ချန်လီကောက ရင်မောသည့် ခံစားချက်ကြီး
ဖြစ်လာသည်။ သူသိလိုက်သည်က ရီဟွိုင်က
သူဘယ်သွားသွား စိတ်မချဘူးဆိုတာပင်။
ဖန်သားပြင်ပေါ်ကနေ စောင့်ကြည့်တာအပြင်ကို
သူ့ခန္ဓာကိုယ်ပေါ်မှာ တခြားအရာတွေ
သေသေချာချာ ဖြည့်သွင်းပြီးခဲ့ပြီးပြီ။
ရှန်းယိုလင်ဆိုတဲ့ အရူးမလေးရဲ့ စကားကို
သာ သူနားထောင်မိရင် သူကြောက်တာက
ရှန်းယိုလင်ရှေ့မှာပင် သူအပြင်းအထန်
အစားခံရမည်ဆိုတာပင်။
ချန်လီကော: "သွားကြစို့"
သူက ပြောပြီးတာနဲ့ သန့်စင်ခန်းက ထွက်ရန်
ပြင်လိုက်သည်။ သို့သော်လည်း ရီဟွိုင်က
သူ့လက်ကို ဆွဲကာ.......
"ကျွန်တော် သခင့်ကို လိုချင်တယ်"
ဟု ပြောလာသည်။
ချန်လီကောရဲ့ အသားအရေက ဆိုးဝါးလာပြီး
မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"မင်းတစ်စိတ်ရရင် တစ်အိတ်လုံး မလိုချင်နဲ့လေ"
ရီဟွိုင်: "သခင် ကျွန်တော့်ကို မငြင်းနိုင်ပါဘူး"
ချန်လီကောရဲ့ နှလုံးသားက အေးခဲသွားရသည်။
မင်္ဂလာပွဲပြီးတော့ ရှန်းယိုလင်က ချန်လီကောကို
မတွေ့တော့သဖြင့် သူမအဖေနေမကောင်းဘဲ
ပြန်သွားသည်ဟု ထင်လိုက်သည်။ သို့ပေမဲ့
သူမက သေချာသွားအောင် သူမရဲ့ လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။
အဲဒီအချိန် နေရာတစ်ခုမှာတော့ ရီဟွိုင်က
တိုးတိုးလေး ရယ်မောလျက် ချန်လီကောကို
ပြောလာသည်။
"သခင် ယိုလင်ဆက်တာ"
ချန်လီကောရဲ့ အသက်ရှူသံက ပုံမှန်မဟုတ်တော့ချေ။ သူက အံကိုသေချာကြိတ်လျက်....
"ဖုန်းချလိုက်"ဟု ပြောလာသည်။
သို့ရာတွင် ရီဟွိုင်က ပြန်ဖြေသည့်
ခလုတ်ကို နှိပ်ထားပြီးပြီပင်။
"ဟယ်လို????အဖေ အဖေဘယ်မှာလဲ???t
ဘာလို့ သမီး အဖေ့ကို မမြင်ရတာလဲ????"
ချန်လီကောက အံကိုကြိတ်လျက်
"အဖေ....အဖေ....နေမကောင်းလို့...ပြန်သွားတာ...အု....အား!!!"
ရှန်းယိုလင်က သူမအဖေအသံ ထူးဆန်းနေတာကို သိပေမဲ့ အများကြီး မတွေးဘဲ သူမအဖေစကားကို ယုံလိုက်သည်။
"အဲဒါဆိုလည်း ကောင်းကောင်း အနားယူနော်
အဖေ"
ဖုန်းချလိုက်တော့ ရီဟွိုင်က ချန်လီကော၏
ပါးကို နမ်းလိုက်ပြီး ပြောလာသည်။
"သခင် ကြောက်နေတဲ့အချိန်ဆို အရမ်းခံစားလို့ကောင်းတာပဲ"
ချန်လီကောရဲ့ အမြင်အာရုံအားလုံးဟာ သန့်စင်ခန်းနံရံတွေကို ဖြတ်လျက် ကြယ်တာရာတွေထိရောက်သွားခဲ့သည်။ သူ့မျက်လုံးရှေ့မှာ
အဖြူရောင်အလင်းတန်းကြီးတစ်ခု
ပေါ်လာပြီး သူအသိစိတ်မဲ့သွားခဲ့သည်။
နောက်တစ်နေ့မှာတော့ ချန်လီကော နိုးလာခဲ့သည်။ သူနိုးလာတော့ မနေ့က သူဘာဖြစ်ခဲ့မှန်း.အတော်ပင် တွေးလိုက်ရသည်။
အဲဒီအချိန်မှာတော့ အဓိကလည်သည်တရားခံဖြစ်သူသည် ချန်လီကောရဲ့ခါးကို ဖက်ထားလျက်
ချန်လီကောကို ရင်ခွင်ထဲ ထည့်ထားကာ
အိပ်ပျော်နေခဲ့သည်။
သူက ပျင်းတွဲစွာဖြင့် ပြောလာသည်။
"သခင်နိုးပြီလား???မနေ့က သခင်က
အရမ်းစိတ်အားထက်သန်နေခဲ့တာ...."
တကယ်တော့ မနေ့က ချန်လီကော အရူးအမူးဖြစ်ခြင်းရဲ့အကြောင်းအရင်းကို သူသိပြီးသားဖြစ်သည်။
ချန်လီကောရဲ့ မျက်နှာပေါ်မှာ ရှက်ရိပ်လေးများ
ဖြတ်သန်းလာရင်း ပြောလိုက်သည်။
"ရီဟွိုင် မင်းပြောတာရပ်တော့"
ရီဟွိုင်က အရှက်မရှိစွာ ပြောလာသည်။
"မရပ်ချင်ပါဘူး"
ချန်လီကော: "......"
ရီဟွိုင်: "သခင်က အဲဒါကို အရမ်းကြိုက်ရဲ့သားနဲ့
ခုခံချင်ယောင်ဆောင်နေတယ်"
"အဓိပ္ပါယ်မရှိတာ...ငါက ဘယ်တုန်းက ကြိုက်လို့လဲ????? "
ရီဟွိုင်: "ဟမ့်....သေချာပေါက် ကြိုက်ပါတယ်"
သူအခုလေးတင် မှားယွင်းတဲ့ အသံအနေအထားတစ်ခုနှင့် ပြောလာသည်။ ဒီပုံစံ၊ဒီအသံက......
သေချာပေါက် ချန်းရှီးပင်။(gong from Arc5)
သူပြုစုပျိုးထောင်ပေးခဲ့တဲ့ကလေး ချန်းရှီးနဲ့
ခပ်ဆင်ဆင်ပင်။
ချန်လီကောက ရီဟွိုင်နဲ့ ထပ်မပြောတော့ချေ။
သူက အိပ်ရာကထကာ စိတ်ကြည်လင်အောင်
ရေချိုးရန်ပြင်လိုက်သည်။
ရီဟွိုင်က ရုတ်တရက်ကြီး ပြောလာသည်။
"သခင် အဝေးကို ထပ်မထွက်ပြေးတော့ရင်
ကျွန်တော် သခင့်ကို ထပ်ပြီး မပိတ်လှောင်ထားတော့ပါဘူး အဆင်ပြေလား????"
ချန်လီကောက ဒီစကားကို ကြားတော့
ရပ်သွားခဲ့သည်။
"ကျွန်တော်လည်းပဲ သခင့်ကို ဆက်မပိတ်လှောင်ချင်တော့ပါဘူး"
ချန်လီကောက နှာခေါင်းကို ရှုံ့လျက် ခေါင်းလှည့်ကာ မေးလာသည်။
"ဘာလို့လဲ????"
"ဘာလို့လဲဆိုတော့ အရင်က သခင်က
အရမ်းကြည့်ကောင်းတော့ အပြင်ထွက်ရင်
မြေခွေးမတွေက ဆွဲဆောင်ကြမှာမလို့"
(ငါ့မှာ ဘယ်တုန်းကများ မြေခွေးမတွေနဲ့
ပတ်သက်ခွင့်ရှိလို့လဲ????မင်းနဲ့ပတ်သက်လိုက်တာ ငါ့ကိုခြေချုပ်မိနေပြီး အမြစ်ပါကျိုးမလိုပဲ)
"သခင်ကျွန်တော့်ကို ပြန်ကြိုက်လာတဲ့ထိ
ကျွန်တော်စောင့်ချင်တယ်"
(ကောင်လေး.....မင်းအဲဒီနေ့ကို ဘယ်တော့မှ
မြင်ရမှာမဟုတ်ဘူးကွ!!!!ငါ့မှာ systemလို့ခေါ်တဲ့ စည်းကမ်းတင်းကျပ်တဲ့ မိဘတစ်ယောက်ရှိလို့ပဲ)
ချန်လီကောက ရေချိုးနေတုန်း သူ့systemကို
"အဖေ"ဟု ခေါ်လာသည်။
systemက ကြောက်ရွံ့စွာနဲ့ ပြန်ဖြေလာခဲ့သည်။
"မင်းဦးနှောက်ကြီး ပျက်စီးသွားတာလား????"
"အဖေ!!! သား ရီဟွိုင်ကို ကတိပေးလိုက်ရင်
သားရဲ့ ကာရိုက်တာအပေါ် ချိုးဖောက်သလိုဖြစ်သွားမလား????"
system: "မင်းသာ သူ့ကို သဘောကျတယ်
သွားပြောလိုက်ရင်...မင်းချိုးဖောက်မိမှာပဲ"
"အဖေ.....သူလေးက အဖေ့ရဲ့ ချွေးမလေးပါ။
ဘာလို့များ သားသူ့ကို မပြောခိုင်းရတာလဲ????"
system: "သားလေး!!!အဖေက အကျိုးအကြောင်း မဆင်ခြင်တတ်တာ
မဟုတ်ပါဘူး။ အရာအားလုံးက အစကတည်းက ဆုံးဖြတ်ထားပြီးသားမိုလို့ပါ"
(အဖေက ဒီလိုပြောလာမှတော့ ဆက်သရုပ်ဆောင်ရတာပေါ့လေ)
system: "သားလေး သူဆွဲဆောင်တာ မင်းပါသွားလို့မဖြစ်ဘူး....သူက ဘာတစ်ခုမှကောင်းတဲ့သူ မဟုတ်ဘူး"
"ဘယ်သူက မင်းရဲ့ သားလဲ?????ငါ့မှာ
မင်းလို စောက်သုံးမကျတဲ့ အဖေမရှိဘူး"
system: "......."
(ဒီမကောင်းတဲ့ကောင်ရဲ့ စိတ်က စာရွက်လှန်တာထက်တောင် ပိုမြန်နေသေးပါ့လား!!!-_-)
ချန်လီကောက ရေချိုးခန်းထဲက ထွက်လာသည်နှင့် သူ၏ မွေးစားအဖေနဲ့ အငြင်းအခုံဆက်မလုပ်တော့ပေ။
ရီဟွိုင်က ကုတင်ပေါ်မှာ သူ့ဖုန်းကို ကလိရင်း
ထိုင်စောင့်နေခဲ့သည်။ ချန်လီကောက လှမ်းကြည့်လိုက်တော့ တင်းနစ်ရိုက်နေသည့် ဂိမ်းဖြစ်သည်။
ရီဟွိုင်: "ရေချိုးလို့ ပြီးပြီလား????"
ချန်လီကောက သူ့ဆံပင်တွေကို သုတ်လိုက်ရင်း ဘာမှပြန်မပြောပေ။
ရီဟွိုင်: "အဲဒါဆို.....ကျွန်တော် သွားချိုးတော့မယ်"
သူက ဖုန်းကို ချလျက် ရေချိုးခန်းထဲ ဝင်သွားသည်။
ချန်လီကောက ကျန်နေခဲ့သည့် ဖုန်းကို
စပ်စုချင်စိတ်များ ပေါ်လာရသည်။
သူသိချင်တာက ရီဟွိုင်က သူ့ရှေ့မှာ
အမြဲတမ်း နူးညံ့တဲ့ အသွင်ယူထားပေမဲ့
အဲဒါက အစစ်အမှန် ဟုတ်မဟုတ် သိချင်တာပင်။
"ငါရီဟွိုင်ကို ကောင်းကောင်း ဆက်ဆံပေးဖို့
လိုပြီထင်တယ်။ငါသာ သူ့ကိုသေနတ်နဲ့
ပစ်လိုက်ရင် ငါဂျေးအောင်းရမှာ"
system: "......."
ချန်လီကောက သူ့အတွေးက အလွန့်ကို
အကျိုးအကြောင်း သင့်လျော်သည်ဟု
ထင်လိုက်သည်။
"စဥ်းစားကြည့်လေ...ငါဂျေးအောင်းရရင်
ရှန်းယိုလင်ရဲ့ ပြီးမြောက်ခြင်း ဘားတန်းက
ရပ်သွားလိမ့်မယ်"
system:"........"
"အဖေ မင်းရော ဘယ်လိုထင်လဲ?????"
system: "ငါ့မှာ မင်းလို စောက်သုံးမကျတဲ့ သားမရှိဘူး"
"အဖေ အရင်နေ့ညက အဖေပြောခဲ့တာ ဒီလိုမဟုတ်ပါဘူး"
system: "......."
သူ့အတွက် အမှိုက်hostနဲ့ စကားပြောရတာ
စွမ်းအင်တစ်ဝက်လောက်ကျသွားသလိုပင်။
"အဖေ?????"
system: "မင်းအဓိပ္ပါယ်မရှိတာတွေ ထပ်ပြောနေဦးမယ်ဆိုရင် ငါမင်းကို နောက်ကမ္ဘာကို
အခုချက်ချင်း ပို့ပစ်မယ်"
(အဖေ မရှက်ပါနဲ့။အဖေလို့ခေါ်သံကို အဖေကြိုက်ပါတယ်)
system:"......."
(သူက စိတ်ပျက်စရာ ကောင်းလိုက်တာ!!!
ဘာလို့များ ဒီကမ္ဘာမှာ ချန်လီကောလို့ ခေါ်တဲ့
လူတစ်ယောက်ရှိနေရတာလဲ!!!)
Note- အပိုင်း ၁၀ပြီးပါပြီ။ ၁၁က နည်းနည်း စောင့်ပေးပါဦး။ ရေသူထီးဘက်ပြန်သွားချင်သေးလို့ပါ btw ()နဲ့ရေးထားတာက သူတို့စိတ်ထဲမှာ
ပြောထားတာတွေပါ