Unicode
"ထည်..."
"ခဏလေးပဲ...ခဏလေးပဲ ဖက်ထားပါရစေလား...သောရယ်"
"အာ့..."
"ဘာဖြစ်တာလဲ...ဒဏ်ရာက နာသွားလို့လား"
"အင်း...နည်းနည်း..."
"ကျစ်...ထပ်လုပ်မိပြန်ပြီကွာ။ ခင်ဗျားကိုနာကျင်အောင် ထပ်လုပ်မိပြန်ပြီ"
"သိပ်မနာပါဘူး"
အနဂ္ဂက ဖက်နေရာမှ ဖယ်ခွာလိုက်ပြီးနောက် ပျာပျာသလဲ ဂရုစိုက်နေပြန်၏။ အနဂ္ဂထည်ဆိုတာ မြေမခအတွက်တော့ အနာပေးလိုက်ဆေးလိုက်ပင် ။ သို့သော် သူဘယ်တုန်းက အပြစ်မြင်ခဲ့ဖူးပါသလဲ။
"ချစ်တယ် သောရဲ့...ရှိသမျှ အားအင်တွေ အစုပ်ယူခံလိုက်ရသလို ခံစားရတဲ့အထိ ရူးမတတ်ချစ်ရပါတယ်"
"ငါ...ဆေးရုံသွား..."
"ဘာလုပ်လဲ...ဒဏ်ရာတောင် အနာမကျက်သေးဘဲနဲ့"
"ငါခွင့်မဲ့ပျက်ကွက်တာ ကြာနေပြီလေ၊ကြာရင် ငါအလုပ်ဖြုတ်ခံရမှာပေါ့"
"အလုပ်ပြုတ်တော့ ဘာအရေးလဲကွာ...ခင်ဗျားကို ကျွန်တော် ဘာမွေးမှ မီးမလောင်အောင် ထားပေးနိုင်တယ်"
"မင်းစကားကြီးကလဲ"
"ဟုတ်တယ်လေ"
"...."
"ခင်ဗျားက ကျွန်တော့်ရဲ့ ကန့်သတ်နယ်မြေလေးမို့ ယင်ဖို၊ယင်မ တစ်ကောင်မှအစ မဝဲစေရတဲ့အထိ တယုတယ ထိန်းသိမ်းစောင့်ရှောက်ပေးမှာ..."
"အာ...အနဂ္ဂထည်"
"ကဲပြော...ဘယ်တော့ အဖြေပြန်ပေးမှာလဲ"
"ဘာလဲ...အဲတာက..."
မြေမခ ချောင်ပိတ်တဲ့ စကားတွေကြား ကျားရှေ့ မှောက်ရက်လဲရတာပင် ။ မျက်နှာများပါ ထူပူလာသည်အထိ နေရခက်လာတာမျိုး ကြုံနေရပြီ။
"ကားပေါ်တက်..."
"ဘယ်ကိုလဲ.."
"တစ်နေရာရာကို..."
"ဘာလုပ်ဖို့လဲ.."
"အချစ်တွေ ဘယ်လောက်လှပကြောင်း လိုက်ပြပေးမလို့..."
မြေမခ ကားပေါ်သို့ မလွဲသာစွာ တက်လိုက်ရသည်။ အမိန့်မဆန်သည့် စကားတို့ကိုလည်း သူနာခံချင်မိပြန်သည်။ (၂၈)ဆိုသည့် ဒီအသက်အရွယ်ရောက်မှ တည်ငြိမ်မှုတွေအားလုံးက ဒီဆင်ရိုင်းတုံးရဲ့ ပြုစားမှုအောက်မှာ လုံးပါး,ပါးရတော့မည်။
"အဲ...ဘာလုပ်တာလဲ"
"နမ်းတာလေ"
"မင်းမလွန်ဘူးလား"
"ဟင့်အင်း..."
ဖြတ်ခနဲ နမ်းလိုက်ပြီးမှ ခါးပတ်,ပတ်ရန် ပြင်နေသည့် သူ့လက်တစ်ဖက်အပေါ် အနဂ္ဂက အုပ်မိုး၍ကိုင်လာသည်။ ဒီအခြေအမျိုးဖြင့် ဒီလူရှေ့မှောက်တွင်ဆို သူအသက်တောင် ရဲရဲမရှုရဲသည်အထိ ဖြစ်,ဖြစ်သွားရ၏။
"ဒီလောက် ရှက်ရသလားကွာ"
"မင်းနော်..."
သူနမ်းလိုက်သည့် ပါးနုနုလေးအား အုပ်ကိုင်ရင်း နေမထိ ထိုင်မသာ ဖြစ်နေသူကြောင့် အနဂ္ဂကြိတ်ရယ်မိပြန်သည်။ နီမြန်းသွားသည့် နားဖျားတို့အား စိတ်လိုလက်ရ ကိုက်ဆွဲမိလျှင် အနဂ္ဂထည်က လွန်တယ် ဖြစ်မည်။ ဤရွေ့ဤမျှအထိ ထိုလူဟာ ဆွဲအားပြင်းလှ၏။
သူတို့စီးလာသည့် ကားအနက်လေးဟာ မိုးကုတ်မြို့အတွင်းရှိ စစ်မင်းကြီးအမည်ရ တောင်ကုန်းမြင့်မြင့် တစ်ခုအပေါ်သို့ ဦးတည်နေခဲ့သည်။ တောင်ထိပ်တွင်တော့ ပတ္တမြားစေတီအား သပ္ပါယ်စွာ လှမ်းမြင်နေရပါ၏။မကြာခင်မှာပဲ အနဂ္ဂက ကားရပ်လိုက်သည်။
"ဘုရားလာမယ်ဆိုလည်း ကြိုပြောပါလား။ငါ့ကိုကြည့်ပါဦး...ကြောင်ချေးရုပ်ပေါက်နေပြီ"
"ဘယ်သူပြောလဲ၊ကိုယ်ထင်ရင် ကုတင်ရွှေနန်းပဲ။ ကျွန်တော့်မျက်စိထဲ ချစ်ဖို့ကောင်းနေပြီကို.."
"မပြောတော့ဘူး မင်းကို..."
တဖြူးဖြူးတိုက်ခိုက်နေသည့် လေပြည်လေညင်းတို့အား နှစ်နှစ်ခြိုက်ခြိုက် ခံစားလိုက်ရင်း ဘုရားစောင်းတန်းလေးအတိုင်း တက်လာခဲ့ကြသည်။ ပြီးတော့မှ ဘုရားဝတ်အတူပြုကာ မြို့ပြဘက်မျက်နှာမူထားသည့် ရင်ပြင်တော် စတီးလက်ရန်းတွေရှိရာ လျှောက်လာခဲ့ကြသည်။
"ကြည့်ပါဦး....ငါတို့မြို့လေး သိပ်လှတာပဲ"
"အင်း ခင်ဗျားက ပိုလှတယ်"
မြေမခက အနဂ္ဂကို လှည့်မကြည့်ပဲ အလှတရားတို့စံပျော်ရာ ရင်သက်ရှုမောဖွယ် မိုးကုတ်မြို့လေးအား ကုန်းမြင့်အပေါ်စီးမှ ငေးကြည့်နေမိသည်။ မလှမ်းမကမ်းတွင် မိုးကုတ်အင်းကျယ်ကြီးက ထီးထီးမားမား ရပ်တည်နေပြန်၏။
"မင်းဘာဆုတောင်းခဲ့လဲ ထည်"
"တောင်းတိုင်းသာပြည့်ရင် မြေမခသော,ဆိုတာလေးကို ဖွဲ့စည်းထားတဲ့ တစ်ရှူးစလေးတွေ ဖြစ်ပါရစေလားပေါ့"
"စကားတတ်တိုင်း ပြောပြန်ပြီ..."
မြေမခက သဘောတကျနဲ့ ရယ်ပြောကလေး ပြောလိုက်သည်။ဒီလူရဲ့ အကြည့်၊ဒီလူရဲ့ အပြော၊ဒီလူရဲ့ အမူအကျင့်တွေအားလုံးမှာ အလှိုင်းသင့် ကျရှုံးနေမိတော့ သူဘယ်လိုလုပ်ရပါတော့မလဲ။
"ကဲ...အဖြေပြန်ပေးလို့ ရပြီလား"
"အဲတာက..."
"မယုံလို့လား"
"မင်းငါ့ကို မုန်းနေခဲ့တာလေ"
မယုံရဲဘူးလားဆို မြေမခ ပြန်မဖြေတတ်သော်လည်း လိမ်နေတာမဟုတ်ကြောင်းတော့ သူ့အလိုလို ခံစားမိ၏။ သို့သော် ဘာကို စိုးထိတ်လို့ ထိတ်မှန်းမသိပေ။
"ခင်ဗျားရဲ့ မျက်ဝန်းတွေက မြင်နေရတဲ့ စိမ်းဖန့်ဖန့် အင်းရေတွေနှင့် အလားသဏ္ဌာန်တူတယ်။ခင်ဗျားရဲ့ ရင့်ကျက်မှုတွေကိုတော့ မြင်လိုက်ရရုံနဲ့ အေးချမ်းသွားရတဲ့ ဒီမြို့ငယ်လေးနဲ့ ခိုင်းနှိုင်းမယ်။ခင်ဗျားရဲ့ ရယ်သံသဲ့သဲ့တွေဟာ ကြားနေရတဲ့ ဆည်းလည်းသံတွေအလား ရင်ထဲမှာ တငြိမ့်ငြိမ့်စီးဆင်းရတယ်။ခင်ဗျား ပြုံးလိုက်ရင်တော့ ကျွန်တော့်ကမ္ဘာကြီး ငြိမ်းချမ်းသွားရတယ်ပေါ့။ကဲပြော....ခင်ဗျားကို ငြိတွယ်စွဲလမ်းမိတာ ဆန်းသလား"
"ပေါက်ပေါက်ရှာရှာတွေ..."
"အဖြေပေးဆိုကွာ..."
"ဘုရားပေါ်မှာ ငရဲကြီးမှာ မကြောက်ဘူးလား"
"ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့ သောရဲ့"
"မင်းဟာလေ...တကယ့်ဆင်ရိုင်းလေးပဲ"
"သော...ကျွန်တော့် မျက်ဝန်းတွေကို သေချာ စိုက်ကြည့်"
"အင်း..."
မြေမခဟာ တစ်မိုက်စာလောက် ပိုမြင့်နေသည့် မျက်ဝန်းတောက်တောက်တွေအား လှမ်းမော့ကြည့်မိရာမှ တစိုက်မတ်မတ် ငေးမောမိသွားသည်။
"ဘာမြင်ရသလဲ"
"ငါ့ကိုယ်ငါ မြင်နေရတယ်"
"ကျွန်တော့်နှလုံးသားကို ခင်ဗျားစိုက်ကြည့်ရင်လည်း ခင်ဗျားကိုယ် ခင်ဗျားပြန်မြင်ရလိမ့်မယ်...သောရဲ့"
"အာ...မင်းမကောင်းလိုက်တာပါလား"
မြေမခ ထင်မှတ်မထားစွာနှင့် မျက်ရည်ဝဲရပြန်သည်။ ဒီလူမှာ ငြိတွယ်မိရင်း ရူးရတော့မည်။ဦးနှောက်က လိုက်မမီတဲ့ခရီးကို နှလုံးသားက နယ်ကျွံနေပြီ။ ကိုယ်ခန္ဓာအတွင်း လည်ပတ်နေသည့် သွေးကြောများမှာတောင် ချစ်ခြင်းတရားတို့က ရောယှက်နေခဲ့ပြီ။
"သိပ်ချစ်တယ်ဆိုတဲ့အထဲ ခင်ဗျားရဲ့ မျက်ရည်တွေက ခြွင်းချက်ပဲ...သော။ကျွန်တော် သူတို့ကို သဘောမကျဘူး"
"ထပ်မချည်ပါနဲ့တော့...ဒီလောက်နဲ့တောင် ငါရုန်းမထွက်နိုင်တော့တာမို့..."
"အဟင်း...ဝင်္ကဝုတ္တိတွေကိုလည်း ကျွန်တော် သဘောမကျဘူးနော်"
"ငါမင်းကို ချစ်တယ်လို့၊သဘောကျတယ်လို့၊မြတ်နိုးတယ်,ရူးသွပ်တယ်လို့...ရပြီလားဟင်"
"အာ...ရူးကုန်ရင် ခင်ဗျားတာဝန်ယူမှာလားပြော"
အနဂ္ဂ မနေနိုင်စွာဖြင့် ရှေ့မှာရှိနေသူကို ပွေ့ဖက်လိုက်မိသည်။ သူ့လူဟာ မထင်ရင် မထင်သလို ကလေးဆန်တတ်ပြန်ပါ၏။ ဘယ်လိုပဲ ဖြစ်ပါစေ သိပ်ချစ်ရတာကတော့ မပြောင်းလဲသည့် သူ့မေတ္တာတွေပါပဲ ။
"ကျွန်တော်က အနက်ရောင်ကြိုက်တယ် သော"
"ငါက မင်းကိုကြိုက်တယ် ထည်"
"ခင်ဗျားနှင့် ပတ်သက်ရင် ဒီကောင်က ဆတ်ဆတ်ထိမခံ ထင်တိုင်းကြဲမိလိမ့်မယ်"
"အင်း...မင်းကို ချစ်တုန်းပဲ"
"ခြေချရာမှာ စွန်းထင်းသွားနိုင်တဲ့ လှည့်ပြန်ခွင့်မရှိတော့မယ့် ရပ်ဝန်း...."
"ဟင့်အင်း...ငါဆင်းသက်မယ့် ငါ့ရဲ့နိဗ္ဗာန်..."
"အဟား...ခင်ဗျားလေးဟာဗျာ"
အနဂ္ဂ မြေမခ၏ နဖူးလေးအား ထိတယ်ဆိုရုံလေး နမ်းရှိုက်လိုက်သည်။ လေညင်းလေးတွေ ဖြတ်တိုက်မှာ စိုးရသည့်အချစ်မျိုးနှင့် ဒီလူကိုမြတ်နိုးရပါသည်။
အစတွေကို မကြည့်ခဲ့ဘူး။ အဆုံးတွေကိုလည်း မသိခဲ့ဘူး။ အရာရာကို မျက်ကွယ်ပြုပြီး စိတ်နှင့်ကိုယ် တည်မြဲနေသမျှ ကာလပတ်လုံး ဒီတစ်ဦး,တစ်ယောက်ကိုသာ ရင်နဲ့အမျှ ချစ်မြတ်နိုးသွားပါမည်။
"ဟေ့ဟေ့...ထပ်နမ်းဖို့ မကြိုးစားနဲ့နော်"
"ခင်ဗျားသိလား...ကိုယ့်လူ"
"ဟင့်အင်း....မသိဘူး"
"ခင်ဗျားရဲ့ နှုတ်ခမ်း,ပါးတွေ အမြဲနွေးထွေးဖို့ ဒီကောင်က ရာသက်ပန် တာဝန်ယူတော့မှာ..."
"အရား...'ကွန်တစ်ပစ် ဟင်းတစ်ခွက်'ပဲနော်။မင်းတကယ့် လိပ်မျိုးပဲ"
"ဟား ဟား ဟား...ချစ်လို့ပေါ့ ကိုယ့်လူရာ"
ထိုရပ်ဝန်းလေးမှာ ရယ်သံများနှင့်အတူ ချစ်ခြင်းမေတ္တာတွေ လွှမ်းမိုးသွားရ၏။အချစ်တွေဟာ အသွားအပြန်သာ အပေးအယူမျှခဲ့ရင် တိမ်စိုင်ပြာပြာတွေအလား သိပ်ကိုလှပလွန်းလိုက်ပါဘိ။
******
"လက်ကို ကိုင်မထားနဲ့ ရှေ့ကိုပဲ အာရုံစိုက်.."
"အပေးအယူက..."
"မသိဘူး...ဆက်ကိုင်ထားရင်တော့ အသက်နှစ်ချောင်းနဲ့ အလဲအထပ်လုပ်ရတော့မယ်"
"အဟား...ကြောက်တတ်လိုက်တာ ကိုယ့်လူရာ"
အနဂ္ဂက မြေမခ၏လက်တစ်ဖက်အား ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ထားပြီး ကျန်ညာဘက်ဖြင့် ကားမောင်းနေတာ ဖြစ်သည်။ဒီဆင်ရိုင်းတုံးက ပြန်မပြောနားမထောင် မဟုတ်...။ ပြန်ပြောပြီး နားမထောင်တာပါ။
"သီချင်း နားထောင်မလား"
"အင်း"
"ခဏ"
သီချင်းခလုတ်ကို လှမ်းဖွင့်လိုက်ပြီးနောက် သူ့လက်ကို ပြန်ကိုင်လာသူကြောင့် မြေမခ မကျေမနပ် ငဲ့ကြည့်လိုက်မိသည်။ဟောရင်းသာ ပြန်လွန်တော်မူသွားမည်။အနဂ္ဂထည်ဆိုတာ သူ လုပ်ချင်ရာလုပ်သည့် ခွေးမြှီးကောက် ကျည်တောက်စွပ်သည့် အမျိုးအစားပါပဲ။
"ကိုယ့်လူ...ကိုယ့်ကို ဘယ်အထိစိုက်ကြည့်နေမှာလဲဟင်"
"ဘယ်မှာကြည့်လို့လဲ သီချင်းနားထောင်နေတာကို"
"အဟားဟား...ဟုတ်လို့လားကွာ"
အနဂ္ဂ ဒီလူကို အသည်းယားလွန်းလို့ ခပ်နာနာလေး ဖျစ်ညှစ်ပစ်လိုက်ချင်သည်။ မျက်တောင်ကလေးပုတ်ခပ် ပုတ်ခပ်ဖြင့် အကြည့်သူခိုးလေးအား အခွင့်သာမှ ကောင်းကောင်းကြီး အပြစ်ပေးဖို့ တွေးထားလိုက်၏။
"ကြယ်ပန်းလေးတွေ ပျိုးခဲ့...
အို....မင်းလေးပန်ဖို့အတွက်"
"ရှိသမျှ အချိန်တွေရယ်
မင်းအရိပ်များထဲ လွင့်ပျောက်သွားဆဲ"
"မင်းတစ်ယောက်သာ ငါ့ရဲ့
အမြဲမက်တဲ့ အိပ်မက်..."
"အချစ်ရဲ့ ခေါ်ဆောင်ရာ တရှိုက်မတ်မတ်နဲ့
မြောလွင့်ရင်းသာ ကမ္ဘာမြေပေါ်နေပျော်ခဲ့..."
မြေမခ ဘေးလူကို ငေးကြည့်မိသည်။ဒီဆင်ရိုင်းလေးကသာ သူ့ဘဝ၊သူ့အိမ်မက်တွေ ဖြစ်ခဲ့ရပြီ။ဒီလူနဲ့ ပတ်သက်နေသမျှ ကမ္ဘာလောကကြီးက ပျော်စရာတွေ ပြည့်နက်နေဦးတော့မည်။
"အရာရာ ငါကျေနပ်တယ်...
ဘဝတစ်ခုကို ပုံဖော်ဖို့အတွက်
မင်းရှိမှ ပြည့်စုံနိုင်မယ်"
"အသိစိတ်တွေနဲ့....ရေး....
အိပ်မက်တွေထဲမှာ...အိပ်မက်..."
"ရွှေမှုန်တွေကြဲ...ဖန်သားနန်းတော်လေးထဲ
ဝင်လာတယ် မင်းခြေလှမ်းတွေ
ပန်းပွင့်တယ်..."
"အချစ်ကြောင့်ပါပဲ...ရေး...."
နှစ်ဦးသား ခတ္တမျှ အကြည့်ခြင်းဆုံသည်။နှလုံးသားချင်း ထပ်တူကျသည်။ မြေမခပြုံးတော့ အနဂ္ဂက ကျေကျေနပ်နပ်ကြီး ရယ်၏။ အဲဒီ့နောက် ဆုပ်ထားသည့်လက်ကလေးက ပိုမိုတင်းကြပ်သွားခဲ့သည်။
"ကျွန်တော့်ဘဝရဲ့ အနက်ရောင်တွေထဲ ခင်ဗျားဟာ တစ်ခုတည်းသောမြတ်နိုးရာ အဖြူရောင် ပိုးကြိုးမျှင်လေးပေါ့..."
"မင်းကတော့..."
"အနဂ္ဂထည်ဆိုတာကတော့ ခင်ဗျားရစ်နှောင်သမျှ ကြည်ဖြူစွာ လက်ခံပေးမယ့် ခင်ဗျားရဲ့ဆင်ရိုင်းလေးပါပဲ ကိုယ့်လူ..."
"အရား....မင်းကို ချစ်လိုက်ရတာ"
🌻🌻
ကဲ အဆင်မှပြေကြရဲ့လား။
ကိုယ့်လူဆိုတဲ့ အသုံးအနှုန်းလေးက ကျောင်းတက်တုန်းက ဌာနမှူးအမြဲပြောနေကျပုံစံလေးပါ ။ ထည်တို့ကိုလည်း ဒီလိုလေးထည့်သုံးဖြစ်ခဲ့တာ ။
အနဂ္ဂတို့အမေ ကိုကိုကျန့်နဲ့ ညားတော့မှ ဒီထက်ပို Roပေးမယ်နော်...ဟဲဟဲ...။
မနက်ဖြန် ၉နာရီ နောက်ပိုင်းဆို မတင်ဖြစ်တော့တာပါနော်။စောပြီးရင် တင်ပါ့မယ်။
Vote,Comment,Follow,ဖတ်ပေးကြသူအားလုံး မီက ကျေးဇူးပါလို့....။
🌻🌻🌻🌻🌻🌻
Zawgyi
"ထည္..."
"ခဏေလးပဲ...ခဏေလးပဲ ဖက္ထားပါရေစလား...ေသာရယ္"
"အာ့..."
"ဘာျဖစ္တာလဲ...ဒဏ္ရာက နာသြားလို႔လား"
"အင္း...နည္းနည္း..."
"က်စ္...ထပ္လုပ္မိျပန္ၿပီကြာ။ ခင္ဗ်ားကိုနာက်င္ေအာင္ ထပ္လုပ္မိျပန္ၿပီ"
"သိပ္မနာပါဘူး"
အနဂၢက ဖက္ေနရာမွ ဖယ္ခြာလိုက္ၿပီးေနာက္ ပ်ာပ်ာသလဲ ဂ႐ုစိုက္ေနျပန္၏။ အနဂၢထည္ဆိုတာ ေျမမခအတြက္ေတာ့ အနာေပးလိုက္ေဆးလိုက္ပင္ ။ သို႔ေသာ္ သူဘယ္တုန္းက အျပစ္ျမင္ခဲ့ဖူးပါသလဲ။
"ခ်စ္တယ္ ေသာရဲ႕...ရွိသမွ် အားအင္ေတြ အစုပ္ယူခံလိုက္ရသလို ခံစားရတဲ့အထိ ႐ူးမတတ္ခ်စ္ရပါတယ္"
"ငါ...ေဆး႐ုံသြား..."
"ဘာလုပ္လဲ...ဒဏ္ရာေတာင္ အနာမက်က္ေသးဘဲနဲ႕"
"ငါခြင့္မဲ့ပ်က္ကြက္တာ ၾကာေနၿပီေလ၊ၾကာရင္ ငါအလုပ္ျဖဳတ္ခံရမွာေပါ့"
"အလုပ္ျပဳတ္ေတာ့ ဘာအေရးလဲကြာ...ခင္ဗ်ားကို ကြၽန္ေတာ္ ဘာေမြးမွ မီးမေလာင္ေအာင္ ထားေပးနိုင္တယ္"
"မင္းစကားႀကီးကလဲ"
"ဟုတ္တယ္ေလ"
"...."
"ခင္ဗ်ားက ကြၽန္ေတာ့္ရဲ႕ ကန့္သတ္နယ္ေျမေလးမို႔ ယင္ဖို၊ယင္မ တစ္ေကာင္မွအစ မဝဲေစရတဲ့အထိ တယုတယ ထိန္းသိမ္းေစာင့္ေရွာက္ေပးမွာ..."
"အာ...အနဂၢထည္"
"ကဲေျပာ...ဘယ္ေတာ့ အေျဖျပန္ေပးမွာလဲ"
"ဘာလဲ...အဲတာက..."
ေျမမခ ေခ်ာင္ပိတ္တဲ့ စကားေတြၾကား က်ားေရွ႕ ေမွာက္ရက္လဲရတာပင္ ။ မ်က္ႏွာမ်ားပါ ထူပူလာသည္အထိ ေနရခက္လာတာမ်ိဳး ႀကဳံေနရၿပီ။
"ကားေပၚတက္..."
"ဘယ္ကိုလဲ.."
"တစ္ေနရာရာကို..."
"ဘာလုပ္ဖို႔လဲ.."
"အခ်စ္ေတြ ဘယ္ေလာက္လွပေၾကာင္း လိုက္ျပေပးမလို႔..."
ေျမမခ ကားေပၚသို႔ မလြဲသာစြာ တက္လိုက္ရသည္။ အမိန့္မဆန္သည့္ စကားတို႔ကိုလည္း သူနာခံခ်င္မိျပန္သည္။ (၂၈)ဆိုသည့္ ဒီအသက္အ႐ြယ္ေရာက္မွ တည္ၿငိမ္မႈေတြအားလုံးက ဒီဆင္ရိုင္းတုံးရဲ႕ ျပဳစားမႈေအာက္မွာ လုံးပါး,ပါးရေတာ့မည္။
"အဲ...ဘာလုပ္တာလဲ"
"နမ္းတာေလ"
"မင္းမလြန္ဘူးလား"
"ဟင့္အင္း..."
ျဖတ္ခနဲ နမ္းလိုက္ၿပီးမွ ခါးပတ္,ပတ္ရန္ ျပင္ေနသည့္ သူ႕လက္တစ္ဖက္အေပၚ အနဂၢက အုပ္မိုး၍ကိုင္လာသည္။ ဒီအေျခအမ်ိဳးျဖင့္ ဒီလူေရွ႕ေမွာက္တြင္ဆို သူအသက္ေတာင္ ရဲရဲမရႈရဲသည္အထိ ျဖစ္,ျဖစ္သြားရ၏။
"ဒီေလာက္ ရွက္ရသလားကြာ"
"မင္းေနာ္..."
သူနမ္းလိုက္သည့္ ပါးႏုႏုေလးအား အုပ္ကိုင္ရင္း ေနမထိ ထိုင္မသာ ျဖစ္ေနသူေၾကာင့္ အနဂၢႀကိတ္ရယ္မိျပန္သည္။ နီျမန္းသြားသည့္ နားဖ်ားတို႔အား စိတ္လိုလက္ရ ကိုက္ဆြဲမိလွ်င္ အနဂၢထည္က လြန္တယ္ ျဖစ္မည္။ ဤေ႐ြ႕ဤမွ်အထိ ထိုလူဟာ ဆြဲအားျပင္းလွ၏။
သူတို႔စီးလာသည့္ ကားအနက္ေလးဟာ မိုးကုတ္ၿမိဳ႕အတြင္းရွိ စစ္မင္းႀကီးအမည္ရ ေတာင္ကုန္းျမင့္ျမင့္ တစ္ခုအေပၚသို႔ ဦးတည္ေနခဲ့သည္။ ေတာင္ထိပ္တြင္ေတာ့ ပတၱျမားေစတီအား သပ္ပါယ်စွာ လွမ္းျမင္ေနရပါ၏။မၾကာခင္မွာပဲ အနဂၢက ကားရပ္လိုက္သည္။
"ဘုရားလာမယ္ဆိုလည္း ႀကိဳေျပာပါလား။ငါ့ကိုၾကည့္ပါဦး...ေၾကာင္ေခ်း႐ုပ္ေပါက္ေနၿပီ"
"ဘယ္သူေျပာလဲ၊ကိုယ္ထင္ရင္ ကုတင္ေ႐ႊနန္းပဲ။ ကြၽန္ေတာ့္မ်က္စိထဲ ခ်စ္ဖို႔ေကာင္းေနၿပီကို.."
"မေျပာေတာ့ဘူး မင္းကို..."
တျဖဴးျဖဴးတိုက္ခိုက္ေနသည့္ ေလျပည္ေလညင္းတို႔အား ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ခံစားလိုက္ရင္း ဘုရားေစာင္းတန္းေလးအတိုင္း တက္လာခဲ့ၾကသည္။ ၿပီးေတာ့မွ ဘုရားဝတ္အတူျပဳကာ ၿမိဳ႕ျပဘက္မ်က္ႏွာမူထားသည့္ ရင္ျပင္ေတာ္ စတီးလက္ရန္းေတြရွိရာ ေလွ်ာက္လာခဲ့ၾကသည္။
"ၾကည့္ပါဦး....ငါတို႔ၿမိဳ႕ေလး သိပ္လွတာပဲ"
"အင္း ခင္ဗ်ားက ပိုလွတယ္"
ေျမမခက အနဂၢကို လွည့္မၾကည့္ပဲ အလွတရားတို႔စံေပ်ာ္ရာ ရင္သက္ရႈေမာဖြယ္ မိုးကုတ္ၿမိဳ႕ေလးအား ကုန္းျမင့္အေပၚစီးမွ ေငးၾကည့္ေနမိသည္။ မလွမ္းမကမ္းတြင္ မိုးကုတ္အင္းက်ယ္ႀကီးက ထီးထီးမားမား ရပ္တည္ေနျပန္၏။
"မင္းဘာဆုေတာင္းခဲ့လဲ ထည္"
"ေတာင္းတိုင္းသာျပည့္ရင္ ေျမမခေသာ,ဆိုတာေလးကို ဖြဲ႕စည္းထားတဲ့ တစ္ရႉးစေလးေတြ ျဖစ္ပါရေစလားေပါ့"
"စကားတတ္တိုင္း ေျပာျပန္ၿပီ..."
ေျမမခက သေဘာတက်နဲ႕ ရယ္ေျပာကေလး ေျပာလိုက္သည္။ဒီလူရဲ႕ အၾကည့္၊ဒီလူရဲ႕ အေျပာ၊ဒီလူရဲ႕ အမူအက်င့္ေတြအားလုံးမွာ အလွိုင္းသင့္ က်ရႈံးေနမိေတာ့ သူဘယ္လိုလုပ္ရပါေတာ့မလဲ။
"ကဲ...အေျဖျပန္ေပးလို႔ ရၿပီလား"
"အဲတာက..."
"မယုံလို႔လား"
"မင္းငါ့ကို မုန္းေနခဲ့တာေလ"
မယုံရဲဘူးလားဆို ေျမမခ ျပန္မေျဖတတ္ေသာ္လည္း လိမ္ေနတာမဟုတ္ေၾကာင္းေတာ့ သူ႕အလိုလို ခံစားမိ၏။ သို႔ေသာ္ ဘာကို စိုးထိတ္လို႔ ထိတ္မွန္းမသိေပ။
"ခင္ဗ်ားရဲ႕ မ်က္ဝန္းေတြက ျမင္ေနရတဲ့ စိမ္းဖန့္ဖန့္ အင္းေရေတြႏွင့္ အလားသဏၭာန္တူတယ္။ခင္ဗ်ားရဲ႕ ရင့္က်က္မႈေတြကိုေတာ့ ျမင္လိုက္ရ႐ုံနဲ႕ ေအးခ်မ္းသြားရတဲ့ ဒီၿမိဳ႕ငယ္ေလးနဲ႕ ခိုင္းႏွိုင္းမယ္။ခင္ဗ်ားရဲ႕ ရယ္သံသဲ့သဲ့ေတြဟာ ၾကားေနရတဲ့ ဆည္းလည္းသံေတြအလား ရင္ထဲမွာ တၿငိမ့္ၿငိမ့္စီးဆင္းရတယ္။ခင္ဗ်ား ၿပဳံးလိုက္ရင္ေတာ့ ကြၽန္ေတာ့္ကမၻာႀကီး ၿငိမ္းခ်မ္းသြားရတယ္ေပါ့။ကဲေျပာ....ခင္ဗ်ားကို ၿငိတြယ္စြဲလမ္းမိတာ ဆန္းသလား"
"ေပါက္ေပါက္ရွာရွာေတြ..."
"အေျဖေပးဆိုကြာ..."
"ဘုရားေပၚမွာ ငရဲႀကီးမွာ မေၾကာက္ဘူးလား"
"ငရဲႀကီးေတာ့ ငရဲေလးကို နိုင္တာေပါ့ ေသာရဲ႕"
"မင္းဟာေလ...တကယ့္ဆင္ရိုင္းေလးပဲ"
"ေသာ...ကြၽန္ေတာ့္ မ်က္ဝန္းေတြကို ေသခ်ာ စိုက္ၾကည့္"
"အင္း..."
ေျမမခဟာ တစ္မိုက္စာေလာက္ ပိုျမင့္ေနသည့္ မ်က္ဝန္းေတာက္ေတာက္ေတြအား လွမ္းေမာ့ၾကည့္မိရာမွ တစိုက္မတ္မတ္ ေငးေမာမိသြားသည္။
"ဘာျမင္ရသလဲ"
"ငါ့ကိုယ္ငါ ျမင္ေနရတယ္"
"ကြၽန္ေတာ့္ႏွလုံးသားကို ခင္ဗ်ားစိုက္ၾကည့္ရင္လည္း ခင္ဗ်ားကိုယ္ ခင္ဗ်ားျပန္ျမင္ရလိမ့္မယ္...ေသာရဲ႕"
"အာ...မင္းမေကာင္းလိုက္တာပါလား"
ေျမမခ ထင္မွတ္မထားစြာႏွင့္ မ်က္ရည္ဝဲရျပန္သည္။ ဒီလူမွာ ၿငိတြယ္မိရင္း ႐ူးရေတာ့မည္။ဦးႏွောက္က လိုက္မမီတဲ့ခရီးကို ႏွလုံးသားက နယ္ကြၽံေနၿပီ။ ကိုယ္ခႏၶာအတြင္း လည္ပတ္ေနသည့္ ေသြးေၾကာမ်ားမွာေတာင္ ခ်စ္ျခင္းတရားတို႔က ေရာယွက္ေနခဲ့ၿပီ။
"သိပ္ခ်စ္တယ္ဆိုတဲ့အထဲ ခင္ဗ်ားရဲ႕ မ်က္ရည္ေတြက ႁခြင္းခ်က္ပဲ...ေသာ။ကြၽန္ေတာ္ သူတို႔ကို သေဘာမက်ဘဴး"
"ထပ္မခ်ည္ပါနဲ႕ေတာ့...ဒီေလာက္နဲ႕ေတာင္ ငါ႐ုန္းမထြက္နိုင္ေတာ့တာမို႔..."
"အဟင္း...ဝကၤဝုတၱိေတြကိုလည္း ကြၽန္ေတာ္ သေဘာမက်ဘဴးေနာ္"
"ငါမင္းကို ခ်စ္တယ္လို႔၊သေဘာက်တယ္လို႔၊ျမတ္နိုးတယ္,႐ူးသြပ္တယ္လို႔...ရၿပီလားဟင္"
"အာ...႐ူးကုန္ရင္ ခင္ဗ်ားတာဝန္ယူမွာလားေျပာ"
အနဂၢ မေနနိုင္စြာျဖင့္ ေရွ႕မွာရွိေနသူကို ေပြ႕ဖက္လိုက္မိသည္။ သူ႕လူဟာ မထင္ရင္ မထင္သလို ကေလးဆန္တတ္ျပန္ပါ၏။ ဘယ္လိုပဲ ျဖစ္ပါေစ သိပ္ခ်စ္ရတာကေတာ့ မေျပာင္းလဲသည့္ သူ႕ေမတၱာေတြပါပဲ ။
"ကြၽန္ေတာ္က အနက္ေရာင္ႀကိဳက္တယ္ ေသာ"
"ငါက မင္းကိုႀကိဳက္တယ္ ထည္"
"ခင္ဗ်ားႏွင့္ ပတ္သက္ရင္ ဒီေကာင္က ဆတ္ဆတ္ထိမခံ ထင္တိုင္းႀကဲမိလိမ့္မယ္"
"အင္း...မင္းကို ခ်စ္တုန္းပဲ"
"ေျခခ်ရာမွာ စြန္းထင္းသြားနိုင္တဲ့ လွည့္ျပန္ခြင့္မရွိေတာ့မယ့္ ရပ္ဝန္း...."
"ဟင့္အင္း...ငါဆင္းသက္မယ့္ ငါ့ရဲ႕နိဗၺာန္..."
"အဟား...ခင္ဗ်ားေလးဟာဗ်ာ"
အနဂၢ ေျမမခ၏ နဖူးေလးအား ထိတယ္ဆို႐ုံေလး နမ္းရွိုက္လိုက္သည္။ ေလညင္းေလးေတြ ျဖတ္တိုက္မွာ စိုးရသည့္အခ်စ္မ်ိဳးႏွင့္ ဒီလူကိုျမတ္နိုးရပါသည္။
အစေတြကို မၾကည့္ခဲ့ဘူး။ အဆုံးေတြကိုလည္း မသိခဲ့ဘူး။ အရာရာကို မ်က္ကြယ္ျပဳၿပီး စိတ္ႏွင့္ကိုယ္ တည္ၿမဲေနသမွ် ကာလပတ္လုံး ဒီတစ္ဦး,တစ္ေယာက္ကိုသာ ရင္နဲ႕အမွ် ခ်စ္ျမတ္နိုးသြားပါမည္။
"ေဟ့ေဟ့...ထပ္နမ္းဖို႔ မႀကိဳးစားနဲ႕ေနာ္"
"ခင္ဗ်ားသိလား...ကိုယ့္လူ"
"ဟင့္အင္း....မသိဘူး"
"ခင္ဗ်ားရဲ႕ ႏႈတ္ခမ္း,ပါးေတြ အၿမဲႏြေးေထြးဖို႔ ဒီေကာင္က ရာသက္ပန္ တာဝန္ယူေတာ့မွာ..."
"အရား...'ကြန္တစ္ပစ္ ဟင္းတစ္ခြက္'ပဲေနာ္။မင္းတကယ့္ လိပ္မ်ိဳးပဲ"
"ဟား ဟား ဟား...ခ်စ္လို႔ေပါ့ ကိုယ့္လူရာ"
ထိုရပ္ဝန္းေလးမွာ ရယ္သံမ်ားႏွင့္အတူ ခ်စ္ျခင္းေမတၱာေတြ လႊမ္းမိုးသြားရ၏။အခ်စ္ေတြဟာ အသြားအျပန္သာ အေပးအယူမွ်ခဲ့ရင္ တိမ္စိုင္ျပာျပာေတြအလား သိပ္ကိုလွပလြန္းလိုက္ပါဘိ။
******
"လက္ကို ကိုင္မထားနဲ႕ ေရွ႕ကိုပဲ အာ႐ုံစိုက္.."
"အေပးအယူက..."
"မသိဘူး...ဆက္ကိုင္ထားရင္ေတာ့ အသက္ႏွစ္ေခ်ာင္းနဲ႕ အလဲအထပ္လုပ္ရေတာ့မယ္"
"အဟား...ေၾကာက္တတ္လိုက္တာ ကိုယ့္လူရာ"
အနဂၢက ေျမမခ၏လက္တစ္ဖက္အား ဘယ္ဘက္လက္ျဖင့္ ဆုပ္ကိုင္ထားၿပီး က်န္ညာဘက္ျဖင့္ ကားေမာင္းေနတာ ျဖစ္သည္။ဒီဆင္ရိုင္းတုံးက ျပန္မေျပာနားမေထာင္ မဟုတ္...။ ျပန္ေျပာၿပီး နားမေထာင္တာပါ။
"သီခ်င္း နားေထာင္မလား"
"အင္း"
"ခဏ"
သီခ်င္းခလုတ္ကို လွမ္းဖြင့္လိုက္ၿပီးေနာက္ သူ႕လက္ကို ျပန္ကိုင္လာသူေၾကာင့္ ေျမမခ မေက်မနပ္ ငဲ့ၾကည့္လိုက္မိသည္။ေဟာရင္းသာ ျပန္လြန္ေတာ္မူသြားမည္။အနဂၢထည္ဆိုတာ သူ လုပ္ခ်င္ရာလုပ္သည့္ ေခြးျမႇီးေကာက္ က်ည္ေတာက္စြပ္သည့္ အမ်ိဳးအစားပါပဲ။
"ကိုယ့္လူ...ကိုယ့္ကို ဘယ္အထိစိုက္ၾကည့္ေနမွာလဲဟင္"
"ဘယ္မွာၾကည့္လို႔လဲ သီခ်င္းနားေထာင္ေနတာကို"
"အဟားဟား...ဟုတ္လို႔လားကြာ"
အနဂၢ ဒီလူကို အသည္းယားလြန္းလို႔ ခပ္နာနာေလး ဖ်စ္ညွစ္ပစ္လိုက္ခ်င္သည္။ မ်က္ေတာင္ကေလးပုတ္ခပ္ ပုတ္ခပ္ျဖင့္ အၾကည့္သူခိုးေလးအား အခြင့္သာမွ ေကာင္းေကာင္းႀကီး အျပစ္ေပးဖို႔ ေတြးထားလိုက္၏။
"ၾကယ္ပန္းေလးေတြ ပ်ိဳးခဲ့...
အို....မင္းေလးပန္ဖို႔အတြက္"
"ရွိသမွ် အခ်ိန္ေတြရယ္
မင္းအရိပ္မ်ားထဲ လြင့္ေပ်ာက္သြားဆဲ"
"မင္းတစ္ေယာက္သာ ငါ့ရဲ႕
အၿမဲမက္တဲ့ အိပ္မက္..."
"အခ်စ္ရဲ႕ ေခၚေဆာင္ရာ တရွိုက္မတ္မတ္နဲ႕
ေျမာလြင့္ရင္းသာ ကမၻာေျမေပၚေနေပ်ာ္ခဲ့..."
ေျမမခ ေဘးလူကို ေငးၾကည့္မိသည္။ဒီဆင္ရိုင္းေလးကသာ သူ႕ဘဝ၊သူ႕အိမ္မက္ေတြ ျဖစ္ခဲ့ရၿပီ။ဒီလူနဲ႕ ပတ္သက္ေနသမွ် ကမၻာေလာကႀကီးက ေပ်ာ္စရာေတြ ျပည့္နက္ေနဦးေတာ့မည္။
"အရာရာ ငါေက်နပ္တယ္...
ဘဝတစ္ခုကို ပုံေဖာ္ဖို႔အတြက္
မင္းရွိမွ ျပည့္စုံနိုင္မယ္"
"အသိစိတ္ေတြနဲ႕....ေရး....
အိပ္မက္ေတြထဲမွာ...အိပ္မက္..."
"ေ႐ႊမႈန္ေတြႀကဲ...ဖန္သားနန္းေတာ္ေလးထဲ
ဝင္လာတယ္ မင္းေျခလွမ္းေတြ
ပန္းပြင့္တယ္..."
"အခ်စ္ေၾကာင့္ပါပဲ...ေရး...."
ႏွစ္ဦးသား ခတၱမွ် အၾကည့္ျခင္းဆုံသည္။ႏွလုံးသားခ်င္း ထပ္တူက်သည္။ ေျမမခၿပဳံးေတာ့ အနဂၢက ေက်ေက်နပ္နပ္ႀကီး ရယ္၏။ အဲဒီ့ေနာက္ ဆုပ္ထားသည့္လက္ကေလးက ပိုမိုတင္းၾကပ္သြားခဲ့သည္။
"ကြၽန္ေတာ့္ဘဝရဲ႕ အနက္ေရာင္ေတြထဲ ခင္ဗ်ားဟာ တစ္ခုတည္းေသာျမတ္နိုးရာ အျဖဴေရာင္ ပိုးႀကိဳးမွ်င္ေလးေပါ့..."
"မင္းကေတာ့..."
"အနဂၢထည္ဆိုတာကေတာ့ ခင္ဗ်ားရစ္ႏွောင္သမွ် ၾကည္ျဖဴစြာ လက္ခံေပးမယ့္ ခင္ဗ်ားရဲ႕ဆင္ရိုင္းေလးပါပဲ ကိုယ့္လူ..."
"အရား....မင္းကို ခ်စ္လိုက္ရတာ"
💛
ကဲ အဆင္မွေျပၾကရဲ႕လား။
ကိုယ့္လူဆိုတဲ့ အသုံးအႏႈန္းေလးက ေက်ာင္းတက္တုန္းက ဌာနမႉးအၿမဲေျပာေနက်ပဳံစံေလးပါ ။ ထည္တို႔ကိုလည္း ဒီလိုေလးထည့္သုံးျဖစ္ခဲ့တာ ။
အနဂၢတို႔အေမ ကိုကိုက်န့္နဲ႕ ညားေတာ့မွ ဒီထက္ပို Roေပးမယ္ေနာ္...ဟဲဟဲ...။
မနက္ျဖန္ ၉နာရီ ေနာက္ပိုင္းဆို မတင္ျဖစ္ေတာ့တာပါေနာ္။ေစာၿပီးရင္ တင္ပါ့မယ္။
Vote,Comment,Follow,ဖတ္ေပးၾကသူအားလုံး မီက ေက်းဇူးပါလို႔....။
🌻🌻🌻🌻