Unicode
အချိန်အားဖြင့်တစ်ပတ်တာကြာမြင့်ခဲ့ပြီ။အီသန်ဆိုသူက သူ့အပေါ်အတော်ကောင်းရှာသည်။ဂရုလည်းစိုက်သည်။ညီကိုယ်တစ်ယောက်လိုပေါ့။တစ်နယ်ရပ်ခြားမှာရှိနေကြတဲ့ လူမျိုးတူးချင်းမို့လို့လားတော့မသိ။အစပိုင်းကတော့ အတွေးလွန်ခဲ့တာ တွေရှိနေခဲ့ပေမဲ့နောက်ပိုင်းကြအကိုအီသန့်ကို ယုံလာနိုင်ခဲ့သည်။သေချာပေါက်သူ့အပြုအမှုကြောင့်ပါပဲ။
ဒီနေ့မနက်ကျောင်းလိုက်ပို့တော့ ဒီညကြရင်တစ်နေရာကိုမတူတူသွားရအောင်လို့မှာထားတာမို့ဂျောင်ဝန်းတစ်ယောက်ပြင်ဆင်မိသည်။ပြင်ဆင်လို့ပြီးတော့အချိန်က လာကြိုမဲ့အချိန်ထက် အနဲငယ်စောနေသေးသည်။အပြင်ဝံရံဒါဘက်ကိုထွက်လိုက်တော့ ရှေးဟောင်းအငွေ့အသတ်တွေနှင့်ပြည့်နက်နေတဲ့အဆောက်အအုံများကြားမှပန်းခြံငယ်လေး။ညနေ နေဝင်ချိန်မို့ လူစီကားနေသည်။
ဂျောင်ဝန်းတစ်ယောက်ဟိုကြည့်ဒီကြည့်နေတုန်း ဖုန်းထဲ message ဝင်သံကိုကြားလိုက်သည်။
*ကိုယ်ရောက်ပြီ*
ဂျောင်ဝန်း ဖုန်းနဲ့ ကျောပိုးအိပ်လေးသာယူရင်းထွက်လာသည်။သူနေသည့်မြို့က ဖက်ရှင်မြို့ဟုတောင်တင်စားရသော်လဲ ဝတ်နေကြပုံစံကတော့ ရိုးရိုးရှင်းရှင်းသာ။အခုလဲ အင်္ကျီအမဲကိုမှ ဘောင်းဘီကာကီရောင် သာဝတ်ထားသည်။အပေါ်မှ အစိမ်းပုဒ်ရောင်အနွေးထည်ထပ်ထားရင်း။
"အစ်ကိုအီသန်........."
"ကားပေါ်တက်"
"ဟုတ်"
ကားကစထွက်ကတည်းကပုံမှန်ထက်တိတ်ဆိတ်နေသည်။မနက်ကထိ ဆူဆူညံညံရယ်မောသံနှင့်ပြည့်နှက်နေခဲ့သည်ကိုအခုဘယ်လိုဖြစ်ရတာလဲ။ထိုသည်ကတော့ အီသန့်ရဲ့ဝတ်စားဆင်ယင်မှု့ကြောင့်ပင်။ပုံမှန်ဆိုလူကြီးတစ်ယောက်လိုဝတ်ထားပေမဲ့ အခုကသူတစ်ခါမှမမြင်ဖူးတဲ့ပုံစံမျိုး။သူက All black ဝတ်ထားပြီး နားမှာလဲနာကွင်းအသေးနှစ်ခုဝတ်ထားသေးသည်။
"အစ်ကို"
"အင်းပြောလေ"
"အခုဘယ်သွားမို့လဲ"
"ရောက်ရင်လဲသိမှာပဲကို..."
"ဟုတ်..."
တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားကြပြန်သည်။ သိပ်မကြာလိုက်သူတို့စီးနှင်လာတဲ့ကားလေးက club တစ်ခုရှေ့သို့ထိုးရပ်သွားခဲ့တယ်။
"အစ်ကိုပြောတာ club ကိုလား"
"ကောင်လေး ၁၈ပြည့်ပြီမလား"
ဂျောင်ဝန်းမေးလိုက်တာနဲ့ ဟီဆွန်းပြန်ပေ့ာတာနဲ့က အနဲငယ်တိုက်ဆိုင်ပေမဲ့ ဂျောင်ဝန်းအတွက်အဖြေဆိုတာမရှိလိုက်ပေ။
အခုအကြိမ်က ဂျောင်ဝန်း ကလပ်ရောက်ဖူးတာပထမဆုံးအကြိမ်ပင်မို့ အနဲငယ်တော့သိတ်လှုပ်ရှားမိတာအမှန်။ ကလပ်ထဲရောက်တာနဲ့ နှာခေါင်းထဲသို့တစ်ဆိတ်ဆိတ်ဝင်လာတဲ့ စီးကရပ်အနံ့တွေ။ စီးကရပ်သောက်တဲ့လူတိုင်းကိုကြည့်လိုက်အများအားဖြင့်မိန်းခလေးများသားဖြစ်ကြသည်။ပဲရစ်ကအမျိုးသမီးတော်တော်များများ စီးကရပ်အရမ်းသောက်ကြသည်။ဘာလို့လဲဆိုတာတော့မသိ။သူထင်ပါသည် အစ်ကိုအီသန်လဲစီးကရပ်ကို ဒီမှာအနေများလို့သောက်မိတယ်ဆိုတာပေါ့။
"သောက်ကြည့်မလားကောင်လေးး"
"ဗျာ.. တော်ပါပြီ"
ဂျောင်ဝန်းလဲ ကလပ်ထဲဘာမှလုပ်စရာမရှိတော့ဟိုဟိုဒီဒီကြည့်မိသည်။သူ့ဘေးက အီသန်ကတော့ ဝိုင်ခွက်ကိုင်ကာ တီးလုံးနှင့်အညီ ခန္ဒာကိုယ်လှုပ်ရှားနေသည်။
"ကိုယ်ဒီလိုမျိုးငယ်ငယ်တုန်းကမခံစားခဲ့ရဖူးဘူး"
"အဲ့တော့အကိုကကျွန်တော့်ကို ငယ်တုန်းခံစားစေချင်လို့ ခေါ်လာတဲ့သဘောလား"
ဂျောင်ဝန်း စစ နောက်နောက်မေးမိသည်။
"ဒါပေါ့...ကိုယ့်ရဲ့လူငယ်ဘဝတုန်းက အလုပ်အလုပ်ဆိုတာတဲ့ပဲပြည့်နက်ခဲ့တယ်။ပညာကိုတောင်ဆုံးမောင်မသင်ရသေးဘူး အဖေနဲ့အကိုကြီးနဲ့ကရုပ်တရက်ဆုံးသွားခဲ့တယ်။ကျန်ခဲ့တဲ့ကိုယ်ကပဲတာဝန်ခံပေးခဲ့ရတယ်။အဖေရောအကိုကြီးပါဆုံးတော့ company ကအစကနေပြန်မဖောင်ရရုံတစ်ခုထဲပဲ။ရှယ်ရာရှင်တော်တော်များများကလဲနှူတ်ထွက်သွားခဲ့တယ်လေ..."
"အကိုအများကြီးပင်ပန်းခဲ့မှာပေါ့...အခုတော့အဲ့တုန်းကမခံစားလိုက်ရတာကိုခံရအောင်"
ဂျောင်ဝန်း အီသန့်ရဲ့လက်နှစ်ဖက်ကိုဆွဲပြီး က နေကြတဲ့လူအုပ်ထဲသို့ဆွဲခေါ်သွားခဲ့သည်။အီသန်ကအစပိုင်း မလှုပ်မရပ်သာ နောက်ပိုင်း ဂျောင်ဝန်းကအတင်းတွန်းအားပေးမှ အနဲငယ်ကသည်။ ဂျောင်ဝန်းစိတ်ထင်မိသည် အီသန်က မိငါးစုကိစ္စနဲ့ပတ်သတ်လျှင်အနဲငယ်ပျော့သည့်ထဲပါသည်ထင်။
သူတို့ ကလပ်ထဲသိပ်မနေလိုက်ပဲပြန်လာခဲ့ကြသည်။အချိန်ကတော့ ည ၉ နာရီလောက်သာရှိသေးသည်။နှစ်ယောက်စလုံးလဲဘာမှမစားရသေးတာမို့ အစာအိမ်မှအချက်ပြချက် တဂွီဂွီကရေတွက်မရအောင်ပင်။
"အကိုအီသန် တစ်ခုခုသွားစားချင်ဘူးလား"
ရှိသမျှ သွား၃၂ချောင်းလုံးကိုဖြဲပြကာ မျက်လုံးတို့မှိတ်သည်အထိရယ်ပြရင်း မေးမိသည်။
"ကောင်လေးကဘာစားချင်လို့လဲ"
"အာ...ကျွန်တော်လမ်းညွှန်မယ်လေ"
"Ok အဲ့ဒါဆိုကားပေါ်တက်"
"ကားနဲ့မသွားဘူးလမ်းလျှောက်ပြီးပဲသွားမယ် မနက်ကြကားကိုပြန်လာယူရင်ရတယ်မလား"
"ရပါတယ် လာလေအဲ့ဒါဆိုလဲ let's go"
ဆိုင်သွားသည့်တသ်လမ်းလုံးနှစ်ယောက်သားကြားအလွန်တိတ်ဆိတ်နေခဲ့သည်။ဒါပေမဲ့အတွေးတွေကတေည့တစ်ယောက်အကြောင်းတစ်ယောက်တွေးရင်းပေါ့။
"ရောက်ပြီ"
တစ်လမ်းလုံးအောက်ငုံလျှောက်လာမိသမျှ ဘေးနားကကောင်လေးအသံကြားမှ ခေါင်းထောင်မိသည်။စကားသံအဆုံးမှာပဲ အထဲသို့အရင်ဦးစွားဝင်သွားသည့်ကောင်လေး။ကောင်လေးခေါ်လာသည့်ဆိုင်က အရမ်းကြီးမခမ်းနားသလောက်တင့်တင့်တယ်တယ်တော့ရှိသည်။တစ်ဆိုင်လုံးကို အနီရောင်ကတီပါကော်ဇော်ခင်းထားပြီး မျက်နှာချက်ကမီးဆိုင်းများကအနီရောင်ဘက်သို့သန်းသည်။ကောင်လေးက ဆိုင်ရဲ့အလယ်ကျကျ နေရာတွင်ဝင်လိုက်ပြီ ခြေနှေးနေသည့်ကျွန်တော့်ရား လက်ရက်ခေါ်သည်။
"ဒီဆိုင်က စားဖိုမှုးက ကျွန်တော်တို့အောက်ထပ်ကလေ အဲ့ဒါသူ့မွေးနေ့ဖိတ်တုန်းက လာစားဖူးတယ်။ သူကင်တဲ့အသားကင်ကအရမ်းကောင်းတာ အဲ့ဒါထပ်စားဖို့ပိုက်ဆံစုရင်းအခုမှရလို့ လာစားတာ အစ်ကိုအီသန်အသားကင်တော့စားတယ်မလား"
"စားတာပေါ့"
သူတို့လဲမှာစရာရှိတာမှာပြီး ကိုယ်စီက ဖုန်းတစ်လုံးစီနှင့်အာရုံပြုနှင့်ပြီးသား။
"ကောင်လေး ဝိုင်သောက်ကြည့်ပါလား"
"ဗျာ...တော်ပါပြီ"
"ကောင်လေးက ၁၈ ပြည့်ပြီပဲကိုဘာကြောက်နေတာလဲ"
"မဟုတ်ပါဘူးဗျာ ကျွန်တော်မသောက်ဖူးလို့ပါ"
ခနနေတော့မှာထားတဲ့အစားအသောက်တွေအကုန်ရောက်လာသည်။ဂျောင်ဝန်း စားနေသည့်ပုံစံက ကလေးတစ်ယောက်လိုမျိုး ပလုပ်ပလောင်းသာ။
"ကောင်လေးပါးစပ်တေပေကုန်ပြီ"
ကျွန်တော်ကိုယ့်ကိုယ်ကိုပြန်စမ်းနေတုန်းမှာပဲ ကျွန်တော့်လက်တွေကိုအနည်းငယ်တွန်းထုပ်ကာတစ်ရှုးဖြင့်လာသုတ်ပေးသည့် အစိကိုအီသန်။ကျွန်တော်လဲအနဲငယ်ပြုံးပြလိုက်သည်။
"ကျေးဇူးပါ"
အမှန်တိုင်းပြောရလျှင်ဒီလိုအခြေအနေကအရမ်းအရှက်တော့ရမိသည်။
"အစ်ကိုကျွန်တော်စားလို့ပြီးပြီ"
"ကိုယ်လဲပြီးပြီ"
ထိုသို့ပြောပြီး ဂျောင်ဝန်းကိုသာ ညို့အားပြင်းတဲ့မျက်လုံးတို့ဖြင့်အဓိပ္ပာယ်ပြည့်စုံစွာကြည့်ရင်း....။ဂျောင်ဝန်းလဲပြန်ကြည့်နေမိသည် သူကတော့ရိုးသားစွာပေါ့။ခနလောက် မျက်လုံးခြင်း စလှယ်ပြီးထိုရပ်ဝန်းကိုပျက်သုဉ်းစေသည်က ဂျောင်ဝန်းစကားသံ။
"အဲ့ဒါဆိုကျွန်တော်ဘေရှင်းလိုက်တော့မယ်နော်"
"ကိုယ်ရှင်းပါ့မယ်"
သူတို့လဲဘေရှင်းပြီးအပြင်သို့ထွက်လာခဲ့ကြသည်။
"အစ်ကို ဘယ်လိုပြန်မှာလဲ"
"ဒီညကိုယ်မင်းအိမ်မှာလိုက်အိပ်မယ် ရတယ်မလား မနက်ဖြန်မင်းလဲကျောင်းမရှိဘူးဆိူတော့"
"အာ....ရပါတယ်"
သူတို့နှစ်ယောက်လမ်းလျှောက်ပြီးပဲ ဂျောင်ဝန်းအိမ်သို့ပြန်လာခဲ့ကြသည်။သူတို့အခုရောက်နေသည့်လမ်းက ပဲရစ်မှာ နာမည်အကြီးဆုံးလမ်းထဲကတစ်ခုပေါ့။လမ်းကတော့ရိုးရိုးရှင်းရှင်းခေးပဲ မီးအိမ်လေးတွေတစ်ဖက်တစ်ချပ်စီနှင့် အောက်ခင်းလမ်းကတော့ ဘီလပ်မြေလမ်းကိုမှအုပ်ပုံစံအကွက်လေးကြမ်းကြမ်းလေးတွေ။ဒါတွေကတော့ပုံမှန်ဆိုပေမဲ့ ပြင်သစ်ကိုအထင်ပြုစေသည်က ဘေးနားက အဝါဖျော့ရောင်၊အုပ်ကျိုးရောင်၊အဖြူပုဒ်ရောင်အစရှိသည့် နှစ်ထပ်အဆောက်အအုံငယ်လေးတွေ။
"ဒီလမ်းကလှတယ်နော်ကောင်လေး.."
"ဟုတ်တယ်ဗျ...ဒီလမ်းကိုကျွန်တော်ကအရမ်းသဘောကျတာ...အလုပ်မဲ့ကလဲတစ်လမ်းစီဆိုတော့သိပ်တော့မလာဖြစ်ပေမဲ့ ပိတ်ရပ်ရှိလို့အပြင်သွားဖြစ်ရင်ဒီလမ်းကပဲတစ်ကူးတစ်ကပြန်ဖြစ်တယ်"
ထိုနားကနေ နောက်ထပ် ၅ မိနစ်လောက်လျှောက်ပြီးတော့ဂျောင်ဝန်းနေတဲ့ အဆောင်ဆ္ေရာက်လာခဲ့တယ်။အဆောင်တော့မဟုတ် တက္ကသိုလ်ကျောင်းသားအများစုနေတဲ့နေရာလေးပါပဲ။တော်တော်များများက နိုင်ငံခြားသားများဖြစ်ကြသည်ပဲရစ်ကမြို့ခံဆိုလို့ ဂျောင်ဝန်းအောက်ထပ်က စားဖိုမှုရနှင့် မြေရှင်အဒေါ်ကြီးသာရှိသည်။
"မှောင်မဲနေတာပဲ"
အီသန်ကအရှေ့ကအရင်ဝင်တာဖြစ်သောကြောင့် မီးမဖွင့်ရသေးသော လှေကားခွင်နှင့် မြေညီထပ်ကအမှောင်အတိ။အခန်းတစ်ခုစီမှာလဲ အခန်းအတွင်း၌သညမီးရှပြီး အပြင်မှာဘာမီးမှမထွင်းပေးထားပေ။ဒါပေမဲ့ လရောင်ဝင်ရန်ပြတင်းပေါက်ကျယ်ကျယ်တို့ကတော့ လှေကားတစ်လျှောက်လုံးရှိသည်။
"ဟုတ်တယ်အစ်ကို...ဒီတိုက်ခန်းက နှစ်၅၀၀ ကျော်ပြီလေ အဲ့ဒါကြောင့်မို့ဘာမှအပြည့်အစုံမရှိဘူး"
ဂျောင်ဝန်းကမီးခလုပ်ကိုဟိုစမ်းဒီစမ်းနှင့်ပြောသည်။လှေကားဘောင်ပေါ်မှာချိတ်ထားသည့် နာရီကိုကြည့်မိတော့ သူအရင်ကပြန်လာချိန်ထက်ကိုနောက်ကျနေသည်။
"အစ်ကိုလာလေ"
"အော်အင်း"
ဂျောင်ဝန်းနေသည့်အထပ်က ၅လွှာဖြစ်သော်လည်း ပထမထပ်ရောက်မှ ၁ ထပ်ဟုယူသည့် ပြင်သစ်တို့အယူကြောင့် ၁ လွှာပိုတက်ရသည်။ဂျောင်ဝန်းသော့ဖွင့်နေတုန်း အီသန်ကစပ်စုစွာဖြင့်လှေကားကိုအောက်ပြန်ကြည့်မိသည်။
ဂျောင်ဝန်းနေသည့်အထပ်ကအပေါ်ဆုံးအထပ်ဆိုလဲဖြစ်သဘ်မို့ မီးစိုင်းရဲ့အစချီရာလဲဖြစ်သည်။အောက်ကိုငုံကြည့်နေရုံနဲ့တင်အီသန်ကျက်သီးထမိသည်။
"ကောင်လေးမကြောက်ဖူးလား"
"ဗျာ...မကြောက်ပါဘူး ဝင်လို့ရပြီနော်"
သူသာပြောပြီးသူသာဦးစွာဝင်သွားသည့်ကောင်လေးအားကြောက်ချိသောအပြုံးနှင့်ပြုံးပြီးသူပါအထဲသို့လိုက်ဝင်လိုက်သည်။
"အစ်ကိုရေသောက်နှင့်ဦးကျွန်တော် အဝတ်လဲဦးမယ်"
"အင်းကောင်လေး"
ဂျောင်ဝန်းအင်္ကျီလဲနေတုန်း ဂျောင်ဝန်းဖုန်းမှ တကျီကျီ ဖုန်းတေလာနေသည်။လူများဖုန်းမို့မစပ်စုချင်သညမို့ မသိမသာ နေရင်း အိပ်ကပ်ထဲမှဖုန်းကိုထုပ်ကာ ဖုန်းသုံးနေမိသည်။
ခနနေတော့ခေါင်းရေဆိုကြီးနှင့်ထွက်လာသည့်ဂျောင်ဝန်း..။
"ကောင်လေး ဖုန်းကခနခနလာနေတယ် ကောင်လေးအဖွားလားမသိဘူး"
"ဗျာ..ဟုတ်ကျွန်တော်ကြည့်လိုက်မယ်နော်"
အစ်ကိုအီသန်ပြောသည်နှင့်ဖုန်းခေါ်ထားသည်ကိုကြည့်လိုက်တော့ Tom စီကဖြစ်နေသည်။နောက်ထပ်ဖုန်းပြန်ဆက်ဖို့စောင့်နေဖို့မဖြစ်တာကြောင့် သူပဲပြန်ခေါ်လိုက်သည်။
"Hello Tom ပြောလေ"
📲- "ငါ ငါ့မိသားစုနဲ့အတူပြန်နေရတော့မယ်ဂျောင်ဝန်း..။အဖေကအခုရုတ်တရပ်ကြီးအမောဖောက်ပြီးဆုံးသွားတယ်။အိမ်မှာငါရှိနေမှာဖြစ်တော့မှာမို့လို့အဲ့ဒါကြောင့် ဆောတီးကွာ ငါနောက်နေ့ကြရင်အဝတ်တွေလာယူမယ်"
"အေးပါ ရပါတယ်ကွာ မင်းမိသားစုကိုပဲဂရုစိုက်ပေါ့နော့် အကူညီလိုရင်လဲပြော"
📲- "အေးပါကွာ ဒါဆိုလဲ ဒါပဲလေ ငါလုပ်စရာရှိတာလုပ်လိုက်ဦးမယ်"
"အော် အေးအေး"
ဖုန်းပြောပြီးသည်နှင့် တစ်ချက်မှိုင်သွားသည့် ကောင်လေးကြောင့် ကျွန်တော်တစ်ချက်စိတ်ပူမိသွားသည်။
"ဘာဖြစ်လို့လဲကောင်လေး"
" Tom ကကျွန်တော်နဲ့လာမနေနိုင်တော့ဘူးတဲ့.. အဲ့တော့အိမ်လခကို ကျွန်တော်တစ်ယောက်ထဲပေးရတော့မယ် အိမ်စားရိတ်လဲကျွန်တော့်ပါသာပဲပေးရတော့မယ်... ရတဲ့ပိုက်ဆံက စာအုပ်ဖိုး၊ကျောင်းစားရိတ်နဲ့လိုတာလေးတွေဝယ်ဖြည့်တာနဲ့တင် စားဖို့လုံလောက်ရုံပဲရှိတာကို...အဲ့ဒါကိုမှ လိုချင်တာလေးရှိလို့ဝယ်မယ်၊စားမယ်ဆိုရင် မနဲပိုအောင်ကုပ်ခြစ်ပြီးစုရတာကို။အခုတော့ အိမ်လခပါတစ်ယောက်ထဲအပြည့်သွင်းရတော့မယ်ဆိုရင်ကျွန်တော်လဲတောင်းစားဖို့ပဲရှိတော့တယ်"
အဲ့လိုပြောပြီး ကြမ်းပြင်ပေါဒူးပိုက်ပြီးထိုင်ချကာ ငိုနေတဲ့ကောင်လေးအားပြေးချော့ရသည်။
"ကောင်လေးရယ်မငိုပါနဲ့ အဲ့လောက်ထိလဲစိတ်ညစ်မနေနဲ့ မင်ူမှာကိုယ်ရှိပါတယ်။မင်းလိုအပ်တာပြောနော် မနက်ဖြန်ကောင်လေး အပြင်သွားမယ်မလားစာအုပ်တွေဝယ်မယ်လေ အဲ့တော့စောစောအိပ်ရမှာမို့အခုအိပ်လိုက်တော့နော်...အဲ့ဒါတွေကိုနောက်မှအေးဆေးရှင်းကြတာပေါ့"
တော်ရုံနဲ့အငိုမတိတ်တဲ့ကလေးကနောက်ဆုံးဖတ်ထားပေးသည့် ကျွန်တော့်ရင်ခွင်ထဲမှာတင်အိပ်ပျော်သွားခဲ့သည်။ကျွန်တော်လဲသူ့အခန်းထဲဝင်ပြီးသူ့ကုတင်ပေါ်တင်ပေးလိုက်ပြီး ဆောင်ကိုကျကျနနခြုံပေးလိုက်သည်။
သူ့ကိုလုပ်ပေးစရာရှိတာလုပ်ပေးပြီးကိုယ့်နေရာကိုယ်မသွားပဲ ကောင်လေးကိုသာငေးကြည့်နေမိသည်။ငေးကြည့်ရင်း စားသောက်ဆိုင်မှာတုန်းကပုံရိတ်အချို့ပြန်မြင်ရင်း....။
"ကောင်လေးမနက်ဖြန်ပိတ်ရက်ဆိုတော့ ဘာလုပ်ချင်လဲ"
"အမ်း....ကျွန်တော်စာအုပ်ဖတ်ချင်တယ် ပြီးတော့ကော်ဖီဆိုင်ထိုင်ချင်တယ်"
"ကိုယ်လဲမနက်ဖြန်အားတာမို့လိုက်ပို့မို့လေ"
"ဟာဗျာ အားနာစရာကြီး အစ်ကိုနေ့တိုင်းကျွန်တော့်ကိုပဲအချိန်ပေရနေတာ အစ်ကို့အလုပ်ရှိသေးတယ်လေ"
"မနက်ဖြန်ကပိတ်ရက်လေကောင်လေးရဲ့ ကိုယ်အားတယ် ကြားရက်တွေကြတော့ မင်းကျောင်းတက်နေတဲ့အချိန်ကိုယ်အလုပ်တေလုပ်တာပေါ့ပြီးမှမင်းကိုလာကြိုတာလေ"
အီသန်စကားအဆုံး မှာထားသည့်စားပွဲများရောက်လာသည်။ဂျောင်ဝန်းကရောက်ရောက်ချင်း steak ကိုအရင်စားသည်။စားပြီးသည်နှင့် အလွန်နှစ်သပ်သည့် ပုံစုံဖြင့် ပြုံးနေသည်။အီသန်ကတော့ ဝိုင်ခွက်ထဲကဝိုင်အချို့သောက်ရင်းရှေ့က သက်ဝင်ပန်းချီကားလေးအား အငေးတစ်မောထိုင်ကြည့်မိသည်။
"ကောင်လေးအရမ်းကြိုက်တာပဲလား"
"ဟုတ်တယ်ဗျ"
ပလုပ်ပလောင်းနှင့်ပြန်ဖြေပြီး ဘေးနားက အအေးဘူးလေးသောက်ပြီးပြုံးပြနေသည်။စားသောက်ပြီးတော့လဲ ကောင်လေးအသုံးစားရိတ်လျော့မည်ကိုစိုးရိမ်၍ကျွန်တော်သာရှင်းပေးလိုက်သည်။တစ်ခါတစ်လေကြပြန်တွေးမိသည် သူကအတွင်းရေးမှုးလားသူကအတွင်းရေးမှူးလာဆိုပြီးတော့။ကျွန်တော်ကအတွင်းရေးမှူးလုပ်ရမယ်ဆိုရင်တောင်သူတစ်ယောက်အတွက်ပဲအခမဲ့လုပ်ပေးပြီး သူ့ကိုသူဌေးနေရာခန့်ထားမှာ..။
ကိုယ့်အတွေရနဲ့ကိုယ်ရယ်မိပြီး တစ်ချက်အကြံတစ်ခုရသွားသည်။ရှေ့မှာရှိတဲ့ကောက်လေးကတော့ငိုထားတဲ့ရှိန်ကြောင့်မျက်နှာလေးနီရဲလို့နေပြီး လှပစွာအိပ်ပျော်နေသည်။ ကျွန်တော်လဲတစ်ဖက်က ကုတင်မှာအိပ်ဖို့ထခါနီး ကောင်လေးလက်ကိုတသ်ချက်ကိုင်ကာ ဖွဖွလေးနမ်းရင်း....
"ကိုယ်ကမင်းလိုအပ်တာအရာအားလုံးကိုဖြည့်စီးပေးမှာမို့ဘာမှစိတ်မပူပါနဲ့။ပြီးတော့ ကိုယ် မင်းကိုရှာတွေ့ခဲ့ပြီ..."
/////////
2802
မဗယ်လ်
10/04/2022
Zawgyi
*ကိုယ်ရောက်ပြီ*
"အစ်ကိုအီသန်........."
"ကားပေါ်တက်"
"ဟုတ်"
"အစ်ကို"
"အင်းပြောလေ"
"အခုဘယ်သွားမို့လဲ"
"ဟုတ်..."
ဂျောင်ဝန်းမေးလိုက်တာနဲ့ ဟီဆွန်းပြန်ပော့တာနဲ့က အနဲငယ်တိုက်ဆိုင်ပေမဲ့ ဂျောင်ဝန်းအတွက်အဖြေဆိုတာမရှိလိုက်ပေ။
"ဗျာ.. တော်ပါပြီ"
"ရောက်ပြီ"
"စားတာပေါ့"
"ဗျာ...တော်ပါပြီ"
"ကျေးဇူးပါ"
"ကိုယ်လဲပြီးပြီ"
"ကိုယ်ရှင်းပါ့မယ်"
"ဒီညကိုယ်မင်းအိမ်မှာလိုက်အိပ်မယ် ရတယ်မလား မနက်ဖြန်မင်းလဲကျောင်းမရှိဘူးဆိုတော့"
"အာ....ရပါတယ်"
"မှောင်မဲနေတာပဲ"
"အစ်ကိုလာလေ"
"အော်အင်း"
"အင်းကောင်လေး"
"Hello Tom ပြောလေ"
"အော် အေးအေး"
"ဟုတ်တယ်ဗျ"
/////////
2802
10/04/2022