5 || suck it

15.1K 1.1K 203
                                    

[ Zawgyi ]

မနက်ခင်း ~~

ဂျီမင်းရဲ့ မနက်ခင်းတိုင်းက သိပ်တော့
ထွေထွေထူးထူး မရှိ ။ ထူးထူးခြားခြား
ထိုလူ့ကြောင့် သူကောင်းကောင်းအိပ်
ပျော်ခဲ့သည်မှာ နှစ်ရက်ရှိပြီ ။ မနက်နိုး
ထချိန် အိပ်ရေးဝလို့ လန်းလန်းဆန်း
ဆန်းဖြစ် နေသည်မှာလည်း နှစ်ရက်
ရှိပြီ ။

ဒီနေ့မနက် နိုးတော့ ဘေးနား ယွန်းဂီ
ရှိမနေ ။ ဟိုဟိုဒီဒီ မျက်စိဝေ့ကာ ရှာ
ကြည့်ပေမယ့် မတွေ့ ။ အိမ်ပြန်သွား
တာပဲဖြစ်မှာပါဟု သူ့စိတ်ထဲ တွေး
လိုက်ပြီး သူလည်း ရေချိုးကာ ကုမ္ပ
ဏီ သွားရန်အသင့်ပြင်လိုက်သည် ။

အိမ်တံခါးသော့ခတ်ကာ ထွက်ဖို့လုပ်
တော့ elevator နားမှာ မှုန်ကုပ်ကုပ်
နှင့် ရပ်နေသော ယွန်းဂီ ။

" ခင်ဗျား ရုံးမသွားသေးဘူးလား "

" စောင့်နေတာ လေ တူတူ သွားဖို့ "

ယွန်းဂီစကားကိုကြားတော့ ဂျီမင်း ယွန်း
ဂီအား မျက်မှောင်ကျုံ့ကာ ကြည့်လျက်...

" တူတူ မသွားနိုင်ပါဘူး.. ခင်ဗျားဟာ
ခင်ဗျားသွား "

ယွန်းဂီ က နှုတ်ခမ်းတထော်ထော် နှင့်
ပြန်ပြောနေသော ဂျီမင်းကို ကြည့်ရင်း
ရယ်သည် ။

" မိုးရွာနေတယ်လေ.. မကြောက်ဘူး
လား "

" ကြောက်ရအောင် ကျွန်တော်က ကလေး
မဟုတ်ဘူး ... "

" ကို ဘေးမှာရှိနေတော့ မိုးခြိမ်းရင် ရင်ခွင်
ထဲ တိုးဝင်လာလို့ ရတာပေါ့ ကလေးရဲ့ "

ယွန်းဂီရဲ့ ရွှတ်ရွှတ်နောက်နောက် စကား
ကြောင့် ဂျီမင်း မျက်နှာမှာ ရဲခနဲ ဖြစ်သွား
သည် ။

" ဘာ ကလေး လဲ ? သောက်ရူး ...
ဖယ်ဗျာ... သွားတော့မယ် "

" လူကြီးကို ဆဲရင် မိုးကြိုးပစ်တတ်တယ်
နော် ကလေးရဲ့... ဟား ဟား "

ဂျီမင်း ခပ်မြန်မြန်ပင် elevator ထဲဝင်
ကာ ခလုတ်ကို အချက်ပေါင်းများစွာ ခပ်
မြန်မြန် နှိပ်လိုက်သည် ။ ယွန်းဂီလည်း
နောက်မှ လိုက်ဝင်သွားသည် ။

" ဂျီမင်း "

" ဘာလဲ "

" မင်းကလေ အရမ်းအသည်းယားဖို့
ကောင်းတယ် သိလား "

WALLY BOSS ||YOONMIN [completed]Where stories live. Discover now