ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...
By Melinoe_Megami
1.6M 291K 11.1K
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေ ဖြစ်ကုန်ပြီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More
Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End
90
8K 1.5K 84
By Melinoe_Megami
Unicode
"ကျုပ် ရွှယ်ယို့ရှန်းကို လိုချင်တယ်.."
အဖြစ်ချင်ဆုံးဆန္ဒကို ထုတ်ဖော်ပြောပြီးနောက် ရင်းဝူရွှမ်ရဲ့ စိတ်ထဲမှာ ရွှယ်ယို့ရှန်းကို လိုချင်နေကြောင်း ပိုမိုသေချာသွားခဲ့တယ်။
ရွှယ်ယို့ရှန်းက ကြီးမြတ်တဲ့ ဒဏ္ဍာရီလာ မန္တန်သခင်ဆိုတော့ ကောင်လေးကို ပိုင်ဆိုင်ထားသရွေ့ သူ့ရဲ့ဒဏ်ရာကို မန္တန်အစီအရင်နဲ့ ပျောက်ကင်းအောင် ကုသလိုရတယ်ဆိုတဲ့ သဘောပဲမဟုတ်ဘူးလား..?
ထိုအချက်ကို တွေးလိုက်မိတော့ ရွှယ်ယို့ရှန်းကိုကြည့်နေတဲ့ ရင်းဝူရွှမ်ရဲ့ အပိုင်စီးလိုတဲ့အကြည့်က ပိုမိုစူးရှလာခဲ့တော့တယ်။
ရွှယ်ယို့ရှန်းကို စတွေ့ကတည်းက သူ့ရဲ့စိတ်ထဲမှာ အမျိုးအမည်မဖော်ပြတတ်တဲ့ နှစ်သက်မှုမျိုးကို ခံစားခဲ့ရတယ်။ ထိုကလေးရဲ့ ဒဏ္ဍာရီလာဖြစ်တည်မှုကို သိလိုက်ရတဲ့အချိန် သူ့ရဲ့စိတ်က ပိုမိုထက်သန်လာခဲ့တယ်။ ရင်းဝူရွှမ်ရဲ့စိတ်ထဲမှာ သာလွန်ထူးမြတ်တဲ့ ဒီလေးငယ်က သူနဲ့သာ ထိုက်တန်တယ်လို့ ထင်မြင်နေတော့တယ်။
".................."
ရွှယ်ယို့ရှန်းမှာ နှုတ်ခမ်းမဲ့ရွဲ့သွားရပြီး ရင်းဝူရွှမ်ကို ဘာမှပြန်မပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ရတယ်။
ရင်းဝူရွှမ်က ရင်းဆုယဲ့ကို လက်စားချေမယ်လို့ ပြောလာခဲ့ရင်တောင် နားလည်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ဘာကိစ္စ သူ့ကို ပြဿနာလာရှာရတာလဲ..? နားမလည်နိုင်တော့ဘူး။ 'အိစက်နေတဲ့တည်သီးကိုပဲ ထိုးနှက်ရဲတယ်' ဆိုတဲ့ သဘောလား..?
(TN : 'အိစက်နေတဲ့တည်သီးကိုပဲ ထိုးနှက်ရဲတယ်' ၊ သူ့ရဲ့အဓိပ္ပါယ်က အင်အားကြီးတဲ့လူကို ကြောက်ပြီး၊ အားနည်းတဲ့လူကိုပဲ အနိုင်ကျင့်တတ်တယ်လို့ ဆိုလိုချင်တာပါ။)
သောက်ကျိုးနည်း..! ရင်းဝူရွှမ်ကတော့ အရမ်းလွန်လွန်းနေပြီ.. ဟုတ်တယ်မလား..?!
ကြည့်ရတာ ရင်းဝူရွှမ်က သူ့ရဲ့အပြုအမူတွေကို သဘောမပေါက်သေးဘူး ထင်ပါရဲ့။ 'အမြီးဖွက်ပြီး သေချင်ယောင်ဆောင်' ရမယ့်အစား အသိဉာဏ်မရှိပဲ သူ့ကို လာပြဿနာရှာရဲတယ်..!
"ဘာဖြစ်လို့လဲ..?"
အတွေးလွန်နေတဲ့ ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို ဝင်တိုက်မိသွားတယ်။ ထို့ကြောင့် ရွှယ်ယို့ရှန်းလည်း ရုတ်တရက် ရပ်တန့်သွားတဲ့ ရင်းဆုယဲ့ကို အမေးမျက်ဝန်းမျိုးနဲ့ မော့ကြည့်လိုက်တယ်။
(TN : ထွက်သွားတုန်းက ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို လက်ဆွဲသွားခဲ့တာပါ။ ရွှယ်ယို့ရှန်းက နောက်တစ်လှမ်းစာ နောက်ကျပါတယ်။ အဲ့တာကြောင့် ရင်းဆုယဲ့က ရုတ်တရပ် ခြေစုံရပ်လိုက်တော့ ဝင်တိုက်မိသွားတာပါ။)
"ဘာမှမဖြစ်ပါဘူး.."
ရွှယ်ယို့ရှန်းကိုလိုချင်ကြောင်း အော်ဟစ်လာခဲ့တဲ့ ရင်းဝူရွှမ်ရဲ့အသံကြောင့် ရင်းဆုယဲ့လည်း သူ့နှလုံးသားထဲမှာ မြှုပ်နှံထားတဲ့ သွေးဆာရက်စက်စိတ်ကို မထိန်းချုပ်နိုင်အောင် ဖြစ်သွားရတယ်။
ကောင်လေးကို သူ့လက်ထဲကနေ ဘယ်သူမှ ခိုးယူသွားလို့မရဘူး..! ကောင်လေးက သူ့အပိုင်ပဲ၊ သူကလွဲရင် ဘယ်သူမှ ထိခွင့်မရှိဘူး..! ကောင်လေးကို လိုချင်တဲ့လူတိုင်းကို သတ်ပစ်မယ် ..!
ရွှယ်ယို့ရှန်း သူ့ကို ဝင်တိုက်လိုက်မိတော့မှ ရင်းဆုယဲ့လည်း အသိပြန်ဝင်လာခဲ့တော့တယ်။ သူ့ရဲ့ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် ကောင်လေးကို နာကျင်စေမိပြီ။ သူ့ကို ဝင်တိုက်မိပြီး နာကျင်သွားရတဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့ရဲ့ နှလုံးသားထဲက မကောင်းတဲ့ အတွေးတွေလည်း ချက်ချင်းဆိုသလို လွင့်ပျယ်သွားတော့တယ်။
ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး ကောင်လေးရဲ့ အနီရောင်သမ်းသွားတဲ့ နဖူးပြင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်တယ်။ သူ့ရဲ့ အလွန်အမင်း အာရုံစိုက်နေတဲ့ အပြုအမူက အဖိုးထိုက်တန်တဲ့ ရတနာလေးတစ်ခုကို ထိတွေ့ကိုင်တွယ်နေသယောင်။ ကောင်လေးအပေါ် ရင်းဝူရွှမ်ရဲ့ စိတ်ခံစားချက်ကြောင့် ရင်းဆုယဲ့လည်း တစ်စုံတစ်ရာကို နားလည်လိုက်တယ်။ အဲ့တာကတော့ ကောင်လေးအပေါ် သူ့ရဲ့ခံစားချက်တွေက သူထင်ထားသလို မရိုးရှင်းဘူးဆိုတာပါပဲ။
"မသွားသေးဘူးလား..?"
ရွှယ်ယို့ရှန်းတစ်ယောက် သူ့ရဲ့နဖူးကို ပွတ်သပ်ပေးနေတဲ့ ရင်းဆုယဲ့ကိုကြည့်ရင်း 'ဘာမဟုတ်တဲ့ ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်နေ'သလို ခံစားလိုက်ရတယ်။ ရင်းဆုယဲ့ကို မတော်တဆ တိုက်မိခဲ့ရုံပါ၊ ဒဏ်ရာအပြင်အထန် ရသွားတာမှမဟုတ်တာ။ ဒီလောက်အထိ ဂရုစိုက်နေစရာ လိုအပ်လို့လား..?
"ခဏစောင့်.."
အရေးမပါတဲ့ ပုရွက်ဆိတ်လေးတွေကို ရှင်းလင်းပြီးသွားရင် သူတို့ထွက်သွားလို့ရပြီ။ ရင်းဝူရွှမ်သာ ကောင်လေးကို ပစ်မှတ်မထားခဲ့ဘူးဆိုရင် အသက်ရှင်ခွင့် ပေးထားဦးမှာ။ ဒါပေမဲ့ အခုတော့ တစ်စစီ ဆုတ်ဖြဲပစ်ချင်စိတ်ကို ထိန်းထားလို့မရတော့ဘူး။
ကောင်လေးကို ညစ်ပတ်တဲ့မျက်လုံးတွေနဲ့ ကြည့်ရဲတဲ့လူမှန်သမျှ သေသင့်တယ်..!
"အို့.."
ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့ အစီအစဉ်အတိုင်း လိုက်နာပါမယ်ဆိုပြီး အသာအယာ ခေါင်းညိတ်ပြလိုက်တယ်။ တကယ်တော့ ရင်းဝူရွမ် ပါးစပ်ဟလိုက်ကတည်းက သူတို့နှစ်ယောက် ထွက်သွားလို့မရတော့ဘူးဆိုတာကို သိထားပြီးသား။ ဒီပြဿနာကို အရင်ဆုံးဖြေရှင်းမှ ဖြစ်တော့မယ်။
"အင်း.."
ငြင်းဆန်ခြင်းမပြုတဲ့ ကောင်လေးကို တစ်ချက်ကြည့်ပြီး ရင်းဆုယဲ့တစ်ယောက် မတ်တပ်ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ ထို့နောက် နောက်တစ်စက္ကန့်အတွင်း ရွှယ်ယို့ရှန်းအနားကို ပြန်ရောက်လာခဲ့တယ်။ တစ်ခုတည်းသော ကွာခြားချက်က ရင်းဆုယဲ့ရဲ့ လက်ထဲမှာ ရင်းဝူရွှမ်ရဲ့ လည်ပင်းကို ဖမ်းဆုပ်ထားတာပဲ။
"လွှတ်.. လွှတ်ပေး..!"
လူအများရှေ့မှာ ရင်းဆုယဲ့က သူ့ကိုဖမ်းဆီးရဲလိမ့်မယ်လို့ ရင်းဝူရွှမ်က မထင်ထားခဲ့မိဘူး။ သူ့၏နှလုံးသားထဲမှ အကြောက်တရားက ပိုကြီးမားလာခဲ့တယ်။ သူ့ရဲ့လည်ပင်းကို ဆုပ်ကိုင်ထားတဲ့လက်က ပိုမိုတင်းကျပ်လာခဲ့တာကို ခံစားမိလိုက်ရချိန် ကြိုးစားရုန်းကန်ခဲ့ပေမယ့်လည်း ဘာမှမထူးခြားခဲ့ဘူး။ သေခြင်းတရားက သူနဲ့ နီးကပ်လာသလို ခံစားလိုက်ရတယ်။ ထိုအခိုက်အတန့် ရင်းဝူရွှမ်လည်း အလွန်ကြောက်လန့်သွားပြီး နောင်တအကြီးအကျယ် ရသွားတော့တယ်။
ရင်းဆုယဲ့လို ဘယ်အရာကိုမှ ဂရုမစိုက်တတ်တဲ့ အရူးကောင်ကို ရန်မစခဲ့သင့်ဘူး..!
"လွှတ်လိုက်စမ်း..!"
ရင်းဝူရွှမ်က သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်အမိန့်ပေးခဲ့တာကြောင့် ဟော်လင်းယွင်က စိတ်ဆိုးနေခဲ့သော်ငြား ရင်းဝူရွှမ်က သူ့ရဲ့အချစ်ဆုံးအမျိုးသမီး မွေးပေးခဲ့တဲ့ သူ့ရဲ့သွေးသားရင်းပဲ။ ထိုကလေး သေဆုံးသွားမှာကို ဘာမှမလုပ်ဘဲ ရပ်ကြည့်မနေနိုင်ဘူး။ သူ့ရဲ့အပြုအမူက ရင်းဝူရွှမ်ရဲ့ အဖေဖြစ်ကြောင်း ဝန်ခံလိုက်သလိုဖြစ်မှာကို သိနေသော်ငြား ရင်းဆုယဲ့က သူ့ရဲ့သားကို သတ်ဖြတ်ဖို့ ကြိုးစားနေတာကို ဆက်မကြည့်နိုင်ခဲ့ဘူး။
ထို့အပြင် ရင်းဆုယဲ့အပေါ် အမြင်မကြည်သောကြောင့် လက်ရှိအခြေအနေကို အခွင့်အကောင်းယူပြီး သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်တယ်။ ထို့နောက် ဟော်လင်းယွင်က ရင်းဆုယဲ့ကို တိုက်ခိုက်လိုက်တော့တယ်။
"ဟမ့်..!"
ဟော်လင်းယွင်ရဲ့ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ တိုက်ကွက်ကို ရင်ဆိုင်ရင်း ရင်းဆုယဲ့က ရင်းဝူရွှမ်ရဲ့လည်ပင်းကို အသာအယာ လိမ်ချိုးပစ်လိုက်တယ်။ ထို့နောက် ဟော်လင်းယွင်ဆီကို လွှင့်ပစ်လိုက်တယ်။
ရင်းဆုယဲ့က ရင်းဝူရွှမ်ကို အလွယ်တကူ လွှတ်ပေးလိမ့်မယ်လို့ ဟော်လင်းယွင်လည်း မထင်ထားခဲ့ဘူး။ ထို့ကြောင့် သူ့ရဲ့တိုက်ကွက်ကို အသည်းအသန် ရုတ်သိမ်းလိုက်ပြီး လွင့်ပျံလာတဲ့ ခန္ဓာကိုယ်ကို ဖမ်းဆွဲထားလိုက်တယ်။
"ဝူရွှမ်.. အဆင်ပြေရဲ့လား..?"
ရင်းဝူရွှမ်ကို ဖမ်းမိလိုက်တဲ့အချိန် သူ့ရဲ့နှလုံးသားထဲမှာ မကောင်းတဲ့ ခံစားချက်တစ်မျိုးကို ခံစားလိုက်ရတယ်။ ရင်းဝူရွှမ်ရဲ့ သွေးဆုတ်နေတဲ့မျက်နှာ၊ ဖျော့တော့တဲ့ အသက်ရှူသံနဲ့ တဖြည်းဖြည်း အေးစက်လာတဲ့ ခန္ဒာကိုယ်က.........
ထိုအချက်အလက်တွေက ရင်းဝူရွှမ်ရဲ့ အခြေအနေကို ထုတ်ပြောနေစရာ မလိုအောင်ပဲ။
"ကျွန်.. ကျွန်တော်...."
ရင်းဝူရွှမ်က ပါးစပ်ကိုဖွင့်ပြီး စကားပြောရန် ကြိုးစားခဲ့ပေမယ့် ဗလုံးဗထွေးသာ ရေရွတ်နိုင်ခဲ့တယ်။ သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး လက်လှမ်းမမှီတဲ့ ကောင်လေးကို လှမ်းကြည့်လိုက်တယ်။ ကောင်လေးက သူ့ရန်သူဖြစ်တဲ့ ရင်းဆုယဲ့အနားမှာသာ ရှိနေခဲ့လေတယ်။
ရင်းဝူရွှမ်ရဲ့ မျက်ဝန်းထဲ၌ လက်မခံနိုင်ခြင်း၊ အလျော့မပေးလိုခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်းတို့နဲ့ ပြည့်နှက်လာခဲ့တယ်။ နောက်ဆုံးတော့ ဘယ်အရာကိုမှ ပြောင်းလဲလို့မရနိုင်တော့ဘူး။ ထို့နောက် သူ့ရဲ့မျက်ဝန်းတွေက ခါးသီးတဲ့ ခံစားချက်တွေနဲ့အတူ မှိတ်ကျသွားတော့တယ်။
"မင်း.. ဝူရွှမ်ကို တကယ်သတ်ပစ်ခဲ့တယ်..?!"
သေဆုံးသွားတဲ့ ရင်းဝူရွှမ်ကိုကြည့်ပြီး ဟော်လင်းယွင်ရဲ့ အသိစိတ်တစ်ခုလုံး ပေါက်ကွဲထွက်သွားသလိုပဲ။ ရင်းဝူရွှမ်ကို အချိန်အတော်ကြာအောင် မသိချင်ယောင်ဆောင်ခဲ့ပေမယ့် သူ့ရဲ့သားအဖြစ် သတ်မှတ်ထားခဲ့ပြီးသား ဖြစ်တယ်။
ဒါပေမဲ့ အခုတော့ ရင်းဆုယဲ့က သတ်ပစ်လိုက်ပြီ..! အဖေတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်သည်းခံနိုင်ပါ့လဲ..?!
"သေသွားပြီလား..?"
ထိုစကားကို ကြားလိုက်ရတဲ့အချိန် ရင်းမင်လည်း စိတ်ရှုပ်ထွေးသွားရတယ်။
"ဟုတ်တယ်.. ရင်းဆုယဲ့ကြောင့် သေသွားပြီ..!"
ရင်းမင်က တွေဝေနေသော်ငြား ဟော်လင်းယွင်က‌တော့ ရင်းဆုယဲ့ကို ဆိုးဆိုးရွားရွား မုန်းတီးသွားခဲ့ချေပြီ..!
".............."
တစ်ဖက်မှာလည်း ရင်းဝူရွှမ်ဆိုတာ သူကိုယ်တိုင်ချစ်ခင်အလိုလိုက်ခဲ့တဲ့ သားအတု။ တခြားတစ်ဖက်မှာတော့ သားအရင်းဖြစ်ပေမယ့် ဘယ်တုန်းကမှ စိတ်ထဲမထည့်ခဲ့ဖူးတဲ့ ရင်းဆုယဲ့။ ထို့ကြောင့် ရင်းမင်ရဲ့စိတ်က အသိစိတ်လွတ်သွားရသလို ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့တယ်။
"ရင်းဝူရွှမ်က သေသင့်တယ်..!"
ရင်းဆုယဲ့ရဲ့အသံက ရင်းဝူရွှမ်အပေါ် ရွံရှာစက်ဆုပ်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
"..............."
ရင်းဆုယဲ့မှာ သေခြင်းတရားကို ကိုယ်တိုင်တောင်းဆိုရတဲ့အထိ ရက်စက်ဆိုးဝါးတဲ့ နှိပ်စက်နည်းတွေ အများကြီးရှိတယ်။ အဲတာကြောင့် ရင်းဝူရွှမ်ကို အခုလိုရိုးရှင်းတဲ့ နည်းလမ်းနဲ့ မသတ်ချင်ခဲ့ဘူး။ ဟော်လင်းယွင်ကို မျက်လုံးထဲမထည့်သလို ရင်းမင်ကိုလည်း ဂရုမစိုက်ပေမယ့် သူ့ဘေးမှာရှိနေတဲ့ ကောင်လေးက သွေးထွက်သံယိုမြင်ကွင်းမျိုးကို မနှစ်မြို့ဘူးလေ။ ထို့ကြောင့် ရင်းဝူရွှမ်ကို ယခုကဲ့သို့သော ရိုးရှင်းသည့်နည်းလမ်းမျိုးဖြင့် မသတ်ဖြတ်ချင်ခဲ့ပေ။
ဒီကောင်ငယ်လေး သူ့အနားရှိနေရင် အရာအားလုံးအတွက် လုံလောက်ပြီ..!
"မင်းသေလိုက်တော့..!"
ရင်းဆုယဲ့က ဒီလောက်အထိ မောက်မာထောင်လွှားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အခုတော့ သူ့ရဲ့ဒေါသကို အောင်အောင်မြင်မြင် ဆွနိုင်ခဲ့ပြီ..!
ဟော်လင်းယွင်က ပြောရင်းဆိုရင်း သူ့ရဲ့ဝိဉာဉ်စွမ်းအာကို စုစည်းလိုက်ကာ ရင်းဆုယဲ့ကို တိုက်ခိုက်လိုက်တယ်။ ရင်းဝူရွှမ်အတွက် လက်စားချေချင်ရုံသာမက၊ ရင်းဝူရွှမ်ရဲ့ နောက်ဆုံးဆန္ဒကိုလည်း ဖြည့်ဆည်းပေးချင်မိတယ်။ ကိုယ်တိုင်သတ်ဖြတ်ခဲ့တဲ့ ရင်းဆုယဲ့အစား အမှန်တရားကို ဖော်ထုတ်ခဲ့တဲ့ သွယ်ဝိုက်လူသတ်သမား ရွှယ်ယို့ရှန်းကို ဟော်လင်းယွင်က ပိုပြီးမုန်းတီးနေခဲ့တယ်။ သူ့ရဲ့ နှစ်လရှည်ကြာ စီစဉ်ထားခဲ့ရတဲ့ အကြံအစည်တွေအားလုံးက ဒီကလေးရဲ့စကားတစ်ခွန်းတည်းကြောင့် ပျက်စီးသွားခဲ့ရပြီ..!
သူ့ရဲ့သားဖြစ်သူကို မကာကွယ်နိုင်ခဲ့ရုံသာမက ဒီကိစ္စကြောင့် ရင်းမိသားစုနဲ့ ဟော်မိသားစုကြားမှာ ရန်ငြိုးရန်စတွေ ပေါက်ဖွားလာခဲ့ရပြီ။
ထိုအတွက်ကြောင့် ဟော်လင်းယွင်က ရွှယ်ယို့ရှန်းကို မုန်းတီးနေတော့တယ်။ ထို့အပြင် သားဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဟော်လင်းယွင်က ရွှယ်ယို့ရှန်းကို ဖမ်းဆီးလိုခဲ့တယ်။ သို့မှသာ ထိုကလေးကို သူ့ရဲ့သားလေးနဲ့အတူ မြေအောက်ကမ္ဘာအထိ အဖော်ထည့်ပေးလို့ရမှာပေါ့..!
စိတ်တိုနေပေမယ့် ဟော်လင်းယွင်ရဲ့ အမူအရာက တည်ငြိမ်နေတုန်းပဲ။ ရွှယ်ယို့ရှန်းကို ဖမ်းဆီးနိုင်ဖို့ဆိုရင် သူ့ကို ကာကွယ်ပေးနေတဲ့ ရင်းဆုယဲ့ကို ရှောင်ရှားနိုင်မှဖြစ်မယ်..! ထို့ကြောင့် ရင်းဆုယဲ့ကို ဟန်ပြတိုက်ခိုက်လိုက်ပြီး သူ့ရဲ့ဦးတည်ချက်ကို ရွှယ်ယို့ရှန်းဘက်သို့ နောက်ဆုံးစက္ကန့်ပိုင်းမှာ ပြောင်းလဲပစ်လိုက်တယ်။
"............."
ဟော်လင်းယွင်ရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသော်ငြား ရွှယ်ယို့ရှန်းတစ်ယောက် ပျာယာခတ်မနေဘူး။ ပြီးတော့လည်း အထူးတလည် တုံ့ပြန်မှုမရှိခဲ့ဘူး။
ရင်းဆုယဲ့သာ သူ့အနားရှိနေသရွေ့ သူ့ရဲ့အသက်က အလုံခြုံဆုံးပဲ..!
ရင်းဆုယဲ့ကို ချွင်းချက်မရှိ ယုံကြည်နေခဲ့တယ်။ သို့သော်လည်း 'ဘာမှမလုပ်ပဲ အရိုက်ခံရတယ်' ထိုအခြေအနေမျိုး ထပ်မံကြုံတွေ့ပြန်တာကြောင့် ရွှယ်ယို့ရှန်းရဲ့စိတ်ထဲ ခံစားသွားရတယ်။
ဘယ်လိုဖြစ်လို့ ဒီလိုမျိုး ထပ်ဖြစ်ရပြန်တာလဲ..? ငါမပျော်တော့ဘူးဟေး..! သူ့ရဲ့ဘယ်ဘက်ပါးပေါ်မှာ "အရမ်း"ဆိုတဲ့စာလုံးကို ရေးထားပြီး သူ့ရဲ့ညာဘက်ပါးပေါ်မှာ "ပျော့ညံတယ်" လို့ ရေးထားလို့များလား..? အဲ့တာကြောင့် လူတိုင်းက သူ့ကိုပျော့ညံ့တယ်လို့ ထင်နေကြတာလား..? မဟုတ်ရင် လူတိုင်းက ဘာလို့ သူ့ကိုပစ်မှတ်ထားနေရတာလဲ..? လူတစ်ယောက်ကို ဒီလိုမျိုးဆက်ဆံတာ မကောင်းပါဘူးဟေ့..!
"သေချင်နေတာပဲ..!"
ရင်းဆုယဲ့က အူကြောင်ကြောင်ကြည့်နေတဲ့ ကောင်လေးကို သူ့ရဲ့ရင်ခွင်ထဲ ချက်ချင်း ဆွဲသွင်းပစ်လိုက်တယ်။
ဟော်လင်းယွင်က သူ့ကိုတိုက်ခိုက်လာခဲ့ရင် ဘာမှဖြစ်မှာမဟုတ်ဘူး။ အခုတော့ သူက ရွှယ်ယို့ရှန်းကို ပစ်မှတ်ထားလာခဲ့ပြီ။ ရင်းဆုယဲ့ရဲ့ အရောင်ကွဲမျက်ဝန်းအစုံက ရုတ်ချည်းဆိုသလို သွေးနီရောင်တောက်ပလာခဲ့တယ်။ သူ့ရဲ့နှလုံးသားထဲမှ ရူးသွပ်ခြင်းတွေက ထိန်းချုပ်လို့မရအောင် ပေါက်ကွဲလာခဲ့တော့တယ်။
ကောင်လေးကို ထိခိုက်အောင်လုပ်တဲ့လူတိုင်း သေရမယ်..!
…………………………………….
Zawgyi
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ကျုပ်က ဟော်လင်းယွင်ရဲ့သားမဟုတ်ဘူး..!”
အမှိုက်ဖြစ်သွားပြီဆိုတဲ့ ရက်စက်လွန်းတဲ့ အမှန်တရားကြောင့် အသိစိတ်လွတ်နေခဲ့တဲ့ ရင်းဝူရွှမ်ခမျာ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘာဖြစ်လို့ဖြစ်နေကြမှန်း သတိမပြုမိခဲ့ဘူး။ အလင်းတန်းတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ထဲကို ရုတ်တရက် ဝင်ရောက်လာပြီး ဟော်လင်းယွင်နဲ့ သွေးချင်းဆက်သွယ်မှုကို ခံစားလိုက်ရတော့မှ အခြေအနေတွေကို သတိပြုမိလိုက်တော့တယ်။
အစောပိုင်းကတော့ သူက ရင်းမင်ရဲ့သားအရင်းမဟုတ်ဘူးဆိုတဲ့ စကားကို စိတ်ထဲမထားခဲ့ဘူး။ သိသာစွာပဲ ရွှယ်ယို့ရှန်းဆိုတဲ့ ကလေးငယ်က ရင်းဆုယဲ့ရဲ့ ဘက်တော်သားဖြစ်တာကြောင့် သူ့အကြောင်းကို သွားပုတ်လေလွင့်လျှောက်ပြောနေတာလို့ ထင်နေခဲ့တယ်။ သို့သော်ငြား ထူးဆန်းတဲ့ အလင်းတန်းကြောင့် ဟော်လင်းယွင်နဲ့ သွေးသားဆက်စပ်မှုကို ခံစားလိုက်ရတဲ့အချိန် ရင်းဝူရွှမ်လည်း ထိတ်လန့်တုန်လှုပ်သွားရပြီး ထအော်လိုက်မိတယ်။
“ပါးစပ်ပိတ်ထား..!”
ရင်းမင်တစ်ယောက် စိတ်မထိန်းနိုင်လောက်အောင် ဒေါသူပုန်ထနေချေပြီ။
ဟော်လင်းယွင်နဲ့ ချန်းရုန်ယန်က နှစ်ပေါင်းများစွာကြာအောင် သူ့ကို လှည့်စားခဲ့ရုံတင်မကဘူး၊ သူတို့ရဲ့ သားဖြစ်သူကိုလည်း ပြုစုစောင့်ရှောက်ခိုင်းခဲ့တယ်..! ဒီ ‘ဦးထုပ်စိမ်း’ကြီးကတော အရမ်းကြီးမားလွန်းသွားပြီ..! ဒီမျိုးမစစ် ခွေးဇာတ်ခင်းတဲ့ဟာတွေကတော့..!
အစတုန်းက ဒီကိစ္စကြီးတစ်ခုလုံးကို ရင်းဆုယဲ့ ဖန်တီးထားတာလို့ ရင်းမင်က သံသယဝင်နေခဲ့တယ်။ သူနဲ့ ဟော်လင်းယွင်ကို ရန်တိုက်ပေးပြီး ရင်းမိသားစုနဲ့ ဟော်မိသားစုကို လက်စားချေချင်နေတာလို့ပေါ့။ သို့သော်ငြား တချို့လုပ်ကြံဖန်တီးလို့မရတဲ့ အကြောင်းအရာတွေ ပါဝင်လာခဲ့ချေပြီ။
ရွှယ်ယို့ရှန်းရဲ့ စွမ်းရည်က ရှေးဟောင်းစာအုပ်တွေထဲက ရေးသားချက်တွေနဲ့ တူညီနေတာကို အသာထားဦး။ ဒီကလေးပြုလုပ်ခဲ့တဲ့ သွေးသားစစ်ဆေးနည်းက တချို့စက်ပစ္စည်းတွေလို ယန္တရားပညာနဲ့ အတုလုပ်လို့ရတဲ့ အရာမျိုးမဟုတ်ဘူး။ ဒီအခြေအနေအထိ အမှားအမှန်မခွဲခြားနိုင်သေးရင် သူ့ရဲ့ဘဝတစ်ခုလုံးဟာ အလကားအချိန်ကုန်ခဲ့ရသလို ဖြစ်သွားတော့မှာပေါ့..!
အရာအားလုံးကို စဉ်းဆင်ဆင်ခြင်ပြီးနောက် ရင်းမင်လည်း ရွှယ်ယို့ရှန်း လိမ်ညာနေတာမဟုတ်မှန်း သဘောပေါက်သွားခဲ့တယ်။ ထို့ကြောင့် ရင်းဝူရွှမ်အပေါ် သူ့ရဲ့ဆက်ဆံပုံက လုံးလုံးလျားလျား ပြောင်းလဲသွားတော့တယ်။
“အဖေ.. ကျွန်တော့ကို မယုံတော့ဘူးလား..?!”
ရင်းဝူရွှမ်လည်း ရင်းမင်က မျက်စိတစ်မှိတ်စာအတွင်း သူ့ကိုပစ်ပယ်သွားလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့မိဘူး။ သူ့ရဲ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်။ သူ့ကို ရွံရှာစက်ဆုပ်စွာ စိုက်ကြည့်နေတဲ့လူက ငယ်ငယ်လေးထဲက ချော့မော့အလိုလိုက်ခဲ့တဲ့ သူ့ရဲ့ဖခင်ဆိုတာကို မယုံကြည်နိုင်အောင် ဖြစ်နေတော့တယ်။
ရင်းဆုယဲ့သာ သူ့ကို ဒါဏ်ရာရအောင် မလုပ်ခဲ့ဘူးဆိုရင် ပြေးပြီးမေးပစ်လိုက်ပြီ။ အခုတော့ သူ့ရဲ့ဒဏ်ရာကြောင့် မြေပြင်ပေါ်မှာ သနားစဖွယ်လဲလျောင်းရင်း နှစ် ၂၀ ကျော်ခန့် ‘အဖေ’ ခေါ်ခဲ့ရတဲ့ ထိုလူကြီးကိုသာ စိတ်အားငယ်စွာ ငေးကြည့်နေမိတော့တယ်။
“မယုံသေးဘူးဆိုရင်လည်း တခြားနည်းလမ်းတွေနဲ့ သက်သေပြလို့ ရသေးတယ်နော်.. အချိန်တော့ နည်းနည်းလိုတာပေါ့..”
ရင်းမင်ရဲ့ မည်းမှောင်နေတဲ့ မျက်နှာထားနဲ့ ဝိဉာဉ်မဲ့သူလိုဖြစ်နေတဲ့ ရင်းဝူရွှမ်ကိုကြည့်ပြီး ရွှယ်ယို့ရှန်းတစ်ယောက် စိတ်ပျော်ရွှင်နေတော့တယ်။
ကြည့်ရတာ ရင်းဝူရွှမ်က ပိုပြီးသိသာတဲ့ သက်သေမရသရွေ့ အလျော့ပေးမယ့်ပုံမပေါ်ဘူး။ အဲ့တော့ ဒီလူတွေအကုန်လုံး မြေပြင်ပေါ်မှောက်သွားတဲ့အထိ ဖိအားပေးရတော့မှာပေါ့..!
သွေးသားစစ်ဆေးခြင်းနှင့်ပတ်သက်ပြီး နည်းလမ်းများစွာရှိသော်လည်း ရွှယ်ယို့ရှန်းက အဆင်ပြေသက်သာတဲ့ အလွယ်ကူဆုံးနည်းလမ်းကို အသုံးပြုခဲ့တာ ဖြစ်တယ်။ ရင်းမင်လို ရင်းအိမ်တော်ရဲ့ ခေါင်းဆောင်ကြီးက သူသာအလိုရှိမယ်ဆိုရင် သွေးသားစစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းတွေအများကြီး ရှာဖွေကြည့်နိုင်တယ်။
ထိုအတွက်ကြောင့် ရွှယ်ယို့ရှန်းက ရင်းမင်ကို ပိုပြီးကြည့်မရဖြစ်နေတာပဲ။ ရင်းမင်က အတိတ်တုန်းက ချင်းရုန်ယန်ရဲ့ စကားကိုပဲ နားယောင်နေခဲ့ပြီး ရင်းဆုယဲ့က သူ့ရဲ့သားဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို အတည်မပြုမခဲ့ဘူး။ ဒီလို အာဏာရှင်ဆန်လွန်းတဲ့ အကျင့်စရိုက်ကြောင့် ရင်းဆုယဲ့ရဲ့ ငယ်ဘဝက နာကျင်မှုတွေနဲ့ ပြည့်နှက်ခဲ့ရတယ်။
“မလိုအပ်ဘူး..!”
ရင်းမင်က အနည်း စိတ်ထိန်းထားရဟန်နဲ့ ပြောလာခဲ့တယ်။
ဒါတွေအကုန်လုံးက ကိုယ့်ကိုယ်ကို ယုံကြည်လွန်းပြီး ချင်းရုန်ယန်ရဲ့ စကားကို နားယောင်ခဲ့မိလို့ပဲ။ သွေးသားအစစ် ဟုတ်မဟုတ်ဆိုတာ မစစ်ဆေးကြည့်မိခဲ့ဘူး။ အဲ့တာကြောင့်လည်း လက်ရှိအခြေအနေလို ပြန်လည်ပြင်ဆင်လို့မရတဲ့ကိစ္စတွေ ဖြစ်လာခဲ့ရတာပေါ့။
“ကိစ္စမရှိတော့ဘူးဆိုရင်လည်း ရင်းဆုယဲ့နဲ့ ကျွန်တော်က ခင်ဗျားတို့မိသားစုအရေးကို မနှောင့်ယှက်တော့ဘူးနော်.. သွားခွင့်ပြုပါဦး..!”
ရွှယ်ယို့ရှန်းက ပြောရင်းဆိုရင်း ရင်းဆုယဲ့ကို ဆွဲခေါ်ကာ ထွက်ခွာသွားရန် ပြင်လိုက်တယ်။
အခုချိန်က လစ်ထွက်လို့အကောင်းဆုံးအချိန်ပဲ..!  ရင်းဆုယဲ့လုပ်ခဲ့တဲ့ ကိစ္စတွေက ပေါ့သေးသေးမဟုတ်ဘူးလေ။ ဒီလူတွေအားလုံး ရုတ်တရက်ဆန်တဲ့ အမှန်တရားကြောင့် တွေဝေငေးမောနေတဲ့အချိန် ထွက်သွားမှဖြစ်မယ်။ မဟုတ်ရင် ထွက်သွားလို့ ရတော့မှာမဟုတ်ဘူး..!
“နေဦး..!”
ရင်းမင်က မသိစိတ်ရဲ့ အလိုအတိုင်း ရွှယ်ယို့ရှန်းနဲ့အတူ ထွက်ခွာသွားရန်ပြင်နေတဲ့ ရင်းဆုယဲ့ကို တားဆီးလိုက်တယ်။
“ဘာလုပ်ချင်သေးလို့လဲ..?”
ရွှယ်ယို့ရှန်းက ဘုဆတ်ဆတ် ပြန်မေးလိုက်တယ်။ သူရဲ့အစီအစဉ်ကို ရင်းမင်က ရိပ်မိသွားတာလား..? မဖြစ်နိုင်တာ..!
“ကျုပ်..”
ရင်းမင်က ရင်းဆုယဲ့ကို တားဆီးလိုက်သော်ငြား ဘာဆက်ပြောရမှန်းမသိ ဖြစ်နေတော့တယ်။
မန္တန်အစီအရင်ရဲ့ အကျိုးသက်ရောက်မှုက ပျက်ပြယ်သွားခဲ့ပြီ။ ထို့ကြောင့် သွေးရင်းဆက်စပ်မှုခံစားချက်ကို မခံစားရတော့သော်ငြား ရင်းဆုယဲ့က သူ့ရဲ့သွေးသားအရင်း ဖြစ်နေတယ်။ ဒါပေမဲ့ ၁၇ နှစ်တိုင်တိုင် ပစ်ပယ်ထားခဲ့တဲ့ သားဖြစ်သူကို မည်သို့မည်ပုံ ရင်ဆိုင်ရမှန်း မသိတော့ဘူး။
ထို့အပြင် ရင်းဆုယဲ့ကို သားအရင်းတစ်ယောက်လို မသတ်မှတ်ဖူးတာကြောင့် သူ့ရဲ့အပြုအမူကို ချက်ချင်းပြောင်းလဲပစ်ရန် အလွန်ခက်ခဲနေတော့တယ်။ သူ့ဆီမှာ သွေးသားအရင်းက ရင်းဆုယဲ့တစ်ယောက်သာ ရှိတော့ကြောင်း ထပ်စဉ်းစားမိလိုက်ပြန်တော့ ရင်းမင်ရဲ့ အမူအရာက ပိုမိုပျော့ပျောင်းလာခဲ့တယ်။
တစ်ဖက်မှာလည်း ရင်းဆုယဲ့က အိမ်တော်ရဲ့ ဘိုးဘေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက မီးနဲ့ရေလို ဖြစ်နေခဲ့ချေပြီ။
အခုအချိန်မှာသာ သူ့ရဲ့အပြုအမူကို ချက်ချင်းပြောင်းလဲပစ်လိုက်ရင် အိမ်တော်မှာရှိနေသေးတဲ့ တခြားလူတွေရဲ့ စိတ်ထဲမှာ သစ္စာဖောက်ခံလိုက်ရသလို ခံစားသွားကြလိမ့်မယ်။ ဒါပေမဲ့ ရင်းဆုယဲ့ရဲ့ စွမ်းအားအရှိန်အဝါအရ အဲ့ကိစ္စက သိပ်ပြီးစိတ်ပူစရာမလိုဘူး။ ရင်းဆုယဲ့သာ ရင်းအိမ်တော်အတွက် အလုပ်လုပ်ပေးချင်သရွေ့ သူ့ရဲ့စွမ်းရည်နဲ့ အင်အားက တခြားဘိုးဘေးတွေထက် သာလွန်နေဦးမှာပဲ..! အဲ့တာဆို ရင်းအိမ်တော်ရဲ့ဆုံးရှုံးနစ်နာမှုကို ပြန်လည်ဖာထေးပြီးသား ဖြစ်သွားလိမ့်မယ်..!
ကိုယ့်ကိုယ်ကို စိတ်ပြင်ဆင်ပြီးနောက် ရင်းမင်က အလွန်ချစ်မြတ်နိုးတဲ့ အမူအရာမျိုးဖြင့် ရင်းဆုယဲ့ကို ချော့မော့ရန် ပြင်ဆင်လိုက်လေတယ်။
“ခင်ဗျားနဲ့ကျုပ်ကြားမှာ ဘာမှပြောစရာမရှိဘူး..”
ရင်းဆုယဲ့က ရင်းမင်ကို စကားပြောခွင့်ပင် မပေးခဲ့ပါဘူး။ ရင်းမင်ပြောလိုတဲ့ စကားတွေကို ကြိုတင်ပိတ်​ပင်လိုက်ပြီး သူ့ရဲ့ငြင်းဆန်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တယ်။
“အဖေက မင်းရဲ့အဖေ မဖြစ်ထိုက်ဘူးဆိုတာကို ဝန်ခံပါတယ်.. အရင်တုန်းက မင်းကို ထိခိုက်စေခဲ့မိတယ်.. ဒါပေမဲ့ အဖေ့အမှားကို အဖေသိပါပြီ.. ယဲ့အာ.. အဖေ့ကို အခွင့်အရေးလေးတစ်ခုတော့ ပေးပါကွာ.. မင်းအတွက် ပြန်လည်ပေးဆပ်ပါရစေ..!”
ရင်းဆုယဲ့က ဘာမှမပြောတာကြောင့် ရင်းမင်က သူပြောလိုတဲ့ စကားတွေကို တရစပ်တည်း ပြောချလိုက်တော့တယ်။
“ပြန်ပေးဆပ်မယ်..? ဟမ့်.. နောက်ကျသွားပြီ..!”
ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေက အေးစက်စူးရှနေတော့တယ်။
ရင်းမင်က ‘အဖေနဲ့သား ချစ်ခြင်းမေတ္တာ’ပြဇာတ် ကပြလိုက်ရုံနဲ့ သူတို့ကြားက အမုန်းတရားတွေ၊ ရန်ငြိုးတွေအကုန်လုံးကို လျှော်ပစ်လို့ရနိုင်မယ်လို့ ထင်နေတာလား..? ထင်ယောင်ထင်မှား ဖြစ်နေတာပဲ..!
အရင်ဘဝတုန်းကလည်း ရင်းဝူရွှမ်က ဟော်လင်းယွင်ရဲ့ တရားမဝင်ကလေးဖြစ်ကြောင်း ရင်းမင် သိသွားတဲ့အချိန် ရင်းဆုယဲ့ကို လက်ရှိပုံစံအတိုင်း တောင်းပန်ခဲ့ဖူးတယ်။ သူ့ကိုခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ မိသားစုဆီကို ပြန်လာခဲ့ဖို့ တောင်းပန်ခဲ့တယ်။ ရင်းဆုယဲ့လည်း ရင်းအိမ်တော်ကို ပြန်သွားခဲ့ပြီး ရင်းအိမ်တော်အတွက် အများကြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း တခြားလူတွေရဲ့ စကားကြောင့် ရင်းမင်က သူ့ကိုပစ်ပယ်ခဲ့ပြန်တယ်။
ထိုအချိန်ကတည်းက သူနားလည်သွားခဲ့တယ်။ ရင်းမင်ရဲ့ မျက်လုံးထဲမှာ သွေးသားအရင်း၊ ဆက်သွယ်မှု၊ ခံစားချက် ဘာဆိုဘာမှမရှိဘူး။ သူ(ရင်းမင်)သိတာက အင်အားကြီးမားဖို့ တစ်ခုတည်းပဲ။ ထိုအချက်ကို သိသွားတဲ့အချိန်ကစပြီး သူ့ရဲ့ဘဝမှာ မိသားစုအချစ်ဆိုတာ ပျောက်ဆုံးသွားခဲ့ပြီ။ လုံးဝမမျှော်လင့်ထားတော့ဘူး..!
“မင်းလက်မခံချင်လည်း ငါက မင်းရဲ့အဖေပဲ.. ငါတို့သွေးကြောထဲမှာ တူညီတဲ့သွေးတွေ စီးဆင်းနေတယ်ဆိုတဲ့အချက်က ဘယ်တော့မှ မပြောင်းလဲသွားဘူး..!”
ဒီလောက်ကိုယ့်ကိုယ်ကိုနှိမ်ချပြီး ပြောနေတာအောင် ရင်းဆုယဲ့ဘက်က ဘာတုံ့ပြန်မှုမှမရှိတာကြောင့် ရင်းမင်လည်း မယုံကြည်နိုင်အောင် ဖြစ်သွားရတယ်။
“ရတာပေါ့..!” (ပြောင်းလဲလို့ရတာပေါ့..)
ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းထောင့်က ခနဲ့တဲ့တဲ့အပြုံးမျိုးနဲ့ ကော့ညွှတ်သွားခဲ့တယ်။
ကြီးမြတ်သောဘုရင်အဆင့်ကို ရောက်သွားခဲ့ရင် သူ့ရဲ့ခန္ဓာကိုယ်ကို လိုသလိုပြုပြင်နိုင်လိမ့်မယ်။ အဲ့အချိန်ရောက်ရင် သူ့ရဲ့ခန္ဓာကိုယ်၊ သွေးနဲ့အရိုးအကြော၊ အရာအားလုံးက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့အလိုကျ ပြောင်းလဲသွားမှာပဲ။ အဲ့တာဆိုရင် ရင်းမင်ကို ထပ်ပြီးငဲ့ညှာနေစရာ အကြောင်းမရှိတော့ဘူး..!
“………….”
ပထမဆုံးအကြိမ်အဖြစ် ရင်းဆုယဲ့က သူပစ်ပယ်ဖူးခဲ့တဲ့ အနိုင်ကျင့်ခံမဟုတ်တော့ဘဲ အမှန်တကယ် စွမ်းအားကြီးမြတ်သူဖြစ်ကြောင်း ရင်းမင်တစ်ယောက် ခံစားလိုက်ရတယ်။
“သွားကြရအောင်..”
သူ့အပေါ်မှီထားတဲ့ ကောင်ငယ်လေးကို ငုံ့ကြည့်ရင်း ရင်းဆုယဲ့ရဲ့ စိတ်အခြေအနေက အလိုလို ပျော့ပျောင်းလာခဲ့တယ်။
“ကောင်းပြီ..”
ရွှယ်ယို့ရှန်းက လက်ဆန့်ထုတ်လိုက်ပြီး ရင်းဆုယဲ့ရဲ့ ကြီးမားကျယ်ပြန့်တဲ့ လက်ဖဝါးပြင်ကို ဆုပ်ကိုင်လိုက်တယ်။ အားပေးနှစ်သိမ့်လိုတဲ့ ထိုအပြုအမူက ရင်းဆုယဲ့ကို တစ်ကမ္ဘာလုံးက ပစ်ပယ်ထားခဲ့ရင်တောင် ရင်းဆုယဲ့ရဲ့ဘေးနားမှာ သူရှိနေပေးပါ့မယ်လို့ ပြောနေသယောင်။
ရင်းဆုယဲ့လည်း ရွှယ်ယို့ရှန်းရဲ့လက်ကို တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်လိုက်တယ်။ ထိုတစ်ခဏ သူ့ရဲ့စိတ်အခြေအနေက အနည်းငယ် ပေါ့ပါးသွားခဲ့တယ်။ ဒီခံစားချက်က ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ။
“မင်းတို့ ထွက်သွားလို့မရဘူး..!”
သူ့ကိုနာကျင်အောင်လုပ်ပြီး ထွက်ခွာသွားတော့မယ့် ရင်းဆုယဲ့ကိုကြည့်ရင်း ရင်းဝူရွှမ်တစ်ယောက် အလိုမကျဖြစ်နေတော့တယ်။ သူ့ကို လျစ်လျူရှုထားတဲ့ ရင်းမင်ကို လှည့်ကြည့်မိလိုက်တော့ သူက ရင်းမင်ရဲ့သားမဟုတ်တော့မှန်း သတိရလိုက်တယ်။ ရင်းမင်ရဲ့ ပစ်ပယ်မှုကို ခံလိုက်ရတာကြောင့် ဟော်လင်းယွင်ဘက်လှည့်ကာ ပြောလိုက်တယ်။
“ဟော်လင်းယွင်.. ခင်ဗျားက ကျုပ်ရဲ့သွေးရင်းအဖေဆိုတော့ ကျုပ်အတွက် သူတို့ကိုတားပေး..!”
ကယောင်ချောက်ချားဖြစ်နေတဲ့ ရင်းဝူရွှမ်မှာ ဆင်ခြင်တုံတရား ပျောက်ကွယ်သွားလေပြီ။ သူ့ကို ထိခိုက်အောင်လုပ်ခဲ့တဲ့ ရင်းဆုယဲ့ကို အလွယ်တကူ လွတ်မြောက်ခွင့်မပေးချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းသာ ရှိတော့တယ်။
သူ့ကိုလုပ်ခဲ့တဲ့အရာတွေအတွက် ရင်းဆုယဲ့လည်း ပြန်ပေးဆပ်ရမယ်..! ရင်းဆုယဲ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ရင်းအိမ်တော်ရဲ့ ဆက်ခံသူအနေနဲ့ သက်သောင့်သက်သာ နေရမှာ၊ တရားမဝင်ကလေးဆိုတာမျိုးလည်း ဖြစ်လာတော့မှာမဟုတ်ဘူး..!
ရင်းဆုယဲ့နံဘေးက ကောင်ငယ်လေးကို စိုက်ကြည့်နေရင်း ရင်းဝူရွှမ်ရဲ့ မျက်လုံးတွေထဲမှာ ပိုင်ဆိုင်လိုစိတ်တွေ တဖွားဖွား ပေါ်ပေါက်လာခဲ့တယ်။ ကောင်းတဲ့စိတ်နှင့် မကောင်းတဲ့စိတ် လွန်ဆွဲခဲ့ပြီးနောက် ရင်းဝူရွှမ်က သူ့နှလုံးသားထဲက လိုလားတောင့်တချက်ကို ထုတ်ဖော်ပြောလိုက်တယ်။
…………………………………….
Continue Reading
You'll Also Like
23.5K 964 4
Growl company ရဲ့သူဌေးဖြစ်တဲ့ Oh Sehun နဲ့ Growl company ကိုအလုပ်လာလျှောက်တဲ့ သာမန်မိန်းကလေးတစ်ဦးဖြစ်တဲ့ LuHan
227K 25K 87
748K 32.7K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...