7#

224 17 10
                                    

Zawgyi

"အခုတော့ မြို့ထဲကိုတကယ်ကြီးသွားရတော့မှာပေါ့
ချီးပဲကွာ..."

ကမ်းခြေကနေ နည်းနည်းဝေးဝေးကိုရောက်လာတော့
လမ်းမကြီးပေါ်မှာရော လာခဲ့တဲ့လမ်းတလျှောက်မှာရော
လူ...အဲ  ဇွန်ဘီတကောင်မှရှိမနေခဲ့တာကို တွေးမိလာတယ်

"ထူးခြားတယ်ရော... ဇွန်ဘီတကောင်မှရှိမနေတာ
ငါမြို့ကိုမရောက်ဖြစ်တာကြာပြီမှန်ပေမယ့် ဒီလောက်ထိ
ကိုယ့်မြို့လို့မခံစားရတဲ့အထိတော့မဟုတ်သေးပါဘူး"

"ဘယ်လိုပဲဖြစ်ဖြစ် city Martကိုသွားရမှာပဲဆိုတော့
မထူးပါဘူး လမ်းမှာတွေ့ရင်လည်းတွေ့နိုင်တာပါပဲ"

မြို့အလယ်နားရောက်ခံနီးလာတော့ သူမသွားနေကြ လမ်းကြားတွေထဲကနေပဲသွားဖို့လုပ်လိုက်တယ်
99ဆိုတဲ့လမ်းကြားကိုရောက်တော့ စကားသံတွေလိုလို
တီဗွီထဲက အသံတွေလိုလို ဝိုးတိုးဝါးတားတရိပ်တရိပ်
ကြားလာရတယ်

ကမ်းခြေကနေတောက်လျှောက်လမ်းမကြီးအထိ
အသံတစ်သံမကြားခဲ့ရဘူး အပ်ကျသံတောင်ကြားရနိုင်တဲ့
အထိ တိတ်ဆိတ်နေခဲ့တာ အဲ့ဒါကိုအခုမှ အသံတွေကြားလာ
ရတာလဲ

သူမဘာမှဆက်မတွေးနိုင်တော့ဘဲ ကိုယ်ကိုဖော့ပြီး ဖြည်းဖြည်းချင်း လမ်းကြားထဲကိုဝင်လာခဲ့တယ်
လမ်းကြားဆိုပေမယ့် တစ်လမ်းသွားမဟုတ်တာမို့
ထွက်ပြေးဖို့လွယ်ကူတယ်

အဲ့ဒါကြောင့်မို့ပဲ သူမဒီထဲကိုဝင်ရဲဖို့  ရဲတင်းနေမိတာ

လမ်းကြားထဲပိုပိုရောက်လေလေ အသံတွေကကျယ်လာလေလေပါပဲ

'သူတို့တွေကလူလားသရဲလားကွာ
လူဆိုရင်တော့ တော်တော်ဦးနှောက်မရှိတဲ့လဒတွေပဲ
ဒီလောက်ဇွန်ဘီတွေအများဆုံးဖြစ်နေတဲ့မြို့မှာ သူတို့မို့... ငါဆို အသံကျယ်ကျယ်ပြောဖို့နေနေသာသာ  အသက်တောင်
ပြင်းပြင်းမရှူရဲဘူး သရဲဆိုရင်တော့.........'

နောက်ဆုံးမှာ သူတို့နဲ့ 6ပေအကွာလောက်မှာပဲ
ရပ်လိုက်တယ် နံရံတွေနောက်မှာပုန်းနေရတာမို့
သူတို့မျက်နှာကိုမမြင်ရသေးဘူး စကားပြောတာတွေကိုလည်း
သဲသဲကွဲကွဲကြားလာရတယ်

ကျွန်မယောက်ျားက ဇွန်ဘီ🙈         ကျွန်မယောကျ်ားက ဇွန်ဘီ🙈Where stories live. Discover now