အံ့ဩနှုတ်ဆက်ခြင်းတွေနှင့် နှုတ်ဆက်သံတွေမှာ အဆုံးမှာ လှည့်ကြည့်လာသူလေး။ ကျွန်တော် အမှတ်မမှားခဲ့သည့် ထိုလူသားလေးမှာကျွန်တော်၏ ရှိန်းပင် ဖြစ်သည်။
"ဖေငယ်--! ဖေငယ်--!"
နားထဲ ကြားလာရသော အသံတစ်စွန်းတစ်စများကြောင့် ရှိန်း မဟုတ်ပါဘူးလေဆိုပြီး လှည့်ကြည့်လိုက်သည်။လှည့်လိုက်လေမှ တွေ့မြင်လိုက်ရသည့် ပုံရိပ်တွေမှာ ထိုအသံပိုင်ရှင်က ရှိန်း ထင်မှတ်မထားခဲ့သော လူသားတွေပင်။
"သားတို့ ---! သားတို့လား"
ညိတ်ပြလာသည့် ခေါင်းညိတ်မှုများနောက်တွင် ရှိန်း၏ ရင်ခွင်ထဲသို့ ခိုဝင်လာခဲ့သော သားသုံးယောက်။ ဒူးထောက်မိသွားသည့် ရှိန်းမှာ သားတွေကိုပြန်လည် ပွေ့ဖက်ရင်းနှင့် ဝမ်းသာမျက်ရည်ကျမိသည်။
"ဖေငယ် မငိုပါနဲ့ ။ဖေငယ့်ကို မငိုစေချင်လို့ ဖေငယ် မငိုပါနဲ့ "
"မငိုပါနဲ့ ဖေငယ်ရယ်"
ပါးပေါ်ကျရောက်လာသည့် လက်သေးသေးလေး မဟုတ်တော့သည့် ရှည်သွယ်သွယ်လက်ကလေးများစွာ။ လူကြီးမကျ ကလေးမကျရှိနေသည့် သားသုံးယောက်မှာ လူပျိုအရွယ်လေးတွေပင် ရှိသွားကြပြီ။
"ဖေငယ့် သားတွေက ကောင်းကောင်း ကြီးပြင်းလာတာပဲ ။ ဖေငယ် ဝမ်းသာလိုက်တာ"
"ဒါဆို မငိုတော့ဘူးလို့ ဂတိပေး"
လက်သန်းကို ထုတ်လာသည့် ဇက် ။ ဆက်က ရှိန်း၏ လက်သန်းကို ထုတ်လိုက်ပြီး ခန့်က "ဂတိလုပ်လိုက် ဖေငယ်"ဆိုပြီး ပြောလာသည်။
"ဟားဟား--!"
ရယ်သံတစ်ခုနှင့်အတူ ရှိန်း သားတွေကို လက်သန်းခြင်းချိတ်ပြီး ဂတိပေးပြီးမှ
"သားတို့ကို လူပျိုလေးတွေ မှတ်နေတာ။
သားတို့က ကလေးတွေပဲ ။ ဖေငယ့် သားတွေက လုံးဝ ကလေးတွေပဲ"
ကလေးစိတ်လေးတွေနှင့် ရှိနေကြသည့် ခန့်တို့ညီအစ်ကိုသုံးယောက်မှာ ရှိန်း၏ စကားကို ကြားပြီး လည်ပင်းကိုသာ ပွတ်နေတော့သည်။
ထိုထဲ အရှက်ဆုံးကတော့ ဆက်ပဲ ဖြစ်သည်။
တစ်ဝက်စီးထားသည့် ဆံပင်ကို ကိုင်ရင်း နားဖျားလေးတွေကလည်း ရဲနေပေသည်။
မျက်ဝန်းလေးကို ပြူးရင်း မျက်ခုံးပင့်ကာ ကြည့်နေသည့် သမီးလေးကို ရှိန်းကြည့်လိုက်လေတော့ သမီးလေးမှာ ဦးခွန်နောင်မင်းဆက်နှင့် စကားပြောနေသည်။ ပြုံးရယ်ရင်း စကားပြောနေသည့် သမီးလေးမှာ ဦးခွန်နောင်မင်းဆက်ကို
သူမ၏ ဖေဖေဟု တန်းသိနေသည်လား။
"ကြည်နူး--! နူး --! ဒယ်ဒယ်စီ့ လာအုံး ။
နူးရဲ့ ကိုကိုတွေစီ လာပါအုံး"
ထိုအခါ မင်းဆက် ၏ မျက်ဝန်းတွေ ပြူးကျယ်သွားပြီး မျက်မှန်ကိုင်းအောက်မှပင် အံ့ဩခြင်းကို မြင်ရနေသည်။ ခန့်တို့ညီအစ်ကို သုံးယောက်လည်း ပြိုင်တူ အံ့ဩနေကြပြီး
"ဖေငယ် ညီမလေးက ကျွန်တော်တို့ ညီမလေးလားတဲ့"
ညိတ်ပြလိုက်သည့် ခေါင်းညိတ်ပြမှုနောက်မှာ
ခန့်တို့ ညီအစ်ကိုသုံးယောက် ထိုကလေးမလေးကို ဖက်လိုက်ကြသည်။
"ညီမလေး --!ကျွန်တော်တို့ ညီမလေးတဲ့။
ကိုကြီးခန့် ဒါ ကျွန်တော်တို့ ညီမလေးတဲ့ "
ဇက်က ဝမ်းသာသလို ဆိုရင်း ခန့်ကိုပြောလိုက်ရာ ခန့်ကလည်း ဇက်ကို ကြည့်ရင်း ပြုံးသည်။
ဆက် ကလည်း ထိုကလေးမလေးကို ကြည့်ပြီး
"ဖေငယ် ညီမလေး နာမည်က ဘယ်သူလဲ။
အစ စာလုံးက Kမလား"
"အစ စာလုံး Kဆိုတာတော့ ဟုတ်တယ်။
ဒါကို သားတို့ ဘယ်ကသိလာတာလဲ"
"Sofeiပြောလိုက်တာ ။ ကိုယ်တို့သားဖတွေ ဟေဂျွန်းနဲ့ Sofeiစီ ရောက်ခဲ့သေးတယ်"
ထိုမှ ရှိန်းက "ဪ---!"ဆိုပြီး ရေရွတ်ရင်း
Sofei သူ့ကို လွန်ခဲ့တဲ့ ရက်တွေက ဆက်သွယ်မှုတစ်ခုကို ပြန်အမှတ်ရလိုက်သည်။
"Apar--! မီး championဖြစ်သွားပြီ။
Apar မှာ သတင်းကောင်းလေး ဘာလေးမရှိဘူးလား"
"ဘာမှမဟုတ်ပါဘူး Apar။ ဒီလိုပါပဲ သတင်းကောင်းလေးရှိရင် မီးနဲ့ daddyကိုလည်း ပြန်မျှအုံးလို့ ပြောမလို့"
"ငယ်လေး သတင်းကောင်းရှိရင် ကိုကြီးနဲ့ မီးကိုမထိန်ချန်ထားနဲ့နော်။ ဒါပဲ ငယ်လေး"
Sofei ၏ ဖုန်းကို လက်ခံရရှိရင်း ရှိန်း Sofeiနှင့်
ဖုန်းပြောဖြစ်သည်။ ကိုကြီးကပါ နောက်နေပြီး
သတင်းကောင်းကြည့် မျှော်နေပုံက ဦးခွန်နောင်မင်းဆက်တို့ နဲ့ ဆုံခဲ့လို့တဲ့။
"နူး--! ။ တီ--!နူး--! ရိပ်--။ နူးနာမည် တီနူးရိပ်"
"ဟင်--! ကိုကို မကြားလိုက်လို့ ပြန်ပြောပါအုံး။
ဘယ်သူ"
ခန့်တို့ ညီအစ်ကို သုံးယောက်က ပိုနားစွင်လျှင်
ကြည်နူးလေးက သူမ နာမည်ကို ပြန်ပြော
ပေးသည်။
"တီ--! နူး--!ရိပ်--!"
"ဟင်---!"
"တီနူးရိပ်။ တီနူးရိပ် ဟုတ်လား"
"တီနူးရိပ် မဟုတ်ဘူး ဆက်။ ကြည်နူးရိပ် သားတို့ ညီမလေးက စကားမပီသေးဘူး။ အခုမှ တစ်နှစ်ခွဲ ကျော်ကျော်လေးပဲရှိသေးတယ်"
"ဟုတ်လား ချစ်စရာလေး"
ဆက်က ရှိန်းအပြောကို နားထောင်ရင်း ကြည်နူးလေး၏ ခေါင်းလေးကို ဖွဖွလေး ဖွလိုက်လေသည်။ ထိုအခါ ကြည်နူးလေးက ဆက်၏ လက်ကို ဆွဲရင်း
"ကိုင်နဲ့ ။ နူး ကြိုက်ဘူး"
"ဟင် ဘာကိုပြောတာလဲ။ ကိုကို မကြားရလို့ ပြန်ပြောပါအုံး။"
ကြားသည်။ မကြားချင်ယောင် ဆောင်ပြီး
မေးလေမှ ကြည်နူးက နှဖူးပေါ်မှာ အတိကလေး ညီနေအောင် ညှပ်ထားပေးသည့် ရှေ့ဆံပင်လေးကို လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး
"နူး ချံပင် ကိုင်နဲ့။ နူး ကြိုက်ဘူးလို့ ပြောတာ"
တဟားဟားနှင့် ရယ်သံတွေမြိုင်ရင်း ဆက်က ကြည်နူးဆံပင်ကို တိုးလို့ပင် ဖွသည်။ ခန့်နှင့် ဇက်က. ကြည်နူးလေးကို အူယားသဖွယ် ကြည့်ရင်း ဆက် နောက်နေတာကို ပြုံးရင်းရှိနေလေသည်။
"ပါပါး---! ပါပါး--! နူးကို ကိုကို လိုက်စနေတယ်"
ရှိန်း၏ မျက်ဝန်းတွေရော ခန့်တို့ညီအစ်ကိုသုံးယောက်၏မျက်ဝန်းတွေပါ ပြူးလာရင်း မင်းဆက်ကို ကြည့်သည်။ မင်းဆက်ကတော့ ပေါင်ကို လာဖက်နေသည့် ကြည်နူးလေးကို ကောက်ချီလိုက်ပြီး
"ပါပါး---! သမီး ခေါ်တဲ့ ပါပါးက ပါပါးကိုလား"
လက်ညှိုးနဲ့မင်းဆက် သူ၏ရင်ဘတ်ကို ပြန်ညွှန်ပြလေတော့ ကြည်နူးလေက ခေါင်းညိတ်ပြလာပြီး
"ပါပါးကို ခေါ် ။ ဒယ်ဒယ် ည တိုင်း နမ်း ။
ပါပါးကို နမ်း။ ဒယ် ဒယ် ညတိုင်း နမ်း"
"ပါးပါကို နမ်းတယ်--!။ ဒယ်ဒယ်က ညတိုင်း။"
ခေါင်းတရစပ် ညိတ်ပြလာသည့် နောက်မှာ မင်းဆက် ရှိန်းကို ကြည့်လေတော့ ရှိန်းက ခေါင်းငုံ့သွားပြီး သားတွေကပြုံးစိပြုံးစိနှင့် ရှိနေကြသည်။
"သမီးက ပါပါးကို အရင်ထဲက မြင်ဖူးတယ်ပေါ့"
"ဟင့်အင်း ။"
"ဒါဆို သမီးက ပါပါးကိုဘယ်လိုသိတာလဲ"
"ဒယ်ဒယ်က ပုံပုံထဲမှာ ပြ"
"ပုံပုံထဲမှာပြတယ်"
"ဟုတ်--"
ခေါင်းညိတ်ပြလာပြီး coffee houseလေး၏ဆေးသုပ်ထားသော နံရံပေါ်တွင် ရှိနေသည့် ပုံလေးတွေကို လက်ညှိုးနှင့် ညွှန်ပြသည်။ ထိုပုံလေးတွေက တောတောင် /ရေမြေ သဘာဝအလှတရားတွေ၏ ပိုစတာ ပုံတွေဖြစ်ပေမယ့် ကြည်နူးလေး၏ ဆိုလိုရင်းကို မင်းဆက် သိသွားသည်။
"နံရံဘောင်မှာ မောင့်ပုံချိတ်ဆွဲရအောင်ထိက
မောင့်ရဲ့ ရှိန်းလေး ငနုံ /ငအ မှ မဟုတ်ပဲ။
ရှိလျှင်ရှိ။ အိမ်ခန်းထဲမှာပဲ ရှိမှာပေါ့။"
"သမီလေး ကိုကိုတွေရဲ့ နာမည် သိချင်လား"
"အင်း--"
"ဘာအင်းလဲ ကြည်နူး။ ဒယ်ဒယ် ဘယ်လို သင်ပေးထားလဲ"
ရှိန်း ကြည်နူးကို တစ်ချက် ပြူးကြည့်သည်။
မင်းဆက်က ရှိန်း၏ အကြည့်ကို သဘောကျသလိုနှင့် တစ်ချက် ရယ်မိသွားသည်။
"ခင်ဗျားက ဘာရယ်တာလဲ။
ဘာရယ်စရာပါတာလဲ"
ရှိန်း၏ အသံကျယ်သွားရျ် ဆိုင်ထဲရှိ စားသုံးသူတွေကတောင် ရှိန်းတို့ကို လှည့်ကြည့်လာကြသည်။
"စိတ်မရှိပါနဲ့ဗျ။ ကိုယ်ရေးကိုယ်တာလေးမလို့ စိတ်မရှိပါနဲ့"
"မိသားစု ရေးရာမလို့ပါ။အေးဆေး သုံးဆောင်။လိုတာ ရှိလည်းပြောပါ။"
မင်းဆက်က ကြည်နူးလေးကို ချီထားလျှက်နှင့် ရှိန်း၏ အနားသို့ လျှောက်သွားပြီး ရှိန်းပုခုံးပေါ် လက်တင်ရင်းနှင့်ပင် စာသုံးသူများကို ပြောသည်။
"ခင်ဗျား--! "
"မောင်တို့ အပြင်မှာ ပြောရအောင်။"
"စားသုံးသူတွေရှိသေးတယ်။"
"မောင့်ကို လှည့်ဖျားပြီးတော့တော့ ထွက်မသွားဘူးမလား။ ထွက်မသွားရင်ပဲရတာမလို့
မောင် စောင့်မယ် ရှိန်း။ ဒီခရီးက သံသရာအဆုံး အနတ္တဆုံမှတ် အဆုံးထိလည်း ဖြစ်တယ်"
ပြန်မဆုံချင်တော့ပါဘူး ဆိုပြီး ကြွေးကြော်ခဲ့သည့် ဆုံးဖြတ်ချက်တွေဟာလည်း လေထုထဲတွင် လေလိုပျောက်ရှရင်းနှင့်။
ဦးခွန်နောင်မင်းဆက်နဲ့ သားတွေကို မြင်လိုက်ရထဲက ကျွန်တော့်ရဲ့ စိတ်က ပျော့ညံ့သွားခဲဲ့ပြီ။
ဒါက ဘာရျ်ကြောင့်များနည်း။
သားတွေနှင့် လွမ်းဆွတ်မှု ခြွေနေသည့် ရှိန်းမှာ
သားတွေကို ဖက်ထားရင်းနှင့် သူ့ကိုလည်း ကြည့်လာသည်။ အရင်အတိုင်း ပုံစံမပြတ် ရှိနေသည့် ရှိန်းလေးမှာ ထူးခြားလာသည်က ဆံသားရှည်ရှည်လေးများ။နက်မှောင်နေသည့် ဆံသားရှည်ရှည်လေးများတွင် အရင်လို Highlightဖောက်ထားခြင်းလည်း မရှိ။ တစ်ခေါင်းလုံး နက်မှောင်နေပြီး ကျောလယ်လောက်ထိပင် ရှည်လျားသည်။ ပိုပြီး ချစ်စရာကောင်းလာသည်က အမှန်တရားမလို့ မင်းဆက် ဖုံးကွယ် ထားလို့လည်း မရပေ။
"မောင့်ရဲ့ ရှိန်းလေး ပိုချစ်စရာကောင်းလာတယ်။
မောင့်ကို စိတ်မချနိုင်ဖြစ်အောင် ကြည်စယ်ထားမလို့လား။ မောင် စိတ်မချဘူး ရှိန်းရယ်"
သားတွေနှင့် ရှိန်းဖက်နေသည်ကို မျက်ဝန်းလေးပြုူးပြီး ကြည့်နေသည့် ကလေးမလေးတစ်ယောက်။ ဝဝလုံးလုံးလေးနှင့် ရှိနေသည့် ကလေးမလေးမှာ ဆံပင်လေးတွေကလည်း ဂုတ်ထိရှိပြီး
ညီညာလှသည်။ ကြည့်ရင်း ကြည့်ရင်း
ထိုကလေးလေးကို ထွေးပွေ့ ထားချင်သည်မှာထိန်းချုပ်မရတော့တာမလို့ ထိုကလေးလေးအနား တိုးကပ်သွားခဲ့သည်။ မိတ်ဆက်ခြင်းမှာ ထိုကလေးမလေးက မျက်ဝန်းလေးပြူးပြီး
မင်းဆက်ကို နှုတ်ဆက်လာသည်က ပါပါးတဲ့။
ကြည်နူးလေးကို ပေါင်ပေါ်၌ ပွေ့ထားရင်းနှင့်ပင်
မင်းဆက် ရှိန်း၏ ပုံပန်းသွင်ပြင်ကို ကြည့်ပြီး
စဉ်းစားခန်း ဖွင့်နေမိသည်။ သူ့ကို ပါပါးဟု ခေါ်သည့် သမီးလေးက သူ၏ သမီးလေး။
သူနှင့်ရှိန်း၏ သွေးသားလေး။ ဒီသမီးလေးက
ရှိန်းကို ဒယ်ဒယ်ဟု ခေါ်ပြီး မင်းဆက်ကို ပါပါးဟုခေါ်နေသည်။
"ရှိန်း သမီးလေးကိုသင်ပေးတာ လွဲမနေဘူးလားကွာ"
"သမီးလေး ။ ပါပါးကို ဒယ်ဒီလို့ခေါ်ပါလား"
"ခေါ်မူး "
"ဘာလို့လဲ သမီးရဲ့ ခေါ်ကြည့်ပါ တစ်ခေါက်လောက်လေးကို ။ ခေါ်ပါနော်"
"ခေါ်မူး။ ဒယ်ဒယ်က ဒယ်။ ပါပါးက ပါပါး"
ခေါ်ခိုင်းတာကို မခေါ်ပဲ ရှိန်းကို ဒယ်ဒီဟုပဲ ခေါ်မည်။ သူ့ကို ပါပါးဟုပဲ ခေါ်မည်ဟု တစ်ယူသန်
ပြောလာသည့် သမီးလေးကြောင့် မင်းဆက်
ဘာစကားမှ မဆိုမိတော့ပဲ ဆိုင် လူရှင်းဖို့ကိုသာ စောင့်နေလိုက်တော့သည်။
ခေါ်ခိုင်းသည့် အမည်ခေါ်မလာရျ် တည်တင်းနေသည့် လူတစ်ဦးရှိသလို ထိုစကားလုံးလေးတွေကို ကြားပြီး ပြုံးရယ်နေတဲ့ သူတစ်ဦးကလည်း
"ကြည်နူးရိပ် Coffee house"ထဲတွင် ရှိနေလေရဲ့။
"ခန့်ကိုကို--။ဆက် ကိုကို---.။ဇက်ကိုကို---"
သားတွေ၏ အမည်သိပြီးထဲက ကိုကို ဟု မခေါ်ပဲ ခန့်ကိုကို /ဆက်ကိုကို /ဇက်ကိုကို ဟု ခေါ်နေသည့် သမီးလေးမှာ ကိုကိုဟူသော စကားလုံးကို အရှေ့၌ မသုံးပေ။
"ညီမလေး ကိုကို့ ကို လိုက်ဖမ်း"
"ကိုကို ဒီမှာ--!"
"ညီမလေးရေ---"
ခြံထဲတွင် ပြေတမ်းလိုက်တမ်းကစားနေကြသည့် ခန့်တို့ မောင်နှစ်မလေးဦး ။ အတန်မြင့်လာသည့် နေမင်းကြီး၏ ထွက်ပြူစမှာ ရှိန်း၏ ဆိုင်လေးကလည်း လူကျသွားလေပြီ။ ခြံထဲတွင် ကလေးများက ပြေးလွှား ကစားရင်း ရှိန်းနှင့် မင်းဆက်က ကုလားထိုင်နှစ်လုံးနှင့် ထိုင်ရင်း ကလေးတွေ၏ ဆော့ကစားနေသည့် ပုံရိပ်များစွာကို ကြည့်နေကြသည်။
"ဒီနှစ်တွေမှာ ရှိန်းအဆင်ပြေခဲ့ရဲ့လား"
"ဒီလိုပါပဲ မပြေလည်း ပြေ။ပြေလည်း ပြေပေါ့"
"ကျောင်းအလုပ်က ထွက်လိုက်တာလား။
ရှိန်း ထက်သန်တဲ့ အလုပ်ကနေလေ"
"ပြန်မဆုံဘူးလို့ ဆုံးဖြတ်ထားမှတော့ တိမ်မြှုပ်ပျောက်ကွယ်ဖို့က အနည်းနဲ့အများ ပေးဆပ်ရမှာပဲ"
ရှိန်းက စကားပြောနေရင်း ပြေးလွှားနေသည့်
ကလေးတွေကိုလည်း ကြည့်လိုက်သေးသည်။
"မောင့်ကို အဲ့လောက်ထိ ကြောက်သွားရတာလား။ မောင် တောင်းပန်ပါတယ်"
"ကျူးလွန်ပြီးမှ တောင်းပန်စကားဆိုရင်
ထောင်တွေ၊ ရှေ့နေတွေ ၊ရဲတွေ ၊တရားရေး ဘက်တော်သားတွေမှ မလိုတော့ပဲ။"
"ခွင့်မလွှတ်တော့ဘူးလား ရှိန်း။
မောင်က ရှိန်းရဲ့ ခွင့်လွှတ်မှုနဲ့ မတန်ပါဘူး။
ခွင့်လွှတ်ဖို့လည်း မောင်မတောင်းဆိုရဲပါဘူး"
ပြောလည်းပြောရင်း မင်းဆက် မျက်နှာလည်း ပြတ်ရင်းနှင့် မျက်ဝန်းတွေက မှိုင်းညှို့သွားသည်။
" ခွင့်မလွှတ်ဘူးလားဆိုတော့ ခွင့်မလွှတ်ချင်ဘူး။ ခွင့်မလွှတ်ရအောင် ခင်ဗျား လုပ်ခဲ့တဲ့
လုပ်ရပ်တွေမှ မမှားခဲ့ပဲ။ "
"ဒါဆို ခွင့်လွှတ်တယ်လို့ ဆိုချင်တာလား"
"အရာရာတိုင်းမှာ ကျွန်တော်က ငေးခဲ့ရတယ်။
ငေးခဲ့ရခြင်းနည်းတူ ခင်ဗျားက ပိုပြီးကောင်းမွန်အောင် ပျိုးထောင်ပေးခဲ့တယ်။ ခင်ဗျားပြောခဲ့တဲ့ တောင်ပြာတန်းနဲ့ နေမင်ကြီးမှာ ကျွန်တော်ကသာ တောင်ပြာတန်းပါ။ ခင်ဗျားနဲ့ သားတွေက နေမင်းကြီး။ ကျွန်တော် ဖမ်းဆုတ်ရခက်နေတဲ့ နေမင်းကြီးမှာ ခင်ဗျားနဲ့ သားတွေက နေထိုင်တယ်။ ကျွန်တော်ကတော့ ကျန်ခဲ့ရတဲ့ တောင်ပြာတန်းကြီးပေါ့။ ကျေးဇူး တင်ပါတယ်။
ကောင်းမွန်တဲ့ ဘဝ/ တောက်ပတဲ့ အနာဂါတ်တွေနဲ့ သားတွေကို အညွန့်ဝေစေခဲ့လို့။ ကျေးဇူးတင်ပါတယ် ဦးခွန်နောင်မင်းဆက်"
"တောင်းပန်းစကားဆိုတာက သူစိမ်းတွေမှ ဆိုတာပါ ရှိန်း။ မောင်နဲ့ ရှိန်းကြားမှာ ကျေးဇူးဆိုတဲ့
အလွှာက ရှိဖို့ လိုအပ်လို့လား။ ကျေးဇူး အတင်ခံရခြင်း ခံရရင် ရှိန်းကသာ ကျေးဇူးနဲ့ ထိုက်တန်တာပါ။ မောင့်အတွက် ပြတ်မရနိုင်တဲ့ ကလေးတွေ ယူဆောင်လာပေးခဲ့တာမလို့ မောင်ကသာ ကျေးဇူးတင်ရမှာပါ"
"ကျွန်တော့် နေရာ ဘယ်လိုတွေ့လဲ ဦးခွန်နောင်မင်းဆက် "
"ဦးထီးရဲ့ သီချင်းတစ်ပုဒ်လိုပေါ့။
(မင်းမကြည့်လို့ မသိတာပါ ။အချစ်က မင်းအနားမှာပါ) ဆိုတဲ့ စာသားလေးကိုပဲ မောင် ရှာတွေ့သွားတယ် ဆိုရမယ်။ ဝေးဝေးလံလံရှာနေရခြင်းများစွာမှာ ရှိန်းက မောင့်အနီးမှာ ရှိနေခဲ့တာလေ။ အခုလို နေရပ်တစ်ခုထဲမှာပေါ့။
မောင် မသိခဲ့တဲ့ အကြောင်းအရာများစွာကိုလည်း မောင်သိခဲ့ပြီးပြီမလို့ ရှိန်း မောင်နဲ့ ဝေးကွာမသွားရအောင် ရှိန်းရယ်"
"အခုလို နေရပ်တစ်ခုထဲမှာပေါ့ "ဆိုသည့်စကား၌ ဦးခွန်နောင်မင်းဆက်က အဝေးမှာ တည်ရှိနေတဲ့ တောင်ပြာတန်းကို ကြည့်ပြီး ဆိုသည်။
"ခုတုံးမဟုတ်တဲ့ တုံ့ပြန်မှုတွေမှာ အထင်လွဲခြင်း မရှိချင်ဘူး။ ယုံကြည်ရင်ပေါ့။ ယုံကြည်သေးရင်
မြဲမြံပါတယ်။ အဖုအထုံး ဖြစ်သွားတဲ့ ကြိုးရာတွေအတွက်တော့ အကောင်းပကတိ ဖြစ်မသွားတော့ဘူး။ ပြတ်လည်းမရ ဖြေလည်းမရတဲ့ ဒီဆက်ဆံရေးမှာ ကျွန်တော်ရဲ့ အချစ်မေတ္တာတွေကို ယုံကြည်သေးရင် လှန်းလာတဲ့ ခြေလှန်းတွေအတွက် ကျွန်တော့်ဘက်က ကြိုဆိုနေမှာပါ"
"ဝမ်းသာ၊ ဝမ်းနည်းမဆိုရဲတော့တာမလို့
လက်ခံပေးတဲ့ လှန်းလာမှုမှာ မောင်အမြဲတမ်း
ပျော်နေရမှာပါ။ အဖု/အထုံး များစွာရှိနေတဲ့ ကြိုးဖြစ်နေပါစေ ၊ ဆက်ထားတဲ့ ကြိုးတွေပို
မြဲမြံအောင် ဖြစ်လာတဲ့ ဖြစ်တည်မှုမှာ အဖုအထုံးလေးတွေကလည်း ကြည့်တတ်ရင်
မြဲပါတယ်။ ဝန်တိုမှု မရှိတဲ့ အေးချမ်းတဲ့ မေတ္တာတွေမှာ မောင်နဲ့ ရှိန်း အနတ္တဆုံမှတ်အဆုံးထိ လက်တွဲမြဲမြံကြရအောင်။"
ဖမ်းဆုတ်လိုက်သည့် ကြိုးမျှင်မျှင်လေးပင် ရှိစေအုံး။ ထိုမျှင်နေတဲ့ ကြိုးစလေးတစ်ခုခြင်းစီမှာ
ညိတွယ်နေမှာမလို့ ဝေးကွာခြင်းကို မောင်
လက်သင့်မခံရဲဘူး ။ မမြဲတဲ့ လောကဓံတရားကြီးမှာ မောင်တို့ မဝေးကွာတော့ပဲ လမ်းဆုံးထိ
အတူ လျှောက်လှန်းကြရအောင်။
မောင့်ရဲ့ ရှိန်း။
ဆုတ်ကိုင်ခြင်းခံရထားသည့် လက်လေးတစ်ဖက်။ ထိုလက်လေးတစ်ဖက်မှ ကြိုးစလေးတွေညိတွယ်ရင်း။ ကျွန်တော်ဟာ မောင့်ရဲ့ ရင်ခွင်ထဲတွင် အံဝင်ခွင်ကျ ဖြစ်နေသည်။
"ဖေငယ်---! ဖေဖေ--!"
"ဖေငယ်--!"
"ဖေဖေ--!"
ပြေးလာကြသည့် အရိပ်လေးတွေမှာ မောင်နှစ်မလေးဦးက ပြုံးပျော်နေကြပြီး ရှိန်းတို့စီ
ဦးတည်လာကြသည်။
"ပါပါး--! နူးကို ချီ"
ချီခိုင်းနေသည့် သမီးလေးကို မင်းဆက် လက်တစ်ဖက်မှချီရင်း လက်တစ်ဖက်မှလည်း ရှိန်း၏ ပုခုံးကို ဖက်ထားလိုက်သည်။ ခန့် /ဆက်နှင့် ဇက်က အဖေနှစ်ဦးနှင့် ညီမလေးကိုကြည့်ရင်း သူတို့ကလည်း ပြုံးပျော်နေကြသည်။
"သမီးလေး နာမည်ကို ဘယ်လိုပေးခဲ့တာလဲ ငယ်"
"ကျွန်တော်နဲ့ ဦးခွန်နောင်မင်းဆက် ပြန်ဆုံကြရင်
သမီးလေးရဲ့ နာမည်လေးအတိုင်း အေးချမ်းနိုင်အောင်လို့ ။ ဟိုးအရင်က အတိတ်တွေလို ဝန်တိုမှုတွေ မရှိအောင်လို့။ ကြည်နူးမှု အရိပ်အမြုံလေးကို ကိုယ်စားပြုတဲ့ အေးချမ်းခြင်းရဲ့ အဆုံးသတ် ကြည်နူးရိပ် မေတ္တာဓါတ်လေးအဖြစ် ပေးခဲ့တာ"
"ဝန်တိုမှုတွေရဲ့ အဆုံးသတ်မှာ ဆိုးဝါးခြင်းပဲရှိခဲ့တာမလို့ မောင် အေးချမ်းချင်ပြီ ငယ်။
သမီးလေးရဲ့ အမည်အတိုင်း မောင်တို့ အေးချမ်းကြရအောင် "
ပြုံးပြလာသည့် အပြုံးလေးတစ်ပွင့်မှာ မျက်နှာလွှာလေးပေါ်သို့ ကျရောက်လာသော ဆံသားရှည်ရှည်လေးများ။ ထိုဆံသားရှည်ရှည်လေးများကို နားရွက်ကြားလေးထဲ ညှပ်ပေးလိုက်ပြီး နှဖူးလေးကို တစ်ရှိုက်မက်မက်
နမ်းရှိုက်လိုက်သည်။
"ဖေဖေ --!"
ကြည်နူးလေး၏ မျက်နှာလေးကို လက်နှင့်
မမှီမကမ်း အုပ်လိုက်သည့် ဇက်။ ခန့်နှင့် ဆက်က မင်းဆက်ကို အကြည့်စူးစူးတွေနှင့် ကြည့်ပြီး
"ညီမလေး ရှိတယ်လေ ဖေဖေ--"
တစ်ပြိုင်နက်ထဲ ပြောထွက်လာကြသည့် စကားလုံးများမှာ မင်းဆက်ကော ရှိန်းပါ ပြုံးမိကြသည်။ထိုထိ ကြည်နူးလေးမှာတော့ ဘာမျှမသိပဲ အကိုသုံးဦးနှင့် ဖေဖေနှစ်ဦး၏ ပုံရိပ်တွေကိုသာ ကြည့်နေသည်။
"ကဲ ဒါဆို မင်းတို့ကိုလည်း ဖေဖေနမ်းမယ်လေ။
မင်းတို့ ဖေငယ်ကို နမ်းသလိုပေါ့"
"အခုမှ နမ်းမယ် ဘာညာနဲ့။ အရင်ကတော့ နေမကောင်းရင်တောင် အာဘွားမပေးပဲနဲ့"
"ဟုတ်လား ဦးခွန်နောင်မင်းဆက်"
"မဟုတ်ပါဘူး။ ကလေးတွေလည်း အရွယ်တစ်ဖြေးဖြေး ရောက်လာပြီမလို့ ချီတာ/ပွေ့တာ /ဖက်တာမျိုးတွေ မလုပ်တော့တာပါ။ "
"ခင်ဗျား ဘယ်တုန်းက သားတွေကို ချီလို့လဲ။သားတွေကို လူကြီးတစ်ယောက်လို ကြီးပြင်းလာစေပြီးတော့ "
"အဲ့ဒါကလည်း မောင်က ရှိန်းကို--!။"
မင်းဆက်မှာ စကားမှားသွားမည် ဆိုးလှသဖြင့်
နှုတ်ကို အမြန်ပဲ ရောက်လေရာမှ ပိတ်သိမ်းလိုက်ရလေသည်။ ပြောသည့် ဇက်မှာတော့ ရှိန်း၏ အဖက် အနမ်းကို ခံနေရပြီး ခန့်နှင့် ဆက်ကလည်း ရှိန်း၏ ယုယမှုကို ရဖို့ စောင့်ဆိုင်းနေသည်။ ခန့်တို့ညီအစ်ကိုသုံးဦးမှာတော့ ပြုံးပြုံးကြီးတွေနှင့် ရှိပြီး မင်းဆက်မှာတော့ မျက်နှာငယ်လေးနှင့်ပင်။
"မင်းတို့ အနမ်းမခံမှတော့ ဖေ့သမီးပဲ နမ်းရမှာပေါ့ ။ဟုတ်တယ်မလား"
ပြောပြောဆိုဆို ကြည်နူးလေးကို တစ်ပြွတ်ပြွတ်နှင့် မွှေးကြူနေသည့် မင်းဆက်။ ပါးဖောင်းဖောင်းလေးတွေကိုပါ မထိတထိ ကိုက်ဆွဲပြီး ကျီဆယ်နေသည့် မင်းဆက်ကြောင့် ကြည်နူးလေးမှာ ခိုးခိုးခစ်ခစ်နှင့် ရယ်သံလေးတွေ ထွက်နေသည်။
"မင်းတို့ရော ဖေဖေ့ စီက အနမ်းလိုချင်သေးလား"
မျက်ခုံးတစ်ချက် ပင့်ပြီး မေးလိုက်သည့် မင်းဆက်၏ အမေးမှာ ခန့်တို့သုံးဦးက
"လိုချင်တယ် ။ ဒါပေမယ့် ဖေငယ့်စီကလည်း ဖေငယ့်ရဲ့ ယုယမှု ကြင်နာမှုတွေ လိုချင်တယ်"
ကြည်နူးလေးကို ချီထားလျှက်နှင့်ရှိနေသည့် မင်းဆက်၏ အနားသို့ ရှိန်း၏ လက်ကိုပါဆွဲပြီး ပြန်ရောက်လာကြသည့် ခန့်တို့ သုံးဦးနှင့် ရှိန်း။
ခြေချထားလေရာ စိမ်းပြပြ မြက်ခင်းစိမ်းလေးများပေါ်၌ မင်းဆက်က ခြေအစုံနှင့် ရှိနေရင်း
လက်တစ်ဖက်က ကြည်နူးလေးကို ပွေ့ချီထားပြီး လက်တစ်ဖက်ကလည်း ရှိန်းကို သိုင်းဖက်ထားသည်။ ခန့်တို့သုံးဦးကတော့ အဖေနှစ်ဦး၏ အရှေ့တွင် ရပ်နေကြပြီး
"ကျွန်တော်တို့ မိသားစုလေး ပြန်စုစည်းသွားကြပြီ။ အဖိုးအိုနဲ့ သားသုံးယောက် ပုံပြင်ထဲကလို
ထင်းစည်းပမာ အမြဲ စည်းလုံးသွားကြမယ်နော်။
ဖေဖေ ဖေငယ် ။ "
ပြောထွက်လာသည့် ဆက်လေး၏ နှုတ်ထွက်အဆုံးမှာ ခန့်နှင့် ဇက်ကလည်း ခေါင်းညိတ်လျှက် ထောက်ခံကြပြီး ရှိန်း၏ မျက်ဝန်းအစုံမှလည်း အရည်ကြည်လေးတွေ လဲ့လာခဲ့သည်။
"ပြန်ဆုံတွေ့တဲ့ တွေ့ဆုံမှုမှာ ထင်းစည်းပမာ စည်းလုံးနေမှာမလို့ ဥမကွဲသိုက်မပျက် ရှိနေစေရမယ်။ ဒီစကားကိုတော့ ဖေဖေတည်တယ်။
သားတို့နဲ့ သမီးလေးအပြင် ငယ် ပါ မောင့်ရဲ့
မေတ္တာရိပ်မြုံ ကြည်နူးရိပ်မြုံလေးထဲမှာ အေးချမ်းနေစေရမယ်။ "
တင်းကျပ်စွာ အဖက်ခံလိုက်ရသည့် ပုခုံးတစ်ဖက်နှင့် အတူ ရှိန်းမှာ မင်းဆက်၏ ရင်ခွင်ထဲတွင် အံကိုက်ဝင်ဆံ့နေသည်။
အဝေးမှာ တည်ရှိနေသည့် တောင်ပြာတန်းနှင့်
တစ်ဖြေးဖြေး အချိန်ကုန်ဆုံးတော့မည့် နေမင်းကြီး၏ ရွေ့လျားမှုမှာ တောင်ပြာတန်းထက်၌
တည့်တည့်ရှိနေသော နေမင်းကြီး။ အခုတော့တွင်လည်း တောင်ပြာတန်းက နေမင်းကြီးကို
ဖမ်းဆုတ်ထားနိုင်သယောင်နှင့် ရှိနေသည်။
လက်တွေ့မှာကော ထိုအတိုင်း ဖမ်းဆုတ်နိုင်ခဲ့သည်လား။ ထိုတွင်တော့ မင်းဆက်က အငြင်းစကား ဆိုလိမ့်မည်။
"တကယ်တော့ ဖမ်းဆုတ်ပြီး ရစ်ပါတ်ခဲ့ရတာက နေမင်းကြီးပါ။ မှိုင်းညို့နေတဲ့တောင်ပြာတန်းကိုမှ ဖမ်းဆုတ်ချင်ခဲ့တဲ့ နေမင်းကြီးမှာ နိဒါန်းမလှပခဲ့။ သို့သော် နိဂုံးတော့ လှပရမည်။ ဒါက ဒီအရပ်မြေ /ဒီက တောင်ပြာတန်း / အဆုံးအစမရှိတဲ့ စိမ်းမြမြသစ်တောအုပ်တွေကိုတိုင်တည်လိုက်တဲ့ မောင့်စကားပါ ရှိန်း"
နေမင်း၏ အလင်းကို ဖမ်းဆုတ်ခဲ့ချင်သော တောင်ပြာတန်း။ တစ်ရွေ့ရွေ့ ရွေ့လျားပြီး
နိယာမအတိုင်း လုပ်ဆောင်နေရသည့် နေမင်းကြီး။ ထိုနှစ်ဦးကြားမှာ မမြဲတာကဘာလဲ။
လွဲသွားတဲ့ အချိန်တွေလား။ ဆွဲမထားနိုင်ခဲ့တဲ့
တောင်ပြာတန်း၏ မှိုင်းညို့မှုတွေကြောင့်လား။
တကယ်တော့ ဘာမျှမဟုတ်ခဲ့။ ဟိုးအစထဲက လွဲနေခဲ့တဲ့ တောင်ပြာတန်းနဲ့ နေမင်းမှာ လွဲမှားစရာတွေကအများသား။ ဖမ်းဆုတ်ရခက်နေတဲ့ နေမင်းလား။မဖမ်းဆုတ်ရလေအောင် ကြိုးသုံးစနဲ့ သက်ဆင်းလာမှာမလို့ တောင်ပြာတန်းသာ
ရှိမြဲရှိစဲ အတိုင်း နေပါ။ လှန်းရခက်နေလား။
မောင်က လှန်းလာခဲ့မယ်။ ထွက်ပြေးချင်တာလား။ ထွက်ပြေးဖို့ မစွမ်းနိုင်အောင် မောင့်အချစ်တွေနဲ့ ချုပ်နှောင်ထားမှာမလို့ ဒီတစ်ချက်တော့ မောင့်ကို ခွင့်လွှတ်ပေးပါ ရှိန်း။ ဒါကလည်း ရှိန်းကိုမှ ဖြစ်မိတဲ့ မောင့်ရဲ့ ချစ်ရိပ်ကြီးမှုတွေပါ။
"ရှာလျှင်တွေ့မည့်သူမှာ အပုန်းတော်လွန်းလှသည်။တစ်မြေထဲနေ တစ်ရေထဲသောက် ရှိနေသည့်သူမှာ ဝေးလံစွာမှာ ရှိမနေခဲ့ ။ နီးလွန်းသဖြင့် ဝေးကွာမှုမှာ ရှိနေသည့် သူနှစ်ဦး။ ပြန်လည်ဆုံစည်းရာမြေက တောင်ပြာတန်းတည်ရာမြေ။
ထင်းရှုး ချယ်ရီ ပေါရာမြေ။ အလှတရား များစွာ ရှိရာမြေ ။ တောင်ပ်ိုင်းခရိုင်၌ ရှိလေသော နေရပ်တစ်နေရာ ကလောတဲ့ ---"
အပြုံးတွေ ပေါများစွာရှိနေပြီး မှိုင်းညှို့ရိပ် ရှိမနေတော့တဲ့ သားသုံးယောက်ကို ကြည့်ပြီး မင်းဆက် ကျေနပ်သွားသည်။ ဒီကုန်ဆုံးသွားတဲ့ နှစ်တွေအတွင်းမှာ သားသုံးယောက်လုံးစီ၌
အပြုံးသိပ်မတွေ့ရသလို စကားသံဆိုလည်း သိပ်မကြားရလာတော့။ နည်းအမျိုးမျိုးနဲ့ ရှာဖွေခဲ့ပေမယ့် အပုန်းတော်လွန်းသည့် ရှိန်းမှာ ရှာမတွေ့ခဲ့ရသည့် အပြင် သူတို့နှင့် နီးကပ်စွာမှာပင် ရှိနေခဲ့သည်။ ကြီးပြင်းလာသည့် အရွယ်မှာ သားတွေက အောင်မြင်မှု ကိုယ်စီကလည်း အရွယ်နှင့် လိုက်ဖက်စွာနှင့် ရှိနေခဲ့သည်။ သားကြီးခန့်က အငယ်တန်း gamerတွေထဲမှာ လက်ရွေးစင် ကစားသမားဖြစ်လာပြီး clubတိုင်း လိုချင်ကြသည့် ကစားသမားတွေထဲတွင် ပါဝင်လာခဲ့သည်။ သားလတ် ဆက်မှာလည်း ထိုအတိုင်းပင်။ ဆယ်နှစ်အထက် ယှဉ်ပြိုင်တဲ့
Chelf ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး winner ဖြစ်ခဲ့သည်။ Chelf တစ်ဦး ဖြစ်ချင်သည့် ဆက်မှာ ပြိုင်ပွဲတိုင်းလိုလို ဝင်ပြိုင်ပြီး
အတွေ့အကြုံ ရယူကာ အနိုင်အရှုံးမမှုပဲ ပြိုင်သည်။ ထို့ကြောင့်နှင့် ဆက်လေးမှာလည်း
အရင်းခံတဲ့ ဝါသနာအတိုင်း ဒီနှစ်တွေအတွင်း ပိုလို့ပင် တိုးတက်လာခဲ့သည်။ သားငယ်လေး ဇက်မှာလည်း အကိုနှစ်ယောက်အတိုင်းပင်။
တိုက်စစ်မှုး ဖြစ်ချင်ခဲ့သည့် ကစားသမားလေးဇက်။ထက်သန်တဲ့ စိတ်တွေနှင့် အခုဆို
ယူနိုက်တက်မြို့ မန်ချက်စတာယူနိုက်တက်အသင်းမှ ခေါ်ယူမည့် U-15 ( under 15)
ဆယ့်ငါးနှစ်အောက် ဘောလုံးကစားသမား /
အသင်းသား လေ့ကျင့်ရေး ကစားသမားတစ်ဦးအဖြစ် "Manchester United " Clubတွင်
လေ့ကျင့်ရေး ဆင်းဖို့ရာ ပြင်နေပြီ။
Idol ပေါ့ဘာ၏ club "Manchester United " အသင်းတွင် လေ့ကျင့်ရေး ကစားသမား တစ်ဦးအနေနှင့် အခြေချနိုင်ဖို့ရာ ဇက်က နေ့နေ့ညည
မနားတမ်း လေ့ကျင့်ခဲ့သည်။
တိုးတက်လာခဲ့သည့် သားသုံးဦးတွင် ဆုတ်ယုတ်ခြင်းများစွာ မရှိခဲ့လျှင်တောင် မေတ္တာဓါတ်လိုချင်ကြသည်မို့ မင်းဆက် သားသုံးဦးကို ပိုပြီးပင် အားနာခဲ့ရသည်။ မိဘတစ်ဦးဖြစ်ပြီး အနီးကပ် မနေနိုင်ခဲ့တဲ့ အချိန်တွေတိုင်းမှာ
သူအမြဲ ရှာဖွေနေခဲ့မိသည်က သားတွေနှင့် သူ တမ်းတနေခဲ့သည့် ရှိန်း … ! ။ သူကတော့ ရှိန်းနှင့် ရင်သွေးလေးကိုပါ တမ်းတနေခဲ့သည်။ အခုလျှင်တော့ အနီးကပ် မနေပေးနိုင်ခဲ့တဲ့ သမီးလေးအတွက်ပါ သူအားနာရတော့မည်။
"ဖေ့သမီး အားမငယ်ရအောင် ဒီဖေဖေနဲ့ ဒီဖေငယ်က ဆတိုးအချစ်တွေနဲ့ ချစ်ပေးမယ်။
ဖေ့ သမီး ကြီးပြင်းလာမှုတိုင်းမှာ ဖေဖေရှိနေပေးမယ်။ ဖေ့သမီး ဖေဖေ့ကို ချစ်တယ်မလား"
"ချစ်--! ချစ်--! အားကြီး ချစ်။"
"ချစ်လိုက်တာ သမီးရယ်"
လက်လေးကို ဆန့်တန့်ပြီး ပြောလာသည့် ကြည်နူးလေး၏ စကားလုံးများမှာ မင်းဆက်က သဘောတကျရှိရင်း ပြုံးပျော်သွားသည်။
ကျန်ရှိနေသည့် ရှိန်းနှင့် ခန့်တို့သုံးဦးမှာတော့မျက်နှာပြတ်သွားခဲ့ပြီး
"ကြည်နူး ဒယ်ဒယ့်ကိုရော မချစ်ဘူးလား"
"ချစ်--! ချစ် အားကြီးချစ်"
"ကိုကိုခန့်ကိုရော---!"
"ချစ်--! ချစ်--! အားကြီးချစ်"
"ကိုကိုဆက်ကိုရော---!"
"ချစ်--! ချစ်--!အားကြီးချစ်--!"
"ကိုကိုဇက်ကိုရော--!"
"ချစ်--! ချစ်--! အားကြီးချစ်---!။
ခန့်ကိုကို ချစ်။ ဆက်ကိုကို ချစ်။ ဇက် ကိုကို ချစ်။ပါး ချစ်။ ဒယ် ချစ်--!"
တစ်ရစပ်မေးလာကြသည့် စကားလုံးမြောက်များစွာမှာ ကြည်နူး စိတ်မရှည်သလို ရှိသမျှ သူအားလုံးကို ချစ်ကြောင်းပြောလိုက်သည်။
ထိုအခါ ရယ်သံတွေ လွှမ်းခြုံလာခဲ့သည့်
တောင်ပေါ်မြေလေး၏ ကော်ဖီဆိုင် တစ်နေရာ။
ရယ်သံတွေ မြိုင်သည်။ ပြုံးရိပ်တွေ လှိုင်သည်။
တောင်ပြာတန်းရှိသည်။ ထင်ရှုး ချယ်ရီ ပေါသည်။ စိမ်းမြမြ ပါတ်လည် ဝန်းရံထားတဲ့
သစ်ပင်စိမ်းတောများစွာ ရှိသည်။ ထိုရပ်ဝန်းတွင် မိသားစုလေးတစ်စု ပြန်လည်ဆုံစည်းသွားသည်။ ဆုံစည်းတွေ့ဆုံရခြင်းမှာ သက်သေအဖြစ် တောင်ပြာတန်း / ထင်ရှုး /ချယ်ရီတွေက ပေါလို့ ဒီရပ်ဝန်းတွင် ဒီမိသားစုလေး အေးချမ်းနေတော့မည်။
မှိုင်းညို့နေကျ တောင်ပြာတန်းက ယနေ့မှ မှိုင်းညှို့ခြင်းမရှိရာ ပေါင်းစည်းသွားတဲ့ မိသားစုလေးအတွက် ပြာလွင်ပေးခဲ့တာလား။
ဒီအချက်လေးတော့ ပဟေဠိအဖြစ် ကျန်ရှိနေခဲ့သည်။
ပေါင်းစည်း ပြာလွင် တောင်ပြာတန်းမှာ သော့ခတ်ခဲ့သော အချစ်မေတ္တာစာလေး တစ်ပုဒ်။ ကျေးငှက် သာရကာလေးများက သီကြူးကျရင်း တောင်ပြာတန်းဟာ မှိုင်းညို့ရိပ်မကြီးစိုးတော့ ။ ပြာလွင်ခွင့် ပေးခဲ့သည့် ထိုတောင်ပြာတန်းမှာ ပဟေဠိတစ်ပုဒ်အနေနှင့် တည်ရှိနေရင်း ။ ထင်ရှုး ချယ်ရီ တို့က သက်သေတည်ခဲ့သည်။ ပြတ်မရခဲ့တဲ့ အဖုအထုံးကြိုးများစွာနှင့်မောင်နဲ့ ရှိန်း အေးချမ်းတော့မည်။
အဝေးမှာတည်ရှိနေသော တောင်ပြာတန်း။
မှိုင်းညှို့ညှို့ တည်ရှိနေသည့် စိမ်းမြမြသစ်ပင်တွေက သက်သေတည်လို့ မေတ္တာရိပ် အရိပ်အမြုံလေးဟာ ကြည်နူးမှုတွေ ဝေနေခဲ့သည်။ သမီးလေး၏ အမည်လို ကျွန်တော်နှင့် မောင့်၏ အချစ်တွေဟာလည်းကြည်နူးမှု အရိပ်အမြုံတွေနှင့် အေးချမ်းနေတော့မည်။ ထပ်တိုး လူသားလေးတွေနှင့်ပေါ့---။
"ပြတ်ရျ်မပြေခဲ့သောကြိုး--!"
(Edit = ပထမ ဖတ်ဖူးသူတွေကတော့ သိကြမှာပါ ။ ဇက် လေးရဲ့ အသင်းနဲ့ ပါတ်သတ်ပြီး …
အခု ကျွန်တော် ပြန်ပြင်ထားပါတယ်။
ဒါလေးက Season-2 လေး ရှိနေလို့ပါနော်။
မမှားပါဘူးနော် ။ စာဖတ်သူတို့ မျက်လုံးမမှောက်ခဲ့ကြပါဘူး ။ ဇက်လေး ကစားသမားအဖြစ်
ဝင်ပြီး ကစားမယ့် အသင်းက မန်ချက်စတာ
ယူနိုက်တက် အသင်း (Manchester United) ပါ / မန်ယူပါ ။ သားတွေက Season -2 မှာ
ဆုံရပါလိမ့်နော် …)
ruby--- (D.D)🍁
Thanks for reading guys---💙✨
(Hey--- ✌️ updateကြာသွားပါတယ်။
မေ့ကုန်ကြမယ်လို့လည်း တွေးစမိပါတယ်။
သို့ပေမယ့် မေ့တော့မမေ့နှင့်ကြပါနဲ့။
ဒီရက်ပိုင်းမှာ ကျန်းမာရေး အဆင်မပြေလို့ပါ။
ကျွန်တော် ကိုဗစ်နှစ်ခါဖြစ်ထားတော့ ကိုဗစ်ပျောက်ထဲက ခါးကိုက်တာ ကျန်ခဲ့ပါတယ်။
ထိုင်ရာကနေ စိုးခနဲ/ဆက်ခနဲ မထနိုင်ပါဘူး။
စာက ရေးဖြစ်ပါတယ်။ စိတ်မပါတာလည်း ပါပါတယ်။ ကျန်းမာရေးကလည်း မကောင်း
အာရုံလည်း မစိုက်နိုင်ခြင်းမှာ ကျွန်တော်
updateနားခဲ့တာပါ။ ပြီးသင့်သလောက်ရှိနေပြီမလို့ ကျွန်တော့်ကို မမေ့သွားကြပါနဲ့အုံးနော်။
စာက ပြန်မစစ်ထားပါ။ ထို့အတွက် အမှားပါခဲ့ရင် ဝေဖန်ထောက်ရှုခြင်း ဖတ်နိုင်ပါတယ်။
Completပြီးရင် ပြန်စစ်ပေးမှာပါ။
ကျန်းမာရေးကစလို့ အစစ အရာရာတိုင်းမှာ ဂရုတစိုက်ရှိကြပါ။
အရမ်းအေးလာပြီနော်။ ဂရုစိုက်ကြပါ သဲပေါက်တို့ရေ။ မဝေးတော့တဲ့ အနာဂါတ်မှာ တို့တွေ အားတင်းထားကြတာပေါ့။ 💙✨)