3#

367 38 2
                                    

Zawgyi

'ငါ့နှယ့် ယောကျာ်းမရရုံတင်မကဘူး။ဇွန်ဘီခိုင်းဖက်
တောင်ဖြစ်နေပြီ...ဒါပေမဲ့လည်း ဇွန်ဘီလေးကချော
ချောလေးဆိုတော့ လုပ်ပေးမှာပေါ့ လုပ်ပေးမှာပေါ့ ဟီးဟီးဟီး (^ω^)'

ထိုသို့ဖြင့် သူမလည်းခေါက်ဆွဲသုံးထုပ်ပြုတ်လိုက်ပြီး
အငွေ့တထောင်းထောင်းနဲ့အိုးကိုကိုင်ကာ စားပွဲဆီသို့
ပြန်လာလိုက်သည်။

"ရပါပြီ..."

သူမက ပန်းကန်လုံးဖြူဖြူလေးထဲကို ခေါက်ဆွဲပြုတ်နဲ့ကြက်ဥထည့်ပေးလိုက်တော့
သူက လက်ဟန်ခြေဟန်ဖြင့်တခုခုပြောပြလာသည်။
"ဟင် ဘာပြောချင်တာလဲ နားမလည်ဘူး"

"ကျေး...ကျေးဇူး...ကျေးဇူးတင်ပါတယ်။ဒါက
ဘာတုန်း?အို့ ခေါက်ဆွဲပြုတ်အတွက်
ငါ့ကို ကျေးဇူးတင်တာလား?"

ထိုသို့မေးလိုက်တော့သူက ခေါင်းတဆတ်ဆတ်
ငြိမ့်ပြရှာသည်။"အွန်း အွန်း ရပါတယ်။ရပါတယ်
စား!"

Time skips

ခေါက်ဆွဲစားတဲ့အချိန်ကျပြန်တော့လည်း
သူမမှာအံ့ဩရလွန်းလို့ ပါးစပ်ထဲဝင်ရမယ့်
ခေါက်ဆွဲပြုတ်က အပေါက်ဝမှာတင်တန်းလန်းကြီးကို
ဖြစ်လို့!

ဘာလို့လဲသိလား?
ဇွန်ဘီက ခေါက်ဆွဲပြုတ်လည်းစားမယ်ဆိုရော
တူနဲ့မစားဘဲ စားပွဲပေါ်မှာအသင့်ရှိနေတဲ့ခက်ရင်းကြီးကို
ယူပြီး စပါဂတီစားသလိုမျိုးစားနေလို့လေ...

'.........'

"မင်းဘာလို့ ခက်ရင်းနဲ့စားနေတာလဲ?
ခေါက်ဆွဲပြုတ်ကတူနဲ့စားရတယ်လေ"

"ဂါး ဂါးဂါး"

"ဟမ် ဘာကြီးတုန်း?နင်ကစကားတော့စပြောလာပါရဲ့
ကံဆိုးချင်တော့ ဂါးဂါးဂါးဆိုတဲ့ငါနားမလည်ဘူးရယ်
ဒီတိုင်း လက်ဟန်ခြေဟန်နဲ့ပဲပြောပါလားဟင်..."

"ဂါးဂါး?"

သူမနဖူးကိုသူမပြန်ရိုက်လိုက်ပြီး"ထားလိုက်ပါတော့"
လို့သာပြောလိုက်ကာ မနက်စာကနေ နေ့လည်စာအဖြစ်
ခေါက်ဆွဲပြုတ်ကိုစားလိုက်တော့သည်။

ခေါက်ဆွဲပြုတ်စားပြီးတော့ သူမကတူတွေခက်ရင်း
တွေကိုဆေးပြီး တခါသုံးဖော့ပန်းကန်တွေကိုတော့
အမှိုက်ပုံးထဲထည့်လိုက်သည်။

ကျွန်မယောက်ျားက ဇွန်ဘီ🙈         ကျွန်မယောကျ်ားက ဇွန်ဘီ🙈Where stories live. Discover now