𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်း...

By miss_candle

243K 20.4K 1.2K

အသက်ကိုသိပ်ချစ်၏>.< ‼️အချိုချည်းပါ၊ third wheel, childတွေပါလာနိုင်တာမို့ အဆင်ပြေမှဖတ်ပါရှင့်။ စာရေးသူ၏စိတ်ကူး... More

I
II
III
V
VI
VII
VIII
IX
X
XI
XII
XIII
XIV
XV
XVI
XVII
XVIII
XIX
XX
XXI
XXII
XXIII
XXIV End
Extra (U)
Extra (Z)
please read>.<
ဖြေရှင်းခြင်း!!

IV

10.2K 954 13
By miss_candle

Unicode

မြို့ပိုင်မင်းအိမ်တော် သို့မဟုတ် ဝမ်အိမ်တော်က မြို့ရဲ့အပြင် ခြံဝန်းအကျယ်ထဲမှာတည်ရှိတယ်။ ပြီးတော့အိမ်တော်ပတ်ပတ်လည်မှာလဲတောအုပ်တွေသာ။ အိမ်တော်ကနေမြို့ကိုရောက်ဖို့ မိနစ်နှစ်ဆယ်လောက်မောင်းရသည်။ ကားလမ်းဘေးပတ်လည်မှာမေဘယ်ပင်တွေကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ မြို့ထဲကိုရောက်သွားသည်။

ရှောင်းကျန့်မှာ ‌လမ်းရဲ့တစ်ဖက်က‌မေဘယ်ပင်တွေကို သဘောတကျကြည့်လာရာကနေရုတ်တရက်လမ်းကွေ့ကိုဖြတ်လိုက်တဲ့နောက်မှာ မြင်လိုက်ရတဲ့ ကားလမ်းဘေးပလက်ဖောင်းကနေလမ်းလျောက်နေတဲ့လူများ ဂါဝန်ရှည်ရှည်တွေကိုဝတ်ဆင်ထားပြီး ထီးဆောင်းသူကဆောင်း ဦး‌ထုတ်ကြီးကြီးကိုဆောင်းထားသူကဆောင်းထားနှင့် ‌ကာလာစုံနဲ့အမျိုးသမီးများကို ရှောင်းကျန့်ကြည့်ပြီး ပြုံးလို့၊ အမျိုးသားတွေကိုကြည့်တော့လဲ suitအပြည့်ဝတ်ဆင်ပြီး လက်တစ်ဖက်ကအိတ်ကိုဆွဲထားတဲ့သူတွေ၊ အနောက်တိုင်းအဝတ်အစား‌ေတွကိုခပ်ဟော့ဟော့ဝတ်ဆင်ထားတဲ့သူများကိုကြည့်ပြီး ရှောင်းကျန့်မှာသဘောတကျ။ ဒီခေတ်ကနေပုံထိုင်ပုံတွေအဝတ်အစားအပြင်အဆင်တွေ ရှောင်းကျန့်ကမဂ္ဂဇင်းတွေဖတ်ပြီး ရှောင်းကျန့်မှာသဘောကျခဲ့ရတာ၊ သူကဒီလိုအချိန်ကပုံစံ‌လေးတွေကို သဘောကျတယ်လေ။

ရှောင်းကျန့် လမ်းဘေးကိုကြည့်ပြီးတော့ လမ်းမကိုပြန်ကြည့်တော့လဲ ကားအသေးလေးတွေ သူတို့ခေတ်မှာဆိုဒီကားပုံစံတွေကရှေးခေတ်ပုံစံတွေပေမယ့် အခုတော့လူချမ်းသာတွေက ဒီလိုပုံစံကားတွေကိုမျိုးစုံစီးနေကြသည်။ လမ်းများဘက်စ်ကားတွေကိုကြည့်ပြီးလဲရှောင်းကျန့်မှာပါးစပ်လေးဟောင်းလောင်း။ ဒီလိုပုံစံကားတွေကို သူတို့ဘက်မှာမမြင်ဖူးတော့ဘူးလေ။ တိုက်တွေ အိမ်တွေကလဲ ရှေးဆန်ဆန်တွေရော အနောက်တိုင်းဆန်ဆန်တွေရော ပုံစံမျိုးစုံနဲ့ တအားလှ။ ရှောင်းကျန့်မှာ မြင်သမျှကိုသဘောတကျနဲ့လိုက်ငေးနေတဲ့ချိန် ရိပေါ်ကလက်တို့ပြီးခေါ်‌ေတာ့ ရှောင်းကျန့်လှည့်ကြည့်လိုက်တယ်။

"ရှောင်းသခင်လေး ကျုပ်ရုံးခန်းကရောက်တော့မယ်ဆိုတော့ ခဗျားRadio cafeမှာစောင့်နေမလား ကျုပ်အစည်းအဝေးပြီးရင် ဆိုင်ကဖုန်းကိုလှမ်းဆက်လိုက်မယ်လေ"

Radio cafeကဒီမြို့ထဲမှာနာမည်အကြီးဆုံးဆိုင်ပဲ။ လူချမ်းသာဖြစ်တဲ့မန်အိမ်တော်ကသခင်‌ေလးဖွင့်ထားတာမို့ ထိုဆိုင်ကဒီမြို့ရဲ့ကော်ဖီဆိုင်တွေရဲ့ထိပ်တန်းကိုရောက်နေသည်။ ဒီခေတ်ကရှောင်းကျန့်တို့ခေတ်မှာလိုဖုန်းကိုလူတိုင်းမကိုင်နိုင်၊ လူချမ်းသာတွေတောင် တစ်အိမ်မှာအိမ်ဖုန်းတစ်လုံးသာရှိသည်။ ထိုမန်သခင်လေးကလဲ အရင်ရှောင်းကျန့်ရဲ့သူငယ်ချင်းအရင်းကြီးပင်။ ဒါမယ့်အခုရှောင်းကျန့်ကတော့ ဘာမှမသိ။

"ခဗျားရုံးခန်းကိုလိုက်ခဲ့လို့မရဘူးလား"

"ကျုပ်ရုံးခန်းကိုလိုက်လဲခဗျားရုံးခန်းထဲတစ်‌ေယာက်ထဲထိုင်နေရမှာ ကျုပ်ကအစည်းအဝေးတက်ရဦးမှာဗျ အာ့ကြောင့်ခဗျားသူငယ်ချင်းဆိုင်ကိုပို့ခဲ့ပေးမလို့"

"အာ.. အာ့ဆိုလဲပြီးတာပါပဲ"

ရှောင်းကျန့်ကဆက်မပြောတော့ပဲ အပြင်ကိုသာပြန်ကြည့်နေလိုက်သည်။ Radio cafeဆိုတဲ့ ဆိုင်းဘုတ်နဲ့အနောက်တိုင်းဆန်ဆန် decorationနဲ့ဆိုင်ကြီးကြီးရှေ့မှာ ရိပေါ်ကကားရပ်လိုက်ပြီး

"အာ့ဆိုကျုပ်အစည်းအဝေးပြီးတာနဲ့ ခဗျားသူငယ်ချင်းကိုဖုန်းခေါ်ပြီး လာပြန်ခေါ်မယ်လေ ပြီးမှခဗျားသွားချင်တာလိုက်ပို့ပေးမယ်"

ရှောင်းကျန့်ကခေါင်းငြိမ့်ပြလိုက်ပြီး ကားပေါ်ကဆင်းသွားပြီးမှ တစ်ခုခုကိုသတိရသွားဟန်

"ခနခန!!"

ရှောင်းကျန့်ကကားမှန်ပေါ်လက်တင်ပြီးပြောတော့ ရိပေါ်ကမျက်ခုံးပင့်ပြသည်။

"ဟိုလေ..အိမ်ကလူ"

"အင်း"

"ကျွန်တော့်မှာ ပိုက်ဆံပါမလာလို့ အဲဒါလေ.."

ရှောင်းကျန့်ကရှက်နေဟန်နဲ့ဂုတ်ကိုပွတ်ရင်းပြောတော့ ရိပေါ်ကအနည်းငယ်အံ့ဩနေသည်။ အရှေ့ကအရှက်အကြောက်မရှိပဲ ပိုက်ဆံအိတ်ကျန်ခဲ့ရင်တောင် အမြဲလက်ဖျား‌ေငွသီး‌ေနတဲ့ရှောင်းသခင်လေးက အခုရှက်နေတဲ့အပြင်ပိုက်ဆံပါ ပါမလာဘူးတဲ့။ ရိပေါ်တို့အံ့ဩပြီးရင်းကိုအံ့ဩနေရသည်။ ရိပေါ် သူ့ရဲ့အပေါ်ကုတ်အတွင်းအိတ်ထဲမှာထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုထုတ်လိုက်ပြီး ပိုက်ဆံအိတ်ထဲက အတန်ကြီးဆယ်ရွက်လောက်ထုတ်လိုက်ကာ ရှောင်းကျန့်ထံကမ်းပေးပြီး

"လောက်ရဲ့လား မလောက်ရင်ပြော"

ရှောင်းကျန့်ကမ်းပေးတဲ့ပိုက်ဆံကိုယူလိုက်ပြီး ကြည့်လိုက်ကာ

"လောက်ပါတယ် ကျေးဇူးပါ"

ရိပေါ်ကခေါင်းငြိမ့်ပြပြီး

"အခန်းထဲကခဗျားစားပွဲကအံဆွဲထဲပိုက်ဆံအိတ်ထည့်ထားတယ် ကျုပ်မနက်ကလက်စွပ်ရှာရင်းတွေ့လိုက်တာ"

ရိပေါ်ကအရင်ရှောင်းကျန့်မေ့တတ်တာကိုသတိရသွားလို့ ပိုက်ဆံအိတ်ထားထားတဲ့နေရာကိုပြောပြလိုက်သည်။ လက်စွပ်ကလဲတခြားလက်စွပ်မဟုတ် သူတို့ရဲ့လက်ထပ်လက်စွပ် ရှောင်းကျန့်ကမဝတ်ထားပေမယ့် ရိပေါ်ကတော့ မိန်းမတွေရန်ကလစ်ထွက်လို့ရအောင်အမြဲဝတ်ထားတတ်သည်။ ပိုက်ဆံအိတ်ကျန်ခဲ့တာ အရင်ရှောင်းကျန့်က‌ေမ့တတ်လို့ဆို အခုရှောင်းကျန့်ကမသိ‌ေသးလို့ပဲ။

ရှောင်းကျန့်ကခေါင်းငြိမ့်ပြလိုက်ပြီး သံယောင်လိုက်ရသည်။

"ဟုတ်လား မေ့နေတာ သွားမယ်ဆိုသွားတော့လေ"

ရှောင်းကျန့်ကပြောတော့ ရိပေါ်ကလဲခေါင်းငြိမ့်ပြပြီး ကားမောင်းထွက်သွားသည်။ ရှောင်းကျန့်လဲသက်ပြင်းချရင်း ဆိုင်ထဲကိုဝင်သွားလိုက်သည်။ ဆိုင်ထဲရောက်တဲ့ချိန်မှာ ထောင့်ကျကျဝိုင်းမှာထိုင်နေတဲ့ခပ်ချောချောအမျိုးသားတစ်ယောက်ကလက်ပြရင်းလှမ်းခေါ်သည်။

"ဟာ ဟေ့မင်းကတော်ရှောင်းကျန့် ငါဒီမှာ လာ!"

ရှောင်းကျန့်လဲယောင်နနနဲ့သွားထိုင်လိုက်သည်။ သူ့အရှေ့ကလူကဘယ်သူလဲဆိုတာသူသေချာမသိ။ ရိပေါ်ပြောလိုက်လို့ အရင်ရှောင်းကျန့်ရဲ့သူငယ်ချင်းဆိုင်ဆိုတာတော့သိသည်။

ရှောင်းကျန့်ကိုလှမ်းခေါ်တာ Radio cafeရဲ့ပိုင်ရှင် မန်အိမ်တော်ရဲ့သခင်လေး အရင်ရှောင်းကျန့်ရဲ့သူငယ်ချင်း‌ေတွထဲမှာအရင်းနှီးဆုံးထဲကတစ်ယောက်ဖြစ်တဲ့ မန်ထယ်ပဲ။ မန်ထယ်ကရှောင်းကျန့်ကို မင်းကတော်လို့ခေါ်ရင် ရှောင်းကျန့်ကတအားစိတ်ဆိုးပြီး မန်ထယ်ကအမြဲဆဲ‌ခံနေရတာ။ မန်ထယ်ကရှောင်းကျန့်ဆဲရင်အမြဲရယ်မောနေတတ်တယ်၊ ရှောင်းကျန့်စိတ်မဆိုးဆိုးအောင်မဆဲဆဲအောင် ‌မန်ထယ်ကအမြဲစနောက်တတ်တဲ့သူ။ အခုတော့ရှောင်းကျန့်ကသူ့ကိုမဆဲပဲ သူ့အရှေ့မှာ တစ်ခါမှမသိတဲ့သူတွေလို ငြိမ်ငြိမ်လေး‌ထိုင်နေတာမို့ သူမေးလိုက်သည်။

"ရှောင်းကျန့် မင်းဘာဖြစ်နေတာလဲ ဟိုမြို့ပိုင်မင်းကောင်ကမင်းကိုဘာပြောလိုက်လို့လဲ"

ရှောင်းကျန့်ကိုစ‌ေခါ်တုန်းကနဲ့မတူ မျက်နှာတည်ကြီးနဲ့မေးလာတာမို့ ရှောင်းကျန့်ကဖြေရှင်းချက်ပေးသည်။

"မဟုတ်ပါဘူး အိမ်ကလူကဘာမှမပြောပါဘူး"

"ဘာ! အိမ်ကလူ! ရှောင်းကျန့်ရာ မင်းနဲ့မတွေ့တာ တစ်ရက်ထဲပါကွ ဘယ်လိုလုပ်အခေါ်အဝေါ်တွေပြောင်းကုန်တာတုန်း"

ရှောင်းကျန့်ကခေါင်းခါပြ‌လိုက်တော့ မန်ထယ်ကလဲဆက်မမေးတော့။ နှစ်ယောက်လုံးဘာစကားမှမပြောပဲ ထိုင်နေကြရင်း ငါးမိနစ်လောက်အကြာမှာ မန်ထယ်ကမေးလာသည်။

"ရှောင်းကျန့် ပုံမှန်တိုင်းပဲသောက်မှာမလား"

ရှောင်းကျန့်ကခေါင်းငြိမ့်ပြလိုက်တော့ မန်ထယ်ကစားပွဲထိုးကောင်လေးတစ်ယောက်ကိုလှမ်းခေါ်လိုက်ပြီး

"ရှောင်းသခင်လေးအတွက် ပုံမှန်ပဲ"

"ဟုတ်ကဲ့ သခင်လေး"

‌ရှောင်းကျန့်တို့ခနစောင့်ပြီးတဲ့နောက်မှာ စားပွဲထိုးကောင်လေးက ရှောင်းကျန့်ရှေ့ကိုကော်ဖီခွက်လေးချပေးသွားသည်။ ရှောင်းကျန့်သောက်တောင်မသောက်‌‌ရသေးခင်မှာပဲ မျက်နှာချောချောကိုယ်လုံးကိုယ်ပေါက်လှလှ အနောက်တိုင်းဆန်ဆန်အဝတ်အစားကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ကလာပြီး သူ့အရှေ့ကလူရဲ့ပေါင်ပေါ်တက်ထိုင်လိုက်သည်။

"မန်ထယ် ဒီနေ့ညကျွန်မရဲ့အိမ်မှာပါတီလုပ်မှာမို့ လာခဲ့ဦးနော်"

"အိုခေလေ ကိုယ်လာခဲ့မယ်"

ရှောင်းကျန့်အခုမှပဲသိသွားသည်။ ထိုလူကအရင်ရှောင်းကျန့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းထဲကတစ်‌ေယာက်မန်ထယ်ဆိုတာ။ အရင်ရှောင်းကျန့်ရဲ့ဒိုင်ယာရီထဲမှာဖတ်ဖူးတယ်လေ။ နောက်ထပ်သုံ‌းယောက်လဲရှိသေးသည်။ ရှင်းရုံ လင်းဟန် နဲ့ ကျန်းဖူထျန် သူတို့သုံးယောက်ကိုတော့မတွေ့သေး။ ‌ရှောင်းကျန့်တို့ယောက်ျားလေး လေးယောက်ကအဖွဲ့ထဲမှာ တစ်ယောက်ထဲပါတဲ့ မိန်းကလေးရှင်းရုံကိုအရမ်းအလိုလိုက်ကြသည်။ ပြောရရင်အရင်ရှောင်းကျန့်ကရှင်းရုံကိုတောင်ကြိုက်ခဲ့သေးတယ်။ ဒါမယ့်လဲရှင်းရုံကသူငယ်ချင်းထက်မပိုတာကိုသိလိုက်ရတာမို့ လက်လျော့ခဲ့တာ။ ဒါတွေအကုန်ရှောင်းကျန့်ဒိုင်ယာရီထဲမှာရေးထားတာမို့ သူအကုန်သိနေသည်။ လူတွေသာမ‌သိသေးတာ။

ရှောင်းကျန့်တွေးနေရင် ကော်ဖီတစ်ငုံသောက်လိုက်သည်။ သူသောက်လိုက်တဲ့အချိန်မှာပဲ မန်ထယ်က‌လဲပြောလာသည်။

"ရှောင်းကျန့် ဒီနေ့ညလိုက်မယ်မဟုတ်လား"

ရှောင်းကျန့်ပါးစပ်ထဲကနေ သူသောက်လိုက်တဲ့ကော်ဖီတွေဖူးခနဲထွက်ကုန်သည်။ အရှေ့ကမန်ထယ်ရဲ့စကားကြောင့်တော့မဟုတ် မန်ထယ်စကားကအထူးအဆန်းမှမဟုတ်တာ သူတို့ကပါတီတူတူတက်နေကြကို မေးမှာပေါ့။ သူထွေးလိုက်မိတာ ကော်ဖီကခါးလွန်းတယ်။ သူဘယ်လိုသောက်နိုင်မလဲ သူကကော်ဖီဆိုချိုချိုလေးပဲသောက်တာ။

"ဟိတ်ကောင် ဘာဖြစ်တာလဲကွ ပူလို့လား ရော့ရေ‌"

မန်ထယ်ကဂရုတစိုက်နဲ့မေးပြီး ရေခပ်တိုက်တော့ ရှောင်းကျန့်သောက်လိုက်ပြီး

"မဟုတ်ပါဘူး ကော်ဖီကခါးလွန်းတယ် ကျွန်..ငါ မသောက်နိုင်လို့"

သူငယ်ချင်းအရင်းကြီးကိုကျွန်တော်လို့သုံးနှုန်းလိုက်ရင် အဆင်မပြေတာမို့ စကားကိုအမြန်အရိှန်သတ်ရသည်။

"ဟ မင်းပဲကော်ဖီအခါးကြိုက်တာလေ ကော်ဖီခါးခါးသောက်တာဘယ်လောက်ကြာနေပြီလဲ ခုမှခါးလွန်းတယ်တဲ့"

မန်ထယ်ပြောပြီးရယ်နေတော့ သူ့ပေါင်ပေါ်က‌ကောင်မလေးကလဲ ပါးစပ်ကိုလက်နဲ့ဖွဖွလေးအုပ်ကာအသံပိစိလေးထွက်ပြီးရယ်နေသည်။ ရှောင်းကျန့်လဲ စိတ်ပေါက်ပေါက်နဲ့

"ရယ်မနေကြနဲ့ အရင်ကကြိုက်လဲခုမကြိုက်ဘူးကွာ မသောက်ဘူး အချိုပြန်ဖျော်ပေး"

"အေးပါကွာ စိတ်မဆိုးပါနဲ့ ပြန်ဖျော်ပေးပါ့မယ် ငါကိုယ်တိုင်ဖျော်ပေးမယ် ဟုတ်ပြီလား"

မန်ထယ်ကစိတ်ဆိုးသွားမှန်းသိတော့‌ေရှာင်းကျန့်ကုိချော့ပြီး ကော်ဖီခွက်ကိုင်ကာထသွားသည်။ မန်ထယ်ပေါင်ပေါ်ထိုင်နေတဲ့ကောင်မလေးကလဲ ‌ေရှာင်းကျန့်ထိုင်နေတဲ့ဘေးခုံကိုပြောင်းထိုင်တော့ ရှောင်းကျန့်ကလဲသူ့ကိုရယ်ထားတာမို့ မျက်စောင်းထိုးကာ မျက်နှာကိုတစ်ဖက်လှည့်နေလိုက်သည်။

"အို ရှောင်းသခင‌်လေးရယ် တို့ကိုပါစိတ်ဆိုးတာလား တို့ကရှင့်ကိုလှောင်တာမဟုတ်ပါဘူးကွ ရှင်ကချစ်စရာကောင်းနေလို့ပါ"

"ဒီမှာအမိ ကျွန်တော်ကယောက်ျားလေးဗျ ချစ်စရာကောင်းတယ်ဆိုတာဘာစကားလဲ"

"ခ်ခ် ဟုတ်ပါပြီရှင့် စွာလိုက်တာ ရှောင်းသခင်လေးကအရင်နဲ့မတူပဲ ဒီနေ့မှချစ်စရာကောင်းနေတာကုိကွ အရင်ကဆိုမျက်နှာတည်တည်ကြီးနဲ့"

ရှောင်းကျန့်ကထပ်ပြီးထိုအမျိုးသမီးကို‌မျက်စောင်းထိုးလိုက်ပြန်တော့ ထိုအမျိုးသမီးကသဘောတကျနဲ့ရယ်ပြန်သည်။

"တို့အရင်ကရှင့်ကိုစကားတောင်မပြောရဲလို့ကွ ရှင်ကအမျိုးသမီးတချို့နဲ့ရင်းရင်းနှီးနှီးပြောနေလဲ တို့ကရှိန်နေတာ ဒီနေ့ပြောကြည့်တော့လဲ ရှောင်းသခင်လေးကချစ်စရာလေးပဲ ကဲပါ မန်ထယ်လာရင်တို့ပြန်သွားပြီလို့ပြောပေးဦးနော် ညကြရင်ဆက်ဆက်လာခဲ့နော် တို့သွားပြီ"

ထိုအမျိုးသမီးကပြောပြီးတာနဲ့ပြန်သွားသည်။ ခနနေတော့မန်ထယ်ကပြန်ရောက်လာပြီး ကော်ဖီခွက်‌ချပေးတော့ သူလဲထိုအမျိုးသမီးပြန်သွားကြောင်းပြောလိုက်သည်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ရိပေါ်အစည်းအဝေးလုပ်ရင်း လက်မှာပတ်ထားတဲ့နာရီကိုကြည့်ပြီး အတိတ်ကိုခနအတွေးရောက်သွားသည်။

ရိပေါ်တို့နှစ်ယောက်လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပြီးအပြန် ရှောင်းကျန့်ကသူ့ရဲ့အပေါ်ကုတ်အဖြူကိုချွတ်ပြီး အနောက်ကရိပေါ်ကိုလှမ်းပြောသည်။

"ဟေ့ ဝမ်ရိပေါ် ငါမင်းနဲ့တစ်ခါထဲပြောထားရဦးမယ်"

"ဒီမှာ ရှောင်းသခင်လေး ကျုပ်ကခဗျားထက်ငါးနှစ်တောင်ကြီးတဲ့အပြင် အခုကခဗျားရဲ့ခင်ပွန်းနော် ရိုရိုသေသေခေါ်ပေးလို့မရဘူးလား"

"ကျုပ်ခဗျားကိုရိုသေနေဖို့အချိန်မရှိတဲ့အပြင် စိတ်ကူးထဲမှာလဲမရှိဘူး နောက်ပြီး ခဗျားကကျုပ်ရဲ့ခင်ပွန်းလို့သုံးနှုန်းတာကို ဒီနေ့ဒီနေရာမှာတင်ရပ်ပစ်လိုက် ကျုပ်မကြိုက်ဘူး ခဗျားနဲ့လက်ထပ်ခဲ့တာကအပျော်ပဲ ကျုပ်မပျော်တော့ရင် ခဗျားကိုထားခဲ့မှာ"

ရိပေါ်ကရှောင်းကျန့်ရဲ့စကားကြောင့်မျက်နှာပျက်သွားပေမယ့် မျက်နှာကိုပြန်ထိန်းကာ ဘာမှမပြောပဲ ကုတင်ပေါ်ထိုင်လိုက်သည်။ ရှောင်းကျန့်က သူ့အပိုင်လို့သတ်မှတ်ထားတဲ့ စာရေးစားပွဲပေါ်တင်တစ်ဖက်လွှဲထိုင်လိုက်ပြီး

"ကျုပ်ပြောမှာက ကျုပ်တို့တစ်ယောက်‌အကြောင်းတစ်ယောက်ဝင်မပါကြတာပေါ့ ခဗျားလဲခဗျားစိတ်ကြိုက်ခဗျားနေ ကျုပ်လဲကျုပ်လုပ်ချင်တာကိုလုပ်မယ် ကျုပ်‌လုပ်သမျှကိုခဗျားကိုလိုက်ပြောနေဖို့အစီအစဉ်မရှိလို့ ဘာတစ်ခုမှလာမမေးနဲ့ ကျုပ်လဲခဗျားကိစ္စတွေကိုစိတ်ဝင်စားနေမှာမဟုတ်ဘူး သိတဲ့အတိုင်းကျုပ်ကမိန်းမကိစ္စတွေရှိတာမို့ ဖောက်ပြန်နေတယ်ဆိုတဲ့ခေါင်းစဉ်တော့လာမ‌တပ်နဲ့ အဲစကားထွက်လာတဲ့သူမှန်သမျှကို ကျုပ်ကစကားမပြောနိုင်အောင်ကိုလုပ်ပစ်မှာ"

ရိပေါ်ဘာစကားတစ်ခွန်းမှမပြောပဲ ရှောင်းကျန့်ကိုသာကြည့်နေသည်။ ရှောင်းကျန့်ကလဲသူ့မျက်လုံးတွေကိုစိုက်ကြည့်ကာ

"ခဗျားသဘောတူချင်ချင်မတူချင်ချင် တူကိုတူရမယ် ဘာလို့ဆိုကျုပ်လုပ်ချင်တာမို့"

ရှောင်းကျန့်ကရိပေါ်ရဲ့အဖြေတောင်မစောင့်ပဲ သူ့ရဲ့လက်ထပ်ဝတ်စုံကိုလဲလိုက်ပြီး ပေါ့ပေါ့ပါးပါးအဝတ်ကိုဝတ်၍ရိပေါ်ရှေ့တင်ပဲ သူ့လက်ကလက်ထပ်လက်စွပ်ကိုချွတ်လိုက်ကာ စားပွဲရဲ့အံဆွဲထဲကိုပစ်ထည့်ပြီး ကားသော့ယူကာထွက်သွားသည်။ အခန်းတံခါးဖွင့်ခါနီးမှအနောက်လှည့်ကာ ရိပေါ်ကိုကြည့်ပြီး

"အော်..ပြီး‌ေတာ့ အိမ်ပြန်လာဖို့လဲမသေချာဘူး ကျုပ်ပြန်ချင်မှပြန်လာမယ်"

ရှောင်းကျန့်ကပြောပြီးတာနဲ့ တံခါးဖွင့်ကာ ထွက်သွားသည်။ ရိပေါ်ကတော့အခန်းထဲမှာပဲ ကော်နဲ့သေချာလှန်တင်ထားတဲ့ဆံပင်တွေကိုဖွလိုက်ပြီး ကုတင်ပေါ်ထိုင်ရက်နဲ့ပဲနောက်ပြန်လှဲချလိုက်ကာ သက်ပြင်းတစ်ခုကိုချလိုက်သည်။

ရိပေါ်အတွေးထဲမှာသက်ပြင်းချရုံမဟုတ်ပဲ လက်တွေ့မှာပါသက်ပြင်းချမိလိုက်သည်။ အစည်းအဝေးကိုလဲသူအာရုံသိပ်မရ နာရီကိုတစ်ကြည့်ကြည့်နဲ့သာ အချိန်ကုန်သွားသည်။

ဆက်ရန်~~~~

Zawgyi

ၿမိဳ႕ပိုင္မင္းအိမ္ေတာ္ သို႔မဟုတ္ ဝမ္အိမ္ေတာ္က ၿမိဳ႕ရဲ႕အျပင္ ၿခံဝန္းအက်ယ္ထဲမွာတည္ရွိတယ္။ ၿပီးေတာ့အိမ္ေတာ္ပတ္ပတ္လည္မွာလဲေတာအုပ္ေတြသာ။ အိမ္ေတာ္ကေနၿမိဳ႕ကိုေရာက္ဖို႔ မိနစ္ႏွစ္ဆယ္ေလာက္ေမာင္းရသည္။ ကားလမ္းေဘးပတ္လည္မွာေမဘယ္ပင္ေတြကို ျဖတ္ေက်ာ္ၿပီးတဲ့ေနာက္မွာ ၿမိဳ႕ထဲကိုေရာက္သြားသည္။

ေရွာင္းက်န႔္မွာ ‌လမ္းရဲ႕တစ္ဖက္က‌ေမဘယ္ပင္ေတြကို သေဘာတက်ၾကည့္လာရာကေန႐ုတ္တရက္လမ္းေကြ႕ကိုျဖတ္လိုက္တဲ့ေနာက္မွာ ျမင္လိုက္ရတဲ့ ကားလမ္းေဘးပလက္ေဖာင္းကေနလမ္းေလ်ာက္ေနတဲ့လူမ်ား ဂါဝန္ရွည္ရွည္ေတြကိုဝတ္ဆင္ထားၿပီး ထီးေဆာင္းသူကေဆာင္း ဦး‌ထုတ္ႀကီးႀကီးကိုေဆာင္းထားသူကေဆာင္းထားႏွင့္ ‌ကာလာစုံနဲ႕အမ်ိဳးသမီးမ်ားကို ေရွာင္းက်န႔္ၾကည့္ၿပီး ၿပဳံးလို႔၊ အမ်ိဳးသားေတြကိုၾကည့္ေတာ့လဲ suitအျပည့္ဝတ္ဆင္ၿပီး လက္တစ္ဖက္ကအိတ္ကိုဆြဲထားတဲ့သူေတြ၊ အေနာက္တိုင္းအဝတ္အစား‌ေတြကိုခပ္ေဟာ့ေဟာ့ဝတ္ဆင္ထားတဲ့သူမ်ားကိုၾကည့္ၿပီး ေရွာင္းက်န႔္မွာသေဘာတက်။ ဒီေခတ္ကေနပုံထိုင္ပုံေတြအဝတ္အစားအျပင္အဆင္ေတြ ေရွာင္းက်န႔္ကမဂၢဇင္းေတြဖတ္ၿပီး ေရွာင္းက်န႔္မွာသေဘာက်ခဲ့ရတာ၊ သူကဒီလိုအခ်ိန္ကပုံစံ‌ေလးေတြကို သေဘာက်တယ္ေလ။

ေရွာင္းက်န႔္ လမ္းေဘးကိုၾကည့္ၿပီးေတာ့ လမ္းမကိုျပန္ၾကည့္ေတာ့လဲ ကားအေသးေလးေတြ သူတို႔ေခတ္မွာဆိုဒီကားပုံစံေတြကေရွးေခတ္ပုံစံေတြေပမယ့္ အခုေတာ့လူခ်မ္းသာေတြက ဒီလိုပုံစံကားေတြကိုမ်ိဳးစုံစီးေနၾကသည္။ လမ္းမ်ားဘက္စ္ကားေတြကိုၾကည့္ၿပီးလဲေရွာင္းက်န႔္မွာပါးစပ္ေလးေဟာင္းေလာင္း။ ဒီလိုပုံစံကားေတြကို သူတို႔ဘက္မွာမျမင္ဖူးေတာ့ဘူးေလ။ တိုက္ေတြ အိမ္ေတြကလဲ ေရွးဆန္ဆန္ေတြေရာ အေနာက္တိုင္းဆန္ဆန္ေတြေရာ ပုံစံမ်ိဳးစုံနဲ႕ တအားလွ။ ေရွာင္းက်န႔္မွာ ျမင္သမွ်ကိုသေဘာတက်နဲ႕လိုက္ေငးေနတဲ့ခ်ိန္ ရိေပၚကလက္တို႔ၿပီးေခၚ‌ေတာ့ ေရွာင္းက်န႔္လွည့္ၾကည့္လိုက္တယ္။

"ေရွာင္းသခင္ေလး က်ဳပ္႐ုံးခန္းကေရာက္ေတာ့မယ္ဆိုေတာ့ ခဗ်ားRadio cafeမွာေစာင့္ေနမလား က်ဳပ္အစည္းအေဝးၿပီးရင္ ဆိုင္ကဖုန္းကိုလွမ္းဆက္လိုက္မယ္ေလ"

Radio cafeကဒီၿမိဳ႕ထဲမွာနာမည္အႀကီးဆုံးဆိုင္ပဲ။ လူခ်မ္းသာျဖစ္တဲ့မန္အိမ္ေတာ္ကသခင္‌ေလးဖြင့္ထားတာမို႔ ထိုဆိုင္ကဒီၿမိဳ႕ရဲ႕ေကာ္ဖီဆိုင္ေတြရဲ႕ထိပ္တန္းကိုေရာက္ေနသည္။ ဒီေခတ္ကေရွာင္းက်န႔္တို႔ေခတ္မွာလိုဖုန္းကိုလူတိုင္းမကိုင္နိုင္၊ လူခ်မ္းသာေတြေတာင္ တစ္အိမ္မွာအိမ္ဖုန္းတစ္လုံးသာရွိသည္။ ထိုမန္သခင္ေလးကလဲ အရင္ေရွာင္းက်န႔္ရဲ႕သူငယ္ခ်င္းအရင္းႀကီးပင္။ ဒါမယ့္အခုေရွာင္းက်န႔္ကေတာ့ ဘာမွမသိ။

"ခဗ်ား႐ုံးခန္းကိုလိုက္ခဲ့လို႔မရဘူးလား"

"က်ဳပ္႐ုံးခန္းကိုလိုက္လဲခဗ်ား႐ုံးခန္းထဲတစ္‌ေယာက္ထဲထိုင္ေနရမွာ က်ဳပ္ကအစည္းအေဝးတက္ရဦးမွာဗ် အာ့ေၾကာင့္ခဗ်ားသူငယ္ခ်င္းဆိုင္ကိုပို႔ခဲ့ေပးမလို႔"

"အာ.. အာ့ဆိုလဲၿပီးတာပါပဲ"

ေရွာင္းက်န႔္ကဆက္မေျပာေတာ့ပဲ အျပင္ကိုသာျပန္ၾကည့္ေနလိုက္သည္။ Radio cafeဆိုတဲ့ ဆိုင္းဘုတ္နဲ႕အေနာက္တိုင္းဆန္ဆန္ decorationနဲ႕ဆိုင္ႀကီးႀကီးေရွ႕မွာ ရိေပၚကကားရပ္လိုက္ၿပီး

"အာ့ဆိုက်ဳပ္အစည္းအေဝးၿပီးတာနဲ႕ ခဗ်ားသူငယ္ခ်င္းကိုဖုန္းေခၚၿပီး လာျပန္ေခၚမယ္ေလ ၿပီးမွခဗ်ားသြားခ်င္တာလိုက္ပို႔ေပးမယ္"

ေရွာင္းက်န႔္ကေခါင္းၿငိမ့္ျပလိုက္ၿပီး ကားေပၚကဆင္းသြားၿပီးမွ တစ္ခုခုကိုသတိရသြားဟန္

"ခနခန!!"

ေရွာင္းက်န႔္ကကားမွန္ေပၚလက္တင္ၿပီးေျပာေတာ့ ရိေပၚကမ်က္ခုံးပင့္ျပသည္။

"ဟိုေလ..အိမ္ကလူ"

"အင္း"

"ကြၽန္ေတာ့္မွာ ပိုက္ဆံပါမလာလို႔ အဲဒါေလ.."

ေရွာင္းက်န႔္ကရွက္ေနဟန္နဲ႕ဂုတ္ကိုပြတ္ရင္းေျပာေတာ့ ရိေပၚကအနည္းငယ္အံ့ဩေနသည္။ အေရွ႕ကအရွက္အေၾကာက္မရွိပဲ ပိုက္ဆံအိတ္က်န္ခဲ့ရင္ေတာင္ အၿမဲလက္ဖ်ား‌ေငြသီး‌ေနတဲ့ေရွာင္းသခင္ေလးက အခုရွက္ေနတဲ့အျပင္ပိုက္ဆံပါ ပါမလာဘူးတဲ့။ ရိေပၚတို႔အံ့ဩၿပီးရင္းကိုအံ့ဩေနရသည္။ ရိေပၚ သူ႕ရဲ႕အေပၚကုတ္အတြင္းအိတ္ထဲမွာထည့္ထားတဲ့ ပိုက္ဆံအိတ္ကိုထုတ္လိုက္ၿပီး ပိုက္ဆံအိတ္ထဲက အတန္ႀကီးဆယ္႐ြက္ေလာက္ထုတ္လိုက္ကာ ေရွာင္းက်န႔္ထံကမ္းေပးၿပီး

"ေလာက္ရဲ႕လား မေလာက္ရင္ေျပာ"

ေရွာင္းက်န႔္ကမ္းေပးတဲ့ပိုက္ဆံကိုယူလိုက္ၿပီး ၾကည့္လိုက္ကာ

"ေလာက္ပါတယ္ ေက်းဇူးပါ"

ရိေပၚကေခါင္းၿငိမ့္ျပၿပီး

"အခန္းထဲကခဗ်ားစားပြဲကအံဆြဲထဲပိုက္ဆံအိတ္ထည့္ထားတယ္ က်ဳပ္မနက္ကလက္စြပ္ရွာရင္းေတြ႕လိုက္တာ"

ရိေပၚကအရင္ေရွာင္းက်န႔္ေမ့တတ္တာကိုသတိရသြားလို႔ ပိုက္ဆံအိတ္ထားထားတဲ့ေနရာကိုေျပာျပလိုက္သည္။ လက္စြပ္ကလဲတျခားလက္စြပ္မဟုတ္ သူတို႔ရဲ႕လက္ထပ္လက္စြပ္ ေရွာင္းက်န႔္ကမဝတ္ထားေပမယ့္ ရိေပၚကေတာ့ မိန္းမေတြရန္ကလစ္ထြက္လို႔ရေအာင္အၿမဲဝတ္ထားတတ္သည္။ ပိုက္ဆံအိတ္က်န္ခဲ့တာ အရင္ေရွာင္းက်န႔္က‌ေမ့တတ္လို႔ဆို အခုေရွာင္းက်န႔္ကမသိ‌ေသးလို႔ပဲ။

ေရွာင္းက်န႔္ကေခါင္းၿငိမ့္ျပလိုက္ၿပီး သံေယာင္လိုက္ရသည္။

"ဟုတ္လား ေမ့ေနတာ သြားမယ္ဆိုသြားေတာ့ေလ"

ေရွာင္းက်န႔္ကေျပာေတာ့ ရိေပၚကလဲေခါင္းၿငိမ့္ျပၿပီး ကားေမာင္းထြက္သြားသည္။ ေရွာင္းက်န႔္လဲသက္ျပင္းခ်ရင္း ဆိုင္ထဲကိုဝင္သြားလိုက္သည္။ ဆိုင္ထဲေရာက္တဲ့ခ်ိန္မွာ ေထာင့္က်က်ဝိဳင္းမွာထိုင္ေနတဲ့ခပ္ေခ်ာေခ်ာအမ်ိဳးသားတစ္ေယာက္ကလက္ျပရင္းလွမ္းေခၚသည္။

"ဟာ ေဟ့မင္းကေတာ္ေရွာင္းက်န႔္ ငါဒီမွာ လာ!"

ေရွာင္းက်န႔္လဲေယာင္နနနဲ႕သြားထိုင္လိုက္သည္။ သူ႕အေရွ႕ကလူကဘယ္သူလဲဆိုတာသူေသခ်ာမသိ။ ရိေပၚေျပာလိုက္လို႔ အရင္ေရွာင္းက်န႔္ရဲ႕သူငယ္ခ်င္းဆိုင္ဆိုတာေတာ့သိသည္။

ေရွာင္းက်န႔္ကိုလွမ္းေခၚတာ Radio cafeရဲ႕ပိုင္ရွင္ မန္အိမ္ေတာ္ရဲ႕သခင္ေလး အရင္ေရွာင္းက်န႔္ရဲ႕သူငယ္ခ်င္း‌ေတြထဲမွာအရင္းႏွီးဆုံးထဲကတစ္ေယာက္ျဖစ္တဲ့ မန္ထယ္ပဲ။ မန္ထယ္ကေရွာင္းက်န႔္ကို မင္းကေတာ္လို႔ေခၚရင္ ေရွာင္းက်န႔္ကတအားစိတ္ဆိုးၿပီး မန္ထယ္ကအၿမဲဆဲ‌ခံေနရတာ။ မန္ထယ္ကေရွာင္းက်န႔္ဆဲရင္အၿမဲရယ္ေမာေနတတ္တယ္၊ ေရွာင္းက်န႔္စိတ္မဆိုးဆိုးေအာင္မဆဲဆဲေအာင္ ‌မန္ထယ္ကအၿမဲစေနာက္တတ္တဲ့သူ။ အခုေတာ့ေရွာင္းက်န႔္ကသူ႕ကိုမဆဲပဲ သူ႕အေရွ႕မွာ တစ္ခါမွမသိတဲ့သူေတြလို ၿငိမ္ၿငိမ္ေလး‌ထိုင္ေနတာမို႔ သူေမးလိုက္သည္။

"ေရွာင္းက်န႔္ မင္းဘာျဖစ္ေနတာလဲ ဟိုၿမိဳ႕ပိုင္မင္းေကာင္ကမင္းကိုဘာေျပာလိုက္လို႔လဲ"

ေရွာင္းက်န႔္ကိုစ‌ေခၚတုန္းကနဲ႕မတူ မ်က္ႏွာတည္ႀကီးနဲ႕ေမးလာတာမို႔ ေရွာင္းက်န႔္ကေျဖရွင္းခ်က္ေပးသည္။

"မဟုတ္ပါဘူး အိမ္ကလူကဘာမွမေျပာပါဘူး"

"ဘာ! အိမ္ကလူ! ေရွာင္းက်န႔္ရာ မင္းနဲ႕မေတြ႕တာ တစ္ရက္ထဲပါကြ ဘယ္လိုလုပ္အေခၚအေဝၚေတြေျပာင္းကုန္တာတုန္း"

ေရွာင္းက်န႔္ကေခါင္းခါျပ‌လိုက္ေတာ့ မန္ထယ္ကလဲဆက္မေမးေတာ့။ ႏွစ္ေယာက္လုံးဘာစကားမွမေျပာပဲ ထိုင္ေနၾကရင္း ငါးမိနစ္ေလာက္အၾကာမွာ မန္ထယ္ကေမးလာသည္။

"ေရွာင္းက်န႔္ ပုံမွန္တိုင္းပဲေသာက္မွာမလား"

ေရွာင္းက်န႔္ကေခါင္းၿငိမ့္ျပလိုက္ေတာ့ မန္ထယ္ကစားပြဲထိုးေကာင္ေလးတစ္ေယာက္ကိုလွမ္းေခၚလိုက္ၿပီး

"ေရွာင္းသခင္ေလးအတြက္ ပုံမွန္ပဲ"

"ဟုတ္ကဲ့ သခင္ေလး"

‌ေရွာင္းက်န႔္တို႔ခနေစာင့္ၿပီးတဲ့ေနာက္မွာ စားပြဲထိုးေကာင္ေလးက ေရွာင္းက်န႔္ေရွ႕ကိုေကာ္ဖီခြက္ေလးခ်ေပးသြားသည္။ ေရွာင္းက်န႔္ေသာက္ေတာင္မေသာက္‌‌ရေသးခင္မွာပဲ မ်က္ႏွာေခ်ာေခ်ာကိုယ္လုံးကိုယ္ေပါက္လွလွ အေနာက္တိုင္းဆန္ဆန္အဝတ္အစားကိုဝတ္ဆင္ထားတဲ့အမ်ိဳးသမီးတစ္ေယာက္ကလာၿပီး သူ႕အေရွ႕ကလူရဲ႕ေပါင္ေပၚတက္ထိုင္လိုက္သည္။

"မန္ထယ္ ဒီေန႕ညကြၽန္မရဲ႕အိမ္မွာပါတီလုပ္မွာမို႔ လာခဲ့ဦးေနာ္"

"အိုေခေလ ကိုယ္လာခဲ့မယ္"

ေရွာင္းက်န႔္အခုမွပဲသိသြားသည္။ ထိုလူကအရင္ေရွာင္းက်န႔္ရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းထဲကတစ္‌ေယာက္မန္ထယ္ဆိုတာ။ အရင္ေရွာင္းက်န႔္ရဲ႕ဒိုင္ယာရီထဲမွာဖတ္ဖူးတယ္ေလ။ ေနာက္ထပ္သုံ‌းေယာက္လဲရွိေသးသည္။ ရွင္း႐ုံ လင္းဟန္ နဲ႕ က်န္းဖူထ်န္ သူတို႔သုံးေယာက္ကိုေတာ့မေတြ႕ေသး။ ‌ေရွာင္းက်န႔္တို႔ေယာက္်ားေလး ေလးေယာက္ကအဖြဲ႕ထဲမွာ တစ္ေယာက္ထဲပါတဲ့ မိန္းကေလးရွင္း႐ုံကိုအရမ္းအလိုလိုက္ၾကသည္။ ေျပာရရင္အရင္ေရွာင္းက်န႔္ကရွင္း႐ုံကိုေတာင္ႀကိဳက္ခဲ့ေသးတယ္။ ဒါမယ့္လဲရွင္း႐ုံကသူငယ္ခ်င္းထက္မပိုတာကိုသိလိုက္ရတာမို႔ လက္ေလ်ာ့ခဲ့တာ။ ဒါေတြအကုန္ေရွာင္းက်န႔္ဒိုင္ယာရီထဲမွာေရးထားတာမို႔ သူအကုန္သိေနသည္။ လူေတြသာမ‌သိေသးတာ။

ေရွာင္းက်န႔္ေတြးေနရင္ ေကာ္ဖီတစ္ငုံေသာက္လိုက္သည္။ သူေသာက္လိုက္တဲ့အခ်ိန္မွာပဲ မန္ထယ္က‌လဲေျပာလာသည္။

"ေရွာင္းက်န႔္ ဒီေန႕ညလိုက္မယ္မဟုတ္လား"

ေရွာင္းက်န႔္ပါးစပ္ထဲကေန သူေသာက္လိုက္တဲ့ေကာ္ဖီေတြဖူးခနဲထြက္ကုန္သည္။ အေရွ႕ကမန္ထယ္ရဲ႕စကားေၾကာင့္ေတာ့မဟုတ္ မန္ထယ္စကားကအထူးအဆန္းမွမဟုတ္တာ သူတို႔ကပါတီတူတူတက္ေနၾကကို ေမးမွာေပါ့။ သူေထြးလိုက္မိတာ ေကာ္ဖီကခါးလြန္းတယ္။ သူဘယ္လိုေသာက္နိုင္မလဲ သူကေကာ္ဖီဆိုခ်ိဳခ်ိဳေလးပဲေသာက္တာ။

"ဟိတ္ေကာင္ ဘာျဖစ္တာလဲကြ ပူလို႔လား ေရာ့ေရ‌"

မန္ထယ္ကဂ႐ုတစိုက္နဲ႕ေမးၿပီး ေရခပ္တိုက္ေတာ့ ေရွာင္းက်န႔္ေသာက္လိုက္ၿပီး

"မဟုတ္ပါဘူး ေကာ္ဖီကခါးလြန္းတယ္ ကြၽန္..ငါ မေသာက္နိုင္လို႔"

သူငယ္ခ်င္းအရင္းႀကီးကိုကြၽန္ေတာ္လို႔သုံးႏႈန္းလိုက္ရင္ အဆင္မေျပတာမို႔ စကားကိုအျမန္အရိွန္သတ္ရသည္။

"ဟ မင္းပဲေကာ္ဖီအခါးႀကိဳက္တာေလ ေကာ္ဖီခါးခါးေသာက္တာဘယ္ေလာက္ၾကာေနၿပီလဲ ခုမွခါးလြန္းတယ္တဲ့"

မန္ထယ္ေျပာၿပီးရယ္ေနေတာ့ သူ႕ေပါင္ေပၚက‌ေကာင္မေလးကလဲ ပါးစပ္ကိုလက္နဲ႕ဖြဖြေလးအုပ္ကာအသံပိစိေလးထြက္ၿပီးရယ္ေနသည္။ ေရွာင္းက်န႔္လဲ စိတ္ေပါက္ေပါက္နဲ႕

"ရယ္မေနၾကနဲ႕ အရင္ကႀကိဳက္လဲခုမႀကိဳက္ဘူးကြာ မေသာက္ဘူး အခ်ိဳျပန္ေဖ်ာ္ေပး"

"ေအးပါကြာ စိတ္မဆိုးပါနဲ႕ ျပန္ေဖ်ာ္ေပးပါ့မယ္ ငါကိုယ္တိုင္ေဖ်ာ္ေပးမယ္ ဟုတ္ၿပီလား"

မန္ထယ္ကစိတ္ဆိုးသြားမွန္းသိေတာ့‌ေရွာင္းက်န့္ကုိေခ်ာ့ၿပီး ေကာ္ဖီခြက္ကိုင္ကာထသြားသည္။ မန္ထယ္ေပါင္ေပၚထိုင္ေနတဲ့ေကာင္မေလးကလဲ ‌ေရွာင္းက်န႔္ထိုင္ေနတဲ့ေဘးခုံကိုေျပာင္းထိုင္ေတာ့ ေရွာင္းက်န႔္ကလဲသူ႕ကိုရယ္ထားတာမို႔ မ်က္ေစာင္းထိုးကာ မ်က္ႏွာကိုတစ္ဖက္လွည့္ေနလိုက္သည္။

"အို ေရွာင္းသခင‌္ေလးရယ္ တို႔ကိုပါစိတ္ဆိုးတာလား တို႔ကရွင့္ကိုေလွာင္တာမဟုတ္ပါဘူးကြ ရွင္ကခ်စ္စရာေကာင္းေနလို႔ပါ"

"ဒီမွာအမိ ကြၽန္ေတာ္ကေယာက္်ားေလးဗ် ခ်စ္စရာေကာင္းတယ္ဆိုတာဘာစကားလဲ"

"ခ္ခ္ ဟုတ္ပါၿပီရွင့္ စြာလိုက္တာ ေရွာင္းသခင္ေလးကအရင္နဲ႕မတူပဲ ဒီေန႕မွခ်စ္စရာေကာင္းေနတာကုိကြ အရင္ကဆိုမ်က္ႏွာတည္တည္ႀကီးနဲ႕"

ေရွာင္းက်န႔္ကထပ္ၿပီးထိုအမ်ိဳးသမီးကို‌မ်က္ေစာင္းထိုးလိုက္ျပန္ေတာ့ ထိုအမ်ိဳးသမီးကသေဘာတက်နဲ႕ရယ္ျပန္သည္။

"တို႔အရင္ကရွင့္ကိုစကားေတာင္မေျပာရဲလို႔ကြ ရွင္ကအမ်ိဳးသမီးတခ်ိဳ႕နဲ႕ရင္းရင္းႏွီးႏွီးေျပာေနလဲ တို႔ကရွိန္ေနတာ ဒီေန႕ေျပာၾကည့္ေတာ့လဲ ေရွာင္းသခင္ေလးကခ်စ္စရာေလးပဲ ကဲပါ မန္ထယ္လာရင္တို႔ျပန္သြားၿပီလို႔ေျပာေပးဦးေနာ္ ညၾကရင္ဆက္ဆက္လာခဲ့ေနာ္ တို႔သြားၿပီ"

ထိုအမ်ိဳးသမီးကေျပာၿပီးတာနဲ႕ျပန္သြားသည္။ ခနေနေတာ့မန္ထယ္ကျပန္ေရာက္လာၿပီး ေကာ္ဖီခြက္‌ခ်ေပးေတာ့ သူလဲထိုအမ်ိဳးသမီးျပန္သြားေၾကာင္းေျပာလိုက္သည္။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ရိေပၚအစည္းအေဝးလုပ္ရင္း လက္မွာပတ္ထားတဲ့နာရီကိုၾကည့္ၿပီး အတိတ္ကိုခနအေတြးေရာက္သြားသည္။

ရိေပၚတို႔ႏွစ္ေယာက္လက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးၿပီးအျပန္ ေရွာင္းက်န႔္ကသူ႕ရဲ႕အေပၚကုတ္အျဖဴကိုခြၽတ္ၿပီး အေနာက္ကရိေပၚကိုလွမ္းေျပာသည္။

"ေဟ့ ဝမ္ရိေပၚ ငါမင္းနဲ႕တစ္ခါထဲေျပာထားရဦးမယ္"

"ဒီမွာ ေရွာင္းသခင္ေလး က်ဳပ္ကခဗ်ားထက္ငါးႏွစ္ေတာင္ႀကီးတဲ့အျပင္ အခုကခဗ်ားရဲ႕ခင္ပြန္းေနာ္ ရိုရိုေသေသေခၚေပးလို႔မရဘူးလား"

"က်ဳပ္ခဗ်ားကိုရိုေသေနဖို႔အခ်ိန္မရွိတဲ့အျပင္ စိတ္ကူးထဲမွာလဲမရွိဘူး ေနာက္ၿပီး ခဗ်ားကက်ဳပ္ရဲ႕ခင္ပြန္းလို႔သုံးႏႈန္းတာကို ဒီေန႕ဒီေနရာမွာတင္ရပ္ပစ္လိုက္ က်ဳပ္မႀကိဳက္ဘူး ခဗ်ားနဲ႕လက္ထပ္ခဲ့တာကအေပ်ာ္ပဲ က်ဳပ္မေပ်ာ္ေတာ့ရင္ ခဗ်ားကိုထားခဲ့မွာ"

ရိေပၚကေရွာင္းက်န႔္ရဲ႕စကားေၾကာင့္မ်က္ႏွာပ်က္သြားေပမယ့္ မ်က္ႏွာကိုျပန္ထိန္းကာ ဘာမွမေျပာပဲ ကုတင္ေပၚထိုင္လိုက္သည္။ ေရွာင္းက်န႔္က သူ႕အပိုင္လို႔သတ္မွတ္ထားတဲ့ စာေရးစားပြဲေပၚတင္တစ္ဖက္လႊဲထိုင္လိုက္ၿပီး

"က်ဳပ္ေျပာမွာက က်ဳပ္တို႔တစ္ေယာက္‌အေၾကာင္းတစ္ေယာက္ဝင္မပါၾကတာေပါ့ ခဗ်ားလဲခဗ်ားစိတ္ႀကိဳက္ခဗ်ားေန က်ဳပ္လဲက်ဳပ္လုပ္ခ်င္တာကိုလုပ္မယ္ က်ဳပ္‌လုပ္သမွ်ကိုခဗ်ားကိုလိုက္ေျပာေနဖို႔အစီအစဥ္မရွိလို႔ ဘာတစ္ခုမွလာမေမးနဲ႕ က်ဳပ္လဲခဗ်ားကိစၥေတြကိုစိတ္ဝင္စားေနမွာမဟုတ္ဘူး သိတဲ့အတိုင္းက်ဳပ္ကမိန္းမကိစၥေတြရွိတာမို႔ ေဖာက္ျပန္ေနတယ္ဆိုတဲ့ေခါင္းစဥ္ေတာ့လာမ‌တပ္နဲ႕ အဲစကားထြက္လာတဲ့သူမွန္သမွ်ကို က်ဳပ္ကစကားမေျပာနိုင္ေအာင္ကိုလုပ္ပစ္မွာ"

ရိေပၚဘာစကားတစ္ခြန္းမွမေျပာပဲ ေရွာင္းက်န႔္ကိုသာၾကည့္ေနသည္။ ေရွာင္းက်န႔္ကလဲသူ႕မ်က္လုံးေတြကိုစိုက္ၾကည့္ကာ

"ခဗ်ားသေဘာတူခ်င္ခ်င္မတူခ်င္ခ်င္ တူကိုတူရမယ္ ဘာလို႔ဆိုက်ဳပ္လုပ္ခ်င္တာမို႔"

ေရွာင္းက်န႔္ကရိေပၚရဲ႕အေျဖေတာင္မေစာင့္ပဲ သူ႕ရဲ႕လက္ထပ္ဝတ္စုံကိုလဲလိုက္ၿပီး ေပါ့ေပါ့ပါးပါးအဝတ္ကိုဝတ္၍ရိေပၚေရွ႕တင္ပဲ သူ႕လက္ကလက္ထပ္လက္စြပ္ကိုခြၽတ္လိုက္ကာ စားပြဲရဲ႕အံဆြဲထဲကိုပစ္ထည့္ၿပီး ကားေသာ့ယူကာထြက္သြားသည္။ အခန္းတံခါးဖြင့္ခါနီးမွအေနာက္လွည့္ကာ ရိေပၚကိုၾကည့္ၿပီး

"ေအာ္..ၿပီး‌ေတာ့ အိမ္ျပန္လာဖို႔လဲမေသခ်ာဘူး က်ဳပ္ျပန္ခ်င္မွျပန္လာမယ္"

ေရွာင္းက်န႔္ကေျပာၿပီးတာနဲ႕ တံခါးဖြင့္ကာ ထြက္သြားသည္။ ရိေပၚကေတာ့အခန္းထဲမွာပဲ ေကာ္နဲ႕ေသခ်ာလွန္တင္ထားတဲ့ဆံပင္ေတြကိုဖြလိုက္ၿပီး ကုတင္ေပၚထိုင္ရက္နဲ႕ပဲေနာက္ျပန္လွဲခ်လိဳက္ကာ သက္ျပင္းတစ္ခုကိုခ်လိဳက္သည္။

ရိေပၚအေတြးထဲမွာသက္ျပင္းခ်႐ုံမဟုတ္ပဲ လက္ေတြ႕မွာပါသက္ျပင္းခ်မိလိုက္သည္။ အစည္းအေဝးကိုလဲသူအာ႐ုံသိပ္မရ နာရီကိုတစ္ၾကည့္ၾကည့္နဲ႕သာ အခ်ိန္ကုန္သြားသည္။

ဆက္ရန္~~~~

Continue Reading

You'll Also Like

161K 23.6K 43
You will get a heache when your dads are fudanshi🙄😑
1M 70.4K 71
M-prage Family Type Fanfiction Wang YiBo & Xiao Zhan
550K 52.8K 42
ကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေးကျန့်ကျန့်... အင်အားကြီးမားကာ လက်အောက်ခ...
17.9K 1.5K 10
Tag - ZSWW, multi-type, oneshot Please, enjoy <3