2 || seduce me

16.6K 1.2K 115
                                    

[ Zawgyi ]

Ting ~~~~

Alarm မြည်သံကနားထဲစူးစူးဝါးဝါး ၀င်
လာချိန် ။ စားပွဲပေါ်က ဖုန်းကိုလှမ်းကြည့်
မိတော့ 8 : 40 ဆိုသည့်အချိန်ကြောင့် အိပ်
နေရာက ကမန်းကတမ်း ကုန်းထရင်း ကုမ္ပ
ဏီသွားဖို့ အပြေးအလွှား ပြင်ဆင်ရတော့
သည် ။ လုပ်လည်း လုပ် ပါးစပ်ကလည်း
အားမလို အားမရ ရေရွတ်ရင်း... 

" ဟာကွာ...  ချီးပဲ alarm ပေးထားတာ
7 နာရီကို ဘယ်လိုဖြစ်ပြီး ဒီအချိန်မှ ထအော်
ရတာလဲ ? ရှယ်ယာရှင် အစည်းအဝေး ရှိပါ
တယ်ဆိုမှ နောက်ကျလို့ မဖြစ်ဘူး "

Suit ကိုပင်ကောင်းကောင်းမ၀တ်နိုင်တော့
ကားသော့ကောက်ကိုင်ကာ 27 ထပ်ကနေ
အောက်ကို ရောက်ဖို့  သူ့အတွက်
elevator က ဒီနေ့မှပဲ တော်တော်လေး
ကြာနေသလို ။ parking ထဲက ဖခင်ဆီမှ
မကြာသေးခင်က လက်ဆောင်ရထားတဲ့
အနက်ရောင်မာစီးဒီးကို ခပ်မြန်မြန် မောင်း
လာခဲ့တော့သည် ။ လမ်းကြောက လည်း
ပိတ်နေသေး၍ ပက်ခ်ဂျီမင် ကားအတွင်း
ဒေါသ ဖြစ်လျက် ဆဲမိဆဲရာ ဆဲတော့သည် ။

" စောက်ရေးထဲမှပဲ လမ်းက ပိတ်နေ
သေးတယ် ...  Shit "

နာရီကြည့်လိုက် ရှေ့မှကားတန်းကြီးကို
ကြည့်လိုက်နှင့် စိတ်ပျက်ညည်းညူ နေ
သော ဂျီမင်း နောက်ဆုံးတော့ ကုမ္ပဏီ
သို့ ရောက်ခဲ့ပြီ ။ အပြေးအလွှားပင် ဘယ်
သူ့ကိုမှ ဂရုမစိုက်နိုင်တော့ပဲ အစည်းအ
ဝေး ခန်းမသို့ရောက်အောင် ပြေးခဲ့ရတော့
သည် ။ ခန်းမထဲရောက်တော့ အချိန်က
ကိုးနာရီ ခွဲပြီးပြီ ဖြစ်၍ အစည်းအဝေး ခန်းမ
ထဲက ရှယ်ယာရှင် တွေကို အားတုံ့အားနာ
ဖြင့် တောင်းပန်ရင်း ....

" တောင်းပန်ပါတယ်...  ကားလမ်းက
အရမ်း ကျပ်နေလို့ပါ "

ဂျီမင်းအတတ်နိုင်ဆုံး တောင်းပန်ကာ နေ
ရာတွင် ၀င်ထိုင်လိုက်ပြီး အစည်းအဝေးကို
စတင်လိုက်သည် ။ ဂျီမင်း၏ ရိုရိုရွဲရွဲ ဖြစ်နေ
သော ပုံစံကို ဘေးမှ ရပ်နေသော ယွန်းဂီ
မြင်တော့ မသိမသာ လှမ်းပြုံးမိသည် ။

အမှန်တော့ ဂျီမင်းမရောက်ခင်တည်းက
ယွန်းဂီက အစည်းအဝေး ကိုစတင်ခဲ့ပြီး
ဖြစ်သည် ။ နောက်ကျနေသော ဂျီမင်းကို
တချို့ ရှယ်ယာရှင် တွေက ပုတ်ခတ် ပြော
ဆိုနေကြသောကြောင့် အမြင်မတော်၍
ရှင်းဖြစ်ခဲ့သည့် ပြသနာတစ်ခုပင် ။

WALLY BOSS ||YOONMIN [completed]Where stories live. Discover now