အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်

By tadaa-j

2K 212 127

အဝါရောင် နာကျင်ခြင်းများ More

သတိပေးချက်
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၂
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၃
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၄
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၅
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၆
အဝါရောင်ဒဏ်ရာ - ၇
အဝါရောင်ဒဏ်ရာ - ၈
အဝါရောင်ဒဏ်ရာ - ၉
အဝါရောင်ဒဏ်ရာ - ၁၀
အဝါရောင်ဒဏ်ရာ - ၁၁
အဝါရောင်ဒဏ်ရာ - ၁၂
အဝါရောင်ဒဏ်ရာ - ၁၃
အဝါရောင်ဒဏ်ရာ - ၁၄
အဝါရောင်ဒဏ်ရာ - ၁၅
အဝါရောင်ဒဏ်ရာ - ၁၆

အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၁

449 34 20
By tadaa-j


မြင်ကွင်းများ..။

မြင်ကွင်းများ အားလုံးသည် အနိဋ္ဌာရုံများဖြင့် ပြည့်နှက်နေသည်..။

ကားမှန်ကနေတစ်ဆင့်မြင်နေခဲ့ရတဲ့ မြင်ကွင်းတွေမှာ သွေးများ... တစစီဖြစ်နေခဲ့သော ခန္ဓာအစိတ်အပိုင်းများ..။

နေ့ခင်းကြောင်တောင်ထဲ ဖွင့်ထားခဲ့သော ကားရှေ့မီးများ..။

တစ်ဦးနှင့်တစ်ဦး ခုတ်ထစ်သတ်ဖြတ်နေကြခြင်းများ..။

ပြာမှုန့်များ..။ မြင်နေခဲ့ရသည့် ကားရှေ့အဖုံးမှ မီးခိုးငွေ့များ..။ ပြေးလွှားနေကြသူများ..။

သူ့ဘဝသည် ချက်ချင်းပြိုဆင်းသွားသလို ခံစားလိုက်ရသည်..။

"သားငယ်.. သားငယ်... သားငယ်ရယ်.."

တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားခဲ့တဲ့ သုံးနှစ်အရွယ်ကောင်လေးဟာ လက်မောင်းတွေကြားမှာ ပျော့ခွေလို့နေဆဲ..။

ဆို့နင့်ပြည့်တက်လာသော နှလုံးသားဟာ လည်ချောင်းဝမှာ နင်နေပြီး သည်းအူမှာ ပူဆွေးလောင်မြိုက်နေသလို ခံစားခဲ့ရသည်..။

"အား..!"

သိမ့်ခနဲတုန်သွားသော ကားခန္ဓာကိုယ်အပေါ်ပိုင်းကြောင့် ဧကမာန်ဦးမှာ သတိလက်လွတ်အော်ဟစ်လိုက်မိသည်..။

တစ်ခုခုဆို အသည်းအသန် မျက်မှန်ကို စမ်းပြီး ရှာရသည်..။ ရှာတွေ့တော့လည်း ဘယ်ဘက်မှန်မှာ အောက်နားက အက်နေ၏..။ နားထဲတွင် တဝီဝီမြည်ကာ လေတွေထွက်နေသည်ကိုလည်း ကြားရသည်..။ နားထင်မှ သွေးစီးကြောင်းတစ်ကြောင်းစီးကျနေပြီး ခေါင်းများမှာ ဒေါင်ချာစိုင်းအောင် မူးနေသည်..။

အရာအားလုံးကို နားလည်ဖို့လည်း ခက်နေ၏..။ 'လေထုထဲတွင် အဆိပ်သင့်ဓာတ်ငွေ့တစ်မျိုး မတော်တဆ ပေါက်ကွဲထွက် လွင့်ပျံနေ' ဟူသော ခေါင်းစီးပိုင်းသတင်းများ အရေးပေါ်ကြားဖြတ်သတင်းများ ကြေညာချက်များအလွန် နောက်ထပ်ခုနှစ်ရက်မြောက်တွင် လူများ အားလုံး ရုန့်ရင်းခတ် သတိစိတ်လွတ်ကုန်သည်..။ ကြမ်းတမ်းကြကုန်သည်..။ သွေးထွက်သံယိုမြင်ကွင်းနှင့် ဖြစ်ရပ်များသာ နေရာတိုင်းတွင် ပြည့်နှက်ကြကုန်၏..။

ရှိရှိသမျှ လူတို့သည် ရုတ်ချည်းကြမ်းတမ်းကြကုန်သည်..။ သို့မဟုတ် တစ်ချို့သူများက ရုတ်ချည်းအားနည်းကာ လဲသေကြကုန်၏..။ တစ်ချို့ကတော့ မကူးစက်ကုန်ကြသေး..။

အရာအားလုံးနှင့် ပတ်ဝန်းကျင်တစ်ခွင်လုံး အုတ်သော်အောင်းနင်းဖြစ်နေကုန်ကြသည်မှာ လူသားမျိုးနွယ်ရဲ့ ကျဆုံးခန်းပင် ဖြစ်လောက်တော့သည်..။

ဤနှုန်းအတိုင်းသာ အချင်းချင်း သတ်ဖြတ်နေကြပါက ရက်သတ္တပတ်နှစ်ခုမှ သုံးခုအတွင်း ကမ္ဘာပေါ်တွင် ရှိရှိသမျှ လူများအားလုံး မျိုးသုဉ်းသွားနိုင်ခြေပင် ဖြစ်တော့၏..။

"ဒုန်း..!!!"

အလုံပိတ်ကားခေါင်မိုးပေါ်မှ နောက်တစ်ကြိမ်ထွက်လာပြန်သော ထုရိုက်သံနှင့် ချိုင့်ဝင်လာသော ကားခေါင်မိုးကိုကြည့်ရင်း ဧကသည်ပင် သည်းခြေပျက် တုန်လှုပ်စပြုလာလေပြီ..။

"အားးး..!!!"

"ကျွန်မကို..ကယ်..ပါ..ဦး.."

ကားမှန်ဘေးတွင် ဘတ်ခနဲ လာကပ်သော လက်ဖဝါးတစ်ဖက်ကို အလန့်တကြား လှည့်ကြည့်လိုက်မိချိန် ဧကမာန်ဦးမှာ အသက်ကိုရှိုက်ပြီးရှူနေရတာ တက်တော့မတတ်ချက်တော့မတတ်တောင် ဖြစ်နေချေပြီ..။

"ခင်ဗျား...အဆင်ပြေရဲ့လား.."

ဧကသည် လက်ထဲတွင် အေးစက်ပျော့ခွေနေပြီဖြစ်သော သားဖြစ်သူကို တင်းတင်းပွေ့လိုက်ရင်း ကားတံခါးမှ လော့ခ်ဆီသို့ လက်လှမ်းလိုက်မိသည်..။

သို့သော်..။ သူပင် အပြင်သို့ မရောက်လိုက်သေးခင်မှာပဲ တစ်ဦးတစ်ယောက်သည် ထိုအမျိုးသမီး၏ ဦးခေါင်းခွံအား လက်ချည်းဗလာဖြင့် ထိုးခွဲပစ်လိုက်ပါ၏..။

"..."

ဧကမာန်ဦးသည် တုန်လှုပ်ချောက်ခြားကာနေသည်မှာ အသံပင်မထွက်ဝံ့..။ နှုတ်ခမ်းပေါ် ဖိအုပ်ထားသည့် လက်ဖဝါးတို့သည် သွေးချင်းချင်းနီနေ၏..။ သူ့ရင်ဘတ်အစုံသည်လည်း နိမ့်တုံမြင့်တုံ ရိုက်ခတ်လို့နေသည်..။

ကားပြတင်းမှန်ပေါ်တွင် ထိုအမျိုးသမီး၏ ဉီးဏှောက်အစိတ်အပိုင်းအစများနှင့်သွေးများက လွင့်စင်ကာ တင်ကျန်နေခဲ့သည်...။ သူသည် ထိုအရာများကို ရှင်းရှင်းလင်းလင်း နီးနီးကပ်ကပ် မြင်နေခဲ့ရ၏..။ ပြတင်းမှန်သာ ပိတ်မထားခဲ့မိပါက သူ့မျက်နှာသို့ တိုက်ရိုက်လာစင်နိုင်သည့် ဖြစ်နိုင်ခြေကြောင့် ပိုလို့တောင် ခြောက်ခြားသွားရသည်..။

"အား..!!!"

ကားခေါင်မိုးသည် နောက်ထပ်ပိုပြီး ချိုင့်ဝင်လာခဲ့သည်..။ အမိုးပေါ်တွင် တစ်ယောက်ယောက်က မတ်တပ်ရပ်ပြီး တစ်စုံတစ်ခုခုနှင့် ထုရိုက်နေသည်ဟုလည်း ခံစားရမိသည်..။

ဧကသည် လက်ထဲမှ သားငယ်အား ဘေးထိုင်ခုံတွင် နေရာချလိုက်ပြီး ကားစက်နှိုးသည့် ခလုတ်ကို ပြင်းပြင်းထန်ထန် ဆက်တိုက်ဖိကာနှိပ်မိ၏..။ ကားသည် ချက်ချင်းဆိုသလိုပင် စက်နိုးလာခဲ့သည်..။ သို့သော် ထိုကားစက်နှိုးသံကြောင့်ပဲ ပြင်းပြင်းထန်ထန် ရန်နေလိုဟန်ရှိသည့် တစ်စုံတစ်ဦးသည် ကားဆီသို့ ပြေးလာနေသည်ကို ကွဲကာနေသောပြတင်းမှတစ်ဆင့် မြင်နေရ၏..။

ရှေ့က ကားလမ်းသည်ကား မရှင်းလင်း..။ လူများနှင့်..။ ကားများဖြင့် ပိတ်ကာနေသည်..။ သို့သော် မသွားရွေ့တော့ မရ၍ မဟုတ်..။

ကားကို ခန္ဓာဖြင့် ဝင်တိုက်လိုက်သံ ဒုန်းခနဲ မြည်လာသည်..။ ကား၏ ကိုယ်ထည်မှာ သိမ့်ခနဲ တုန်သွား၏..။ ခေါင်မိုးပေါ်တွင် ရှိနေနှင့်သည့် တစ်ယောက်ယောက်သည် လွင့်စင်ကျသွားဟန်ပင်ရှိသည်..။ တစ်ဆက်တည်းမှာပင် အတန်ငယ်မျှ ကွဲကာနေသည့် ကားမှန်တံခါးအား ရိုက်ခွဲပစ်လိုက်သံ ခွမ်းခနဲ မြည်လာပြန်၏..။

"ဟင့်အင်း..မလုပ်နဲ့..။ ကျေးဇူးပြုပြီး သူ့ကို မလုပ်ပါနဲ့..!!"

ဘေးဘက်ထိုင်ခုံမှ ပျော့ခွေနေသည့် ကလေး၏ ခန္ဓာကိုယ်သည် ကားအပြင်ဘက်မှ လက်တစ်ဖက်၏ ကြမ်းကြမ်းတမ်းတမ်း ဆွဲထုတ်သွားမှုနှင့် ကားအတွင်းပိုင်းမှ ကျားကုတ်ကျားခဲ ဆွဲထားခံရမှုများအကြား ယိမ်းထိုးကာနေသည်..။

ဧကသည် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိ...။ ကား၏ ဂီယာကို လျင်မြန်စွာ ပြောင်းကာ လီဗာကို နင်းနိုင်သမျှ အရှိန်ကုန်အောင် နင်းချမိခဲ့၍ မြင်မြင်သမျှ အားလုံးကို ဖြတ်တိုက် ကြိတ်ဖြတ်ကာ မောင်းနှင် ထွက်ပြေးခဲ့မိတော့၏..။

ထိုမြင်မြင်သမျှ ရက်ရက်စက်စက် တက်ကြိတ်ကာ မောင်းနှင်ခဲ့သောဘီးများ၏ အောက်တွင် ရှင်သန်နေသော လူခန္ဓာများလည်း အပါအဝင်ပင် ဖြစ်ချေတော့သည်..။

________________

အရာအားလုံးသည် ခက်ခဲခဲ့သည်..။ မည်းမှောင်နေခဲ့၏..။

မြို့ပြသည် ခြောက်ခြားဖွယ်..။ တချို့သော နေရာများတွင် တိတ်ဆိတ်ကာနေ၏..။ တချို့သောနေရာများတွင် ရုန့်ရင်းဆန်ခတ်..။ ဝရုန်းသုန်းကား..။ အပြေးအလွှား..။

ရှင်ကျန်သူများသည် မြို့ပြများတွင် မနေဝံ့ကြ..။ မြို့ပြများသည် လူဦးရေ ထူထပ်သည်..။ အဆိပ်သင့်ဓာတ်ငွေ့သည် လူမှလူကို ကူးစက်တတ်သည်လား မကူးစက်တတ်သည်လား မသေချာ..။ အဖြေရှာစရာ ကြေညာချက်ထုတ်စရာ လူမှ ကျန်သေးပါရဲ့လားလည်း မသေချာ..။

ဖုန်းလိုင်းများ မရတော့..။ လျှပ်စစ်မီးများသည်လည်း ရနေသေးသည့်နေရာများက ရသေးသည်..။ လုံးဝ မရသည့်နေရာများကား မရတော့..။

ကုန်ထုတ်လုပ်မှုများ ရပ်တန့်သွားခဲ့ပြီ..။ အစားအသောက်နှင့် အသား ငါး..၊ ဆေးဝါး ဖြန့်ချီမှုများမှာလည်း လည်ပတ်မှု မရှိတော့..။

တကယ်ကို ဘာဆိုဘာမှ မသေချာသော အခြေအနေများတွင် မြို့ပြ အလုံပိတ်တိုက်ခန်းများတွင် နေကြရမည့်အစား ရှင်ကျန်သူများသည် တောတောင်ထဲတွင် ပုန်းခိုကာ နေကြရ၏..။ ရတစ်ချက် မရတစ်ချက် ရေဒီယိုများဖြင့်သာ ဆက်သွယ်ကြရ၏..။ ဓာတ်ငွေ့အကာ မျက်နှာဖုံးများကို အမြဲ ဝတ်ဆင်ထားကြရသည်..။

"ရှူး..."

ထိပ်ဖျားတွင် ချွန်မြနေအောင် လှီးဖြတ်ခုတ်ထစ်ထားသည့် ဘေ့စ်ဘောတုတ်သဏ္ဍာန်လက်ကိုင်နှင့် သစ်သားချောင်းကို တင်းတင်းဆုပ်ရင်း အချက်ပြသည်ကို ဧက ခေါင်းညိတ်ပြလိုက်သည်..။

သုံးဆယ့်နှစ်ရက်မြောက်သောနေ့ပင်ဖြစ်သည်..။ ရှင်ကျန်သူများသည် ရေအရင်းအမြစ်များနှင့် ရိက္ခာရှာဖွေရလွယ်ကူသည့်နေရာများကို ရှာဖွေကာ ပုန်းရှောင် နေထိုင်ကြရ၏..။

လူသားများသည် လူသားများ၏ ရန်ကြောင့်ပဲ အလုံးစုံ ပျက်သုန်းရချေတော့သည်..။

______________

နီးစပ်ရာ တောရွာများမှ သို့မဟုတ် ဘယ်နေရာကမှန်းမသိ လွတ်မြောက်လာသော အိမ်မွေးဝက်တစ်ကောင်သည် ဧကနှင့် ရှင်ကျန်သူတစ်ချို့ ပြီးစလွယ်ပင် ချည်နှောင်ထားခဲ့သော ကျော့ကွင်းတွင် အသည်းအသန် ရုန်းကန်လို့နေသည်..။ အိမ်မွေးဝက်မှာ သန်လှ၏..။ အော်မြည်နေသံများမှာလည်း နားမခံသာအောင် ညံလို့နေသည်..။

သူနှင့်ပါလာသည့် တာဝန်ကျအမဲလိုက်အဖွဲ့သည် စုစုပေါင်းမှ သုံးယောက်ပင်ဖြစ်သည်..။

ဝက်ကို သတ်ဖို့မပြောနှင့်..။ မည်သူကမှ အနားပင် မကပ်ဝံ့..။

"ငါ လုပ်မယ်.."

စေတနာ့ဝန်ထမ်းအဖြစ် ထွက်ပေါ်လာသူရှိသည့်နောက်တွင် ဧကလည်း နောက်သို့ ဆုတ်လိုက်သည်..။

ဤနေရာတွင် မည်သူကမှ လူကောင်းဖြစ်ဖို့ ကြိုးစားမနေချင်..။ ရှင်ကျန်သူများသည် အခြားသူများကို သတ်ခဲ့ရ၏..။ တချို့သော သူများကို ဆုံးရှုံးခဲ့ရသည်...။ အချို့သော သူများကို စတေးခဲ့သူများလည်း ရှိချင်ရှိပေလိမ့်မည်..။

သတ်လတ်ပိုင်းအရွယ် ပခုံးကျယ်ကျယ် ခပ်တောင့်တောင့် ခန္ဓာကိုယ်နှင့် လူသည် ထိပ်ဖျားတွင် သံချောင်းများ ထိုးစိုက်ကာ တပ်ဆင်ထားသော သစ်သားတုတ်ကို ကိုင်ကာ မြှောက်လိုက်၏..။ ဝက်၏အော်ဟီးသံသည် တစ်ဆက်တည်းလိုပင် စိတ်မချမ်းသာဖွယ်ရာ ထွက်ပေါ်လာသည်..။

ထိုအခိုက်မှာပင် ဧကထက် အနည်းငယ်သာ ငယ်မည့်ပုံရသော ကောင်လေးသည် ကျီးလန့်စာစား မျက်လုံးမျိုးဖြင့် အနားသို့ကပ်ကာ ရောက်လာ၏..။

သူသည် လက်ထဲမှ သစ်သားတုတ်အား ခပ်တင်းတင်းဆုပ်ကာ ဧကမာန်ဦး၏အနားသို့ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ကပ်လာနေခဲ့သည်..။

"တွေ့လိုက်လား.."

"ဘာကိုလဲ.."

"အဖြူရောင်အကောင်တစ်ခုဖြတ်သွားတယ်.."

ဧကသည် ဘေးပတ်လည်သို့ ဝေ့ကာကြည့်မိသည်...။ သူ့နှလုံးခုန်သံမှာ မြန်နေ၏..။

တောနက်သည် ဖြောင့်ဖြောင့်မတ်မတ် သစ်ပင်ကြီးများဖြင့် ဟိုဟိုသည်သည် ချုံနွယ်များဖြင့် ပြည့်နှက်ကာ တိတ်ဆိတ်၍ နေသည်..။

လေထုထဲတွင်လည်း ပုစဉ်းရင်ကွဲအော်သံများသာ ဆူညံစွာ လွင့်နေခဲ့လေသည်..။

"မတွေ့ဘူး.. ယုန်တစ်ကောင်နေမယ်.."

"ယုန်မဟုတ်ဘူး.. တော်တော်မြန်တယ်.."

"တောကြောင်တွေ ဘာတွေ နေမှာပေါ့ကွာ.. အဲ့ဒါတွေ လိုက်ကြည့်မနေနဲ့.. ပတ်ဝန်းကျင်ကိုသာ သတိထား.."

ခပ်ဆတ်ဆတ်လေသံ စိတ်မရှည်ဟန်မျိုးဖြင့် ကောင်လေးကို တုံပြန်လိုက်ပြီးသည့်နောက်တွင် ဧကသည်လည်း ပြန်လည် သတိကပ်ပြီးတော့ လက်ထဲမှ ဘေ့စ်ဘောတုတ်ကို တင်းတင်းဆုပ်လိုက်သည်..။

သူ့ကို ပြောမိသည်လား..ကိုယ့်ကိုယ်ကိုယ် ပြောသည်လား မသိသည့် သတိပေးစကားသည် စိတ်နှလုံးထဲတွင် လိုဏ်ခေါင်းသံမျိုးနှင့် ပဲ့တင်ထပ်နေ၏..။

အကြောက်တရားသည် စတင်ပြီးတော့ ခံစားလိုက်ရမိသည်နှင့် တစ်ကိုယ်လုံးသို့ ကူးစက်ပျံ့နှံ့လာတတ်သည်မျိုးပင်ဖြစ်သည်..။

သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် လူမရှိသော တောမှာ ခြောက်ခြားဖွယ်..။ သို့သော် ဤကာလတွင် အခြားလူတစ်ယောက်အားတွေ့လိုက်ရပါကလည်း ပို၍ပင် ခြောက်ခြားဖွယ်..။

ဧကသည် ဘေးပတ်ဝန်းကျင်သို့ ကျီးကန်းတောင်းမှောက်‌ နောက်တစ်ခေါက်ဝေ့ကြည့်လိုက်မိသည်..။

"နိုးနိုးကြားကြားနေ.."

သူ၏ ဘေးမှ အခုထိ မခွာသွားသေးသောကောင်လေးကို နောက်ထပ်တစ်ကြိမ်အဖြစ် သတိပေးစကားလှည့်ပြောလိုက်သော ဧကသည် မျက်လုံးထဲတွင် အဖြူရောင်အလင်းစက်တစ်ခုမြင်လိုက်ရသလို ပြာဝေသွားခဲ့သည်..။

အဘယ်ကြောင့်ဆိုသော် သူ၏ မျက်လုံးထောင့်ဖျားများက လျင်မြန်လှစွာသော အရှိန်ဖြင့် အဖြူရောင်အလုံးလေးတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားတာကို မြင်လိုက်ရခြင်းကြောင့်ပင် ဖြစ်တော့၏..။

ထိုအချိန်အခိုက်မှာပင်..။ အိမ်မွေးဝက်၏ အော်မြည်သံနှင့် ဆူးချွန်တပ် သစ်သားတုတ်သည် လေထဲသို့ နောက်တစ်ခေါက် မြောက်တက်လာပြန်၏..။ စက္ကန့်မခြားသော ဝက်၏သက်ငင်အော်မြည်သံသည် ဧက၏ နားစည်အတွင်းသို့‌လေလှိုင်းများမှ ရိုက်ခတ်လာချိန်တွင် ညိုညစ်နီရင့်ရောင် ဝက်သွေးများသည် သူနှင့် သူ့ထက်အနည်းငယ်သာ ငယ်ရွယ်မည့်ပုံရသောကောင်လေး၏ မျက်နှာပေါ်သို့ လွင့်စင်လာခဲ့၏..။

Continue Reading

You'll Also Like

706K 91.3K 59
Black-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်​ကို သိလား စုံ​ထောက်​ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်​စားပြုတယ်​တဲ့.. သူ့ကို Flower of...
188K 16.6K 43
အ​မှောင်​ထုသာ စိုးမိုးထားတဲ့ အခြားတစ်​ဖက်​မှာ .. ​ကျွန်​​တော်​က အလင်း​ရောင်​​ဖြာလင်း​ပေးရမယ့်​ လမင်း.. ကျိန်​စာလား လက်​​ဆောင်​လား ?? ကျွန်​​တော်​...
12.5K 932 18
4.7.2023
174K 10.7K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...