Chapter (92) - စိတ်ပြောင်းသွားခြင်း
"သူမမှာ ကိုယ်ဝန်ရှိနေတယ်..."
ဧကရီဝမ်ချန့် ၏ အသံသည် ဝူကျန့်၏ အတွေးများကို ပြတ်တောက်သွားစေသည်။ ဧကရီထံသို့ လှည့်၍ ဝူကျန့်သည် သူ၏ အေးခဲသောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ရူရိ ကိစ္စက ဧကရီ နဲ့ မဆိုင်ပါဘူး။ ကျွိမောဝ် ....အစောင့်တွေက ခေါ်ပြီး ဧကရီကို နန်းတော်ဆီကို ပြန်ခေါ်သွားခိုင်းလိုက်..... "
"ကျ..ကျန့်..."
ဝူကျန့် ၏ ပြတ်သားသော စကားလုံးများသည် ဧကရီကို အလွန်နာကျင်သွားစေသည်။ အဖွားတစ်ယောက်အနေနဲ့ သူ့မြေးရဲ့ စိမ်းကားပြတ်တောက်ကာ လျစ်လျူရှုမှုကို ဘယ်သူ ခံချင်မှာလဲ။ ဒါပေမယ့် ဝူကျန့် ရဲ့စကားတွေအရ သူမကို သူ့အဖွားအဖြစ် မေ့ပစ်လိုက်ပုံပေါ်သည်။
"ဝူကျန့် ရဲ့ ဝမ်ဖေးအဖြစ် ရူရိကို ဘုရင်မင်းမြတ်က အမိန့်ချထားပြီးပြီ။ ဒါပေမယ့် ရူရိက ဧကရီ ရွေးချယ်ထားတဲ့ မြေးချွေးမ မဟုတ်တဲ့အတွက် ရူရိက မွေးလာတဲ့ သားသမီးတွေက ဧကရီရဲ့ မြစ်တွေ ဖြစ်လာမှ မဟုတ်ဘူး။ "
ဝူကျန့်က ဧကရီကို ကျောခိုင်းကာ ပြတ်သားစွာပြောလိုက်သည်။
"ကျန့်!" ဧကရီက ဝူကျန့်ကို တောင်းပန်ချင်ဟန်ဖြင့်ေ ခါ်လိုက်သည်။
"အစောင့်တွေ...ဧကရီကို ပြန်ခေါ်သွားတော့"
အစောင့်တွေ ဝင်လာပြီး ဧကရီကို ခြံရံကာ စံအိမ်တော်မှ ထွက်သွားစေခဲ့သည်။
ဧကရီ ဝမ်ချန့်သည် သူမ၏မြေးတော် မင်သားဝူကျန့်၏ အတင်းအကြပ် စွန့်ပယ်ခြင်းကို ခံလိုက်ရသည်ကို မယုံနိုင်အောင် ဖြစ်နေမိသည်။
ဧကရီက အံ့အားသင့်လျက် နန်းတော်ကို ပြန်လည်ပို့ဆောင်ခံလိုက်ရပြီး သူမ၏နန်းဆောင်တွင် အိမ်ရှေ့မင်းသမီးနှင့် မုယန်သခင်မတို့က စောင့်ကာ ကြိုဆိုခဲ့ကြသည်။
"အရှင်ဧကရီမိဖုရားကြီး...မင်းသားကျန့်က ဧကရီရဲ့ စကားကို နာခံပါရဲ့လား"
မုယန်သခင်မက ဧကရီအနားကို အမြန်ရောက်လာပြီးမေးလိုက်သည်။
ဧကရီသည် အခြေအနေတစ်ခုလုံးကို စိတ်ထဲမှာ သေချာသတိရအောင် ကြိုးစားရင်း မှင်တက်နေသေးသည်။
"ကျေးဇူးပြုပြီး အရှင်မိဖုရားကြီး၊ မင်းသား ဝူကျန့် နဲ့ လီရူရိတို့ လက်ထပ်ထားတာကို ဖျက်သိမ်းဖို့ သဘောတူလိုက်ပြီဆိုတာ ပြောပါ"
လီရူရိအကြောင်း ထည့်ပြောလိုက်ချိန်မှာ ဧကရီ၏အမူယာက အပြစ်တင်လိုဟန်အဖြစ်ကို ပြောင်းလဲသွားသည်။ ၃
"အရှင်မိဖုရားကြီး...မယ်တော် အဆင်ပြေပါရဲ့လား။ မယ်တော့်ကို ကြည့်ရတာ ဖြူဖျော့နေသလိုပဲ"
အိမ်ရှေ့ မင်းသမီးသည် ဧကရီ၏ မျက်နှာပေါ်တွင် ပူပန်သောကရောက်နေသည့် အမူအရာကို မြင်လိုက်ရပြီး စိတ်ပူစွာမေးလိုက်သည်။
ဧကရီက ဘာမှ ခွန်းတုံ့ပြန်ခြင်း မပြုပေ။ ထိုအစား သူမသည် မောပန်းနွမ်းနယ်စွာ ဖြင့် သူမ နန်းဆောင်ထဲကို ဝင်လာခဲ့သည်။ အိမ်ရှေ့ မင်းသမီးနှင့် မုယန်သခင်မ တို့သည် အနောက်မှ အလျင်အမြန် လိုက်လာကြသည်။
"အရှင်မိဖုရားကြီး...တင်းတင်းက အရှင်မိဖုရားကြီးဆီက သတင်းကောင်းကို စောင့်မျှော်နေပြိး အိပ်ရာထဲတွင် နေမကောင်းဖြစ်စွာ လဲနေပါတယ် "
"မုယန် သခင်မ...မင်းပြန်သွားပြီး တင်းတင်းကို သေချာ ဂရုစိုက်လိုက်ပါ။" ဧကရီသည် မျက်လုံးများကို တင်းတင်းမှိတ်ကာ ပြောလိုက်သည်။
"အရှင်မိဖုရားကြီး?"
မုယန်သခင်မက တစ်ခုခုမှားနေပြီဟု ခံစားမိလိုက်သည်။
"မင်း..မင်းသား ကျန့်က ငြင်းခဲ့တာလား၊ အရှင်မိဖုရားကြီးက သူ့ရဲ့ အဖွားတော်၊ ဧကရီပါ။ အရှင်မိဖုရားကြီး သူ့ကို လက်ခံလာအောင် အတင်းအကြပ် မလုပ်နိုင်ဘူးလား"
"လုံလောက်ပြီ မုယန်သခင်မ.... !"
ဧကရီသည် မျက်လုံးများကိုဖွင့်ကာ ဒေါသတကြီးပြောလိုက်သည်။
"ကျန့်နဲ့ ရူရိ ကို ခွဲဖို့ မပြောနဲ့တော့.. အဲဒါ မဖြစ်နိုင်တော့ဘူး!"
"အ...အရှင်မိဖုရားကြီး၊ အရှင်...ဘာကြောင့် စိတ်ပြောင်းသွားတာလဲ၊ အရှင်က တင်းတင်းကို လက်ထပ်ပေးပါ့မယ်လို့ အာမခံထားတယ် မဟုတ်လား_"
"ငါ့မြစ်က အရေးကြီးဆုံးပဲ!"
ဒီစကားက မုယန်သခင်မကို တုန်လှုပ်သွားစေသည်။
"မင်းသမီးချွမ်ရိဆီမှာ ကလေးရှိနေပြီလား။" အိမ်ရှေ့မင်းသမီးက အံ့သြသွားသည်။
"ဟုတ်တယ်" ဧကရီက မုယန်သခင်မ ကို တင်းမာစွာမကြည့်ခင် တိုးတိုးလေးပြောလိုက်သည်။။ "လီရူရိက ကျန့် ရဲ့ ကလေးကို လွယ်ထားရတယ်။ မိခင်ရော ကလေးပါ ထိခိုက်မှု မရှိစေရဘူး"
"အရှင်မိဖုရားကြီး၊ ကျွန်မရဲ့တင်းတင်းကော ဘယ်လိုလဲ။"
ဧကရီက အသက်ပြင်းပြင်းရှုလိုက်ပြီး ဆက်ပြောလိုက်သည်။
"တင်းတင်း က ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြူစင်သေးတယ်။ သူမရဲ့လက်ထပ်ပွဲက မင်းသားဝူကျန့်ထက် မလျော့ကျစေရဘူးဆိုတာ ငါ ကတိပေးတယ်"
"ဒါ....ဒါပေမယ့်_"
"သူ့အမေအနေနဲ့...တင်းတင်းကို မိုက်မဲတဲ့ လုပ်ရပ်ကို မလုပ်စေဖို့ မင်းက သေချာစောင့်ကြည့်ထားလိုက်...."
ဧကရီက ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။
"အရှင်မိဖုရားကြီး...တင်းတင်းက သူမ နှလုံးသားတစ်ခုလုံးနဲ့ပုံပြီး မင်းသားကျန့်ကို ပေးအပ်ခဲ့တာပါ။ မင်းသားကျန့်မရှိရင် သူမ ဆက်ပြီး အသက်မရှင်နိုင်လောက်ဘူး"
မုယန်သခင်မက ဒူးထောက်သွားပြီး မျက်နှာမှာ မျက်ရည်တွေနဲ့ ပြည့်ကာ အသနားခံနေသည်။
"မင်းသား ကျန့် မပါဘဲ သူမ ဘဝမှာ ဆက်လက်ရှင်သန်နိုင်ဖို့ တင်းတင်း သင်ယူရလိမ့်မယ်"
ဧကရီသည် မုယန်သခင်မ ၏ အော်ဟစ်ငိုကြွေးမှုကြောင့် ခေါင်းကိုက်ခြင်းကို ခံစားလာရသည်။
"တစ်ယောက်ယောက်လာစမ်း....မုယန်သခင်မကို သူ့အဆောင်ကို ပြန်ခေါ်သွား လိုက်...မင်းသမီးတင်းတင်းကို သေသေချာချာ စောင့်ကြည့်ထားကြ။ မင်းသမီးလေး တစ်ခုခု ဖြစ်သွားရင် မင်းတို့ရဲ့ခေါင်းနဲ့ အစားပေးဆပ်ရလိမ့်မယ် "
မိန်းမစိုးနှစ်ယောက်က မင်းသမီးတင်းတင်းအတွက် ငိုကြွေးနေသည့် မုယန်သခင်မ ကို အလျင်အမြန်ဆွဲမကာ ဧကရီ၏အဆောင်အပြင်ကို ဆွဲခေါ်လာကြသည်။
"ဧကရီ မယ်တော်...မြစ်တော်လေး ရောက်ရှိလာတယ်ဆိုတာ ကြည်နူးစရာ အခိုက်တန့်လေးပါ။ မယ်တော်က သူ့အမေကြောင့် မြစ်တော်လေးကို မလိုချင်တာလား..."
အိမ်ရှေ့ မင်းသမီးက ညင်သာစွာ ပြောလိုက်သည်။
"ဒါပေမ့် ကျန့်က ငါ့ကို ဖယ်ရှားပစ်လိုက်တယ်။ "
ဧကရီက နာကျင်မှုတွေကို ဖုံးကွယ်မထားနိုင်တော့ပဲ အိမ်ရှေ့မင်းသမီးကို ပြောပြလိုက်သည်။
"ဒီကြောက်စရာကောင်းတဲ့မြေးက သူ့အဖွားကို ဖယ်ရှားလိုက်ပြီး သူ့ကလေးက ငါ့ဖြစ်ကလေး မဟုတ်ဘူးလို့ ကြေငြာပြီးသွားပြီ"
အိမ်ရှေ့မင်းသမီးက ထိုစကားကို ကြားတော့ ထိတ်လန့်သွားသည်။
"ဒီကောင်လေးကတော့" ဧကရီရဲ့အသံက တုန်လှုပ်နေသည်။
အိမ်ရှေ့မင်းသမီးသည် ဧကရီနားကို အမြန်သွားကာ ကျဆင်းလာသော မျက်ရည်များကို သုတ်ပေးရင်း ဖြောင့်ဖျလိုက်သည်။
"မင်းသား ကျန့်က သူ့ ဝမ်ဖေး နဲ့ ကလေးရဲ့ လုံခြုံရေးအတွက် စိုးရိမ်ကြောင့်ကျလို့ ပြောခဲ့မိတာ ဖြစ်မှာပါ"
"ငါက သူ့အဖွားပါ၊ သူ့ ဝမ်ဖေး နဲ့ သူ့ကလေးကို ခြိမ်းခြောက်မယ်လို့ သူက မြင်နေတာလား။ အဲ့ဒါကြောင့် သူက ငါ့ကို သူ့အိမ်က မောင်းထုတ်ခိုင်းလိုက်တာလား။"
"ဧကရီမယ်တော်.... နန်းတော်အတွင်းက ဖိအားတွေကို ဘယ်သူမဆိုထက် မယ်တော်က ပိုနားလည်ပါတယ်... လီရူရိ လို ပျော့ညံ့တဲ့ မိန်းကလေးအတွက်၊ သူမ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်... မိခင်ကို မကာကွယ်ရင် ကလေးက ဘယ်လို လုံခြုံမှာလဲ။"
"အဲဒါ..."
"ဧကရီမယ်တော်....လီရူရိကို မယ်တော်က လက်မခံနိုင်ရင် ဧကရီမယ်တော်က သူ့သားသမီးတွေကို ဘယ်လိုလက်ခံနိုင်မှာလဲ"
"ဘာပဲဖြစ်ဖြစ် သူ့ကလေးက ကျန့် ရဲ့ ကလေးပဲ" ဧကရီက ယုံကြည်ချက်နဲ့ ပြောလိုက်တယ်။ "ငါ သူမကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ အရေးကြီးဆုံးက ကလေးပဲ"
"ဒါပေမယ့်..." အိမ်ရှေ့မင်းသမီးက တိုးတိုးလေးသတိပေးလိုက်သည်။
"ဧကရီမယ်တော် လီရူရိကို လက်မခံဘူးဆိုရင် မင်းသားကျန့်က ဧကရီမယ်တော်ကို ဘယ်လိုလက်ခံနိုင်မလဲ။"
***-***
Chapter (92) - စိတ္ေျပာင္းသြားျခင္း
"သူမမွာ ကိုယ္ဝန္ရွိေနတယ္..."
ဧကရီဝမ္ခ်န္႕ ၏ အသံသည္ ဝူက်န္႕၏ အေတြးမ်ားကို ျပတ္ေတာက္သြားေစသည္။ ဧကရီထံသို႔ လွည့္၍ ဝူက်န႔္သည္ သူ၏ ေအးခဲေသာအမူအရာျဖင့္ ႀကည့္ကာ ေျပာလိုက္သည္။
"ရူရိ ကိစၥက ဧကရီ နဲ႔ မဆိုင္ပါဘူး။ ကြ်ိေမာဝ္ ....အေစာင့္ေတြက ေခၚျပီး ဧကရီကို နန္းေတာ္ဆီကို ျပန္ေခၚသြားခုိင္းလိုက္..... "
"က်..က်န္႕..."
ဝူက်န္႕ ၏ ျပတ္သားေသာ စကားလုံးမ်ားသည္ ဧကရီကို အလြန္နာက်င္သြားေစသည္။ အဖြားတစ္ေယာက္အေနနဲ႔ သူ႔ေျမးရဲ႕ စိမ္းကားျပတ္ေတာက္ကာ လ်စ္လ်ဴရႈမႈကို ဘယ္သူ ခံခ်င္မွာလဲ။ ဒါေပမယ့္ ဝူက်န္႕ ရဲ႕စကားေတြအရ သူမကို သူ႔အဖြားအျဖစ္ ေမ့ပစ္လိုက္ပံုေပၚသည္။
"ဝူက်န္႕ ရဲ႕ ဝမ္ေဖးအျဖစ္ ရူရိကို ဘုရင္မင္းျမတ္က အမိန္႕ခ်ထားျပီးျပီ။ ဒါေပမယ့္ ရူရိက ဧကရီ ေရြးခ်ယ္ထားတဲ့ ေျမးေခြ်းမ မဟုတ္တဲ့အတြက္ ရူရိက ေမြးလာတဲ့ သားသမီးေတြက ဧကရီရဲ႕ ျမစ္ေတြ ျဖစ္လာမွ မဟုတ္ဘူး။ "
ဝူက်န္႕က ဧကရိီကို ေက်ာခုိင္းကာ ျပတ္သားစြာေျပာလုိက္သည္။
"က်န္႕!" ဧကရီက ဝူက်န္႕ကို ေတာင္းပန္ခ်င္ဟန္ျဖင့္ေ ခၚလိုက္သည္။
"အေစာင့္ေတြ...ဧကရီကို ျပန္ေခၚသြားေတာ့"
အေစာင့္ေတြ ဝင္လာၿပီး ဧကရီကို ျခံရံကာ စံအိ္မ္ေတာ္မွ ထြက္သြားေစခဲ့သည္။
ဧကရီ ဝမ္ခ်န္႕သည္ သူမ၏ေျမးေတာ္ မင္သားဝူက်န္႕၏ အတင္းအၾကပ္ စြန႔္ပယ္ျခင္းကို ခံလိုက္ရသည္ကို မယုံႏိုင္ေအာင္ ျဖစ္ေနမိသည္။
ဧကရီက အံ့အားသင့္လ်က္ နန္းေတာ္ကို ျပန္လည္ပို႕ေဆာင္ခံလိုက္ရျပီး သူမ၏နန္းေဆာင္တြင္ အိမ္ေရွ႕မင္းသမီးႏွင့္ မုယန္သခင္မတို႕က ေစာင့္ကာ ႀကိဳဆိုခဲ့ၾကသည္။
"အရွင္ဧကရီမိဖုရားႀကီး...မင္းသားက်န္႕က ဧကရီရဲ႕ စကားကို နာခံပါရဲ႕လား"
မုယန္သခင္မက ဧကရီအနားကို အျမန္ေရာက္လာျပီးေမးလိုက္သည္။
ဧကရီသည္ အေျခအေနတစ္ခုလုံးကို စိတ္ထဲမွာ ေသခ်ာသတိရေအာင္ ႀကိဳးစားရင္း မွင္တက္ေနေသးသည္။
"ေက်းဇူးျပဳၿပီး အရွင္မိဖုရားႀကီး၊ မင္းသား ဝူက်န္႕ နဲ႔ လီရူရိတို႕ လက္ထပ္ထားတာကို ဖ်က္သိမ္းဖို႔ သေဘာတူလိုက္ၿပီဆိုတာ ေျပာပါ"
လီရူရိအေႀကာင္း ထည့္ေျပာလိုက္ခ်ိန္မွာ ဧကရီ၏အမူယာက အျပစ္တင္လိုဟန္အျဖစ္ကို ေျပာင္းလဲသြားသည္။ ၃
"အရွင္မိဖုရားႀကီး...မယ္ေတာ္ အဆင္ေျပပါရဲ႕လား။ မယ္ေတာ့္ကို ႀကည့္ရတာ ျဖဴေဖ်ာ့ေနသလိုပဲ"
အိမ္ေရွ႕ မင္းသမီးသည္ ဧကရီ၏ မ်က္ႏွာေပၚတြင္ ပူပန္ေသာကေရာက္ေနသည့္ အမူအရာကို ျမင္လိုက္ရျပီး စိတ္ပူစြာေမးလိုက္သည္။
ဧကရီက ဘာမွ ခြန္းတုံ႔ျပန္ျခင္း မျပဳေပ။ ထိုအစား သူမသည္ ေမာပန္းႏြမ္းနယ္စြာ ျဖင့္ သူမ နန္းေဆာင္ထဲကို ဝင္လာခဲ့သည္။ အိမ္ေရွ႕ မင္းသမီးႏွင့္ မုယန္သခင္မ တို႔သည္ အေနာက္မွ အလ်င္အျမန္ လိုက္လာၾကသည္။
"အရွင္မိဖုရားႀကီး...တင္းတင္းက အရွင္မိဖုရားႀကီးဆီက သတင္းေကာင္းကို ေစာင့္ေမွ်ာ္ေနျပိး အိပ္ရာထဲတြင္ ေနမေကာင္းျဖစ္စြာ လဲေနပါတယ္ "
"မုယန္ သခင္မ...မင္းျပန္သြားျပီး တင္းတင္းကို ေသခ်ာ ဂ႐ုစိုက္လိုက္ပါ။" ဧကရီသည္ မ်က္လုံးမ်ားကို တင္းတင္းမွိတ္ကာ ေျပာလိုက္သည္။
"အရွင္မိဖုရားႀကီး?"
မုယန္သခင္မက တစ္ခုခုမွားေနၿပီဟု ခံစားမိလိုက္သည္။
"မင္း..မင္းသား က်န္႕က ျငင္းခဲ့တာလား၊ အရွင္မိဖုရားႀကီးက သူ႔ရဲ႕ အဖြားေတာ္၊ ဧကရီပါ။ အရွင္မိဖုရားႀကီး သူ႕ကို လက္ခံလာေအာင္ အတင္းအၾကပ္ မလုပ္ႏိုင္ဘူးလား"
"လုံေလာက္ၿပီ မုယန္သခင္မ.... !"
ဧကရီသည္ မ်က္လုံးမ်ားကိုဖြင့္ကာ ေဒါသတႀကီးေျပာလိုက္သည္။
"က်န္႕နဲ႕ ရူရိ ကို ခြဲဖို႔ မေျပာနဲ႕ေတာ့.. အဲဒါ မျဖစ္ႏိုင္ေတာ့ဘူး!"
"အ...အရွင္မိဖုရားႀကီး၊ အရွင္...ဘာေၾကာင့္ စိတ္ေျပာင္းသြားတာလဲ၊ အရွင္က တင္းတင္းကို လက္ထပ္ေပးပါ့မယ္လို႕ အာမခံထားတယ္ မဟုတ္လား_"
"ငါ့ျမစ္က အေရးႀကီးဆုံးပဲ!"
ဒီစကားက မုယန္သခင္မကို တုန္လႈပ္သြားေစသည္။
"မင္းသမီးခြ်မ္ရိဆီမွာ ကေလးရွိေနၿပီလား။" အိမ္ေရွ႕မင္းသမီးက အံ့ၾသသြားသည္။
"ဟုတ္တယ္" ဧကရီက မုယန္သခင္မ ကို တင္းမာစြာမၾကည့္ခင္ တိုးတိုးေလးေျပာလိုက္သည္။။ "လီရူရိက က်န္႕ ရဲ႕ ကေလးကို လြယ္ထားရတယ္။ မိခင္ေရာ ကေလးပါ ထိခိုက္မႈ မရွိေစရဘူး"
"အရွင္မိဖုရားႀကီး၊ ကြ်န္မရဲ႕တင္းတင္းေကာ ဘယ္လိုလဲ။"
ဧကရီက အသက္ျပင္းျပင္းရႈလိုက္ျပီး ဆက္ေျပာလိုက္သည္။
"တင္းတင္း က ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ျဖဴစင္ေသးတယ္။ သူမရဲ႕လက္ထပ္ပြဲက မင္းသားဝူက်န္႕ထက္ မေလ်ာ့က်ေစရဘူးဆုိတာ ငါ ကတိေပးတယ္"
"ဒါ....ဒါေပမယ့္_"
"သူ႔အေမအေနနဲ႕...တင္းတင္းကို မိုက္မဲတဲ့ လုပ္ရပ္ကို မလုပ္ေစဖို႕ မင္းက ေသခ်ာေစာင့္ႀကည့္ထားလိုက္...."
ဧကရီက ျပတ္ျပတ္သားသား ျဖတ္ေျပာလိုက္သည္။
"အရွင္မိဖုရားႀကီး...တင္းတင္းက သူမ နွလံုးသားတစ္ခုလံုးနဲ႕႔ပံုျပီး မင္းသားက်န္႕ကို ေပးအပ္ခဲ့တာပါ။ မင္းသားက်န္႕မရွိရင္ သူမ ဆက္ျပီး အသက္မရွင္နုိင္ေလာက္ဘူး"
မုယန္သခင္မက ဒူးေထာက္သြားၿပီး မ်က္ႏွာမွာ မ်က္ရည္ေတြနဲ႔ ျပည့္ကာ အသနားခံေနသည္။
"မင္းသား က်န္႕ မပါဘဲ သူမ ဘဝမွာ ဆက္လက္ရွင္သန္နုိင္ဖုိ႕ တင္းတင္း သင္ယူရလိမ့္မယ္"
ဧကရီသည္ မုယန္သခင္မ ၏ ေအာ္ဟစ္ငိုေႀကြးမႈေၾကာင့္ ေခါင္းကိုက္ျခင္းကို ခံစားလာရသည္။
"တစ္ေယာက္ေယာက္လာစမ္း....မုယန္သခင္မကို သူ႕အေဆာင္ကို ျပန္ေခၚသြား လိုက္...မင္းသမီးတင္းတငး္ကို ေသေသခ်ာခ်ာ ေစာင့္ၾကည့္ထားႀက။ မင္းသမီးေလး တစ္ခုခု ျဖစ္သြားရင္ မင္းတို႕ရဲ႕ေခါင္းနဲ႕ အစားေပးဆပ္ရလိမ့္မယ္ "
မိန္းမစိုးႏွစ္ေယာက္က မင္းသမိီးတင္းတင္းအတြက္ ငိုေႀကြးေနသည့္ မုယန္သခင္မ ကို အလ်င္အျမန္ဆြဲမကာ ဧကရီ၏အေဆာင္အျပင္ကို ဆြဲေခၚလာႀကသည္။
"ဧကရီ မယ္ေတာ္...ျမစ္ေတာ္ေလး ေရာက္ရွိလာတယ္ဆုိတာ ႀကည္နူးစရာ အခိုက္တန္႕ေလးပါ။ မယ္ေတာ္က သူ႕အေမေႀကာင့္ ျမစ္ေတာ္ေလးကို မလိုခ်င္တာလား..."
အိမ္ေရွ႕ မင္းသမီးက ညင္သာစြာ ေျပာလိုက္သည္။
"ဒါေပမ့္ က်န္႕က ငါ့ကို ဖယ္ရွားပစ္လိုက္တယ္။ "
ဧကရီက နာက်င္မႈေတြကို ဖုံးကြယ္မထားနုိင္ေတာ့ပဲ အိမ္ေရွ႕မင္းသမီးကို ေျပာျပလိုက္သည္။
"ဒီေၾကာက္စရာေကာင္းတဲ့ေျမးက သူ႔အဖြားကို ဖယ္ရွားလိုက္ျပီး သူ႔ကေလးက ငါ့ျဖစ္ကေလး မဟုတ္ဘူးလို႔ ေၾကျငာၿပီးသြားျပီ"
အိမ္ေရွ႕မင္းသမီးက ထိုစကားကို ႀကားေတာ့ ထိတ္လန႔္သြားသည္။
"ဒီေကာင္ေလးကေတာ့" ဧကရီရဲ႕အသံက တုန္လႈပ္ေနသည္။
အိမ္ေရွ႕မင္းသမီးသည္ ဧကရီနားကို အျမန္သြားကာ က်ဆင္းလာေသာ မ်က္ရည္မ်ားကို သုတ္ေပးရင္း ေျဖာင့္ဖ်လိုက္သည္။
"မင္းသား က်န္႕က သူ႔ ဝမ္ေဖး နဲ႔ ကေလးရဲ႕ လုံၿခဳံေရးအတြက္ စိုးရိမ္ေၾကာင့္က်လို႕ ေျပာခဲ့မိတာ ျဖစ္မွာပါ"
"ငါက သူ႔အဖြားပါ၊ သူ႔ ဝမ္ေဖး နဲ႔ သူ႔ကေလးကို ၿခိမ္းေျခာက္မယ္လို႕ သူက ျမင္ေနတာလား။ အဲ့ဒါေၾကာင့္ သူက ငါ့ကို သူ႔အိမ္က ေမာင္းထုတ္ခိုင္းလိုက္တာလား။"
"ဧကရီမယ္ေတာ္.... နန္းေတာ္အတြင္းက ဖိအားေတြကို ဘယ္သူမဆိုထက္ မယ္ေတာ္က ပိုနားလည္ပါတယ္... လီရူရိ လို ေပ်ာ့ညံ့တဲ့ မိန္းကေလးအတြက္၊ သူမ ခံႏိုင္ရည္ရွိမွာ မဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္... မိခင္ကို မကာကြယ္ရင္ ကေလးက ဘယ္လို လုံၿခဳံမွာလဲ။"
"အဲဒါ..."
"ဧကရီမယ္ေတာ္....လီရူရိကို မယ္ေတာ္က လက္မခံႏိုင္ရင္ ဧကရီမယ္ေတာ္က သူ႔သားသမီးေတြကို ဘယ္လိုလက္ခံႏိုင္မွာလဲ"
"ဘာပဲျဖစ္ျဖစ္ သူ႔ကေလးက က်န္႕ ရဲ႕ ကေလးပဲ" ဧကရီက ယုံၾကည္ခ်က္နဲ႔ ေျပာလိုက္တယ္။ "ငါ သူမကို လက္ခံသည္ျဖစ္ေစ လက္မခံသည္ျဖစ္ေစ အေရးႀကီးဆုံးက ကေလးပဲ"
"ဒါေပမယ့္..." အိမ္ေရွ႕မင္းသမီးက တိုးတိုးေလးသတိေပးလိုက္သည္။
"ဧကရီမယ္ေတာ္ လီရူ၇ိကို လက္မခံဘူးဆိုရင္ မင္းသားက်န္႕က ဧကရီမယ္ေတာ္ကို ဘယ္လိုလက္ခံႏိုင္မလဲ။"
***-***