2#

421 39 4
                                    

Zawgyi

"အား!! ကယ်ကြပါဦး!ဇွန်ဘီကြီး!အားးးးးးးးးးးးးးးးးး"

သူမ ကြောက်အားလန့်အားဖြင့် လူက ခုန်ဆွခုန်ဆွ
ဖြစ်လာပြီးလက်ထဲမှတုတ်လည်းပြုတ်ကျသွားသည်။
သူမဆက်တိုက်ထိုသို့ဖြင့်အော်နေခဲ့ပြီး ခုန်ဆွခုန်ဆွပဲ
လုပ်နေခဲ့သည်။

ကြာလာတော့ အသံတွေပါနာလာကာ ခြေဖျားတွေ
လည်းနီရဲနေချေပြီ။သူမ စိတ်တည်ငြိမ်အောင်
မနည်းလုပ်ယူလိုက်ရပြီးနောက်
"လက်ကိုလွှတ်...ကြောက်တယ်။အီး လွှတ်လို့ဆို"

သူမပြောတာကိုကြားတော့ ဇွန်ဘီက လက်ကို
လွှတ်လိုက်သည်။အစကတော့ သူမလည်းကြောင်အ
နေတာပေါ့။နောက်တော့ အောက်တွင်ရောက်နေတဲ့
တုတ်ကိုဆွဲပြီး အမြင့်ကိုမြှောက်လိုက်ကာ ရိုက်ဖို့
ပြင်လိုက်သည်။

သူမတုတ်တံကိုမရွယ်ရသေးခင် ဇွန်ဘီ၏မျက်နှာကို
ကြည့်မိလိုက်တော့...မှင်သက်မိသွားပြီး"ချော...ချောလိုက်တာ"ဟု ပြောမိလိုက်ကာ လက်ထဲမှ
တုတ်လည်းထပ်မံပြုတ်ကျသွားခဲ့သည်။

နောက်တော့ ပြန်ပြီးအသိပြန်ဝင်လာကာ
သူမပါးကိုသူမပြန်ရိုက်လိုက်သည်။
'ကျူးရှောင်ယူ နင်နှာကအဲ့လောက်ထရသလား
ဇွန်ဘီနော် ဇွန်ဘီ!!'

'ဒါပေမဲ့လည်း သူက နတ်သားလေးလိုသောက်ရမ်း
ချောလွန်းတယ်'

'မဟုတ်သေးပါဘူး...ဇွန်ဘီကဇွန်ဘီပဲ။လူဖြစ်
မလာဘူး။ယောက်ျားမရလည်းဘာအရေးလဲ ဟွန့်'

'ဒါပေမဲ့လည်း သွေးတွေကြားကနေတောင်
ချောနေသေးတာလေ...သန့်ရှင်းနေရင် ဘယ်လောက်တောင်ချောမလဲ'

'နေဦး နင်အခုသန့်ရှင်းရေးလုပ်ပေးဖို့စိတ်ကူး
နေမိတာလား?ဟားဟား အဲ့ဒါကဖြစ်လာမှာ
မဟုတ်ဖူး!! forever noပဲ'

သူမရဲ့အတွေးတွေ နှစ်ကိုယ်၊သုံးကိုယ်ကွဲသွားပြီးတဲ့
နောက်မှာတော့ နောက်ဆုံး ဆုံးဖြတ်ချက်အနေဖြင့်
သူမအံ့ဆွဲထဲမှလက်အိတ်နဲ့ ဝတ်စုံကိုဝတ်လိုက်ပြီး ဇွန်ဘီကို ရေချိုးခန်းသို့သန့်ရှင်းရေးလုပ်ပေးဖို့
ဆွဲခေါ်သွားလိုက်သည်။

(ဝတ်စုံက ပလတ်စတစ်သားနဲ့လုပ်ထားတာဖြစ်ပြီး အဓိကက ခန္ဓာကိုယ်နဲ့မျက်နှာကို ရောဂါကာကွယ်တဲ့
ပုံစံပါ။သူက PPEဝတ်စုံတွေနဲ့လည်းဆင်တူသလို
Science တွေမှာအသုံးပြုတဲ့ဝတ်စုံနဲ့လည်း ဆင်တူ
ပါတယ်။ကွာခြားတာဆိုလို့ အထပ်ပေါင်းများစွာ ဝတ်ရ
တာနဲ့ တထပ်တည်းဝတ်ရတာပဲရှိပါတယ်။ပုံနဲ့ပြရ
အောင်ကျတော့ ရှာတွေ့သမျှကယာယာ့စိတ်ကူးထဲက
ပုံနဲ့သိပ်မတူလို့မပြတော့ပါဘူး။နားလည်အောင်ပုံဆွဲပြ
ချင်ပေမယ့် ပုံဆွဲစကေးက absolutely 0ဖြစ်နေ
လို့!)

ကျွန်မယောက်ျားက ဇွန်ဘီ🙈         ကျွန်မယောကျ်ားက ဇွန်ဘီ🙈Where stories live. Discover now