်လေးပါပဲ ။
" ကျွန်တော် ဒီကိုပြန်မလာခင် က ပဲရစ်
မှာ ဟန်ဆယ်ယွန်းနဲ့ တွေ့ခဲ့တယ် "
" ဒါဆို မင်းကို့ကို ညာတာပဲ ... မနေ့ညက
မင်းကို့ကို မဟုတ်တမ်း စကားတွေ ဘာလို့
ပြောခဲ့တာလဲ ? "
" ခင်ဗျားတောင် ကျွန်တော့်ကို ဖြေရှင်း
ချက် ပေးခဲ့လို့လား ? "
" ဒါဆို ညက ကိုလုပ်ခဲ့တာတွေက မလွန်
ဘူးပဲ ။ မင်းကကွာ တကယ်ကိုပဲ "
ရယ်ကျဲကျဲ လုပ်နေသည့် ယွန်းဂီကို အ
မြင်ကပ်စွာပင် ဂျီမင်း အဝေးတွန်းထုတ်
ပစ် လိုက်သည် ။
" ခင်ဗျားလည်း ညာတာပဲလေ ... ဘယ်
က မိန်းမနဲ့ ကလေးလဲ ? အရူး "
" ခင်ဗျား ... ခင်ဗျားလို့ မခေါ်ပါနဲ့လား
ကွာ .. ကိုကြားရတာ စိတ်မကောင်း
ဖြစ်လွန်းလို့ပါ "
" ခေါ်တော့ဘာဖြစ်လဲ ? အစတည်း
က အခေါ်မခံချင်ရင် အချိုးပြေအောင်
နေရမှာပေါ့ "
ဆူပုတ်ပုတ် မျက်နှာနှင့် ပြောလာသည့်
ခန္ဓာကိုယ်လေးကို ဆွဲပွေ့ချီကာ သူ့ပေါင်
ပေါ် တင်လိုက်သည် ။
ဒီတစ်ခါတော့ ခပ်ပြုံးပြုံးပင် သူ့လည်
ပင်း တွေဆီကို ပြန်သိုင်းဖက်လာသည့်
ကောင်လေးက သူ့ကို မငြင်းဆန်လာ
တော့ ။
" ကို မင်းကို ထပ်ပြီး လက်လွှတ်မှာ မ
ဟုတ်ဘူး "
" ကျွန်တော့်ကို ဘယ်လောက်တောင်
ချစ်တာလဲ "
" သေလောက်အောင်ပဲ ... သေသွားရင်
တောင် ချစ်နေဦးမှာ "
ယွန်းဂီဆီက မပြောင်းလဲတဲ့ အဖြေ အ
တွက် ဂျီမင်း စိတ်လို လက်ရ ပြုံးမိသည် ။
မျက်လုံး သေးသေးလေးတွေပင် မှိတ်
သွားရတဲ့ အထိ ။
" NEVERMIND ဆိုတာက ပဲရစ်မှာထိုး
ခဲ့တာလား ? "
" အင်း ... လှတယ် မှတ်လား ? "
" လှတယ် ... ဘာအဓိပ္ပါယ်နဲ့ ထိုးခဲ့တာ
လဲ "
" ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး ... ယွန်းဂီ ချစ်
သည် ဖြစ်စေ ၊ မချစ်သည် ဖြစ်စေ ၊ ယွန်းဂီ
မြတ်နိုးသည် ဖြစ်စေ ၊ မုန်းသည် ဖြစ်စေ ...
ကျွန်တော်ကတော့ ယွန်းဂီကို ချစ်တယ် ၊
မြတ်နိုးတယ် ၊ ကျွန်တော်တို့ မဆုံဖြစ်ခဲ့ကြ
ရင်လည်း ကိစ္စမရှိဘူး ၊ ကျွန်တော်ကတော့
ယွန်းဂီကို ဘာကိစ္စတွေပဲ ရှိရှိ ချစ်မြတ်နိုး
နေမှာ .... ထာဝရ အတွက်ပဲ "
" ကျွန်တော့်အတွက် ဘာကိစ္စတွေပဲ ရှိနေ
ရှိနေ ယွန်းဂီကို ချစ်မြတ်နိုးနေဖို့က ကျွန်
တော့်ရဲ့ တာဝန်ပါပဲ "
" အာ ~ အဲ့လို အဓိပ္ပါယ်နဲ့လား "
ကောင်လေး စကားအဆုံးမှာ ယွန်းဂီ
ဂျီမင်း ရင်ခွင်ဆီ မျက်နှာအပ်ထားလိုက်
မိတော့သည် ။
" ယွန်းဂီ ... ငိုနေတာလား "
" ကို တောင်းပန်ပါတယ် ... တကယ်ကို
တောင်းပန်ပါတယ် "
" ဘာလို့ တောင်းပန်ရပြန်တာလဲ "
" ကိုက စချစ်မိတဲ့သူပါ ။ တကယ်ဆို စ
ချစ်မိတဲ့သူက ပိုပြီး အချစ်ကြီးကြတယ်
တဲ့ ။ ဒါပေမယ့် ကို မင်းရဲ့ အချစ်တွေကို
တော့ လိုက်လို့ မမှီတော့ဘူး ဂျီမင်း ...
စချစ်မိတဲ့ ကိုက မင်းလောက် အချစ်မ
ကြီး နိုင်ခဲ့လို့ တောင်းပန်ပါတယ် "
" မလိုပါဘူးနော် .. တကယ်ဆို ချစ်ခြင်း
မေတ္တာတွေမှာ အချစ်ကြီးတယ် အချစ်
လျှော့တယ်ဆိုတာမျိုး မရှိပါဘူး ... စ
ချစ်မိပြီ ဆိုတည်းက ချစ်ရတဲ့ သူအပေါ်
မှာ အချစ်တွေ တစတစ ပွားများလာတတ်
တာက ချစ်ခြင်းမေတ္တာရဲ့ သဘောတရား
ပါပဲ .. "
အတတ်ကလေးက ပဲရစ်က ပြန်ရောက်
ပြီးမှ တတ်လာလိုက်တဲ့ စကားတွေ ။
ဂျီမင်းရဲ့ အချစ်ဋီကာ တွေကို ယွန်းဂီ
လိုက်၍ မမှီနိုင်တော့ပေ ။
ကြယ်သီး ဖြုတ်ထား၍ လှပ်နေသည့်
ညာဘက်ညှပ်ရိုးထက်က မှဲ့နက်ငယ်
လေးကို ယွန်းဂီ တမြတ်တနိုး နမ်းရှိုက်
မိသည် ။
" ကို့ရဲ့ မနက်ခင်း တာဝန်လေးကို မ
လစ်ဟင်းစေချင်တော့ဘူး ။ ကို့ကို
ထာဝရ တာဝန်ထမ်းဆောင်ခွင့်ပြုပါ
ကို့ စီအီးအိုငယ် "
ထူထဲထဲ နှုတ်ခမ်းငယ်တွေကို မက်
မက်မောမော စုပ်ရှုမိတော့ အသက်
ရှုသံ ပြင်းပြင်းတွေက ကောင်လေး
ဆီမှ ခပ်တိုးတိုး ကြားရသည် ။
ခပ်ပွပွအင်္ကျီအောက်က လက်တွေက
ဘယ်နေရာက ဘာဆိုတာ အလွတ်ရ
နေပြီးသား ။ ပွေ့ထားသည့် ခန္ဓာကိုယ်
တင်းသည်ထက် တင်းအောင် ပွေ့ဖက်
ရင်း အလွတ်မပေးနိုင်သေးသည့် နှုတ်
ခမ်းတွေကို ခပ်ကြမ်းကြမ်း ကိုက်နေ
မိတုန်း ။
" ယွန်းဂီ ! "
" ဘာဖြစ်လို့လဲ "
" အလုပ်သွားရဦးမှာကို "
" ughhhh ~~~~ "
မလျော့မရဲ ဖြစ်နေသည့် စိတ်ကို ကောင်
လေး မျက်နှာကြောင့် လျှော့ချလိုက်တော့
သည် ။ မနေ့ညက သောင်းကျန်းခဲ့မိသည်
ကြောင့် အလျှော့ပေးလိုက်ခြင်းလည်း ပါ
သည် ။
စိတ်ပျက် လက်ပျက် ညည်းညူရင်း ထ
ဖို့ လုပ်တော့ လက်ကို လှမ်းဆွဲလာသည့်
ကောင်လေးက မခို့တရို့လေးကြည့်လို့
စူတူတူ နှုတ်ခမ်းလေးနှင့် လက်နှစ်ဖက်
ကမ်းပေးသည့် ကောင်လေးက သူ့ကို ဘာ
လုပ်စေချင်သလဲ သူကောင်းကောင်းသိ
သည် ။
" မချီချင်ပါဘူး "
" မချီချင်လည်း နေပေါ့ ။ နောက်နေ့ကျ
ရင် အာပါး အိမ်မှာပဲ သွားနေတော့မယ်
စိတ်ပုပ်လိုက်တာ ... ဟွန့် "
စိတ်ကောက်သွားတဲ့ မျက်နှာတဲ့ ။ နှုတ်
ခမ်းလေး နှစ်ခုက စူပြီး ထွက်လို့ ...
အသည်းယားလွန်းလို့ အားရပါးရ ကိုက်
မိရင် ပြတ်သွားမှာတောင် ကြောက်ရ
သည် အထိကို အားရပါးရ ကိုက်ပစ်
ချင်စိတ်က အပြည့် ။
" မင်ယွန်ဂီက ချီခိုင်းတိုင်း ချီမယ် ထင်
နေတာလား "
ဒီတစ်ခါတော့ ဆူပုပ်တဲ့ မျက်နှာထား မ
ဟုတ်တော့ပဲ ဒေါသထွက်တဲ့ အရိပ်အ
ယောင်ပါ လွှမ်းမိုးလာတော့သည် ။
" အခုချိန်ကစပြီး ကျွန်တော့် အသား
တောင် ထိဖို့ မကြိုးစားနဲ့ "
ထထွက်သွားသည့် အကောင်ပေါက်
ကလေးကို ဆွေ့ခနဲ ကောက်ချီလိုက်
တော့ ယက်ကန်ယက်ကန်နဲ့ ပါလာ
တော့သည် ။
" ချီးထုပ် ... ကို့မှာ မင်းစကားကိုဆို
မလွန်ဆန်ရဲလောက်အောင်ပါပဲ ...
စိတ်တော့ မကောက်လိုက်ပါနဲ့ ကိုယ်
တော်ချောလေးရယ် "
လှပတဲ့ မနက်ခင်းတွေဆီ တဖန်ပြန်
ရောက်လို့ လာခဲ့ပါပြီ ။
WALLY BOSS
အရင်လို ရုံးတက်ရက်တွေဆီ တဖန်
ပြန်ရောက်လို့ လာခဲ့ပြီ ။ ပျော်ရွှင်စရာ
နေ့သစ်ကလေးမို့လို့ တက်ကြွ လန်းဆန်း
နေသည့် ဂျီမင်းဟာ လုပ်ငန်းအားလုံးကို
လွှဲပြောင်းယူရတော့မည့် နေ့ရက်ကို
ရောက်ရှိလာခဲ့သည် ။
ဖခင်ဖြစ်သူဟာ စီးပွားရေး လောကက
နေ အပြီးတိုင် အနားယူတော့မည် ဖြစ်
၍ သူ့အတွက် လုပ်စရာ အလုပ်တွေ
လည်း ပိုလာရသလို တာဝန်တွေလည်း
ပိုကြီးလာရတော့သည် ။
" ပင်ပန်းလိုက်တာ "
Necktie ကိုဆွဲဖြုတ်ရင်း ရုံးခန်းထဲ ဝင်
လာသည့် ဂျီမင်းကို သူ့ခုံမှာ ခြေချိတ်ထိုင်
ရင်း ကြည့်နေသည့် သူမ ။
" ယွန်းဂီ ... ကျွန်တော့် နေ့လည်စာကို ရုံး
ခန်းမှာပဲ စီစဥ်ပေးပါဦး "
ယွန်းဂီကို လှမ်းကြည့်ပြီး ပြောပေမယ့်
ယွန်းဂီက ထိုင်ရာက မထပဲ ခပ်ပြုံးပြုံး
သူ့ကိုကြည့်ရင်း သူမ ရှိရာကို မျက်စ
ပစ်ပြသည် ။
ယွန်းဂီ မျက်စ ပစ်ပြသည့် နေရာ လှမ်း
ကြည့်တော့ သူ့ခုံမှာ ထိုင်နေသည့် သူမ ။
" ဂျောင် ဆူအာ ! "
" စပရိုက် mf ပါ Mr. Park Jimin "
သူ့ဆီ ပြေးလာသည့် သူမကို အားရပါးရ
လှမ်းကြိုဖို့ လုပ်ပေမယ့် သူမကတော့ သူ့
နားရွက်ကို အားရပါးရ ဆွဲလိမ်လိုက်လေ
တော့သည် ။
" yah ! နင်ဘာလုပ်တာလဲ "
" နှစ်နှစ်လေ ... ငါ့ဆီ တစ်ချက်လေး
တောင်မဆက်သွယ်တဲ့ နင့်ကို ဒေါသ
ထွက်လွန်းလို့ "
ပြောရင်း ငိုမဲ့မဲ့ ဖြစ်လာသည့် ဂျောင်
ဆူအာက သူ့ကို မကျေနပ်သည့် အ
ကြည့်နှင့်ပင် ကြည့်နေဆဲ ။
" နင်လည်း အတူတူပဲ မဟုတ်ဘူးလား ?
အသည်းကွဲနေတဲ့ သူငယ်ချင်းကို နည်း
နည်းလေးတောင် မဖေးမခဲ့ပဲနဲ့ "
" အခု ငါ့ကို အပြစ်တင်နေတာလား ?
မင်္ဂလာပွဲ ပျက်ဖို့ ငါဘယ်လောက်ထိ
ကြိုးစားအားထုတ်ခဲ့ရသလဲ နင်မသိပဲနဲ့
နင်သာ အလိုက်ကန်းဆိုး မသိ ထွက်သွား
ခဲ့တာ "
ပြောရင်း သူမ မျက်ရည်တွေ ကျလာ
တော့သည် ။ သူမက သန်မာတယ် ထင်
ရသလောက် နှလုံးသားက နုနုနယ်နယ်
လေးရယ် ။
ကြားထဲက သူတို့နှစ်ယောက်ပွဲကို ခပ်ပြုံး
ပြုံး မျက်နှာနှင့်ကြည့်နေသူကား မင်ယွန်
ဂီပင် ။
" တောင်းပန်ပါတယ် ... ငါနင့်ကို ဆက်သွယ်
ချင်ခဲ့ပေမယ့် ငါ့ကြောင့်နဲ့ နင့်ကိုလည်း စိတ်
မဆင်းရဲစေချင်ဘူးလေ "
" နင်တို့ နှစ်ယောက် အတူတူမရှိမှ ငါစိတ်
ဆင်းရဲရမှာ ... ငါကြိုးစားခဲ့သမျှ သဲထဲ
ရေသွန် ဖြစ်လို့ကတော့ နင့်ကို သတ်မှာ "
" တောင်းပန်ပါတယ်လို့ "
သူ့မကို ပွေ့ဖက်ထားမိတော့ သူမက တ
ကယ်ကို ငိုလျက်ပင် ။
" အရူး ... ငါနင့်ကို အရမ်းလွမ်းနေရတာ "
" ထပ်ပြီး ထားသွားရင် အသေသတ်ပစ်
မယ် "
နှစ်နှစ်တာ အတွင်း သူမက အများကြီး
ရင့်ကျက်လာတဲ့ အမျိုးသမီး ငယ်လေး
ဖြစ်လာခဲ့သည် ။
" ဂျီမင်း ... ငါနင့်ကို လက်ဆောင် တစ်ခု
ပေးချင်လို့ "
" ဘာ လက်ဆောင်လဲ ? "
သူမက ဂျီမင်းလက်ကို ဆွဲယူကာ သူမ
ဝမ်းဗိုက်ပေါ် တင်လိုက်သည် ။ သူမ
လုပ်ရက်ကြောင့် နားမလည်သလို ဖြစ်
သွားရသည့် ဂျီမင်းဟာ သူမကို တစ်
လှည့် ယွန်းဂီကို တစ်လှည့်ကြည့်သည် ။.
" ဘာလဲ ဆူအာ ? "
" ကလေးလေး တစ်ယောက် လက်ဆောင်
ပေးချင်လို့ "
" ဘယ်လို ? "
" မင်ယွန်ဂီနဲ့ ပတ်ခ်ဂျီမင်း အတွက် ချစ်စ
ရာကောင်းတဲ့ ကလေးလေးတစ်ယောက်
ဂျောင်ဆူအာက လက်ဆောင်ပေးချင်လို့ "
ဂျီမင်း ဆူအာ့စကားကို မယုံနိုင်လောက်
အောင် အံ့အားသင့်မိသည် ။ ယွန်းဂီကို
ကြည့်တော့လည်း သိပြီးသား ကိစ္စတစ်
ခုလို အံ့သြတုန်လှုပ်တာမျိုးမရှိပဲ တည်
တည်ငြိမ်ငြိမ်ပင် ။
" မဖြစ်နိုင်ဘူး ဆူအာ ! နင်က ငယ်ငယ်
လေး ရှိသေးတယ် ... နင့်မှာ လက်ထပ်
ရမယ့် အမျိုးသားလည်း ရှိသေးတယ် "
" ဂျီမင်း ~ ငါပြောတာ နားထောင်ပါဦး
ငါဒါတွေအားလုံးကို လွန်ခဲ့တဲ့ နှစ်နှစ်
လောက်တည်းက အားလုံး ပလန်ဆွဲ
ထားပြီးသား ။ ငါနင်တို့ နှစ်ယောက်ကို
ယုံကြည်တယ် ။ နင်တို့လည်း ငါ့ကို ယုံ
ကြည်မှ ဖြစ်မှာ ဂျီမင်း ... ငါ့ရဲ့ ဆုံးဖြတ်
ချက် မို့လို့ ငါ့ကို ခွင့်ပြုပေးပါ "
ဂျီမင်း ခေါင်းကို အတွင်တွင် ခါရမ်းမိ
သည် ။ ဘယ်လိုတွေးတွေး သူမမှာ အ
နာဂတ်တွေ အများကြီး ရှိသေးတာ ကို
သူမ သိသင့်သလို သူတို့ နှစ်ယောက်
ကြားမှာ ဆူအာက ကြားခံနယ် လို ဖြစ်
မနေသင့်တာကိုလည်း သူမသိသင့်သည် ။
" ခေါင်းမမာစမ်းနဲ့ ... နင့်အစ်ကို သိရင်
ရော ? နင့်အစ်ကိုက ခွင့်ပြုမယ် ထင်နေ
တာလား "
" သူခွင့်ပြုပြီးသား ။ သူ့ကိုလည်း အသိ
ပေးပြီးသား ။ သူကပြောတယ် ။ ကောင်း
မွန်တဲ့ ကိစ္စလုပ်မှာပဲတဲ့ ... ကန့်ကွက်စရာ
ဘာအကြောင်းမှ မရှိဘူးတဲ့ "
" ဂျီမင်း ~ ငါ့ဘဝမှာ အရာအားလုံး ပြည့်
စုံတယ်ဆိုတာ နင်သိပါတယ် ။ ငါက တ
ကယ် နင်တို့နှစ်ယောက်နဲ့ ပတ်သက်ပြီး
ကြီးကြီးမားမား မျှော်လင့်ခဲ့ရတာကို နင်
လည်း သိပါတယ် ။ ငါပြောခဲ့ဖူးတယ်လေ
ငါ့ယုံကြည်တဲ့ အရာအတွက် ငါဘာပဲ လုပ်
ပေးရ လုပ်ပေးရ ငါရအောင် လုပ်မှာလို့ "
" နင့်လိုပဲ ငါစပြောတုန်းက ယွန်းဂီလည်း
ငြင်းခဲ့တာပဲ ။ သူငါ့ကို ယုံတယ် ... နင်
လည်း ငါ့ကို ယုံပေးလို့ မရဘူးလား ? "
ထိုစကားတွေရဲ့ နောက်မှာ သူမ မျက်လုံး
တွေဟာ အရောင်လဲ့နေခဲ့သည် ။ သူမ ယုံ
ကြည်မှု့အတွက် သူမ အသင့်ဖြစ်နေသလို
" ဒါက ယုံကြည်မှု့နဲ့မှ မဆိုင်တာ .. ဆူအာ
ရာ နင့်ဘဝဆိုင်တာဟ ... နင့်ဘဝ ဆိုင်တာ "
" သိပ်ဆိုင်တာပေါ့ ဂျီမင်းရဲ့ ... နင်တောင်
မမြင်ရတဲ့ ချစ်ခြင်းမေတ္တာကို ယုံကြည်
သေးတာပဲလေ "
သူတို့ နှစ်ယောက်စကားကို နားထောင်ရုံ
သူ နားထောင်နေသည့် ယွန်းဂီကတော့
ဘာမှ ဝင်မပြော ။
" ဒီကိစ္စကို နင့်အသိုင်းအဝိုင်း ၊ ငါ့အသိုင်း
အဝိုင်း ၊ ယွန်းဂီအသိုင်းအဝိုင်း ၊ ပြီးတော့
ပတ်ဝန်းကျင်က သိသွားရင်ရော ? "
" ကျစ် ... ဂျီမင်းရာ နင်ဘာတွေ အခုမှ
လာပြီး ဂရုစိုက်ပြနေတာလဲ ?အဲ့တာတွေ
ကို အစတည်းက ဂရုစိုက်နေခဲ့ရင် ဘာလို့
ယွန်းဂီကို ချစ်ခဲ့သေးလဲ ? "
ထိုစကားကြားတော့ ယွန်းဂီ ပြုံးမိသည် ။
" ဂျီမင်း ... လူတိုင်း သိပြီးပြီ မင်းပဲ သိဖို့
ကျန်တော့တာ ... ဆူအာ ကို့အမေဆီမှာ
အဲ့ကိစ္စအတွက် မင်္ဂလာပွဲမတိုင်ခင်တည်း
က တောင်းဆိုထားခဲ့တာလေ ။ အနည်း
ဆုံးတော့ မင်း သူမရဲ့ စေတနာကို လေး
စားဖို့ သင့်တယ် ထင်တယ် "
ဂျီမင်း တွင်တွင် ငြင်းနေမိရာက တစ်
ချက်တော့ တွေဝေသွားသည် ။ တလော
ကလုံး သိပြီး သူသာ မသိရတဲ့ ခံစားချက်
က အောက်သီး အောက်သက်နိုင်ပေမယ့်
ဂျောင်ဆူအာရဲ့ ဆန္ဒကိုတော့ ယွန်းဂီပြော
သလို လေးစားသမှု့ ရှိသင့်သည် ။
" ဘာလို့လဲ ဆူအာရာ ... ဘာလို့ အဲ့သ
လောက်တောင် အနစ်နာခံချင်နေရတာလဲ "
" ငါ မြတ်နိုးလို့ပေါ့ အရူးလေးရဲ့ "
ဆူအာ့စကားဟာ ဂျီမင်းကို ပြုံးစေသည် ။
သူမက သိပ်ကို သတ္တိရှိတဲ့ အမျိုးသမီး
ငယ်လေး ။ သူမက အရွယ်နဲ့ မလိုက်အောင်
ကြီးမားတဲ့ ဆုံးဖြတ်ချက်ကိုတောင် မျက်
တောင် တစ်ချက်မခတ် ချနိုင်တဲ့ ရင့်ကျက်
တဲ့ မိန်းမပျိုလေး ။
" နင်သာ မရှိရင် မဖြစ်တော့ဘူး ထင်တယ် "
" ငါ့လက်ဆောင်လေးကို လက်ခံချင်ရဲ့
လား ? ဂျီမင်း "
" ကျိမ်းသေပေါက် ငါနဲ့တူမှ ရမှာနော် "
ဂျီမင်း ရယ်ကျဲကျဲနှင့် စလိုက်တော့ သူမ
က စိတ်သက်သာ ရသွားပုံဖြင့် သက်ပြင်း
အရှည်ကြီး တစ်ချက်ချကာ ဆိုဖာပေါ်
လှဲချလိုက်တော့သည် ။
" ယွန်းဂီကလည်း သူနဲ့ တူရမယ်တဲ့ ...
ငါနဲ့လည်း တူဦးမှ ဖြစ်မှာလေ "
သူတို့ နှစ်ယောက်အတွက် လှပတဲ့ အနာ
ဂတ်ကို ဖန်တီးပေးတာ ကံကြမ္မာ မဟုတ်
ခဲ့ပဲ ဂျောင်ဆူအာဆိုတဲ့ အမျိုးသမီးငယ်
လေးပဲ ဖြစ်ပါတော့သည် ။
WALLY BOSS
ကျေးဇူးနော် ခ ~~
နောက်တစ်ပိုင်းဆို ပြီးပါပြီနော်