"ခေါင်းစည်းဖြုတ်မယ်နော် ဗြောင် ကိုယ်တော်ရေသုတ်ပေးမလို့"
"ဟင့်အင်း ကျွန်တော် ပါးချိုင့်လေးကိုအရင်သုတ်ပေးလို့ရလား"
"ဖျားမှာစိုးလို့ပါကွာ ကိုယ်တော်အရင်သုတ်ပေးမယ်"
"ကျွန်တော့်ဆံပင်ထက် လီယောလ်လေးရဲ့ဆံပင်တွေကပိုရှည်တယ်လေ အရင်သုတ်ခွင့်မပေးရင် မခေါ်တော့ဘူး"
"ဟူတ်ပါပြီဗျာ အလျော့ပေးလိုက်ပါမယ် လာသုတ်လှည့် "
လက်တွေမပျောက်ကွယ်လာခင် ဆံနွယ်စတွေကိုဖွဖွလေးနဲ့ခပ်မြန်မြန်သုတ်ပေးနေရတယ်။ ဆံစတွေခြောက်တဲ့အထိ လက်တွေမပျောက်သွားစေဖို့တော့ဘတ်ဟျွန်းနှုတ်ကနေတစ်ဖွဖွရေရွတ်မိပါရဲ့
"မျက်နှာလဲမကောင်းပါလား ဗြောင်
စိတ်ညစ်စရာကိစ္စများရှိနေလို့လား"
ချန်းယောလ်ရဲ့စကားအဆုံးမှာ ဘတ်ဟျွန်းကခပ်ဖွဖွပြုံးတယ်။ နှုတ်ခမ်းထောင့်အစွန်းဟာ ကော့တတ်နေပေမဲ့ ရီဝေဝေဖြစ်နေတဲ့မျက်လုံးကိုတော့ သူမပြောင်းလဲနိုင်ခဲ့ဘူး
"ဟင့်အင်း ဒီတိုင်းပါပဲ"
"ဒီည နန်းတော်အပြင်ဘက်မှာ မီးပုံးလွှတ်ပွဲရှိတယ်
အဲ့တာကိုယ်တော်ခေါ်သွားမယ် လိုက်မယ်မလား"
"သွားကြမယ်လေ စိတ်ပြေလက်ပျောက်ပေါ့"
"ခုတော့ ကိုယ်တော်ခေါင်းသုတ်ပေးမယ် ပြီးရင်ကြက်ပေါင်းရည်လေးသောက်ပြီး ခဏအိပ်လိုက်ဟုတ်ပြီလား"
ခေါင်းလုံးလုံးလေးကိုခပ်သာသာသုတ်ပေးရင်း
မှေးစင်းလာတဲ့မျက်ဝန်းလေးတွေကိုမြင်တော့ ကျောလေးကိုပါအသာပုတ်သိပ်လိုက်တော့ ဘတ်ဟျွန်းက
အိပ်ပါပျော်သွားချေပြီ။
"အဆိုးတုံးလေး မယ်မယ်ကြီးမွေးနေ့ရှိနေပေမဲ့ မနှိုးတော့ပါဘူး အိပ်ပါစေတော့"
စောင်ကိုပုခုံးနားထိဆွဲခြုံရင်း နဖူးကိုဖိကပ်နမ်းကာ
မယ်မယ်ကြီးမွေးနေ့ပွဲသွားဖို့ပြင်ရတော့သည်။
————
"ဖျောင်း ဖျောင်း ဖျောင်း"
"ကတာလှချက်ကွာ ဒီလောက်လှတဲ့ကချေသည်တွေ
ဘယ်ကများခေါ်လာသလဲ"
ပုဝါစကိုဘယ်တစ်လှည့် ညာတစ်လှည့် လှုပ်ကာ ခါးသွယ်သွယ်ကိုယိမ်းနွဲ့နေဟန်က ယောက်ျားသားတို့ မျက်စိမလွှဲချင်ဟန်
"မင်းကြီးကြွချီတော်မူလာပါပြီ"
"ကြင်ယာတော်လေးမပါဘူးလား သားတော်"
"သူနေသိပ်မကောင်းလို့ အိပ်ခိုင်းထားတယ်"
"ဟယ် ကလေးကဖြစ်ပြန်ပြီ မင်းဆင်ခြင်နေနော် လီယောလ် အရမ်းမကဲစမ်းနဲ"
"ဟောဗျာ မယ်မယ့်ရဲ့ဗြောင်လေးကို မထိပါဘူးဗျာ
မိုးမိလာလို့ကိုယ်နည်းနညိးနွေးရုံပဲ"
"အဲ့တာဆို မင်းဘေးနားကနေရာရော လီယောလ်။
နေရာလွတ်နေရင် လူပြောစရာဖြစ်မယ်"
"ကျစ်..မသိတော့ဘူးဗျာ မိဖုရားကြီးကိုပဲထိုင်ခိုင်းရတော့မှာပေါ့"
ညီလာခံမှာ အမတ်တွေနဲ့ ထိုင်ဖို့နေရာအရေးသူတစ်ပြိုင်ကိုယ်တစ်ပြိုင်ချပြီးကာမှ မိဖုရားကြီးကိုတော့ သူ့ဘေးနားမထိုင်စေချင်တာအမှန်။ အခုတော့မတတ်နိုင်တဲ့အဆုံးထိုင်ခိုင်းရတော့မည်ဖြစ်သည်
"မိဖုရားကြီး မင်းကြီးနဲ့တူတူသွားထိုင်လိုက်ပါ နေရာလပ်နေတော့မြင်မကောင်းလို့"
"ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါ မယ်မယ်ကြီး"
ပျော်နေတဲ့မျက်နှာကိုဖုံးမဖိနိူင်ပဲ ခပ်ဝေးဝေးထိုင်ခုံမှထကာ ဝတ်ရုံပွပွကို ဝမ်းသာအားရ မ,လျက်မင်းကြီးနားဆီလျှောက်သွားသည်။
"ဘုန်း"
အနားရောက်ခါနီးမှ မုန့်ချိုတွေတင်ထားတဲ့စားပွဲနဲ့တိုက်မိပြီး မြေကြီးပေါ်မှောက်လျက်ကြီးကျတော့သည်
"မင်း..မင်း အဲ့တာဘာလုပ်လိူက်တာလဲ"
"ခင်ဗျားဘာသာ မှောက်လျက်လဲတာလေ ကျွန်တော်ခြေထိူးခံတာလဲမဟုတ်ဘူး ဒီနေရာကိုထိုင်ချင်လွန်းလို့ ရွစိထိူးနေလွန်းလို့ဖြစ်တဲ့ကိစ္စမဟုတ်လား"
"ဗြောင် ဘယ်လိုရောက်လာတာလဲ"
မိဖုရားကြီးနဲ့တစ်ယောက်တစ်ခွန်း ခပ်ကြိတိကြိတ်အချင်းများနေရင်းမှ လီယောလ်က ဘတ်ဟျွန်းမျက်နှာ တစ်ကမ္ဘာလုပ်ကာမေးလာသည်။
"မယ်မယ်ကြီးမွေးနေ့ကို ပင်ပန်းနေလဲတတ်ရမှာပေါ့
တချ်ု့တွေကကိုယ့်နေရာကိုယ်မသိလို့လေ အဲ့တာကြောင့် ကိုယ်တိုင်ကိုယ်ကျ လာပြပေးရတာ"
"တောက်!"
ဘတ်ဟျွန်းကိုတောက်ခေါက်ကာ မိဖုရားကြီးက သူ့နေရာသူပြန်သွားသည်။
"ဗြောင် ကိုယ်က.."
"မကြားချင်ဘူး ပါးစပ်ကိုပိတ်"
ပါးစပ်ထပ်မဟသော်လဲ လက်ကနေတော့အငြိမ်မနေ။ ဘတ်ဟျွန်းလက်ဖဝါးကိုလာဆုပ်ကိုင်သည်။လက်ဖဝါးပဲကိုင်မလား အောက်မေ့ပါသည် လက်မောင်းတွေကိုပါခပ်သာသာလေး လာညှစ်သည်။လက်တုတ်တုတ်လေးတွေကိုလဲ ဖော့ညှစ်သလို လိုက်ဖျစ်ညှစ်နေသေးသည်
"ဘယ်လိုဖြစ်နေတာလဲ ငြိမ်ငြိမ်နေလေ ကိုယ့်ဟာကို ပုလ္လင်ပေါ်မှာဆိုတာလဲသတိထားဦး "
"အင်း"
လက်တွေကိုဖယ်ခွါသွားလို့ ငြိမ်သွားပြီမှတ်ပါတယ်။ ဘတ်ဟျွန်းအလစ်ကိုဖမ်းကာ ဗိုက်ခေါက်တွေကိုလညစ်သည်။
"လီ..ယောလ်!!.."
"ကိုယ်တော်ငြိမ်ငြိမ်နေပါ့မယ် မညှစ်တော့ဘူး"
"ငြိမ်ငြိမ်ကိုမနေဘူး မျက်နှာရူး"
"ဒါပြီးရင် မြင်းဇောင်းကိုလာခဲ့ ကိုယ်တော်စောင့်နေမယ်"
"အင်း လာခဲ့မယ်"
ခပ်ဝေးဝေးကလှမ်းကြည့်နေတဲ့ မိဖုရားကြီးတော့ အံတကြိတ်ကြိတ်
"နင်တို့ကြာကြာမနေရတော့ပါဘူး ငါ့သက်တမ်းကိုစတေးပြီး နင်တို့ဘယ်ဘဝမှမဆုံစည်းရအောင် လုပ်ပစ်မယ်"
___________________
လပြည့်ဖို့တစ်ရက်ပဲလိုတော့တာမလို့ လဝန်းကြီးကဝိုင်းစက်စက်..ညင်းသွဲ့သွဲ့လေပြည်ကြားမှာ မြင်းရဲ့ခွါသံနဲ့ အသက်ရှုသံတိုးတိုးသာလွင့်ပျံ့နေတယ်
"ပွဲတော်စဖို့အချိန်လိုသေးတာမလို့ ရွာထဲအရင်ဝင်ပြီး မုန့်စားဦးမလား"
"ပါးချိုင့်လေးက အပြင်ကအဲ့လိုမုန့်တွေစားတတ်လို့လား"
"ပြည်သူပြည်သားတွေနဲ့ တစ်သားထဲမစားနိုင်ရင်
ကိုယ်တော်ဘုရင်မလုပ်တော့ဘူး"
"အဲ့တာဆိုသွားကြတာပေါ့"
မထင်မှတ်ပဲ ချနိးယောလ်ရဲ့ ဝတ်ရုံတော်ရော ဘတ်ဟျွန်းကဝတ်ရုံရောပါ အပြာရောင်ပိုးသားရောင်ဝတ်စုံ ဖြစ်နေကြသည်။ ၂၁ရာစုအပြောဆို couple အကျီပေါ့။
"မြင်းကိုဟိူနားမှာသွားချည်ထားလိုက်မှာမို့ ဗြောင်လေး က စားချင်တာစဉ်းစားထား ဟုတ်ပြီလား"
ခေါင်းကိုတဆတ်ဆတ်ငြိမ့်ကာ ခပ်လှမ်းလှမ်းက မုန့်ဆိုင်တွေကို ဘတ်ဟျွန်းကလှမ်းငေးနေတယိ။
"စားဖို့စဥိးစားလို့ရပြီလား"
"ဒါနဲ့ ပိုက်ဆံရောပါရဲ့လား"
"ဟောဗျာ ပါတာပေါ့ မလောက်ဘူးထင်ရင်ဘဏ္ဍာတိုက်ကြီးတစ်ခုလုံးသွားပြန်ယူလိုက်ရမလား"
"အပိုစာသားတွေ"
"စားချင်တာသာစား ကိုယ့်ကိုပါစားလဲရတယ်"
"လူကြားထဲမှာ ဘယ်လိုဖြစ်နေတာလဲ"
ပါးစပ်ကလဲပြော လက်ကလဲ ဗိုက်ကိုပါလိမ်ဆွဲလိုက်တာကြောင့် ချန်းယောလ်မျက်နှာကမအီမသာ
"အ့ ..မစတော့ဘူး ကိုယ့်အချစ်ရဲ့ ပွဲတော်မစခင်မြန်မြန်သွားရအောင်"
"ပေါက်စီ၁၀လုံးထညိ့ပေးပါ ဟိုးနောက်ဘက်က ပိုကြီးတာလေးတွေနော်"
"ဗြောင်ရယ် ဆိုဒ်ကတူတူပါပဲ"
"တော် တိတ် မသိရင်မသိသလိုနေ"
ဆိုင်ရှင်မှာရန်ဖြစ်နေသောဝယ်သူနှစ်ယောက်ကြောင့် ကြောင်တောင်တောင်နှင့်ပင် ဘတ်ဟျွန်းစိတ်တိုင်းကျအလုံးတို့ကို စိတ်ရှည်ရှည်ပင်ရွေးချယ်ထည့်ပေးရ၏
"ပေးပေး ကိုယ်ကိုင်ပေးမယ်"
"ဟိုးဘယ်ဘက်ထောင့်ဆုံးက ပန်းပုံစံလေးရယ်
ဒီဘက်အောက်က အပြာရောင်လခြမ်းလေးရယ်
အဝါရောင်အဝိုင်းပုံလေးရယ် ပြီးတော့ဟိုးဘက်ဗန်းထဲကအကုန်ထည့်ပေးပါနော်"
"ဟုတ်ကဲ့သခင်လေး ထပ်ယူဦးမလား"
"ဗြောင် ပဲမုန့်တွေအများကြီးစားရင် ဗိုက်နာမယ်လေကွာ"
"ပိုက်ဆံကုန်မှာစိုးတာနဲ့ အပိုတွေလာမပြောနဲ့ ကိုယ့်ပိုက်ဆံကိုယ်ထည့်လာတယ်"
"ကိုယ်ကစိုးရိမ်လို့ပြောတာပါ ဒါတွေကိုတစ်ယောက်ထဲစားမှာလား"
"တစ်ယောက်ထဲမစားလို့ ဘယိကကောင်မလေးတွေ ခေါ်ကျွေးရဦးမှာတုန်း"
"မဟုတ်ပါဘူး ကုန်ရင်လဲစား စား"
"နေဦး ဟိုးရှေ့က ဂျုံအင်နီးလေးအမေရဲ့ ဆန်မုန့်ဝယ်ပြီးရင်တော်ပြီ"
"ဂျုံအင်ဆိုတာ ဘယ်ကကောင်လဲ"
"ကလေးလေးပါ ချန်းယောလ်ရာ အသံကိုလျော့
ရုပ်ဆိုးရတဲ့ထဲ မျက်မှောင်ကြီးကိုကုပ်မထားနဲ့"
"မင်းယောက်ျားလီယောလ်က ဇဗ္ဗူဒီပါလက်ယာတောင်ကျွန်းတစ်ခုလုံးမှာ အချောဆုံး"
"လိပ်ကြီး"
မျက်နှာကိုမော်ချီကာဝံ့ကြွားနေတဲ့ ချန်းယောလ်ကိုထားခဲ့ပြီး ဘတ်ဟျွန်းကဆန်မုန့်ဆိုင်ကိုသာ လျှောက်လာခဲ့သည်။
"ဆန်မုန့် ၅ခုလောက်ထည့်ပေးပါနော် ဒါနဲ့ဂျုံအင်လေးရောဟင်"
"ရှင်ဘယ်သူ့ကိုပြောတာလဲမသိဘူး"
"အရင်တစ်ခါကျွန်တော်ဒီမှာမုန့်ဝယ်ဖူးတယ် ဒီဆိုင်ကိုညွန်းလိုက်တဲ့ကောင်လေးက ဒီဆိုင်ကသူ့မေမေဆိုင်တဲ့"
"မဟုတ်တာရှင် ကျွန်မကယောက်ျားတောင်မရှိပါဘူး အဖေအိုကြီးနဲ့တူတူနေတာပါ"
"ဗျာ ဟုတ်ကျေးဇူးတင်ပါတယ်"
အံဩနေပေမဲ့ တစ်ဖက်ကအနှီမိနိးမကလဲ လိမ်မဲ့ပုံမပေါ်တာကြောင့် ပြုံးပြပြီးပြန်လှည့်ခဲ့တော့သည်။အဲ့တာဆိုဘတ်ဟျွန်းထိုစဉ်ကတွေ့ခဲ့ရတဲ့ကောင်လေးက ဘယ်ကများပါလိမ့်..
"ဗြောင်ဘာဖြစ်လို့လဲ"
"မဟုတ်ဘူး ဒီတိုင်းစဉ်းစားနေတာ"
"အဲ့တာဆိုမုန့်သွားစားကြမယ်လေ လာ"
တစ်ရွေ့ရွေ့ထွက်ခွါသွားတဲ့ ကျောပြင်နှစ်ခုငေးရင်း
ချုံပုတ်နောက်ကွယ်က ကောင်ငယ်လေးကပြုံးသည်။
"စစ်မှန်တဲ့ချစ်ခြင်းတရားတွေက ကွဲကွာရိုးထုံးစံမရှိပါဘူး စိတ်ထားကောင်းတဲ့ကိုကိုနဲ့ သိပ်ချစ်တတ်တဲ့မင်းကြီးက ကြုံတွေ့လာမဲ့ အခက်အခဲတွေကိုကောင်းကောင်းကျော်ဖြတ်နိုင်မှာပါ။ကျော်ဖြတ်နိုင်ပါစေလို့လဲကောင်းချီးပေးပါတယ်"
စကားသံအဆုံးမှာ ကောင်လေးဟာလေထုထဲရုတ်တရက်ပျောက်ကွယ်သွားတယ်။ အပြာရောင်စွမ်းအင်တွေကိန်းဝပ်နေတဲ့ထိုကောင်လေးကြောင့် အနီးတစ်ဝိုက်မှာ ခဏတဖြုတ် အပြာရောင်အလင်းတန်းကျန်ရစ်ခဲ့တယ်..
တကယ်တော့လောကမှာမျက်စိနဲ့မမြင်ရတဲ့ဆန်းကြယ်တဲ့အရာတွေကတကယ်ရှိပါတယ်...