ကၽြန္မေယာက်္ားက ဇြန္ဘီ🙈...

By Yaya_459

3.4K 238 58

1day အား ဇြန္ဘီၾကီးကယ္ၾကပါဦး 1week ဟဲ့ ဇြန္ဘီအစုတ္ပလုတ္။ေရခ်ိဳးရေအာင္ 1month ဘီဘီ နင္ထမင္းစားရေအာင္ မလာဘူးလာ... More

2#
3#
4#
5#
6#
7#
8#
9#

1#

1.1K 51 9
By Yaya_459

Zawgyi

ရာစုႏွစ္တခုမွာ...ကမာၻပ်က္ကပ္အျဖစ္ ေနရာတိုင္းတြင္ဇြန္ဘီေတြေပၚေပါက္လာျပီး
လူသားေတြကိုမ်ိဳးသုဥ္းေစခဲ့သည္။

သို႔ေသာ္ ထိုမ်ိဳးသုဥ္းသြားသည့္လူေတြထဲသူမ မပါ။
ဘာလို႔မပါလဲဆိုတာ သူမလည္းဘယ္သိမွာတုန္း?
ၾကက္ကန္းဆန္အိုးတိုးတာေနမွာေပါ့...

"ဝါး အိပ္လို႔ေကာင္းလိုက္တာဇြန္ဘီေတြကိုေတာင္
ေက်းဇူးတင္ရမလားပဲသူတို႔ေၾကာင့္ေက်ာင္းတက္ဖို႔
အတြက္ေစာေစာထစရာမလိုေတာ့ဘူးေလ...ေလာေလာဆယ္ ဗိုက္ဆာလိုက္တာျမိဳ႕ထဲထပ္သြားဖို႔
လိုဦးမွာလားစားစရာေတြမကုန္ေလာက္ေသးဘူး
ထင္တာပဲ"

"ေမ့လိုက္ေတာ့ ေခါက္ဆြဲျပဳတ္နဲ႔လဲအဆင္ေျပတာပဲ"

သူမအိပ္ရာကေန သိုသိုသိပ္သိပ္ထလိုက္ျပီး
ဖေယာင္းတိုင္ထြန္းကာ ေရခ်ိဳးခန္းသို႔သြားလိုက္သည္။
မ်က္ႏွာသစ္သြားတိုက္ေရခ်ိဳးသန္႔ရွင္းေရးလုပ္ျပီးတဲ့
ေနာက္ မနက္စာအျဖစ္ေခါက္ဆြဲျပဳတ္ရန္မီးဖိုေခ်ာင္
သို႔ သြားလိုက္သည္။

*ေဒါက္ ေဒါက္*
မီးဖိုေခ်ာင္သို႔သြားေနသည့္သူမ၏ေျခလွမ္း
ရုတ္တရက္ ရပ္တန္႔သြားသည္။

'ဘယ္သူလဲမသိဘူး ဇြန္ဘီမ်ားလား?'

သူမအိမ္ကိုတံခါးလာေခါက္တဲ့သူက
လူလည္းမျဖစ္ႏိုင္သလို ဇြန္ဘီလည္းမျဖစ္ႏိုင္
ေလာက္ေပ။လူမျဖစ္ႏိုင္ရတဲ့အေၾကာင္းအရင္းက
တျမိဳ႕လံုးတြင္သူမကလြဲရင္လူတေယာက္မွမရွိေတာ့ဘဲ
ဇြန္ဘီေလးေကာင္ငါးေကာင္ေလာက္ပဲရွိေနတာမို႔ပင္။

ဇြန္ဘီမျဖစ္ႏိုင္တဲ့အေၾကာင္းအရင္းကက်ေတာ့
အဆင့္ျမင့္လူေတြတီထြင္ထားသည့္ဇြန္ဘီလည္း
မဟုတ္သည့္ အုတ္က်ိဳအုတ္ၾကားကေနေပၚေပါက္
လာတဲ့ဇြန္ဘီေတြကဘယ္လိုလုပ္တံခါးေခါက္တတ္
မွာတဲ့တုန္း။ျပီးေတာ့သူမေနေနတဲ့ေနရာက.........
__ေရကန္ရဲ႕ အလယ္ေခါင္တည့္တည့္မွာအိမ္ေဆာက္
ျပီးေနေနတာျဖစ္သည္။ဇြန္ဘီေတြလာဖို႔ကမျဖစ္ႏိုင္ေပ။
ေရကူးတတ္ရင္ေတာ့ျဖစ္ႏိုင္ပါတယ္...ဒါေပမဲ့ဇြန္ဘီကပ္
စျဖစ္ကတည္းကဇြန္ဘီေတြကိုေစာင့္ၾကည့္ခဲ့ရသ
ေလာက္ေတာ့သူတို႔ကေရမကူးတတ္ေပ။စားဖို႔ေလာက္ပဲသိၾကတာျဖစ္သည္။

သူမေတြးေနတာကိုရပ္တန္႔လိုက္ျပီး ဖေယာင္းတိုင္ကို
မီးျငိမ္းလိုက္ကာ ေတြ႕ကရာတုတ္ကိုဆြဲကိုင္ျပီး တံခါးေဘးမွာရပ္ျပီး လူျဖစ္ျဖစ္၊ဇြန္ဘီျဖစ္ျဖစ္ အိမ္ထဲဝင္လာသည္ႏွင့္ အဆင္သင့္ရိုက္ရန္ ကိုယ္ကိုျပင္ဆင္လိုက္သည္။

ထို႔ေနာက္ တံခါးကိုေျဖးေျဖးခ်င္းဖြင့္လိုက္ျပီး
ေခါင္းေလးျပဴျပီးၾကည့္လိုက္ေတာ့တေယာက္မွ
ရွိမေနေပ။"ဘာလား......ဘယ္သူမွမရွိ...အား!!ဇြန္ဘီၾကီး"

အစပိုင္းကအိမ္ေရွ႕တြင္ဘာမွမရွိဘဲ ရုတ္တရက္ၾကီး
ဇြန္ဘီတေကာင္တြဲေလာင္းၾကီးက်လာတာျဖစ္သည္။
သူမလည္းဘာမွမေတြးႏိုင္ေတာ့ပဲ မ်က္လံုးစံုမွိတ္ျပီး
ထိုဇြန္ဘီေကာင္ကို လက္ထဲမွာရွိေနသည့္တုတ္ျဖင့္ အခ်က္ေပါင္းမ်ားစြာရိုက္ခ်လိုက္ေတာ့သည္။

ေသေလာက္ျပီလို႔ထင္သည့္အခါမွ ရိုက္တာကိုရပ္လိုက္
ျပီး ဇြန္ဘီေကာင္ကိုၾကည့္လိုက္ေတာ့......မရွိေတာ့ဘူး
'ဇြန္ဘီၾကီးမရွိေတာ့ဘူး...ဘယ္ေရာက္သြားတာလဲ ?
ငါ အိပ္မက္မက္ေနတာမ်ားလား?'

ထိုသို႔ေသာအေတြးကိုသူမလက္ကိုဆြဲဆိတ္ၾကည့္
လိုက္ေတာ့"အ့ နာတယ္ဟ...အိမ္မက္မဟုတ္ဖူးပဲ      ဒါဆို ဇြန္ဘီၾကီးဘယ္ေရာက္သြားတာလဲ..အေငြ႕မ်ား
ပ်ံသြားတာလား...ခဏ ဇြန္ဘီကဘယ္ကေနငါ့အိမ္ကို
ေရာက္လာတာလဲ..."

ခုနကေျပာခဲ့သလိုပင္ သူမအိမ္ကိုလာဖို႔ကမျဖစ္ႏိုင္ေပ။
100မွာ20ပဲျဖစ္ႏိုင္ေခ်ရွိတာျဖစ္သည္။သူမကျမိဳ႕ထဲကို
သြားရင္ အဆင္ေျပေအာင္သူမကိုယ္တိုင္ေဆာက္လုပ္
ထားသည့္ရီမုတ္ျဖင့္ထိန္းခ်ဴပ္၍ရေသာတံတားေတာ့ရွိ
ေပမယ့္လို႔ ထိုရီမုတ္ကလည္း  သူမဆီမွာပဲအျမဲလိုလို
ရွိေနတာျဖစ္သည္။ထို႔ေၾကာင့္ ခုနကဇြန္ဘီက ေရကူး
တတ္မွသာ ဒီကိုလာႏိုင္မွာျဖစ္သည္။မသိစိတ္ေၾကာင့္
ၾကမ္းျပင္ကိုငံု႔ၾကည့္လိုက္ေတာ့ခုနကေျခာက္ေသြ႕ေန
ေသာၾကမ္းျပင္တြင္ထူးဆန္းစြာပင္ေရအိုင္ၾကီးတခုျဖစ္ထြန္းေနေလသည္။ေရေတြသြားရာေနရာကိုၾကည့္လိုက္
ေတာ့ သူမရဲ႕အိပ္ခန္း....။

"ဘုရားေရ...ငါေတာ့ေသခ်င္တာပဲ။မဟုတ္ေသးဘူး
က်ဴးေရွာင္ယူ...နင္စိတ္ကိုေအးေအးထား။ဒါက ဇြန္ဘီ
တေကာင္ပါပဲ။နည္းနည္းပဲ အဆင့္ျမင့္တာ။ကိစၥမရွိဘူး။
ဒီတိုင္းရိုက္သတ္ပစ္လိုက္!ဟုတ္တယ္ ငါဆယ္ႏွစ္
လံုးလံုးဒီလိုနည္းနဲ႔အသက္ရွင္လာတာ...ဒီဇြန္ဘီေၾကာင့္
နဲ႔ေတာ့မေသႏိုင္ဘူး.....တျမိဳ႕လံုးမွာလူေတြလည္းမရွိ
ေတာ့တာသိေပမယ့္လည္းငါေယာက်္ားယူခ်င္ေသး
တယ္...အားတင္းထား! fighting"

သူမ ဇြန္ဘီေတြနဲ႔ထိပ္တိုက္မေတြ႕ရတာၾကာျပီ
ဆိုေကမယ့္လည္း ရွိသမ်ွအားအကုန္ကိုခဲ၍ တုတ္ကိုင္လ်က္ အိပ္ခန္းဆီသို႔ေျခသံဖြဖြျဖင့္သြား
လိုက္သည္။
အိပ္ခန္းေရွ႕ေရာက္ေတာ့ တံခါးကိုေျခေထာက္နဲ႔
ကန္ဖြင့္ျပီး အိပ္ရာရွိရာသို႔သြားကာ မ်က္လံုးစံုမွိတ္၍
ထိုဇြန္ဘီကိုအခ်က္ေပါင္းမ်ားစြာရိုက္လိုက္ျပန္သည္။

(ဒီေနရာမွာ ktlထဲကlisaတံခါးကန္ဖြင့္တာကို
ျမင္ေယာင္ၾကည့္( ̄∇ ̄) )

သူမမ်က္လံုးေတြကိုျပန္ဖြင့္ၾကည့္လိုက္ေတာ့
အိပ္ရာေပၚတြင္ဇြန္ဘီကရွိမေနဘဲ ေလၾကီးကိုပဲ
သူမက ဆက္တိုက္ရိုက္ေနခဲ့မိတာျဖစ္ေနျပန္သည္။

"ဒီဇြန္ဘီက ဘာလားကြာ....ဘယ္ေရာက္သြားျပန္တာလဲ ခ်ီးပဲ"

သူမ မေက်မနပ္ရြတ္ဆိုျပီး အိပ္ရာကိုၾကည့္လိုက္ေတာ့
ေသြးေတြအမ်ားၾကီးေပပြေနသည္။

"ဒီေခြးေကာင္!.....သူ႕ေၾကာင့္အိပ္ရာခင္းေတြအကုန္
ျပန္ေလ်ွာ္ရေတာ့မယ္မလား...double fuck uပဲ
ေနဦး နင္ေသျပီသာမွတ္..."

သူမရဲ႕ေၾကာက္စိတ္ေတြအကုန္ေပ်ာက္ကြယ္သြားျပီး
ေဒါသေတြအစားဝင္ေရာက္လာကာ တုတ္ၾကီးကိုထပ္မံ
ကိုင္ျပီး အိပ္ခန္းထဲကထြက္လိုက္သည္။
အိပ္ခန္းထဲကထြက္ျပီး မီးခိုေခ်ာင္ဘက္ကိုသြားေနတုန္း
ရွိေသး....ေရခဲတံုးလိုေအးစက္ေနသည့္လက္တစံုက
သူမရဲ႕တုတ္မကိုင္ထားသည့္လက္ကိုဆြဲကိုင္လိုက္
သည္။

အသစ္ေတြၾကီးလွိမ့္ပိန္႔တင္ျပီး
ေခြးေျပးဝက္ေျပးျဖစ္ေနေသာက်ယ္မ🙂

Unicode

ရာစုနှစ်တခုမှာ...ကမ္ဘာပျက်ကပ်အဖြစ် နေရာတိုင်းတွင်ဇွန်ဘီတွေပေါ်ပေါက်လာပြီး
လူသားတွေကိုမျိုးသုဉ်းစေခဲ့သည်။

သို့သော် ထိုမျိုးသုဉ်းသွားသည့်လူတွေထဲသူမ မပါ။
ဘာလို့မပါလဲဆိုတာ သူမလည်းဘယ်သိမှာတုန်း?
ကြက်ကန်းဆန်အိုးတိုးတာနေမှာပေါ့...

"ဝါး အိပ်လို့ကောင်းလိုက်တာဇွန်ဘီတွေကိုတောင်
ကျေးဇူးတင်ရမလားပဲသူတို့ကြောင့်ကျောင်းတက်ဖို့
အတွက်စောစောထစရာမလိုတော့ဘူးလေ...လောလောဆယ် ဗိုက်ဆာလိုက်တာမြို့ထဲထပ်သွားဖို့
လိုဦးမှာလားစားစရာတွေမကုန်လောက်သေးဘူး
ထင်တာပဲ"

"မေ့လိုက်တော့ ခေါက်ဆွဲပြုတ်နဲ့လဲအဆင်ပြေတာပဲ"

သူမအိပ်ရာကနေ သိုသိုသိပ်သိပ်ထလိုက်ပြီး
ဖယောင်းတိုင်ထွန်းကာ ရေချိုးခန်းသို့သွားလိုက်သည်။
မျက်နှာသစ်သွားတိုက်ရေချိုးသန့်ရှင်းရေးလုပ်ပြီးတဲ့
နောက် မနက်စာအဖြစ်ခေါက်ဆွဲပြုတ်ရန်မီးဖိုချောင်
သို့ သွားလိုက်သည်။

*ဒေါက် ဒေါက်*
မီးဖိုချောင်သို့သွားနေသည့်သူမ၏ခြေလှမ်း
ရုတ်တရက် ရပ်တန့်သွားသည်။

'ဘယ်သူလဲမသိဘူး ဇွန်ဘီများလား?'

သူမအိမ်ကိုတံခါးလာခေါက်တဲ့သူက
လူလည်းမဖြစ်နိုင်သလို ဇွန်ဘီလည်းမဖြစ်နိုင်
လောက်ပေ။လူမဖြစ်နိုင်ရတဲ့အကြောင်းအရင်းက
တမြို့လုံးတွင်သူမကလွဲရင်လူတယောက်မှမရှိတော့ဘဲ
ဇွန်ဘီလေးကောင်ငါးကောင်လောက်ပဲရှိနေတာမို့ပင်။

ဇွန်ဘီမဖြစ်နိုင်တဲ့အကြောင်းအရင်းကကျတော့
အဆင့်မြင့်လူတွေတီထွင်ထားသည့်ဇွန်ဘီလည်း
မဟုတ်သည့် အုတ်ကျိုအုတ်ကြားကနေပေါ်ပေါက်
လာတဲ့ဇွန်ဘီတွေကဘယ်လိုလုပ်တံခါးခေါက်တတ်
မှာတဲ့တုန်း။ပြီးတော့သူမနေနေတဲ့နေရာက.........
__ရေကန်ရဲ့ အလယ်ခေါင်တည့်တည့်မှာအိမ်ဆောက်
ပြီးနေနေတာဖြစ်သည်။ဇွန်ဘီတွေလာဖို့ကမဖြစ်နိုင်ပေ။
ရေကူးတတ်ရင်တော့ဖြစ်နိုင်ပါတယ်...ဒါပေမဲ့ဇွန်ဘီကပ်
စဖြစ်ကတည်းကဇွန်ဘီတွေကိုစောင့်ကြည့်ခဲ့ရသ
လောက်တော့သူတို့ကရေမကူးတတ်ပေ။စားဖို့လောက်ပဲသိကြတာဖြစ်သည်။

သူမတွေးနေတာကိုရပ်တန့်လိုက်ပြီး ဖယောင်းတိုင်ကို
မီးငြိမ်းလိုက်ကာ တွေ့ကရာတုတ်ကိုဆွဲကိုင်ပြီး တံခါးဘေးမှာရပ်ပြီး လူဖြစ်ဖြစ်၊ဇွန်ဘီဖြစ်ဖြစ် အိမ်ထဲဝင်လာသည်နှင့် အဆင်သင့်ရိုက်ရန် ကိုယ်ကိုပြင်ဆင်လိုက်သည်။

ထို့နောက် တံခါးကိုဖြေးဖြေးချင်းဖွင့်လိုက်ပြီး
ခေါင်းလေးပြူပြီးကြည့်လိုက်တော့တယောက်မှ
ရှိမနေပေ။"ဘာလား......ဘယ်သူမှမရှိ...အား!!ဇွန်ဘီကြီး"

အစပိုင်းကအိမ်ရှေ့တွင်ဘာမှမရှိဘဲ ရုတ်တရက်ကြီး
ဇွန်ဘီတကောင်တွဲလောင်းကြီးကျလာတာဖြစ်သည်။
သူမလည်းဘာမှမတွေးနိုင်တော့ပဲ မျက်လုံးစုံမှိတ်ပြီး
ထိုဇွန်ဘီကောင်ကို လက်ထဲမှာရှိနေသည့်တုတ်ဖြင့် အချက်ပေါင်းများစွာရိုက်ချလိုက်တော့သည်။

သေလောက်ပြီလို့ထင်သည့်အခါမှ ရိုက်တာကိုရပ်လိုက်
ပြီး ဇွန်ဘီကောင်ကိုကြည့်လိုက်တော့......မရှိတော့ဘူး
'ဇွန်ဘီကြီးမရှိတော့ဘူး...ဘယ်ရောက်သွားတာလဲ ?
ငါ အိပ်မက်မက်နေတာများလား?'

ထိုသို့သောအတွေးကိုသူမလက်ကိုဆွဲဆိတ်ကြည့်
လိုက်တော့"အ့ နာတယ်ဟ...အိမ်မက်မဟုတ်ဖူးပဲ      ဒါဆို ဇွန်ဘီကြီးဘယ်ရောက်သွားတာလဲ..အငွေ့များ
ပျံသွားတာလား...ခဏ ဇွန်ဘီကဘယ်ကနေငါ့အိမ်ကို
ရောက်လာတာလဲ..."

ခုနကပြောခဲ့သလိုပင် သူမအိမ်ကိုလာဖို့ကမဖြစ်နိုင်ပေ။
100မှာ20ပဲဖြစ်နိုင်ချေရှိတာဖြစ်သည်။သူမကမြို့ထဲကို
သွားရင် အဆင်ပြေအောင်သူမကိုယ်တိုင်ဆောက်လုပ်
ထားသည့်ရီမုတ်ဖြင့်ထိန်းချူပ်၍ရသောတံတားတော့ရှိ
ပေမယ့်လို့ ထိုရီမုတ်ကလည်း  သူမဆီမှာပဲအမြဲလိုလို
ရှိနေတာဖြစ်သည်။ထို့ကြောင့် ခုနကဇွန်ဘီက ရေကူး
တတ်မှသာ ဒီကိုလာနိုင်မှာဖြစ်သည်။မသိစိတ်ကြောင့်
ကြမ်းပြင်ကိုငုံ့ကြည့်လိုက်တော့ခုနကခြောက်သွေ့နေ
သောကြမ်းပြင်တွင်ထူးဆန်းစွာပင်ရေအိုင်ကြီးတခုဖြစ်ထွန်းနေလေသည်။ရေတွေသွားရာနေရာကိုကြည့်လိုက်
တော့ သူမရဲ့အိပ်ခန်း....။

"ဘုရားရေ...ငါတော့သေချင်တာပဲ။မဟုတ်သေးဘူး
ကျူးရှောင်ယူ...နင်စိတ်ကိုအေးအေးထား။ဒါက ဇွန်ဘီ
တကောင်ပါပဲ။နည်းနည်းပဲ အဆင့်မြင့်တာ။ကိစ္စမရှိဘူး။
ဒီတိုင်းရိုက်သတ်ပစ်လိုက်!ဟုတ်တယ် ငါဆယ်နှစ်
လုံးလုံးဒီလိုနည်းနဲ့အသက်ရှင်လာတာ...ဒီဇွန်ဘီကြောင့်
နဲ့တော့မသေနိုင်ဘူး.....တမြို့လုံးမှာလူတွေလည်းမရှိ
တော့တာသိပေမယ့်လည်းငါယောကျ်ားယူချင်သေး
တယ်...အားတင်းထား! fighting"

သူမ ဇွန်ဘီတွေနဲ့ထိပ်တိုက်မတွေ့ရတာကြာပြီ
ဆိုကေမယ့်လည်း ရှိသမျှအားအကုန်ကိုခဲ၍ တုတ်ကိုင်လျက် အိပ်ခန်းဆီသို့ခြေသံဖွဖွဖြင့်သွား
လိုက်သည်။
အိပ်ခန်းရှေ့ရောက်တော့ တံခါးကိုခြေထောက်နဲ့
ကန်ဖွင့်ပြီး အိပ်ရာရှိရာသို့သွားကာ မျက်လုံးစုံမှိတ်၍
ထိုဇွန်ဘီကိုအချက်ပေါင်းများစွာရိုက်လိုက်ပြန်သည်။

(ဒီနေရာမှာ ktlထဲကlisaတံခါးကန်ဖွင့်တာကို
မြင်ယောင်ကြည့်( ̄∇ ̄) )

သူမမျက်လုံးတွေကိုပြန်ဖွင့်ကြည့်လိုက်တော့
အိပ်ရာပေါ်တွင်ဇွန်ဘီကရှိမနေဘဲ လေကြီးကိုပဲ
သူမက ဆက်တိုက်ရိုက်နေခဲ့မိတာဖြစ်နေပြန်သည်။

"ဒီဇွန်ဘီက ဘာလားကွာ....ဘယ်ရောက်သွားပြန်တာလဲ ချီးပဲ"

သူမ မကျေမနပ်ရွတ်ဆိုပြီး အိပ်ရာကိုကြည့်လိုက်တော့
သွေးတွေအများကြီးပေပွနေသည်။

"ဒီခွေးကောင်!.....သူ့ကြောင့်အိပ်ရာခင်းတွေအကုန်
ပြန်လျှော်ရတော့မယ်မလား...double fuck uပဲ
နေဦး နင်သေပြီသာမှတ်..."

သူမရဲ့ကြောက်စိတ်တွေအကုန်ပျောက်ကွယ်သွားပြီး
ဒေါသတွေအစားဝင်ရောက်လာကာ တုတ်ကြီးကိုထပ်မံ
ကိုင်ပြီး အိပ်ခန်းထဲကထွက်လိုက်သည်။
အိပ်ခန်းထဲကထွက်ပြီး မီးခိုချောင်ဘက်ကိုသွားနေတုန်း
ရှိသေး....ရေခဲတုံးလိုအေးစက်နေသည့်လက်တစုံက
သူမရဲ့တုတ်မကိုင်ထားသည့်လက်ကိုဆွဲကိုင်လိုက်
သည်။

အသစ်တွေကြီးလှိမ့်ပိန့်တင်ပြီး
ခွေးပြေးဝက်ပြေးဖြစ်နေသောကျယ်မ🙂

Continue Reading

You'll Also Like

4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.4M 127K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...